အခန်း (၁၉၆-၁၉၈)
Vol. 14 Ch. 196-198
ယွမ်ကျိုး အပိုင်း(၁၉၆)
ယွမ်ကျိုးက ဝူဟိုင်း သူ့အပေါ် တုံ့ပြန်သည့်အတိုင်း တန်ပြန်တိုက်ခိုက်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု ခံစားမိသည်။ ဤသို့ဖြင့် ယွမ်ကျိုး၏လက်စားချေမှု စတင်သည်။
“မင်းပြောတာတွေ တစ်ခုမှ ငါ မသိဘူး။ ငါက ပန်းချီဆရာလေ။ ဒီကိစ္စတွေကို သိပါ့မလား”
ဝူဟိုင်းက အကြောက်အလန့်ကင်းမဲ့စွာပြန်ပြောသည်။
“ဟင်းချက်တာနဲ့ ပတ်သက်ပြီးတော့ ဘာမှမသိဘူးဆိုရင် ခင်ဗျားက လူပိန်းတစ်ယောက်ပဲ။ ဒါတောင် ကျုပ်ဆီကနေ ဟင်းချက်ပညာသင်ယူချင်တယ်ဆိုတဲ့ စကားမျိုးကို ပြောတာက ယုတ္တိမတန်တဲ့စိတ်ကူးပဲ။ ဒါ လုံးဝဖြစ်နိုင်ချေမရှိဘူး”
ယွမ်ကျိုးက လေးနက်သောအမူအရာဖြင့် စိတ်အားထက်သန်စွာ ပြောသည်။
“ဒါပေါ့။ ပြောရရင် ခင်ဗျားက ကျုပ် မြင်ဖူးသမျှထဲမှာဆိုရင် အဆိုးရွားဆုံးအလုပ်သင်ပဲ” ယွမ်ကျိုးက အေးအေးဆေးဆေးအမူအရာဖြင့် ထပ်မံမှတ်ချက်ပေးသည်။ ထို့နောက် သူက သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး သူ စိတ်သက်သာရာရသွားသည်ဟု ခံစားမိသည်။
ဝူဟိုင်း၏အရှက်တကွဲပြောဆိုမှုကို တန်ပြန် လက်စားချေနိုင်ခဲ့ပါပြီ။
နောက်ထပ်ပြုလုပ်မည့် အရှက်ခွဲသော အပြုအမူများအတွက် သူ အချိန်ယူရအုံးမည်။
“နေပါဦး။ မင်းပြောလိုက်တဲ့စကားတွေက ငါ့ဆီကနေ ခိုးထားတာသိသာတယ်နော်”
ဝူဟိုင်းက နောက်ဆုံးပြောလိုက်သောစကားကို ကြားသောအခါ ပြဿနာ၏ အကြောင်းအရင်းကို ချက်ချင်း သဘောပေါက်သွားပြီး မကျေနပ်ဟန်ပြန်ပြောသည်။
“ငါတို့ပြောနေတဲ့ အကြောင်းအရာနဲ့ ကိုက်ညီတဲ့ အကြောင်းအရာကိုပဲ ပြောတာလေ”
ယွမ်ကျိုးက ပွင့်လင်းစွာ ဝန်ခံသည်။
“သူဌေးယွမ်၊ ခင်ဗျားက စိတ်သဘောထားသေးသိမ်တာပဲ”
ဝူဟိုင်းက ရယ်ရခက်၊ ငိုရခက် အမူအရာနှင့် ပြန်ပြောသည်။
“အခြေအနေနဲ့ ကိုက်ညီတဲ့စကားကို ပြောယုံပဲလေ”
ယွမ်ကျိုးက ဤအခြင်းအရာကိုသာ ဆက်လက်ပြောကြားသည်။
“ကောင်းပြီ။ ဒီလောက်နဲ့ပဲ ရပ်ကြရအောင်။ ငါ့ကို သင်ပေးဖို့ဆန္ဒရှိလား၊ မရှိဘူးလား ဆိုတာပဲပြော”
ဝူဟိုင်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ရက်ရောတဲ့ အမူအရာဖြင့် ငြင်းခုံမှုကို လျစ်လျူရှုလိုက်သည်။
“ခင်ဗျားက ချက်ပြုတ်ခြင်းနဲ့ပတ်သက်လို့ ဘာမှမသိဘူးဆိုရင် စာအုပ်တွေ ဖတ်ပြီးတော့ လေ့လာရမယ်။ ဒါကြောင့်မို့လို့ စာဖတ်တဲ့အချိန်ကို သင်ပေးတဲ့ သုံးရက်ထဲမှာ ထည့်မတွက်ဘူး”
ယွမ်ကျိုးက အားရပါးရပြောသည်။
ဝူဟိုင်းက သံသယမျက်ဝန်းဖြင့် ယွမ်ကျိုးကို ကြည့်လိုက်သောအခါ ယွမ်ကျိုးက သူ၏အကြည့်ကို လက်ခံလိုက်သည်။ ယွမ်ကျိုး၏လေးနက်သောအမူအရာကို မြင်တွေ့ရသောအခါ ဝူဟိုင်းပြောသည်။
“ဘယ်လိုစာအုပ်တွေကို ဖတ်ရမှာလဲ”
“ဒီစာအုပ်တွေကို အရင်ဆုံးဖတ်”
ယွမ်ကျိုးက ဝူဟိုင်းလက်ထဲမှ ဘောပင်ကို ယူလိုက်ပြီး စာရွက်ပေါ်မှာ စတင်ရေးသားသည်။
“စုစုပေါင်း စာအုပ် ၁၃အုပ်ရှိတယ်။ အဲ့ဒီစာအုပ်တွေထဲမှာဆိုရင် ချက်ပြုတ်နည်းနဲ့ ပတ်သက်တဲ့ အခြေခံအချက်အလက်တွေ၊ စားဖိုမှူးတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးတဲ့စာအုပ်ရယ်၊ ဓားကိုင်တာနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်ရှင်းပြချက်၊ အစားအသောက်စနစ်ဆိုးတွေနဲ့ ဘေးကင်းလုံခြုံမှု အစကနေပြီး ဟင်းချက်ပညာကိုလေ့လာခြင်း၊ လူအများကြားတွင် ဟင်းချက်ပြုတ်ခြင်းနည်းလမ်းတွေ အစရှိတာတွေပေါ့”
“ဒါတွေအားလုံးကို သုံးရက်အတွင်း ဖတ်ဖို့ လိုတာလား”
ဝူဟိုင်းက စာအုပ်စာရင်းကို အရင်ဆုံး ကြည့်လိုက်ပြီးနောက် ယွမ်ကျိုးကို ယုံကြည်သောအမူအရာဖြင့် မေးမြန်းသည်။
“အွန်း။ သုံးရက်က လုံလောက်ပါတယ်”
ယွမ်ကျိုး ခေါင်းညိတ်သည်။
“ခင်ဗျားကိုယ်ခင်ဗျား သဘောထားမသေးသိမ်ဘူးလို့ ပြောရဲသေးတယ်နော်။ ဒီစာအုပ်တွေက သဘောထားခြင်းအတူတူပဲ မဟုတ်ဘူးလား။ ဘာလို့ အားလုံးကို ဖတ်ခိုင်းတာလဲ”
ဝူဟိုင်းက သူ့ရဲ့မုတ်ဆိတ်ကိုပွတ်သပ်နေရင်း မျက်ဖြူစိုက်သောအမူအရာကို ပြသသည်။ ယွမ်ကျိုးက သူ့ကိုလက်စားချေနေသည်ဟု ခံစားမိသည်။
“ခင်ဗျားက အခြေခံ မရှိဘူးဆိုတော့ ဒီစာအုပ်တွေကို ဖတ်ကြည့်သင့်တယ်။ ဒီစာအုပ်တွေကို ဖတ်ကြည့်တဲ့ အတွေ့အကြုံမရှိတဲ့ ဝါသနာရှင်တွေတောင် လျင်လျင်မြန်မြန် ဟင်းချက်ပြုတ်လာနိုင်တယ်။ ဒါကြောင့်မလို့ ဖတ်ကြည့်ဖို့ တိုက်တွန်းချင်တယ်”
ယွမ်ကျိုးက စာအုပ်များကို ညွှန်ပြရင်း လေးနက်စွာပြောသည်။
“ဟုတ်ရောဟုတ်ရဲ့လား”
ဝူဟိုင်းက အနည်းငယ်သံသယဝင်နေသည်။
“အဆင့်မြင့်စာအုပ်တွေက ခင်ဗျားရဲ့အဆင့်နဲ့ မကိုက်ညီဘူး။ ဒီစာအုပ်တွေက အသိပညာကြွယ်ဝလာအောင် ကူညီပေးနိုင်တယ်။ ဒီစာအုပ်တွေက ခင်ဗျားအတွက်အထောက်အကူဖြစ်မှာပါ” ယွမ်ကျိုးက လှီးဖြတ်နည်းပညာရပ်နဲ့ ပတ်သက်သောစာအုပ်ကို ညွှန်ပြရင်း စကားပြောသည်။
“ခင်ဗျားပြောတာ မှန်တော့မှန်သလိုပဲ”
ဝူဟိုင်းက တစ်ခါမှ ဖတ်မကြည့်ဖူးသည့် စာအုပ်များကို ငေးကြည့်ပြီး ဖြုံနေသည်။
စာအုပ်စာရင်းကို အသေးစိတ်စစ်ဆေးကြည့်ပြီးနောက် ဝူဟိုင်း၏နှလုံးသားလေးက ဝေခွဲမရဖြစ်သွားသည်။
"သူ ငါ့ကို လက်စားချေချင်နေတာတော့ မဟုတ်ဘူးထင်တယ်"
“နောက်ကျနေပြီ။ သုံးရက်ကြာမှ တွေ့ကြတာပေါ့။ အချိန်အတိအကျကို နောက်မှ အသိပေးမယ်”
ယွမ်ကျိုးက အပြင်ဘက်ကို ကြည့်လိုက်ပြီး ဝူဟိုင်းကို မောင်းထုတ်သည်။
“ကျေးဇူးတင်ပါတယ် သူဌေးယွမ်”
ဝူဟိုင်းက ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်ပြီးနောက် ကျေးဇူးတင်သောအမူအရာကို ဖော်ပြသည်။
“မလိုအပ်ပါဘူး။ နှုတ်ဆက်ပါတယ်”
ယွမ်ကျိုးက စားသောက်ဆိုင် အပြင်ဘက်ကို ညွှန်ပြသည်။
“ကောင်းပြီ။ ဒါဆို နောက်မှ တွေ့ကြတာပေါ့”
ထို့နောက် ဝူဟိုင်းက စာအုပ်စာရင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ဆိုင်မှ ထွက်ခွာသွားသည်။
ဝူဟိုင်း ထွက်ခွာပြီးနောက် သူ့နည်းတူ ယွမ်ကျိူးကလည်း စာအုပ်စာရင်းကို ဆုပ်ကိုင်ပြီး အွန်လိုင်းစာအုပ်ဆိုင်မှ
စာအုပ်များကို ဝယ်ယူရန် အပေါ်ထပ်သို့ တက်သွားသည်။
အိမ်တွင်းချက်ပြုတ်နည်းစာအုပ်ကို ဝယ်ခိုင်းခြင်းက ဝူဟိုင်းကို လှည့်ဖြားခြင်း မဟုတ်ပေ။ သူ့လို ကြင်နာပြီး တရားမျှတမှုရှိတဲ့သူက လှည့်ဖြားသောကိစ္စရပ်ကို လုပ်ဆောင်မည် မဟုတ်ကြောင်းကို ဘုရားသခင်သာ သိလိမ့်မည်။ ဤစာအုပ်အားလုံးက ဖတ်ရှုရလွယ်ကူပြီး အကြောင်းအရာများက ရိုးရှင်းသည့်အတွက် ဝူဟိုင်းကို ဖတ်ကြည့်ရန် ညွှန်းခြင်း ဖြစ်သည်။
ယွမ်ကျိုးက စာအုပ်များကို ဝယ်ယူနေစဉ် အရှက်မဲ့သော အတွေးကို တွေးတောနေသည်။ လိုအပ်သောစာအုပ်အားလုံးကို ဝယ်ယူပြီးနောက် ယွမ်ကျိုးက အကြောဆန့်လိုက်ပြီး ဟင်းပွဲအသစ်ကို ရောင်းချရန် တွေးတောသည်။ ဤရက်ပိုင်းအတွင်း ယွမ်ကျိုး အရမ်းကို အလုပ်များနေသည့်အတွက် ထိုကိစ္စနှင့် ပတ်သက်ပြီး စနစ်ကို မေးမြန်းရန်ပင် မေ့လျော့နေသည်။
“ငါ့ရဲ့ဟင်းချက်တဲ့အဆင့်မြင့်သွားရင် လိုက်ဖက်ညီတဲ့ သရေစာမုန့်ကို ဆုလာဘ်အနေနဲ့ ရမယ်လို့ မင်းပြောခဲ့ဖူးတယ်နော်။ ဒါဆိုရင် ဘာလို့များ ထူးခြားတဲ့ ချင်ဟွိုင် သရေစာမုန့်လေးခုကိုပဲ ရတာလဲ။ ကျန်တဲ့တခြားလေးခုက ဘယ်ရောက်သွားတာလဲ”
ယွမ်ကျိုးက သူ့စိတ်ထဲတွင် ရှိသောမေးခွန်းကို မေးမြန်းလိုက်သည်။
စနစ်က ဖော်ပြသည်။
“လိုက်ဖက်ညီတဲ့ သရေစာမုန့်ကို ဆုလာဘ်အနေနဲ့ ပေးပြီးသွားပါပြီ”
“ငါသိတယ်။ တခြားသရေစာမုန့်တွေကို ပြောတာ”
ယွမ်ကျိုးက နှုတ်ဆိတ်သွားပြီး ထပ်မံမေးမြန်းသည်။
စနစ်က ဖော်ပြသည်။
“ဆုလာဘ်ပေးမယ့် သရေစာမုန့်အရေအတွက်ကို မဖော်ပြခဲ့ပါဘူး”
“ကောင်းပြီ။ မင်းက ဒီလိုပုံစံပဲ အမြဲတမ်းဖြေတယ်။ မမေးတော့ဘူး”
ယွမ်ကျိုးက စနစ်ကို နှုတ်ဆက်စကားပြောလိုက်ပြီး ဟင်းပွဲအသစ်အကြောင်း တွေးတောခြင်းက ပိုကောင်းမည်ဟု ခံယူလိုက်သည်။
ထူးခြားသော ချင်ဟွိုင်သရေစာမုန့်ရှစ်မျိုးအနက် လေးခုကို ဆုလာဘ်အနေနဲ့ ရရှိထားသော်လည်း အစီအစဉ်အလိုက်ရရှိထားခြင်းမဟုတ်ပေ။ သို့သော်လည်း သရေစာမုန့်ထဲတွင် အရက်နှင့် တွဲဖက်စားရန် သင့်တော်သည့် သရေစာမုန့်တစ်မျိုးပါရှိသည်။
ညဘက်အရက်ဆိုင်ဖွင့်သည့်အချိန်တွင် ဟင်းပွဲများကို မရောင်းချသော်လည်း ယွမ်ကျိုးက စမ်းကြည့်ချင်သောဆန္ဒ ရှိသည်။ ရနံ့မွှေးကြိုင်တဲ့ ပဲဟင်းပွဲဖြစ်သည်။ ရနံ့မွှေးကြိုင်တဲ့ ပဲဟင်းကို ချက်ပြုတ်ရန်အတွက် လူအများစုက ပဲပိစပ်ကို အသုံးပြုကြသည်။ သို့သော်လည်း ယွမ်ကျိုး ပြင်ဆင်မည့်ဟင်းပွဲတွင် ပဲကြီးမျိုးကို အသုံးပြုမည်ဖြစ်သည်။
ယွမ်ကျိုးက အောက်ထပ်သို့ လျင်မြန်သောခြေလှမ်းများဖြင့် ဆင်းသွားပြီး မီးဖိုချောင်ထဲသို့ ဝင်သည်။ မီးဖိုချောင်ထဲတွင် သူချက်ပြုတ်မည့်ဟင်းပွဲနှင့် ပတ်သက်သော ပါဝင်ပစ္စည်းများကို ရှာဖွေရန် ရည်ရွယ်ချက်ဖြစ်သည်။ မီးဖိုချောင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် သေးငယ်သော စတုရန်းခွက်ထဲတွင် ပဲကြီးပါဝင်ပစ္စည်းများကို တွေ့ရှိရသည်။ စတုရန်းပုံစံအံဆွဲကို ဖွင့်လိုက်သည်။
သူ၏ရှေ့မှာ ရှည်လျားသောသေတ္တာကြီး ပေါ်ပေါက်လာသည်။
သေတ္တာ၏အရှေ့ဘက်မျက်နှာပြင်ကို သစ်သားဖြင့်ပြုလုပ်ထားပြီး ဘေးဘက်နှင့် နောက်ဘက်မျက်နှာပြင်ဟာ ဖန်သားဖြင့် ပြုလုပ်ထားသည်။ ထို့ကြောင့် ရှင်းရှင်းလင်းလင်း ထိုးဖောက်မြင်နိုင်သည်။ သေတ္တာတွင်းမှာရှိသည့် ပဲကြီးများကို စနစ်တကျစီထားသည်။
“ဒါက ဘယ်လို ပဲကြီးအမျိုးအစားလဲ”
ယွမ်ကျိုးက သေတ္တာအရှည်ကြီးကို ထုတ်ယူလိုက်ပြီး အထဲတွင်ရှိသော ပဲကြီးများကို အသေးစိတ်ကြည့်ရှုသော်လည်း လက်ဖြင့် မထိတွေ့ခဲ့ပေ။
စနစ်က ဖော်ပြသည်။
“ဒီပဲမျိုးစိတ်ကို ဟွမ်ယွမ်မြင်းသွားနဲ့ စိုက်ပျိုးထားတာပါ။ ဒီပဲကြီးအကြောင်းကို ပြောရရင် ဇာတ်လမ်းအရှည်ကြီးပဲ။ မတူညီတဲ့ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် စိုက်ပျိုးထားတာ။ ပဲကြီးတစ်ခုစီက ကြီးမားပြီး ဝဖြိုးတယ်။ ပုံစံက မြင်းသွားအရွယ်အစားလောက်ရှိတယ်။ အရောင်ကလည်း မြစိမ်းရောင်ရှိတယ်။ သူ့ထဲမှာပါဝင်တဲ့ ဗီတာမင်တွေကလည်း မြင့်မားတယ်။ ဖော့စ်ဖရပ်စ်နဲ့ ပိုတက်ဆီယမ်ပေါ့။ တရုတ်ရိုးရာဆေးဝါးတွေမှာဆိုရင် ဒီပဲကို အသုံးပြုတယ်။ ဒီပဲက ခါးသက်သက်အရသာအနည်းငယ်ရှိပေမယ့် ချိုမြတယ်။ သရက်ရွက်နဲ့ အစာအိမ်အတွက်လည်း ကောင်းတယ်။ ဒါကြောင့်မလို့ သရက်ရွက်မကောင်းတာတွေ၊ အစာအိမ်မကောင်းတာတွေနဲ့ ဖောရောင်တတ်တဲ့ရောဂါတွေကို ကုသဖို့အတွက် ပဲကြီးကို အသုံးပြုတယ်”
စနစ်က အကောင်းဆုံးသောမျိုးစိတ်ကို ရွေးချယ်ပြီးတော့ သူ့ရဲ့စိုက်ပျိုးပုံပေါ် မူတည်ပြီးတော့ တစ်နှစ်တိတိ စိုက်ပျိုးထားတဲ့ ဒီပဲတစ်တောင့်မှာဆိုရင် ပဲကြီး၇စေ့ထပ်ပိုမပါဘူး။ အဲ့ဒီထဲကနေပြီးတော့ အဝဖြိုးဆုံး၊ အကြီးဆုံးဖြစ်တဲ့ အလယ်က အပိုင်းကိုပဲ ယူပြီးတော့ ကျန်တဲ့ဟာတွေကို ဓာတ်မြေဩဇာအနေဖြင့် စွန့်ပစ်လိုက်တယ်"
"ဒီကိစ္စကို မေးတိုင်း အမြဲတမ်း အံ့ဩတဲ့ခံစားချက်ဖြစ်ရတယ်။ စနစ်၊ မင်းက တကယ့်ကို အံ့မခန်းပဲ”
ယွမ်ကျိုးက မိတ်ဆက်သော အချက်အလက်များကို အသေးစိတ်စစ်ဆေးကြည့်ပြီး နဖူးလေးကို ပွတ်သပ်ကာ ခေါင်းကိုက်သော အမူအရာကို ပြသသည်။ ခဏကြာပြီးနောက် ယွမ်ကျိုးက ရုတ်တရက်မေးမြန်းသည်။
“ပဲကြီးတွေ အရသာရှိဖို့ဆိုရင် လက်ဆတ်ရမယ် မှတ်လား။ ဒါမှလဲ စားရတာပိုကောင်းမှာလေ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုလုပ်ထားလဲ”
စနစ်က ဖော်ပြသည်။
“ဆယ်မိနစ်အတွင်း ချက်ပြုတ်ပေးရပါမယ်။ ဒီသေတ္တာကို ဖွင့်ပြီးတာနဲ့ ချက်ပြုတ်ဖို့ ဆယ်မိနစ်ပဲ အချိန်ရပါမယ်”
“ကောင်းပြီ။ အံ့ဩစရာကြီးပဲ”
ယွမ်ကျိုးက သေတ္တာကို မဖွင့်ကြည့်မိ၍ ကံကောင်းသွားသည်ဟု ခံစားမိသည်။ သို့တည်းမဟုတ်လျှင် ထိပ်တန်းအဆင့်ရှိ ပါဝင်ပစ္စည်းများကို အလဟဿဖြစ်စေလိမ့်မည်။ မွှေးကြိုင်သောပဲဟင်းအတွက် အရေးကြီးဆုံးအရာက ဟင်းခတ်အမွှေးအကြိုင်၅မျိုးကို ကောင်းမွန်စွာ ရောစပ်ရန်ဖြစ်သည်။
စားပွဲခုံပေါ်တွင်ရှိသော သေးငယ်သော သေတ္တာလေးထဲမှ ဟင်းခတ်အမွှေးအကြိုင်များထပ်မံတိုးလာပြီး အကန့်ကလေးများထဲတွင် ဟင်းခတ်အမွှေးအကြိုင်၏နာမည်ကို မှတ်သားပေးထားသည်။ သေတ္တာကို ဖွင့်ကြည့်ပြီးနောက် ယွမ်ကျိုးက ဟင်းခက်အမွှေးအကြိုင်၅မျိုးကို ထုတ်ယူလိုက်သည်။
အပိုင်း(၁၉၆)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၉၇)
ပါဝင်ပစ္စည်းအားလုံးကိုရွေးချယ်ပြီးနောက် ယွမ်ကျိုးက Maskကို တပ်ဆင်လိုက်ပြီး အံဆွဲထဲမှ သေးငယ်သော ကျောက်ဆုံကို ထုတ်ယူလိုက်သည်။
ရွေးချယ်ထားသော ဟင်းခတ်အမွှေးအကြိုင်၅မျိုးကို ကြိတ်ရန် ရည်ရွယ်ချက်ဖြင့် ကျောက်ဆုံကို ထုတ်ယူလာခြင်းဖြစ်သည်။
ယွမ်ကျိုးက ပါဝင်ပစ္စည်းများကို ကြိတ်ရာတွင် လက်ကိုသာ အသုံးပြုခြင်းကို နှစ်သက်သည်။
ထိုသို့ အသုံးပြုရခြင်းသည် ပါဝင်ပစ္စည်း၏မွှေးရနံ့ကို အကောင်းဆုံးဖြစ်စေပြီး ဟင်းအနှစ်ကိုလည်း ကောင်းမွန်စေသည်ဟု ခံစားမိသောကြောင့် ဖြစ်သည်။
ကျောက်ဆုံတွင် ကြိတ်ထားသော ဟင်းခတ်အမွှေးအကြိုင်၅မျိုးမှ မွှေးကြိုင်သောရနံ့များ ထွက်ပေါ်လာသည်။
ဟင်းခတ်အမွှေးအကြိုင်၅မျိုးကို သေးငယ်သောခွက်ထဲတွင် ထည့်ပြီးနောက် ယွမ်ကျိုးက ဟင်းခတ်အမွှေးအကြိုင်ကြိတ်ခြင်းအလုပ်ကို ရပ်တန့်လိုက်သည်။
ထို့နောက် ပဲကြီးထည့်ထားသော သေတ္တာကို ထုတ်ယူလိုက်ပြီး အဖုံးကိုဖွင့်ကာ ပဲကြီးများကို အပြင်သို့လောင်းချသည်။
ထို့နောက် ပဲကြီးစေ့ထဲကို ရေများရောထည့်ပြီး သလင်းကျောက်ကဲ့သို့ ကြည်လင်သော ထိုးဖောက်မြင်နိုင်သည့် တုတ်ချောင်းဖြင့် မွှေသည်။
ထိုမှသာ ပဲကြီးအပေါ်ယံလွှာပျက်စီးခြင်းကို ရှောင်ရှားနိုင်ပြီး အသန့်စင်ဆုံးနည်းလမ်းဖြင့် ပဲကြီးကို သန့်ရှင်းနိုင်မည်။
ရေ၏ဝဲဂယက်ဖြင့် ပဲများကို သန့်စင်ခြင်းဖြစ်သည်.။
နောက်ဆုံးတွင်မူ ယွမ်ကျိုးက ပဲကြီး၏သေးငယ်သော အစိတ်အပိုင်းများကို သန့်ရှင်းရေးပြုလုပ်ရန်အတွက် လက်ကို အသုံးပြုသည်။
ထို့နောက် ပဲကြီးစေ့ထဲကို ရေများ ထပ်မံလောင်းချသည်။
ဆေးကြောထားပြီးသား ပဲကြီးစေ့များကို ဝါးဖြင့်ယက်လုပ်သော ဇကာပါးထဲတွင် ထပ်မံစစ်သည်။
ထို့နောက် ကြီးမားသော ကြေးနီအိုးကြီးထဲသို့ အရသာမှုန့်များနှင့် ရေကိုထည့်သည်။
ထို့နောက် ပဲကြီးစေ့ကိုလည်းထည့်ပြီး ရေကို လက်ချောင်းတစ်ချောင်းစာအနေအထား ထည့်လိုက်သည်။
ထိုသို့ပြုလုပ်ပြီးနောက် ပဲကြီးစေ့များကို အပူချိန်ပြင်းပြင်းဖြင့် ပွက်ပွက်ဆူစေပြီးနောက် အပူချိန်ကိုလျှော့ကာ ပဲများပျော့သည်အထိ တစ်နာရီခန့် အပူပေးသည်။
ထိုမှသာ မွှေးကြိုင်သောပဲကြီးစေ့ဟင်းပွဲက အဆင်သင့်ဖြစ်လာသည်။
ထိုဖြစ်စဉ်အတောအတွင်း ဟင်းခတ်အမွှေးအကြိုင်၅မျိုး၏ မွှေးရနံ့သည် ပဲကြီးစေ့ထဲသို့ တဖြည်းဖြည်း ဝင်ရောက်သွားပြီး ရနံ့ကို ပို၍မွှေးကြိုင်စေသည်။
စနစ်၏ထောက်ပံ့ခြင်းမရှိလျှင်ပင် ပဲကြီးစေ့၏မွှေးရနံ့က လူတိုင်း၏အစားစားချင်စိတ်ကို ဖြစ်ပေါ်စေသည်။
“ဒီကောင်က အရသာရှိတဲ့ ဟင်းပွဲတွေကို ချက်လုပ်တိုင်း ငါတို့မရှိတဲ့အချိန်ပဲ ချက်တယ်”
ဝူဟိုင်းက အောက်ထပ်သို့ အလျင်အမြန် ပြေးဆင်းလာပြီး ယွမ်ကျိုး၏ စားသောက်ဆိုင်ဝင်ပေါက်သို့ ရောက်ရှိသွားသည်။
ဝူဟိုင်းက ဆိုင်တံခါးပိတ်ထားသည်ကို လျစ်လျူရှုပြီး တံခါးကို အဆက်မပြတ်ခေါက်သည်။ သူ၏ဘေးနားတွင် တခြားလူများက ပွက်လောရိုက်စွာ စကားပြောနေသည်။
“သူဌေးယွမ် က အရမ်းမုန်းစရာကောင်းတယ်။ အရသာရှိတဲ့ဟင်းပွဲတွေ ချက်ပြုတ်တိုင်း ဆိုင်တံခါးအမြဲပိတ်ထားတယ်။ တစ်ယောက်ထဲစားတတ်တဲ့လူတွေက ရည်းစားမရှိလို့ပဲဖြစ်မယ်”
“နေစမ်းပါဦး။ မင်းပြောတဲ့ပုံစံအရဆိုရင် သူက တစ်ယောက်ထဲမစားရင် ရည်းစားရနိုင်တဲ့သဘောလား။ ဒါပေမယ့် အထဲက ဟင်းနံ့က အရမ်းကို မွှေးနေတာပဲ”
“မှန်တာပေါ့။ ဒီမွှေးရနံ့ကြောင့် ဆာလွန်းလို့ သေတော့မယ်”
တခြားသောဖောက်သည်တစ်ယောက်က သူ၏ဝမ်းဗိုက်ကို ကူကယ်ရာမဲ့ ပွတ်သည်။
“အားပြင်းပြင်းနဲ့ တံခါးကိုခေါက်စမ်းပါ။ သူဌေးယွမ်က ငါတို့ပြောတာတွေကို မကြားဖူးထင်တယ်”
တခြားတစ်ယောက်ကလဲ ဝူဟိုင်းကို တံခါးကျိုးသည်အထိခေါက်ရန် လှုံ့ဆော်နေသည်။
“အထဲမှာ ဘာဟင်းချက်နေလဲဆိုတာ မင်းတို့တွေ မသိချင်ဖူးလား”
တစ်စုံတစ်ယောက်က ရုတ်တရက် မေးမြန်းသည်။
ခဏကြာ နှုတ်ဆိတ်ပြီးနောက် ဝူဟိုင်းက မလိုမုန်းထားအမူအရာဖြင့် စကားပြောသည်။
“ဆိုင်တံခါးဖွင့်ရင် ငါတို့သိရမှာပဲလေ”
“သူပြောတာ မှန်တယ်။ ဒါဆို ဆက်လုပ်စရာရှိတာ ဆက်လုပ်”
“မင်းတို့တွေလဲ ငါနဲ့အတူတူ တံခါးမခေါက်ဘူးလား”
ဝူဟိုင်းက သူ့နောက်တွင်ရှိသော တန်းစီစောင့်နေသော ဖောက်သည်များကို ကြည့်ပြီး ကူကယ်ရာမဲ့ပြောသည်။
“ခင်ဗျားက ကျုပ်တို့အားလုံးထက် ပိုပြီးတော့ ကြမ်းတမ်းလို့လေ။ ခင်ဗျားပဲဆက်ခေါက်ပါ”
“ငါ တံခါးဆက်မခေါက်တော့ဘူး။ ရှောင်ယွမ် လာနေပြီ”
ဝူဟိုင်းက မုရှောင်ယွမ် သူ့အနား လမ်းလျှောက်လာခြင်းကို စောင့်ကြည့်ပြီး တံခါးခေါက်ခြင်းကို ရပ်တန့်လိုက်သည်။
“ဘာကိစ္စဖြစ်လို့လဲ”
မုရှောင်ယွမ်က တံခါးပေါက်အပြင်ဘက်မှာ ရပ်နေသော ဖောက်သည်များကို မြင်သောအခါ အနည်းငယ် ဝေခွဲမရဖြစ်သွားသည်။
“ဘာမှတော့မဖြစ်ပါဘူး။ သူဌေးယွမ် ဆိုင်တံခါးဖွင့်သင့်နေပြီ”
ဝူဟိုင်းက ပြောသည်။
“နောက်ထပ် ငါးမိနစ်နေရင် ဆိုင်ဖွင့်တော့မှာပါ”
မုရှောင်ယွမ်က ခေါင်းညိတ်သည်။
တံခါးပေါက်နားမှာ ဖောက်သည်များ တန်းစီစောင့်နေသောမြင်ကွင်းကို သူမ နေ့တိုင်း မြင်တွေ့နေပြီးသားဖြစ်သည်။
တစ်ခါတစ်ရံ တစ်မိနစ်ဟူသော အချိန်က မြန်ဆန်လွန်းသော်လည်း တစ်ခါတစ်ရံ နှေးကွေးလွန်းသည့်အတွက် နာကျင်သောခံစားချက်ကို ဖြစ်ပေါ်စေသည်။
ယခုလိုအခိုက်အတန့်မျိုးက အဆိုးရွားဆုံးအခိုက်အတန့်ဖြစ်သည်။
၅မိနစ်အတောအတွင်း ဖောက်သည်များက တံခါးပေါက်မှာ မတ်တပ်ရပ်နေပြီး မွှေးကြိုင်သောပဲဟင်းမွှေးရနံ့ကို ရှူရှိုက်ရင်း သရေကျနေရသည်။
နောက်ဆုံးတွင်မူ ၅မိနစ်အချိန်က ကျော်လွန်သွားပြီး ဆိုင်တံခါးဖွင့်လာသည်။
မုရှောင်ယွမ်ဆိုင်ထဲ ဝင်ရောက်ပြီးနောက် ဝူဟိုင်းက ဆိုင်ထဲသို့ အလျင်အမြန်ဝင်ရောက်ပြီး ရှည်လျားသော ခုံကွေး၏အလယ်နေရာကို နေရာယူလိုက်သည်။
မည်သည့်ဟင်းပွဲကို ရောင်းချမည်လဲ စပ်စုနေသူက ဝူဟိုင်းနည်းတူ အလောတကြီးဆိုင်ထဲသို့ ပြေးဝင်ခြင်းမရှိပဲ အေးအေးဆေးဆေးအမူအရာဖြင့် ဆိုင်ထဲသို့ဝင်ရောက်လာပြီး ဝူဟိုင်း၏ဘေးနားက ထိုင်ခုံမှာ ထိုင်လိုက်သည်။
ဖောက်သည်အားလုံးနီးပါးက စားပွဲခုံရှည်အကွေးမှာ ထိုင်ရခြင်းကို နှစ်သက်ကြသည်။
အကြောင်းမူကား ၎င်းထိုင်ခုံမှာ ထိုင်လျှင် မီးဖိုချောင်ကို ရှင်းလင်းစွာ မြင်နိုင်သည်။
တစ်စုံတစ်ယောက်က အထူးဟင်းပွဲကို မှာယူသောအခါ ယွမ်ကျိုး၏ဟင်းပွဲ ပြင်ဆင်ပုံကို အသေးစိတ် ကြည့်ရှုနိုင်သည်။
ထို့ကြောင့် ယွမ်ကျိုး၏မျက်နှာချင်းဆိုင်တွင်ရှိသော ထိုင်ခုံက အမြဲလူပြည့်နေတတ်ပြီး ၎င်းထိုင်ခုံမရလျှင် ဘေးဘက်က ထိုင်ခုံများကို နေရာယူကြပြီး ရွေးချယ်စရာမရှိမှသာ တံခါးပေါက်နားက စားပွဲခုံအသေးမှာ ထိုင်ကြသည်။
“ဟင်းပွဲအသစ်တစ်ပွဲ ပေးပါ” ဝူဟိုင်းက ယခုလိုအပြုအမူမျိုးကို အမြဲတမ်း ပြုမူလေ့ရှိသည်။
သူက ဟင်းပွဲအော်ဒါမမှာခင် ဈေးနှုန်းစာရင်းကို ကြည့်လေ့မရှိပေ။
“ကောင်းပြီ။ တစ်ပွဲကို ၁၄၈ယွမ်ပါ။ ခဏစောင့်ပေးပါ”
ယွမ်ကျိုး ခေါင်းညိတ်သည်။
ဝူဟိုင်းက ကျသင့်ငွေကို ပေးဆောင်ပြီးနောက် ယွမ်ကျိုးက ထွက်သွားပြီး ဟင်းပွဲကို သွားသယ်သည်။
ခဏကြာပြီးနော် ယွမ်ကျိုးက စားပွဲပေါ်ကို ထူးဆန်းသောအရာဝတ္ထုလေး တင်ပေးသည်။
အညိုရောင်ပန်းကန်ပြားပေါ်တွင် ဘောင်တစ်ခုတင်ထားပြီး ၎င်းဘောင်ပေါ်တွင် ငါးပါးစပ်ကဲ့သို့ အိတ်ကလေးကို ချိတ်ဆွဲထားသည်။
အိတ်ကလေးက ပါးလွှာပြီး ထိုးဖောက်မြင်နိုင်သော အနေအထားရှိသည်။
ထို့ကြောင့် အိတ်ထဲတွင် ထည့်ထားသည့် အညိုရောင်ပဲကြီးစေ့များကို မြင်တွေ့နိုင်သည်။
အညိုရောင်ပန်းကန်ပြားနှင့် ဘောင်လေးက လိုက်ဖက်မှုရှိပြီး အနုပညာဆန်သည်။
“ဒါက ဘာလဲ”
ဝူဟိုင်းက မွှေးရနံ့ကို ရှူရှိုက်ဖို့ကြိုးစားသော်လည်း မည်သည့်ရနံ့ကိုမှ မရရှိပေ။
ထို့နောက် သူက တူဖြင့် အိတ်ကိုပုတ်လိုက်ပြီးနောက် မေးမြန်းသည်။
“မွှေးကြိုင်တဲ့ပဲဟင်းပါ။ တစ်ပွဲကို ၁၄၈ ယွမ်ကျသင့်ပါတယ်”
ယွမ်ကျိုးက အသေးစိတ်ပြန်ပြောသည်။
“မွှေးကြိုင်တဲ့ပဲဟင်းလား။ ဒါကို ဘယ်လိုစားရမှာလဲ” အစားအသောက်ဝါသနာရှင်ကြီးဖြစ်သော ဝူဟိုင်းက သူ မစားဖူးသောအစားအသောက်ကို ပထမဦးဆုံးကြုံတွေ့ရခြင်းဖြစ်ပြီး မည်သို့စားသုံးရမလဲကို စိတ်ဝင်တစားဖြစ်နေသည်။
“တူလေးကို သုံးပြီးတော့ စားလို့ရပါတယ်”
ယွမ်ကျိုးက ဝူဟိုင်းကို တစ်ချက်ကြည့်လိုက်သည်။ သူ၏အကြည့်တွင် အဓိပ္ပါယ်များစွာပါဝင်နေသည်။ အဓိကအချက်အနေဖြင့် ဝူဟိုင်းကို 'ငတုံးငအ' ဟုရည်ညွှန်းခြင်းဖြစ်သည်။
“ဟဲ့ကောင်ရယ်။ ငါသိတာပေါ့။ ဒါပေမယ့် တူကိုဘယ်လိုအထဲကို ထည့်ရမလဲဆိုတာကို မေးတာ”
ဝူဟိုင်းက ယွမ်ကျိုး၏မျက်ဝန်းအကြည့်ကို သတိထားမိသောကြောင့် ချက်ချင်းပြန်မေးသည်။
“ငါးပါးစပ်အိတ်ထဲမှာ ပဲတွေရှိတယ်။ အဲ့ဒီပဲလေးတွေကို တူနဲ့ညှပ်ယုံပဲ။ အဲ့ဒီငါးပါးစပ်အိတ်ကိုလည်း စားလို့ရတယ်” ယွမ်ကျိုးက ဖြည့်စွတ်ပြောသည်။
“အမ် စိတ်ဝင်စားစရာ ကောင်းလှချည်လား”
ဝူဟိုင်းက တူကိုကိုင်လိုက်ပြီး ပဲစေ့များကို ညှပ်ယူရန်ပြင်ဆင်သည်။
ယွမ်ကျိုးပေးထားသည့်တူ၏ အဆုံးသတ်က မချွန်သည့်အတွက် အိတ်ပေါက်သွားမည်ကို စိုးရိမ်စရာမလိုအပ်ချေ။
တူများက ငါးပါးစပ်ထဲသို့ အလွယ်တကူဝင်ရောက်သွားသော်လည်း ပဲကြီးစေ့ကိုတူဖြင့် ညှပ်ယူရန် ခက်ခဲနေသေးသည်။ ထို့အပြင် ငါးပါးစပ်အိတ်၏အဝက မကျယ်ပေ။
ခဏကြာပြီးနောက် ဝူဟိုင်းက ပဲကြီးစေ့တစ်စေ့ကို အောင်မြင်စွာ ညှပ်ယူနိုင်ခဲ့ပြီး ပဲကြီးစေ့ကို သူ့ခံတွင်းထဲထည့်လိုက်သည်။
ပုံမှန်ဆိုလျှင် ပဲကြီးစေ့၏အပေါ်ယံအခွံက အရသာမရှိသည့်အပြင် ပြင်းရှသောခံစားချက်ကို ပေးစွမ်းသည်။
သို့သော်လည်း သူ့ခံတွင်းထဲဝင်ရောက်သွားသော ပဲကြီးစေ့က ဤကဲ့သို့သော ခံစားချက်မျိုးကို လုံးဝမပေးစွမ်းချေ။
ပဲကြီးစေ့ကို သူ့ခံတွင်းထဲထည့်လိုက်သည့်နှင့် ပဲကြီးစေ့ရဲ့အပေါ်ယံအခွံက ပါးလွှာပြီး လတ်ဆတ်သည့်အပြင် ချိုမြသောခံစားချက်ကို ပေးစွမ်းသည်။ ဝါးလိုက်သောအခါ မွှေးကြိုင်သောရနံ့က သူ့လျှာ၏ ရသာခံဖုများကို လှုံ့ဆော်ပေးသည်။
ပထမတစ်ခုကို စားပြီးနောက် ဝူဟိုင်းက တူကို ငါးပါးစပ်အိတ်ထဲ ထပ်ထည့်လိုက်ပြီး ပဲကြီးစေ့ကို ထပ်မံညှပ်သည်။
ဝါးလေလေ မွှေးရနံ့က ပို၍
မွှေးကြိုင်လာသောကြောင့် အစားအသောက်၏ဆွဲဆောင်မှုကို ခံနိုင်ရည်မရှိပေ။
လူအများစုသည် အလောတကြီးပြုမူလာသည့်အခါ အမှားအယွင်းများကိုလုပ်ဆောင်တတ်သည်။ သာဓကဆိုသော် ဝူဟိုင်း၏အပြုအမူက လက်တွေ့ဖြစ်သည်။
ဝူဟိုင်းက တတိယမြောက် ပဲကြီးစေ့ကို တူဖြင့် ညှပ်ယူရန် ခက်ခက်ခဲခဲကြိုးစားသည့်တိုင် အောင်မြင်မှုမရရှိခဲ့ပေ။
ထို့ကြောင့် စိတ်မရှည်သည့်ဝူဟိုင်းက ငါးပါးစပ်အိတ်ကို စုတ်ဖြဲပစ်လိုက်သည်။
“သုံးစားမရတဲ့ ငါးပါးစပ်အိတ်။ ငါ့ကို ပဲကြီးစေ့တွေ ညှပ်လို့မရအောင် ဒုက္ခပေးနေတယ်။ ငါ ဒီပဲကြီးစေ့တွေကိုစားဖို့ စိတ်အားထက်သန်နေတယ်ဆိုတာကို ဒီအိတ်က မသိဘူးပဲ”
ဝူဟိုင်းက ချက်ချင်း ငြီးတွားပြောဆိုသည်။
“စိတ်ရှည်ရှည်ထားပါ။ အရသာရှိတဲ့အစားအသောက်တွေက အလွယ်တကူ ရရှိတာမှ မဟုတ်တာ”
ဘေးဖက်မှာ မတ်တပ်ရပ်နေသော ယွမ်ကျိုးက တည်ငြိမ်စွာပြောသည်။
“ဘာလဲ။ မင်းက ငါ့ကို ခနဲ့ချင်တာလား။ တမင်တကာပြောတာလား”
ဝူဟိုင်းက ရန်လုပ်သည်။
“ဒါက တစ်ခါသုံးအိတ်ပေမယ့် စားလို့ရတယ်။ စားကြည့်လိုက်ရင် အရသာကို သိသွားလိမ့်မယ်”
ယွမ်ကျိုးက ထပ်မံရှင်းပြချင်သော ရည်ရွယ်ချက်မရှိပေ။
“သူဌေးယွမ်ပြောတာ မှန်တယ်လို့ ခံစားမိတယ်။ ပဲကြီးစေ့ကို ဒီလိုထည့်ရတဲ့အကြောင်းရင်းရှိလောက်တယ်”
သူ့ဘေးနားမှာ ထိုင်နေသော ရုံးတက်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားကရုတ်တရက် ဝင်ရောက်ပြောဆိုသည်။
အပိုင်း(၁၉၇)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၉၈)
“ဘာလဲ။ မင်းလည်း ဒီပဲကြီးစေ့ကို အလွယ်တကူကောက်ယူလို့ ရတယ်လို့ ခံစားမိနေတာလား”
ဝူဟိုင်းက ခေါင်းကိုလှည့်လိုက်ပြီး ရုံးဝတ်စုံနဲ့ အမျိုးသားကို ကြည့်ကာ ခနဲ့သောလေသံဖြင့်ပြောသည်။
“မဟုတ်ပါဘူး။ တကယ်မဟုတ်ရပါဘူး”
ရုံးဝတ်စုံနှင့်အမျိုးသားက ပခုံးဆတ်ခနဲတွန့်လိုက်ပြီး သူလည်း ပဲကြီးစေ့ကို အလွယ်တကူ ကောက်ယူ၍ မရနိုင်ကြောင်း ညွှန်ပြသည်။
“ဒါဆိုရင် ဘာလို့ ငါပြောတာကို လိုက်ပြောနေရတာလဲ။ ငါပြောတဲ့စကားကို နှောင့်ယှက်ရတဲ့ အကြောင်းရင်းက ဘာကြောင့်လဲ”
ဝူဟိုင်း ဆို့နင့်သွားသည်။
“သူဌေးယွမ်က ဘာကြောင့် ဒီလို အိတ်နဲ့ဖြည့်ထားရတယ်လို့ ထင်လဲ”
ရုံးဝတ်စုံနှင့်အမျိုးသားက မေးမြန်းသည်။
“ပြောကြည့်ပါဦး။ ငါမသိလို့ မင်းကို မေးနေတာလေ။ မင်းပြောရမှာပေါ့”
ဝူဟိုင်းက ပြောလေဟူသော အမူအရာကို ဖော်ပြသည်။
“ဒီဟင်းပွဲက မွှေးကြိုင်တဲ့ ပဲကြီးဟင်း ဟုတ်တယ်မလား”
ရုံးဝတ်စုံနဲ့အမျိုးသားက တခြားသူကို သဲထိတ်ရင်ဖို ခံစားချက်ဖြစ်အောင် လှုံ့ဆော်ပေးနေသည်။
သို့သော်လည်း ဝူဟိုင်းက သူ့ကို အခွင့်အရေး မပေးပဲ စိတ်မရှည်သောလေသံဖြင့် စကားပြောသည်။
“မင်းပြောနေတာတွေအားလုံးက ပေါက်ပန်းလေးဆယ်တွေပဲ။ ဒါကို ငါတို့အားလုံး သိထားပြီးသားလေ”
ရုံးဝတ်စုံနဲ့အမျိုးသားက ဝူဟိုင်း၏ စိတ်သဘောထား ဆိုးယုတ်မှုကို လျစ်လျှူရှု လိုက်ပြီး သူက ပခုံးဆတ်ခနဲ တွန့်လိုက်ပြီး စကားဆက်ပြောသည်။
“ဒီပဲကြီးစေ့ကို ရနံ့မွှေးကြိုင်လွန်းတဲ့ ဟင်းခတ်အမွှေးအကြိုင်၅မျိုးနဲ့ ရောယှက်ထားတာ။ အကျိုးဆက်ကို မင်းဘာသာမင်း စဉ်းစားကြည့်လေ။ ရိုးရိုးပန်းကန်ပြားတွေ၊ ပန်းကန်လုံးတွေနဲ့ ပဲကြီးစေ့တွေကို ထည့်ထားရင် ဘာဖြစ်သွားမယ်လို့ ထင်လဲ။ အမွှေးနံ့တွေကို ဆက်ထိန်းထားချင်လို့ အိတ်နဲ့ ထည့်ထားတာလား”
သိပ်မကြာခင်မှာပဲ ဝူဟိုင်းက မွှေးကြိုင်သောပဲဟင်း၏ မွှေးရနံ့က ပန်းကန်ပြား သို့မဟုတ် ပန်းကန်လုံးထဲမှာ ဖြည့်ထားလိုက်လျှင် ပျံ့လွင့်သွားမည်ဆိုသည့်အချက်ကို သဘောပေါက်သွားသည်။
"ဟုတ်တယ်။ အမှန်ပဲ။ မွှေးရနံ့တွေက ပဲကြီးစေ့ထဲမှာပါဝင်နေသေးတယ်ဆိုရင် ခင်ဗျားစားကြည့်တဲ့အခါမှာ အရသာအကောင်းဆုံးကို ခံစားရမယ်မလား"
ရုံးဝတ်စုံနှင့်အမျိုးသားက ဟုတ်မှန်သောလေသံဖြင့် စကားပြောသည်။
"ဒါလဲ ဟုတ်တော့ဟုတ်တာပဲ" ဝူဟိုင်းက ခဏတွေးကြံပြီးနောက် ရုံးဝတ်စုံနှင့် အမျိုးသားပြောသော အချက်ကို သဘောတူလိုက်သည်။
သို့သော်လည်း သူက နူးညံ့ပါးလွှာသောအိတ်ကလေးကို ထပ်မံပုတ်လိုက်ပြီး စပ်စပ်စုစုမေးမြန်းသည်။
"ဒါကို ဘာအတွက် အသုံးပြုတာလဲ"
"ဒါကိုတော့ ငါသေချာမသိပေမယ့် သူဌေးယွမ်ကိုတော့ မေးကြည့်သင့်တယ်"
ရုံးဝတ်စုံနှင့်အမျိုးသားက သူ့လက်ကို ဆန့်တန်းလိုက်ပြီး သူအကြံအိုက်သည့်အကြောင်း ဖော်ပြသည်။
"သူဌေးယွမ်၊ ဒါက ဘာအတွက်သုံးလဲဆိုတာ ပြောပြပါဦး"
ဝူဟိုင်းက ယဉ်ကျေးမှုမရှိသောအမူအရာနှင့် မေးမြန်းသည်။
"ဒါလည်း စားလို့ရပါတယ်။ ဒါကို စားကြည့်ပြီးသွားရင် ခင်ဗျား သိသွားလိမ့်မယ်" ယွမ်ကျိုးက ပွင့်လင်းစွာပြောသည်။
"ခင်ဗျားက ကျုပ်ကို သဲထိတ်ရင်ဖိုဖြစ်အောင် ထပ်လုပ်ပြန်ပြီ။ ကျုပ်ထပ်ပြီးတော့ ခန့်မှန်းတာတွေ မလုပ်ချင်တော့ဘူး။ စားကြည့်ပြီးသွားရင်တော့ ကျုပ်လည်း သိမှာပေါ့"
ဝူဟိုင်းက စိတ်မရှည်သောလေသံဖြင့် ထပ်မံ မမေးမြန်းတော့ချေ။
"သုံးဆောင်ပါ"
ယွမ်ကျိုးက သူ့လက်ကို ဆန့်တန်းလိုက်ပြီး 'သုံးဆောင်ပါ' ဟူသော အမူအရာကို ပြုလုပ်သည်။
ထို့နောက် သူက စကားဆက်မပြောတော့ပဲ တခြားသောသူများ မှာယူထားသော ဟင်းပွဲများကို ပြင်ဆင်ရန်ချက်ချင်း ထွက်ခွာသွားသည်။
ထို့နောက် ဝူဟိုင်းက ပဲကြီးစေ့ကို ညှပ်ယူသည့် အထူးနည်းလမ်းကို လေ့ကျင့်မှုစတင်သည်။ သူ့စိတ်ထဲတွင် ပဲကြီးစေ့အားလုံးကို တူဖြင့် ညှပ်ယူရန် ကြံရွယ်ထားသည်။
၁၀မိနစ်ခန့်ကြာပြီးနောက် ဝူဟိုင်းက နူးညံ့ပါးလွှာသော အိတ်ကလေးထဲမှ မွှေးကြိုင်သော ပဲကြီးစေ့အားလုံးကို စား၍ကုန်သွားသည်။
သူ ခက်ခက်ခဲခဲဖြင့် ပဲကြီးစေ့အားလုံးကို စားခဲ့ရခြင်းဖြစ်သည်။ ဤအတွေ့အကြုံက ပထမဦးဆုံးအကြိမ်လည်းဖြစ်သည်။ သို့သော်လည်း မွှေးကြိုင်သောပဲကြီးစေ့ဟင်းကို စားရသည့်ခံစားချက်က တကယ့်ကို ကောင်းမွန်သည်။
ပဲကြီးစေ့ကို ကောက်ယူလိုက်သည့်အခါတိုင်း ကျေနပ်သောခံစားချက်ဖြစ်ရသည်။
ထို့အပြင် ဒီပဲကြီးစေ့ကို ခံတွင်းထဲ ဝါးလိုက်သော အခါ ထူးကဲသောခံစားချက်ကို ခံစားမိသည်။
"ဒီအိတ်ထဲမှာရှိတဲ့ အရည်တွေက ဘယ်ကိုရောက်သွားတာလဲ"
ပါးလွှာသော အိတ်အတွင်းထဲတွင်ရှိသော အရည်များပျောက်ကွယ်သွားသည့် အကြောင်းအရင်းကို ဝူဟိုင်းတွေးကြံမရပေ။
ဝူဟိုင်းက ပန်းကန်ပြားကို စက်ဝိုင်းပုံသဏ္ဍာန်လှည့်လိုက်ပြီးနောက် ပန်းကန်ပြားပေါ်မှာ အရည်စက်တစ်စက်မှကို မတွေ့ရချေ။ သို့သော်ငြား
လည်း သေချာအကဲခတ်ကြည့်သည့်နောက်မှာ ပါးလွှာသောအိတ်၏အရောင်က နက်မှောင်သောအရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ အထဲတွင်ရှိသောအရည်အားလုံးကို ပါးလွှာသောအိတ်က စုပ်ယူသွားပုံပေါ်သည်။
"ဒီအရာက အရမ်းကို စိတ်ဝင်စားစရာကောင်းတာပဲ"
ဝူဟိုင်းက အိတ်ကို ထပ်မံခေါက်လိုက်ပြီးနောက် စကားပြောသည်။ သူက သူ့ရဲ့တူဖြင့် ပါးလွှာသောအိတ်ကိုညှပ်ယူရန် ကြိုးစားပြီးနောက် အလွယ်တကူညှပ်ယူနိုင်ကြောင်း သိရှိသွားသည်။
ဖန်တီးထားပုံက ညှပ်ယူရ လွယ်ကူသည့်အပြင် အောက်သို့ ပြုတ်ကျသွားရန်လည်းခက်ခဲသည်။ ယွမ်ကျိုးက ပါးလွှာသောအိတ်ကို စား၍ရကြောင်းပြောထားသောကြောင့် သေချာပေါက်စားကြည့်သင့်သည်။ သို့သော်လည်း မစားခင်မှာ ဝူဟိုင်းက အိတ်ကို စစ်ဆေးကြည့်နေသည်။
ထို့နောက် ငါးပါးစပ်အိတ်ကို တစ်ကိုက်ကိုက်လိုက်သည်။
တစ်ကိုက်စားကြည့်လိုက်သောအခါ အမဲသားအရွတ်ကို ကောင်းမွန်စွာ ချက်ပြုတ်ထားသောအရသာမျိုး ခံစားမိသည်။
နူးညံ့ပြီး စေးကပ်ကပ်ခံစားမှုကို ခံစားမိခြင်းဖြစ်သည်။
အနည်းငယ်ဝါးပြီးနောက် သူ့ပါးစပ်ထဲ အရည်ပျော်သွားသည်။
“အမဲသားအရိုးကို နှပ်ထားတယ်လို့ ခံစားမိတယ်။ ဟုတ်တယ်မလား”
ဝူဟိုင်းက ဝါးကြည့်ပြီးနောက် ပြောသည်။
“ငါလဲ ဒီလိုပဲ ခံစားမိတယ်”
ရုံးဝတ်စုံနဲ့အမျိုးသားကလဲ အတည်ပြုဟန် ခေါင်းညိတ်သည်။
“ဒါပေမဲ့ ပုံမှန် အမဲသားအရိုးက ဒီလိုခံစားချက်မျိုးမှ မပေးစွမ်းတာ။ သူဌေးယွမ်၊ ဒါက ဘာလဲ”
တစ်ကိုက်ကိုက်ပြီးတဲ့နောက် ဝူဟိုင်းက စိတ်အားထက်သန်စွာ မေးမြန်းလိုက်သည်။
ယွမ်ကျိုးက သူမေးတဲ့မေးခွန်းကို ပြန်မဖြေသော်လည်း ဒယ်အိုးတစ်ခုကို တိတ်တဆိတ် ဖွင့်လိုက်သည်။ ဒယ်အိုးအတွင်းမှာ တိရိစ္ဆာန်အရေပြားများကို ပေါင်းထားပြီး ဟင်းအနှစ်နှင့် ရောမွှေနေသည်။
အရေပြားကို သန့်ရှင်းသပ်ရပ်စွာ သန့်စင်ထားမှန်း ကြည့်လိုက်ရုံဖြင့် သိနိုင်သည်။ အဆီကင်းမဲ့သည့်အပြင် အရေပြားပေါ်မှာ အမွှေးအမျှင်တစ်ခုမှ မမြင်တွေ့ရပေ။
“ပရိုတင်းပြုလုပ်တဲ့ ဒီအရေပြားတွေလား”
ဝူဟိုင်းက စပ်စပ်စုစု မေးမြန်းသည်။
“ဟုတ်တယ်။ အဆီတွေကို ဖယ်ရှားထားပြီးသား။ ဒါကြောင့်မလို့ ကျန်းမာရေးအတွက် သင့်လျော်တယ်”
ယွမ်ကျိုးက လေးနက်သော အမူအယာဖြင့် ခေါင်းညိတ်သည်။
“ဒါပေါ့။ ဒါပေမဲ့ ဒီလိုပုံစံ ရဖို့အတွက်ဆိုရင် အများကြီး ကြိုးစားအားထုတ်ဖို့ လိုအပ်တယ်။ စားလို့ရတဲ့ အနေအထားဖြစ်အောင် အများကြီးကြိုးစား အားထုတ်ထားရတယ်။ ဟုတ်တယ်မှတ်လား”
ဝူဟိုင်းက ချက်ချင်း တွေးကြံပြီးနောက်ပြောသည်။
မိန်းကလေးများက ကော်လဂျင်ကို စားကောင်းသောက်ဖွယ်အနေဖြင့်သာမက အလှအပအတွက်လည်း အသုံးပြုကြသည်။
“ဒီကော်လဂျင်ကို အစာအိမ်နှင့် အူတွေက အလွယ်တကူစုပ်ယူလို့ ရတယ်လေ”
ယွမ်ကျိုးက ခေါင်းညိတ်သည်။
"သေချာတာပေါ့။ ဒီ့ပြင် အရသာကလည်း မဆိုးဘူး။ မွှေးကြိုင်တဲ့ ပဲကြီးစေ့ရဲ့ အနှစ်တွေနဲ့ မွှေးရနံ့တွေကိုလည်း စုပ်ယူထားတယ်။ အမဲသားအရွတ်ပေါင်းနဲ့လည်း အရသာခြင်းတူတယ်။ ဒါ့ကြောင့်မို့လို့ ထိပ်တန်းစားကောင်းသောက်ဖွယ်လို့လည်း သတ်မှတ်လို့ရတယ်" ဝူဟိုင်းက ရက်ရက်ရောရောပြောသည်။
နောက်ဆုံးတွင်မူ ဝူဟိုင်းက ယခုလိုမျိုး ပဲကြီးစေ့များကို ငါးပါးစပ်အိတ်ထဲထည့်ရသည့် အကြောင်းအရင်းကို သဘောပေါက်သွားသည်။
ငါးပါးစပ်အိတ်ရဲ့အဝက ပဲကြီးစေ့များထဲမှ မွှေးရနံ့များ လွင့်စင်သွားခြင်းကို ကာကွယ်နိုင်သည်။ ပျောက်ကွယ်သွားသော ဟင်းအနှစ်အရည်များကို မွှေးကြိုင်သောအိတ်က စုပ်ယူသွားခြင်းဖြစ်သည်။
ထို့ကြောင့် ဤပါဝင်ပစ္စည်းနှစ်ခုက တစ်ခုနှင့်တစ်ခု ဖြည့်ဖက်ဖြစ်သည်။
ဤဟင်းပွဲက အရက်နှင့်တွဲစားရန် အသင့်လျော်ဆုံးဖြစ်သည်။ အချိန်က ရေကဲ့သို့တရွေ့ရွေ့စီးဆင်းသွားပြီး ပြန်ရရိုးထုံးစံမရှိပေ။
ယွမ်ကျိုးက ကလေးသူငယ်များဖတ်သည့် စာအုပ်နှင့်တူသော စာအုပ်အားလုံးကို ဖတ်ရှုပြီးသောအခါ ဝူဟိုင်းထံမှ ပန်းချီအထားအသိုပညာကို ဆယ်ရက် လေ့လာခွင့်ရှိမည်။ ထိုစဉ်ကာလအတွင်း ယွမ်ကျိုးက ပန်းချီပညာကို သင်ယူနိုင်မည်။
ဝူဟိုင်းက ဟင်းချက်ပညာကို စတင် မလေ့လာရသေးပေ။
သို့သော်လည်း ဝူဟိုင်းက တခြားသူကို ပညာသင်ကြားပေးရခြင်းဖြင့် အတော်အတန်ကျေနပ်နေသည်။
နေ့တိုင်း၊ နေ့တိုင်း သူက ယွမ်ကျိုးကို ဟင်းပွဲများ မှာယူသည်။ ယွမ်ကျိုးက မစ်ရှင်ကို ပြီးမြောက်ချင်သောကြောင့် ဝူဟိုင်း၏တောင်းဆိုချက်များကို လိုက်လျောပေးသည်။
ယွမ်ကျိုးက နဂိုတည်းကလှီးဖြတ်တဲ့ပညာရပ်ကို ကျွမ်းကျင်ထားပြီးသားဖြစ်၍ လွယ်ကူလျင်မြန်စွာ ပန်းချီပညာရပ်ကို သင်ယူနိုင်သည်။
"ပန်းချီအထားအသိုဖွဲ့စည်းပုံကို အတော်လေးနားလည်သွားပြီဆိုတော့ မင်းဘာသာမင်း လေ့ကျင့်လို့ရပြီ။ နောက်ပိုင်း ပြဿနာတစ်ခုခုကြုံရင် ငါ့ကိုမေးလို့ရတယ်" နောက်ဆုံးသင်ခန်းစာ ပြီးဆုံးပြီးနောက် ဝူဟိုင်းက နာကြည်းစွာ ပြောသည်။
"ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်"
ယွမ်ကျိုးက သူ့ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး တံခါးပေါက်နားသို့ လမ်းလျှောက်သွားသည်။
"ကိစ္စမရှိပါဘူး။ ဒါက တရားမျှတမှုရှိတဲ့ ဖလှယ်ခြင်းပါ"
ဝူဟိုင်းက စမတ်ကျကျ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒုန်း ဒုန်း"
ယွမ်ကျိုးက သူ့စားသောက်ဆိုင်သို့ လျင်မြန်သောခြေလှမ်းများဖြင့် ပြန်လာခဲ့သည်။ သူ့မစ်ရှင် ပြီးမြောက်ဖို့အတွက် စစ်ဆေးကြည့်ရမည့် အချိန်ဖြစ်သည်။
"စနစ်၊ ဓားစွမ်းရည်ကိုလေ့ကျင့်ဖို့ လိုအပ်လား"
ယွမ်ကျိုးပြောသည်။
စနစ်က ဖော်ပြသည်။
[အဆင်သင့်ပါပဲ]
ထို့နောက် လူတစ်ယောက်စာအရပ်ရှိသော ကြီးမားသောမုန်လာဥက ယွမ်ကျိုးမီးဖိုချောင်ရှေ့မှာ ပေါ်လာပြီး တည့်မတ်စွာ ရှိနေသည်။
သူ့အမြင်အာရုံထဲ ဝင်ရောက်လာသော မုန်လာဥကြီးကို ကြည့်ပြီး ယွမ်ကျိုးက အသေးစိတ်မလေ့လာခင် အရင်ဆုံး လက်နှင့်ဓားကို ဆေးကြောလိုက်သည်။
နာရီဝက်ခန့်ကြာပြီးနောက်ယွမ်ကျိုးက ပုံဖော်ထုဆစ်ခြင်းပညာကို အကောင်အထည်ဖော်သည်။
ကြီးမားသော မုန်လာဥကြီးသည် ယွမ်ကျိုး၏လက်မှာ တဖြည်းဖြည်းပုံစံပေါ်လာသည်။
နှစ်နာရီခန့်ကြာပြီးနောက် ယွမ်ကျိုး ရပ်တန့်လိုက်သည်။
ယွမ်ကျိုးက စိတ်သက်သာရာရဟန် သက်ပြင်းအရှည်ကြီးချလိုက်ပြီး ဓားကို အောက်ချကာ သူဖန်တီးထားသောအလုပ်ကို လေ့လာခြင်းစတင်သည်။
သုံးနာရီနီးပါး ကြာပြီးနောက် ယွမ်ကျိုးက အလွန်အမင်းလှပသည့် အလှပဂေးပုံစံကို ပုံဖော်ထုဆစ်နိုင်ခဲ့သည်။
ထန်မင်းဆက်ခေတ်က ဟန်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမချောလေးပုံစံကို သူ၏မီးဖိုချောင်သုံးဓားကို အသုံးပြု၍ ပုံဖော်ထားခြင်းဖြစ်သည်။
"စနစ်၊ ငါ့ကို အမှတ်ပေးပါ" ယွမ်ကျိုးက ကျေနပ်သွားပြီး စနစ်ကို အမှတ်ပေးခိုင်းသည်။
စနစ်က ဖော်ပြသည်။
[ရမှတ်က ၁၁ မှတ်ပါ။ ဂုဏ်ယူပါတယ်။ မစ်ရှင်ပြီးမြောက်သွားပါပြီ]
"အမှတ်ပြည့် ဘာလို့ မရရတာလဲ"
ယွမ်ကျိုးက သူ အကောင်းဆုံးနည်းလမ်းကို အသုံးပြုထား၍ အမှတ်ပြည့်ရသင့်သည်ဟု ခံယူထားသည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် စနစ်က အမှတ်လျော့သွားသည့်အကြောင်းရင်းကို မဖော်ပြခဲ့ပေ။ သို့တိုင် ယွမ်ကျိုးက အကြောင်းအရင်းကို သိချင်နေသည်။
ယွမ်ကျိုး၏ရည်ရွယ်ချက်က အမှတ်ပြည့်ရရန် ဖြစ်သည်။ သူက ပုံဖော်ထားသောမုန်လာဥကို အသေးစိတ်အကဲခတ်ကာ စစ်ဆေးကြည့်နေသည်။
အပိုင်း(၁၉၈)
ပြီးပါပြီ။