← Chapters

အခန်း (၁၉၀၂)

Vol. 136 Ch. 1902

အခန်း (၁၉၀၂)

Vol. 136 Ch. 1902

အပိုင်း(၁၉၀၂)

"..."

အဖွဲ့သားများ အားလုံး တိတ်ဆိတ်သွားကြ၏။ အဖြူရောင် အဘိဿဲလ် ဂလက်ဆီဇုန်၏ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ်က အာဏာရှင် ရှန့်ထို အဆင့်တွင်သာ ရှိနေသည်လား။ သူတို့ သိထားရသလောက် သခင်လေးရှန့် ငှားလာသည့် အစေခံ လူအိုကြီးသည်ပင် သူတော်စင် အဆင့် ဖြစ်သည်။ အဇူရာ မူလ ဂလက်ဆီဇုန်မှာ ဆိုလျှင်လည်း... အုပ်ချုပ်သူ အာဏာရှင် အင်ပါယာကြီး လေးဦးမှာ အနည်းဆုံး သူတော်စင် အဆင့်၌ ရှိနေသည်ဟု ဝေ့ဝူယင်က ပြောဖူးသည်။

သခင်လေးရှန့်က ဝိုင်တစ်ငုံသောက်ကာ ရှင်းပြလိုက်၏။

"ဂလက်ဆီတိုင်းကို သူတော်စင်တွေကပဲ အုပ်ချုပ်နေမယ်လို့ ခင်ဗျားတို့ ထင်နေတာလား... ဝိညာဉ် ပဲ့တင်ထပ်ခြင်း အဆင့် ပညာရှင်တွေကပဲ စောင့်ရှောက်နေမယ်လို့ ထင်နေတာလား... ကျင့်ကြံခြင်းဆိုတာ ခက်ခဲတယ်ဗျ... အဲ့ဒါကို အမြဲမှတ်ထားပါ"

နောက်ထပ် ဝိုင်တစ်ငုံကို ထပ်သောက်လိုက်ရင်း သခင်လေးရှန့်မှာ ထိန်ကျန့်ဝမ် အကြောင်းကို တွေးတောကာ သက်ပြင်းချလိုက်မိသည်။ ထိုအဖိုးကြီးမှာ လေလွင့်ကျင့်ကြံသူများအကြားတွင် နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သည့် ဒဏ္ဍာရီတစ်ဦး ဖြစ်သည်။

သူသည် အိမ်ဂေဟာ မရှိသော်လည်း ဂလက်ဆီအသီးသီးတွင် ကျော်ကြားလှပြီး လေးစားခြင်း ခံရသူ ဖြစ်သည်။ သူ၏ ဂုဏ်သတင်းမှာ အကောင်းဆုံးကြီး မဟုတ်သော်လည်း၊ အခွင့်အရေးများကို အရယူခြင်းနှင့် အသက်ကို ရင်း၍ လုပ်ဆောင်ရသည့် ကိစ္စများတွင်မူ ကြောက်ရွံ့ခြင်းကင်းမဲ့ကာ ရက်စက်ကြမ်းကြုတ်သူအဖြစ် လူသိများသည်။

သူသည် တာအိုလမ်းစဉ်ကို စိတ်အားထက်သန်စွာ လိုက်စားခဲ့ပြီး အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။ သူသည် မျိုးနွယ်စုများ၊ ဂိုဏ်းများနှင့် ဂလက်ဆီဇုံများ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသည့် တိုက်ပွဲများစွာတွင် အခကြေးငွေဖြင့် ပါဝင်ခဲ့ဖူးရာ ထိပ်တန်းအဆင့် ကြေးစားစစ်သည်တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။ သူသည် အခွင့်အရေးတစ်ခုအတွက် လက်တစ်ဖက် သို့မဟုတ် ခြေတစ်ဖက်ကိုပင် ရင်းဝံ့သူ ဖြစ်သည်။

သခင်လေးရှန့် ဝမ်းနည်းစွာ သက်ပြင်းချလိုက်မိ၏။ အသွား ခရီးစဉ်မှာတုန်းက အဖြူရောင် အဘိဿဲလ် ဂလက်ဆီကို ဖြတ်သန်းနေစဉ်တွင် ထိန်ကျန့်ဝမ်သည် သင်္ဘောပေါ်မှ ရက်အနည်းငယ်ကြာ ထွက်ခွာသွားပြီးမှ ပြန်ရောက်လာခဲ့သည်။ သူသည် ဂလက်ဆီအမျိုးမျိုးတွင် ထိုသို့လုပ်ဆောင်လေ့ရှိပြီး၊ အသီးအနှံများကို ခူးဆွတ်သကဲ့သို့ အဖိုးတန်အရာများကို သိမ်းဆည်းကာ ထိုနေရာ၏ အခြေခံအုတ်မြစ်ကို မထိခိုက်စေဘဲ ထွက်ခွာလာလေ့ရှိသည်။

ထိန်ကျန့်ဝမ်သည် ခရီးစဉ်အတွင်း ရတနာများစွာကို ဓားပြတိုက်ကာ ရယူခဲ့သော်လည်း သခင်လေးရှန့်က ဂရုမစိုက်ခဲ့ပေ။ ဤသည်မှာ ခရီးမထွက်မီကတည်းက သူတို့ သဘောတူထားသော အချက်ပင် ဖြစ်သည်။

ထိန်ကျန့်ဝမ် အနေဖြင့် သခင်လေးရှန့်ကို အန္တရာယ်မပြုသရွေ့ သူနှစ်သက်ရာကို လုပ်ပိုင်ခွင့်ရှိသည်။ အီစီလီယံ အသေးစား သင်္ဘောကို အသုံးပြု၍ အန္တရာယ်ရှိသည့် အာကာသ နယ်မြေများကိုပင် စူးစမ်းလေ့လာနိုင်၏။ ထိုလေလွင့်ကျင့်ကြံသူ အဖိုးကြီးသည် ဤကဲ့သို့သော အခွင့်အရေးကို မည်သို့လျှင် လက်လွှတ်ခံပါမည်နည်း။

ဝေဝူယင်က သခင်လေးရှန့်၏ စကားများကို သဘောတူလိုက်၏။ အဇူရာ မူလ ဂလက်ဆီဇုံ၏ အဖြစ်အပျက်မှာ အမှန်တကယ်ပင် ဒဏ္ဍာရီဆန်လှပြီး အကြီးမားဆုံးသော ကံကောင်းမှုကြီးပင် ဖြစ်သည်။ အကြောင်းကား ထိုနေရာမှာ လျှို့ဝှက်တာအို၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ပိုမိုမြင့်မားသည် အဆင့်သို့ တက်လှမ်းရန် ကြိုးစားရင်း ကျရှုံးသွားခဲ့သည့် ပုဂ္ဂိုလ်တစ်ဦး၏ နေအိမ်ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ ထိုသူ သေဆုံးပြီးနောက် ဖြစ်ပေါ်လာသည့် 'နေကြယ်' တစ်စင်းတည်းကပင် ထိုဒေသတစ်ခုလုံးကို ထူးခြားသည့် အမတေများဖြင့် လွှမ်းခြုံပေးထားခဲ့ရာ အဇူရာ မူလ ဂလက်စီဇုံသည် သာမန်မဟုတ်ကြောင်း သိသာလှသည်။

ထိုအခွင့်အရေးကို အင်အားကြီးအဖွဲ့အစည်းများနှင့် ထူးချွန်သည့် ပါရမီရှင်များက အရယူခဲ့ကြပြီးနောက် သူတို့သည် အခြားသူများထက်စော၍ အာဏာရှင် ရှန့်ထို အဆင့်သို့ လျင်မြန်စွာ ရောက်ရှိသွားကြကာ ထိုနေကြယ်ကို သူတို့အချင်းချင်း စုပေါင်းလက်ဝါးကြီးအုပ်၍ အခြားသူများနှင့် ဝေးကွာအောင် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ နဂါးကြီး သေဆုံးမှုကြောင့် ဖြစ်ပေါ်လာသည့် နေကြယ်သာ မရှိပါက၊ ထိုပညာရှင်များသည် အာဏာရှင် ရှန့်ထို အဆင့်သို့ ဤမျှလွယ်ကူစွာ ရောက်ရှိနိုင်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ရှင်းရှင်းလင်းလင်း ပြောရလျှင်... အဖြူရောင် အဘိဿဲလ် ဂလက်ဆီမှာ အားနည်းနေခြင်း မဟုတ်ပေ။ ရတနာ ချိုင့်ဝှမ်း ဂလက်ဆီနှင့် ကြယ်တစ်လုံး ဂလက်ဆီ တို့ကဲ့သို့သော ကောင်းချီးပေးခံထားရသည့် ပတ်ဝန်းကျင်များမှာ အလွန်အမင်း တန်ဖိုးရှိလွန်းနေခြင်းသာ ဖြစ်သည်။

ထို့အပြင်... ဂလက်ဆီများအကြားရှိ ဝေးလံလှသော အကွာအဝေးနှင့် ကြီးမားသော အန္တရာယ်များကြောင့် အင်အားစုများစွာမှာ တော်ရုံကိစ္စနှင့် အပြင်သို့ မထွက်ဝံ့ကြချေ။

လူတိုင်း၏ ရင်ထဲတွင် အတွေးများ ကိုယ်စီ ဖြစ်ပေါ်လာကြ၏။ ဝေဝူယင်မှာမူ ကြယ်တစ်လုံး ဂလက်ဆီ၏ ခမ်းနားမှုများနှင့် အတူ ကျင့်ကြံခြင်းလောက၏ အခက်အခဲများကို ကောင်းစွာ နားလည်ထားပြီး ဖြစ်ရာ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။

ကံကောင်းသည်က... ဗာဂျန်မှာ သင်္ဘောပေါ်ရှိ လူများ၏ အံ့ဩနေသော အမူအရာများကို မမြင်တွေ့ရခြင်းပင် ဖြစ်သည်။ ဝေဝူယင်သည် တည်ငြိမ်မှု၏ ပြယုဂ်အဖြစ် သူ့ရှေ့တွင် ရှိနေသည်။

သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများကို ပိုင်ိုင်ထားပြီး ဂလက်ဆီများကိုပင် ဖြတ်သန်းနိုင်သည့် သင်္ဘောရှိသည့် လောက အဂ္ဂိရတ် ရှန့်ထို တစ်ဦး အဖို့ ဤအချက်များက မည်သို့မျှ တုန်လှုပ်စေမည်မဟုတ်ဟု ဗာဂျန်က ထင်မှတ်နေသည်။

လောက အဂ္ဂိရတ် ရှန့်ထိုများသည် လောကရှန့်ထိုများ၊ ကောင်းကင် ရှန့်ထိုများနှင့် လျှို့ဝှက် အရှင်သခင်များကိုပင် မွေးထုတ်ပေးနိုင်စွမ်း ရှိကြသည်။ သူတို့သည် သူတော်စင်များကိုပင် ပျိုးထောင်ပေးနိုင်စွမ်း ရှိကြသည် မဟုတ်ပါလား။

"လူသားမျိုးနွယ်ရဲ့ ထိပ်သီး ပုဂ္ဂိုလ် ဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ပညာရှင်က ဘာလို့ ဂလက်ဆီရဲ့ ကင်းစခန်း ခေါင်းဆောင်အဖြစ် တာဝန်ယူနေရတာလဲ... ရှင်က အံ့ဩဖို့ကောင်းလောက်အောင် ပါရမီထူးတာပဲ ဖြစ်ရမယ်"

ချင်ချူးမူက သိချင်စိတ်ဖြင့် မေးလိုက်၏။ သူမ၏ လေသံမှာ နူးညံ့လှပြီး အပြစ်ကင်းစင်ကာ ချီးမွမ်းသည့် သဘောပင် ပါဝင်သော်လည်း၊ 'ပါရမီ' ဟူသည့် စကားလုံး ပါလာသည်နှင့် တစ်ပြိုင်နက် ဗာဂျန်၏ မျက်နှာမှာ ချက်ချင်းပင် ရှုံ့မဲ့သွားတော့သည်။

သူက စိတ်လှုပ်ရှားမှုများကို အတင်းအကြပ် ထိန်းချုပ်လိုက်ရင်း သိသာလှသည့် ဟန်ဆောင်အပြုံးတစ်ခုကို ဆင်မြန်းလိုက်၏။

သူ၏ အမူအရာမှာ ပိုမိုမြင့်မားသည့် ပါရမီများရှိပါလျက်နှင့် ဤကဲ့သို့ အလဟဿ အချိန်ဖြုန်းနေရခြင်းအပေါ် နာကျင်ခံစားနေရသည့် အတွေးများဖြင့် ပဲ့တင်ထပ်နေ၏။

"ဟဲလစ် ကမ္ဘာမှာ ဂလက်ဆီရဲ့ လုံခြုံရေးကို စောင့်ရှောက်ဖို့ ကြီးမားတဲ့ တာဝန်တွေ ရှိပါတယ်... ကျွန်တော် ဒီမှာ တာဝန်ကျတာ နှစ်ပေါင်း တစ်သောင်းရှစ်ထောင် ရှိပါပြီ... အဘိဿဲလ် မဟာမိတ် အဖွဲ့ရဲ့ ညွှန်ကြားချက်အောက်မှာ ဂလက်ဆီနဲ့ ခရမ်းရောင် အဘိဿဲလ် ဂလက်ဆီဇုံ အတွက် သစ္စာရှိရှိ အမှုထမ်းနေတာပါ"

"..."

သင်္ဘောပေါ်ရှိလူအားလုံးမှာ နားမလည်နိုင်သလို ခံစားလိုက်ရသည်။ ဟဲလစ် ကမ္ဘာ ဆိုသည်က အဘယ်နည်း။ လူသားမျိုးနွယ်၏ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ်မှာလည်း အလယ်ပိုင်း ဟဲလစ်ကဟုပင် ဆိုသည်။

သခင်လေးရှန့်က အလိုက်တသိပင် ဝင်ရောက် ရှင်းပြလိုက်၏။

"ရှင်းရှင်း ပြောရရင် သူက ဂလက်ဆီရဲ့ အစစ်အမှန် ခေါင်းဆောင်တွေ စောင့်ကြည့်ရေး ခွေးတစ်ကောင်လို အသုံးချဖို့ မွေးမြူ လေ့ကျင့်ပေးထားတဲ့ အစေခံပဲ... ဟဲလစ်ကမ္ဘာဆိုတာက လူသားတွေ၊ အဘိဿဲလ်တွေနဲ့ တခြားမျိုးနွယ်စုတွေကို လေ့ကျင့်ပေးပြီး ပါရမီရှိတဲ့သူတွေကို ရွေးထုတ်လို့ နောင်တစ်ချိန်မှာ သူတို့ အတွက် အသုံးတော်ခံမယ့် အစေခံတွေအဖြစ် ပြုစုပျိုးထောင်တဲ့ နေရာဖြစ်လိမ့်မယ်... သူတို့တွေ အင်အား တစ်စုံတစ်ရာ ရလာပြီဆိုရင်တော့ ပျင်းစရာကောင်းတဲ့ အလုပ်တွေ ခိုင်းတာ ဒါမှမဟုတ် ပါရမီရှင် လူငယ်တွေကို စောင့်ရှောက်ခိုင်းတာမျိုး လုပ်တာပေါ့"

"ဥပမာ ပြောရရင် ခုလို ဂလက်ဆီနဲ့ ဂလက်ဆီဇုံရဲ့ နယ်စပ်ကို စောင့်ခိုင်းတာမျိုးပေါ့... သေမျိုး ဧကရာဇ် နိုင်ငံတွေမှာဆိုရင်လည်း စစ်သူကြီးတွေကို အပြစ်ပေးတဲ့အနေနဲ့ နိုင်ငံကို ကာကွယ်ဖို့ အန္တရာယ်ရှိတဲ့ နေရာတွေကို ပို့လေ့ရှိတယ်... ဂလက်ဆီရဲ့ အစွန်အဖျားဒေသက ဘေးကင်းတယ်လို့ ခင်ဗျားတို့ ထင်နေတာလား... ခင်ဗျားတို့ရဲ့ ချိပ်ပိတ် နယ်မြေက ဟင်းလင်းပြင်ထဲမှာတောင် ထူးဆန်းတဲ့ ဖြစ်ရပ်တွေနဲ့ သတ္တဝါတွေ ရှိတာပဲ မဟုတ်လား"

သခင်လေးရှန့်က ဝိုင်ကို အရှိန်အဟုန်ဖြင့် သောက်ရင်း ဆက်လက် ရှင်းပြသည်။

"သူတို့က ဂလက်ဆီ နယ်စပ်ကိုတင် စောင့်ကြည့်တာ မဟုတ်ဘူး... ဂလက်ဆီဇုံတွေ၊ ကြယ်တာရာ နယ်မြေတွေနဲ့ ကြယ်ကွင်းပြင်တွေ ကြားက ဟင်းလင်းပြင် နယ်မြေလွတ်တွေကိုလည်း စောင့်ကြည့်ရတယ်... ကြယ်တာရာ ဝါးမြိုသူတွေနဲ့ ကာကူ စားသောက်သူတွေလို ကြောက်စရာကောင်းတဲ့ အရာတွေ ဝင်လာရင် သတင်းပို့ရတာပေါ့... ကျင့်ကြံခြင်း အဆင့်နိမ့်တဲ့ သူတွေကတော့ ပါရမီ မရှိလို့ စွန့်ပစ်ခံရသူတွေ ဒါမှမဟုတ် တခြားသူတွေကို ပြစ်မှားမိလို့ အပြစ်ပေးခံရသူတွေ ဖြစ်လိမ့်မယ်... ဒါက ဘယ်လိုမှ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး"

"သူ ချိပ်ပိတ်လိုက်တဲ့ တခြား လျှို့ဝှက်အာဏာရှင်တွေဆိုတာလည်း တခြား ဂလက်ဆီဇုံတွေက အဖွဲ့ဝင်တွေ ဖြစ်ဖို့ များတယ်"

သခင်လေးရှန့်၏ ဗဟုသုတများက အခြားသူများအတွက် အလင်းပြပေးသကဲ့သို့ ဖြစ်နေသည်။ ဝေဝူယင်သည်ပင် အရာများစွာကို သိရှိထားသူ ဖြစ်သော်လည်း၊ ဤအချက်ကပင် သူ့ကို အံ့ဩသွားစေသည်။ ဤသို့ဆိုလျှင် 'ခရမ်းရောင် အဘိဿဲလ်’ ရှိ လူသားမျိုးနွယ်၏ အင်အားအကြီးဆုံး ပညာရှင်သည် အလုပ်များကို ကိုင်တွယ်ရန် သီးသန့် မွေးမြူခံထားရသည့် အစေခံတစ်ဦးမျှသာ ဖြစ်နေသည်ပေါ့။

၎င်းမှာ ဂလက်ဆီ အတိုင်းအတာဖြင့် ဖန်တီးထားသည့် အဂ္ဂိရတ် သူရဲကောင်း တစ်ယောက်နှင့်ပင် တူနေသည်။ ထိုလုပ်ရပ်မှာ အမှားကြီး မဟုတ်သော်လည်း လုံးဝ မှန်ကန်နေသည်ဟုလည်း မခံစားရပေ။

"နင်က အဲ့ဒါကို လူမျိုးရေးအရ ကန့်သတ်ထားပြီး ခွဲခြားဆက်ဆံခံရတယ်လို့ ယူဆနေလို့ပါ..."

ကောင်းကင်စစ်ဝိညာဉ်က ဝင်ပြောလိုက်သည်။ သူမသည် ခွဲခြားဆက်ဆံခြင်းအား မနှစ်သက်သည့် ဝေဝူယင်၏ စိတ်ထားကို ကောင်းစွာ သိထားသူ ဖြစ်သည်။

"ဒီကိစ္စအပေါ် အမြင်တစ်ခု မချမှတ်ခင် အရင်ဆုံး စုံစမ်းကြည့်ပါဦး"

သူမက လေးနက်စွာ သတိပေးလိုက်၏။ ဝေဝူယင်သည် သူတော်စင်တစ်ဦး မဟုတ်သော်လည်း ဆန်းကြယ် နတ်ဘုရား ဟန်ရှဲ့၏ ကံကြမ္မာမှာ သူမ၏ စိတ်ထဲတွင် လတ်ဆတ်နေဆဲ ဖြစ်သည်။ လူငယ်ထံတွင် အဘိဿဲလ် သွေးမျိုးဆက် မရှိဘဲ လူသား သွေးမျိုးဆက်သာ ရှိနေသဖြင့် ပဋိပက္ခ တစ်ခုအား စတင်မည်ကို သူမ စိုးရိမ်နေခြင်း ဖြစ်သည်။

ဝေဝူယင်က ခါးသက်သက် ပြုံးလိုက်၏။

"မင်း အများကြီး တွေးနေပြန်ပြီ..."

ဝှစ်...

သူတို့သည် အာကာသ စွမ်းအင်များ၏ စီးဆင်းမှုအတိုင်း တည်ငြိမ် အာကာသ ဥမင်လှိုဏ်ခေါင်းတစ်ခုထဲတွင် ရုတ်တရက် လမ်းကြောင်း ပြောင်းလိုက်ကြသည်။

"ကျွန်တော်တို့ အာကာသလမ်းမ ၃၈၈၈ ထဲကို ဝင်လိုက်ပါပြီ... လောကရှန့်ထို အာရုဏ်ဦး..."

ဗာဂျန်က အသိပေးလာသည်။ ဤနေရာသို့ ရောက်သောအခါ သူတို့သည် ဂြိုဟ်များနှင့် နေကြယ်များကို စတင်မြင်တွေ့လာရ၏။ ကြယ်တာရာ နယ်မြေ တစ်ခုအတွင်းသို့ ဝင်ရောက်သွားကြခြင်းပင်။

***

All Chapters