← Chapters

အခန်း (၂၁၄-၂၁၆)

Vol. 15 Ch. 214-216

အခန်း (၂၁၄-၂၁၆)

Vol. 15 Ch. 214-216

ယွမ်ကျိုး အပိုင်း(၂၁၄)

စနစ်မှ စာတို ပေးပို့လာသောအခါ

ညဖက်ဆိုင်ဖွင့်ချိန်ပြီးလုနီးပါး အချိန်တွင်ဖြစ်သည်။ ထို့ကြောင့် မုရှောင်ယွမ်က ဆိုင်ထဲတွင် ရှိနေသေးသည်။

ယွမ်ကျိုးက ဆုလာဘ်ကိုနောက်မှ လက်ခံယူရန်စိတ်ရှည်ရှည်ဖြင့်စောင့်ဆိုင်း‌နေသည်။

"သူဌေး၊ သူဌေးအနိုင်ရမယ်လို့ ရာနှုန်းပြည့်အာမခံတယ်"

မုရှောင်ယွမ်က ဖောက်သည်အားလုံးထွက်သွားသော မြင်ကွင်းကို မြင်တွေ့ပြီးနောက် ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။

"အွန်း။ ကျေးဇူးအရမ်းတင်ပါတယ်"

ယွမ်ကျိုးက ခေါင်းညိတ်သည်။

"အားနာဖို့မလိုပါဘူး။ ကျွန်မလုပ်သင့်တဲ့အလုပ်ပါ၊ သူဌေး" မုရှောင်ယွမ်က ယွမ်ကျိုး၏ယဉ်ကျေးသော အမူအရာကြောင့် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်မိသည်။

"သူဌေးနဲ့ ထိုက်တန်လို့ပါ"

"မနက်ဖြန်မနက်ကျရင် ဘဲဆီနှမ်းကပ်ကိတ်ကို မင်းအတွက်ချန်ထားပေးမယ်။ ပုံမှန်ထက် ငါးမိနစ်စောပြီးတော့ ဆိုင်ကိုလာခဲ့ပါ"

ယွမ်ကျိုးက သူ၏ဆုံးဖြတ်ချက်ကို ပြောပြသည်။

"မလိုအပ်ပါဘူး။ ကျွန်မအစ်ကိုနဲ့ ကျွန်မနောက်မှ

လာစားပါ့မယ်"

မုရှောင်ယွမ်က လက်ကိုဝှေ့ယမ်းလိုက်ပြီးငြင်းပယ်သည်။

"ဒီတစ်ခေါက် ငါကိုယ်တိုင်ဆုံးဖြတ်တာပါ။ ဒါကြောင့်မလို့ ပုံမှန်ထက် ငါးမိနစ်စောပြီးလာခဲ့ပါ"

ထိုစကားကိုပြောပြီးနောက် ယွမ်ကျိုးက မီးဖိုချောင်ထဲမှထွက်ကာ သူမကို အပြင်သို့လိုက်ပါပို့ဆောင်သည်။

"ကျေးဇူးတင်ပါတယ် သူဌေး" မုရှောင်ယွမ်က ထပ်မံငြင်းပယ်မည့် ရည်ရွယ်ချက်ရှိသော်လည်း ယွမ်ကျိုး၏စိတ်အားထက်သန်‌သော အမူအရာကိုမြင်တွေ့ရသောအခါ ငြင်းပယ်မည့်အစား ကျေးဇူးတင်စကားပြောလိုက်သည်။

"အိမ်ပြန်လမ်းမှာ ဂရုစိုက်ပါ" ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး ဆိုင်တံခါးကိုပိတ်လိုက်သည်။

အရက်ဆိုင်သို့လာရောက်မည့်ဖောက်သည်များ မရောက်ရှိသေးသောကြောင့် ယွမ်ကျိုးက ပြင်ဆင်ရန် နာရီဝက်ခန့်အချိန်ရသည်။

မုရှောင်ယွမ်က စားသောက်ဆိုင်မှာ အချိန်အတော်ကြာအောင် အလုပ်လုပ်ခဲ့၍ ယွမ်ကျိုးက သူမ၏စိတ်နေသဘောထားကို ခံစားမိသည်။

သူမက ဟင်းပွဲတိုင်းကို မြည်းစမ်းချင်သော ဆန္ဒရှိသော်လည်း ဘဲဆီနှမ်းကပ်ကိတ်ကို အကြိုက်နှစ်သက်ဆုံးဖြစ်သည်ဟု ခံစားမိသည်။

အကြောင်းမူကား ဘဲဆီနှမ်းကပ်ကိတ်ကိုမြင်သောအခါ တံတွေးမျိုချလိုက်သည့် သူမ၏တံတွေးမျိုချလိုက်သောအသံကြောင့် ဖြစ်သည်။

ထို့ကြောင့် ယွမ်ကျိုးက သူမကို ဘဲဆီနှမ်းကပ်ကိတ် ဒကာခံရန် ဆုံးဖြတ်ထားသည်။

သူမအတွက် ပေးဆောင်ရမည့် အခကြေးငွေကို

သူကိုယ်တိုင်ပေးဆောင်ပေးမည်ဖြစ်သည်။

မစ်ရှင်က မုရှောင်ယွမ်၏ကိုယ်တိုင်ကိုယ်ကျ စိတ်အားထက်သန်စွာ ကြော်ငြာမှုကြောင့်သာ ပြီးမြောက်ခဲ့ခြင်းဖြစ်သည်။

ယွမ်ကျိုးကလည်း ကျေးဇူးကြွေးတင်ခံရခြင်းကို နှစ်သက်သူမဟုတ်သည့်အတွက်ကြောင့် သူမကို

သူမအကြိုက်ဆုံး ဘဲဆီနှမ်းကပ်ကိတ်ဖြင့် ကျေးဇူးဆပ်မည်ဟု ဆုံးဖြတ်ထားသည်။

ဖောက်သည်အားလုံးထွက်ခွာသွားသောအခါ ဆိုင်တံခါးကို ပိတ်လိုက်ပြီး ယွမ်ကျိုးတစ်ယောက်ထဲ ကျန်ရစ်ခဲ့သည်။ ထိုမှသာ မစ်ရှင်ကိုဖွင့်ကြည့်သည်။

[အဓိကမစ်ရှင် - မြို့တွင်းအစားအသောက်မြေပုံကို ဆက်သွယ်ပါ] (ပြီးမြောက်ပါပြီ)

[မစ်ရှင်အညွန်း -

တစ်ကမ္ဘာလုံးမှာရှိတဲ့ လူအားလုံးရဲ့အစားအသောက်တွေကို သိမ်းပိုက်ချင်တယ်ဆိုရင် ရိုးရှင်းတဲ့လမ်းလေးမှာတောင် မင်းအနိုင်ရအောင် ကြိုးစားရမယ်၊ လူငယ်လေး။ လမ်းတစ်လမ်းလုံးရဲ့ဆိုင်တွေကို အနိုင်ယူနိုင်အောင် ကြိုးစားပါ။ စားဖိုမှူးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို မကျဆင်းစေနဲ့။ ဒါကြောင့်မလို့ မင်းကိုယ်တိုင် ကြော်ငြာခွင့်မပြုပါဘူး]

[မစ်ရှင်ဆုလာဘ် - အစုံလိုက်အစားအသောက်တွေကို ကြိုဆိုခြင်း] (လက်ခံရရှိနိုင်ပါပြီ)

[ဆုလာဘ်အညွှန်း - ကျွမ်းကျင်စားဖိုမှူးစားသောက်ဆိုင်အနေနဲ့ စားသုံးသူဖောက်သည်တွေကို ဖျော်ဖြေဖို့အတွက် တစ်စုံတစ်ရာရှိသင့်တယ်မဟုတ်လား] (လက်ခံရရှိပါပြီ)

ယွမ်ကျိုးက တိတ်တဆိတ်ဖတ်လိုက်သည်။

အစုံလိုက်အစားအသောက် ကြိုဆိုခြင်းနှင့် ပက်သတ်သော အကြောင်းအရာကို သူလည်း အတော်လေးသိချင်မိသည်။

ခဏကြာပြီးနောက် သူ့ပတ်ဝန်းကျင်တွင် ပြောင်းလဲမှုမရှိခြင်းကို တွေ့ရှိရသည်။

"ထူးဆန်းလိုက်တာ။ ဆုလာဘ်က ဘယ်နေရာမှာလဲ"

ယွမ်ကျိုးက မီးဖိုချောင်ကို လှည့်ပတ်လမ်းလျှောက်သည်။

သုံးစားမရတဲ့အရာအတွက် ယွမ်ကျိုးက စနစ်ကို မေးမြန်းမှုမပြုလုပ်ပေ။

သူသိသလောက်နယ်ပယ် အကန့်အသတ်အတွင်း ကြိုတင်ခန့်မှန်းမှုများကို ပြုလုပ်နေသည်။

တစ်ပတ်ပတ်လျှောက်ပြီးနောက် ယွမ်ကျိုးက အံဆွဲတစ်ခုပေါ်မှ အစုံလိုက် အစားအသောက်များကို ကြိုဆိုခြင်းဆိုသော အညွှန်းကိုတွေ့ရှိသွားသည်။

"ဝိုး ဒီမှာပဲ"

ယွမ်ကျိုးက အံဆွဲကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် သူက အံဆွဲတံခါးကိုဖွင့်ကြည့်လိုက်ပြီး အထဲတွင်ရှိသော ပစ္စည်းများက သူ့အမြင်အာရုံထဲဝင်ရောက်လာသည်။

"ဒါက အစုံလိုက်အစားအသောက် ကြိုဆိုခြင်းလား"

ယွမ်ကျိုး၏မျက်နှာပေါ်တွင် အံ့ဩသောခံစားချက်နှင့် သံသယဝင်သောခံစားချက်များ ပေါ်လာသည်။

အံဆွဲအတွင်းတွင် ပန်းကန်ပြားများရှိသည်။

ကြီးမားသော မြက်ခင်းပြင်ပုံစံပန်းကန်ပြား၊ သာမန်ဖန်ခွက်၊ သေသပ်စွာ ခေါက်ထားသောလက်သုတ်ပဝါနှင့် လုံးဝန်းသောဘောလုံးနှစ်လုံးကို ပါးလွှာသောစက္ကူဖြင့် ပတ်ထားသည်။

ယွမ်ကျိုးက ဤအခြင်းအရာများကို သကြားလုံးများဟုတွေးလိုက်သည်။

"ဒါက မင်းပြောနေတဲ့ အစုံလိုက်အစားအသောက်ကြိုဆိုခြင်းလား"

ယွမ်ကျိုးက သူ့ကို နောက်ပြောင်နေသည်ဟု ခံစားမိသည်။

စနစ်က ဖော်ပြသည်။

"ဆိုင်ရှင်၊ ဒီဟင်းပွဲတွေကို ပန်းကန်လွတ်ထဲမှာ ထားလို့ရပါတယ်။ အစုံလိုက်အစားအသောက်ကြိုဆိုခြင်းအတွက် ဖောက်သည်တစ်ယောက်ကို တစ်ပွဲစီ ချပေးရပါမယ်။ မနက်စာအတွက် မရနိုင်ပါဘူး။ ဒီ့အပြင် တစ်မျိုးတည်းလည်း သီးခြားမရောင်းပါဘူး"

"ဒါဆိုရင် ဒါက အစုံလိုက်ကြက်ဥထမင်းကြော်နဲ့ ပုံစံတူလား"

ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး တလေးတစားပြောသည်။

စနစ်က ဖော်ပြသည်။

"ဈေးနှုန်းကို သတ်မှတ်ပြီးသွားတဲ့အတွက်ကြောင့် မနက်ဖြန်ကျရင် သိနိုင်ပါပြီ"

"ကောင်းပြီ။ အစတုန်းကတော့ ရေတောင်ပေးမသောက်ဘူးဆို။ အခုတော့ ဖောက်သည်တိုင်းကို ရေတစ်ခွက်ပေးတော့မယ်လား။

ငါသောက်တဲ့ရေနဲ့ တူတူပဲလား"

ယွမ်ကျိုးက အစုံလိုက်အစားအသောက်ကြိုဆိုခြင်းကို ကြည့်ပြီး ဖန်ခွက်တစ်ခွက်ကို ထုတ်လိုက်သည်။

စနစ်က ဖော်ပြသည်။

"ရေနှစ်မျိုးက ခြားနားပါတယ်။ ဖောက်သည်တွေကို တိုက်မယ့်ရေက ကြည်လင်တဲ့မိုးရေပါ။ ဩစတေးလျ သီးခြားပြည်နယ်စုရဲ့ ကျွန်းပေါ်က ရယူထားတဲ့ရေပါ။

အဲ့ဒီ့ကျွန်းမှာဆိုရင် ရှုမျှော်ခင်းတွေက အရမ်းကိုလှပပြီးတော့ ရေတွေက ကြည်လင်သန့်ရှင်းတယ်"

"နေပါဦး။ မင်းပြောနေတဲ့ပုံစံကလေ၊ ရှုခင်းတွေကို မိတ်ဆက်ပေးတဲ့အကြောင်းအရာကို ဖတ်ပြနေသလိုပဲ။ မိုးရေဆိုတာက အရမ်းကို ညစ်ပတ်တယ်မဟုတ်ဘူးလား။

ငါသိထားတာက ဒီလိုပဲသိထားတာပါ"

ယွမ်ကျိုးက စနစ်ကို အလောတကြီး ဟန့်တားလိုက်သည်။

ခဏကြာရပ်တန့်ပြီးနောက် စနစ်က ဆက်လက်ဖော်ပြသည်။

"အခု အသုံးပြုထားတဲ့မိုးရေက လေဖိအားအပေါ်ဖက်ကနေ ရယူထားတဲ့အတွက်ကြောင့် ဘတ်တီးရီးယားတွေနဲ့ ဖုန်မှုန့်တွေ ကင်းစင်ပါတယ်။ ဘေးကင်းလုံခြုံစွာသောက်လို့ရပါတယ်။ သဘာဝအတိုင်းရယူထားတဲ့ရေပါ"

"မင်းပုံစံက သဘာဝရှုခင်းတွေကို မိတ်ဆက်ပေးတာနဲ့ တကယ်တူနေပြီ"

ယွမ်ကျိုးက ငြီးတွားပြောဆိုသည်။

သို့သော်လည်း ဤနယ်မြေက သူ၏စိတ်အာရုံကို ဖမ်းစားသွားသည်။

"ငါအားလပ်ချိန်ရောက်ရင် အဲ့နေရာကို ရောက်အောင်သွားဦးမယ်"

ယွမ်ကျိုးက သူ့စိတ်ထဲတွေးတောလိုက်သည်။

ယွမ်ကျိုးက ငွေကို အလွန်အမင်းမက်မောသူမဟုတ်သော်လည်း ငွေများကို အလဟဿမဖြုန်းတီးပစ်ပေ။

ယခုအချိန်မှာ သူက ရေ၏အရသာကို အမှန်တကယ် သိချင်စိတ်ဖြစ်ပေါ်နေသည်။

သူက ခွက်ကို ကောက်ကိုက်လိုက်ပြီး ရေကို ကုန်အောင်သောက်လိုက်သည်။

"ဟူး ... အရမ်းကောင်းတယ်။ ဒါပေမယ့် ငါပုံမှန်သောက်နေကျ ရေကိုတော့ မမှီဘူး"

ရေကို သောက်ကြည့်ပြီးနောက် ယွမ်ကျိုးက အရသာကို ခဏကြာအောင်စားမြုံ့ပြန်ပြီးနောက် ပြောသည်။

တကယ်တမ်း ဖောက်သည်များကို ရောင်းချမည့်ရေက ယွမ်ကျိုးသောက်သောရေလောက် ကောင်းမွန်မှုမရှိပေ။

အရသာကွာခြားမှုရှိသည်။

ကွာခြားရသော အကြောင်းအရင်းက အဆင့်မတူသည့် အတွက်ကြောင့်ဖြစ်သည်။

အစုံလိုက်အစားအသောက် ကြိုဆိုခြင်းအတွက် ထောက်ပံ့ထားသည့် ရေသည် ၂၀၀ မီလီလီတာအတွက် ၈ယွမ်ကုန်ကျသည့်အတွက် ဈေးပေါသည့်ထဲ မပါဝင်ချေ။

၇၅၀ မီလီလီတာခန့်ရှိသော တစ်ပုလင်းလုံးကို သောက်မည်ဆိုလျှင် ၅ ဒေါ်လာခန့် ကုန်ကျလိမ့်မည်။

ယွမ်ကျိုးအတွက် စနစ်မှ ထောက်ပံ့ထားသောရေကို ယှဉ်နိုင်စွမ်းမရှိပေ။

ယွမ်ကျိုးအတွက် စနစ်မှထောက်ပံ့ထားသောရေက ကုန်ဆုံးသွားသောစွမ်းအင်များကို ဖြည့်တင်းပေးနိုင်သည့် စွမ်းအင်ရှိသည်။

"ဒါကရောဘာလဲ"

ယွမ်ကျိုးက ရေကိုသောက်ကြည့်ပြီးနောက် ပါးလွှာသောစက္ကူဖြင့် ပတ်ထားသောအရာဝတ္ထုကို စတင်လေ့လာသည်။

စနစ်က ဖော်ပြသည်။

"အဖြူရောင်တစ်ခုက စားချင်စိတ်ဖြစ်စေတဲ့ သကြားလုံးပါ။ အဖြူရောင်သကြားလုံးရဲ့ဘေးနားက

တစ်ခုကတော့ ဂျင်းတက်သကြားလုံးလေးပါ"

"ငါ့ရဲ့ဟင်းပွဲတွေထဲမှာ စူးရှရှအရသာရှိတဲ့ ဟင်းပွဲတွေ မရှိပါဘူး။ ဒီ့အပြင် ငါ့အစားအသောက်တွေကို စားချင်စိတ်ဖြစ်အောင်လုပ်ဖို့လိုအပ်လို့လား"

ယွမ်ကျိုးက ဒွိဟဖြစ်သောခံစားချက်ကို ဖော်ပြသည်။

သို့သော်ငြားလည်း သူကသကြားလုံးအခွံကို ခွာလိုက်ပြီး သူ့ပါးစပ်ထဲ သကြားလုံးကို ပစ်ထည့်လိုက်သည်။

စနစ်က ဖော်ပြသည်။

"သကြားလုံးကို ပတ်ထားတဲ့ စာရွက်ကိုလည်း စားလို့ရပါတယ်"

စနစ်၏ညွှန်ကြားမှုကို မြင်သောအခါ သကြားလုံးပတ်ထားသောစာရွက်ကို သူ့ပါးစပ်ထဲထည့်လိုက်ပြီးနောက် အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသည့် သကြားလုံး၏သဘောကို နားလည်သွားသည်။

သကြားလုံးကို သကြားလုံးစာရွက်နှင့်အတူတူ စားသုံးပြီးသည့်နောက် သကြားလုံးတွင် အချိုဓာတ်လုံးဝမရှိပဲ သကြားလုံး၏အမည်အတိုင်း ချဉ်တင်တင်အရသာရှိခြင်းကို ခံစားမိသည်။

ခံတွင်းထဲဝင်ရောက်သွားသောအခါ သကြားလုံးက ချက်ချင်း အရည်ပျော်သွားပြီး လည်ချောင်းထဲမှတစ်ဆင့် အစာအိမ်ထဲသို့ ရောက်ရှိသွားသည်။

လေများအပေါ်သို့ ဆန်တက်လာပြီး အစာအိမ်က ဟာလာဟင်းလင်းဖြစ်သွားသည်။

"ဒီလိုပုံစံနဲ့ အကျိုးသက်ရောက်မှုရှိတာလား"

ယွမ်ကျိုးက ချက်ချင်းသဘောပေါက်သွားသည်။

သကြားလုံးက ခန္ဓာကိုယ်အတွင်းမှာရှိသည့် ဓာတ်ငွေ့များကို ဖယ်ရှားပေးပုံပေါ်သည်။

ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို သက်တောင့်သက်သာရှိစေသည့်အပြင် လူတစ်ဦး၏ အစာစားချင်စိတ်ကိုလည်း တိုးမြှင့်ပေးသည်။

"နောက်ထပ်သကြားလုံးတစ်ခုရဲ့အရသာကို မသိသေးဘူး"

ယွမ်ကျိုးက ဂျင်းပုံသဏ္ဍာန် ပါးလွှာသောစက္ကူဖြင့် ထုတ်ပိုးထားသော သကြားလုံးကို ကောက်ယူလိုက်ပြီး သကြားလုံးစာရွက်နှင့် အတူ သကြားလုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။

ပန်းဝတ်ရည်သောက်ရသကဲ့သို့ ချိုမြပြီး လတ်ဆတ်သော ခံစားချက်ကို ခံစားမိသည်။

ကလေးဘဝက စားခဲ့ဖူးသည့် သကြားလုံး၏အရသာနှင့်တူသည်။

သကြားလုံးက ခံတွင်းထဲအရည်ပျော်သွားပြီးနောက် အခြားသော အရသာကို

မခံစားမိပေ။

"နာမည်နဲ့ တကယ့်ကို ထိုက်တန်ပါတယ်။ စနစ်၊ အစုံလိုက်အစားအသောက်အတွက် ဘယ်လောက်ကုန်ကျမလဲ"

ယွမ်ကျိုးက စပ်စပ်စုစုမေးမြန်းသည်။

စနစ်က ဖော်ပြသည်။

[.....]

အပိုင်း(၂၁၄)

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၂၁၅)

အစုံလိုက်အစားအသောက်ကြိုဆိုခြင်း ဟင်းပွဲကို ယွမ်ကျိုးစားသုံးခဲ့ခြင်းဖြစ်သည်။ ယခုအချိန်အထိ အစုံလိုက်အစားအသောက် စားသောက်ခြင်းကို သူကိုယ်တိုင်ပင် မသိသေးချေ။

“စနစ်၊ ဒီအစုံလိုက်အစားအသောက်ရဲ့ဈေးနှုန်းက ဘယ်လောက်လဲ”

ယွမ်ကျိုးက စပ်စပ်စုစုမေးမြန်းသည်။

စနစ်က ဖော်ပြသည်။

[ဒီအစုံလိုက်အစားအသောက်က စားသုံးသူတွေရဲ့ ဆိုင်ထိုင်ခြင်းပေါ် မူတည်ပြီးတော့ ကွဲပြားမှုရှိပါတယ်။ တစ်ပွဲချင်းစီရဲ့ဈေးနှုန်းကို မနက်ဖြန် နေ့လယ်ခင်းကျမှ ဖော်ပြပေးပါ့မယ်]

“ငါ့ကိုတောင် မပြောနိုင်ဘူးလား”

ယွမ်ကျိုးက အာစေးမိသကဲ့သို့ ခံစားမိသည်။ စနစ်က ဤတစ်ကြိမ်တွင် သူ့ကို

မတုံ့ပြန်ခဲ့ပေ။ သူက ယွမ်ကျိုးကို ပြောပြရန် အင်တင်တင်ဖြစ်နေပုံရှိသည်။

သို့သော်လည်း ယွမ်ကျိုးက အလွယ်တကူ စွန့်လွှတ်မည့် ရည်ရွယ်ချက် မရှိပေ။ သိပ်မကြာခင်မှာပင် သူ့နှုတ်ကို ထပ်မံ၍ ဖွင့်ဟလိုက်သည်။

“မင်းက ငါ့ကို ဈေးနှုန်းမပြောဘူးဆိုရင် အခု ငါစားလိုက်တဲ့ပွဲအတွက် အခကြေးငွေ ပေးစရာမလိုတဲ့သဘောလား”

ထိုစကားကိုမပြောခင် ယွမ်ကျိုးက အံဆွဲထဲမှ ပိုက်ဆံနှင့် သူ၏ဘဏ်အကောင့်ထဲမှ ပိုက်ဆံကို စစ်ဆေးကြည့်လိုက်သည်။ အံဆွဲထဲမှ ပိုက်ဆံနှင့် အကောင့်ထဲမှပိုက်ဆံကို ထုတ်ယူခြင်းမရှိသည်ကို မြင်တွေ့သောအခါ ယွမ်ကျိုး၏ မျက်နှာပေါ်တွင် အပြုံးလေးပေါ်လွင်လာသည်။

စနစ်က ဖော်ပြသည်။

[တစ်ပွဲအတွက် ယွမ်၂၀ ကုန်ကျပါတယ်]

မျှော်မှန်းထားသည့်အတိုင်း စနစ်က ကျသင့်ငွေကို ပြောပြသည်။

“အင်း။ ဒီလောက်ဈေးနှုန်းနဲ့ဆိုရင်တော့ ငါတတ်နိုင်ပါတယ်”

ခံစားချက်ကင်းမဲ့သောအမူအရာတွင် ပျော်ရွှင်သောအမူအရာများ ရှိနေသည်။

"စနစ်၊ ယွမ်၂၀ ဆိုတဲ့ တန်ဖိုးက အရမ်းကို ဈေးမပေါလွန်းဘူးလား”

သို့သော်ငြားလည်း စနစ်က တုံ့ပြန်မှု မရှိခဲ့ပေ။

“ကောင်းပြီ။ ဒါဆိုရင်တော့

ငါ့အလုပ်ငါ ဆက်လုပ်တော့မယ်”

ယွမ်ကျိုးက အင်္ကျီကို ဆန့်တန်းလိုက်ပြီး ဂရုမစိုက်ဟန် အမူအရာဖြင့် ပြောဆိုသည်။ မည်သို့ပင်ဆိုစေကာမူ ယွမ်ကျိုးက ဟင်းပွဲရောင်းချခြင်းအတွက် ကုန်ကျစရိတ်ပေးဆောင်စရာမလိုအပ်သည့်အတွက် သဘောကျနှစ်သက်သည်။

ကုန်ကျစရိတ်မပေးရသည့်အလုပ်ကို သူက အနှစ်သက်ဆုံးဖြစ်သည်။ စားသောက်ဆိုင်ကို ရှင်းလင်းပြီးနောက် ယွမ်ကျိုးက တံခါးကို ဖွင့်လိုက်သည်။ ထိုစဉ် ဖောက်သည်များ ရောက်ရှိလာသည်။

ဖန်ဟမ်ကလည်း ယွမ်ကျိုး စားသောက်ဆိုင်၏ ပုံမှန်ဖောက်သည် ဖြစ်လာပါပြီ။ ယွမ်ကျိုး၏စားသောက်ဆိုင်တွင် ရောင်းချသည့်အရက်ကို ပထမဦးဆုံး မြည်းစမ်းကြည့်ပြီးသည့်နောက် ဟင်းလျာများကိုလည်း စတင်မြည်းစမ်းလာသည်။

သို့သော်လည်း သူက အရက်နှင့် တွဲသောက်သည့်အမြည်းများကို ရောင်းချခြင်းမရှိသည့်စည်းမျဉ်းကို အတော်အတန် ကျေနပ်မှုမရှိပေ။ သို့သော်လည်း ယွမ်ကျိုးက စည်းကမ်းအလွန်လိုက်နာသည့် သံလိုက်အိမ်မြှောင်ကြီးဖြစ်သည့်အတွက်ကြောင့် မပြောသာချေ။

ထို့ကြောင့် ဖန်ဟမ်၏ ကန့်ကွက်ချက်က ရှုံးနိမ့်သွားခဲ့သည်။ သို့သော်ငြားလည်း နေ့စဉ်၊နေ့တိုင်း ကံစမ်းမဲလာနှိုက်သည့် ဖန်ဟမ်ကို သက်ရောက်မှုမရှိခဲ့ပေ။

၅၈၈၈ ယွမ်တန်သော ဝါးအရက်ပုလင်းတစ်အိုးကို ဆုလာဘ်အနေဖြင့် ထပ်မံရရှိသွားသည်။ ဖန်ဟမ်က ဆုလာဘ်ကို နှစ်ကြိမ်တိုင်တိုင် ရရှိသွားခြင်းဖြစ်သည်။

.....

နောက်တစ်နေ့ မနက်စောစောတွင် ယွမ်ကျိုးက စနစ်မှထောက်ပံ့ထားသော ပဲပိစပ်ကို အသုံးပြုပြီး ပဲနို့အေးတစ်ပွဲကို ပြင်ဆင်ကာ ဘဲဆီနှမ်းကပ်ကိတ်လေးခုနှင့် တွဲဖက်စားသည်။

တကယ်တမ်း သူ့ရဲ့မနက်စာကို အခုထက်မက ပိုစားသော အလေ့အကျင့်ရှိနေသည်။ ဘဲဆီနှမ်းကပ်ကိတ်ကို စားနေစဉ် အေးစက်စက် ပဲနို့ကိုလည်း အဝသောက်သည်။

ဆိုင်ဖွင့်ချိန်နီးကပ်လာသောအခါ ယွမ်ကျိုးက ဆိုင်တံခါးကို ဖွင့်လိုက်သည်။ မျှော်မှန်းထားသည့်အတိုင်း

မုရှောင်ယွမ်က တံခါးပေါက်ဝမှာ အချိန်ကိုက် စောင့်ဆိုင်းနေသည်။

ခပ်လှမ်းလှမ်းမှ ပြေးလာရသောကြောင့် သူမ၏ မျက်နှာက နီမြန်းနေပြီး မိန်းမငယ်လေးကို ပို၍လှပပြီး ချစ်စရာကောင်းသောအသွင် ပေါ်လွင်စေသည်။

"မင်္ဂလာနံနက်ခင်းပါ သူဌေး"

ယွမ်ကျိုးက ယနေ့ သူမကို ဒကာခံမည်ဟု ပြောထားသည်ကို အမှတ်ရသွားသောအခါ မုရှောင်ယွမ်က ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ယွမ်ကျိုးကို နှုတ်ဆက်စကားပြောလိုက်သည်။

"ဆိုင်ထဲဝင်လာခဲ့လေ"

ခေါင်းညိတ်ပြီးနောက် ယွမ်ကျိုးက ကျောခိုင်းကာ မီးဖိုချောင်ထဲသို့ ပြန်သွားသည်။

ဘဲဆီနှမ်းကပ်ကိတ်ကို ပန်းကန်ပြားပေါ် တင်ပြီးနောက် မုရှောင်ယွမ်ကို လှည့်ကြည့်လိုက်သောအခါ မုရှောင်ယွမ်က ပုံမှန်နေရာတွင် စိတ်မသက်မသာဟန်ဖြင့် မတ်တတ်ရပ်နေတုန်းဖြစ်သည်။

"ဒီနားမှာ လာထိုင်လေ။ အခုဆိုရင် မင်းက ဆိုင်ရဲ့ဖောက်သည်ဖြစ်သွားပြီ"

ယွမ်ကျိုးက မုရှောင်ယွမ်ကို စားပွဲခုံရှည်၏ အလယ်မှာထိုင်ရန် အချက်ပြသည်။

"ဒါပေမယ့်..."

မုရှောင်ယွမ်၏ စကားအဆုံးမသတ်ခင် သူမပြောမည့်စကားကို ယွမ်ကျိုးက နှောင့်ယှက်သွားသည်။

"ဆိုင်ဖွင့်ဖို့အတွက် ၅ မိနစ်ပဲလိုတော့တယ်"

ယွမ်ကျိုးက လေးနက်စွာပြောသည်။

"ကောင်းပါပြီ။ အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ် သူဌေး"

မုရှောင်ယွမ်က ဆိုင်ဖွင့်ချိန်ကို သက်ရောက်မှု မရှိစေချင်သောကြောင့် ထိုင်ခုံမှာ မြန်မြန်ထိုင်လိုက်သည်။

"စားတော့"

ယွမ်ကျိုးက ဘဲဆီနှမ်းကပ်ကိတ်ကို စားပွဲခုံပေါ်ချပေးပြီး မနက်စာပြင်ဆင်နေသည်။ ယနေ့ မနက်ခင်းတွင် ဘဲဆီနှမ်းကပ်ကိတ် ၉၅ ခုကို ရောင်းချပေးမည်။

မုရှောင်ယွမ်က ယွမ်ကျိုး၏ ဟင်းပွဲကို ပထမဦးဆုံးအကြိမ် စားဖူးခြင်းဖြစ်သည်။ ဘဲဆီနှမ်းကပ်ကိတ်ကို စားကြည့်ပြီးမှ ဖောက်သည်များက ဤဆိုင်မှာ စားသုံးရခြင်းကို နှစ်သက်ရသည့် အကြောင်းရင်းကို ချက်ချင်း သဘောပေါက်သွားသည်။

"သူဌေး၊ မုန့်က အရမ်းကို အရသာရှိတယ်"

ဘဲဆီနှမ်းကပ်ကိတ်ကို ပလုတ်ပလောင်းစားရင်း မုရှောင်ယွမ်က မပီကလာ၊ ပီကလာ အသံဖြင့် ထပ်တလဲလဲချီးမွမ်းစကားပြောသည်။

ယခုမှသာ လူပေါင်းများစွာ တန်းစီစောင့်ရသည့် အကြောင်းရင်းကို သူမ နားလည်သဘောပေါက်သွားသည်။

"အင်း"

ယွမ်ကျိုးက သူမစကားကို ကြားဟန် ခေါင်းညိတ်လိုက်သည်။ ထို့နောက် မနက်စာပြင်ဆင်ခြင်းကို ဆက်လက်လုပ်ဆောင်သည်။

စားသောက်ဆိုင်အပြင်ဘက်တွင် တန်းစီစောင့်နေသော ဖောက်သည်များစွာရှိနေသည်။ ဖောက်သည်အများစုက အစားအသောက်ဂရုမှ အဖွဲ့ဝင်များ ဖြစ်သည်။

အစားအသောက်ဂရုတွင် မုရှောင်ယွမ်၏ စာတိုများဖြင့် ပြည့်နှက်နေသည်။ သူဌေးယွမ်က သူမကို ဘဲဆီနှမ်းကပ်ကိတ် ဒကာခံမည့်အကြောင်း ပြောထား၍ ဆိုင်ထဲတွင် သူမကို မြင်တွေ့ရခြင်းကို အံ့ဩသည့်အမူအရာ မပြသချေ။

အစားအသောက်ဂရု၏ အဖွဲ့ဝင်မဟုတ်သည့် တခြားသောဖောက်သည်များက ဒွိဟဖြစ်နေရသည်။

“ကြည့်စမ်းပါဦး။ အထဲထဲမှာ စားနေတဲ့သူတစ်ယောက်ရှိတယ်။ ဒါပေမယ့် ဆိုင်ဖွင့်ချိန် မရောက်သေးဘူးမို့လား”

ဆယ်ယောက်မြောက်တွင် တန်းစီစောင့်နေသော ဖောက်သည်တစ်ယောက်က ဒွိဟဖြစ်သောခံစားချက်ဖြင့် မေးမြန်းလိုက်သည်။

“အမှန်ပဲ။ ဆိုင်ဖွင့်ဖို့အတွက် သုံးမိနစ်တောင်လိုသေးတယ်။ ဒီသံလိုက်အိမ်မြှောင်ကြီးက သူချထားတဲ့စည်းမျဉ်းတွေကို ဘယ်တော့မှ မချိုးဖောက်ပါဘူး”

ယွမ်ကျိုး၏ စည်းမျဉ်းစည်းကမ်းနှင့်ပတ်သက်ပြီး နက်နက်နဲနဲ နားလည်သည့် ဖောက်သည်တစ်ယောက်က သံသယဝင်တဲ့ ခံစားချက်ဖြင့်မေးမြန်းသည်။

“ဒါပေမယ့် ဆိုင်ထဲမှာ စားနေသူတကယ်ရှိတယ်လေ။ နေဦး၊ နေဦး။ အဲဒီ့လူက ရှောင်ယွမ်မဟုတ်လား”

ဖောက်သည်တစ်ယောက်က လည်ကိုဆန့်လိုက်ပြီး ဆိုင်ထဲကို ကြည့်လိုက်သောအခါ ဆိုင်ထဲမှာ စားနေသူက မုရှောင်ယွမ်ဖြစ်နေမှန်းသိသွားသည်။

“ရှောင်ယွမ့်မှာ ငွေအလုံအလောက်ရှိလို့လား”

ဖောက်သည်တစ်ယောက်က စပ်စပ်စုစု မေးမြန်းသည်။ တခြားသူများကလည်း သူနှင့်အတူတူ လိုက်ပါကြည့်ရှုကြသည်။

အရှေ့ဘက်မှလူများက အမှန်တရားကို သိနေသူများဖြစ်

သည့်အတွက်ကြောင့် ဝင်ရောက်ပြောဆိုသည်။

“မဟုတ်ဘူး။ သူဌေးယွမ်က ရှောင်ယွမ့်ကို ဘဲဆီနှမ်းကပ်ကိတ် ဒကာခံတာ”

“ဟုတ်လို့လား။ ငါ အခုမှ အိပ်ရာက နိုးလာတာလား။ အိမ်မက်များ မက်နေတာလား”

ဖောက်သည်တစ်ယောက်က သူ့ကို 'မနောက်နဲ့' ဟူသော အမူအရာကို ဖော်ပြသည်။

မုရှောင်ယွမ်ကိုယ်တိုင်က အစားအသောက်ဂရုထဲတွင် ကြော်ငြာဝင်ထား၍ အဖွဲ့ဝင်အားလုံးက မုရှောင်ယွမ်

ဘဲဆီနှမ်းကပ်ကိတ် စားရမည့် သတင်းကို သိထားကြသည်။ သို့တိုင် တခြားသူများက အမှန်တရားကို မသိသေးပေ။

“ဒီနေ့က ကောင်းကင်ကြီးက ကြည်လင်ပြီးတော့ နေသာနေပါတယ်။ မိုးရွာမယ့်ပုံလည်း မပေါ်ပါဘူး”

ယွမ်ကျိုး၏ စည်းမျဉ်းများကို ကောင်းမွန်စွာ သိနေသည့် ဖောက်သည်တစ်ယောက်က တိမ်များကင်းစင်နေသည့် ကောင်းကင်ယံကြီးကို လေးနက်စွာကြည့်လိုက်သည်။

“ရှောင်ယွမ်က ငွေအလုံအလောက်ရှိပါတယ်။ ဘဲဆီနှမ်းကပ်ကိတ်က အရမ်းကြီးလည်း ဈေးမကြီးပါဘူး”

ဘဲဆီနှမ်းကပ်ကိတ်ကို အလွန်အမင်းနှစ်သက်သည့် ဖောက်သည်တစ်ယောက်က ဘဲဆီနှမ်းကပ်ကိတ်အကြောင်း ပြောလာသည့်အခါ သွားရည်ကျလာ၍ သွားရည်များကို မျိုချလိုက်ရသည်။

“ရှောင်ယွမ်ကိုယ်တိုင်ပြောတာတော့ သူ့ကို သူဌေးယွမ်က ဒကာခံမယ်လို့ပြောတာပဲ”

အစားအသောက်ဂရုမှ ဖောက်သည်တစ်ယောက်က ပြုံးရွှင်သောအမူအရာဖြင့် ဟုတ်မှန်ကြောင်းပြောသည်။

“ဘာလဲဟ”

ဖောက်သည်တစ်ယောက်က ရုတ်တရက်ထအော်သည်။

သူ့ဘေးနားက တခြားသောဖောက်သည်တစ်ယောက်ကလည်း အလန့်တကြားပြန်ပြောသည်။

“နင့်အော်သံကလည်း ကမ္ဘာပြိုသလို၊ ကမ္ဘာပျက်သလိုပဲနော်”

“အမှန်ပဲလေ။ ငါ့မျက်နှာသာ ကြည့်ကောင်းရင် သူဌေးယွမ်ကလည်း ငါ့ကို ဒကာခံလောက်တယ်။ ဟုတ်တယ်မလား”

ဖောက်သည်တစ်ယောက်က သူ့ရဲ့မျက်နှာကို ရုတ်တရက် ပွတ်သပ်ရင်း ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

“ယင်ယာတောင် မအောင်မြင်ခဲ့တာလေ”

ဖောက်သည်တစ်ယောက်က သူ၏ ပြောဆိုမှုကို ကန့်ကွက်သည်။

“ဒါဆိုရင် သူဌေးယွမ်က ရှောင်ယွမ့်ကို ဒကာခံရတဲ့အကြောင်းအရင်းတော့ရှိရမယ်လို့ ငါယုံကြည်တယ်”

ဖောက်သည်တစ်ယောက်က ဆုံးဖြတ်ချက်ပိုင်နိုင်သော လေသံဖြင့်ပြောသည်။

“ရှိတာပေါ့။ သူဌေးယွမ်က ရှောင်ယွမ်ကူညီပေးလို့သာ အစားအသောက်မြေပုံကို ဆက်သွယ်ခွင့်ရတာလေ။

ဒါကြောင့်မို့လဲ ရှောင်ယွမ်ကို ဒကာခံတာဖြစ်ရမယ်”

ဖောက်သည်တစ်ယောက်က ကျိုးကြောင်းဆင်ခြင်စွာဖြင့် ပြောဆိုသည်။

“ဒါလည်း ဟုတ်တော့ဟုတ်တာပဲ။ ဘာပဲဖြစ်ဖြစ် သူဌေးယွမ်က သံလိုက်အိမ်မြှောင်ကြီးလေ”

ဖောက်သည်တစ်ယောက်က စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။ လမ်းထဲတွင် မနက်စာအတွက် တန်းစီစောင့်နေသည့် ဖောက်သည်များ၏ ဆွေးနွေးချက်များကို ယွမ်ကျိုးက မသိခဲ့ပေ။

သို့သော်ငြားလည်း ယွမ်ကျိုးက သူ့ကိုယ်သူ စိတ်သဘောထားကောင်းမွန်ပြီး ချစ်စရာကောင်းသော အမျိုးသားအဖြစ် အမြဲတမ်း ယုံကြည်လက်ခံထားသည်။

စိတ်ကြည်လင်နေ၍ ယွမ်ကျိုးက ဟင်းပွဲအသစ်ဖြစ်သည့် ရနံ့သင်းကြိုင် ကြက်ဥဟင်းပွဲကို ရောင်းချပေးရန် ဆုံးဖြတ်ထားသည်။ ရနံ့သင်းကြိုင်ကြက်ဥဟင်းပွဲကို ရောင်းချပေးရန် ကြက်ဥများကို ပြုတ်ထားရပြီး နှပ်ထားသောပါဝင်ပစ္စည်းများကိုလည်း မြေအိုးထဲမှာ ကြိုတင်ပြင်ဆင်ထားရသည်။

မွှေးရနံ့ကလည်း ထူးခြားမှုရှိသည်။ ပါဝင်ပစ္စည်းများက လတ်ဆတ်သောကြောင့် ကောင်းမွန်သည်။ သို့သော်ငြားလည်း အချိန်ကန့်သတ်ချက်ရှိသောကြောင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။

ထို့ကြောင့် ဤဟင်းပွဲကို မနက်ဖြန် နေ့လယ်ခင်းမှသာ ရောင်းချခွင့်ရှိလိမ့်မည်။ ထို့ကြောင့် ယနေ့တွင် ဖောက်သည်များက မွှေးရနံ့ကိုသာ ခံစားခွင့်ရှိမည်။

ဤသည်ကား အစားအသောက်ဝါသနာရှင်များအတွက် ညှင်းပမ်းနှိပ်စက်သော အပြုအမူလည်းဖြစ်သည်။

နှပ်ထားသောပါဝင်ပစ္စည်းများသည် အလွန့်ကို မွှေးကြိုင်ပြီး ယွမ်ကျိုး၏ လျှို့ဝှက်နည်းလမ်းကြောင့် ပို၍ အရသာရှိသည်။

အပိုင်း(၂၁၅)

ပြီးပါပြီ။

၂၁၆ မှ ၂၂၀

ယွမ်ကျိုး အပိုင်း(၂၁၆)

ဆိုင်ဖွင့်ချိန်မဟုတ်လျှင် စနစ်က မွှေးရနံ့များ ပျံ့လွင့်ခြင်းကို မတားဆီးပေး၍ လမ်းထဲတွင် နေထိုင်သူများက မွှေးရနံ့၏ နှိပ်စက်သည့် ဒဏ်ကို ထပ်မံခံစားရပြန်သည်။ လမ်းတစ်လမ်းလုံး ဟင်း၏ မွှေးကြိုင်သောရနံ့များ ပြည့်နှက်နေသည်။

“သူဌေးယွမ်က အရသာရှိတဲ့ဟင်းပွဲတွေကို ပြင်ဆင်နေတာထင်တယ်”

ယွမ်ကျိုး၏ စားသောက်ဆိုင်နှင့် အနီးဆုံးဆိုင်ဖြစ်သည့် သူဌေးထုံက ခေါင်းကိုဆန့်တန်းလိုက်ပြီး ယွမ်ကျိုး၏ စားသောက်ဆိုင်တံခါးပေါက်ကို ကြည့်လိုက်သည်။

“သူဌေးထုံ၊ ဒါက ဘာမွှေးရနံ့လဲ။ မွှေးနေတာပဲနော်”

ဆံပင်တိုတိုနှင့်ကောင်မလေးက အဝတ်အခြောက်လျှော်ရန်အတွက် ဆိုင်သို့ရောက်လာရင်း သူဌေးထုံကို စပ်စပ်စုစု မေးမြန်းသည်။

“ငါ့ဆိုင်အနီးနားက ကျော်ကြားတဲ့စားသောက်ဆိုင်လေ။ အဲ့လူငယ်လေးရဲ့ ဟင်းချက်လက်ရာက လက်ဖျားခါလောက်တယ်”

သူဌေးထုံက ခေါင်းကိုလှည့်လိုက်ပြီး ပြုံးကာပြောသည်။

“အို ဒါကစားသောက်ဆိုင်လား။ ဒါဆိုရင်တော့ သွားစားကြည့်ရမယ်”

ဆံပင်တိုတိုနဲ့ကောင်မလေးက မွှေးရနံ့ကို ရှုရှိုက်ရင်း ပြန်ပြောသည်။

“သူဌေးယွမ် ချက်ပြုတ်တဲ့ဟင်းတွေက ဈေးမပေါဘူး။ ခမ်းနားတဲ့ဟိုတယ်တွေမှာ ရောင်းတဲ့အစားအသောက်ကို ယှဉ်နိုင်တယ်။ ဒါပေမယ့် ပေးရတဲ့ဈေးနဲ့တော့ တန်ပါတယ်”

သူဌေးထုံက အဝတ်အစားများကို အခြောက်လျှော်နေစဉ် ကောင်မလေးကို မိတ်ဆက်ပေးသည်။

“သိပြီ။ ယွမ်ကျိုးစားသောက်ဆိုင်မလား”

ကောင်မလေးက ရုတ်တရက် ပြန်လည်တုံ့ပြန်သည်။

“မင်းလည်း သိနေတာလား”

သူဌေးထုံက အနည်းငယ် အံ့အားသင့်သွားသည်။ ဆံပင်တိုတိုနှင့် ကောင်မလေးသည် သူဌေးထုံ၏ ပုံမှန်ဖောက်သည် ဖြစ်သည်။

သို့သော်လည်း သူမက တစ်လမှ တစ်ကြိမ်သာ လာလေ့ရှိသည်။ ပုံမှန်ဆိုလျှင် သူမက အလုပ်ကိစ္စဖြင့် ခရီးသွားနေတတ်သည့်အတွက်ကြောင့် သူဌေးထုံက သူမကို မြင်တွေ့ရလေ့မရှိချေ။

သူမ၏ဆိုင်သို့ သိပ်လာလေ့မရှိသည့် ကောင်မလေးပင် ယွမ်ကျိုး၏စားသောက်ဆိုင်ကို သိနေသောကြောင့် သူဌေးထုံ အနည်းငယ် စပ်စုလိုစိတ် ဖြစ်သွားသည်။

“ဟုတ်တယ်၊ သိတယ်။ သူဌေးယွမ်က ကျွန်မတို့ကုမ္ပဏီမှာ အရမ်းကို ကျော်ကြားတယ်။ ကျွန်မတို့ ကုမ္ပဏီရဲ့ HR Supervisor က ဒီဆိုင်မှာ ခဏ ခဏ လာစားတယ်လေ။

တစ်ခါတစ်လေကျရင် သူစားထားတဲ့ ဓာတ်ပုံတွေ၊ သူစားထားတဲ့ ဟင်းပွဲတွေရဲ့ ဓာတ်ပုံတွေကို ကျွန်မတို့ဆီ မျှဝေလေ့ရှိတယ်။

အစကတော့ ပုံအတုတွေလို့ ထင်ထားတာ။ ဒါပေမယ့် ဒီအစားအသောက်ပြင်ဆင်ထားတဲ့ပုံက အရမ်းကို လှပတယ်”

ကောင်မလေးက ပွင့်ပွင့်လင်းလင်း တက်တက်ကြွကြွပြောသည်။

“အမှန်ပဲ။ သူ့ရဲ့ဟင်းပွဲတွေက အရသာရှိတဲ့အပြင် ပြင်ဆင်ပုံကလည်း လှပတယ်”

သူဌေးထုံက သူစားခဲ့ဖူးသော တို့ဖူးဟင်းပွဲအကြောင်းကို ပြန်လည်မြင်ယောင်မိသောအခါ ပြုံးရွှင်သောအမူအရာကို ဖော်ပြသည်။

သူတို့နှစ်ယောက်က ယွမ်ကျိုးကို အဆက်မပြတ် ချီးမွမ်းစကားပြောဆိုနေစဉ် ယွမ်ကျိုး၏စားသောက်ဆိုင် ဝင်ပေါက်တွင် တန်းစီစောင့်နေသော ဖောက်သည်များ စုရုံးလာသည်။

မိနစ်ပိုင်းအတွင်း ဖောက်သည်များစွာ စုရုံးလာခြင်းဖြစ်သည်။ ကံကောင်းစွာဖြင့် ယွမ်ကျိုးကို ရိုက်ခဲ့သည့် လူလေးယောက်က ဟင်းပွဲကို မှာယူနိုင်ရန်အတွက် ကြီးကြပ်ဆောင်ရွက်ပေးသည်။

“တည့်တည့်မတ်မတ် တန်းစီပေးပါ။ ရှုပ်ယှတ်ခတ်အောင် တန်းစီတဲ့လူက စားခွင့်မရပါဘူး။ အားလုံးပဲ ကျေးဇူးပြုပြီး လိုက်နာပေးကြပါ”

အရပ်ရှည်ရှည်နဲ့အမျိုးသားသည် တန်းစီစောင့်နေသော လူတန်းကြီးတစ်လျှောက် လမ်းလျှောက်ရင်း ပြောဆိုသည်။ ယခုအချိန်တွင် လူအားလုံးက သိက္ခာမကျအောင် ပြုမူနေထိုင်ကြသည်။

စောင့်ကြည့်သူ မရှိဘူးဆိုလျှင် သူတို့ဘာသာ စိတ်ကြိုက် ပြုမူနိုင်သည်။ သို့သော်လည်း သူတို့ကို ဘေးကနေ စောင့်ကြည့်နေသူ ရှိသည့်အတွက်ကြောင့် အများရှေ့တွင် မျက်နှာမပျက်ချင်၍ စည်းကမ်းကိုလိုက်နာကာ တည့်တည့်မတ်မတ် တန်းစီစောင့်ကြသည်။

“ငါ့အစာအိမ်ကတော့ သံစုံတီးဝိုင်းဖြစ်နေပြီ။ နေ့လယ်စာ စားချိန်တောင်မရောက်သေးဘူး။ စိတ်ညစ်လိုက်တာ”

အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေရသူတချို့က အချိန်ကုန်အောင် ဆုတောင်းနေကြသည်။

“မပြောစမ်းပါနဲ့။ စောနလေးတင် ပေါင်မုန့်စားလာတာ။ ဒါပေမယ့် ဒီမွှေးကြိုင်တဲ့ရနံ့ကို ရပြီးတော့ ဗိုက်ချက်ချင်း ဆာလာပြီ”

သူ့နောက်က လူကလည်း လိုက်ပါပြောဆိုသည်။

“အမှန်ပဲ။ သူဌေးယွမ်ကလည်း ငါတို့ရဲ့အစာအိမ်တွေကို မသနားဘူးထင်တယ်။ တံခါးကိုတောင် သေချာမပိတ်ထားဘူး။ အနံ့က

တကယ့်ကို အစာစားချင်စိတ်ကို ဖြစ်ပေါ်စေတယ်”

၎င်းအမျိုးသားသည် ပင့်သက်ရှိုက်လိုက်ပြီး စကားပြောသည်။

“မွှေးရနံ့ကတော့ မွှေးကြိုင်တဲ့ ပဲဟင်းအနံ့နဲ့တူတယ်”

ဆိုင်၏ဖောက်သည်ကြီးတစ်ယောက်က ယွမ်ကျိုး၏ ချက်ပြုတ်မှုကို ဆန်းစစ်ဝေဖန်နေသည်။

“ဟုတ်တယ်။ ဒီလိုပဲထင်တယ်။ မွှေးကြိုင်တဲ့ပဲဟင်းကို ထပ်ချက်နေတာလား မသိဘူး”

တစ်ယောက်ပြီးတစ်ယောက် အပြိုင်အဆိုင် ဆွေးနွေးနေကြသည်။ စောင့်ဆိုင်းရခြင်းကို ငြီးငွေ့နေသူများက တစ်ယောက်နှင့်တစ်ယောက် စကားပြောခြင်းဖြင့် အချိန်ကုန်အောင် လုပ်ဆောင်နေကြသည်။

“ဟင်းပွဲအသစ်လို့တော့ ငါခံစားမိတယ်။ မွှေးကြိုင်တဲ့ပဲဟင်းနဲ့ မွှေးရနံ့ချင်း နည်းနည်း ကွာခြားတယ်။ ဒီမွှေးကြိုင်တဲ့ ပဲဟင်းကို ငါစားခဲ့ဖူးတယ်”

ဒီဖောက်သည်က မွှေးကြိုင်တဲ့ပဲဟင်းကို စားခဲ့ဖူးသည့် ဖောက်သည်ဖြစ်သည်။

“ငါတော့ ဒါကို စိတ်မဝင်စားဘူး။ အိမ်မှာ ဖုန်းကျန်ခဲ့လို့ ဆိုင်ဖွင့်ဖို့ ဘယ်လောက်လိုသေးလဲ သိချင်တယ်”

တခြားသူတစ်ယောက်က သူ၏ခံစားချက်ကို ထုတ်ပြောသည်။ ယွမ်ကျိုးက စားသောက်ဆိုင်အပြင်ဘက်မှာ ပျားပန်းခတ်နေသည့် မြင်ကွင်းကို မြင်ဖူးနေပြီးသားဖြစ်သော်လည်း ဟင်းချက်ခြင်းကိုသာ အာရုံစိုက်နေသည်။

ယခုအချိန်တွင် စနစ်က မစ်ရှင် (သို့တည်းမဟုတ်) ဆုလာဘ်ကို ပေးအပ်လာလျှင်ပင် ဆိုင်ဖွင့်ချိန်ပြီးဆုံးမှသာ လက်ခံယူလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူက သူ့အလုပ်ကိစ္စကိုသာ ဆက်လက်လုပ်ဆောင်နေသည်။

ရနံ့သင်းကြိုင်သော ကြက်ဥဟင်းပွဲက လက်ဖက်ကြက်ဥပြုလုပ်သည့် ကြက်ဥနှင့် ခြားနားမှုရှိသည်။ တကယ်တမ်း ရနံ့သင်းကြိုင်သော ကြက်ဥဟင်းကို ရနံ့သင်းကြိုင်သော လက်ဖက်ကြက်ဥဟု ခေါ်သင့်သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် ယွမ်ကျိုးအသုံးပြုသည့် ကြက်ဥက ယခင်အသုံးပြုနေကြ ကြက်ဥများနှင့် လုံးလုံးလျားလျား ခြားနားမှုရှိသည်။ ထို့ပြင် စနစ်က ဤဟင်းပွဲအတွက် ထူးခြားသောကြက်ဥကို ကြိုတင်ပြင်ဆင်ပေးထားသည်။

“အစိမ်းရောင်အခွံရှိတဲ့ကြက်ဥပဲ”

ယွမ်ကျိုးက ကြက်ဥထည့်ထားသောအံဆွဲကို ဖွင့်ကြည့်ပြီး ချိုသာစွာပြောသည်။

စနစ်က ဖော်ပြသည်။

[ဒါက ငါးမဲကြက်ဥလို့ခေါ်ပါတယ်။ မျိုးစိတ်မတူပါဘူး]

“ဒီတစ်ခေါက်ကော ဘယ်လိုကြက်ဥအမျိုးအစားလဲ။ ငါ့ ၂၄ နှစ်တာကာလအတွင်း စားခဲ့ဖူးတဲ့ကြက်ဥတွေထက်တော့ သာလွန်မှာ သေချာတယ်”

ယွမ်ကျိုးက အစိမ်းနုရောင်ကြက်ဥများကို ထုတ်လိုက်ပြီး ကျီစယ်ဟန်မေးမြန်းသည်။

စနစ်က ဖော်ပြသည်။

[ဒီကြက်ဥကို ဥပေးတဲ့ကြက်က မွေးရအလွန်ခက်ခဲတယ်။ သေချာကျွေးမွေးဂရုစိုက်ဖို့ လိုအပ်တယ်]

“ငါနားကြားမှားတာပဲ ဖြစ်မှာပါ"

ယွမ်ကျိုးက ထူးဆန်းသောအတွေးကို ချက်ချင်းဖယ်ထုတ်လိုက်သည်။ ယွမ်ကျိုး၏ စိတ်က လျစ်လျှူရှုလိုက်သောအခါ စနစ်က နောက်တစ်ဆင့်အနေဖြင့် ရှင်းပြသည့်လုပ်ငန်းကို ဆက်လက်လုပ်ဆောင်သည်။

စနစ်က ဖော်ပြသည်။

[နန်ချန်းငါးနဲ့ ကြက်က နန်ချန်းစီရင်စု ရွှင်ရှင်းမြို့ကနေပြီးတော့ စတင်ပေါက်ဖွားလာတာပါ။ သူ့ရဲ့မွေးဖွားလာတဲ့ သမိုင်းကြောင်းကို ပြောရမယ်ဆိုရင် နှစ်ပေါင်း ၁၃၀၀ ကျော်ကို ပြန်ပြီးတော့ ပြောရမယ်။

သူ့ရဲ့ထူးခြားတဲ့ လက္ခဏာက အမဲရောင်အမောက်ရှိတယ်။ အမဲရောင်အမွှေးတွေ၊ အမဲရောင်အရေပြား၊ အမဲရောင်အသားနဲ့ အမဲရောင်အရိုးတို့ ရှိတယ်။ ဒါကြောင့်မို့လို့ သူ့ရဲ့ဥကို အစိမ်းရောင်အခွံရှိတဲ့ ငါးမဲဥလို့ ခေါ်တာပေါ့။

ငါးမဲကြက်က အခုချိန်ထိ တည်ရှိနေတဲ့ ဒေသမျိုးစိတ်တွေမှာဆိုရင် အကောင်းဆုံးမျိုးစိတ်လို့ ပြောလို့ရတယ်။

ရှေးယခင်ကဆိုရင် သူ့ကို ကြက်တွေရဲ့ရတနာလို့တောင် သတ်မှတ်ထားတယ်။ တချို့တွေကဆိုရင် တရုတ်ရတနာနတ်လို့လည်း သတ်မှတ်ကြတယ်။ သူ့မှာဆိုရင် အာဟာရဓာတ်များပြီးတော့ ဆေးဘက်ဆိုင်ရာ အသုံးဝင်မှုတွေလည်း ရှိတယ်။

ဒီ့ပြင် ငါးမဲကြက်ကို ဆေးဖက်ဝင်တဲ့ ကြက်လို့လည်း သတ်မှတ်တယ်။

ဘာလို့လဲဆိုတော့ သူ့မှာ ဆေးဘက်ဆိုင်ရာ အသုံးဝင်တဲ့ တန်ဖိုးတွေ မြင့်မားလို့ပဲ။

ဒီကြက်ရဲ့အသားကိုဆိုရင် ဆေးအနေနဲ့ အသုံးပြုကြတယ်။

ငါးမဲကြက်ရဲ့ အကောင်းဆုံးဥကို ရွေးချယ်ပြီးတော့ စနစ်တကျ မွေးမြူတယ်။ မွေးမြူတဲ့ကာလမှာဆိုရင် သေချာ ဂရုစိုက်ရတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ကျော်တုန်းက ဆေးဘက်ဆိုင်ရာ အသုံးပြုထားတဲ့ မှတ်တမ်းတော့မရှိဘူး]

“လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်တုန်းက ဆေးဘက်ဆိုင်ရာ အသုံးပြုတဲ့ မှတ်တမ်းမရှိဘူးလား။ ဒါပေမယ့် ငါအခုတောင် ငါ့ကိုငါ ကျန်းမာနေတယ်လို့ ခံစားမိပါတယ်”

ယွမ်ကျိုးက မနေနိုင်မထိုင်နိုင် ငြီးတွားပြောဆိုသည်။

စနစ်က ဖော်ပြသည်။

[အသုံးပြုထားတဲ့ ငါးမဲကြက်ဥမှာဆိုရင် အမိုင်နိုအက်စစ် ၁၇ မျိုးနဲ့ ဗီတာမင်များစွာလည်း ပါဝင်တယ်။ ခန္ဓာကိုယ်အတွက် အများကြီး မလိုအပ်တဲ့ သတ္တုဒြပ်စင်တွေလည်း ပါဝင်တယ်။

အဆီနဲ့ ကိုလက်စထရောပါဝင်မှုက အရမ်းကို နည်းတယ်။ ပုံမှန်ကြက်တွေရဲ့ လေးပုံတစ်ပုံလောက်သာပါတယ်။ ဒီ့ပြင် သူ့ရဲ့အရေပြားက ပါးလွှာတယ်။ အသားကနူးညံ့တယ်။ မွှေးရနံ့ကလည်း သင်းတဲ့အပြင် စားရ အရသာ အရမ်းရှိတယ်။ စားကောင်းသောက်ဖွယ်လို့ သတ်မှတ်လို့ရတယ်။ ဒါကို ကျန်းမာရေးဓာတ်စာလို့တောင် သတ်မှတ်နိုင်တယ်]

“အခုမှ ကျန်းမာရေးဓာတ်စာတွေ လိုအပ်နေသလို ငါ့ကိုယ်ငါ ခံစားမိလာတယ်”

ယွမ်ကျိုးက ကြက်ဥတစ်လုံးကို ချက်ချင်းကောက်ယူလိုက်ပြီး ကြက်ဥအခွံကို ခွာကာ စားလိုက်သည်။ ထိုဖြစ်စဉ် အတောအတွင်း သူက ကြက်ဥကို စားနေစဉ် အအေးခံသည်။

တကယ်တမ်း ကြက်ဥက အခုမှ ပြုတ်ထားကာစ ဖြစ်သည်။ ကြက်ဥခွံကို ခွာပြီးနောက် ထူထဲသော ကြက်ဥအဖြူရောင်အကာ ထွက်ပေါ်လာပြီးနောက် မွှေးရနံ့က ထွက်ပေါ်လာသည်။

ရနံ့က ဆိုးဝါးမှု မရှိပေ။ တစ်ချက်ကိုက်ရုံဖြင့် ယွမ်ကျိုးက ကြက်ဥတစ်ဝက်ခန့်ကို ကိုက်မိမလို ဖြစ်သွားသည်။ ကြက်ဥအနှစ်က ခြောက်သွေ့သော အဝါရောင်ရှိပြီး အလွန်တရာ လှပပုံပေါ်သည်။

“အရသာကတော့ မဆိုးဘူး”

ယွမ်ကျိုးက လျင်မြန်စွာစားပြီးနောက် သက်ပြင်းချလိုက်သည်။ ကြက်ဥကို စားပြီးတဲ့နောက် ယွမ်ကျိုးက ကျေနပ်သော ခံစားချက်ဖြစ်နေရသည်။

ထို့နောက် ရနံ့သင်းကြိုင်သော ကြက်ဥဟင်းလျာအတွက် ပါဝင်ပစ္စည်းများကို ဆက်လက် ပြုလုပ်နေသည်။ သူက အဝတ်အိတ်ကို ထုတ်လိုက်ပြီး အိတ်ထဲကို ပါဝင်ပစ္စည်းများ ထည့်လိုက်သည်။

အဝတ်အိတ်ရဲ့ မူလဇစ်မြစ်ကို ပြောရလျှင် အံ့အားသင့်သောခံစားချက်များကို ထပ်မံ ခံစားရမည်ကို မလိုလားသည့်အတွက်ကြောင့် ယွမ်ကျိုးက မေးမြန်းခြင်းမပြုလုပ်ခဲ့ပေ။

ဝါဖျော့ဖျော့အရောင်ကို အကဲခတ်ကြည့်ရုံဖြင့် ဆေးဆိုးထားခြင်းမဟုတ်မှန်း သိနိုင်သည်။

“တွင်းစား လေးဇွန်း၊ အဖြူရောင်သကြား သုံးဇွန်း၊ ငရုတ်သီး လက်တစ်ဆုပ်စာ၊ သစ်ကြံပိုးခေါက် အနည်းငယ်၊ ဟင်းချက်ဝိုင်ရယ်၊ စမုံစပါးရယ်၊ ချွေယုံနဲ့ လိမ္မော်သီးအခွံ၊ ကြက်သွန်တစ်မြွှာ”

တိတ်တဆိတ်ဖတ်ရှုပြီးနောက် ယွမ်ကျိုးက အဝတ်အိတ်ထဲသို့ အသုံးပြုမည့် ဟင်းခတ်အမွှေးအကြိုင်များကို ထည့်သည်။

ပါဝင်ပစ္စည်း အားလုံးကို အသင့်ပြင်ဆင်ပြီးနောက် ကြက်ဥကို ရေခဲရေထဲမှာ စိမ်လိုက်သည်။ ထိုမှသာ အခွံခွာရ လွယ်ကူမည်ဖြစ်သည်။

ယွမ်ကျိုးက တူဖြင့် ကြက်ဥကို ကောက်ယူလိုက်ပြီးနောက် အစွန်းနှစ်ဖက်ကို အရသာမဲ့ဇွန်းဖြင့် ခေါက်လိုက်သည်။ ကြက်ဥအခွံက ဖိအားကြောင့် အပေါ်မှအောက်အထိ ကွဲအက်သွားသည်။

ထိုမှသာ ကြက်ဥကို ဘေးကိုချလိုက်သည်။ ဤနည်းလမ်းအတိုင်း ပြုလုပ်ခြင်းသည် ကြက်ဥကို ပန်းချီရေးဆွဲသကဲ့သို့ အသွင်တူစေသည်။

ထို့နောက် ဇွန်းဖြင့်ခေါက်ထားသော ကြက်ဥများကို ပြင်ဆင်ထားသော အိတ်၊ ချွေယုံတို့နဲ့အတူတူ မြေအိုးထဲသို့ထည့်ပြီး အတူတကွပြုတ်ရန်ပြင်ဆင်သည်။

အပြင်ဘက်မှာ စောင့်ဆိုင်းနေသော ဖောက်သည်များသည် မီးဖိုချောင်မှ ထွက်ပေါ်လာသော မွှေးရနံ့များကို ရရှိနေသည်။

အပိုင်း(၂၁၆)

ပြီးပါပြီ။

All Chapters