← Chapters

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

ယွမ်ကျိုး အပိုင်း(၂၀၂)

"သူဌေးယွမ်ရှိလား"

ဝဝဖြိုးဖြိုး ပြုံးနေသော အမျိုးသမီးတစ်ယောက်က ယွမ်ကျိုး၏ စားသောက်ဆိုင် တံခါးပေါက်မှာ မတ်တတ်ရပ်နေပြီး မေးမြန်းသည်။

"ဒါရိုက်တာဝူ၊ ဘာကိစ္စများရှိလို့လဲ"

ယွမ်ကျိုးက လှည့်လိုက်ပြီး သိမ်မွေ့စွာ ပြောသည်။

"စည်ပင်သာယာရုံးက ဝန်ထမ်းတစ်ယောက်က သူဌေးယွမ်နဲ့ပတ်သက်ပြီးတော့ ချီးမွမ်းစကား ပြောထားတယ်။ သူဌေးယွမ်မှာ ထူးချွန်တဲ့ လက်မှုပညာအရည်အချင်း ရှိတာပဲ"

ဒါရိုက်တာဝူက ယဉ်ကျေးသော အမူအရာဖြင့် စကားပြောသည်။ သူမရဲ့လက်တစ်ဖက်က ဖိုင်စာရွက်ကို ကိုင်ထားပြီး တခြားလက်တစ်ဖက်က ဘောပင်ကို ကိုင်ထားသည်။

"ခုလို ချီးမွမ်းစကားပြောပေးလို့ ကျေးဇူးတင်ပါတယ်"

ယွမ်ကျိုးက ယဉ်ကျေးစွာ ပြန်ဖြေသည်။

"အားနာဖို့ မလိုပါဘူး သူဌေးယွမ်။ သူဌေးယွမ်က အမြဲယဉ်ယဉ်ကျေးကျေး ဆက်ဆံတယ်နော်"

ဒါရိုက်တာဝူက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဒါဆိုရင် ဒီနေ့ ကျွန်တော့်ဆီကို လာရတဲ့အကြောင်းအရင်းက ဘာများလဲ"

ယွမ်ကျိုးက စကားနည်းနည်းပြောပြီးနောက် အဓိကအချက်ကို မေးမြန်းလိုက်သည်။

"စည်ပင်သာယာခွန် လာတောင်းတာပါ သူဌေးယွမ်။ ဒါ့ကြောင့်မို့လို့ ဒီဆိုင်ကို ရောက်လာရတာပါ"

ဒါရိုက်တာဝူက ယွမ်ကျိုးကို အချက်အလက်ဖိုင်တွေ ထုတ်ပြပြီး ပြုံးကာပြောသည်။

"ဪ မေ့နေတာ။ အခုလိုသတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါရိုက်တာဝူ"

ယွမ်ကျိုးက သူ့နဖူးသူ ပုတ်လိုက်ပြီး တစ်စုံတစ်ရာကို ပြန်လည်တွေးတောလိုက်သည်။

လတိုင်း၊ လတိုင်း လမ်းစည်ပင်သာယာခွန်အနေဖြင့် စားသောက်ဆိုင်များကို အခွန်ကောက်ခံလေ့ရှိသည်။ စားသောက်ဆိုင် အပြင်ဘက်တွင်ရှိသော အမှိုက်များကို သန့်ရှင်းရေး လုပ်ပေးရသည့်အတွက် သန့်ရှင်းရေးခွန် တောင်းခံခြင်းဖြစ်သည်။

"ဒီလလည်း ယွမ် ၅၀ပဲလား"

ယွမ်ကျိုးက သူ့ဟန်ဝတ်စုံ၏ အင်္ကျီလက်တွင်းမှာရှိသော အိတ်ကပ်ထဲမှ ယွမ် ၅၀ ကို ထုတ်လိုက်ပြီး ပေးရန်ပြင်ဆင်သည်။

"ဒီလအစထဲက ယွမ် ၆၀ ကို တိုးလိုက်တာပါ"

ဒါရိုက်တာဝူက ယဉ်ကျေးစွာပြောသည်။

"ကောင်းပြီ။ ကျေးဇူးတင်ပါတယ် ဒါရိုက်တာဝူ။ ကျွန်တော့်ဆိုင် အပြင်ဘက်မှာ ခုတလော အရမ်းကို သန့်ရှင်းနေတယ်"

ယွမ်ကျိုးက အပို ၁၀ ယွမ်ကို ထုတ်လိုက်ပြီး စိတ်အားထက်သန်သော အမူအရာဖြင့် စကားပြောသည်။

"အွန်း ဟုတ်တယ်၊ ဟုတ်တယ်။ သန့်ရှင်းရေးသမားတွေက အလုပ်ကောင်းကောင်းလုပ်တယ်"

ဒါရိုက်တာဝူက ပထမပိုင်းတွင် အံ့အားသင့်သွားပြီး တအံ့တဩ ပြန်ဖြေသည်။

"ကျေးဇူးတင်ပါတယ်"

ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။

"အားနာဖို့ မလိုပါဘူး။ ရပါတယ်။ ဒါက ကျွန်မတို့ရုံးရဲ့ တာဝန်ပါ။ သူဌေးယွမ်၊ တခြားဆိုင်တွေကို စည်ပင်ခွန်ကောက်ဖို့အတွက် သွားတော့မယ်နော်"

ဒါရိုက်တာဝူက ငွေလက်ခံယူလိုက်ပြီး ရှက်ကိုးရှက်ကန်းအပြုံးဖြင့် ထွက်သွားရန် ပြင်ဆင်သည်။

"ငါ သူ့ကို ရှက်အောင်လုပ်လိုက်မိလို့လား"

ယွမ်ကျိုးက နည်းနည်း ဒွိဟဖြစ်သွားသည်။ သူ ချီးမွမ်းစကားပြောလိုက်သည်က လွန်ကဲသွားသလော။

သို့သော်လည်း ယွမ်ကျိုးက သူ့ဆိုင်ပတ်ဝန်းကျင် အတော်လေး သန့်ရှင်းသွားသည်ဟု ခံစားမိသည်။ မနက်ခင်း ဆိုင်တံခါးကို ဖွင့်ချိန်တိုင်း သစ်ရွက်တစ်ရွက်မျှပင် မတွေ့ရသည်အထိ သန့်ရှင်းသပ်ရပ်နေသည်။

သူ စားသောက်ဆိုင်အတွင်းသို့ ဝင်သွားခါနီး အိမ်နီးနားချင်းသူဌေးထုံ၏အသံက သူ၏စိတ်အာရုံကို ဖမ်းစားသွားသည်။

"အခွန် ထပ်တိုးတောင်းပြန်ပြီလား။ ဒီနှစ်အတွင်း ခဏ ခဏ ငွေတိုးတောင်းတယ်နော်။ ဘယ်လိုဖြစ်ရတာလဲ"

သူဌေးထုံ၏ အသံတွင် အလွန်အမင်း မကျေနပ်သည့် ခံစားချက်များ ရောယှက်နေသည်။

"သူဌေးထုံ၊ အခုတလော ငွေကြေးဖောင်းပွလွန်းတာကို ရှင်လည်း သိသင့်ပါတယ်။ အလုပ်သမားအခွန်တွေတောင် တိုးလာပြီလေ"

ဒါရိုက်တာဝူက ပြုံးရွှင်သော အမူအရာဖြင့် ရှင်းပြသည်။

"အခွန်တိုးတောင်းတာကို သက်သေပြဖို့အတွက် တစ်ခုခုတော့ ပြရမယ်။ ဒီလိုမှမဟုတ်ရင် အမှန်လားဆိုတာ ဘယ်လိုသိရမလဲ"

သူဌေးထုံက မကျေနပ်သော အမူအရာဖြင့် စကားပြောနေသေးသည်။

"ဒီစာရွက်ကို ဖတ်ကြည့်ပါ။ ဒါက ဒီလမ်းကို ကွပ်ကဲတဲ့ စည်ပင်ရုံးရဲ့ အသိပေးစာပါ။ ဒီထဲမှာ အကြောင်းအရာအားလုံးကို ဖော်ပြပေးထားပါတယ်"

ဒါရိုက်တာဝူက A4 စာရွက်ကို ထုတ်လိုက်ပြီး သူဌေးထုံထံ ပေးသည်။ သူဌေးထုံက စာရွက်ကို လက်ခံယူလိုက်ပြီး အသေးစိတ် ဖတ်ရှုကြည့်သည်။

သူမက တရုတ်စကားလုံး များစွာကို မဖတ်ရှုတတ်သော်လည်း ငွေကြေးတန်ဖိုး

နှင့်ပတ်သက်သော စကားလုံးများကို အတိအကျ သိသည်။ ပြဿနာမရှိကြောင်း သိရသောအခါ သူမက စာရွက်ကို ဒါရိုက်တာဝူထံ ပြန်ပေးလိုက်သည်။

သို့သော်လည်း သူဌေးထုံက ငွေကို ချက်ချင်းပေးချင်သည့် ရည်ရွယ်ချက် မရှိဘဲ တံခါးပေါက်မှာ မတ်တတ်ရပ်နေသေးသည်။

"ကောင်းပြီ။ ငါပေးမယ်။ ဒါပေမယ့် ဒီလမ်းကို ဒီ့ထက်မက သန့်ရှင်းအောင် လုပ်ပေးပါ။ မနက်ခင်းတိုင်း ငါ့ဘာသာငါ ပြန်ပြီးတော့ တံမြက်စည်း လှဲနေရတယ်"

သူဌေးထုံက မကျေမနပ် အမူအရာဖြင့်ပြောသည်။

"မစိုးရိမ်ပါနဲ့။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ဒီလမ်းကို ကြီးကြပ်ရတဲ့ ဝန်ထမ်းကို ပြောထားပါ့မယ်"

ဒါရိုက်တာဝူက စိတ်အားထက်သန်သော အမူအရာဖြင့် စကားပြန်ပြောသည်။

"အမ် ပြောထားပေးရုံပဲ ရပါ့မလား။ ငါမကျေနပ်တာတွေ အများကြီးရှိသေးတယ်"

သူဌေးထုံက သူမကျေနပ်သမျှ အကြောင်းအရာများကို ယနေ့ထုတ်ပြောနေသည်။

"ကောင်းပါပြီ။ သေချာပေါက်ပြောပေးပါ့မယ်"

"ဒါရိုက်တာဝူ၊ ရှင်ပြောခဲ့တဲ့စကားကို ရှင့်ဘာသာ ကတိတည်နိုင်အောင် ကြိုးစားနော်။ အမှားကို ပြုပြင်ပြီးတော့ တိုးတက်အောင်လုပ်။ ငါ့ဆိုင်ပတ်ဝန်းကျင်က အရမ်းကို ညစ်ပတ်နေတယ်"

သူဌေးထုံ၏ဆိုင်မှာ အခွန်ကောက်ခံပြီးနောက် တခြားသောဆိုင်များသို့ ဒါရိုက်တာဝူ သွားရောက်သည်။

"မင်္ဂလာပါ သူဌေးရှန်။ ဒီအသိပေးစာကို ဖတ်ရှုပေးပါ"

ဒါရိုက်တာဝူက အခွန်ငွေ တိုးကောက်ခံသည့် အသိပေးစာအား အရင်ဆုံး ကမ်းပေးသည်။

"အမလေးလေး၊ အခွန်က ထပ်တိုးပြန်ပြီလား။ စီးပွားရေး သေးသေးလေး လုပ်ထားပြီးတော့ အကျိုးအမြတ်ကလည်း နည်းနည်းပဲရတာလေ။ အခွန်က များလှချည်လား"

ဖက်ရှင်ကျကျ ဆံပင်ကောက်ထားသော သူဌေးရှန်က အသိပေးစာကို မြင်သောအခါ ထအော်သည်။

"ဘယ်နေရာမှာပဲဖြစ်ဖြစ် စည်ပင်ခွန်က တူတူပါပဲ"

ဒါရိုက်တာဝူက ဟုတ်မှန်ကြောင်းပြောသည်။

"ငါလည်း သူဌေးထုံနဲ့ အကြံအတူတူပဲ။ အခွန်ကြေး တိုးတောင်းတာကိုတော့ လက်ခံနိုင်ပေမယ့် ဒီပတ်ဝန်းကျင် သန့်ရှင်းမှု ဆိုးရွားတာကိုတော့ ဖြေရှင်းပေးရမယ်"

သူဌေးရှန်က လေးနက်စွာပြောသည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သေချာပေါက် သတင်းပို့ပေးပါ့မယ်။ မစိုးရိမ်ပါနဲ့"

ဒါရိုက်တာဝူက လမ်းစည်ပင်ရုံးတွင် အလုပ်လုပ်သည့် ဝန်ထမ်းဖြစ်သည့်အတွက်ကြောင့် စိတ်ရှည်သည်းခံ

သည့်အပြင် အငြင်းပွားမှုများ ကြုံလာသောအခါ အေးအေးဆေးဆေး အမူအရာဖြင့် ဖြေရှင်းရန် ကြိုးစားသည်။

"ဒါဆိုရင် အခုပဲ သဘောတူညီမှု ယူမယ်။ ငါတို့ တောင်းဆိုတဲ့ဟာကို ရအောင်ဖြေရှင်းပေး။ အမြန်ဆုံး ဖြေရှင်းပေးတာပဲလိုချင်တယ်။ ဒီလိုမှ မဟုတ်ရင် နောက်လကျရင် ငွေကောက်ခံဖို့ လွယ်ကူမယ် မထင်နဲ့"

သူဌေးရှန် နှင့် သူဌေးထုံက တူညီသောစကားကိုသာ ပြောဆိုခြင်းဖြစ်သည်

"ငါ့ကို ယုံကြည်ပေးပါ။ နင်တို့အားလုံးရဲ့ တိုင်ကြားချက်တွေကို သေချာပေါက် အစီရင်ခံပေးပါ့မယ်"

ဒါရိုက်တာဝူက စိတ်အားထက်သန်သောအမူအရာဖြင့် သဘောတူသည်။ ထိုမှသာ သူဌေးထုံ နှင့် သူဌေးရှန်တို့က ငွေကို ထုတ်ပေးသည်။

ယွမ်ကျိုးက ဤမြင်ကွင်းကို ဘေးဘက်ကနေ စောင့်ကြည့်နေပြီး မျက်မှောင်ကြုတ်လိုက်သည်။

သူ့ဆိုင်အပြင်ဘက် ပတ်ဝန်းကျင်လမ်းက သန့်ရှင်းသပ်ရပ်နေသော်လည်း အနီးအနား စားသောက်ဆိုင်များက လမ်းညစ်ပတ်ခြင်းနှင့် တခြားသော မကျေနပ်ချက်များကို ပြောဆိုနေရသည့် အကြောင်းရင်းကို သူနားမလည်နိုင်ချေ။

အခြေအနေကို ဆန်းစစ်ဝေဖန်ရန်အတွက် လေ့လာစုံစမ်းမှုကို လုပ်ဆောင်ရမည်။ ဆိုင်တိုင်းလိုလိုက တူညီသော မကျေနပ်ချက်ကိုသာ ထုတ်ပြောကြသည်။

"ဘယ်လိုဖြစ်ရတာပါလဲ"

ယွမ်ကျိုး ဒွိဟဖြစ်နေသည်။ ဒါရိုက်တာဝူကို ချီးမွမ်းစကား ပြောသောအခါ ဒါရိုက်တာဝူ၏ မျက်နှာက အရှက်ရသော အခြေအနေ ဖြစ်သွားသည့် အကြောင်းရင်းကို ယခုမှ သဘောပေါက်သွားသည်။

နောက်တစ်နေ့ မနက်ခင်းတွင် ပုံမှန်အတိုင်း အနှေးလမ်းလျှောက်ရင်း အခြေအနေကို လေ့လာစုံစမ်းရန် ဆုံးဖြတ်ထားသည်။

နားမလည်နိုင်သောကြောင့် သူကိုယ်တိုင် စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သူ့ဆိုင်ပေါက်ဝရှိ လမ်းက အရမ်းကို သန့်ရှင်းသပ်ရပ်နေခြင်းက အမှန်တရားဖြစ်သည်။

နေ့လယ်ခင်းဆိုင်ဖွင့်ချိန် နီးကပ်လာသောကြောင့် နေ့လယ်ခင်းဆိုင်ဖွင့်ရန် ပြင်ဆင်သည်။ ဆိုင်ဖွင့်ရန် မိနစ်ပိုင်းခန့် အလိုတွင် ဝူဟိုင်းက စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာသည်။

သူက အဖုံးတင်းကျပ်စွာဖုံးထားသည့် မြေအိုးကို ကိုင်ဆောင်ရင်း စားသောက်ဆိုင်ထဲ ဝင်လာခြင်းဖြစ်သည်။

"အကိုဝူ၊ ခင်ဗျားက ကျွန်တော့်ကို အတုခိုးမလို့လား"

ဝူကျိုးက ဘေးဘက်မှာရှိနေပြီး သနားသော အမူအရာဖြင့် စကားပြောသည်။

"မဟုတ်ဘူး။ သူဌေးယွမ်ရဲ့ သင်ကြားမှုကို ခံယူပြီး ရရှိလာတဲ့ ငါ့ရဲ့အောင်မြင်မှုလေ"

ဝူဟိုင်းက ယွမ်ကျိုး၏ သင်ကြားမှုကြောင့် သူ၏ ကျွမ်းကျင်မှုကို အတော်အတန် ယုံကြည်မှု ရှိနေသည်။

"မဟုတ်ဘူး။ ဒါက ငါနဲ့ ဘာမှ မသက်ဆိုင်နေဘူး"

ယွမ်ကျိုးက ချက်ချင်းငြင်းပယ်သည်။ ဟာသပဲ။ အိုးထဲမှာရှိသော အရာဝတ္ထုကို အခြားသူ မြင်သွားလျှင် သူ၏ဂုဏ်သတင်းလည်း

လေကဲ့သို့ ပျောက်ကွယ်သွားလိမ့်မည်။

"ဒါပေမယ့် မနက်ခင်းတုန်းကလေ"

ဝူဟိုင်းက မြေအိုးကို အောက်ချလိုက်ပြီး စကားအဆုံးမသတ်ခင် ယွမ်ကျိုး၏ ဝင်ရောက်ပြောဆိုမှုကို ခံခဲ့ရသည်။

"ဒီမနက်ခင်းတုန်းက မင်းဒယ်အိုးထဲမှာ ချက်ပြုတ်နေတာကိုပဲ ငါ စောင့်ကြည့်ခဲ့တာလေ"

ယွမ်ကျိုးက မြေအိုးထဲတွင်ရှိသောဟင်းပွဲအကြောင်းကို ပြောချင်သောဆန္ဒ မရှိပေ။

“ဒါဆိုရင် အရသာမြည်းစမ်းကြည့်ပါလား။ မမြည်းစမ်းကြည့်ဘူးလား။ ဘာလို့လဲ”

ဝူဟိုင်းက ယွမ်ကျိုး ချက်ချင်းငြင်းပယ်သော်လည်း မလျော့စတမ်း တောင်းဆိုသည်။

“ရတယ် မလိုအပ်ဘူး။ တခြားသူတွေကိုပဲ အရသာ မြည်းခိုင်းလိုက်လေ”

ယွမ်ကျိုးက ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။ သူ့ရဲ့လက်ရှိအာရုံခံစားနိုင်စွမ်းဖြင့် မြေအိုးထဲတွင်ရှိသော အရသာကို ခန့်မှန်းမိသည်။ သူ၏ အနံ့ခံအာရုံက တခြားသူထက် ပို၍ ကောင်းမွန်သောကြောင့် ခံစားမိခြင်းဖြစ်သည်။

“ဒါဆိုရင် နင်တို့တွေ စမ်းစားကြည့်ချင်လား”

ဝူဟိုင်းက မြေအိုးကို ညွှန်ပြပြီး မေးမြန်းသည်။ စားသောက်ဆိုင်ထဲ ခဏတိတ်ဆိတ်သွားပြီးနောက် တစ်စုံတစ်ယောက်က ပြန်ဖြေသည်။

“စားကြည့်ကြတာပေါ့”

ဝူဟိုင်းနှင့် ဝူကျိုးက အတော်အတန် ရင်းနှီးသောကြောင့် ဝူကျိုးက အရင်ဆုံး သဘောတူလိုက်သည်။

“ငါလည်းစမ်းကြည့်မယ်။ အချိန်ပိုသေးတာပဲ။ အစာအိမ်ထဲကို အစာဖြည့်ထားသလိုဖြစ်တာပေါ့”

ချစ်သူနှစ်ဦးက စပ်စပ်စုစု ပြန်ပြောသည်။

“အင်း။ ဒီအဖိုးကြီးကတော့ ဒီလို ရှုပ်ရှုပ်ယှက်ယှက် အစားအသောက်တွေကို မစားနိုင်ဘူး”

လီရန်ယီက ဝင်ရောက်ပြောဆိုသည်။

“စကားမတည်တဲ့သူကိုလည်း စားဖို့ မဖိတ်ခေါ်ပါဘူး”

ဝူဟိုင်းက ခပ်ပြတ်ပြတ် ပြန်ပြောသည်။

“ဒီအစားအသောက်တွေက ငါ့ကို သေစေလောက်တဲ့ထိ အဆိပ်ဖြစ်စေရင် ဘယ်လိုလုပ်မလဲ။ မင်းဘာသာမင်းပဲ စားလိုက်ပါ”

လီရန်ယီက မညှာမတာပြန်ပြောသည်။

“မဟုတ်ဘူး။ ဒါက အနုပညာဆန်တယ်။ အလွန်အမင်း လှပတဲ့အရောင်ကိုပဲ ကြည့်လိုက်လေ”

ဝူဟိုင်းက အဖုံးကို ရုတ်ချည်း ဖွင့်လိုက်သည်။ ထို့နောက် ဝူကျိုး ထိတ်လန့်သွားပြီး မေးမြန်းသည်။

“ဒါကဘာလဲ”

“အမဲရင်ပုံသားကို ခရမ်းချဉ်သီးနဲ့ ပေါင်းထားတာလေ။ မှော်ဆန်တဲ့အရောင်ကိုပဲကြည့်လိုက်။ အရသာက သေချာပေါက်ကောင်းလောက်တယ်”

ဝူဟိုင်းက အရောင်ခုနှစ်ရောင်ဖြင့် ဖန်တီးထားသော အိုးအတွင်းရှိ အမဲရင်ပုံသားနှင့် ခရမ်းချဉ်သီးပေါင်းကို ညွှန်ပြပြီး ကျေနပ်ဟန် စကားပြောသည်။

အိုးအတွင်းမှာ အရောင်ခုနှစ်ရောင်ရှိရုံအပြင် အလွှာများလည်း ပိုင်းခြားထားသည်။ အလယ်တွင်ရှိသော အကျယ်ပြန့်ဆုံးအကန့်တွင် သာမန်အနီရောင် ခရမ်းချဉ်သီးများရှိနေသည်။ တခြားအရောင်များကို ဝူကျိုးကြည့်ရန်ပင် ထိတ်လန့်နေသည်။

အပိုင်း(၂၀၂)

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၂၀၃)

“ဘာလဲ။ ဘယ်လိုဖြစ်ရတာလဲ”

လူငယ်စုံတွဲလေးက တစ်ပြိုင်နက်တည်း ထအော်သည်။

“အမဲရင်ပုံသားလေ။ မမြင်ဖူးဘူးလား။ ဇီဇာကြောင်လွန်းတဲ့နှစ်ယောက်”

ဝူဟိုင်းက လူငယ်စုံတွဲကို

မကျေနပ်သောအမူအရာဖြင့် တစ်ချက်ကြည့်လိုက်သည်။

“အချစ်ကလေး၊ ဒီမနက်ခင်း အစားတွေ အရမ်းများသွားလို့ လေပွနေတယ်လို့ ပြောခဲ့တယ်မို့လား။ အခုအချိန်မှာ ဗိုက်မဆာသေးဘူးမို့လား။ ဟုတ်တယ်မို့လား”

ချစ်သူစုံတွဲမှ အမျိုးသားက ကောင်မလေးရဲ့ လက်သည်းနှင့်ဆိတ်၍ သတိပေးချက်ကြောင့် အသိဝင်လာပြီး ချက်ချင်းတုံ့ပြန်သည်။

“ဟုတ်တယ်။ အမှန်ပဲ။ အားနာပါတယ် အကိုဝူ။ ဒီနေ့တော့ ကျွန်မတို့တွေ ဗိုက်မဆာသေးဘူး။ နောက်တစ်ခေါက်မှပဲ အကိုဝူရဲ့ ဟင်းပွဲတွေကို မြည်းစမ်းကြည့်တော့မယ်”

ကြီးမားပြီး ချစ်စရာကောင်းသောမျက်ဝန်းလေးများဖြင့် ကောင်မလေးက ရိုးသားစွာပြောသည်။ တစ်ခါတစ်ရံတွင် အမျိုးသမီးများက လိမ်လည်စကားများကို ပြောသောအခါ ချစ်စရာကောင်းသည်။

“ဝူကျိုး၊ မင်း စမ်းစားကြည့်”

“မင်းအရင်ဆုံးစားကြည့်”

ဝူဟိုင်းက ဝူကျိုးကို ကြည့်ပြီးတော့ပြောသည်။

“အမ်၊ ငါ့အစာအိမ် သိပ်မကောင်းဘူး။ ဒါကြောင့်မို့ ဒီဆိုင်မှာ အရွက်ဟင်းပွဲတွေ လာစားတာ။ ဒီနေ့ အရွက်ဟင်းပွဲတွေပဲ ပိုပြီးတော့ စားချင်တယ်”

ဝူကျိုးက အကြောင်းပြချက်ပေးသည်။

“မင်းကြောက်နေတာလား”

ဝူဟိုင်းက အရူးမဟုတ်ပေ။ သူ့ရဲ့မုတ်ဆိတ်လေးကို ပွတ်သပ်ရင်း ပြဿနာကို နားလည်သွားပြီး မကျေနပ်ဟန်ပြောသည်။

“မရဘူး။ စားလို့မရဘူး။ ဒါပေမယ့် ကျုပ်ကောင်မလေးက ကျုပ်ကို အရွက်တွေစားဖို့ တောင်းဆိုထားတယ်။ ကျွန်တော်က ကောင်မလေးကို ကြောက်တတ်တယ်ဆိုတာ အကိုဝူလည်း သိပါတယ်”

ဝူကျိုးက ပျော်ရွှင်သောအမူအရာဖော်ပြသည်။

“ဟွန်း လာပြီးတော့ ကြွားလုံးထုတ်နေပြန်ပြီ”

ဝူဟိုင်းက ဆို့နင့်သောခံစားချက်ကို ခံစားမိပြီး ချက်ချင်းပြန်ပြောသည်။

သူ့ဘေးပတ်ဝန်းကျင်မှ လူအားလုံးကို မဲဆွယ်ခြင်း ရှုံးနိမ့်သွားသောအခါ ဝူဟိုင်းက သူ ယနေ့ချက်ပြုတ်ထားသော အမဲရင်ပုံသားကို မည်သူမှမစားမှန်း သဘောပေါက်သွား၍ မြေအိုးကို တံခါးပေါက်နားမှာ ချထားလိုက်သည်။

ထိုစဉ် ခွေးကလေးစွပ်ပြုတ်က အစာတောင်းရင်း ရောက်ရှိလာသည်။ အမြင်စူးရှသော ခွေးကလေးစွပ်ပြုတ်က ဝူဟိုင်း၏ဘေးနားတွင်ရှိသော မြေအိုးကို မျက်မှန်းတန်းမိသွားသည်။ ဝူဟိုင်းအနား ချက်ချင်းပြေးလာသည်။

အိုးထဲတွင်ရှိသော ဟင်းအနံ့ကို ရှုရှိုက်ပြီးနောက် မြန်ဆန်သောနှုန်းဖြင့် ချက်ချင်း ပြေးထွက်သွားသည်။

“ဟား ဟား ဟား ဟား ခွေးတောင် မင်းရဲ့ဟင်းပွဲကို ကြောက်လန့်ပြီး ထွက်ပြေးသွားတယ်”

လီရန်ယီက ဆိုင်ထဲဝင်ခါနီး ဤမြင်ကွင်းကို မြင်တွေ့ရ၍ ပျော်ရွှင်စွာ ရယ်မောသည်။

“သေချာစဉ်းစားဖို့ လိုအပ်တယ်။ တစ်ယောက်ယောက် ငါ့ကို ဆက်သွယ်နေပြီ”

ဝူဟိုင်းက မြေအိုးကို ယူသွားပြီး အိမ်သို့ပြန်ရန် ပြင်ဆင်သည်။

“ခွေးတောင် ဒါကို မစားချင်ဘူး”

လီရန်ယီက သရော်လိုက်ပြီး ဝေဖန်သည်။

“ဒီကနေ့ ဘာများ သုံးဆောင်ချင်ပါသလဲ”

သာယာချိုမြိန်သော မုရှောင်ယွမ်၏အသံက လီရန်ယီ၏ နားစည်သို့ ပျံ့လွင့်လာသည်။

“ထိုးဖောက်မြင်နိုင်တဲ့ အမဲသားလွှာနဲ့ ထမင်းဖြူတစ်ပွဲပေးပါ”

လီရန်ယီက ဟင်းပွဲကို အော်ဒါတင်ပြီး မှာယူထားသော ဟင်းပွဲများကို ကုန်အောင်စားလေ့ရှိသည်။

“ဒီစုတ်ချာနေတဲ့စည်းမျဉ်းတွေက ရှိနေတုန်းလား။ ဒီလိုသာလုပ်နေရင် ဒီစားသောက်ဆိုင် ဒေဝါလီခံရတော့မယ်”

အစားအသောက် အလဟဿဖြစ်သူကို နာမည်ပျက်စာရင်း ထည့်သွင်းမည်ဟူသောအချက်ကို နံရံပေါ်တွင် ရေးထိုးထားသေးသည်။

ဤအချက်ကိုကြည့်ပြီး လီရန်ယီက မကျေမနပ် ငြီးတွား ပြောဆိုပြန်သည်။

မုရှောင်ယွမ်က လီရန်ယီ၏ ထူးဆန်းသောသဘောထားနှင့် ပတ်သက်ပြီး အလေ့အထ ဖြစ်နေပါပြီ။

သူက ဆိုင်သို့လာစားတိုင်း ပြစ်တင်ပြောဆိုလေ့ရှိသည်။ ပြစ်တင်ပြောဆိုခြင်းက သူ၏ အစာချေဖျက်ခြင်းကို ကူညီပုံရသည်။ လီရန်ယီက လျင်မြန်စွာ စားသည်။

သေချာဝါးပြီး ဖြည်းဖြည်းချင်း မြိုချရန်အတွက် မိနစ် ၂၀ ခန့် ကြာခဲ့သည်။ မိနစ် ၂၀ ကြာမှသာ မှာယူထားသော အစားအသောက်များကို ကုန်စင်အောင် စားနိုင်သည်။

လီရန်ယီက စားသောက်ဆိုင်အပြင်ဘက်သို့ ထွက်လာသောအခါ သူ့လက်ထောက်ယန်ကျားက စားသောက်ဆိုင်၏အပြင်မှာ စောင့်ဆိုင်းနေသည်။

“ပါမောက္ခ၊ ဒီနေ့ကော တက္ကသိုလ်မြို့ကို သွားမှာလား”

ယန်ကျားက သူ့အတွက် ကားတံခါးကို ဖွင့်ပေးသည်။

“အဲ့ကိုပဲ တန်းသွားကြမယ်”

လီရန်ယီက ကားထိုင်ခုံမှာထိုင်လိုက်ပြီး ခေါင်းညိတ်သည်။ ကားကအဝေးတစ်နေရာသို့ ဖြည်းဖြည်းမှန်မှန် မောင်းနှင်သွားသည်။ ခဏကြာပြီးနောက် ယန်ကျားမေးမြန်းသည်။

“ပါမောက္ခ ဒီအမည်မဲ့ဆိုင်လေးနဲ့ ပတ်သက်ပြီးတော့ ဘာလို့မှတ်ချက် မရေးရတာလဲ”

“မင်းက စပ်စုလှချည်လား”

လီရန်ယီက မျက်လုံးဖွင့်လိုက်ပြီး ယန်ကျားကို ကြည့်သည်။

“ပါမောက္ခ ပြောပြရင်တော့ ကျွန်တော်သိရတာပေါ့”

ယန်ကျားက ကားကို အာရုံစိုက်မောင်းနှင်ပြီး စိတ်အားထက်သန်စွာ ပြန်ဖြေသည်။

“ငါ မရေးချင်လို့လေ”

လီရန်ယီက ပြတ်ပြတ်သားသား ပြန်ပြောသည်။

“ဒါပေမယ့် ဒီဆိုင်ကို ခဏ ခဏ လာစားတယ်လေ”

ယန်ကျား၏စကားလုံးများတွင် သံသယခံစားချက်များ ပြည့်နှက်နေသည်။

“ဟင်းပွဲတွေရဲ့ အရသာကမဆိုးပါဘူး။ ဒါပေမယ့် ဟင်းပွဲတွေအားလုံးကို စားပြီးသွားရင် ဒီဆိုင်မှာ ထပ်လာမစားတော့ဘူး။ ဒါကြောင့်မို့လို့ မှတ်ချက်လည်း မရေးချင်ဘူး”

ဤတစ်ကြိမ်တွင် လီရန်ယီက ပေါက်ပန်းလေးဆယ်ပြောခြင်းမဟုတ်ဘဲ လေးနက်သောအမူအရာဖြင့် စကားများကို ပြောဆိုခြင်းဖြစ်သည်။

“ကျွန်တော် နားလည်ပါပြီ၊ ပါမောက္ခ”

ယန်ကျားက ခေါင်းကိုလှည့်လိုက်ပြီး သူ့ပါမောက္ခကို တစ်ချက်ကြည့်လိုက်သည်။ သူ့စိတ်ထဲ ရုတ်တရက် စိတ်ကူးဉာဏ် ကွန့်မြူးလာပြီး လီရန်ယီ ဆိုလိုချင်သည့်အချက်ကို သဘောပေါက်သွားသည်။

“မင်းနားလည်တာကောင်းတယ်။ ဒါဆိုရင် ကားသေချာမောင်း”

စကားပြောခြင်းအဆုံးသတ်ပြီးနောက် လီရန်ယီက မျက်လုံးကို ဆက်မှိတ်ထားပြီး သူ့စိတ်ကို အနားပေးသည်။

...

နောက်တစ်နေ့မနက်ခင်းတွင် ယွမ်ကျိုးက အားကစားဝတ်စုံကို လဲလှယ်ပြီး အနှေးလမ်းလျှောက်ရန် အပြင်သို့ထွက်လာသည်။

“ဟူး”

အတော်အတန် ပင်ပန်းလာသည်။ အနှေးလမ်းလျှောက်နေစဉ် ယွမ်ကျိုးက စာအုပ်ထဲတွင် ရေးသားထားသည့်နည်းလမ်းဖြင့် အသက်ရှူရန်ကြိုးစားသည်။

သို့သော်ငြားလည်း ပို၍ပင်ပန်းလာသည်။ တစ်ပတ်ပြည့်အောင် အနှေးလမ်းလျှောက်ပြီးနောက် သူ့စားသောက်ဆိုင် ဝင်ပေါက်နားသို့ ကွေ့ပတ်သွားသည်။

“တကယ့်ကို ခြားနားလှချည်လား”

ယွမ်ကျိုးက သူ့စားသောက်ဆိုင်အရှေ့ ပတ်ဝန်းကျင်နှင့် သူဌေးထုံ၏ ဆိုင်ပတ်ဝန်းကျင် အခြေအနေကို လေ့လာအကဲခတ်ရန် ရပ်တန့်လိုက်သည်။ ထို့နောက် တအံ့တဩ ပြောဆိုသည်။

“ငါ့စားသောက်ဆိုင်နဲ့ ငါ့ရဲ့ဆိုင်နားပတ်ဝန်းကျင်က သန့်ရှင်းသပ်ရပ်နေတာပဲ”

"သကြားလုံးအမှိုက်ခွံတွေ၊ ရှုပ်ပွနေတဲ့ စာရွက်ခွံတွေ၊ ညစ်ပတ်တာတွေတောင်မရှိဘူး။ အဲ့ဒါတွေ အားလုံးကို သူဌေးထုံရဲ့ဆိုင်ရှေ့မှာ တွေ့ရပါလား”

ယွမ်ကျိုးက သူ့စားသောက်ဆိုင်နှင့် သူဌေးထုံ၏ဆိုင်ကို နှိုင်းယှဉ်ပြီး သိသာထင်ရှားမှုက ပေါ်လွင်မှုရှိသည်။

“ဒါက ဘယ်လိုဖြစ်ရတာလဲ”

ယွမ်ကျိုးက လက်တစ်ဖက်ဖြင့် ချွေးများကို သုတ်ပြီး ကျန်လက်တစ်ဖက်က ခါးကိုထောက်ထားသည်။

“ဟေး ခွေးကလေးစွပ်ပြုတ် ဒီပြဿနာရဲ့အကြောင်းရင်းကို မင်းသိလား”

သူ့ဆိုင်၏ တံခါးပေါက်တွင် အမြဲလှဲအိပ်နေတတ်သည့် ခွေးကလေးစွပ်ပြုတ်အကြောင်းကို ရုတ်တရက်တွေးမိသောအခါ ယွမ်ကျိုးက မေးမြန်းလိုက်သည်။

သို့သော်ငြားလည်း ခွေးကလေးစွပ်ပြုတ်က တုံ့ပြန်မှုမရှိပေ။

“အော် ငါမေ့သွားတာပဲ။ မင်းက ခွေးဆိုတော့ လူသားဘာသာစကားကို မပြောနိုင်ဘူးပဲ။ အားနာမိပါတယ်”

ယွမ်ကျိုးက ချက်ချင်းပြန်တုံ့ပြန်သည်။ ထို့နောက် ဤနေရာမှာ ငါးမိနစ်ခန့် မတ်တတ်ရပ်ပြီးနောက် ပြောသည်။

“တစ်ယောက်ယောက် သန့်ရှင်းရေး လာလုပ်ပေးတာပဲ ဖြစ်ရမယ်”

ထို့နောက် နောက်တစ်နေ့မနက်စောစောတွင် လေ့လာစုံစမ်းရန် ဆုံးဖြတ်လိုက်သည်။ တခြားသူတစ်ယောက်က လျှို့ဝှက်ကူညီနေသည်ဟု ယွမ်ကျိုးခံစားမိ၍ သိလိုစိတ်ပြင်းပြနေခြင်းဖြစ်သည်။

ယွမ်ကျိုး၏ စားသောက်ဆိုင်တွင် လူကြိုက်အများဆုံး ဟင်းပွဲများက ကြာမြစ်ကစီဓာတ်ဟင်းပွဲ နှင့်အလိုက်ဖက်ဆုံး ဘဲဆီနှမ်းကပ်ကိတ်ဖြစ်သည်။

“ဘဲဆီနှမ်းကပ်ကိတ်နှင့် ကြာမြစ်ကစီဓာတ်ဟင်းပွဲကို မနက်ခင်းမှာ စားခွင့်ရတာ ပြီးပြည့်စုံတယ်"

ဖောက်သည်များက စားသုံးနေရင်း ခံစားချက်အပြည့်ဖြင့် သက်ပြင်းချသည်။ သို့သော်လည်း ယွမ်ကျိုးစားသောက်ဆိုင်၏ မနက်ခင်းဆိုင်ဖွင့်ချိန်သည် အလွန့်ကို တိုတောင်းလွန်းသည်။

ထို့ကြောင့် ကျန်အချိန်များကို ယွမ်ကျိုးစားသောက်ဆိုင်ပတ်ဝန်းကျင်တွင် လက်ကားရောင်းချသော ဈေးသည်များက ပိုင်ဆိုင်သည်။

“အဘွားရေ၊ ဝက်ပေါက်စီ တစ်ပွဲ နဲ့ ပဲနို့ပေးပါ”

“ကျွန်မအတွက်လည်း ဝက်ပေါက်စီတစ်ပွဲနဲ့ ပဲနို့တစ်ခွက်ပေးပါ။ သူဌေးယွမ်စားသောက်ဆိုင်က ဟင်းပွဲတွေပြီးရင် အဘွားဆိုင်က အစားအသောက်တွေက အရမ်းအရသာရှိတယ်”

ကောင်မလေးက ချိုသာသောအသံဖြင့် အဖွားအိုကိုပြောသည်။ ယွမ်ကျိုး၏ စားသောက်ဆိုင် အပြင်ဘက်တွင် ပေါက်စီ နှင့် ပဲနို့ရောင်းချသည့် အဘွားအိုသည် ရောင်းအကောင်းဆုံးဖြစ်သည်။ မနက်စာစားရန်အတွက် သူ့ဆိုင်မှာ လာစားလေ့ရှိကြသည်။

“ကျေးဇူးတင်ပါတယ် ကောင်မလေး။ ပေါက်စီကို မြည်းလို့ရပါပြီ။ ပဲနို့ကတော့ ပူနေသေးတယ်။ ခဏနေမှသောက်ပါ”

ချည်ထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး မီးခိုးရောင်ဆံပင်ရှိသော အဘွားအိုက နှစ်လိုဖွယ်ကောင်းသောအသံဖြင့် ပြောသည်။

“အရသာပုံမှန်ပဲလို့ ငါတော့ခံစားမိပါတယ်။ ဘာလို့ ဒီလိုချီးမွမ်းစကားပြောနေရတာလဲ”

အဘွားအိုကို ချီးမွမ်းစကားပြောလိုက်သည့် ကောင်မလေးကို သူမ၏ အရင်းနှီးဆုံး သူငယ်ချင်းက မကျေမနပ် အပြစ်တင်သည်။

“ဒါပေမယ့် ဒီဆိုင်က အရမ်းသန့်ရှင်းတယ်လေ။ အဘွားရဲ့လက်ကို သတိမထားမိဘူးလား။ အရမ်းကို သန့်ရှင်းနေတာပဲ။ တခြားရောင်းတဲ့သူတွေကို ကြည့်စမ်းပါဦး။ လက်သည်းထဲမှာ ကြေးတွေဝင်နေတယ်”

ကောင်မလေးက ပေါက်စီကို ကိုက်ရင်းပြန်ပြောသည်။

“နင် ပြောတာတွေက စက်ဆုပ်စရာကောင်းတယ်လို့ပဲ ခံစားမိတယ်”

သူမ၏ သူငယ်ချင်းက သူမ

မစားချင်သည့် ပေါင်မုန့်ကြော်ကို ကိုင်ထားရင်း စကားပြောသည်။ သို့သော်လည်း ဤသို့သော ဝေဖန်မှုက အဘွားအို၏ စီးပွားရေးကို မထိခိုက်စေခဲ့ပေ။

သိပ်မကြာခင်မှာပင် အဘွားယူလာသော ပေါက်စီ နှင့် ပဲနို့အားလုံး ရောင်းကုန်သွားသည်။

အဘွားအိုက အိမ်သို့ပြန်ရောက်လာသောအခါ

ရောင်းရငွေများကို ပျော်ရွှင်စွာ ရေတွက်သည်။

“အပိုလုပ်ထားတဲ့ ပေါက်စီ ၁၀ခုတောင် ရောင်းကုန်သွားပြီ။ လူငယ်သူဌေးလေးရဲ့ ဟင်းချက်စွမ်းရည်က အံ့မခန်းပဲ”

အဘွားအိုက သူ၏ပိန်ပါးသော လက်ထဲတွင်ရှိသော အကြွေအပြည့်ကို ကြည့်ပြီး ပျော်ရွှင်နေသည်။

ပေါက်စီ နှင့်ပဲနို့ လတ်ဆတ်ရန်အတွက် အဘွားအိုက မနက်အစောကြီးထပြီး ပြင်ဆင်ရသည်။ အဘွားအိုက မနက်၃နာရီကတည်းက အိပ်ယာမှထပြီး မုန့်ညှက်နယ်သည်။

မုန့်ညှက်ပွလာမည့်အချိန်ကို စောင့်ဆိုင်းရသည်။ စောင့်ဆိုင်းရမည့်အချိန်တွင် သူမက အိပ်စက် အနားယူခြင်းမရှိဘဲ တံမြက်စည်းကိုင်ပြီး အပြင်သို့ ထွက်လာသည်။

မနက်ခင်း ၃နာရီ ၄၀ မိနစ်အချိန်တွင် လမ်းကအလွန်အမင်း တိတ်ဆိတ်နေပြီး စည်ပင်အလုပ်သမားများပင် အလုပ်မလုပ်သေးပေ။ မှောင်နေသေးသည်။

၁၅ မိနစ်ခန့် လမ်းလျှောက်ပြီးနောက် အဘွားအိုက ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ ရောက်ရှိသွားသည်။ မှိန်ပျပျ လမ်းမီးရောင်အောက်မှာ သူမက တံမြက်စည်းကို ကောက်ကိုင်လိုက်ပြီး လမ်းသန့်ရှင်းရေးလုပ်သည်။

ခွေးကလေးစွပ်ပြုတ်က သတိထားဟန် အနေအထားဖြင့် စားသောက်ဆိုင်ပေါက်ဝမှ လဲလျောင်းနေပြီး အသံကြား၍ မော့ကြည့်လိုက်သောအခါ အဘွားအိုဖြစ်နေ၍ ပြန်အိပ်သည်။

အဘွားအို ဆိုင်သို့ စောစောလာရောက်ခြင်းက ပထမဦးဆုံးအကြိမ်မဟုတ်မှန်း သိသာထင်ရှားသည်။ တံမြက်စည်းကို ဝှေ့ယမ်းပြီး စိတ်အားထက်သန်စွာ မြေကြီးကို လှည်းကျင်းသည်။

ထို့နောက် မြေကြီးပေါ်တွင်ရှိသော အမှိုက်သရိုက်များကို ကောက်ပြီး သန့်ရှင်းသပ်ရပ်စေသည်။ ထို့နောက် အဘွားအိုက တံမြက်စည်းကိုယူလိုက်ပြီး အိမ်သို့ပြန်ရန် ပြင်ဆင်သည်။

အပိုင်း(၂၀၃)

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၂၀၄)

အဘွားအိုက လက်တစ်ဖက်ဖြင့် အမှိုက်ထုပ်ကို သယ်ဆောင်ပြီး ကျန်လက်တစ်ဖက်က တံမြက်စည်းကို သယ်ဆောင်သည်။ ထို့နောက် အဘွားအိုက အိမ်သို့ပြန်ရန် ပြင်ဆင်သည်။ အများသုံးအမှိုက်ပုံးကို တွေ့မှသာ သူမက အမှိုက်ထုပ်ကို စွန့်ပစ်သည်။

မနက်ခင်း ၄ နာရီ ၅၀ မိနစ် အချိန်ဖြစ်သည်။ စည်ပင်ဝန်ထမ်းများ စတင်အလုပ်လုပ်သောအချိန်လည်းဖြစ်သည်။

လမ်းမီးမှိန်ပျပျ အလင်းရောင်အောက်မှာ အဘွားအိုက အိမ်သို့ပြန်သည်။ အိမ်သို့ပြန်ရောက်သောအခါ သူမက ပေါက်စီကို မပြုလုပ်ခင် ရေမိုးချိုး သန့်စင်ပြီး အဝတ်အစားလဲသည်။

အပူငွေ့များ လှိုက်တက်လာပြီး ပေါင်းအိုးထဲမှ ဖြူဖြူဖွေးဖွေးပေါက်စီလေးမှာ မွှေးရနံ့များ ထွက်ပေါ်နေသည်။

“လူငယ်သူဌေးလေး၊ ဒီနေ့ ဘာရောင်းမလဲဆိုတာ မသိပေမယ့် ငါ့ရဲ့စီးပွားရေးက တစ်နေ့ထက်တစ်နေ့ ပိုပြီးတော့ ကောင်းမွန်လာတယ်”

အဘွားအိုက မုန့်ညှက်တွေကို လှိမ့်ရင်း ပြုံးကာ ရေရွတ်သည်။ ပျော်ရွှင်သောမျက်နှာအမူအရာကို ဖော်ပြနေခြင်းဖြစ်သည်။

ယွမ်ကျိုး ၄ နာရီ ၃၀ မိနစ်အချိန်တွင် အိပ်ယာမှ နိုးနိုးချင်း လိုက်ကာကို ဖွင့်ကြည့်သည်။ သူ့ဆိုင်ရှေ့ပတ်ဝန်းကျင်မြေကြီးက အလွန်အမင်း သန့်ရှင်းနေသည်။

စည်ပင်ဝန်ထမ်းများက တခြားနေရာတွင် သန့်ရှင်းရေးပြုလုပ်နေပြီး သူ့ဆိုင်ရှေ့သို့ မရောက်ရှိသေးပေ။

“တစ်ယောက်ယောက်က ငါ့ဆိုင်ရှေ့ပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်ဖို့ ကူညီပေးနေပုံပဲ။ သူ့လှုပ်ရှားမှုက မြန်ဆန်လွန်းလို့ ငါတောင် ဖမ်းလို့မရဘူး”

ယွမ်ကျိုးက မျက်မှောင်ကြုတ်ပြီး သူ့ကိုယ်သူပြောသည်။

ရေမိုးချိုးသန့်စင်ပြီးနောက် အနှေး လမ်းလျှောက်ရန် အပြင်သို့ ထွက်လာသည်။ သူ့ဆိုင်သို့ ပြန်ရောက်လာသောအခါ မနက် ၆ နာရီပင်

မရောက်သေးပေ။

အမယ်စုံအရွက်ပေါင်းပေါက်စီက ကျန်းမာရေးအတွက် ကောင်းမွန်သောကြောင့် ယနေ့ ပြင်ဆင်ရောင်းချရန်ဆုံးဖြတ်ထားသည်။

ယွမ်ကျိုး၏နှုန်းဖြင့် ပေါက်စီအလုံး ၁၀၀ကို ပြုလုပ်ခြင်းက လွယ်ကူသောကိစ္စရပ်ဖြစ်သည်။

ယွမ်ကျိုးက ပေါက်စီပေါင်းကို ပြုလုပ်နေစဉ် အဘွားအိုက အပူကာအိုးဖြင့် သူမပြုလုပ်ထားသော ပေါက်စီနှင့် ပဲနို့ကို သယ်ဆောင်ကာ အိမ်မှ ထွက်ခွာလာသည်။

သူမသယ်ယူလာသော ပေါက်စီ နှင့် ပဲနို့က အတော်အတန် လေးလံသောကြောင့် ၅၀ မိနစ်ခန့် သယ်ဆောင်ပြီးနောက် ခဏနားကာ ဆက်လက်လမ်းလျှောက်သည်။

၁၅မိနစ်ဖြင့် ရောက်သော ယွမ်ကျိုး၏ဆိုင်သို့ မိနစ် ၅၀ ခန့် အချိန်ယူကာ လမ်းလျှောက်ခဲ့ရသည်။ သူမဆိုင်သို့ ရောက်ရှိသောအခါ မနက် ၇ နာရီအချိန်သို့ ရောက်ရှိနေပါပြီ။

ယွမ်ကျိုး၏စားသောက်ဆိုင်အပြင်ဘက်မှာ တန်းစီစောင့်နေသော ဖောက်သည်များစွာလည်း ရှိနေသည်။ အဘွားအိုက အနားယူခြင်းမရှိဘဲ သူမ သယ်ဆောင်လာသော မုန့်များကို ရောင်းရန် ကြိုးစားသည်။

“ပေါက်စီပူပူလေးရမယ်၊ ပေါက်စီပူပူလေးလည်းရမယ်။ ပဲနို့ပူပူလေးလည်း ရမယ်နော်”

အဘွားအိုရဲ့ ကြည်လင်ပြီးတော့ ကျယ်လောင်တဲ့အသံက ထွက်ပေါ်လာသည်။

အပြင်ဘက်မှာ တန်းစီစောင့်နေသော ဖောက်သည်များက ဗိုက်မဆာလျှင် လက်ကားရောင်းချသူများ ရောင်းသောအစားအသောက်များကို မဝယ်စားကြပေ။

ဖောက်သည်များစွာရှိနေသောကြောင့် အဘွားအိုက အလွယ်တကူ လက်မလျော့ခဲ့ပေ။ သူမက အပြင်ဘက်မှာ စောင့်ဆိုင်းနေသော ဖောက်သည်လူအုပ်ကြီးနား ဖြည်းဖြည်းချင်း လမ်းလျှောက်သွားပြီး ပဲနို့ ၂ခွက်ကို အောင်မြင်စွာ ရောင်းချနိုင်ခဲ့သည်။

ဆိုင်ဖွင့်ချိန်သို့ တဖြည်းဖြည်းချင်းနီးကပ်လာပြီး ယွမ်ကျိုးက စားသောက်ဆိုင်ကို အချိန်အတိအကျဖွင့်သည်။

“ဒီကနေ့ မနက်စာအတွက် အမယ်စုံအရွက်ပေါင်းပေါက်စီကို ရောင်းတယ်”

“ဒီတစ်ခေါက်တော့ အရသာကို အပြည့်အဝ မြည်းစမ်းနိုင်ပြီ”

စားသောက်ဆိုင်သို့ ပထမဦးဆုံး ဝင်ရောက်လာသော ဖောက်သည်က ယွမ်ကျိုးစားသောက်ဆိုင်မှာ ရောင်းချမည့် ဟင်းပွဲအမည်ကို သိသောအခါ အပြင်ဘက်မှာ စောင့်ဆိုင်းနေသည့် ဖောက်သည်များကို သတင်းစကားပါးသည်။

"ပေါက်စီက အရွက်ပေါက်စီလို့ သတင်းကြားတယ်။ အရွက်တွေက လတ်ဆတ်ပြီးတော့ နူးညံ့တယ်။ အဲ့ဒီအရွက်တွေကနေပြီးတော့ ရေတွေ

စိမ့်ထွက်လာတာတောင် မရှိဘူး။ အရသာကလည်း အရမ်းလတ်ဆတ်တယ်"

"တော်လိုက်ကြတော့။ ငါအရမ်းဗိုက်ဆာလာပြီ။ ဗိုက်ဆာတာကို သည်းမခံနိုင်တော့ဘူး"

တခြားသော ဖောက်သည်တစ်ယောက်က မကျေမနပ်ပြောသည်။

“ဒီလိုပြောမှ အစားစားချင်စိတ် ပိုတိုးမှာလေ။ များများစားနိုင်မှာပေါ့”

၎င်းအမျိုးသားက အရှက်မဲ့သောအမူအရာဖြင့် စကားပြောသည်။

“လာကြ၊ လာကြ။ တန်းစီစရာရှိတာ တန်းစီ”

“ခင်ဗျားဒီလိုမျိုးပြောနေရင်တောင် သူဌေးယွမ်က ပေါက်စီ အပိုရောင်းပေးမှာ မဟုတ်ဘူးနော်”

ဖောက်သည်တစ်ယောက်က ဆို့နင့်သောအမူအရာဖြင့် စကားပြောသည်။

“ဒီစကားကတော့ အဓိပ္ပာယ်ရှိပါတယ်။ တစ်နေ့ စည်းမျဉ်းစည်းကမ်းတွေ မကန့်သတ်ထားဘူးဆိုရင် တစ်ခါတည်းနဲ့ ၁၀လုံးလောက် ဝယ်စားမယ်”

ထိုစကားကို မျှော်လင့်တကြီးအမူအရာဖြင့် ပြောဆိုခြင်းဖြစ်သည်။

“ငါတော့ ဒီလိုဖြစ်လာမယ်လို့ မထင်ဘူး။ သူဌေးယွမ်က မီးဖိုချောင်ထဲမှာ တစ်ယောက်ထဲ ချက်ပြုတ်နေရတာလေ။ စည်းမျဉ်းစည်းကမ်းသာ မထားထားရင် ရှေ့ကသူတွေက တစ်ယောက်ထဲနဲ့ ရှစ်လုံး၊ ဆယ်လုံး ဝယ်သွားမှာပေါ့။

ဒါဆို ငါတို့အလှည့် ရောက်ပါတော့မလား။ စည်းမျဉ်းတွေကို လိုက်နာတာက ပိုပြီးအကျိုးရှိပါတယ်”

ဤဆိုင်မှာ လာရောက်အားပေးသည်မှာ ကြာသည့်ဖောက်သည်က အခြေအနေကို ကောင်းစွာ သိသည်။

“ခင်ဗျားပြောတာမှန်တယ်။ ထားလိုက်ပါတော့။ အလုပ်ကြိုးစားပြီးတော့ ငွေများများရှာမယ်။ ဒါမှ နောင်အနာဂတ်မှာ ငွေများများရှိတော့ ဒီစားသောက်ဆိုင်မှာ နေ့တိုင်းလာစားနိုင်မှာပေါ့။ ဟိုမုတ်ဆိတ်နဲ့လူကြီးကိုပဲကြည့်လေ။ သူ့ရဲ့ကန်တင်းလိုပဲ နေ့တိုင်း လာစားနေတယ်”

စားသောက်ဆိုင်ထဲ ဦးဆုံးဝင်ရောက်သွားသော ဝူဟိုင်းကိုကြည့်ပြီး သူတို့က မျှော်လင့်တကြီး ပြောသည်။

အခြားသောဖောက်သည်များက အရသာရှိသော အစားအသောက်များအကြောင်း ဆွေးနွေးနေပြီး ဝယ်ယူစားသောက်ရန်

စိတ်အားထက်သန်နေစဉ် စားသောက်ဆိုင်အပြင်ဘက်မှ လက်ကားရောင်းချသူများက အံ့ဩသောခံစားချက်ကို မခံစားရပေ။

ယွမ်ကျိုးစားသောက်ဆိုင်က ပေါက်စီကို ရောင်းချတိုင်း တူညီသောအစားအသောက်ကို ရောင်းချသော လက်ကားရောင်းချသူများ၏ စီးပွားရေး ပိုဆိုးရွားလာသည်။

မည်သို့ပင်ဆိုစေကာမူ လက်ကားရောင်းချသူများ ပြင်ဆင်ရောင်းချသော ပေါက်စီသည် ဗိုက်ပြည့်ရုံအဆင့်သာရှိပြီး ယွမ်ကျိုးပြုလုပ်ထားသော ပေါက်စီကို ယှဉ်နိုင်စွမ်းမရှိပေ။

အနှစ်ချုပ်ပြောရလျှင် သူတို့ပြုလုပ်ထားသော ပေါက်စီကို မည်သူက စားချင်စိတ် ရှိမည်နည်း။

“ဒီနေ့တော့ ငါတို့လုပ်ထားတဲ့ပေါက်စီတွေ ရောင်းမကုန်ပြန်ဘူးထင်တယ်”

ပေါက်စီရောင်းချသော လက်ကားရောင်းချသူက လေးကန်စွာ သက်ပြင်းချလိုက်ပြီး တခြားနေရာမှာ သွားရောက်ရောင်းချရန် ပြင်ဆင်သည်။

“ဒီသူဌေးက တကယ့်ကို စိတ်ရှုပ်စရာကောင်းတယ်။

ဒီလောက် စီးပွားရေးကောင်းနေတာတောင် ငါတို့အတွက် အခွင့်အရေး မချန်ထားဘူး”

လက်ကားရောင်းချသူက မကျေမနပ် အမူအရာဖြင့် ပြောသည်။ ပဲနို့ နှင့် ပေါက်စီဟု ရေးသားထားသော လက်တွန်းလှည်းကိုတွန်းပြီး မကျေမနပ် ပြောဆိုခြင်းဖြစ်သည်။

“ဒီလိုစကားပြောလို့တော့ ဘယ်ရမလဲ။ လူငယ်သူဌေးလေးကြောင့် ငါတို့စီးပွားရေး ပိုကောင်းမွန်လာတာလေ။ ကြည့်ပါဦး။ အရင်ကထက်စာရင် ငါတို့စီးပွားရေး ပိုမကောင်းလာဘူးလား”

အဘွားအိုက ဘေးဘက်နားမှာ အနားယူနေပြီး သူတို့ပြောသောအကြောင်းအရာများကို ကြားသောအခါ သူမက လက်သင့်မခံသောအမူအရာကိုဖော်ပြပြီး ချက်ချင်း ဝင်ရောက်ပြောဆိုခြင်းဖြစ်သည်။

“ငါက မရည်ရွယ်ပဲနဲ့ မကျေမနပ် ပြောမိရုံပါ”

လက်ကားရောင်းချသူက ဝန်ခံရန် အင်တင်တင်ဖြစ်နေသည်။ သူ့ဘက်မှ လိုက်ပါပြောဆိုမည့်သူ မရှိသောအခါ အရှုံးကို လက်ခံသွားခြင်းဖြစ်သည်။

သူတို့အားလုံးက နေ့စဉ်နေ့တိုင်း ဤနေရာမှာ လာရောက်ရောင်းချ၍ နေ့စဉ်တွေ့ဆုံနေရသူများဖြစ်သည်။ မပြောပလောက်သော အသေးအမွှားကိစ္စရပ်ဖြင့် အပြိုင်အဆိုင် ငြင်းခုန်ရန် မလိုအပ်ပေ။

ယွမ်ကျိုးက ပေါက်စီကို ရောင်းချတိုင်း ပေါက်စီ အလုံး ၁၀၀ သာ ပြုလုပ်ထားသည်။ ထို့ပြင် ၉၆ ခု သို့တည်းမဟုတ် ၉၇ ခုသာ ရောင်းချပေးလေ့ရှိသည်။

ကောင်မလေးများက အများကြီးမစားနိုင်ကြပေ။ ပေါက်စီ နှင့် ကြာမြစ်ကစီဓာတ်ဟင်းပွဲက သူတို့အတွက် လုံလောက်မှုရှိသည်။

သို့သော်လည်း အမျိုးသားများက ပေါက်စီနှစ်လုံးထက်ပို၍ စားနိုင်ကြသည်။ အကျိုးဆက်အနေဖြင့် လက်ကားရောင်းချသူများ၏ စီးပွားရေးက အရမ်းကို မဆိုးရွားခဲ့ပေ။

မနက်ခင်းဆိုင်ဖွင့်ချိန် အဆုံးသတ်မှာ အဘွားအိုက ပေါက်စီ ၅ လုံးနှင့် ပဲနို့ ၃ ခွက် ရောင်းမထွက်ခဲ့ပေ။ သို့သော်ငြားလည်း ဤရလဒ်က အဘွားအိုကို အတော်အတန်ကျေနပ်သော ခံစားချက်ဖြစ်ပေါ်စေသည်။

“ကျန်တာတွေ ငါစားလို့ရတာပဲ”

ရောင်းမကုန်သော အေးစက်နေသည့် ပေါက်စီကို ကြည့်ပြီး အဘွားအိုက စိုးရိမ်သောခံစားချက် မခံစားရပေ။ သူကိုယ်တိုင်စားခွင့်ရ၍ အဘွားအိုက ပြုံးနေသည်။

နေ့စဉ်နေ့တိုင်း အဘွားအိုက ပေါက်စီ နှင့်ပဲနို့ ပြုလုပ်ရန် ပြင်ဆင်သည်။ ယွမ်ကျိုး၏ စားသောက်ဆိုင်ပတ်ဝန်းကျင်ကို သန့်ရှင်းရေးပြုလုပ်ကာ သူမပြုလုပ်ထားသော ပေါက်စီ နှင့် ပဲနို့များကို လာရောက်ရောင်းချလေ့ရှိသူဖြစ်သည်။

သူမ၏ နေ့စဉ်အချိန်ဇယားက ပုံမှန်ဖြစ်ပြီး ပြောင်းလဲခြင်းမရှိပေ။ ပုံမှန်ထက် မနက်စောစောထပြီး ယွမ်ကျိုးက သန့်ရှင်းရေးပြုလုပ်သူကို ဖမ်းရန် ကြိုးစားသည်။ နောက်ဆုံးတွင်မူ သူ၏ ရည်ရွယ်ချက် အောင်မြင်သွားသည်။

မနက်လေးနာရီအချိန်တွင် ယွမ်ကျိုးက လိုက်ကာကို ဖွင့်ကြည့်လိုက်သောအခါ ဆိုင်ရှေ့မှာ သန့်ရှင်းရေးလုပ်နေသောအဘွားအိုကို မြင်တွေ့ရသည်။

တံခါးပေါက်တွင်ရှိသော ခွေးကလေးစွပ်ပြုတ်ကို တိတ်တဆိတ်စောင့်ကြည့်ပြီးနောက် အဘွားအိုက ဆိုင်ရှေ့ပတ်ဝန်းကျင်ကို လှည်းကျင်းပြီး အမှိုက်များကို ဂရုတစိုက်ကောက်သည်။ ဤမြင်ကွင်းက မျက်စိပသာဒရှိလှသည်။

“ဒီအဘွားက ငါ့ဆိုင်အပြင်ဘက်မှာ လက်ကားရောင်းတဲ့အဘွားပဲ”

ယွမ်ကျိုးက သာမန်ထက်ပိုပြီး အာရုံငါးပါးကောင်းမွန်သောကြောင့် အဘွားအိုရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်သောအခါ ချက်ချင်း မှတ်မိသွားသည်။

ထို့နောက်သူက တစ်စုံတစ်ရာကို ပြုလုပ်ရန်ဆုံးဖြတ်လိုက်၍ အခန်းထဲသို့ ပြန်သွားသည်။ နောက်တစ်နေ့မနက်စောစောတွင် ဖောက်သည်များ၏ သက်ပြင်းချသံများကို ကြားနိုင်သည်။

အကြောင်းမူကား ယွမ်ကျိုး၏ စားသောက်ဆိုင်တံခါးပေါက်မှာ ရေးသားထားသော စည်းမျဉ်းကြောင့်ဖြစ်သည်။

[ယွမ်ကျိုး၏ စည်းကမ်းသတ်မှတ်ချက်]

[အမှိုက်များကို သယ်သွားပေးပါ]

“ဒါက သူဌေးယွမ် နောက်ထပ်စည်းမျဉ်းတစ်ခုလား”

ဖောက်သည်တစ်ယောက်က ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်ပြီး ပြန်ပြောသည်။

“အမှန်ပဲ။ သူဌေးယွမ်က တကယ့်ကို သံလိုက်အိမ်မြှောင်ပဲ။ တိကျလွန်းတယ်”

မကျေမနပ်ပြောဆိုသံများ ထွက်ပေါ်လာသည်။

“ဒါကလည်း မဆိုးပါဘူး။ စည်းကမ်းလိုက်နာတာ ပိုမကောင်းဘူးလား။ ဒီလိုမှ မဟုတ်ရင် ငါတို့ကို ဆိုင်မှာလာစားခွင့်မပေးပဲ ဖြစ်နေဦးမယ်”

ယွမ်ကျိုးရဲ့တောင်းဆိုမှုများကို ကြောက်လန့်နေသည့်ဖောက်သည်တစ်ယောက်က အကြံပြုသည်။

“အမှိုက်က အသေးအမွှားကိစ္စရပ်ပါ။ လိုက်နာသင့်တာပေါ့”

ခဏကြာစဉ်းစားပြီးနောက် သူဌေးယွမ်၏စည်းမျဉ်းကိုလိုက်နာရန် ဆုံးဖြတ်လိုက်ကြသည်။

သို့သော်ငြားလည်း အဘွားအိုက စည်းမျဉ်းသတ်မှတ်ချက်ကို မြင်တွေ့သောအခါ သူမ၏ မျက်နှာပေါ်မှာ အပြုံးပေါ်လာသည်။ သူမက စားသောက်ဆိုင်အတွင်းဘက်ကို ငေးကြည့်ပြီး သူမကိုယ်သူမ ရေရွတ်သည်။

“လူငယ်သူဌေးလေးက အရမ်းကို ကြင်နာတတ်တာပဲ”

စည်းမျဉ်းကို လိုက်နာမှုမရှိသည့် တခြားသော လက်ကားရောင်းချသူများကို ဖောက်သည်များက အပြစ်တင်ကြသည်။

ယွမ်ကျိုး၏စားသောက်ဆိုင်မှ ချမှတ်ထားသော စည်းမျဉ်းများကို လိုက်နာမှသာ အရသာရှိသော အစားအသောက်များကို စားသောက်ခွင့်ရလိမ့်မည်ဟု ခံယူထားသောကြောင့် ဖောက်သည်များက စည်းမျဉ်းများကို လိုက်နာခြင်းဖြစ်သည်။

အကျိုးဆက်အနေဖြင့် ယွမ်ကျိုးစားသောက်ဆိုင်အပြင်ဘက်တွင်ရှိသော မြေကြီးပေါ်တွင် အမှိုက်များ နည်းသထက် နည်းပါးလာသည်။

သို့သော်လည်း အဘွားအိုက နေ့စဉ်နေ့တိုင်း သန့်ရှင်းရေး လာလုပ်ပေးသည်။ ထိုအပြုအမူက သူမကို စိတ်အေးလက်အေး ဖြစ်စေသည်။

အပိုင်း(၂၀၄)

ပြီးပါပြီ။

All Chapters