← Chapters

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

ယွမ်ကျိုး အပိုင်း(၁၉၉)

အချိန်အတော်ကြာအောင် စူးစမ်းကြည့်ပြီးနောက် ယွမ်ကျိုးက အနှစ်ချုပ်ပြောလိုက်သည်။

"ငါ့ပုံဖော် ထုဆစ်မှုက အရမ်းကို ပြီးပြည့်စုံတယ်၊ စနစ် ဒီတစ်ခေါက် ဘာပြဿနာရှိတာလဲ"

ယွမ်ကျိုးက ချက်ချင်း မေးမြန်းသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင်လည်း စနစ်က သူ၏ စုံစမ်းမေးမြန်းမှုကို နှုတ်ဆိတ်နေသေးသည်။

"နန်းတော် အပျိုတော်ပုံစံ ထုစစ်ထားသော ပုံဖော် ထုဆစ်မှုကို နာရီဝက်ခန့်ကြာအောင် လေ့လာကြည့်ပြီးနောက် ယွမ်ကျိုးက လေးကန်စွာ သက်ပြင်းချလိုက်သည်။

"အပြင်ကို ခဏထုတ်ပေး၊ ပြဿနာကို ရှာကြည့်ဦးမယ်"

ပုံဖော်ထုဆစ်ထားသော မုန်လာဥသည် အလေးချိန်လျော့သွားသည်။ ထို့ကြောင့်ယွမ်ကျိုးက ပုံဖော်ထုဆစ်ထားသော မုန်လာဥ၏ အခြေကို သေချာသယ်ဆောင်ပြီး တံခါးအပြင်ဘက်သို့ ထုတ်သည်။

ယွမ်ကျိုးက ပုံဖော်ထုဆစ်ထားသော ပန်းပုရုပ်ထုကို တံခါးအပြင်ဘက်မှာ နေရာချထားလိုက်သည်။ တခြားသူများ သူ့ကိုချီးမွမ်းလည်း မမှုပေ။

သူက နေရာအများကြီးယူထားသော ပန်းပု ရုပ်ထုကို အပြင်ထုတ်ကာ လေ့လာချင်၍ ဖြစ်သည်။

"အင်း ဒီလောက်ဆိုရပြီ"

လှပသော နန်းတော်အပျိုတော် ပုံစံ ပန်းပုရုပ်ကို ကြည့်ပြီးတော့ ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။ သူက လက်ကောက်ဝတ်ကို မြှောက်လိုက်ပြီး အချိန်ကို တစ်ချက်ကြည့်လိုက်သည်။

ညနေလေးနာရီ ၃၀ မိနစ် အချိန်ဖြစ်သည်။ ညနေခင်းဘက် ဆိုင်ဖွင့်ရန်အတွက် ပြင်ဆင်ရမည့် အချိန်လည်း ဖြစ်သည်။

ယွမ်ကျိုးက မီးဖိုချောင်ထဲသို့ ပြန်သွားပြီး ဟင်းပွဲများကို စတင်ပြင်ဆင်သည်။

"ဒါကဘာလဲ၊ လူအစစ်လား"

အမျိုးသားတစ်ယောက်က တအံ့တဩ ထ ပြောသည်။

"သေချာကြည့်ပါဦး၊ ဒါက ပန်းပုရုပ်ပါ၊ သွားမထိနဲ့"

ဝူဟိုင်းက သူ့နောက်တွင် မတ်တပ်ရပ်နေပြီး စိမ်ပြေနပြေ ပြောသည်။

"အဟား၊ ငါက လူအစစ် ဟုတ် မဟုတ် သိချင်လို့ ထိချင်တာပါ"

ထိုစကားကို ပြောနေစဉ် ၎င်းအမျိုးသားသည် နန်းတော်အပျိုတော်ပုံစံ ထုလုပ်ထားသော ပန်းပုရုပ်၏ မျက်နှာကို သူ့လက်ဖြင့် ထိလုနီးပါး ဖြစ်သွားသည်။

"ကြည့်စမ်းပါဦး၊ ဒီကောင် တော်တော် အလုပ်ကြိုးစားထားတာပဲ"

ဝူဟိုင်းက ပန်းပုရုပ်နားကို တစ်ပတ် ပတ်လျှောက်ပြီး သူ၏ မုတ်ဆိတ်လေးကို ပွတ်သပ်ရင်း ကျေနပ်ဟန်ပြောသည်။

"သေချာတာပေါ့၊ သူပန်းပုထုတဲ့ပညာက အရမ်းကို ကောင်းတယ်"

၎င်းအမျိုးသားက ဝူဟိုင်းနှင့် အတူတူ ပန်းပုရုပ်ကို တစ်ပတ် ပတ်ကြည့်ပြီး ထောက်ခံဟန် ပြောသည်။

"ဆရာကောင်းကောင်း ရသွားလို့ဆိုတာ သေချာတယ်"

ဝူဟိုင်းက မော်ကြွားသောအမူအရာဖြင့် ပြောသည်။

"ခင်ဗျားက သူဌေးယွမ်ကို ဘာတွေများ သင်ကြားပေးလိုက်တာလဲ၊ ခင်ဗျားက ဟင်းဘယ်လိုချက်ရမလဲတောင် မသိဘူးလေ"

၎င်းအမျိုးသားက ဝူဟိုင်းကို လုံးဝ မယုံကြည်ပေ။

"ငါပြောပြရင်တောင် မင်းနားမလည်ပါဘူး"

ဝူဟိုင်းက အခြေအနေကို သေချာမသိသူအား ရှင်းပြရန် အင်တင်တင် ဖြစ်နေသည်။ ညနေခင်းတွင် ဆိုင်သို့ အားပေးသူများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာပြီး ပန်းပုရုပ်ကို သတိထားမိသူများ များပြားလာသည်။

ဆိုင်ပေါက်ဝတွင် ကြီးမားသော ပန်းပုရုပ်ထုကြီး ရှိနေခြင်းက လျစ်လျှူရှုရန် ခက်ခဲသည်။

"ဒါက သူဌေးယွမ်ရဲ့ အလုပ်သစ်လား၊ ပန်းပုရုပ်ကလေးက ကွမ်ဟန်နန်းတော်က လှပတဲ့ မိန်းမချောလေးနဲ့တောင် တူတယ်၊ မျက်နှာကလည်း ပန်းပွင့်လေးလို လှပပြီးတော့ လမင်းလိုပဲ ကြည့်ကောင်းတဲ့ ခန္ဓာကိုယ် ရှိတယ်"

ဖောက်သည်တစ်ယောက်က နန်းတော် အပျိုတော်၏ မျက်နှာကို သေချာအကဲခတ်ကြည့်ပြီး ခံစားချက်အပြည့်ဖြင့် သက်ပြင်းချသည်။

"မဟုတ်သေးဘူး၊ မဟုတ်သေးဘူး၊ ဒါကို အလှအပ အစစ်လို့ ပြောသင့်တယ်၊ ကြည့်စမ်းပါဦး အရေပြားက ဖြူဖျော့ပြီးတော့ ထိုးဖောက်တောင် မြင်လို့ရတယ်၊ ချောမွေ့ပြီးတော့ လူအစစ်လိုပဲ၊ အားနည်းချက်တောင် မရှိဘူး"

မိန်းမချောလေးနှင့် ရင်ဆိုင်ရသောအခါ အမျိုးသားအများစုက ပုံဖော်ထုဆစ်ထားသော ပန်းပုရုပ်ထု၏ မျက်နှာကိုသာ အရင်ဆုံးကြည့်သည်။

ယွမ်ကျိုးက လှပသော မိန်းမချောလေး ပုံစံကို ထုဆစ်ထား၍ဖြစ်သည်။ ယခုလို လှပသော ပန်းပုရုပ်ကို တခြားသူများ ထုဆစ်ရန် မလွယ်ကူပေ။

"လက်မောင်းသားကလည်း နူးညံ့နေတာပဲ"

ဆိုင်သို့ မလာသည်မှာ ကြာပြီဖြစ်သော အဖိုးအိုက ပန်းပုရုပ်၏ ဟန်အဝတ်အစားကို အသေးစိတ် အကဲခတ်နေသည်။

သူက တစ်နေရာမှ ရှာလာသည့် မှန်ဘီလူးကို အသုံးပြု၍ ဟန်ဝတ်စုံကို သေချာ အကဲခတ်နေခြင်းဖြစ်သည်။

"အမှန်ပဲ အရသာက မုန်လာဥအရသာ ဖြစ်ပေမယ့် အဝတ်ကို တစ်လွှာခြင်း ပုံဖော်ထားတာ တကယ့်ကို ပညာသားပါတယ်၊ အဝတ်အစားကို ပုံဖော်ထားတာ တိမ်တွေ မြူတွေလို့တောင် ခံစားမိတယ်"

"ဟုတ်တယ်၊ အမှန်ပဲ"

ကျော့ရှင်းလှပသော စကားလုံးများကို မည်သို့ အသုံးပြုသင့်လည်း မသိသော သူတချို့သည် အပြိုင်အဆိုင် ငြင်းခုန်ခြင်းဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။

"သူဌေးယွမ်ရဲ့ ပန်းပုထုဆစ်တဲ့အဆင့်က သာမန်ထက် သာလွန်တယ်"

အဖိုးအိုက မတ်တပ်ရပ်လိုက်ပြီး ယွမ်ကျိုးကို အထင်ကြီးလေးစားဟန် လှမ်းကြည့်သည်။

"မဟုတ်သေးဘူး၊ ကြိုးစားဖို့ လိုအပ်ပါသေးတယ်"

ယွမ်ကျိုးက စိတ်အားထက်သန်သော အမူအရာဖြင့် မပွင့်တပွင့်ပြောသည်။

"သူဌေးယွမ်က အရမ်းကို ကျိုးနွံတာပဲ၊ လက်ရှိ ပန်းပုထုဆစ်တဲ့ပညာနဲ့ဆိုရင် လူသိများ ကျော်ကြားတဲ့ ပန်းပုဆရာတွေထက်တောင် သာလွန်ပါသေးတယ်"

ဖောက်သည်တစ်ယောက်က အတွေ့အကြုံရှိသော အမူအရာဖြင့် စကားပြောသည်။

"သာမန်ထက်ပိုပြီးတော့ နိမ့်ချနေတာလို့၊ ရှက်ရွံ့တဲ့ပုံစံတို့ လုပ်နေတာက သူတော်ကောင်းယောင် ဆောင်နေတာနဲ့အတူတူပဲ"

ဝူဟိုင်းက ချက်ချင်းငြီးတွားပြောဆိုသည်။

"သူဌေးယွမ် ခင်ဗျားက ဟင်းချက်ကောင်းတဲ့အပြင် ပန်းပုထုတာလည်း တော်တော် တော်တာပဲ၊ ဒါပေမယ့် ဘဲဆီနှမ်းကပ်ကိတ်ကို ဘယ်တော့မှ လုပ်မှာလဲ၊ ဒါက အဓိက အချက်ပဲလေ"

သရေစာမုန့်၏ ပင်တိုင်ဖောက်သည်တစ်ယောက်က မေးမြန်းခြင်းဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မှ သူ့ကို ယုံကြည်မှုမရှိကြောင်း မြင်တွေ့ရသောအခါ ယွမ်ကျိုးက ဆက်လက်ငြင်းခုန်ခြင်းကို မလုပ်ဆောင်ပေ။

သူကိုယ်တိုင်က သူ၏အားနည်းချက်ကို ရှာဖွေနေခြင်းဖြစ်သည်။ အားနည်းချက်ကိုရှာတွေ့ပြီး အမှတ်ပြည့်ဖြစ်ကာ ဆုလာဘ်ကို ရယူချင်သည်။ ပြီးပြည့်စုံအောင် ကြိုးစားရခြင်းက တကယ့်ကို ခက်ခဲလွန်းသည်။

"သူဌေးယွမ်က နိမ့်ချပြောတယ်လို့ ငါတော့မထင်ဘူး၊ အမှန်ပြောတယ်လို့ပဲထင်တယ်"

ရုံးဝတ်စုံနဲ့ အမျိုးသားက ပေါ့ပေါ့ပါးပါး ဝတ်စုံကို ဝတ်ဆင်ပြီး ထပ်မံရောက်ရှိလာသည်။

"ခင်ဗျားပဲလား၊ နေရာတိုင်း ခင်ဗျားကို မြင်နေရတယ်နော်"

ဝူဟိုင်းက ချက်ချင်း ခေါင်းလှည့်လိုက်ပြီး အသံပိုင်ရှင်ကို လှည့်ကြည့်လိုက်သည်။

"အားနာပါတယ်၊ ကျွန်တော်ကလည်း သူဌေးယွမ်ရဲ့ ပုံဖော်ထုဆစ်မှုတွေကို သဘောကျလို့ပါ"

ရုံးဝတ်စုံ ဝတ်ဆင်တတ်သော အမျိုးသားသည် ရှက်ကိုးရှက်ကန်း အမူအရာကို မဖော်ပြပဲ စကားပြန်ပြောသည်။

"နေပါဦး ဒီစကားတွေပြောချင်လို့ ခင်ဗျားက ဒီဆိုင်ကို လာတာလား၊ ခင်ဗျားက ဘယ်သူလဲ"

ဝူဟိုင်းက မကျေမနပ်လေသံဖြင့် ပြောဆိုသည်။ သူ၏ ညွှန်ကြားချက်အတိုင်း ယွမ်ကျိုးက ပန်းပုရုပ်ထုကို ထုလုပ်ခဲ့ခြင်းဖြစ်သည်။

ယွမ်ကျိုး၏ ပုံဖော်ထုဆစ်မှုပညာရပ်ကို သံသယဝင်ခြင်းသည် သူ၏ အရည်အချင်းကို သံသယဝင်ခြင်းနှင့် အတူတူပင်ဖြစ်သည်။

ယွမ်ကျိုးက သူ့ထံမှ ပန်းချီအထားအသိုနှင့် ပုံဖော်ထုဆစ်သည့် ပညာရပ်ကို သင်ယူခဲ့သည့် အကြောင်းကို သိသူနည်းပါးသည်။

"ငါ့နာမည်က ချောင်ကျောင်ယွမ်ပါ၊ တိတိကျကျ ပြောရရင် လျှပ်စစ်ပစ္စည်းတွေ ထုတ်လုပ်တဲ့စက်ရုံမှာ အလုပ် လုပ်ပါတယ်၊ မင်္ဂလာပါ ပန်းချီဆရာကြီးဝူ"

ချောင်ကျောင်ယွမ်ကို ရုံးဝတ်စုံနဲ့အမျိုးသားဟု အမည်ပေးထားပြီး ချောင်ကျောင်ယွမ်က ဝူဟိုင်းကို ယဉ်ကျေးစွာ ပြုံးပြပြီး နှုတ်ဆက်စကား ပြောသည်။

"အော် ကိန်းဂဏန်း အရေအတွက်တွေ ထိန်းချုပ်တဲ့သူလား"

ဝူဟိုင်းက သူ၏ ထုံးစံအတိုင်း ပွင့်ပွင့်လင်းလင်း ပြောဆိုလေ့ရှိသည်။

"ဒီပန်းပုရုပ်ရဲ့ ပုံစံကို ကြည့်ရတာ မျက်လုံးနှစ်လုံးကြား အကွာအဝေးက အကောင်းဆုံး အဆင့်သတ်မှတ်ချက်နဲ့ဆိုရင် 0.1mm ပဲရှိတယ်

နှာခေါင်းအရွယ်အစားကလည်း ကမ္ဘာ့အဆင့် သတ်မှတ်ချက်ထက် 0.2cm ပိုကြီးနေတယ်

နှုတ်ခမ်းက ချယ်ရီပန်းရောင် ဖြစ်နေပေမယ့် ပြည့်ပြည့်ဖောင်းဖောင်းရှိတယ်၊ ကမ္ဘာ့အဆင့် သတ်မှတ်ချက်နဲ့ အကောင်းဆုံး ကိုက်ညီမှုရှိတယ်"

သူက လှပသော နန်းတော် အပျိုတော် ပန်းပု ရုပ်ထုကို ညွှန်ပြရင်း သူ၏ အမြင်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောသည်။

နောက်ဆုံးအနေနဲ့ သူက ဖြည့်စွက်ပြောသည်။

"ဒီအချက် နှစ်ချက်က အလွယ်တကူ မြင်နိုင်ပါတယ်"

သို့သော်လည်း သူ့ဘေးနားက တခြားသူအားလုံးက ချောင်ကျောင်ယွမ်ကို အံ့ဩမင်သက်သော အမူအရာဖြင် ကြည့်ကြသည်။

သူတို့စိတ်ထဲ တွေးနေသည့် အကြောင်းအရာက "ငါတို့ကို လာပြောင်နေတာလား၊ အလွယ်တကူ ကြည့်လို့မရတဲ့ အရာတွေနဲ့ ငါတို့ကို လာပြီး ဆရာကြီး လုပ်နေတာလား" ဟူသောစကားများကို စိတ်ထဲတွေးကြံနေလိမ့်မည်။

0.1mm ကို မျက်လုံးဖြင့် အလွယ်တကူ ခွဲခြားနိုင်လိမ့်မည်နည်း၊ လူသားအများစုက ယခုလိုပြုလုပ်နိုင်ရန် ခက်ခဲသည်။

လူထုက ချောင်ကျောင်ယွမ်၏ အပြောအဆိုကို သံသယဝင်နေစဉ် ယွမ်ကျိုးက ပန်းပုရုပ်ထုကို မိနစ်ဝက်ခန့် ငေးစိုက်ကြည့်ပြီးနောက် စကားပြောသည်။

"ဟုတ်တယ်၊ အမှန်ဖြစ်လောက်တယ်၊ ပြဿနာကို အဖြေရှာလိုက်ဦးမယ်၊ ခဏနေဦး"

"သူဌေးယွမ်၊ ခင်ဗျားက သူ့ကို တကယ်ယုံကြည်နေတာလား"

ဖောက်သည်များက မယုံသင်္ကာ အမူအရာဖြင့် မေးမြန်းသည်။

"ဒါက တကယ့် ပြဿနာဖြစ်နိုင်တယ်"

ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး ချောင်ကျောင်ယွမ်၏ စကားကို ဟုတ်မှန်ကြောင်း အတည်ပြုသည်။

ဒုန်း ဒုန်း ဒုန်း ဒုန်း ဟူသော လေးကန်သော ခြေလှမ်းများဖြင့် ယွမ်ကျိုးက မီးဖိုချောင်ထဲသို့ ဝင်သွားပြီး ပန်းပုရုပ်ထု အရှေ့မှာ မတ်တပ် မရပ်ခင် မီးဖိုချောင်ထဲမှ ဓါးကို သွားယူသည်။

"ဒါကဘာလဲ၊ ဒီဓါးကို အသုံးပြုပြီးတော့ ပန်းပု ထုတာလား"

ဆိုင်သို့ လာရောက်အားပေးသော ဖောက်သည်များသည် မယုံကြည်သော အမူအရာဖြင့် မေးမြန်းကြသည်။

လှပသေသပ်သော ပန်းပုရုပ်ထုလေးကို ကြီးမားသော မီးဖိုချောင်သုံး ဓါးကြီးဖြင့် ပုံဖော်ထုဆစ်ခြင်းက အံ့အားသင့်ဖွယ်ကောင်းသည်။

"ငါမှတ်တမ်းတင်ထားမယ်"

တစ်စုံတစ်ယောက်က ဖုန်းကို ထုတ်လိုက်ပြီး မှတ်တမ်းတင်သည်။ မီးဖိုချောင်ဓါးကို ဝှေ့ယမ်းရင်း အလွယ်တကူ ရှာဖွေရန်ခက်ခဲသော ချို့ယွင်းချက်ကို ယွမ်ကျိုးက ရှာတွေ့သွား၍ ကောင်းမွန်စွာ ပြုပြင်လိုက်သည်။

ပုံမှန်အားဖြင့်ဆိုသော် ယွမ်ကျိုးက ချောင်ကျောင်ယွမ်ထက် အာရုံငါးပါး အားနည်းစရာ အကြောင်းအရင်း မရှိပေ။

သာဓကဆိုသော် ပွဲကြည့်သူများက တကယ် လက်တွေ့ရင်ဆိုင်နေရသူထက် ပြဿနာ၏ အကြောင်းအရင်းကို ပို၍ သိနေပုံပေါ်သည်။

ချောင်ကျောင်ယွမ်၏ သတိပေးမှုကြောင့် ယွမ်ကျိုးက သူ၏ ပြဿနာရပ်ကို ရှာတွေ့သွားပြီး ငါးမိနစ်ခန့် ကြာပြီးနောက် ယွမ်ကျိုးက မီးဖိုချောင်ဓါးကို ပြန်သိမ်းလိုက်ပြီး သူဖန်တီးထားသော အလုပ်ကို ကျေနပ်စွာ ကြည့်လိုက်သည်။

"ခင်ဗျား ဘယ်လိုပြုပြင်လိုက်လဲဆိုတာကို သေချာ မသိပေမယ့် ပိုပြီးတော့ ကြည့်ကောင်းသွားတယ်"

အဖိုးအိုက နန်းတော်အပျိုတော် ပန်းပုရုပ်ထုနား လမ်းလျှောက်ပြီး သေချာအကဲခတ်ကြည့်သည်။

"အဖိုးကြီး ခင်ဗျားက အိုနေပြီ၊ ဒီလို အမှားအယွင်းတွေ အားနည်းချက်တွေကို မရှာနိုင်ဘူး"

ဝူဟိုင်းက ဘေးနားမှနေ၍ သေချာအကဲခတ်နေသည်။

"ကောင်းပြီလေ၊ ဒါဆိုရင် မင်းဘာသာမင်း ဘာလို့ မရှာကြည့်ရတာလဲ"

အဖိုးအိုက ဝူဟိုင်းကို အခွင့်အရေး ပေးလိုက်သည်။

"ချောင်ကျောင်ယွမ်၊ ရှာရခက်တဲ့ ပြဿနာရပ်ကို ငါတို့ကို ပြောပြဦး၊ ဘယ်နေရာမှာ ပြဿနာရှိသေးလဲ"

ဝူဟိုင်းက ခဏတာ ငေးစိုက်ကြည့်ပြီးနောက် အမှားအယွင်းကို ရှာကြံမရပေ။ သူဌေးယွမ်က ဓါးကို လျင်မြန်စွာ လှုပ်ရှားသွားသောကြောင့် သူ၏ လှုပ်ရှားမှုကို သေချာစွာ မမြင်တွေ့ရ၍ ယခုလို မေးမြန်းခြင်းဖြစ်သည်။

ဝူဟိုင်း၏ တောင်းဆိုမှုကို ကြားသောအခါ ချောင်ကျောင်ယွမ်က ခေါင်းကိုမော့လိုက်ပြီး ယွမ်ကျိုးကို တစ်ချက်ကြည့်သည်။

ထို့နောက်သူက ပြုံးရွှင်သော အမူအရာဖြင့် ပြန်ပြောသည်။

"ငါလည်း သေချာ မပြောနိုင်ဘူး"

"မင်းက ငါတို့ကို မပြောပြချင်တာမို့လား"

ဝူဟိုင်းက မကျေမနပ်ပြန်ပြောသည်။

"နောက်ထပ်ငါးမိနစ်ကြာရင် ဆိုင်ဖွင့်ပါတော့မယ်"

ယွမ်ကျိုးက ဝူဟိုင်း၏ အပြုအမူကို သတိထားမိသောကြောင့် ထိုစကားကိုပြောကာ မီးဖိုချောင်ထဲကို ပြန်သွားသည်။

အပိုင်း(၁၉၉)

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၂၀၀)

"တန်းစီကြ၊ တန်းစီကြ"

ယွမ်ကျိုး ထိုစကားကို ပြောလိုက်သောအခါ အားလုံးကတစ်ပြိုင်နက်တည်း တန်းစီကြသည်။ အစားအသောက်က လူတို့၏ ပထမဦးစားပေး ဖြစ်သည်။ ထို့ကြောင့် အစာစားခြင်းက အရေးကြီးဆုံး ဖြစ်သည်။

"ငါလည်း စားမယ်"

ထိုစကားကိုပြောနေစဉ် ဝူဟိုင်းက တန်းစီစောင့်နေသောနေရာ၏ ဒုတိယနေရာသို့ ချက်ချင်း သွားသည်။ ချောင်ကျောင်ယွမ်က သူ့နောက်မှာ တန်းစီစောင့်နေသည်ကို မြင်သောအခါ သူက မကျေမနပ်အံ့ကြိတ်သည်။ သို့သော်ငြားလည်း ချောင်ကျောင်ယွမ်က စိတ်သဘောထားကောင်းမွန်သူ ဖြစ်သည့်အတွက်ကြောင့် သူ့အပြုအမူကို လျစ်လျူရှုထားသည်။ သူက လုံးဝ ဒေါသမထွက်သည့်အပြင် ဝူဟိုင်းကို လျစ်လျူရှုလိုက်ခြင်း ဖြစ်သည်။

"ဒါနဲ့ လူငယ်လေး၊ မင်းကသူဌေးယွမ်ကို ပန်းချီရဲ့ဘယ်အပိုင်း သင်ကြားပေးလိုက်တာလဲ"

အဘိုးအိုက ဝူဟိုင်းနှင့် ခပ်လှမ်းလှမ်းတွင် မတ်တတ်ရပ်နေပြီး ဟာသနှောသောအသံဖြင့် မေးမြန်းလိုက်သည်။

"ဟင့်အင်း ငါဘာမှမလုပ်ဘူး။ ငါက ပန်းချီဆရာလေ။ ပုံဖော်ထုဆစ်တဲ့ပညာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုသိမှာလဲ"

ဝူဟိုင်းက ဂရုမစိုက်ဟန် အမူအရာဖြင့် ပြန်ပြောသည်။

"ဒါဆိုရင် ဒီလူငယ်လေးရဲ့စိတ်ကူးဉာဏ်က အရမ်းမကောင်းပုံပဲ"

အဘိုးအိုက ပြုံးကာ ပြန်ပြောသည်။

"ဟုတ်တယ် အမှန်ပဲ။ ဒီလောက်ထိ တီထွင်နိုင်တဲ့ ဉာဏ်မရှိဘူး။ ဒီဆိုင်အနီးနားမှာနေလို့ မြန်မြန်ဆန်ဆန်တန်းစီခွင့်ရတာ ကံကောင်းတယ်" ဝူဟိုင်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရုတ်တရက်ပြောသည်။

"ဒီအဘိုးကြီးကလည်း ယွမ်ကျိုးစားသောက်ဆိုင်နဲ့ သိပ်မဝေးတဲ့နေရာမှာပဲ နေတာပါ" အဘိုးအိုကလည်း အနီးအနားမှာ နေထိုင်ကြောင်း ညွှန်ပြသည်။

ဖောက်သည်များအချင်းချင်း စနောက်ကျီစယ်နေစဉ် ၅မိနစ်ဟူသောအချိန်က ကုန်ဆုံးသွားသည်။ အရှေ့ဘက်တွင် တန်းစီစောင့်နေသောအဖွဲ့က ပင်မခန်းမဆောင်ထဲသို့ ရောက်ရှိသွားပြီး အစားအသောက်များကို အော်ဒါတင်ကာ စတင်စားသောက်သည်။

ည ၈နာရီ၃၀မိနစ်အချိန်ခန့်တွင် အပျော်တမ်းလက်ဝှေ့သမားလေးသည် ဒဏ်ရာများဖြင့် စားသောက်ဆိုင်သို့ ရောက်လာပြန်သည်။ အစားအသောက်များကို မစားခင် သူ့ခန္ဓာကိုယ်ပေါ်မှသွေးစက်များကို သုတ်တတ်သော အလေ့အကျင့်ရရှိလာသည်။

မည်သို့ပင်ဆိုစေကာမူ သွေးစက်များက ဟင်းပွဲထဲသို့ ကျရောက်သွားလျှင် အရသာမကောင်းမွန်နိုင်ချေ။

"ခင်ဗျား ထပ်လာပြန်ပြီလား။ ဒီနေ့ ပြိုင်ပွဲရှိတဲ့သဘောလား။ အနိုင်ရရဲ့လား"

ရင်းနှီးနေပြီးသားဖောက်သည်က ပုံမှန်လေသံဖြင့် မေးမြန်းသည်။

"မဟုတ်ပါဘူး။ ကျွန်တော်ရှုံးနိမ့်သွားတယ်"

၎င်းအမျိုးသားသည် အနည်းငယ် စိတ်ဓာတ်ကျနေသည်။

"ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါက ပထမဦးဆုံးအကြိမ်မဟုတ်ဘူးလေ။ ခင်ဗျားအတွက် ကျင့်သားရနေပြီးသားမလား"

ဤဖောက်သည်က နှစ်သိမ့်သောလေသံဖြင့် ပြောဆိုသော်လည်း ဘာမှမပြောသည်ထက်ပင် ပို၍ဆိုးရွားနေသည်။

"သူပြောတာတွေ နားမထောင်နဲ့။ မင်း နောက်တစ်ခေါက်ကျရင် အနိုင်ရမှာပါ" တစ်စုံတစ်ယောက်က စိတ်မကောင်းဖြစ်၍ အား‌ပေးစကား ပြောသည်။

"ကောင်းပြီ။ အဆင်ပြေပါတယ်။ သူဌေးယွမ် ကြက်ဥထမင်းကြော်တစ်ပွဲပေးပါ" ၎င်းအမျိုးသားသည် ပြုံးပြီးဂရုမစိုက်ဟန် အမူအရာဖြင့် ပြောသည်။

"ခဏစောင့်ပေးပါ"

ယွမ်ကျိုးက ခေါင်းညိတ်သဘောတူလိုက်သည်။ လက်ဝှေ့ပြိုင်ပွဲတွင် အမြဲတမ်းအနိုင်ရသူ၊ အမြဲတမ်းရှုံးနိမ့်သူဆိုသည်မှာ မရှိချေ။ နိုင်နိုင်ရှုံးရှုံး သူက ကြက်ဥထမင်းကြော်တစ်ပွဲကို လာရောက်စားလေ့ရှိသည်။

ညဘက် အရက်ဆိုင်မဖွင့်ခင် ယွမ်ကျိုးက သူပုံဖော်ထုဆစ်ထားသော နန်းတော်အပျိုစင်ရုပ်ထုကို အရက်ဆိုင်၏ သေးငယ်သောခြံဝန်းထဲသို့ ပြောင်းရွှေ့လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ မုန်လာဥကို အပြင်ဘက်မှာ နာရီပိုင်းခန့်ကြာအောင် ထားခဲ့၍ မုန်လာရွက်များအနည်းငယ် နွမ်းနေသည့်အတွက် နောက်တစ်နေ့တွင် ထားရန် အဆင်မပြေသောကြောင့် ဖြစ်သည်။

နောက်တစ်နေ့ မနက်စောစောတွင် မုရှောင်ယွမ်က ပျော်ရွှင်စွာဖြင့် အလုပ်ကို စတင်လုပ်ဆောင်သည်။ဤရက်ပိုင်းအတွင်း သူမ ပျော်ရွှင်နေသည့် အမူအရာကိုကြည့်ရုံဖြင့် ပျော်ရွှင်စရာ တစ်စုံတစ်ရာရှိသည်ဟု ခန့်မှန်းမိသည်။

သို့သော်လည်း သိပ်မကြာခင်မှာပင် သူမ၏အပြုံးက ပျောက်ကွယ်သွားပြီး ဆို့နင့်သောအမူအရာကို ဖော်ပြသည်။ ယွမ်ကျိုး၏ စားသောက်ဆိုင်က ကောင်းမွန်သောဂုဏ်သတင်းဖြင့် ကျော်ကြားသောကြောင့် မနက်ခင်းမှာပင် မနက်စာစားရန် စောင့်ဆိုင်းနေသော ဖောက်သည်များစွာ ရှိသည်။

ဤတစ်ကြိမ်တွင် ဆိုင်သို့ ရောက်ရှိလာသည့် ဖောက်သည်အသစ်က ခပ်တန်းတန်း အမူအရာရှိပြီး နမော်နမဲ့ပြုမူတတ်သည့် လူငယ်လေး ဖြစ်သည်။ သူကချွန်သွယ်သော ဦးထုပ်ကို ပြောင်းပြန် ဆောင်းထားပြီး၊ နားတွင် အရောင်တောက်သော နားကပ်ကိုလည်း ဝတ်ဆင်ထား၍ ဟစ်ဟော့စတိုင်ပေါက်သည်။

သူ စားသောက်ဆိုင်ထဲသို့ ဝင်ဝင်ချင်း ဈေးနှုန်းစာရင်းကို ကြည့်လိုက်ကာ ရေရွတ်သည်။

"ရှောင်လုံပေါင်းဖက်ထုပ်တစ်ပွဲ ၆၆ယွမ်၊ ဘဲဆီနှမ်းကပ်ကိတ်တစ်ပွဲ ၆၈ယွမ်၊ အမယ်စုံအရွက်ပေါင်းပေါက်စီ ၇၈ယွမ်၊ ကြာမြစ်ကစီဓာတ်တစ်ပွဲ ယွမ်၈၀။ ဟင်းပွဲတွေအားလုံးက ဈေးကြီးလှချည်လား။ ဒါတွေ ဝယ်စားတဲ့သူတွေက ရူးနေလို့ပဲ ဖြစ်မယ်"

ထိုစကားကိုပြောလိုက်သောအခါ မုရှောင်ယွမ် ချက်ချင်း စိတ်ဆတ်သွားသည်။ သူ တစ်စုံတစ်ရာကို ပြောခါနီး ၎င်းအမျိုးသား ပြောသောစကားကြောင့် တအံ့တဩဖြစ်သွားရသည်။

"ဒီဟင်းပွဲတွေ အားလုံးပေးပါ။ တစ်ပွဲချင်းစီ ချပေးပါ" ကြားလိုက်ရသော စကားကြောင့် မုရှောင်ယွမ် ဆို့နင့်သွားပြီး အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်လာခဲ့ပေ။

"ဟမ် ဘာကို ဆိုလိုတာလဲ။ လူကြီးမင်း ပြန်ပြောပေးလို့ရမလား"

မုရှောင်ယွမ်က မသေချာသောခံစားချက်ကို ခံစားမိ၍ မေးမြန်းသည်။

"ငါပြောလိုက်တာက ဟင်းပွဲအားလုံးကို တစ်ပွဲချင်းစီပေးပါလို့ ပြောလိုက်တာလေ။ စောနလေးတင် ပြောလိုက်တာလေ။ မကြားဘူးလား" ဦးထုပ်ကို ပြောင်းပြန်ဆောင်းထားသော လူငယ်လေးသည် နူးနူးညံ့ညံ့နှင့် ချစ်စရာကောင်းသော မျက်နှာကို ပိုင်ဆိုင်ထားသော်လည်း စိတ်မရှည်ဟန် လေသံဖြင့်စကားပြောသည်။

"ဟင်းပွဲတွေအားလုံးက အရမ်းဈေးကြီးတယ်လို့ စောနလေးတင် ပြောလိုက်တာ မဟုတ်ဘူးလား"

မုရှောင်ယွမ်က သူ့ကို နားမလည်နိုင်ပေ။

"ပိုက်ဆံဆိုတာ ငါ့အတွက်အရေးမပါဘူး။ ငါ ပိုက်ဆံတွေ ဖြုန်းလိုက်ရင်တောင် ဒီထက်များတဲ့ ပိုက်ဆံတွေပြန်ရလာမှာပဲ"

၎င်းအမျိုးသားသည် ထိုင်ခုံမှာ ထိုင်လိုက်ပြီး မော်ကြွားသောလေသံဖြင့် ပြန်ပြောသည်။

"အားနာပါတယ်။ ဒီမနက်ခင်းမှာ ကြာမြစ်ကစီဓာတ်ဟင်းပွဲနဲ့ အမယ်စုံအရွက်ပေါင်းပေါက်စီပဲ ရပါတယ်"

မုရှောင်ယွမ်က ပုံမှန်လေသံဖြင့် သူ့ကို ပြန်ဖြေလိုက်သည်။

"ကောင်းပြီလေ။ ဒါဆိုရင်

ဒီဟင်းပွဲ၂မျိုးကို တစ်ပွဲချင်းစီပေးပါ"

၎င်းအမျိုးသားသည် ဈေးနှုန်းကို ဂရုမစိုက်ဟန် ပြုမူနေသော်လည်း သူ၏နှုတ်မှ စားသောက်ဆိုင်ကို ရိုက်စားဟု ရေရွတ်နေသေးသည်။

တကယ့်ကို ထူးဆန်းလွန်းသည်။ အစားစားရင်း အပြစ်တင်ပြောဆိုခြင်းက ထူးဆန်းသောအပြုအမူ ဖြစ်သည်။

ဤအပြုအမူကား သူ၏အစားစားချင်စိတ်ကို ပို၍ကောင်းမွန်စေသလော။

မနက်ခင်းဆိုင်ဖွင့်ချိန် အဆုံးသတ်သွားသောအခါ ဝူဟိုင်းကို ဆိုင်မှာ နေခဲ့ရန် ထပ်ပြောပြန်သည်။

"ဒီနေ့ပဲ မင်းကို ဟင်းချက်တာသင်ပေးမယ်။ ငါဖတ်ခိုင်းထားတဲ့စာအုပ်တွေ ဖတ်ပြီးပြီလား"

ယွမ်ကျိုးက သိသာထင်ရှားသော အမူအရာဖြင့် မေးမြန်းသည်။

"ဒါပေါ့။ ဘယ်ချိန်စပြီးတော့သင်ပေးမှာလဲ"

ဝူဟိုင်းက သန့်ရှင်းတောက်ပြောင်နေသော မီးဖိုချောင်ကို ကြည့်လိုက်ပြီး ပြန်‌ပြောသည်။

"ခင်ဗျားအိမ်မှာ သွားပြီးချက်ကြမယ်။ ခင်ဗျားအိမ်မှာ မီးဖိုချောင်ရှိတယ်မလား" ယွမ်ကျိုးက ဝူဟိုင်းကို သံသယမျက်လုံးဖြင့် ကြည့်လိုက်သည်။

"ရှိပါတယ်။ ဒါပေမဲ့ သုံးမယ့်ပစ္စည်းတွေ မရှိဘူး"

ဝူဟိုင်းက ယွမ်ကျိုး၏ မီးဖိုချောင်အသွင်အပြင်ကို ထပ်မံကြည့်လိုက်သည်။

အကြောင်းပြချက်ပေးကာ ယွမ်ကျိုးကို ဖျောင်းဖျရန် ကြိုးစားသည်။

"ကိစ္စမရှိဘူး။ ခင်ဗျား သွားဝယ်လို့ရတာပဲလေ"

ယွမ်ကျိုးက ထောက်ထားညှာတာမှုမရှိသော လေသံဖြင့် ပြန်ပြောသည်။

"ခင်ဗျား မီးဖိုချောင်ထဲမှာရှိတဲ့ ပါဝင်ပစ္စည်းတွေကို သုံးလို့မရဘူးလား"

ဝူဟိုင်းက ဒုတိယရွေးချယ်မှုကို ထပ်မံတောင်းဆိုသည်။

"မရဘူး။ ငါတို့တွေ သုံးလို့မရဘူး။ မင်းဘာသာမင်း ပြင်ဆင်ထားရမယ်"

ယွမ်ကျိုးက ဝူဟိုင်း၏တောင်းဆိုမှုကို အေးတိအေးစက်လေသံဖြင့် ငြင်းပယ်လိုက်သည်။

"ကောင်းပြီလေ။ ဒါဆိုရင် လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ထားပြီး ငါ့အိမ်ကို ပို့ဖို့ လူတစ်ယောက်ကို လွှတ်လိုက်မယ်"

ဝူဟိုင်းက ပုခုံး'ဆတ်ခနဲ'တွန့်ကာ ဖုန်းကိုထုတ်ကာ သူ့‌စီးပွားရေးအကျိုးဆောင်ကို ဖုန်းခေါ်လိုက်သည်။

ဝူဟိုင်းကို‌ သေချာအကဲခတ်နေစဉ် ယွမ်ကျိုး၏စိတ်ထဲ တွေးမိသည့်အချက်က "ဒီလူမှာ မလိုမုန်းထား ရည်ရွယ်ချက်ရှိတယ်။ ငါ့ဆိုင်မှာရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေကို လိမ်လည်ယူပြီး ငါ့ဆိုင်မှာလာပြီး ထပ်မစားတော့ရင် ဝင်ငွေလျော့သွားနိုင်တယ်"

ဝူဟိုင်း ခေါင်းလှည့်လာခြင်းကို မြင်သောအခါ ယွမ်ကျိုးပို၍လေးနက်သော အမူအရာကို ပြုမူလိုက်သည်။

"ဟင်းချက်တာနဲ့ ပတ်သက်ပြီး အားလုံးသင်ယူချင်တာ။ ဟင်းချက်ဖို့အတွက် သင်ယူတာလေ။ ဘာလို့ မင်းမျက်နှာက တည်တည်ကြီး ဖြစ်နေရတာလဲ"

ဝူဟိုင်းက ရုတ်တရက် ခေါင်းကိုလှည့်လိုက်ပြီး ယွမ်ကျိုး၏တည်ငြိမ်လွန်းသော မျက်နှာအမူအရာကို မြင်တွေ့သောအခါ လန့်ဖျပ်သွားသည်။

သူက ယွမ်ကျိုးအပေါ် သန်းပေါင်းများစွာ အကြွေးတင်နေသောသူအဖြစ် သူခံစားမိသည်။

"ဟင်းချက်စွမ်းရည်ကို သင်ကြားတဲ့အခါမှာ တလေးတစားသင်ယူပါ"

ယွမ်ကျိုးက အတည်ငြိမ်ဆုံး အမူအရာဖြင့် စကားပြောသည်။ ထိုအကြောင်းကို တွေးမိသောအခါ ယွမ်ကျိုးက ဝူဟိုင်းကို လေးလေးနက်နက် လေ့လာသင်ယူစေချင်သည်။

သူက ဝူဟိုင်းကို လက်စား‌ချေချင်၍ မဟုတ်ဘဲ သူကိုယ်တိုင်က စိတ်အားထက်သန်ပြီး နှစ်လိုဖွယ်ကောင်းသော အမျိုးသားဖြစ်နေသောကြောင့် စည်းကမ်းများကို လိုက်နာခြင်းဖြစ်သည်။

"ကျန်းကျဝေ ခဏနေရင်ရောက်လာမယ်လို့ ပြောတယ်။ လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ပြီးတော့ ငါ့အိမ်ကိုလာလိမ့်မယ်။ ဒီလောက်ဆိုရင် လုံလောက်ပြီလား"

ဝူဟိုင်းက ချက်ချင်း မေးမြန်းသည်။

"မင်းရဲ့ဟင်းချက်စွမ်းရည်နဲ့ ပတ်သက်နေတော့ ပြောရခက်တယ်"

ယွမ်ကျိုးက သူ့စိတ်ထဲရှိသည့်အတိုင်း ထုတ်ပြောသည်။

"ဒါဆိုရင်လည်း ဘာလို့ ပြောနေသေးတာလဲ" ဝူဟိုင်းက ဒေါသတကြီး ပြန်ပြောသည်။

"ဒါဆိုရင် အခုပဲမင်းရဲ့မီးဖိုချောင်ကို သွားကြမယ်။ လေ့ကျင့်သင့်တာတွေကို အရင်ဆုံး လေ့ကျင့်ကြမယ်"

ယွမ်ကျိုးက ဝူဟိုင်းကိုယ်တိုင် စတင်လုပ်ဆောင်ရန် တိုက်တွန်းသည်။

"ကျုပ်ကို ၃ရက် ပညာသင်ပေးမယ်လို့ ကတိပေးထားတဲ့အတိုင်း သင်ပေးမှာလား"

ဝူဟိုင်းက စပ်စပ်စုစု မေးမြန်းသည်။

"ခင်ဗျား မကျေနပ်ဘူး ဆိုရင် အခြေခံကိုအပြည့်အဝ ရအောင် သင်ကြားပေးနိုင်ပါတယ်"

ယွမ်ကျိုးက သူ့နောက်မှလိုက်ပါလမ်းလျှောက်ပြီး ဖြည့်စွက်ပြောသည်။

"ဒါပေမဲ့ ခင်ဗျားကို ကျုပ် ဟင်းချက်နည်းသင်ပေးနေတယ်ဆိုတာကို တခြားသူတွေကို ပြောပြရလိမ့်မယ်"

"ဘာလဲဟ။ ဒါက အလိမ်အညာပဲ"

"ဒီလိုလုပ်မှ လေးလေးနက်နက်ဖြစ်မှာပေါ့"

ဝူဟိုင်းက ခေါင်းကို ချက်ချင်းလှည့်လိုက်ပြီး မကျေမနပ်အမူအရာဖြင့် ပြောသည်။

"မဟုတ်ဘူး။ ဒီလိုလည်းမဟုတ်ဘူး။ ငါကိုယ်တိုင်ပြောမှာမဟုတ်ဘူး။ ခင်ဗျားကိုယ်တိုင်ပြောရမယ်"

ယွမ်ကျိုးက လေးနက်သောအမူအရာကို ပြသပြီး စကားပြောသည်။

"ငါက ဒီတိုင်းမေးတာလေ။ မင်းပေးထားတဲ့ကတိအတိုင်းပဲ သင်ပေးမှာလားလို့ မေးတာလေ။ ဘယ်လိုဖြစ်ရတာလဲ"

ဝူဟိုင်းက ယွမ်ကျိုး ယုတ်မာလွန်းကြောင်းကို ရည်ညွှန်း ပြောဆိုသည်။

"ဒီနည်းလမ်းက ပိုကောင်းမယ်လို့ ခံစားမိလို့ပါ"

ယွမ်ကျိုးက ဝူဟိုင်း၏စကားကို သဘောတူကြောင်းခေါင်းညိတ်သည်။ ဝူဟိုင်းက မကျေမနပ်ဟန်ဖြင့် မြည်တွန်တောက်တီးသည်။

"မင်းကိုယ်တိုင်ချက်တဲ့ ဟင်းပွဲနဲ့ ငါကိုယ်တိုင်ချက်တဲ့ဟင်းပွဲ၂ခုကို နှိုင်းယှဉ်ကြည့်လေ" ယွမ်ကျိုးက အကြံပြုသည်။

"ဒါဆိုရင် ဟင်းချက်တာကို ခင်ဗျားကိုယ်တိုင် မသင်ပြပေးဘူးဆိုတဲ့ သဘောလား"

ခဏကြာပြီးနောက် ဝူဟိုင်းကအခြေအနေကို သဘောပေါက်သွားသည်။

"မလိုအပ်ဘူး။ ခင်ဗျား ဒီလိုနှိုင်းယှဉ်တာကနေ အဖြေမှန်ကို သိသွားလိမ့်မယ်"

ယွမ်ကျိုးက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ပြောသည်။

"ခင်ဗျား ကျုပ်ကို ဟင်းချက်နည်း သင်ပေးမယ်လို့ပြောခဲ့တာ မဟုတ်ဘူးလား"

ဝူဟိုင်းက အပေါ်ထပ်တက်သွားသော ယွမ်ကျိုးကို လှမ်းမေးသည်။

"ခဏနေရင် ဟင်းပွဲတွေအများကြီးကို အချိန်တိုအတွင်း ချက်ပြမယ်။ အဲ့ဒီထဲကနေပြီးတော့ ခင်ဗျားအကြိုက်ဆုံးဟင်းပွဲကို ရွေးချယ်လိုက်။ ခင်ဗျားအကြိုက်ဆုံး ဟင်းပွဲနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကိုပြောပေးမယ်"

ယွမ်ကျိုးက ခဏတွေးကြံပြီးနောက် ယခုလိုသင်ကြားနည်းက အသုံးဝင်သည်ဟု ခံစားမိသည်။

ယွမ်ကျိုးက သူ့မှာ သာမန်ထက် ထူးချွန်သည့် ဟင်းချက်စွမ်းရည်ရှိပြီး တခြားသူများကို သင်ကြားပေးနိုင်သော အရည်အချင်းရှိသည်ဟု ခံယူထားသောကြောင့် သူ အလုပ်လုပ်ကိုင်ခဲ့ဖူးသည့် ကြယ်၃ပွင့်အဆင့်ရှိသော ဟိုတယ်၏ သင်ကြားနည်းလမ်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

ယွမ်ကျိုး၏ အာရုံ၅ပါးက အတော်အတန် ကောင်းမွန်သောကြောင့် ယခုလိုနည်းလမ်းကို အသုံးပြုရုံဖြင့် အကျိုးသက်ရောက်လိမ့်မည်ဟု ခံယူထားသောကြောင့် ဖြစ်သည်။

ဟင်းချက်စားဖိုမှူး ရွေးချယ် ပြိုင်ပွဲများတွင်လည်း ဟင်းပွဲများ၏ ကောင်းကျိုး၊ဆိုးကျိုးကို နှိုင်းယှဉ်ခြင်းအားဖြင့် လမ်းညွှန်ပေးလေ့ရှိသည်။

အပိုင်း(၂၀၀)

ပြီးပါပြီ။

၂၀၁ မှ ၂၀၅

ယွမ်ကျိုး အပိုင်း(၂၀၁)

“ငါ့ကိုအရင်ဆုံး ချက်ခွင့်ပေးမယ်ဆိုတာ သေချာရဲ့လား”

ဝူဟိုင်းက ယွမ်ကျိုးကို သံသယမျက်ဝန်းဖြင့် ကြည့်လိုက်သည်။

“အင်း။ ပြဿနာမရှိပါဘူး”

ယွမ်ကျိုးက အတွေ့အကြုံနုနယ်သည့် စားဖိုမှူး၏ ဟင်းပွဲကို မြည်းစမ်းရခြင်းနှင့် စောင့်ကြည့်ရခြင်းက ပြဿနာမရှိကြောင်း ညွှန်ပြသည်။

သူကိုယ်တိုင်ကလည်း စားဖိုမှူးအကဲဖြတ်ပွဲအတွက် အတွေ့အကြုံမရှိသည့် အကဲဖြတ်ဒိုင်ဖြစ်သည်။

“ကောင်းပြီ။ ခင်ဗျား ဘာသာ ခင်ဗျား ဆုံးဖြတ်”

ဝူဟိုင်းက ဂရုမစိုက်ဟန် ပခုံးဆတ်ခနဲတွန့်သည်။

“ကောင်းပြီလေ”

ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး ပြန်လည်တုံ့ပြန်သည်။ ဒုတိယထပ်သို့ ရောက်သောအခါ ဝူဟိုင်းက ယွမ်ကျိုးအတွက် အခန်းတံခါးကို ဖွင့်ပေးသည်။

ပုံမှန်အတိုင်း ယွမ်ကျိုးက ‌‌ပြောသည်။

“ညစ်ပတ်နေတာပဲ။ ပစ္စည်းတွေကလည်း ရှုပ်ပွနေတယ်။ တစ်ခန်းလုံးလည်း ပန်းချီပစ္စည်းတွေနဲ့ ပြည့်နှက်နေတာပဲ”

“ဒါတွေအားလုံးက ပန်းချီပုံကြမ်းတွေ၊ လွှင့်ပစ်လို့ မရဘူး။ လျစ်လျူရှုပစ်လိုက်လို့လည်း မရဘူး”

ဝူဟိုင်းက အရှက်မဲ့သောအမူအရာဖြင့် ပြန်ဖြေနေသေးသည်။ ထို့အပြင် ပန်းချီဆရာများ၏ ပုံကြမ်းကို အလွယ်တကူ စွန့်ပစ်၍ မရပေ။ အထူးသဖြင့် လူသိများကျော်ကြားသည့် ပန်းချီဆရာများ၏ ပုံကြမ်းကို အလွယ်တကူ မစွန့်ပစ်ရပေ။

“ဟုတ်ပါပြီ။ ဟုတ်ပါပြီ”

ယွမ်ကျိုးက မင်းကိုယ်မင်းသာ နားလည်ဖို့ကြိုးစား ဟူသောအမူအရာဖြင့် ဝူဟိုင်းကို ကြည့်လိုက်သည်။

“ခဏနေရင် ကျန်းကျဝေက ဒီနေရာကို သန့်ရှင်းရေး လုပ်ပေးလိမ့်မယ်”

ဝူဟိုင်းက ကျန်းကျဝေအကြောင်း ပြန်လည်မြင်ယောင်မိသောအခါ ပုံမှန်အတိုင်း ပြန်ပြောသည်။

“ခင်ဗျားက တကယ့်ကို ကောင်းမွန်တဲ့ ပံ့ပိုးသူကို ရထားတာပဲ”

ယွမ်ကျိုးက ဝူဟိုင်း၏ အကျိုးဆောင်ပံ့ပိုးသူကို တွေးမိသောအခါ အထင်ကြီးလေးစားဟန်ဖြင့် ပြန်ပြောသည်။

“အင်း။ သူက တကယ့်ကို ကောင်းမွန်တဲ့လူပါ”

ဝူဟိုင်းက ကျန်းကျဝေကို အထင်ကြီးလေးစားသော အမူအရာဖြင့် ချီးမွမ်းစကားပြောသည်။

ယွမ်ကျိုးက ပန်းချီအထားအသို၊ ဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး လေ့လာခဲ့စဉ်က ဝူဟိုင်း၏ အနုပညာခန်းမသို့ (၃) ကြိမ်ရောက်ရှိဖူးသည်။

သူပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့စဉ်က ထိုနည်းတူစွာ ရှုပ်ပွနေသည်။ ထို့အပြင် ဝူဟိုင်းက အလွှာတစ်ခုလုံးကို ငှားရမ်းထားပြီး တစ်ခန်းကို သူ့အိမ်အဖြစ် အသုံးပြုသည်။ နောက်ထပ်တစ်ခန်းကို အနုပညာခန်းမအဖြစ် အသုံးပြုသည်။

လူချမ်းသာများက ငွေကို ရေလို သုံးဖြုန်းတတ်သည်။ ဤစတူဒီယိုသို့ (၃)ကြိမ် လာရောက်ခဲ့သည်မှလွဲ၍ ကျန်အချိန်များတွင် သူ၏စားသောက်ဆိုင်မှာပင် ပန်းချီအထားအသိုပညာကို လေ့လာရင်း အချိန်ကုန်ခဲ့သည်။

သူက တခြားသူ၏အိမ်ကို သွားလေ့မရှိသောကြောင့် ဝူဟိုင်း၏ မီးဖိုချောင်ထဲသို့လည်း ပထမဦးဆုံးအကြိမ် ရောက်ရှိဖူးခြင်းဖြစ်သည်။

ကြီးမားသော မီးဖိုချောင်ကြီးက အခန်းနှစ်ခန်းကို ဆက်သွယ်ပေးထားသည်။

မီးဖိုချောင်အတွင်းမှ အသစ်ဝယ်ယူထားသော မီးဖိုချောင်အသုံးအဆောင်ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။ ပစ္စည်းအသစ်များကို သုံးထားသောကြောင့် သာမန်ထက် သန့်ရှင်းတောက်ပြောင်နေသည်။

“ဒီပစ္စည်းတွေကို တစ်ခါမှတောင် မသုံးဖူးဘူးမို့လား”

ယွမ်ကျိုးက ပစ္စည်းများကို ကြည့်ရှုပြီး မေးမြန်းလိုက်သည်။ အသင့်စားခေါက်ဆွဲပြုတ် ထည့်စားရန်ပင် အိုးခွက်များကို အသုံးမပြုခဲ့ပုံရသည်။

“ဒီနေရာကိုပြောင်းပြီး မကြာဘူး။ ခင်ဗျားဆိုင် ဖွင့်တာလေ။ ဒါကြောင့်မို့လို့ ဒါတွေကို သုံးဖို့မလိုအပ်ဘူး”

ဝူဟိုင်းက ချက်ချင်း ပြန်ပြောသည်။

"ဆိုင်မဖွင့်တဲ့ တခြားအချိန်တွေမှာရော ခင်ဗျား ဘယ်လိုလုပ်မှာလဲ"

ယွမ်ကျိုးက သူဆိုင်ပိတ်ထားပြီး အိပ်ပျော်နေသည့် အချိန်များကို ရည်ညွန်းပြောဆိုခြင်း ဖြစ်သည်။

"ခင်ဗျားဆိုင်ပိတ်ထားရင်တော့ ဗိုက်ဆာတဲ့ ခံစားချက်နဲ့ပဲ သည်းခံနေရတာပေါ့။ ကျုပ်ဘာလုပ်နေမယ်လို့ ခင်ဗျားက ထင်နေတာလဲ"

ဝူဟိုင်း၏ မကျေနပ်သောခံစားချက်က လေထဲ ချက်ချင်း ပျံ့လွင့်လာသည်။

"ခင်ဗျားက တကယ့်ကို သစ္စာရှိတဲ့ ဖောက်သည်ပဲ"

ယွမ်ကျိုးက သူ့စိတ်ထဲ တွေးတောလိုက်သည်။

"အရင်ဆုံး ခင်ဗျားရဲ့မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်။ ခဏနေရင် ချက်ပြုတ်ကြမယ်"

ယွမ်ကျိုးက တည့်တည့်မတ်မတ် မတ်တတ်ရပ်နေပြီး မီးဖိုချောင်ကို ညွှန်ပြကာ ပြန်ပြောသည်။

"ခင်ဗျားက စကားလမ်းကြောင်းလွှဲဖို့ ကြိုးစားနေတာပဲ"

ဝူဟိုင်းက မကျေမနပ် အမူအရာကို မလှုပ်မယှက် ပြန်ပြောသည်။

"မီးဖိုချောင်ကို သန့်ရှင်းရေးမလုပ်ရင်တော့ ခင်ဗျားချက်တဲ့ဟင်းကို ခင်ဗျားဘာသာ ခင်ဗျား စားတော့"

ဝူဟိုင်း မလှုပ်မယှက် မတ်တတ်ရပ်နေခြင်းကို မြင်တွေ့ရသောအခါ ယွမ်ကျိုးက ပွင့်လင်းစွာ ပြောသည်။

"ကျုပ်က ပန်းချီဆွဲတဲ့နေရာမှာ တော်တယ်။ ကျဝေက အိမ်သန့်ရှင်းရေးအလုပ်တွေမှာ တော်တယ်"

သူ့သေးငယ်သော မုတ်ဆိတ်ကို ပွတ်သပ်ရင်း ဝူဟိုင်းက ပွင့်လင်းစွာ ပြောသည်။

"ခင်ဗျားစိတ်ကြိုက် စီစဉ်ပါ"

ယွမ်ကျိုးက မီးဖိုချောင်ရှင်းလင်းရန်အတွက် ဝူဟိုင်းကို အတင်းအကြပ် မတိုက်တွန်းခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူကိုယ်တိုင်ကလည်း မီးဖိုချောင် အသုံးအဆောင်ပစ္စည်းများကို သန့်ရှင်းရေး လုပ်ရခြင်းတွင် ကောင်းမွန်သူ မဟုတ်ပေ။

"ငါဝင်လာပြီနော်"

ကျန်းကျဝေက ပါဝင်ပစ္စည်း တစ်ပုံတစ်ပင်ကို သယ်ဆောင်ပြီး အခန်းထဲသို့ ဝင်ရောက်လာသည်။

"ပြန်လာသေးတယ်နော်။ မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်။ မင်းသယ်လာတဲ့ပစ္စည်းတွေ ငါ့ဆီပေးထား"

ဝူဟိုင်းက ပုံမှန်အတိုင်းပြောသည်။

"အမဲရင်ပုံသားကို ခရမ်းချဉ်သီးနဲ့ ပေါင်းမယ်။ ကြက်သားအရိုးလွတ်ကို ငရုတ်ပွနဲ့ ကြော်မယ်။ ဝက်သား နုပ်နုပ်စဥ်းပြီးတော့ အစပ်ကြော်မယ်။ ဂေါ်ဖီကြော်မယ်။ အချိုပွဲအနေနဲ့ ဖရဲသီးဖျော်ရည်နဲ့ ဥနီဖျော်ရည်ကို လုပ်မယ်။ ဒီလောက်ဆိုရင် လုံလောက်ပြီ"

ဝူဟိုင်းက ယွမ်ကျိုး၏ ပြောဆိုမှုကို ပထမဦးဆုံး သဘောတူလိုက်ပြီး ပါဝင်ပစ္စည်းများကို သယ်ဆောင်ကာ မီးဖိုချောင်သို့သွားသည်။

"မီးဖိုချောင် အရင်ဆုံး သန့်ရှင်းရေးလုပ်ပေး"

ဝူဟိုင်းက ယွမ်ကျိုး၏ သင်ကြားပြသမှုကို စမ်းသပ်ချင်သည့်ဆန္ဒ ထက်သန်နေသည်။

"ဒီနေ့ ဒီအချိန်ကြီး ချက်ပြုတ်ရင် နေ့လယ်စာ စားဖို့အတွက် စောလွန်းမနေဘူးလား"

ကျန်းကျဝေက အချိန်ကို တစ်ချက်ကြည့်လိုက်သည်။

"ဟင့်အင်း မစောလွန်းပါဘူး။ ငါကိုယ်တိုင်ချက်မှာ"

ဝူဟိုင်းက ဖြည်းဖြည်းချင်း ချက်ပြုတ်တတ်သည့်သဘောကို ဖော်ပြသည်။

"အင်း မင်းကိုယ်တိုင် ချက်မယ်လို့ ပြောလိုက်တာလား"

ကျန်းကျဝေက မျက်လုံးပြူး၊ မျက်ဆန်ပြူးဖြင့် ငေးစိုက်ကြည့်နေသည်။

"ဟုတ်တယ်။ ငါကိုယ်တိုင်

မချက်ပြုတ်ရတာ ကြာပီလေ"

ဝူဟိုင်းက ဟုတ်မှန်ကြောင်း ပြန်ပြောသည်။

"ဒါဆိုရင် သန့်ရှင်းရေးလုပ်ပြီးရင် ငါသွားတော့မယ်"

ကျန်းကျဝေက ယခုလို ပြတ်ပြတ်သားသား စကားမျိုး မပြောခဲ့ဖူးပေ။

"ဒါဆိုရင် ချက်ပြုတ်ပြီးကျန်တဲ့ အကြွင်းအကျန်တွေနဲ့ မီးဖိုချောင်ကို ဘယ်သူက သန့်ရှင်းရေးလုပ်မှာလဲ"

ဝူဟိုင်းက သူလုပ်ထားသော စားကြွင်းစားကျန်များနှင့် အမှိုက်သရိုက်များကို သန့်ရှင်းရေးလုပ်ရန် မတွေးထားပေ။ ယွမ်ကျိုးကလည်း သူ့ကို ကူညီမှာ မဟုတ်ပေ။ ထို့ကြောင့် မေးနေရန်ပင် မလိုအပ်ချေ။

"ဒါတွေအားလုံးကို ရှင်းလင်းဖို့အတွက် ညနေခင်းကျရင် ပြန်လာခဲ့မယ်"

ကျန်းကျဝေက လေးနက်စွာပြောသည်။

ထို့ပြင် သူက စကားအများကြီး မပြောခဲ့ပေ။ ထို့အစား ပုံမှန်ထက် မြန်ဆန်သောနှုန်းဖြင့် မီးဖိုချောင်ကို စိတ်အားထက်သန်စွာ သန့်ရှင်းရေး ပြုလုပ်နေသည်။ တစ်နာရီအတွင်း မီးဖိုချောင် သန့်ရှင်းသပ်ရပ်သွားသည်။

"အဆင်ပြေသွားပြီ။ မင်းသုံးလို့ရပြီ။ ငါပြန်တော့မယ်"

ကျန်းကျဝေ ထွက်မသွားခင် သူက ယွမ်ကျိုးကို သနားသော အမူအရာဖြင့် ကြည့်လာသည်။ ယွမ်ကျိုး အနည်းငယ် ဒွိဟဖြစ်သွားသည်။

သူ့စူးရှသောအမြင်ကြောင့် ဝူဟိုင်းမှာ ပြဿနာ သေချာပေါက်ရှိလိမ့်မည်ဟု ယုံကြည်သွား၍ သတိထားနေထိုင်ရန် ဆုံးဖြတ်လိုက်သည်။

"ဒီလူက မီးဖိုချောင်အဖျက်သမား ဖြစ်လောက်တယ်"

ယွမ်ကျိုးက ကျပန်း ခန့်မှန်းလိုက်သည်။

"သုံးမယ့်ပါဝင်ပစ္စည်းတွေ အားလုံးကို ငါကိုယ်တိုင်ပဲ ဆေးကြောမယ်"

ဝူဟိုင်းက ခေါင်းကိုလှည့်လိုက်ပြီး တံခါးပေါက်မှာ မတ်တတ်ရပ်နေသော ယွမ်ကျိုးကို ပြောသည်။

"အင်း မင်းဘာသာမင်းလုပ်လိုက်။ အခုပဲ စလုပ်လို့ရပြီ"

ယွမ်ကျိုးက တံခါးပေါက်နားမှ မတ်တတ်ရပ်နေသည်။ သူ၏ခြေဖျားထိပ်ကလေးက တံခါးအပြင်ဘက်သို့ သွားရန် ဦးတည်နေသည်။

ဝူဟိုင်းက မီးဖိုချောင်ကို ပေါက်ကွဲအောင် ပြုလုပ်လိုက်လျှင် ပြေးရန် အသင့်ပြုမူနေခြင်း ဖြစ်သည်။

"ကောင်းပြီ"

ဝူဟိုင်းက ခေါင်းညိတ်လိုက်ပြီး အသုံးပြုမည့် ပါဝင်ပစ္စည်းများကို ထုတ်သည်။ သူက ပုံမှန်နှုန်းဖြင့် ဟင်းသီးဟင်းရွက်နှင့် အခြားသော ပါဝင်ပစ္စည်းများကို

သန့်ရှင်းသပ်ရပ်အောင် ဆေးကြောသည်။ ဆေးကြောပြီးထားသော ပါဝင်ပစ္စည်းများကို ကောင်တာပေါ်မှာ တင်သည်။

"မင်း လုပ်တာ တော်တယ်။ ဒယ်အိုးထဲကို ထည့်လို့ရပြီ"

သေချာလေ့လာပြီးနောက် ယွမ်ကျိုးက ဝူဟိုင်းကို ချီးကျူးစကား ပြောလိုက်သည်။

"အင်း"

ဝူဟိုင်းက ပြန်ဖြေသည်။ ထို့နောက် သူက မီးခလုတ်ကို ဖွင့်လိုက်ပြီး ဒယ်အိုးထဲသို့ အသုံးပြုမည့် ပစ္စည်းများကို ထည့်ရန် ပြင်ဆင်သည်။

ထိုမှသာ မီးဖိုချောင်ကောင်တာပေါ်မှာ ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများ မရှိခြင်းကို ယွမ်ကျိုး သိရှိသွားသည်။ ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများ မရှိသည့်အပြင် စားသုံးဆီလည်း မတွေ့ရှိရပေ။

ထို့နောက် ဝူဟိုင်းက အံဆွဲကိုဖွင့်လိုက်ပြီး အံဆွဲအတွင်းမှ ကြီးမားသော အရောင်တောက်နေသည့် ပုလင်းကို ထုတ်လိုက်ပြီး အဖုံးဖွင့်က အရည်ကို ဒယ်အိုးထဲသို့ လောင်းချသည်။

"ဒါက ဘာသဘောလဲ"

ယွမ်ကျိုး တကယ့်ကို ဒွိဟ ဖြစ်နေရသည်။ အရည်တွေ လောင်းထည့်လိုက်မှသာ စားဆီကို ထည့်လိုက်ကြောင်း ယွမ်ကျိုး သဘောပေါက်သွားသည်။

ယွမ်ကျိုး အတော်ကြီး အံ့ဩနေရသည်။ ထို့နောက် ဝူဟိုင်းက ကြီးမားသော ပန်းချီစုတ်တံကို ကောက်ကိုင်လိုက်ပြီး ဒယ်အိုးကို စုတ်ချက်များ ရေးဆွဲသည်။

"ဒါကရော ဘာလုပ်တာလဲ"

ယွမ်ကျိုးက မနေနိုင်၊ မထိုင်နိုင် မေးမြန်းသည်။

"ဒယ်အိုးအောက်ခြေတစ်ခုလုံး ဆီတွေနှံ့သွားအောင် လုပ်တာလေ"

ဝူဟိုင်း၏ မျက်နှာက စိတ်အားထက်သန်သော အမူအရာကို ဖော်ပြသည်။

"ဆက်လုပ်၊ ဆက်လုပ်"

ယွမ်ကျိုးက နဖူးကို လက်ဖြင့်ထောက်လိုက်ပြီး နိမိတ်

မကောင်းသောခံစားချက်ကို ခံစားမိလာသည်။

ချက်ချင်းဆိုသလို ဝူဟိုင်းက ဒယ်အိုးထဲသို့ အမဲသား အပိုင်းအစကလေးများကို

ထည့်လိုက်သည်။

နောက်တစ်ဆင့်တွင် ဝူဟိုင်းက ဟင်းချက်ဝိုင်ကိုလည်း သေးငယ်သော အရောင်တောက်ပုလင်းထဲမှ ထုတ်ယူလိုက်သည်။

ဝူဟိုင်းအိမ်တွင်ရှိသော ဒယ်အိုးများ၏ ဆိုးရွားသော အခြေအနေကို ယွမ်ကျိုး ယခုမှ သဘောပေါက်သွားသည်။

ဝူဟိုင်း၏ ပုံစံက ဟင်းချက်ပြုတ်နေခြင်းထက် ပန်းချီဆွဲနေခြင်းနှင့် ပို၍တူသည်။ သို့သော်လည်း ဟင်းပွဲများကို ယခုလိုနည်းလမ်းဖြင့် ချက်ပြုတ်လျှင် အရသာရှိလာစရာ အကြောင်းမရှိပေ။

ထို့ကြောင့် ကျန်းကျဝေ၏ သနားသောအမူအရာကို ယခုမှ နားလည်သွားသည်။

ဝူဟိုင်းကို မီးဖိုချောင် အဖျက်သမားဟု ပြောမည့်အစား မီးဖိုချောင် မကောင်းဆိုးဝါးဟုပင် သုံးနှုန်းသင့်သည်။

နေ့လယ်ခင်းဆိုင်ဖွင့်ချိန် နီးကပ်လာသောကြောင့် ယွမ်ကျိုးက "ဒီနေ့တော့ ဒီလောက်ပဲ။ နေ့လယ်ခင်း ဆိုင်ဖွင့်ဖို့အတွက် အိမ်ပြန်တော့မယ်" ဟူသော စကားကို ပြောလိုက်သည်။

"ကျန်နေတဲ့ ဒီပစ္စည်းတွေကို ဘာလုပ်ရမှာလဲ"

ဝူဟိုင်းက မီးဖိုချောင်ထဲတွင်ရှိသော ပစ္စည်းများကို လက်ညှိုးထိုးကာ မေးမြန်းသည်။

"နေ့လယ်ခင်းမှ တစ်ဆင့်ချင်းစီ သင်ပေးမယ်"

ယွမ်ကျိုးက အနုပညာဆန်သော အမဲသားရင်ပုံသား အပိုင်းအစများကိုကြည့်ပြီး ဆုံးဖြတ်ချက် ပိုင်နိုင်စွာပြောသည်။

"ကောင်းပြီလေ"

ဝူဟိုင်းက ချက်ချင်းသဘောတူသည်။ ထို့နောက် ယွမ်ကျိုးက သူ့စားသောက်ဆိုင်သို့ ပြန်သွားသည်။

သူ့မီးဖိုချောင်ထဲရောက်သွားသောအခါ ယွမ်ကျိုးက ဝူဟိုင်း ဟင်းချက်ပြုတ်သောအခါ ဖြစ်ပေါ်လာသည့် ခက်ထန်သော အမူအရာ အကြောင်းကို တွေးမိသည်။

ဝူဟိုင်း ဟင်းချက်ပြုတ်သည့်အခါ အရောင်အဆင်း လှပအောင် ပြုမူတတ်သည်။ ဟင်းချက်နေရင်း တချို့သောစကားများကိုပင် ပြောတတ်သေးသည်။

"အရောင်က နုလွန်းတယ်။ အနီရောင် ထပ်ထည့်မယ်။

ဒီအရောင်က နုလွန်းလို့ အညိုရောင် ထည့်ရမယ်။ အမဲရင်ပုံသားနှင့် ခရမ်းချဉ်သီးပေါင်းက အရောင်စုံဖြစ်သွားပြီ"

ယွမ်ကျိုး၏သည်းခံနိုင်သော စိတ်နေသဘောထားကို စမ်းသပ်နေပုံပေါ်သည်။ ဝူဟိုင်း၏ မီးဖိုချောင်ထဲမှာ နာရီပေါင်းများစွာနေရန်

မဖြစ်နိုင်ချေ။

ကံကောင်းထောက်မစွာဖြင့် တစ်စုံတစ်ယောက်က ယွမ်ကျိုး၏ အတွေးကို နှောင့်ယှက်သွား၍ လက်ရှိအချိန်သို့ ပြန်ရောက်လာသည်။

"သူဌေးယွမ် ရှိလား"

အပိုင်း (၂၀၁)

ပြီးပါပြီ။

All Chapters