အခန်း (၁၉၀၀)
Vol. 136 Ch. 1900
အပိုင်း(၁၉၀၀)
‘လော့နင်က အဲဒီ အဆင့်ကို ရောက်သွားပြီလား...’
လော့နင် ထုတ်ဖော်လိုက်သည့် အဂ္ဂိရတ် ကြယ်တာရာများကို ကြည့်ကာ ချောင်စွေ့ဖုန်း၏ မျက်နှာအမူအရာ ပျက်ရွင်းသွား၏။ သူမ စိတ်ဓာတ်ကျသွားမိသည်။
လော့နင်မှာ အဂ္ဂိရတ် ဝိညာဉ်ကို ပိုင်ဆိုင်ထားသည့် အစစ်အမှန် အဂ္ဂိရတ် ကျင့်ကြံသူ တစ်ဦး ဖြစ်သော်လည်း သူမမှာမူ သာမန်လမ်းစဉ်ကိုသာ ကျင့်ကြံကာ မြင့်မားလှသည့် ကျင့်ကြံခြင်း အခြေခံများကို အသုံးချ၍ လျှို့ဝှက်အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို ထုတ်လုပ်နေရခြင်း ဖြစ်သည်။ သူမ မည်မျှပင် ကြိုးစားပါစေ... ကျင့်ကြံခြင်း အခြေခံ ပိုမိုမြင့်မားမလာပဲ အဂ္ဂိရတ်တာအိုတွင် ပိုမိုမြင့်မားသည့် အောင်မြင်မှုရရန်မှာ အလွန်ခက်ခဲလှသည်။
ဝေဝူယင်ပင်လျှင် ချွင်းချက်မဟုတ်ပေ။ လူငယ်သည် သူ ကျင့်ကြံထားသည့် အဂ္ဂိရတ် ဝိညာဉ်ကို လောကထံ ထုတ်ပြခဲ့ပြီး အံ့မခန်း စွမ်းဆောင်ရည်များကို အတိုင်းအတာတစ်ခုအထိ ရှင်းပြခဲ့ဖူးသည်။
မိန်းကလေး စိတ်ဓာတ်ကျနေစဉ်မှာပင် သန်မာသည့် လက်တစ်ဖက်က သူမ၏ လက်ကို လာရောက် ဆုပ်ကိုင်လိုက်သည်ကို ခံစားလိုက်ရ၏။ သူမ မော့ကြည့်လိုက်သော အခါ ဝေဝူယင်က သူမအား နွေးထွေးစွာ ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။ ထိုရိုးရှင်းသည့် အထိအတွေ့နှင့် အပြုံးလေးတစ်ခုကပင် သူမအား စိတ်ဓာတ်ကျမှု ချောက်နက်ကြီးထဲမှ ပြန်လည် ဆွဲတင်လိုက်သကဲ့သို့ ရှိသည်။
မှန်ပေသည်။ အဂ္ဂိရတ်တာအိုသည် သူမ ကျင့်ကြံနေသည့် အဓိက လမ်းကြောင်း မဟုတ်ပဲ ကြမ်းတမ်းလှသည့် ခေတ်ဆိုးကြီးထဲတွင် အသက်ရှင်သန်ရန်နှင့် ချောင်ကလန်၏ အမွေအနှစ်အား ကာကွယ်ပေးနိုင်မည့် သူမ၏ တူဖြစ်သူကို ပျိုးထောင်ပေးရန်အတွက်သာ အသုံးချခဲ့ခြင်း ဖြစ်သည်။ မိန်းကလေးမှာ အမြဲတမ်း စစ်မှန်သည့် တိုက်ခိုက်ရေးသမား တစ်ဦးသာ ဖြစ်လိုခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်လည်း... ကျင့်ကြံခြင်း ပါရမီထက် အဂ္ဂိရတ်ပါရမီက ပို၍ ထူးချွန်နေခဲ့ခြင်း ဖြစ်သည်။
ယခုမူ ဝေဝူယင် ရှိနေပြီ ဖြစ်ရာ သူမအနေဖြင့် ထိုကဲ့သို့ ခက်ခဲသည့် လမ်းစဉ်ကို လိုက်ရန် မလိုတော့ဘဲ ဆန္ဒရှိရာ ကျင့်ကြံခြင်း လမ်းစဉ်ကိုသာ စိတ်ကြိုက် အာရုံစိုက်နိုင်တော့မည် ဖြစ်သည်။ ဤအတွေးက သူမ၏ စိတ်ဝိညာဉ်ကို လွတ်လပ်ပေါ့ပါးသွားစေပြီး ပုခုံးပေါ်မှ တောင်ကြီးတစ်လုံး မသိမသာ လွင့်စင်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ဝေဝူယင်၏ ရိုးရှင်းသော အမူအရာလေး တစ်ခုကပင် သူမအတွက် အားကိုးရာ တိုင်တစ်လုံး ဖြစ်ကြောင်း ပြန်လည် သတိပေးလိုက်ခြင်းပင်။
ဝေဝူယင်က ချောင်စွေ့ဖုန်း၊ ယွီစွန်းလီနှင့် ဆွဲကြိုးအသစ်လေးကို အမြတ်တနိုး ပွတ်သပ်နေသည့် လျူစုယင်တို့ကို အနားသို့ ခေါ်လိုက်သည်။
"ငါတို့ ဒါကို မဆွေးနွေးရသေးပေမဲ့ အခုပဲ ရှင်းရှင်းလင်းလင်း ပြောထားမယ်... ဒီခရီးစဉ်မှာ မင်းတို့အားလုံးက ငါ့ရဲ့ ဇနီးတွေအဖြစ်ပဲ ခံယူကြရမယ်"
ဝေ့ဝူယင်က ထိုသို့ပြောရင်း ချင်ချူးမူဘက်သို့ လှည့်ကြည့်လိုက်၏။ ချင်ချူးမူ၏ မြစိမ်းရောင် မျက်ဝန်းလေးများမှာ ဘေးနားရှိ လှပသည့် လျှို့ဝှက်အာဏာရှင် အမျိုးသမီး သုံးဦးကို ကြည့်နေစဉ်၊ ဝေဝူယင်၏ အကြည့်နှင့် ရုတ်တရက် ဆုံသွားသောအခါ ရင်ခုန်သံများ ဗရမ်းဗတာ ဖြစ်သွားရသည်။
သူမ ဘာလုပ်ရမှန်းမသိချေ။ ပါးစပ်လေး ဟသွားသော်လည်း စကားလုံးများ ထွက်မလာခဲ့ချေ။
"မင်းလည်း အပါအဝင်ပဲ"
ဝေဝူယင်က ငြင်းပယ်၍မရနိုင်သည့် လေသံဖြင့် ပြတ်ပြတ်သားသား ဆိုလိုက်၏။ ချင်ချူးမူ၏ မျက်ဝန်းလေးများမှာ အနည်းငယ် ပြူးကျယ်သွား၏။ သူမ ဘာလုပ်ရမှန်း မသိသေးသော်လည်း ရင်ခုန်သံများမှာမူ ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမသည် ဝေဝူယင်ကို မကြည့်ရဲတော့ဘဲ အဖြူရောင် အဘိဿဲလ်၏ ဗဟိုချက်ဆီသို့သာ လှမ်းကြည့်နေမိတော့သည်။
"အင်း... "
လျူစုယင်က သူမ၏ ဆွဲကြိုးလေးကို ပွတ်သပ်ရင်း ရှက်ကိုးရှက်ကန်းဖြင့် သဘောတူလိုက်၏။ ဇနီးတစ်ယောက်အဖြစ် ခံယူရခြင်းမှာ သူမအတွက် ထူးဆန်းစွာပင် ကြည်နူးစရာ ကောင်းနေသည်။
"ကျွန်မကရော ဘာလုပ်ရမလဲ..."
မင်ရှုဖုန်းက ဝင်ရောက် မေးလိုက်၏။
"မင်းကတော့ ငါ့ရဲ့ ကိုယ်ပိုင် ကောင်းကင် နိမိတ်ဖတ် ပညာရှင် အနေနဲ့ တာဝန်ယူရမယ်... တကယ်လို့ တစ်ယောက်ယောက်က မင်းရဲ့ အသက်အရွယ်နဲ့ ကျင့်ကြံခြင်း အခြေခံကို သံသယဝင်လာရင်တော့... ငါ့ရဲ့ ပင်တိုင် ကောင်းကင် နိမိတ်ဖတ် ပညာရှင်က တခြားတစ်နေရာကို တာဝန်နဲ့သွားနေလို့ မင်းက ခေတ္တအစားထိုးဝင်ပေးတာလို့ပဲ ပြောလိုက်"
"ဟုတ်ကဲ့ပါ..."
မင်ရှုဖုန်း၏ မျက်ဝန်းများတွင် ဝမ်းသာအားရ အလင်းရောင်များ တောက်ပသွား၏။ ဤသည်မှာ ဝေဝူယင်၏ ယုံကြည်မှုကို အပြည့်အဝ ရရှိခြင်းမျိုး မဟုတ်သေးသော်လည်း လက်တွေ့တွင်မူ ယုံကြည်မှုရရန် ခြေတစ်လှမ်း ပိုနီးကပ်သွားခြင်းပင် ဖြစ်သည်။
သူမအနေဖြင့် 'ဇနီး' တစ်ယောက် မဖြစ်နိုင်သေးသော်လည်း ဤရာထူးသည်ပင် သူမအား နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်ပေးနိုင်ရန် လုံလောက်လှသည်။ လောကအဂ္ဂိရတ်ရှန့်ထို တစ်ဦး၏ ကိုယ်ပိုင် ကောင်းကင် နိမိတ်ဖတ် ပညာရှင်ကို မည်သူက ရန်စဝံ့ပါမည်နည်း။
အခြား မူလ အာဏာရှင်များ၏ အထောက်အထားကိုမူ ရှင်းပြနေရန် မလိုပေ။ သခင်လေးရှန့်က နှုတ်ခမ်းကို စူလိုက်၏။
"ဒါနဲ့ ကျွန်တော့်ကိုတော့ အစေခံတို့၊ လက်အောက်ငယ်သားတို့လို့တော့ မပြောပါနဲ့ဦးဗျာ..."
သူ၏ အမူအရာက ထိုကဲ့သို့သော အခြေအနေသို့ ရောက်သွားမည်ကို စိုးရိမ်နေပုံရ၏။
"မဟုတ်ပါဘူး... မင်း ကြိုက်တာလုပ်နိုင်ပါတယ်"
ဝေဝူယင်က ခေါင်းခါရင်း ပြန်ပြောလိုက်၏။ သူသည် သခင်လေးရှန့်ကို မည်သည့် အမည်မျှ တပ်ချင်စိတ် မရှိသလို အမိန့်ပေးချင်စိတ်လည်း မရှိပေ။ အကယ်၍ သူက အစေခံလုပ်ချင်သည်ဆိုလျှင်လည်း သူ့သဘောသာ ဖြစ်သည်။
“ကြိုက်တာလုပ်... ဟုတ်လား...”
သခင်လေးရှန့်မှာ မှင်သက် သွားခဲ့၏။ ဤသို့ဆိုလျှင် သူ့အတွက် အကာအကွယ်က အဘယ်နည်း။ အကယ်၍ မည်သူမှ မဟုတ်သည့် လူတစ်ဦးသာ ဖြစ်နေမည်ဆိုပါက ဤဂလက်ဆီအသစ်တွင် သူကိုယ်တိုင် ရုန်းကန်ရတော့မည် ဖြစ်သည်။
"ကောင်းပြီလေ... ဒါဆိုရင်တော့ ကျွန်တော်က ခင်ဗျားရဲ့ ယောက်ဖ အဖြစ်ပဲ နေတော့မယ်"
သူက အရှက်မရှိ ကြေညာလိုက်၏။ ဝေဝူယင်က သူ့ကို လျစ်လျူရှုလိုက်ပြီး ကင်းစခန်းဂြိုဟ်ဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် လူရိပ်တစ်ခုသည် မျှော်လင့်ချက်များ ပြည့်ဝနေသည့် မျက်ဝန်းများ၊ ပြင်းထန်သည့် အရှိန်အဝါများနှင့်အတူ စောင့်ဆိုင်းနေသည်။ ဗာဂျန်သည် သူလုပ်ဆောင်စရာ ရှိသည်များကို အဆုံးသတ်ထားပြီးနောက် ခရမ်းရောင် အဘိဿဲလ် ဂလက်ဆီဇုံ အတွက် လမ်းပြကောင်းတစ်ဦးအဖြစ် တာဝန်ယူရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
ဝှစ်... ဝှစ်...
ယောင်ဟုန်ရီ၏ ထိန်းချုပ်မှုအောက်ရှိ အီစီလီယံ အသေးစား သင်္ဘောသည် ဗာဂျန်ရှိရာသို့ ပျံသန်းသွား၏။ ထိုလောက အင်ပါယာ (လောကရှန့်ထိ) သည် သူ၏ မင်ရည်ရောင် သံချပ်ကာကို ချွတ်ထားပြီး၊ အဝါရောင် အနားသတ်များ ပါရှိသည့် ခရမ်းရောင် ဝတ်ရုံကို အဝါရောင် ခါးပတ်အထူကြီးဖြင့် ပတ်ကာ ဝတ်ဆင်ထားသည်။ ထိုဝတ်ရုံမှာ ပုံစံဆန်းလှ၏။ လက်ကောက်ဝတ်နှင့် ပေါင်နေရာများတွင် အပေါက်ဖောက်ထားပြီး အတွင်းမှ နိုင်လွန်နှင့်တူသည့် ပါးလွှာလှသော အဝါရောင် အထည်သားများကို မြင်တွေ့နေရသည်။ ၎င်းမှာ သူ၏ လက်ကောက်ဝတ်၊ လက်ဖျံ၊ ပေါင်နှင့် ဒူးဆစ်များ၏ အရေပြားပေါ်တွင် တင်းကျပ်စွာ ကပ်နေလေသည်။
ဗာဂျန်၏ ဝတ်ပုံစားပုံမှာ အဖွဲ့သားများ အတွက် ယဉ်ကျေးမှုဆိုင်ရာ အသစ်အဆန်းတစ်ခု ဖြစ်နေလေတော့၏။
ရွှေဖုန်းပေါင်မှာ ဗာဂျန်ကို စိတ်ဝင်တစားဖြင့် ကြည့်နေခဲ့၏။ ကျင့်ကြံခြင်း လောက၏ ထူးဆန်းလှသည့် ကျင့်ကြံခြင်း နည်းစနစ်များကြောင့် ထိုလောကရှန့်ထိုမှာ အမျိုးသား ဟုတ်မဟုတ် ခွဲခြားရန် ခက်ခဲသော်လည်း၊ သူ၏ ဝတ်စုံကတော့ အမျိုးသားဒီဇိုင်း ဖြစ်သည်။ သို့သော်လည်း... လက်ခြေများတွင် ပါးလွှာတင်းကျပ်သည့် ကိုယ်ကြပ် ဝတ်စုံအား ဝတ်ဆင်ထားခြင်းမှာမူ သူ သိရှိထားသည့် ဗဟုသုတများနှင့် ဆန့်ကျင်နေ၏။ ပုံမှန်အားဖြင့် မိန်းကလေးများသာ ထိုကဲ့သို့ ဝတ်ဆင်လေ့ ရှိသည် မဟုတ်ပါလား။
သို့သော်လည်း ရွှေဖုန်းပေါင်သည် အပြစ်မြင်သော စိတ်ဖြင့် ကြည့်ရှုခြင်း မဟုတ်ပဲ ဤကမ္ဘာသစ်တွင် မည်သည့် အရာများ ထပ်မံမြင်တွေ့ရဦးမည်ကို စိတ်ဝင်စားနေခြင်း ဖြစ်သည်။
အာဏာရှင် အဖွဲ့ဝင်များ၏ အဓိက ယုံကြည်ချက်တစ်ခုမှာ အရာအားလုံးကို အမြင်ကျယ်စွာဖြင့် တန်းတူညီတူ လက်ခံနိုင်ရန်ပင် ဖြစ်သည်။
ထိုသို့သော စိတ်ထားရှိမှသာ မည်သည့် ဘက်လိုက်မှုမျှမရှိဘဲ လူတိုင်းကို တန်းတူညီတူ ရင်ဆိုင်နိုင်မည် ဖြစ်သည်။ အားနည်းသူများကိုလည်း တွန့်ဆုတ်မှုမရှိ ကူညီနိုင်မည် ဖြစ်၏။ သူတို့သည် အခြားသူများ၏ မပြောင်းလဲနိုင်သည့် ရုပ်ခန္ဓာနှင့် တည်ရှိမှုတို့အပေါ် ကြည့်ကာ မဆုံးဖြတ်ပဲ သူတို့၏ လုပ်ရပ်များအပေါ်တွင်သာ အကဲဖြတ်ကြခြင်း ဖြစ်သည်။
ဤသဘောတရားများကို ဝေဝူယင်က အာရုဏ်ဦး စိတ်ကူးပုံဖော်ခြင်း နည်းလမ်းဖြင့် သူတို့၏ စိတ်ထဲတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာတည်းက စိုက်ပျိုးပေးထားခဲ့ခြင်း ဖြစ်သည်။ ရွှေဖုန်းပေါင်မှာ ဤအချက်ကို နှစ်သက်ပြီး အာဏာရှင် အဖွဲ့ဝင်တိုင်းလည်း အလားတူပင် ဖြစ်သည်။
ယောင်ဟုန်ရီကတော့ သင်္ဘောကို ဗာဂျန်ရှိရာသို့ မောင်းနှင်နေစဉ် ထိုကဲ့သို့ ဒီဇိုင်းနှင့် ဝတ်စုံအချို့ကို ဝယ်ယူရန်ပင် စဉ်းစားနေမိတော့သည်။
***