အခန်း (၂၀၅-၂၀၇)
Vol. 14 Ch. 205-207
ယွမ်ကျိုး အပိုင်း(၂၀၅)
"သူဌေးယွမ် ဒီသင်္ကေတအသစ်က ဘာလို့ထားထားရတာလဲ"
ဝူဟိုင်းက တံခါးပေါက်မှာ ပြသထားသည့် သင်္ကေတကို ညွှန်ပြပြီး မေးမြန်းသည်။
"ဒါက စည်းမျည်းအသစ်ပါ" ယွမ်ကျိုးက မေးမြန်းသမျှဖောက်သည်တိုင်းကို တူညီသောအဖြေတစ်ခုကိုသာ ပေးသည်။
"ကောင်းပြီ။ ဒါပေမယ့် ငါ့ကိုကတိပေးထားတဲ့သုံးရက်ကို မှတ်မိပါသေးတယ်နော်"
ဝူဟိုင်းက ဟင်းချက်ပညာကို ထပ်မံသင်ကြားချင်၍
ယွမ်ကျိုးကို ဆော်ဩရန်
ဤနေရာသို့ ရောက်လာခြင်းဖြစ်သည်။
"ဟုတ်တယ်။ မှတ်မိပါတယ်။ ဒီနေ့အားလပ်တယ်လေ"
ဝူဟိုင်း၏ထူးခြားသောဟင်းချက်နည်းလမ်းကို တွေးမိသောအခါ ယွမ်ကျိုးက ခေါင်းကိုက်သော ခံစားချက်ဖြင့် အင်တင်တင်သဘောတူလိုက်သည်။
"အရင်တစ်ခေါက်တုန်းက အချိန်က အရမ်းကို တိုတောင်းလွန်းတယ်။
ဒါကြောင့်မို့ ထည့်မတွက်သင့်ဘူး"
ဝူဟိုင်းက ချင့်ချိန်စဉ်းစားဟန်ဖြင့် ပြောသည်။
"ပြဿနာမရှိဘူး။ ဒီနေ့ပဲစလုပ်ကြတာပေါ့။ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေအားလုံး
ရှိတယ်။ မှတ်လား"
ယွမ်ကျိုးက ခေါင်းညိတ် သဘောတူလိုက်သည်။
"ဟင်းပွဲအတွက် ကြက်သားနဲ့ငရုပ်ပွလဲရှိတယ်။ ဖရဲသီးဖျော်ရည်လုပ်ဖို့ ဖရဲသီးလည်းရှိတယ်"
ဝူဟိုင်းက ယခင်တစ်ခေါက်က မပြီးမြောက်သေးသည့် ဟင်းပွဲနှင့် ပတ်သက်ပြီး ဇွဲမလျော့သေးပေ။
"ရိုးရှင်းတဲ့ ပါဝင်ပစ္စည်းတွေမရှိဘူးလား။ ဒီဟင်းပွဲနှစ်ပွဲက အခုမှ စလေ့လာသူတွေအတွက် အရမ်းခက်ခဲတယ်"
ယွမ်ကျိုးက ပွင့်ပွင့်လင်းလင်းပြောသည်။
"ဒါဆိုရင် ကြက်သွန်ဖြူအနှစ်နဲ့ ဝက်သားလွှာဆိုရင်ရော ဘယ်လိုလဲ"
အသားစားရခြင်းကို နှစ်သက်သည့် ဝူဟိုင်းအတွက် အသားဟင်းကိုသာ စမ်းချက်ကြည့်ချင်သည်။
"ငါဆိုလိုတဲ့သဘောက အရွက်ဟင်းပွဲတွေကို ပြောတာ"
ယွမ်ကျိုးက နဖူးကို လက်ဖြင့်ထောက်လိုက်သည်။
"မင်းဘာသာမင်းသာ သွားစစ်ဆေးကြည့်တော့"
ထိုစကားကို ပြောပြီးနောက် ဝူဟိုင်းက ယွမ်ကျိုး၏အရှေ့မှ ဦးဆောင်လမ်းပြသည်။
"ကောင်းပြီလေ"
ယွမ်ကျိုးက ဝူဟိုင်း၏နောက်မှ ဖြည်းညင်းစွာ လမ်းလျှောက်လာသည်။
ဝူဟိုင်းက သော့ဖြင့် အခန်းတံခါးကို ဖွင့်လိုက်သည်။
ထို့နောက် အခန်းထဲမှာရှိနေသည့် ကျန်းကျဝေက မတ်တတ်ရပ်လိုက်ပြီး ယွမ်ကျိုးကို နှုတ်ဆက်စကားပြောသည်။
"ရှောင်ဟိုင်း ပြန်လာပြီလား"
"မင်္ဂလာပါသူဌေးယွမ်"
ကျန်းကျဝေက ဝူဟိုင်းကို အကဲခတ်ကြည့်လိုက်ပြီးနောက် ပျော်ရွှင်စွာ မေးမြန်းသည်။
"ငါ့ကို ပန်းချီဆွဲဖို့အတွက် အရမ်းမတိုက်တွန်းနဲ့။
ငါ ဒီနေ့ဟင်းချက်ဖို့အတွက်သင်ယူရမယ်"
ဝူဟိုင်းက ကျန်းကျဝေ နောက်ထပ်ပြောမည့်စကားကို ချက်ချင်းပိတ်ပင်လိုက်သည်။
"ဟင်းထပ်ချက်အုံးမှာလား ရှောင်ဟိုင်း"
"လူတိုင်းမှာ ကိုယ့်အရည်အချင်းနဲ့ကိုယ် ရှိတယ်။ သူဌေးယွမ်က စားဖိုမှူးဖြစ်ဖို့အတွက် အရည်အချင်းရှိတာလေ။ ဒါပေမယ့် မင်းကကျတော့ ပန်းချီဆွဲတဲ့နေရာမှာ ထူးချွန်တယ်"
ကျန်းကျဝေက ဝူဟိုင်း ဟင်းချက်မည့်ရည်ရွယ်ချက်ကို ကြားသောအခါ ဝူဟိုင်းကို ဖျောင်းဖျရန် ကြိုးစားသည်။
ဝူဟိုင်း၏စကားကို အမြဲတမ်းနာခံနေရသည့် ကျန်းကျဝေအတွက် လွယ်ကူသည့်ကိစ္စရပ် မဟုတ်ပေ။
"မင်းက ဘယ်လိုသိနေတာလဲ။ ဟင်းချက်တယ်ဆိုတာလည်း အနုပညာရပ်တစ်မျိုးပဲလေ။
ငါက အနုပညာရှင်ဖြစ်နေသရွေ့ ငါလဲတစ်နေ့ကျွမ်းကျင်လာနိုင်တယ်"
ဝူဟိုင်းက မပျော်ရွှင်သော အမူအရာဖြင့် ခွန်းတုံ့ပြန်သည်။
သူ့နောက်တွင် မတ်တတ်ရပ်နေသည့် ယွမ်ကျိုးက ဟင်းချက်ခြင်းက အနုပညာရပ်ဟု ဝူဟိုင်းပြောလိုက်သည့် စကားကိုကြားသောအခါ စိတ်ညစ်သောခံစားချက်ကို ခံစားမိသည်။
ယခင်တစ်ခေါက်တုန်းက ဝူဟိုင်းချက်ပြုတ်ခဲ့သည့် သက်တန့်ရောင် အမဲသားဟင်းက တကယ့်ကို စိတ်ပျက်သော ခံစားချက်ဖြစ်ပေါ်စေသည်။
"ဟုတ်တယ်။ ဒါကလည်း အနုပညာရပ်ပဲ။ ဒါပေမယ့် မင်းရဲ့အနုပညာကို မင်းက ဘယ်လိုပြသမှာလဲ"
ကျန်းကျဝေက ပန်းချီပြပွဲ ကျင်းပရန် ဆယ်ရက်တောင် မကျန်တော့သည့် အကြောင်းအရာကို ပြက္ခဒိန်တွင် မှတ်သားထားသည့် အချက်ကို ကျန်းကျဝေက ညွှန်ပြသည်။
"ချက်ပြုတ်ဖို့ သင်ယူတာက ပန်းချီဆွဲဖို့ စိတ်ကူးဉာဏ်ကွန့်မြူးအောင် ကူညီပေးတယ်"
ဝူဟိုင်းက ခပ်ကြွားကြွားအမူအရာဖြင့် ပြောသည်။
"ကောင်းပြီ။ ဒါဆိုရင် ဒီနေ့တော့ မင်းနဲ့အတူတူ အဖော်ပြုပေးမယ်"
ကျန်းကျဝေက သက်ပြင်းချလိုက်ပြီး ပြောသည်။
"ရတယ်လေ။ ကိစ္စမရှိဘူး"
ထိုစကားကိုပြောပြီးနောက် ဝူဟိုင်းက တခြားလူများထက် အရင် မီးဖိုချောင်ထဲသို့ ဝင်ရောက်လိုက်သည်။
"အားနာပါတယ် သူဌေးယွမ်။ သူဌေးယွမ်ကို နှောင့်ယှက်သလိုဖြစ်သွားပြန်ပြီ။ ကျွန်တော် ဒီမှာနေလို့ရတယ်မှတ်လား"
ကျန်းကျဝေက ယဉ်ကျေးပျူငှာသော အသံဖြင့် စကားပြောပြီး စဉ်းစားချင့်ချိန်ဟန်ပြုမူသည်။
"ကိစ္စမရှိပါဘူး။ မီးဖိုချောင်ထဲ အရင်တစ်ချက်ဝင်ကြည့်ဦးမယ်"
ယွမ်ကျိုးက ကျန်းကျဝေ အိမ်မှာ ရှိခြင်း၊ မရှိခြင်းကို တကယ် ဂရုမစိုက်ပေ။
"ကျေးဇူးတင်ပါတယ် သူဌေးယွမ်။ ခင်ဗျားက တကယ့်ကို လူကောင်းပဲ"
ထိုစကားကိုပြောနေစဉ် ကျန်းကျဝေကလည်း မီးဖိုချောင်ထဲ ဝင်ရောက်သွားပြီး ကူညီရန် ပြင်ဆင်သည်။
အရောင်နှင့်ပတ်သက်သော ပစ္စည်းများမှလွဲ၍ တခြားသောကိစ္စများတွင် သူက အကူအညီမပေးတတ်ချေ။
ယွမ်ကျိုးက မီးဖိုချောင်ထဲသို့ ဝင်ရောက်ပြီး အသုံးပြုမည့် ဟင်းချက်ပစ္စည်းများကို စစ်ဆေးကြည့်သည်။
ဟင်းချက်ပစ္စည်းအားလုံးက အလွန့်ကို လတ်ဆတ်ပြီးအရည်အသွေး ကောင်းမွန်ပုံရသည်။
ချက်ပြုတ်ရန်အတွက် ဝူဟိုင်းအသုံးပြုခဲ့သော ဟင်းချက်ပစ္စည်းများက ဘုရားသခင်ကောင်းချီးပေးသော ဆုလာဘ်များကို
အလဟဿအသုံးပြုလိုက်သလို ပေါက်သွားသည်။
"ဒါပဲ စမ်းချက်ကြည့်ကြမယ်။ ခင်ဗျားကို ရှီတာခီမှိုဟင်းချက်နည်းသင်ပေးမယ်"
ယွမ်ကျိုးက ပို၍ရိုးရှင်းသော ဟင်းပွဲကို တွေ့ရှိသွားသည်။
တကယ်တမ်း ကြက်ဥပြုတ်နည်းသင်ပေးလျှင် ပိုကောင်းမွန်လိမ့်မည်။
ဝူဟိုင်းက ဟင်းပွဲကို သက်တန့်အရောင်ကဲ့သို့ ဖန်တီးလိုက်မည်ဟု မယုံကြည်၍ ရှီတာခီမှိုဟင်းစပ်နည်းကို သင်ကြားရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဝူဟိုင်းထံမှ အရောင်နှင့် ပန်းချီအထားအသိုပညာကို လေ့လာသင်ယူခဲ့၍ ဝူဟိုင်းကိုလည်း အကောင်းဆုံးကြိုးစားသင်ယူပေးရန် ဆုံးဖြတ်ထားသည်။
"အသားဟင်းပွဲတွေ ချက်နည်းကို သင်ပေးလို့မရဘူးလား"
ဝူဟိုင်းက ရေခဲသေတ္တာထဲမှ ဟင်းပွဲများကို ကြည့်ပြီး အင်တင်တင်ဖြင့် မေးမြန်းသည်။
"အခုမှစချက်တာကို အရံဟင်းချက်တာပိုကောင်းတယ်"
ယွမ်ကျိုးက မပွင့်တပွင့်ပြန်ပြောသည်။
"ကြက်ဥထမင်းကြော်ချက်နည်းကို ဘာလို့မသင်ပေးရတာလဲ"
ဝူဟိုင်းက နတ်ဘုရားအဆင့်ကြက်ဥထမင်းကြော်ကို တွေးမိသောအခါ ရုတ်တရက်မေးမြန်းလိုက်သည်။
သူ၏အမြင်တွင် ကြက်ဥကိုလည်း အသားဟင်းဟု ယူဆထားသည်။
"မရဘူး။ သုံးရက်အတွင်း ကျွမ်းကျင်အောင် ချက်ပြုတ်ဖို့ ခက်ခဲတယ်"
ယွမ်ကျိုးက ဝူဟိုင်းနှင့် စကားပြောသည့်အခါတိုင်း ဝှေ့ဝှိုက်ပြောခြင်း မရှိခဲ့ဘူးပေ။
"ရှီတာခီမှိုဟင်းက တကယ့်ကိုကောင်းမွန်တယ်လို့ခံစားမိတယ်"
ကျန်းကျဝေကလဲ မျက်နှာ အမူအရာပျက်ယွင်းနေသော်လည်း ဝင်ရောက်ပြောဆိုသည်။
သူ၏မျက်နှာအမူအရာကို ကြည့်လိုက်ယုံဖြင့်တစ်စုံတစ်ရာကို တွေးတောနေပုံ ပေါက်သည်။
သို့သော်ငြားလည်း ဝူဟိုင်းက ဘေးဖက်ကနေ ရေရွတ်သည်။
"ကြက်ဥထမင်းကြော်ရဲ့ အဝါရောင်က အရမ်းကိုတောက်တယ်။ ဒါကြောင့်မလို့ ဟင်းပွဲထဲမှာ
အဝါရောင် အမှုန့်တွေ ထည့်ရင် ပိုကောင်းမယ်"
ထိုစကားကို ကြားလိုက်သောအခါ ယွမ်ကျိုးကစိတ်ညစ်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။
ကြက်ဥထမင်းကြော်ဟင်းပွဲကို ချက်ပြုတ်ရန် မရွေးချယ်ခဲ့ခြင်းက ကံကောင်းသည်ဟုလည်း ယူဆမိသည်။
ဝူဟိုင်းနှင့်ဟင်းချက်ခြင်းက သက်ဆိုင်မှုမရှိပေ။ ဟင်းချက်ရန် တွေးမိခြင်းက အံ့မခန်းလုပ်ရပ်ဖြစ်သည်။
"သုံးမဲ့ပစ္စည်းတွေကို အရင်ဆုံးဆေးကြောလိုက်အုံး"
ယွမ်ကျိုးက ဝူဟိုင်း၏ ကျွမ်းကျင်မှုက ဟင်းချက်ပစ္စည်းများကို ဆေးကြောခြင်းဟု ယူဆထားသည်။
"ကောင်းပြီ"
ဝူဟိုင်းက အရွက်နှင့် ရှီတာခီမှိုကို ယူလိုက်ပြီး သန့်ရှင်းရေးအလုပ်ကို စတင်လုပ်ဆောင်သည်။
ရေကျသံကို ကြားပြီးသည့်နောက် ဝူဟိုင်းက ဘယ်ကမှန်းမသိယူလာသော ပန်းချီစုတ်တံတစ်ချို့ဖြင့် ဟင်းသီးဟင်းရွက်များကိုဆေးကြောနေသည်။
ပြားချပ်သောစုတ်တံက ရှီတာခီမှိုအတွင်းတွင်ရှိသောအမှိုက်သရိုက်များကို ရှင်းလင်းရန် အသုံးပြုပြီး တခြားစုတ်တံတစ်ခုက အရွက်များ၏အမြစ်ကို သန့်စင်ရန် အသုံးပြုသည်။
ယွမ်ကျိုးက ဤအပြုအမူကို တိတ်တဆိတ်ကြည့်နေသည်။
အမဲသားကို ဆေးကြောစဉ်က ပို၍တည်ငြိမ်ပြီး မူမှန်သည့် အခြေအနေရှိသည်။
ယခုတစ်ခေါက်တွင် ဝူဟိုင်း၏ပုံစံက ပို၍လေးနက်နေသည်။ အကြောင်းအရင်းကို
သူနားမလည်နိုင်ချေ။
"သူက အမြဲတမ်းဒီလိုပဲလား" ယွမ်ကျိုးက ကျန်းကျဝေကိုရုတ်တရက် မေးမြန်းလိုက်သည်။
"ဟုတ်တယ်။ ရှောင်ဟိုင်းကအခုလိုမျိုး ဟင်းတွေချက်ရင် ဒီလိုပုံစံပဲ။ ဟင်းချက်တာက အနုပညာပဲလို့ သူက ယုံကြည်ထားတဲ့အတွက်ကြောင့် အနုပညာလိုပဲ အပြည့်အဝဖန်တီးတယ်"
ကျန်းကျဝေက သည်းခံနိုင်စွမ်းပိုရှိသည်။
"သူချက်ထားတဲ့ ဟင်းပွဲတွေကို မြည်းဖူးလား"
ယွမ်ကျိုးက စပ်စပ်စုစုမေးမြန်းသည်။
"မြည်းဖူးတယ်။ ဒါပေမယ့် အကျိုးဆက်အနေနဲ့ သူ့ရဲ့ ဟင်းပွဲတွေကို စားမိလို့ ဆေးရုံသွားပြီး အစာအိမ်ထဲက အစာတွေကို စုပ်ထုတ်ပစ်ရတယ်။ ဟင်းချက်ဖို့အတွက် ရှောင်ဟိုင်းက အရောင်ဆိုးဆေးတွေကို အသုံးပြုတယ်လေ။ ဒါမှ လှတယ်လို့လည်း ပြောသေးတယ် ။ အရသာကတော့ သူက ကြေးများလို့ မစားဘူးလေ"
သူ့အတွေ့အကြုံကို ပြောလာသောအခါ ကျန်းကျဝေ၏စိတ်ထဲ ကြောက်စိတ်များ ဝင်ရောက်လာသည်။
"ငါနားလည်ပြီ"
ယွမ်ကျိုးက တည်ငြိမ်စွာ ခေါင်းညိတ်သည်။
ထိုစဉ် ဝူဟိုင်းက ဟင်းသီးဟင်းရွက်များ လှီးဖြတ်သည့်လုပ်ငန်းစဉ်ကို လုပ်ဆောင်နေသည်။
"ဘာဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ"
ယွမ်ကျိုးက ဝူဟိုင်းကို မေးမြန်းသည်။
"အရွက်တွေရဲ့ အစိမ်းရောင်က သိပ်ပြီးတော့ မကောင်းဘူး။ ရှီတာခီမှိုကလည်း အညိုပုတ်ရောင်ကြီးဖြစ်နေတယ်။ ဒါ့ကြောင့်မလို့ အရောင်ဖျော့တဲ့ အစိမ်းရောင်ဆိုးဆေးထဲမှာ နှစ်ထားမယ်။ ပြီးရင် မကြော်ခင်မှာ အရွက်တွေကိုလည်း ဆိုးဆေးဆိုးမယ်"
ဝူဟိုင်းက ခေါင်းပင်မဖော်ပဲ ပြန်ဖြေသည်။
ယွမ်ကျိုးက အရင်ဆုံးမေးထားမိ၍ ကံကောင်းသွားသည်ဟု ခံစားမိသည်။
သူက ဝူဟိုင်းကို ချက်ချင်းအလုပ်ကို ရပ်ခိုင်းသည်။
"အခုချိန်မှာ အသုံးပြုမယ့် ပစ္စည်းနှစ်မျိုးရဲ့ အရောင်ကလိုက်ဖက်မှုမရှိပေမယ့် ကြော်ပြီးသွားရင်တော့ လိုက်ဖက်သွားလိမ့်မယ်"
"မရဘူး။ အရောင်လိုက်ဖက်မှုကို နမော်နမဲ့ ထားလို့ရပါ့မလား။ ဒီအရောင်နှစ်ခုက လိုက်ဖက်မှသာ ချက်ပြုတ်ပြီးရင် ပိုကောင်းမွန်တဲ့ရလာဒ်ရမှာပေါ့"
ဝူဟိုင်းက ယွမ်ကျိုးကို ချက်ချင်း ငြင်းပယ်ပြီးနောက် ရေရွတ်ပြောဆိုသည်။
"ဝူဟိုင်းရဲ့ ဒယ်အိုးကြီးကို သနားသလိုတောင် ခံစားမိတယ်။ ဒီလိုရှုပ်ပွနေတဲ့ အစားအသောက်တွေကို ဘယ်သူက စားချင်မှာလဲ" ယွမ်ကျိုးက မနေနိုင်မထိုင်နိုင် ငြီးတွားပြောဆိုသည်။
"ကိစ္စမရှိဘူးလေ။ ဒယ်အိုးအသစ်ပြောင်းလိုက်လို့ရတယ်"
ကျန်းကျဝေက ဤတစ်ကြိမ်တွင် အတော်လေးတည်ငြိမ်နေသည်။
ထို့နောက် ယွမ်ကျိုးက ဝူဟိုင်းနှင့် ညှိနှိုင်းခဲ့သော်လည်း ဝူဟိုင်းက သူ၏အမြင်ကို အကောင်အထည်ဖော်ရန်သာ စိတ်အားထက်သန်နေသည်။
"ဝူဟိုင်း ဆိုးဆေးတွေက စားလို့မရဘူး"
ယွမ်ကျိုးက ပုံမှန်ထက်ပင် ချိုသာသောလေသံဖြင့်
ဖျောင်းဖျပြောဆိုနေရသည်။
"မရဘူး။ ငါတော့ ဒီလိုမထင်ဘူး။ ငါက အကောင်းဆုံးဆိုးဆေးကို အသုံးပြုထားတာ"
ဝူဟိုင်းက ဂရုမစိုက်ဟန် ပြန်ဖြေသည်။
"ဒီဆိုးဆေးတွေက ဘယ်လိုပဲကောင်းကောင်း။ ဒါကဆိုးဆေးပဲလေ။ စားလို့မရဘူး"
ယွမ်ကျိုးက အဓိကအချက်ကိုပြောသည်။
"အရောင်လိုက်ဖက်မှုတွေ၊ အပြင်အဆင်တွေကို ခင်ဗျားက ကျုပ်ဆီကနေ သင်ယူခဲ့တယ်လေ"
ဝူဟိုင်းက ယွမ်ကျိုးကို အထင်အမြင်သေးဟန်ဖြင့် ကြည့်သည်။
"ဒါပေမယ့် ငါက စားဖိုမှူးလေ" ယွမ်ကျိုးက ခပ်တည်တည်မျက်နှာထားဖြင့်ပြန်ပြောသည်။
"ခင်ဗျားက ကျုပ်ဆီကနေတောင် သင်ယူခဲ့သေးတယ်လေ"
ဝူဟိုင်းက သူ့အမြင် မှန်ကန်ကြောင်း မလျော့စတမ်း ပြန်လည်တုံ့ပြန်သည်။
"မြန်မြန်ဆန်ဆန်ပဲ အရွက်ကိုကြော်လိုက်တော့"
ယွမ်ကျိုးက ချက်ချင်းပြောသည်။
"ဒါဆိုရင် ရေဆေးပြီး လှီးထားတဲ့ ရှီတာခီမှိုတွေကို ဘာလုပ်ရမှာလဲ"
ကြော်လှော်မည့် အကြောင်းအရာ ပြောင်းလဲသွားသောအခါ ဝူဟိုင်းက ချက်ချင်း မေးမြန်းသည်။
"ဒါတွေကို ထားလိုက်တော့။ အရွက်တစ်မျိုးတည်းကိုပဲကြော်တော့"
ယွမ်ကျိုးက ဟုတ်မှန်ကြောင်းလေသံဖြင့် ပြောသည်။
တခြားသောပါဝင်ပစ္စည်းတစ်ခုကို စွန့်ပစ်လိုက်ရ၍ ဝူဟိုင်းရဲ့ပုံစံက ပုံမှန်ပြန်ဖြစ်သွားသည်။ အရောင်နှိုင်းယှဉ်စရာမလိုအပ်တော့၍ ဆိုးဆေးအသုံးပြုရန်လည်း မလိုအပ်တော့ချေ။
ထိုမှသာ ဟင်းသီးဟင်းရွက်များကို ဆေးဆိုးခြင်းမှ လွတ်မြောက်နိုင်လိမ့်မည်။
ပန်းချီစုတ်တံကို အသုံးပြုပြီးတော့ ဟင်းချက်ခြင်းနှင့် ပတ်သက်ပြီး ယွမ်ကျိုးက လိုအပ်သည့်ကျွမ်းကျင်မှုတချို့ကိုသာ ညွှန်ကြားပေးသည်။
"ဒယ်အိုးထဲ ထည့်ထားတဲ့ဆီကို အပူပေးလိုက်ပြီးရင် ဒယ်အိုးထဲကို အရွက်တွေ
ထည့်မယ်။ ဒယ်အိုးထဲမှာ
ထည့်ထားတဲ့အရွက်တွေ
သမအောင် မွှေဖို့အတွက်ဆိုရင် မင်းရဲ့လက်အမြန်နှုန်းကို တိုးမြှင့်ဖို့ လိုအပ်တယ်။ ဒါမှသာ ကြော်ထားတဲ့အရွက်တွေက ကစဥ့်ကလျားဖြစ်နေရင်တောင် အရောင်လှပနေမယ်"
ယွမ်ကျိုးက ဝူဟိုင်းလက်ခံနိုင်သည့် အနေအထားဖြင့်ရှင်းပြသည်။
ဝူဟိုင်းစိတ်ကျေနပ်မှသာ သူ၏ရှင်းပြချက်ကို လက်ခံနိုင်မည်။
တစ်ဦးချင်းဆီ သင်ကြားမှုဖြစ်သည့်အတွက်ကြောင့် ဝူဟိုင်းက ဟင်းချက်ရာတွင် ပန်းချီစုတ်တံကို အသုံးပြုခြင်းက ကိစ္စမရှိပေ။ ဟင်းပွဲများ အရသာမကောင်းမွန်သည့်တိုင် ဆိုးဆေးအသုံးမပြုထား၍ အန္တရာယ်ကင်းသည်။
အပိုင်း(၂၀၅)
ပြီးပါပြီ။
၂၀၆ မှ ၂၁၀
ယွမ်ကျိုး အပိုင်း(၂၀၆)
“ဒီလိုလား”
ဝူဟိုင်းက ဒယ်အိုးထဲမှာရှိသော အရွက်များကို တိတ်တဆိတ် ညွှန်ပြရင်း ပြန်ပြောသည်။
“အခုပဲ ကြော်လို့ရနေပြီ”
ယွမ်ကျိုး၏ လေသံတွင် စိတ်ပျက်သောခံစားချက်များ ပါဝင်နေသည်။
“ဪ ဟုတ်လား။ ကြော်ရတော့မှာလား”
ဝူဟိုင်းက ပန်းချီဆွဲပစ္စည်းများကို ထုတ်လိုက်ပြီး အရွက်များကို ဟိုဘက်၊ ဒီဘက် လှန်သည်။
“ဒီလောက်ထိ လုပ်ဖို့ မလိုအပ်ဘူးလေ”
ယွမ်ကျိုးက ဟန့်တားရန် ကြိုးစားသည်။
“ကောင်းပြီလေ”
ဝူဟိုင်းက ပူနေသောဒယ်အိုးမှ တူးနံ့များ ထွက်ပေါ်နေစဉ် ဒယ်အိုးအတွင်း တင်ဆက်မှုကို ပြင်ဆင်နေသည်။
တခြားသူများက ကြော်လှော်ပြီးသော ဟင်းပွဲများကို ပန်းကန်ပြားပေါ်တွင်သာ အလှဆင်တတ်သော်လည်း
ဝူဟိုင်းက ဒယ်အိုးထဲမှာပင် အလှဆင်ရန် ကြိုးစားနေသည်။
“အရွက်တွေ တူးကုန်တော့မယ်”
ယွမ်ကျိုးက ဒယ်အိုးကို ညွှန်ပြပြီး အေးစက်စွာပြောသည်။
“ကိစ္စမရှိဘူး။ ဒီဟင်းပွဲ ထပ်မတူးခင် တင်ဆက်မှုကို အဆုံးသတ်လို့ရတယ်”
ဝူဟိုင်းက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။
“ဒါပေမယ့် ဟင်းပွဲတွေကို ပန်းကန်ပြားထဲ ပြောင်းထည့်ရင် ဒီဟင်းပွဲတစ်ပွဲလုံး ပျက်စီးနေလောက်ပြီ”
ယွမ်ကျိုးက ဝူဟိုင်းကို ရှင်းပြသည်။
“ခုလောက်ဆို ကြည့်ကောင်းသွားပြီ”
ဝူဟိုင်းက စိတ်အားထက်သန်စွာ ပြန်ပြောသည်။
ယခုအချိန်တွင် ယွမ်ကျိုး၏ အတွေးက ဝူဟိုင်းမျက်နှာကို သူ့ဖိနပ်ဖြင့်ရိုက်ပြီး မုတ်ဆိတ်မွှေးများကို တစ်မွှေးမကျန် နှုတ်ပစ်ချင်သည့် ဆန္ဒသာရှိသည်။
“နောက်တစ်ခေါက် ထပ်ချက်မယ်”
ယွမ်ကျိုးက ကျန်ရှိနေသေးသည့်အရွက်များကို ညွှန်ပြရင်းပြောသည်။
“ကောင်းပြီ။ ရတယ်လေ။ ဒါပေမယ့် ဒီအရွက်တွေပဲ ကြော်ရဦးမှာလား”
ဝူဟိုင်းက အရွက်ဟင်းပွဲကို အထင်အမြင်သေးဟန်ဖြင့် ကြည့်သည်။
“အင်း ဒီတစ်ခေါက်တော့ ငါ့ရဲ့ညွှန်ကြားချက်ကို လိုက်နာရမယ်။ ငါ့ရဲ့ညွှန်ကြားချက်ကို လိုက်နာရင် ဟင်းပွဲက အနုပညာဆန်စေရမယ်လို့ အာမခံတယ်”
ယွမ်ကျိုးက ဟုတ်မှန်ကြောင်းလေသံဖြင့် ပြောသည်။
“တကယ်လား။ တကယ် အနုပညာဆန်မှာလား”
ယွမ်ကျိုးကို သံသယမျက်ဝန်းဖြင့် ကြည့်လိုက်သည်။
“ဘာပဲဖြစ်ဖြစ် ငါချက်တဲ့ဟင်းပွဲတွေက စားလို့ရပြီး၊ အရမ်းအရသာရှိတယ်”
ယွမ်ကျိုးက ဆိုးဆေးနှင့် အဝါရောင်အရွက်များကို စွန့်ပစ်ရန် နှင့် ဒယ်အိုးကို ဆေးကြောရန် ညွှန်ကြားသည်။ ထိုစကားကိုပြောနေစဉ် ယွမ်ကျိုးက စားလို့ရခြင်း နှင့် အရသာရှိသည့်စကားကိုသာ အလေးအနက်ပြောသည်။
သို့သော်ငြားလည်း ဝူဟိုင်းက အနုပညာရပ်ကိုသာ စွဲလမ်းမှုရှိပြီး စကားလုံးနှစ်ခု၏ ခြားနားချက်ကို အလေးမထားချေ။ ယွမ်ကျိုး ဆိုင်ဖွင့်ချိန်မှလွဲ၍ ကျန်အချိန်များတွင် ဝူဟိုင်း၏ မီးဖိုချောင်ထဲတွင် ရှိနေသည်။
ဝူဟိုင်း၏ အပြုအမူများကို အသေးစိတ် အကဲခတ်နေရသည်။ ဝူဟိုင်းက ဒယ်အိုးထဲသို့ ရောင်ခြယ်ဆိုးဆေးများ ထပ်ထည့်ပြန်သည်။ ပုံမှန်အတိုင်း ယွမ်ကျိုးက အကြောင်းအရင်းကို မေးမြန်းသည်။
“ဝူဟိုင်း အရွက်တွေမှာလည်း မတူညီတဲ့အရောင်တွေရှိတယ်။ ရောင်ခြယ်တွေကို ထပ်ထည့်စရာ မလိုဘူး။ ဘာလို့ ထည့်သုံးရတာလဲ”
ဝူဟိုင်းက ရောင်ခြယ်တွေကို ထည့်ပြီး အရောင်ညှိဖို့ ကြိုးစားလာသောအခါ ယွမ်ကျိုးက မေးမြန်းလိုက်သည်။
“ရေတွေ အရမ်းများနေပြီးတော့ ပုံဖော်ရမလွယ်ဘူး။ ဒါ့အပြင် ဆိုးဆေးဆိုးဖို့လည်း မလွယ်ဘူးလေ”
ဆေးရေးပန်းချီဆရာတစ်ဆူဖြစ်သော ဝူဟိုင်းက အရောင်များကို စွဲလမ်းနှစ်သက်မှုရှိသည့်အတွက်ကြောင့် ယခုလိုလေသံမျိုးဖြင့် ပြောဆိုခြင်းဖြစ်သည်။
“ကောင်းပြီ။ ငါသဘောပေါက်သွားပြီ။ နောက်တစ်ဆင့်ကို ဆက်လုပ်ကြမယ်”
ယွမ်ကျိုးက မေးခွန်းမေးမြန်းခြင်းကို လက်လျော့လိုက်ပြီး နောက်တစ်ဆင့်ကို သွားသည်။ တစ်နေ့တာလုံး ရရှိခဲ့သော သင်ခန်းစာက နောက်နောင် တပည့်လက်မခံရန်ဖြစ်သည်။
တပည့်လက်ခံလိုက်ခြင်းက သူ့ရဲ့စိတ်ရှည်သည်းခံမှုကို ကုန်ဆုံးစေသည့်အပြင် ထိန်းချုပ်နိုင်စွမ်းကိုလည်း ကင်းလွတ်စေသည်။
ဝူဟိုင်း၏အပြုအမူများကြောင့် ဝူဟိုင်းကို လည်ပင်းညှစ်သတ်ချင်စိတ် ပေါက်လာသည်။
နောက်တစ်နေ့ညနေခင်းတွင် ယွမ်ကျိုးကို ယင်ယာ စာတိုပေးပို့လာသည်။ ဆိုင်သို့ မလာသည်မှာ ကြာပြီဖြစ်သော ယင်ယာက ယွမ်ကျိုးကို စာတိုပေးပို့ခြင်းဖြစ်သည်။ မိုက်ခရိုဘလော့မှတဆင့် ယွမ်ကျိုးက ယင်ယာကို သူ့ရဲ့အဆက်အသွယ်စာရင်းထဲ ထည့်ထားသည်။
[အရမ်းအရသာရှိတဲ့ အမဲသားခေါက်ဆွဲပြုတ်ကို ရောင်းချတဲ့ဆိုင်တစ်ဆိုင်ကို ညွှန်းပေးချင်တယ်၊ သူဌေးယွမ်။ သူဌေးယွမ် သွားစားသင့်တယ်နော်။ အဲ့ဒီဆိုင်က အမဲသားခေါက်ဆွဲပြုတ်က အရမ်းအရသာရှိတယ်]
ယင်ယာ
[ဒါဆိုရင် လိပ်စာပို့ပေးပါ] ငါက သူဌေးယွမ်
ခဏကြာပြီးနောက် ယင်ယာက စာပြန်လာသည်။
[သူဌေးယွမ်၊ အွန်လိုင်း တက်လာတာလား။ မတွေ့ရတာကြာပြီနော်] ယင်ယာ
[ဟုတ်တယ်။ မတွေ့ရတာကြာပြီ] သူဌေးယွမ်
[အင်တာနက်ပေါ်မှာဆိုရင် သူဌေးယွမ် ဘာလို့အရမ်းကို ယဉ်ကျေးနေရတာလဲ။ ရှင်က သူဌေးယွမ်အစစ်ကော ဟုတ်ရဲ့လား] ယင်ယာ
ယင်ယာက ကျီစယ်ဟန်ဖြင့် မေးမြန်းလိုက်သည်။ သူက လိပ်စာကို ချက်ချင်းမပေးခဲ့ပေ။
[ဘာလို့လဲ။ အဲလိုလည်း မဟုတ်ရပါဘူး] သူဌေးယွမ်
ယွမ်ကျိုးက မျက်မှောင်ကြုတ်လိုက်ပြီးတော့ အနည်းငယ် ဒွိဟဖြစ်သွားသည်။ သူက အမြဲတမ်းလိုလို ယဉ်ယဉ်ကျေးကျေး ပြောဆိုတတ်သူ ဖြစ်သည်။
[ကောင်းပြီလေ။ ရှင့်ကို ထပ်ပြီးတော့ မကျီစယ်တော့ဘူး။ ကျွန်မမှာ ပျော်စေပျက်စေ ခံစားချက်လည်း မရှိတော့ပါဘူး။ လိပ်စာပို့ပေးလိုက်မယ်]
ယင်ယာ
ယင်ယာက တစ်ချက်ကြည့်ပြီးနောက် လိပ်စာကို ပို့ပေးလိုက်သည်။
[ကောင်းပြီ။ ကျေးဇူးတင်ပါတယ်] သူဌေးယွမ်
ခဏကြာတွေးတောပြီးနောက် ယွမ်ကျိုးက ကျေးဇူးတင်စကားကို ဖော်ပြလိုက်သည်။
[အားနာဖို့မလိုပါဘူး။ ကျွန်မအိပ်တော့မယ် Good Night ပါ] ယင်ယာ
ယင်ယာက မအိပ်ခင် Tablet ကို စားပွဲခုံပေါ်တင်လိုက်သည်။ ယွမ်ကျိုးက သူမကို ယခုလို ပုံစံမျိုးဖြင့်သာ ပြန်ဖြေတတ်ပြီး ယဉ်ယဉ်ကျေးကျေး တုံ့ပြန်နေသေးသည်။
“ငါ့ပုံစံက အရမ်းများ မော်ကြွားနေလို့လား”
ယွမ်ကျိုးက မတ်တတ်ရပ်လိုက်ပြီး မှန်ရှေ့မှာရပ်ကာ သူ့ကိုယ်သူကြည့်လိုက်သည်။
“ငါ့ဗိုက်မှာ ကြွက်သားတွေပေါ်လာပြီပဲ”
ကြွက်သားအဖုအထစ်များဖြစ်နေသော ခန္ဓာကိုယ်ကို ကြည့်ပြီး ယွမ်ကျိုးက သူ့ကိုယ်သူ ကျေနပ်အားရနေသည်။ သူ့ရဲ့ပုံစံနဲ့ ချစ်သူကောင်မလေး မရစရာ အကြောင်းမရှိပေ။
သို့သော်လည်း ဒီဗိုက်တွင်ရှိသောကြွက်သားများကို အများရှေ့မှာ ထုတ်ဖော်ရမလွယ်ကူပေ။ ထို့ကြောင့် သူ့ကို အရင်ဆုံး ဆက်သွယ်လာမည့်ကောင်မလေးကို စောင့်မျှော်ရန်သာ ဆုံးဖြတ်ထားသည်။
စနစ်က ဖော်ပြသည်။
[ဆုလာဘ်တွေကို လက်မခံရသေးပါဘူး]
ရုတ်တရက် စနစ်က တုံ့ပြန်လာသည်။
“သရေစာမုန့်နဲ့ ပတ်သက်တဲ့ ဆုလာဘ်လား”
ယွမ်ကျိုးက ဒွိဟဖြစ်သောခံစားချက်ဖြင့် မေးမြန်းလိုက်သည်။
စနစ်က ဖော်ပြသည်။
[မဟုတ်ပါဘူး။ ကျွမ်းကျင်စားဖိုမှူးအစုံလိုက်ဆုကို ထုတ်ပြန်ပြီးသွားပါပြီ။ ဆုလာဘ်မှာ အချိန်ကန့်သတ်ချက် ရှိပါတယ်]
[ဒုတိယမြောက် အရံမစ်ရှင် - ပုံဖော်ထုဆစ်တဲ့အနုပညာရပ်ဖြင့် အမှတ်ပြည့်ရအောင် ကြိုးစားပါ] (ပြီးမြောက်ပါပြီ)
[မစ်ရှင်အညွှန်း - ကျွမ်းကျင်စားဖိုးမှူးတစ်ယောက်ဖြစ်ဖို့အတွက် မီးဖိုချောင်သုံးဓားကို သုံးပြီးတော့ ပုံဖော်ထုဆစ်တာက လွယ်ကူတဲ့ကိစ္စရပ်ပဲ။ ကြိုးစားပါ လူငယ်လေး]
[မစ်ရှင်ဆုလာဘ် - ကျွမ်းကျင်စားဖိုမှူးအစုံလိုက်၏ အပိုင်းအစတစ်ခု] (လက်ခံရရှိနိုင်ပါပြီ)
[၉၆ နာရီအတွင်း ဆုလာဘ်ကို လက်ခံယူပေးပါ]
[ဆုလာဘ်အညွှန်း - ကျွမ်းကျင်စားဖိုမှူးအပိုင်းအစ အားလုံးကို စုဆောင်းနိုင်လျှင် ကြီးမားတဲ့ဆုလာဘ်ကို စိန်ခေါ်နိုင်လိမ့်မည်]
“အချိန်အကန့်အသတ်ရှိတာလား”
ယွမ်ကျိုးက မစ်ရှင်ကို ထိကြည့်လိုက်သောအခါ ပြောကြားချက်က အမှန်တကယ်ဖြစ်နေမှန်း တွေ့ရှိရသည်။
စနစ်က ဖော်ပြသည်။
[ဆိုင်ရှင် အခုပဲ လက်ခံယူလိုက်ပါ]
“လက်ခံတယ်”
ယွမ်ကျိုးက ဆုလာဘ်ကို လက်ခံယူလိုက်သည်။
စနစ်က ထုတ်ပြန်သည်။
[ဆုလာဘ်ကို ထုတ်ပြန်လိုက်ပါပြီ]
ယွမ်ကျိုးက မတ်တတ်ရပ်လိုက်ပြီး အောက်ထပ်သို့ဆင်းလာသည်။ သူရဲ့ညှပ်ဖိနပ်က လှေကားထစ်ကို နင်းလိုက်သောအခါ 'ဒုန်း ဒုန်း ဒုန်း' ဟူသောအသံထွက်ပေါ်လာသည်။
မီးဖိုချောင်ထဲ ဝင်ရောက်လိုက်သောအခါ မီးဖိုချောင်ဓားအသစ်က ဓားစင်မှာ ထင်ထားတဲ့အတိုင်း ရှိနေသည်။ သိသာထင်ရှားမှုကြောင့် လျစ်လျူရှုရန် ခက်ခဲသည်။
“ဒါက စနစ်ရဲ့ မကောင်းကြံစည်မှုများလား”
ယွမ်ကျိုးက ဓားတွင်ရှိသောကြိုးကို ညွှန်ပြကာ ကူကယ်ရာမဲ့သောခံစားချက်ကို ခံစားရသည်။
စနစ်က ဖော်ပြသည်။
[ဒီကြိုးက ဒီဓားလက်ကိုင်ကို ကွေးဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ဆိုင်ရှင် ကိုယ့်ဘာသာကိုယ် အလုပ်ကို ပြီးမြောက်အောင် ကြိုးစားပေးပါ]
“တကယ့်ကို ပြီးပြည့်စုံတဲ့ ရှင်းပြချက်ပဲ”
ယွမ်ကျိုးက စနစ်ရဲ့ ပရိယာယ်နှင့် ပတ်သက်ပြီး ဆို့နင့်သောခံစားချက် ဖြစ်ရသည်မှာ ကြာပါပြီ။
စနစ်က အကြောင်းအရင်းမရှိဘဲ ဆုလာဘ်များကို ပေးအပ်သည့်အခါ ထူးဆန်းသည်ဟု အမြဲတမ်း ခံစားမိသည်။
စနစ်နှင့် ယှဉ်လိုက်လျှင် ဝူဟိုင်းက ပို၍ပင် ထူးဆန်းနေသည်။ ဝူဟိုင်း၏ ရောင်ခြယ်အသားဟင်းကို တွေးမိသောအခါ ကြက်သီးထလာသည်။ ယွမ်ကျိုးက ခေါင်းကိုခါလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဟင်းပွဲအကြောင်းကို မေ့ဖျောက်ရန် ကြိုးစားလိုက်သည်။
“ဒီဖဲပြားကြိုးက အရမ်းကို ကောင်းနေလို့ ငါ့ဘာသာငါပဲ ဖြည်လိုက်တော့မယ်။ အဆင်ပြေတယ်မို့လား”
ယွမ်ကျိုးက သစ်သားဓားလက်ကိုင်ကို ကြည့်လိုက်ပြီး စပ်စပ်စုစုပြောသည်။
စနစ်က ဖော်ပြသည်။
[ဓားကောင်းတစ်လက်က ကျွမ်းကျင်စားဖိုးမှူးရဲ့ အဆင့်အတန်းမီတဲ့ လက်နက်ကိရိယာပါ။ ပြီးတော့ ဓားလက်ကိုင်ကလည်း စားဖိုမှူးတစ်ယောက်ရဲ့ အာရုံခံစားနိုင်စွမ်းကို လွှမ်းမိုးနိုင်စွမ်း ရှိတယ်]
“ဒါပေမယ့် ဒီဖဲကြိုးကို ဘယ်လိုချည်ရမှန်း မသိဘူးလေ။ ဒါကြောင့်မို့ နည်းလမ်းလေး လမ်းညွှန်ပေးပါ”
ယွမ်ကျိုးက ကူကယ်ရာမဲ့အမူအရာဖြင့် ဖဲကြိုးကိုယူလိုက်ပြီး ဓားလက်ကိုင်မှာ မည်သို့ချည်နှောင်ရမလဲ မသိဖြစ်နေသည်။
ထို့နောက် စနစ်က နည်းလမ်းတချို့ကို ထောက်ပံ့ ပေးသည်။ သင်ယူရလွယ်ကူသည့်နည်းလမ်းများဖြစ်သည်။
“ကောင်းပြီ”
ယွမ်ကျိုးက အရိုးရှင်းဆုံးတစ်ခုကို ရွေးချယ်လိုက်ပြီး ဤနည်းလမ်းအတိုင်း ချည်နှောင်ရန် စတင်သည်။
စနစ်က ဖော်ပြသည်။
[ဖဲကြိုးမျိုးကွဲတွေ များစွာရှိတယ်။ ဒီဖဲကြိုးက ပါးလွှာတဲ့အမျိုးအစားကို သုံးထားတာပါ။ အရေပြားရဲ့အပူချိန်ကိုလည်း သက်ရောက်မှုမရှိဘူး။ အရေပြားရဲ့ အစိုဓာတ်ကိုလည်း ထိန်းသိမ်းပေးနိုင်တဲ့အတွက်ကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်း ကာကွယ်ပေးတယ်]
“ဒါကအဝတ်စတစ်ခုပဲမဟုတ်ဘူးလား။ ဘာလို့အရမ်းကို ချဲ့ကားပြောနေရတာလဲ”
ဓားလက်ကိုင်မှာချည်နှောင်သည့်ဖဲကြိုးကိုကြည့်ပြီး ယွမ်ကျိုးက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။ ဓားအသစ်ကို စမ်းသပ်ရမည့် အချိန်ပင် မရှိသေးချေ။
“ဒီအံ့အားသင့်ဖွယ်ကောင်းတဲ့ မီးဖိုချောင်ဓားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရှင်းပြပေးနိုင်မလား”
သာမန်မီးဖိုချောင်ဓားကိုကြည့်ပြီး ယွမ်ကျိုးက စပ်စပ်စုစုမေးမြန်းသည်။
စနစ်က ဖော်ပြသည်။
[...]
အပိုင်း(၂၀၆)
ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၂၀၇)
“အံ့အားသင့်ဖွယ် မီးဖိုချောင်သုံးဓားဆိုတာ ဘာသဘောလဲ”
ယွမ်ကျိုးက ဓားလက်ကိုင်ကို ဖဲပြားနှင့် ချည်နှောင်နေစဉ်မေးမြန်းလိုက်သည်။
စနစ်က ဖော်ပြသည်။
[ကျွမ်းကျင်စားဖိုမှူးအစုံလိုက်နဲ့ တွဲဖက်အသုံးပြုရတာဖြစ်တဲ့အတွက်ကြောင့်
မမျှော်လင့်ထားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်]
“မင်းပုံစံကို ကြည့်ရတာ ရောဂါမျိုးစုံကို ကုသလို့ရတဲ့ဆေးကို ရောင်းနေတဲ့သူနဲ့တောင် တူလာပြီနော်”
ယွမ်ကျိုးက ခံစားချက်ကင်းမဲ့သောအမူအရာဖြင့် ငြီးတွားပြောဆိုသည်။
စနစ်က ဖော်ပြသည်။
[ဒီဓားကို ဗနေဒီယံ နဲ့ သတ္တုဆာလ်ဖိုက်ရယ်၊ ရှားပါးတဲ့ဒြပ်စင်တွေနဲ့ ဖွဲ့စည်းထားတာပါ]
“နေဦး၊ နေဦး။ ဗနေဒီယံက အရေပျော်ဖို့ခက်ခဲတဲ့ရှားပါးတဲ့ဒြပ်စင်ကော ဟုတ်လို့လား။ ဒီအပြင် မသန့်စင်တဲ့ ဗနေဒီယံတွေကိုတောင် ပုံသွင်းရခက်ခဲလို့လား”
ယွမ်ကျိုးက ဒြပ်စင်နှင့်ပတ်သက်ပြီးတော့ ဗဟုသုတကြွယ်ဝဟန် အမူအရာဖြင့် ပြောဆိုသည်။
သို့သော်ငြားလည်း စနစ်က ယွမ်ကျိုး၏မေးခွန်းကို
မဖြေကြားပဲ သူ၏ရှင်းပြချက်ကိုသာ ဆက်လက်လုပ်ဆောင်နေသည်။
စနစ်က ဖော်ပြသည်။
[ဗနေဒီယံရဲ့ အရည်ပျော်တဲ့အမှတ်က အရမ်းကို မြင့်ပါတယ်။ ဒါကြောင့်မို့လို့ သူ့ကို ခက်ခဲတဲ့ ဒြပ်စင်လို့ အမည်ပေးထားတာပါ။ သူက မာကျောပြီးတော့ အရည်ဖျော်ဖို့လည်း မလွယ်ဘူး။ သံလိုက်ဂုဏ်သတ္တိလည်း မရှိဘူး။ ဒီ့ပြင် ဟိုက်ဒရိုကလိုရစ်အက်ဆစ်တွေ၊ ဆာလဖျူရစ်အက်စစ်တွေကိုလည်း ခုခံနိုင်စွမ်းရှိတယ်။ ဒီဓါတ်ငွေ့တွေ၊ ဆားတွေ၊ ရေတွေမှာလည်း အရည်ပျော်တဲ့ဂုဏ်သတ္တိ မရှိဘူး။ အစွန်းအထင်းမရှိတဲ့ သံမဏိထက်တောင် ပိုပြီးတော့ ကောင်းမွန်သေးတယ်။ လေထဲမှာလည်း ဒြပ်တိုးသွားခြင်း မရှိဘူး]
"ဗနေဒီယံက ငွေခဲသတ္တုမဟုတ်ဘူးလား။ စနစ်၊ မင်း ပြောသလိုကော ဟုတ်ကော ဟုတ်ရဲ့လား"
[ရုပ်ပိုင်းဆိုင်ရာ၊ ဓာတုဗေဒပိုင်းဆိုင်ရာ ဂုဏ်သတ္တိတွေကို နားလည်မယ်ဆိုရင် သူ့ရဲ့အသုံးဝင်မှုက နယ်ပယ်ကျယ်တယ်။ ဒီဗနေဒီယံသတ္တုကို အာကာယာဉ်တွေလုပ်တဲ့ နေရာမှာတောင် သုံးလို့ရတယ်။ စနစ်က ဒီဒြပ်စင်ကို ဓားမှာ အသုံးပြုဖို့ အရည်ဖျော်ပြီးတဲ့နောက် ဒီဓားကိုမခဲခင်မှာ ဖြိုခွဲထားတဲ့ သတ္တုဆာလ်ဖိုက်ကိုလည်း ပေါင်းထည့်ထားတယ်။ ဒါမှ သတ္တုဆာလ်ဖိုက်ရဲ့ဂုဏ်သတ္တိတွေကို ရရှိမှာလေ။ သတ္တုဆာလ်ဖိုက်ဆိုတာကတော့ ဒြပ်တိုးခြင်းမရှိတဲ့ ဒြပ်စင်။ သူက ဒြပ်တိုးခြင်းကြောင့်ဖြစ်ပေါ်တဲ့ တစ်ရှူးမာကျောခြင်း၊ အိုမင်းရင့်ရော်ခြင်းတွေကို ကာကွယ်ပေးတယ်။ ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေတယ်။ ကင်ဆာရောဂါတွေကိုလည်း ဟန့်တားပေးတယ်။ ကောင်းမွန်တဲ့ ဒြပ်စင်လို့ ပြောလို့ရတယ်။ ဓားထဲမှာ ပါဝင်တဲ့ သတ္တုဆာလ်ဖိုက်က လူသားတွေရဲ့လိုအင်ကို ကျေနပ်စေတယ်။ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တာက လသားကနေ တစ်နှစ်အရွယ် ကလေးတွေဆိုရင် ၁၅ မိုက်ခရိုဂရမ် လိုအပ်တယ်။ တစ်နှစ်ကနေ သုံးနှစ်အတွင်း ကလေးဆိုရင် ၂၀ မိုက်ခရိုဂရမ် လိုအပ်တယ်။ လေးနှစ်ကနေ ခြောက်နှစ်အတွင်း ကလေးဆိုရင် ၄၀ မိုက်ခရိုဂရမ် လိုအပ်တယ်။ အရွယ်ရောက်တဲ့လူတွေက ၅၀ မိုက်ခရိုဂရမ် လိုအပ်တယ်]
"ဒီလိုအပ်တဲ့ ပမာဏကို ဓားကနေပြီးတော့ တိုက်ရိုက် စုပ်ယူလို့ရတာလား"
ယွမ်ကျိုးက လက်ကိုင်ချည်နှောင်ထားသော ဓားကို ကောက်ကိုင်လိုက်သည်။ ၎င်းဓားသည် သာမန်ဓားများထက် အနည်းငယ်သာ ခြားနားမှု ရှိသည်။
အရောင်အသွေးကို ပြောရလျှင် အလွန်အမင်း တောက်ပသည့်အထဲ မပါဝင်ချေ။ ဓားသွားကို ကြည့်ရုံဖြင့် သာမန်ထက် ချွန်မြပြီး မီးရောင်အောက်မှာ ငွေရောင် တောက်ပနေသည်။
ရှားပါးဒြပ်စင်ဖြင့် ပြုလုပ်ထားသည့် ဓားမှန်း အလွယ်တကူ ခန့်မှန်း၍ မရပေ။ ထို့ပြင် သတ္တု ဆာလ်ဖိုက်ဒြပ်စင်ကိုလည်း ပေါင်းထည့်ထားသေးသည်။
စနစ်က ဖော်ပြသည်။
[စနစ်မှာ သူ့ရဲ့ကိုယ်ပိုင်နည်းလမ်း ရှိပါတယ်]
"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဒါဆိုရင် ငါအခု အသုံးပြုလို့ရပြီလား"
ယွမ်ကျိုးက အကောင်းပကတိအတိုင်းရှိနေသော ဓားလက်ကိုင်ကို ကျေနပ်ဟန်ကြည့်လိုက်ပြီး အောင်မြင်မှုရရှိသော အမူအရာကို ပြမူနေသည်။
စနစ်က ဖော်ပြသည်။
[ဆိုင်ရှင် လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ပါတယ်]
ထို့နောက် ယွမ်ကျိုးက စိတ်လှုပ်ရှားသော အမူအရာဖြင့် ဓားကိုယူလိုက်ပြီး ဓားထဲမှတစ်ဆင့် မီးဖိုချောင်အသုံးအဆောင်ပစ္စည်းများကို ကြည့်လိုက်သည်။
မီးဖိုချောင် တစ်ပတ် ပတ်ကြည့်ပြီးတဲ့နောက်မှာ သင့်လျော်သည့် ဟင်းချက်စရာပစ္စည်းများကို ရှာမတွေ့ပေ။
ယခုအချိန်မှာ ယွမ်ကျိုးက ဟင်းချက်ချင်သောဆန္ဒလည်း မရှိပေ။ ပုံဖော်ထုဆစ်ရန်အတွက်လည်း ပစ္စည်းများ မဝယ်ယူထားပေ။
ယွမ်ကျိုးက ရုတ်တရက် စိတ်ကူးဉာဏ် ကွန့်မြူးလာ၍ ကြီးမားသော မုန်လာဥကြီးကို ဆင့်ခေါ်ရန် ဆုံးဖြတ်လိုက်သည်။ စနစ်ထံမှ အခွင့်အရေးယူရန်လည်း ဆုံးဖြတ်ထားသည်။
"စနစ်၊ ငါ့ရဲ့ဓားစွမ်းရည်ကို လေ့ကျင့်ပေးဖို့ လိုအပ်တယ်။ ခင်ဗျားရော ဘယ်လိုထင်လဲ"
ယွမ်ကျိုးက လေးနက်သောအမူအရာဖြင့် ဓားကို ဆုပ်ကိုင်ထားသည်။
စနစ်မှာ အသိဉာဏ်ရှိလျှင် ဆို့နင့်သောခံစားချက်ကို ခံစားနေရလိမ့်မည်။
သိပ်မကြာခင်မှာပဲ ကြီးမားသော မုန်လာဥကြီးက မီးဖိုချောင်ထဲ ပေါ်လာသည်။ အလွန့်ကို ကြီးမားလွန်းသည်။
ချက်ချင်းဆိုသလို ယွမ်ကျိုးက အဓိကအချက်ကို အတည်ပြုနိုင်ခဲ့သည်။ စနစ်က စားဖိုမှူးတစ်ယောက်ရဲ့ ဟင်းချက်စွမ်းရည် တိုးတက်ခြင်းနှင့်ပတ်သက်ပြီး တောင်းဆိုမှုများကို ငြင်းဆန်လေ့မရှိပေ။
ပထမဦးဆုံးအကြိမ် ပန်းကန်ဆေးစက်ကို တောင်းယူခဲ့ဖူးပြီး ယခုလေ့ကျင့်ရန်အတွက် မုန်လာဥကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။
မုန်လာဥရောက်ရှိလာသောအခါ ယွမ်ကျိုးက အံ့ဖွယ်မီးဖိုချောင်သုံးဓားကို ကောက်ကိုင်လိုက်ပြီး ပုံဖော်ထုဆစ်သောပညာရပ်ကို စတင်သည်။
ဤဓားနှင့် သာမန်ဓားရဲ့ ခြားနားချက်ကို ယွမ်ကျိုး ခံစားမိသည်။ ယခုအသုံးပြုနေသောဓားက သာမန်ဓားထက် တစ်ဝက်ခန့် ပေါ့ပါးပြီး သာမန်ဓားများထက်လည်း ပို၍ ချွန်မြသည်။
လက်ကိုင်ကို သူကိုယ်တိုင်ပြုလုပ်ထား၍ ကိုင်ရ အဆင်ပြေသည်။ ကျင်လင်းမြက်ယူရန် အသုံးပြုလေ့ရှိသော ခွေးခြေ သေးသေးလေးပေါ်မှာ မတ်တတ်ရပ်ပြီး ယွမ်ကျိုးက သူ့ရဲ့ ဖန်တီးမှုကို အသေးစိတ် အကဲခတ်နေသည်။
ဖန်တီးမှုက သပ်ရပ်ပြီးတော့ အပြစ်အနာအဆာ မရှိပေ။ သူ့မျှော်မှန်းချက်နှင့် ကိုက်ညီမှုရှိသည်။
မုန်လာဥ၏ အရွယ်အစားက ကြီးမားသည့်တိုင် ဖြတ်တောက်ခြင်းဖြစ်စဉ်က အဆင်ပြေချောမွေ့သည်။
ဓားကို ကြည့်ရှုလိုက်သည့်အခါမှာ ဓားအသစ်ရဲ့ အငွေ့အသက်ကိုပင် မခံစားရပေ။ ဤသည်ကား ကျွမ်းကျင်စားဖိုမှူးအစုံလိုက်၏ ထူးခြားချက်လည်းဖြစ်သည်။
ယွမ်ကျိုးက ကျေနပ်ဟန် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဓားကို ဝှေ့ယမ်းလိုက်ပြီး မုန်လာဥကို ပုံဖော်သည်။
ဤတစ်ကြိမ်တွင် နန်းတော်အပျိုစင်ပုံစံ ထုဆစ်ခြင်းထက် ဖီးနစ်သစ်ပင်ပုံစံ ထုဆစ်ခြင်းဖြစ်သည်။
"နောက်ဆုံးတော့ သစ်ပင်ပုံစံကို ကောင်းကောင်း ပုံဖော်နိုင်ခဲ့ပြီ"
ယွမ်ကျိုးက ပင့်သက်ရှိုက်လိုက်သည်။ ပထမဦးဆုံးအကြိမ် ဖီးနစ်သစ်ပင် ပြုလုပ်စဉ်က ပြုလုပ်ခဲ့သော အမှားအယွင်းအားလုံးကို ပြင်ဆင်နိုင်ခဲ့သည်။
အတွေးနယ်ချဲ့ရင်း ယွမ်ကျိုးက မီးဖိုချောင်ကို သန့်ရှင်းရေးပြုလုပ်ကာ အပေါ်ထပ်တက်ပြီး ရေမိုးချိုးသန့်စင်ကာ အိပ်စက်အနားယူရန် ပြင်ဆင်သည်။
အပေါ်ထပ်သို့ မတက်မီ ကြီးမားသော ဖီးနစ်သစ်ပင်ကို ခြံဝင်းအတွင်းသို့ ရွေ့ပြောင်းပေးခဲ့သည်။
...
နောက်တစ်နေ့ မနက်ခင်းတွင် ယွမ်ကျိုးက မနက်ခင်း ဆိုင်ဖွင့်ချိန်ပြီးဆုံးပြီးနောက် ဆိုင်တံခါးကို ချက်ချင်း ပိတ်လိုက်သည်။
ဤတစ်ကြိမ်တွင် လက်တွန်းလှည်းကို ယူဆောင်လာခြင်းမဟုတ်ဘဲ ထိုအစား သစ်သားသေတ္တာနှစ်ခုကိုယူပြီး စားသောက်ဆိုင် အပြင်ဘက်သို့ ထွက်လာသည်။
အပြင်ဘက်မှာ လမ်းလျှောက်နေစဉ် ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ ဖုန်း၏ စာမျက်နှာပေါ်တွင် ရှင်းလင်းစွာဖော်ပြထားသည့် အကြောင်းအရာက မနေ့ညက သူနှင့် ယင်ယာ ပြောဆိုထားသည့် စကားပြောမှတ်တမ်းဖြစ်သည်။
စာတိုများကို သေချာလှန်လှောဖတ်ရှုပြီးနောက် ယင်ယာပို့ထားသော လိပ်စာကို ရှာတွေ့သွားသည်။ သူက လမ်းဆုံအထိ လမ်းလျှောက်သွားပြီး ပုံမှန်အတိုင်း Taxi တားလိုက်သည်။
သွားမည့်ခရီးကို Taxi driver ကို ပြောကြားပြီးနောက် သူက မျက်လုံးပိတ်ကာ သူ့စိတ်ကို အနားယူလိုက်သည်။
နည်းလမ်းတကျပြောရလျှင် ယွမ်ကျိုးက ကားဝယ်ရန်အတွက် ငွေအလုံအလောက်ရှိသော်လည်း ကားဝယ်မည့်စိတ်ကူး မရှိပေ။
ထို့ကြောင့် လင်းဟုန်က ဤအကြောင်းနှင့်ပတ်သက်ပြီး သူ့ကို မေးမြန်းဖူးသည်။
"ခင်ဗျားက ဘယ်သွားသွား Taxi ငှားရင်ငှား၊ မငှားရင် လမ်းလျှောက်တယ်နော်။ ဘာလို့ ကားမဝယ်ရတာလဲ"
လင်းဟုန်က သူပျင်းရိလာတိုင်း မေးခွန်းများ မေးမြန်းလေ့ရှိသည်။
"ကားမောင်းတာကို သင်ယူလိုက်ရင် အားလပ်ချိန်မှာ ဟင်းပွဲအသစ်တွေကို ထွင်ဖို့အတွက် အချိန်ရှိပါ့မလား"
ယွမ်ကျိုးက လေးနက်သော အမူအရာကို ပြသပြီး စကားပြန်ပြောသည်။
"ဒါလည်း ဟုတ်တော့ ဟုတ်တာပဲ"
ဤအကြောင်းပြချက်ကြောင့် လင်းဟုန် ယုံကြည်သွားသည်။ သို့သော်ငြားလည်း ယွမ်ကျိုးက ကားမောင်းသင်ယူမည့်ဆန္ဒ မရှိသကဲ့သို့ ကားဝယ်မည့်ဆန္ဒလည်း မရှိချေ။
"စုစုပေါင်း ၂၇ ယွမ် ကျသင့်ပါတယ်"
Taxi driver က ကားကို အေးအေးဆေးဆေး ကားပါကင်ထိုးလိုက်ပြီး ကျသင့်ငွေ တောင်းခံသည့် စက်မှတဆင့် ယွမ်ကျိုးကို ကျသင့်ငွေ ပြောကြားသည်။
"ဒါက ကျသင့်ငွေပါ။ ပြန်အမ်းငွေ မယူတော့ဘူး"
ယွမ်ကျိုးက Taxi driver ပေးသည့်ပြန်အမ်းငွေကို driver လက်ထဲထည့်ပေးပြီးနောက် ကားတံခါးကို ဖွင့်ကာ အပြင်ဘက်သို့ ထွက်သည်။
ခေါက်ဆွဲဆိုင်အရှေ့မှာ မတ်တတ်ရပ်နေရင်း ယွမ်ကျိုးက လေးကန်စွာ သက်ပြင်းချလိုက်ပြီး အဝေးသို့ မောင်းနှင်သွားသော Taxi ကို ငေးမောကြည့်ကာ စကားပြောသည်။
"ဝန်ဆောင်မှုကောင်းတဲ့အတွက်ကြောင့် ဆုပေးတယ်လို့ သဘောထားလိုက်ပါတယ်"
ခေါက်ဆွဲဆိုင်က မကြီးမားသော်လည်း ဖန်သားတံခါးပေါက်ကြီးက အလွန်အမင်း သန့်ရှင်း သပ်ရပ်သည်။ ငွေရှင်းကောင်တာက အရှေ့မျက်နှာစာ တံခါးပေါက်နားမှာရှိသည်။
ဆိုင်ထဲတွင် ထိုင်စားသည့်ဖောက်သည်များစွာလည်း ရှိနေပြီး ဆိုင်အတွင်းမှ ပျော်ရွှင်စွာ စကားပြောသံများကိုလည်း ကြားရသည်။ ပတ်ဝန်းကျင်က နွေးထွေးမှုရှိသည်ဟုလည်း ခံစားမိသည်။
"ခေါက်ဆွဲက အရသာရှိမယ့်ပုံပဲ"
ဆိုင်ထဲတွင်ရှိသော လူအားလုံး၏ ပျော်ရွှင်သော မျက်နှာအမူအရာကို ကြည့်ပြီး ယွမ်ကျိုးက ယခုလိုဆုံးဖြတ်ချက်မျိုးကို ချမိခြင်း ဖြစ်သည်။
သူဌေးက ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်နှင့် သက်လတ်ပိုင်း အမျိုးသားဖြစ်သည်။ သူက မီးခိုးရောင်ရှပ်အင်္ကျီ၊ အမဲရောင်ဘောင်းဘီကို ဝတ်ဆင်ထားပြီး သန့်ရှင်းသပ်ရပ်သောပုံစံ ပေါ်လွင်သည်။
သူဌေးရဲ့မျက်နှာက အမြဲတမ်းပြုံးနေသည်။ ယွမ်ကျိုး ပင်မခန်းမဆောင်ထဲ ဝင်ရောက်လာခြင်းကို မြင်သောအခါ သူက စိတ်အားထက်သန်စွာဖြင့် နှုတ်ဆက်စကားပြောသည်။
"မင်္ဂလာပါ။ ဆိုင်ရဲ့မီနူးက နံရံမှာပါ။ ဘာစားမလဲဆိုတာ တစ်ချက်ကြည့်ပေးပါ"
"ကောင်းပြီ"
ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး မီနူးကို ကြည့်လိုက်သည်။ နံရံပေါ်မှာ အနီရောင် ဆီစက္ကူ အပိုင်းအစကို ကပ်ထားသည်။ အဲ့စာရွက်ပေါ်မှာ အမဲသားခေါက်ဆွဲနဲ့ တွဲဖက်စားရတဲ့ လက်လုပ်ခေါက်ဆွဲများစွာရှိသည်။
"အထူးဟင်းပွဲအနေနဲ့ အမဲသားခေါက်ဆွဲပြုတ်နဲ့ တရုတ်နံနံစေ့လေးတွေ ထည့်ပေးပါ"
ခေါက်ဆွဲ အော်ဒါမှာပြီးနောက် ယွမ်ကျိုးက မီးဖိုချောင်နဲ့နီးတဲ့ ခုံလေးခုံရှိတဲ့ စားပွဲခုံနားမှာ နေရာယူလိုက်သည်။ သူ့အိတ်ကပ်ထဲမှ သစ်သားဘူးလေး နှစ်ဘူးကို ထုတ်ကာ ခေါက်ဆွဲစားရန် ပြင်ဆင်သည်။
ဤဆိုင်က ယင်ယာ လမ်းညွှန်သည့်ဆိုင်လည်း ဖြစ်သည်။
အပိုင်း(၂၀၇)
ပြီးပါပြီ။