အခန်း (၁၉၀၃)
Vol. 136 Ch. 1903
အပိုင်း(၁၉၀၃)
ထိုကြယ်တာရာ နယ်မြေအတွင်း၌ အဝါဖျော့ရောင် တောက်ပနေသည့် နေမင်းတစ်စင်း၊ ဂြိုဟ်ကြီး ဂြိုဟ်ငယ် ၁၃ လုံးနှင့် လ ၁၇ စင်း ရှိနေ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ကျောက်ဆူးပုံသဏ္ဌာန်၊ စက်ဝိုင်း ပုံသဏ္ဌာန်နှင့် ရက်ကန်းလွန်းပုံသဏ္ဌာန် ဟင်းလင်းပြင် သင်္ဘောများကို မြင်တွေ့နေရသည်။ ကျောက်ဆူးပုံသဏ္ဌာန် သင်္ဘောများမှာမူ အများဆုံး ဖြစ်သည်။ ၎င်းတို့သည် တည်ငြိမ်သော အာကာသ ဥမင်များအတွင်းမှ စနစ်တကျ ခရီးသွားနေကြပြီး တစ်စင်းနှင့်တစ်စင်း တိုက်မိခြင်း မရှိစေရန် ထိန်းသိမ်းထားကြသည်။
"အများကြီးပါလား..."
ယွီစွန်းလီက အံ့ဩတုန်လှုပ်စွာ ရေရွတ်လိုက်၏။ ယခုလိုမျိုး စနစ်တကျ သွားလာနေခြင်းမှာ ရှေးဟောင်း ချိပ်ပိတ်နယ်မြေ အတွင်းရှိ သင်္ဘောများ၏ စည်းကမ်းမဲ့ သွားလာမှုများနှင့် လုံးဝ ခြားနားလှသည်။ ထို့ပြင် သင်္ဘောပေါင်း သိန်းချီ၍ ရှိနေသည်။
"ဟိုက ဘောလုံးပုံစံ သင်္ဘောတွေကတော့"
ဗာဂျန်က စက်ဝိုင်း ပုံသဏ္ဌာန် သင်္ဘောများကို လက်ညှိုးညွှန်ပြလိုက်ရင်း...
"မဟာမိတ် ဘေးမဲ့မြေက အသုံးပြုတဲ့ ဟင်းလင်းပြင် အိမ်ဂေဟာတွေပါ... အဲ့ဒီအဖွဲ့ဟာ အဘိဿဲလ် မဟာမိတ်အဖွဲ့ကို ဘေးကင်းလုံခြုံရေး ကိစ္စတွေမှာ ကူညီပေးလေ့ရှိပါတယ်... အဲ့ဒီသင်္ဘောတွေပေါ်မှာ သက်ရှိသန်းပေါင်းများစွာ ရှိနေတတ်ပြီးတော့ အများစုကတော့ သေမျိုးတွေပါပဲ... အဲ့ဒီထဲက အများစုက အဓိက အလုပ်သမားတွေအဖြစ် အမှုထမ်းနေကြတဲ့ လျှို့ဝှက်အာဏာရှင်တွေရဲ့ မျိုးဆက်တွေ ဖြစ်ကြပါတယ်... သူတို့က သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေအတိုင်း သွားလာရင်း ကြယ်ကွင်းပြင်တွေနဲ့ ကြယ်တာရာ နယ်မြေတွေထဲက အာကာသလမ်းမတွေ တည်ငြိမ်မှု ရှိမရှိနဲ့ ပျက်စီးမှု ရှိမရှိကို အချိန်မှန် စစ်ဆေးပေးကြတာပါ"
“...”
အားလုံး အံ့ဩသွားရ၏။ ထို့ကြောင့်ပင် ဤနေရာ၌ လောကနယ်မြေများစွာ ရှိမနေသည်လား။ ဟင်းလင်းပြင် သင်္ဘောများကပဲ နေထိုင်ရာ နယ်မြေများ အဖြစ် အသုံးတော် ခံနေကြသည်လား။
အချိန်အနည်းငယ် ထပ်မံ ပျံသန်းပြီးနောက် သူတို့သည် ထိုကြယ်တာရာ နယ်မြေထဲမှ ထွက်ခွာကာ ကြယ်ကွင်းပြင်များကြားရှိ နတ္ထိ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားကြသည်။ ထိုနေရာတွင် မင်ရည်များ စီးကျနေသကဲ့သို့ သတ္တုလုံးကြီးများက ဥမင်လှိုဏ်ခေါင်း ပတ်ဝန်းကျင်ကို စောင့်ကြည့်နေသည်ကို တွေ့ရသည်။ ၎င်းတို့မှာ အမှိုက်သရိုက်များ သို့မဟုတ် ဖြစ်နိုင်ခြေရှိသည့် အန္တရာယ်များကို ရှာဖွေနေခြင်း ဖြစ်ပုံရသည်။
ကွဲပြားခြားနားသည့် ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းတစ်ခု၏ အစောပိုင်း မြင်ကွင်းများကပင် ဝေ့ဝူယင်တို့၏ နှလုံးသားများကို ပြင်းထန်စွာ ခုန်လှုပ်စေခဲ့ပြီ ဖြစ်သည်။
သင်္ဘောသည် ကြယ်ကွင်းပြင်များနှင့် နတ္ထိ ဟင်းလင်းပြင် အများအပြားကို ဖြတ်သန်းလာခဲ့ကြ၏။ အမျိုးမျိုးသော ဂြိုဟ်များ၊ နေများနှင့် လများသည် ရှေးဟောင်း ချိပ်ပိတ်နယ်မြေနှင့် အလွန်အမင်း ကွာခြားလှသည်တော့ မဟုတ်ပေ။ သတိပြုမိသောအချက်တစ်ချက်က လျှို့ဝှက အလင်းရောင်ပြန် ခါးပတ် ပါရှိသည့် နေကြယ်များ တစ်စင်းမျှ မရှိခြင်းပင် ဖြစ်သည်။ ၎င်းတို့အစား ဖီဆန် ပေါက်စနှင့် တူသည့် လျှို့ဝှက် အဆင့် နေကြယ် အမတေများအား ထုတ်လွှတ်နေသော နေမင်းများသာ ရှိသည်။
"ဗာဂျန်... အခု ကျွန်မတို့ ဘယ်ကို သွားနေတာလဲ"
လျူစုယင်က မေးလိုက်၏။ ဝေဝူယင်တွင် အစီအစဉ် ရှိလိမ့်မည် ဖြစ်သော်လည်း မိန်းကလေးမှာ သိချင်စိတ်ကို ထိန်းမရ ဖြစ်နေခြင်း ဖြစ်သည်။
ဗာဂျန်မှာ ဆွံ့အသွားရ၏။ ဤသင်္ဘောပေါ်တွင် အမျိုးသမီး ဘယ်နှစ်ယောက်တောင် ရှိနေသနည်း။ ထို့အပြင်... သူတို့အားလုံးသည် လောကရှန့်ထို အာရုဏ်ဦးကိုပင် တိုင်ပင်ခြင်းမရှိဘဲ သူ့ကို တိုက်ရိုက် စကားပြောနိုင်ကြသည်လား။
ဤအတွေးမှာ အခြားသူများအတွက် ထူးဆန်းနိုင်သော်လည်း၊ အဖြူရောင် အဘိဿဲလ် ဂလက်ဆီ တွင်မူ အဖွဲ့ ခေါင်းဆောင်ကို လျစ်လျူရှုကာ မိမိသဘောဖြင့် ပြုမူခြင်းမှာ အလွန်ပင် ရိုင်းပျသော လုပ်ရပ် ဖြစ်သည်။
"သူတို့က ငါ့ရဲ့ ဇနီးတွေပါ"
ဝေဝူယင်က ရှင်းပြလိုက်ရာ ဗာဂျန်၏ သိချင်စိတ်မှာ ချက်ချင်း ပြေပျောက်သွားတော့၏။
"ဪ... တောင်းပန်ပါတယ်ဗျာ..."
ဗာဂျန်မှာ အံ့ဩသွားသော်လည်း အမူအရာကို ချက်ချင်း ပြုပြင်လိုက်သည်။
"ကျွန်တော်က စီနီယာတို့ကို ခရမ်းရောင်ပင်လယ် နန်းတော်ရဲ့ လိုဏ် အဘိဿဲလ် ဂြိုဟ်ဆီကို ခေါ်သွားနေတာပါ... အဲ့ဒီဂြိုဟ်က ဂလက်ဆီရဲ့ မြို့တော်ဖြစ်သလို ခရမ်းရောင်ပင်လယ် နန်းတော်ရဲ့ နန်းတော်သခင်မ စံမြန်းတဲ့ နေရာလည်း ဖြစ်ပါတယ်... စီနီယာတို့ ဒီမှာနေထိုင်စဉ်အတွင်း လိုအပ်သမျှ အရာအားလုံးကို သူက ဖြည့်ဆည်းပေးလိမ့်မယ်လို့ ကျွန်တော်မျိုး အာမခံပါတယ်"
“ဒီတစ်ခါတော့ ငါ အတွက်လွဲသွားပြီ... သူက ငါတို့ကို ဟဲလစ်ကမ္ဘာဆီ ခေါ်သွားပြီး အရှင်မင်းကြီးရဲ့ အကူအညီနဲ့ ခရမ်းရောင်ပင်လယ် နန်းတော်ကို တော်လှန်ပုန်ကန်ခိုင်းမလားလို့ ထင်နေတာ"
ရွှေဖုန်းပေါင်က ညာဘက်ပါးကို ကုတ်ရင်း မှတ်ချက်ပေးလိုက်သည်။ အမှန်စင်စစ် ဗာဂျန်သည် ဝေဝူယင်၏ တည်ရှိမှုကို ခရမ်းရောင်ပင်လယ် နန်းတော် တွင်သာ ထားရှိရန် ကြိုးစားနေသည့် သစ္စာရှိ လက်အောက်ငယ်သားတစ်ဦး ဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းက သူ့အတွက် ဆုလာဘ်များစွာ ရရှိစေနိုင်ပေသည်။
ဗာဂျန်သည် ရေရှည်အကျိုးထက် ခရမ်းရောင်ပင်လယ် နန်းတော်မှ ပေးမည့် ရေတိုဆုလာဘ်များကိုသာ တွေးတောနေကြောင်းကို ဝေဝူယင်ကတော့ သိရှိပြီး ဖြစ်သည်။ သို့သော် ဤသည်မှာလည်း ကိစ္စမရှိပေ။
"လောက အဂ္ဂိရတ်ရှန့်ထို အထောက်အထားကို အသုံးချတာက အကျိုးကျေးဇူးတွေ အများကြီး ရှိတယ်... ဒီဂလက်ဆီမှာ အဂ္ဂိရတ်တာအို ဘယ်လောက်အထိ ထွန်းကားနေပြီလဲဆိုတာ သူ့ကို မေးကြည့်ပါဦး"
သခင်လေးရှန့်က ဆို၏။ သူသည် ဗဟုသုတ ကြွယ်ဝသော်လည်း အဖြူရောင် အဘိဿဲလ် ဂလက်ဆီ၏ အတွင်းရေး ကိစ္စများကိုမူ အသေးစိတ် မသိရှိပေ။
ဝေဝူယင်သည်လည်း ထိုအချက်ကို သိချင်နေပြီး ဗာဂျန်က ကိုယ်တိုင်ပြောလာမည့် အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ယခု သခင်လေးရှန့်က စကားစလိုက်သဖြင့် သူကပင် မေးမြန်းလိုက်၏။
"ခင်ဗျားတို့ရဲ့ ခရမ်းရောင် အဘိဿဲလ် ဂလက်ဆီဇုံ မှာ အဂ္ဂိရတ်မျိုးဆက်က ဘယ်လောက်အထိ ထွန်းကားနေပြီလဲ"
"..."
ဗာဂျန်၏ မျက်နှာမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားတော့၏။
ဂလက်ဆီဇုံတစ်ခု၏ အဂ္ဂိရတ်မျိုးဆက်...
ဖန်တီးရှင်များ၏ အမွေအနှစ်၊ အမွေဆက်ခံမှုနှင့် မျိုးရိုးဗီဇတို့၏ နက်နဲမှုသည် လူ့အဖွဲ့အစည်းတစ်ခု၏ ကျင့်ကြံခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာ ခွန်အား၏ ကန့်သတ်ချက်များကို များစွာ အဆုံးအဖြတ်ပေးသည်။
မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် ဆိုလျှင် ရွှေရောင် အသက်နန်းတော်သည် ယနေ့တိုင်အောင် ခရီးသွားလာမှု အဆင်ပြေစေရန်၊ ကျင့်ကြံသူများ၏ ဘေးကင်းလုံခြုံမှု၊ ဆေးဖော်စပ်မှု လွယ်ကူစေရန်နှင့် ကမ္ဘာလောကများ တည်ငြိမ်စေရန် ရည်ရွယ်၍ ပိုမိုကောင်းမွန်သည့် ကိရိယာများ၊ အစီအရင်များနှင့် ရတနာများကို ထုတ်လုပ်ရန်အတွက် နတ်ဘုရား ပန်းပဲဖို အစည်းအရုံး၊ လျူကလန်တို့နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်သည်။
တစ်ဖက်တွင်လည်း ထာဝရ အစည်းအရုံးသည် ကြယ်ကွင်းပြင် တစ်လျှောက်ရှိ ကျင့်ကြံသူများ၏ အဂ္ဂိရတ် လိုအပ်ချက်များကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးလျက်ရှိသည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ထာဝရ ဧကရာဇ်၏ အဂ္ဂိရတ်မျိုးဆက် ပေါ်ထွန်းလာပြီးနောက် ကျင့်ကြံသူများ၏ တိုးတက်မှုမှာ အံ့မခန်း ပေါက်ကွဲအားကောင်းခဲ့သည်။ သူ၏ ဩဇာလွှမ်းမိုးမှုနှင့် လမ်းသစ်ထွင်ခဲ့သည့် အမွေအနှစ်များကြောင့်ပင် သီးခြားဖြစ်နေသည့် ရှေးဟောင်း ချိပ်ပိတ်နယ်မြေသည် နှစ်ပေါင်းအနည်းငယ်အတွင်းမှာပင် မြေကြီးရှန့်ထို ရာနှင့်ချီ၍ ပိုင်ဆိုင်လာနိုင်ခဲ့ခြင်းဖြစ်သည်။
ဤသည်မှာ အဂ္ဂိရတ် ပညာရှင် တစ်ဦးတည်း၏ စွမ်းဆောင်နိုင်မှုအတွက် အထွတ်အထိပ် သာဓကတစ်ခုပင် ဖြစ်သည်။
နောက်ပိုင်းတွင် မြေကြီးအဆင့် အဂ္ဂိရတ်ရှန့်ထို သုံးဦး ထပ်မံပေါ်ထွန်းလာခြင်းမှာလည်း တူညီသော သက်ရောက်မှုများ ရှိခဲ့သည်။ ကံဆိုးသည်က ထာဝရ နတ်ဘုရားမှ လွဲ၍ ချောင်စွေ့ဖုန်း နှင့် ထျန်းတိန်ကျန့် တို့၏ ဦးစားပေးကိစ္စများမှာ ကွဲပြားနေခဲ့ခြင်းဖြစ်သည်။
ချောင်စွေ့ဖုန်းသည် ဝိညာဉ် ရှန့်ထို ဧကရာဇ် ချောင်ချောင်အား ကူညီရန်သာ အာရုံစိုက်ခဲ့ပြီး၊ ထျန်းတိန်ကျန့်မှာမူ အဂ္ဂိရတ်တာအိုကို တစ်ကိုယ်ကောင်းဆန်စွာ လိုက်စားခဲ့ကာ ထျန်းထိုက်ကျုံး၏ အမိန့်ရှိမှသာ ရံဖန်ရံခါ ကူညီပေးလေ့ရှိသည်။
ထိုသို့ ကူညီရာတွင်ပင် ဖော်စပ်ထားသည့် အဂ္ဂိရတ် ထုတ်ကုန်များကို ထျန်းထိုက်ကျုံး၏ ဆန္ဒအတိုင်းသာ ထိန်းချုပ်ကန့်သတ်ထားခဲ့သည်။
ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းတစ်ခု၏ ဖန်တီးရှင်မျိုးဆက် စံနှုန်းသည် ထိုအဖွဲ့အစည်း၏ အနာဂတ် လမ်းကြောင်းကို များစွာ အဆုံးအဖြတ်ပေးသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း ဝေ့ဝူယင် အာရုဏ်ဦး အဂ္ဂိရတ်မျိုးဆက်ကို တည်ထောင်ရာတွင် ရရှိခဲ့သည့် စွမ်းဆောင်ချက်များနှင့် အောင်မြင်မှုများအားလုံးမှာ ယင်းအတွက် ခိုင်လုံသော သက်သေများပင် ဖြစ်သည်။ မျိုးဆက်သစ်များ၏ စံနှုန်းနှင့် စီနီယာများ၏ မျှော်လင့်ချက်တို့သည် အသစ်အသစ်သော တိုးတက်မှုတိုင်းနှင့်အတူ ထပ်ခါတလဲလဲ တည်ဆောက်ခဲ့ရခြင်း ဖြစ်သည်။
ဗာဂျန်၏ ညှိုးငယ်နေသော မျက်နှာအမူအရာက လက်ရှိအခြေအနေကို ကောင်းစွာ ဖော်ပြနေ၏။ သို့သော်လည်း တောင်ပိုင်းဟဲလစ်၏ လောက အင်ပါယာသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီးနောက် စတင်ကာ ရှင်းပြလိုက်လေသည်။
"ကျွန်တော်တို့ရဲ့ အဂ္ဂိရတ်တာအိုက သိပ်ပြီး မထွန်းကားသေးပါဘူး... ကျွန်တော်တို့ရဲ့ အမြင့်ဆုံးအဆင့်မှာ ဟန်ချက်ညီ စမ်းရေအဂ္ဂိရတ်မျိုးဆက်... လီဗာသန်ဆေးလုံး အဂ္ဂိရတ်မျိုးဆက် နဲ့ လောက နက်ရှိုင်းခြင်း အဂ္ဂိရတ်မျိုးဆက်တွေပဲ ရှိပါတယ်... အဲ့ဒါတွေအားလုံးက ဟိုးယခင် လောကအဂ္ဂိရတ်ရှန့်ထို တွေဆီက ဆင်းသက်လာတဲ့ မျိုးဆက်တွေပါ... ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ မြေကြီးအဂ္ဂိရတ်ရှန့်ထို အဆင့် မျိုးဆက်တွေလည်း ရှိပါသေးတယ်..."
ဗာဂျန်၏ အဖြေမှာ ခရမ်းရောင် အဘိဿဲလ် ဂလက်ဆီဇုံ သာမက အဖြူရောင် အဘိဿဲလ် ဂလက်ဆီ တစ်ခုလုံးကိုပါ လွှမ်းခြုံထားခြင်းဖြစ်သည်။
ဟန်ချက်ညီ စမ်းရေ နှင့် လီဗာသန်ဆေးလုံး အဂ္ဂိရတ်မျိုးဆက်များသည် အသံမဲ့ အဘိဿဲလ် ဂလက်ဆီဇုံ မှ ဆင်းသက်လာခြင်းဖြစ်ပြီး၊ လောက နက်ရှိုင်းခြင်း အဂ္ဂိရတ်မျိုးဆက်မှာမူ ဓား အဘိဿဲလ် ဂလက်ဆီဇုံ တွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်သည်။ ခရမ်းရောင် အဘိဿဲလ်နှင့် ငြိမ်းချမ်းမှု အဘိဿဲလ် နှစ်ခုလုံးတွင်တော့ လောကအဂ္ဂိရတ်ရှန့်ထို အဆင့်ရှိ အဂ္ဂိရတ် မျိုးဆက်တစ်ခုမျှ ပေါ်ထွန်းခဲ့ခြင်း မရှိချေ။
ပုံမှန်အားဖြင့် အဂ္ဂိရတ် မျိုးဆက်တစ်ခုတွင် သတ်မှတ်ထားသည့် အမှတ်တစ်ခုမှ အထက်ကန့်သတ်ချက်အထိ အဂ္ဂိရတ် ထုတ်ကုန် အစုံအလင် ပါဝင်ရမည်ဖြစ်သည်။ ဥပမာအားဖြင့် ဝေဝူယင်၏ အာရုဏ်ဦး အဂ္ဂိရတ်မျိုးဆက် တွင် အဆင့်ကိုး အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှသည် လျှို့ဝှက်လောကအဆင့်ရှိ အာရုဏ်ဦး နေကြတ် လောက ဆေးလုံး အထိ အဂ္ဂိရတ် ထုတ်ကုန်များ ပါဝင်နေသည်။
ထို့အပြင်... သူ၏ မျိုးဆက်တွင် အာရုဏ်ဦး လေပွေဇုံ ဆေးပြား၊ အာရုဏ်ဦး နေကြယ် မျိုးစေ့ ဆေးလုံး၊ အာရုဏ်ဦး သွေးဟောက်သံ ဆေးအနှစ်၊ အာရုဏ်ဦး တာအိုနှစ်သွယ် ဆေးလုံး နှင့် အခြားသော ထူးခြားသည့် အဂ္ဂိရတ် ထုတ်ကုန်များလည်း ပါဝင်သည်။
နောင်တစ်ချိန် သူ သေဆုံးသွားလျှင်ပင်... သေဆုံးသွားပြီးနောက် နှစ်ပေါင်းများစွာ တိုင်အောင် အဂ္ဂိရတ်တာအိုသည် ထိုမျိုးဆက်ကို ဂုဏ်ပြုနေမည်ဖြစ်ပြီး၊ မည်သည့် အဂ္ဂိရတ် ပညာရှင် မဆို ထိုထုတ်ကုန်များကို မိမိတို့ တီထွင်ခဲ့ခြင်းဖြစ်သည်ဟု မည်သည့်အခါမျှ အခိုင်အမာ ပြောဆိုနိုင်မည်မဟုတ်ချေ။ ထို့အတူပင် ထာဝရ ဧကရာဇ်သည်လည်း အဂ္ဂိရတ် ထုတ်ကုန်များစွာကို အသစ် တီထွင်ခဲ့သော်လည်း အချို့သော ထုတ်ကုန်များမှာ အခြားတစ်နေရာတွင် တီထွင်ပြီးသား ဖြစ်နေခဲ့သဖြင့် ၎င်းတို့၏ အမည်ရှေ့တွင် ထာဝရ ဆိုသည့် အမည်ကို မတပ်နိုင်ခဲ့ပါချေ။
အဖြူရောင် အဘိဿဲလ် ဂလက်ဆီ တစ်ခုလုံးတွင် လောကအဂ္ဂိရတ်ရှန့်ထို အဂ္ဂိရတ်မျိုးဆက် သုံးခုသာ ရှိခြင်းမှာ ၎င်း၏ အောင်မြင်မှုကို ပြသနေသလို တစ်ဖက်တွင်လည်း ၎င်း၏ နိမ့်ကျမှုကို ပြသနေခြင်း ဖြစ်သည်။
မည်သို့ပင် ဆိုစေ နှစ်ပေါင်း ရှစ်သောင်းခန့်သာ ရှိသေးပြီး အဖက်ဖက်မှ နိမ့်ကျလှသည့် ရှေးဟောင်း ချိပ်ပိတ် နယ်မြေလို နေရာမျိုးတွင်ပင် ထာဝရနှင့် အာရုဏ်ဦး ဆိုသည့် လောက အဂ္ဂိရတ် မျိုးဆက် နှစ်ခု ပေါ်ထွန်းခဲ့ပြီးပြီ မဟုတ်ပါလား...။
သို့သော်လည်း... အဖြူရောင် အဘိဿဲလ် ဂလက်ဆီ တစ်ခုလုံး၏ အတိုင်းအတာ၊ ပမာဏနှင့် ရှည်လျားသော သမိုင်းကြောင်းကို ထည့်တွက်လျှင် ဤအရေအတွက်မှာ အဖွဲ့သားများအတွက်တော့ အနည်းငယ် အားမရစရာ ဖြစ်နေခဲ့တော့သည်။
***