← Chapters

အခန်း (၂၂၀-၂၂၂)

Vol. 15 Ch. 220-222

အခန်း (၂၂၀-၂၂၂)

Vol. 15 Ch. 220-222

ယွမ်ကျိုး အပိုင်း(၂၂၀)

ယွမ်ကျိုးစားသောက်ဆိုင်၏ ပျားပန်းခတ်နေသော နေ့လည်ခင်း အချိန်တွင် ဆိုင်သို့လာရောက်စားသုံးသည့် ဖောက်သည်များဖြင့် ပြည့်နှက်နေသည်။

"ဝူဟိုင်း ခင်ဗျားရဲ့ အနုပညာပြပွဲကျင်းပဖို့ ရှိတယ်လို့ သတင်းကြား တယ်နော်။ ဘယ်လိုဖြစ်ရတာလဲ။ ခရီး မထွက်သေးဘူးလား" လင်းဟုန်က ဝူဟိုင်းနှင့် ရံဖန်ရံခါ စကားပြောလေ့ ရှိသည်။

"နောက်တစ်ပတ်မှ သွားမှာဗျာ" ဝူဟိုင်းက ပင်လယ်ရေမှော်ဟင်းချိုကို တစ်ငုံ သောက်လိုက်သည်။

"ဒါဆို ဘာလို့ ဒီမှာ ရှိနေရသေးတာလဲ" လင်းဟုန်က ထေ့ငေါ့သော အမူအရာကို ပြသသည်။

"ဒါက ခင်ဗျား အလုပ်မဟုတ်ပါဘူး" ဝူဟိုင်းက သူ၏ သေးငယ်သော မုတ်ဆိတ်ကလေးကို ပွတ်သပ်ရင်း လေးနက်စွာ ပြောသည်။

"ခင်ဗျား သွားရင် ဒီဆိုင်ကို ကျွန်တော် နေ့တိုင်း စောစောလာမယ်လေ" လင်းဟုန်က မပွင့်တပွင့် ပြောသည်။

"ကောင်းပြီလေ" ဝူဟိုင်းက ခေါင်းညိတ် လိုက်သော်လည်း သူထွက်သွားမည့် အချိန်ကို အတိအကျ မပြောခဲ့ပေ။

သို့သော်လည်း မနေ့ညတည်းက ကျန်းကျဝေက သူ့ကို ခရီးထွက်ရန် ဆော်ဩနေသည်။ ဤမြို့တွင် နေရသည့် အကြောင်းအရင်းက အလွန့်ကို ရိုးရှင်းသည်။ သူ ကောင်းမွန်စွာ ဟင်းမချက်တတ်သေးသည့် အတွက်ကြောင့်လည်း ဖြစ်သည်။

"သူဌေးယွမ် ခင်ဗျား ကျွန်တော့်ကို ဟင်းချက်သင်ပေးဖို့ နေ့တစ်ဝက် ကျန်သေးတယ်နော်" ကျန်ရှိနေသော ဟင်းပွဲများကို မြိန်ရေရှက်ရေ စားသုံးပြီးနောက် ဝူဟိုင်းက ယွမ်ကျိုးကို စိတ်အားထက်သန်စွာ ကြည့်သည်။

"မနက်ဖြန် နေ့လည်ကျမှ ဆက်ပြီး သင်ကြတာပေါ့ အဆင်ပြေတယ်မလား။ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ပြီးတော့ ကြိုတင်ပြင်ဆင်ထား" ယွမ်ကျိုးက ခဏ တွေးကြံပြီးနောက် လက်ခံလိုက်သည်။

"ဟင်းရွက်တွေပဲ ထပ်ဝယ်ရဦးမှာလား။ ဟင်းသီးဟင်းရွက်ဟင်းပွဲကိုပဲ ထပ်ချက်ရဦးမှာလား" ဝူဟိုင်း မျက်မှောင်ကြုတ်လိုက်သည်။

"အသားဟင်း ချက်ပြုတ်တာကို လေ့လာဖို့ မျှော်လင့်နေတာလား" ယွမ်ကျိုးက သူ့ကို ချက်ချင်း မေးမြန်းလိုက်သည်။

"ကောင်းပြီလေ" ယွမ်ကျိုးက နားလည်ဟန်ဖြင့် ပခုံး ဆတ်ခနဲ့ တွန့်လိုက်သည်။ သူတို့ စကားပြောခြင်း အဆုံးသတ်ခါနီး တချို့သော ဖောက်သည်များက

မှာယူထားသော ဟင်းပွဲများကို သုံးဆောင်ပြီး၍ ထွက်ခွာသွားကြသည်။ လွတ်သွားသော ထိုင်ခုံ‌နေရာများကို တခြားသော ဖောက်သည်များက နေရာယူလိုက်ကြသည်။

ဝင်ရောက်လာသော ဖောက်သည်များထဲမှ ၂ဦးက ပုံမှန် ဖောက်သည်များဟု ယူဆနိုင်သည်။ တစ်ယောက်က အရောင်းဝန်ထမ်း မားဝေ ဖြစ်ပြီး၊ ဝူအန်လု၏ လက်အောက်မှ အလုပ်လုပ်ကိုင်သူ ဖြစ်သည်။ တခြား တစ်ယောက်ကလည်း ရုပ်ရည် ကြည့်ကောင်းသော လူငယ်လေး ဖြစ်သည်။ သူတို့အားလုံးက ပျော်ရွှင်စွာ စကားပြောနေကြသည်။

"ဟန်ချောင် ဒီမှာရောင်းတဲ့ ဟင်းပွဲတွေက တကယ်ကို အရသာရှိတယ်။ ဈေးနှုန်းကတော့ နည်းနည်း များတာပေါ့။ မင်းဘာသာမင်း ပေးရမယ်နော်" မားဝေက ဈေးနှုန်းစာရင်းကို ညွှန်ပြပြီးနောက် ပြောသည်။

"ဒီလို သေးငယ်တဲ့ စားသောက်ဆိုင်လေးက ဈေးကြီးတဲ့ ဟင်းပွဲတွေကို ရောင်းချတယ်ဆိုတာ အံ့ဩစရာပဲ" လူငယ်လေး ဟန်ချောင်က ဈေးနှုန်းစာရင်းကို ကြည့်ပြီး အထိတ်တလန့် ဖြစ်သွားသည်။

"ဒီလိုမပြောသင့်ဘူး။ ဒီဆိုင်မှာ ရောင်းချတဲ့ဟင်းပွဲတွေက အရမ်းကို အရသာ ရှိတယ်" မားဝေက ဟန်ချောင်ကို ထိုင်ခုံမှာ ထိုင်ရန် တရွတ်တိုက်ဆွဲခေါ်သွားပြီး သူကိုယ်တိုင်အတွက် ကြက်ဥထမင်းကြော် ဟင်းပွဲကို မှာယူလိုက်သည်။

"မင်းက ဘာစားမှာလဲ ကြက်ဥထမင်းကြော် စားတာလား" ဟန်ချောင်က စပ်စပ်စုစု မေးမြန်းလိုက်သည်။

"ဒါဆိုရင် ငါလည်းပဲ ကြက်ဥထမင်းကြော် စားမယ်"

ဟန်ချောင်က မုရှောင်ယွမ်ကို ယဉ်ကျေးစွာ ပြောလိုက်သည်။ ဟင်းပွဲများ အော်ဒါမှာခြင်း အဆုံးသတ်သွားသောအခါ သူတို့၂ဦးက စကားစမြည် ပြောသည်။ မားဝေက ပျော်ရွှင်ပုံမပေါ်ပေ။ သူ့နှုတ်ကို ဖွင့်ဟလိုက်သည်နှင့် မကျေနပ်ချက်များကို ထုတ်ပြောသည်။

"မင်းက လူသစ်ဆိုတော့ လိပ်အိုကြီး အကြောင်း ဘာမှမသိပါဘူး။ အဲ့ဒီလိပ်အိုကြီးက အရမ်းကို ပြဿနာရှာတာ။ သတိထား ဆက်ဆံရင် အကောင်းဆုံးပဲ" မားဝေက လေးနက်သောအမူအရာဖြင့် ဟန်ချောင်ကို ပြောသည်။

"ဘယ်လိုကိစ္စမျိုးကြောင့်လဲ" ဟန်ချောင်က ခေါင်းကို မော့လိုက်ပြီး မားဝေပြောသော စကားကို စိတ်အားထက်သန်စွာ နားစွင့်နေသည်။ အသစ်တစ်ယောက်အ‌နေဖြင့် အလုပ်တွဲဖက်လုပ်ကိုင်သည့် စီနီယာ၏ ညွှန်ကြားချက်နှင့် အတွေ့အကြုံများကို နာခံခြင်းက ပိုကောင်းမွန်သည်။

"ကုမ္ပဏီရဲ့ အလှဆင်တဲ့ ပရောဂျက်တွေ အတွက် အော်ဒါကောက်တဲ့ လုပ်ငန်းကို မင်းကလုပ်ကိုင်ရတဲ့ အရောင်းသမားမလား။ ငါတို့လည်း တူတူပဲလေ။ ဒီကုန်ပစ္စည်းတွေ အကြောင်းကို ငါတို့ သိဖို့မလိုဘူးလေ။ ဒါပေမဲ့ လူအိုကြီးက ကုန်ပစ္စည်းတွေရဲ့ အကြောင်းကို အသေးစိတ် လေ့လာဖို့အတွက် ငါတို့ကို ညွှန်ကြားတယ်။ ဒါမှလည်း ငါတို့ရဲ့လုပ်ငန်း လုပ်ဆောင်မှု တိုင်းတာနိုင်မှာလို့ ပြောတယ်လေ။ သူ့ရဲ့ လှောင်ရယ်ဖွယ် ကောင်းတဲ့ ဆင်ခြေတွေက ဖောက်သည်တွေဆီက နေပြီးတော့ ငွေတွေကို ယူဖို့ပဲလေ" မားဝေက ထိုအကြောင်းအရာကို ပြောသောအခါ စက်သေနတ်ပစ်သကဲ့သို့ တရစပ် ပြောဆိုနေသည်။

"ဖောက်သည်တွေရဲ့ ငွေတွေကို အလေအလွင့် မဖြစ်ဖို့အတွက် ငါတို့က အော်ဒါကောက်တဲ့အခါ ပစ္စည်းတွေ အကြောင်း လေ့လာပေးရတယ်။ အဲ့လိုသဘောလား" ခဏကြာ တွေးကြံပြီးနောက် ဟန်ချောင်က သူ့စိတ်ထဲရှိသည့် အကြောင်းအရာကို ထုတ်ပြောသည်။

"ဒီလို အော်ဒါတွေပဲ ထပ်တလဲလဲ ရနေတာ မယုံကြည်နိုင်စရာပဲ။ အရင်တုန်းကဆို တခြားအော်ဒါတွေ လက်ခံရသေးတယ်။ အခုတော့ ဒီအလှဆင်ခြင်းနဲ့ပတ်သက်တဲ့ ကုမ္ပဏီရဲ့ အော်ဒါတွေကိုပဲ လက်ခံရတယ်"

"အစပိုင်းကတော့ အဲ့ဒီကုမ္ပဏီတွေက ငါ့ကို မျက်နှာချိုသွေး ကျတယ်လေ။ အခုကျတော့ ငါကပဲ သူတို့ကို မကူညီသလို၊ ငါကိုပဲ မုန်းနေသလို ပုံစံမျိုးနဲ့ မကျေမနပ်တွေ ပြောဆိုပြီးတော့ ရန်သူလို သဘောထားနေကြတယ်"

မားဝေက လက်ကို ဝှေ့ယမ်းလိုက်ပြီး မင်းနားမလည်ပါဘူး ဆိုသော အမူအရာကို ဖော်ပြသည်။

"ဒါပေမဲ့ ကုမ္ပဏီပိုပြီးတော့ အောင်မြင်လာရင် ငါတို့လစာလည်းတိုးလာတာပဲ မဟုတ်ဘူးလား"

ဟန်ချောင်က မားဝေ၏ပြောဆိုမှုကို လျစ်လျူရှုထားသော်လည်း မျက်နှာချင်းဆိုင် ခွန်းတုံ့ပြန်ခြင်းက မကောင်းမွန်မှန်းသိသည်။

ထို့ကြောင့် အလိုက်သင့် ပြောဆိုသည်။

"ဒီလိပ်အိုကြီးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ငါသိသလောက် မင်းကို ပြောပြပြီးပြီနော်။ သူက ပြဿနာရှာတတ်လို့ မင်း သတိထားပြီးတော့ နေသင့်တယ်။ အလှဆင်တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့လည်း အသေးစိတ် လေ့လာထားရမယ်။ ငါဆိုရင် အလှဆင်တဲ့ ပစ္စည်းတွေဖြစ်တဲ့ နံရံကပ်ပစ္စည်းတွေ၊ ကြမ်းခင်းတွေကို မြင်တာနဲ့ မသိစိတ်က ဒီဈေးနှုန်းကို တွက်ချက်နေမိတတ်တယ်။ ဘယ်လောက်တောင် ရယ်စရာကောင်းလဲ"

အထက်လူကြီး၏ ကြင်နာမှုကို တန်ဖိုးထားရမည့် အစား သူက ထေ့ငေါ့ဟန်ဖြင့် မကျေမနပ် ပြောဆိုနေသည်။

"ဒီလိုပုံစံမျိုးနဲ့ဆိုရင် မင်း အရောင်းသမား မလုပ်နဲ့တော့ စောစောသာ ပင်စင် ယူလိုက်တော့။ ဆရာ့ဆီကနေ ပညာ‌တွေကို သင်ယူပြီးတော့ ဆရာကို အပြစ်တင်တတ်တဲ့ တပည့်ပဲ"

ဝူဟိုင်းက မားဝေကို မျက်မှောင်ကြုတ်ကာ ဝေဖန်သည်။

မားဝေက နည်းနည်း ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ မည်သို့ပင်ဆိုစေကာမူ သူက သူ၏ အထက်လူကြီးကို ပြန်လည်တိုက်ခိုက်မှု ပြုလုပ်နေသည့်အပြင် ကိုးရိုးကားရားနိုင်သော နာမည်ပြောင်ကိုလည်း ပေးထားသည်။

"အားနာပေမဲ့ ကျွန်တော်က ပုံမှန်အတိုင်း ပြောတာပဲလေ ဒါခင်ဗျားနဲ့ ဘာများ သက်ဆိုင်နေလို့လဲ။ ခင်ဗျား အကြောင်း ပြောနေတာ မဟုတ်ဘူးလေ" မားဝေက ဝူဟိုင်းကို ရန်လိုသော အပြုအမူဖြင့် ပြောဆိုသည်။

"ငါကလည်း ကြားရတာ နားခါးလွန်းလို့ ဝင်ပြောမိတာပါ။ ငါနဲ့လည်း မသက်ဆိုင်ပါဘူး"

ဝူဟိုင်းကလည်း မားဝေကို မကျေနပ်ဟန် တစ်ချက်ကြည့်လိုက်ပြီး တည့်တိုး ပြောသည်။

ထိုစကားကို ပြောပြီးနောက် ဝူဟိုင်းက မားဝေနှင့် အပြန်အလှန်ချေပ ပြောဆိုခြင်း မရှိဘဲ စားသောက်ဆိုင် အပြင်ဘက်သို့ ထွက်ခွာသွားသည်။

ဝူဟိုင်းက ဝူအန်လုနှင့် အတူတူ မကြာခဏ အရက်တူတူ သောက်ဖူးသည်။ ဝူအန်လုက သူ့ဝန်ထမ်းများကို လေ့ကျင့်ပျိုး‌ထောင်ပေးပြီး ကိုယ်တိုင်ကိုယ်ကျ ခေါင်းဆောင်ဖြစ်လာအောင် လေ့ကျင့်ပေးချင်သည့် အတွေးသာ ရှိသည်။ ဤအချက်ကို သူသိထား၍ မခံမရပ်နိုင် ဝင်ရောက်ပြောဆိုခြင်း ဖြစ်သည်။

လက်အောက်ငယ်သားများ

အပေါ် စေတနာထားသည့် ဝူအန်လုကို သူ၏ဝန်ထမ်းများက နောက်ကွယ်မှာ ကျိန်ဆဲ ပြောဆိုခြင်းကို နားမခံသာ၍လည်း ဖြစ်သည်။ လူအများစုက စီနီယာ ဝန်ထမ်းများကို အတွေးအခေါ်က ခေတ်နောက်ကျသည်၊ ရှေးရိုးဆန်သည် ဟူသော အတွေးအမြင်များဖြင့် ဝေဖန် ပြောဆိုတတ်သည့် သဘောရှိသည်။ သို့တိုင် လူငယ်မျိုးဆက်သစ်များက စီနီယာများကို ကြည့်ပြီး အတတ်ပညာများကို လေ့လာသင်ယူ သင့်သည်။

တံခါးပေါက်ကို ဖြတ်သွားသောအခါ ဝူဟိုင်းက စားသောက်ဆိုင် အပြင်ဘက်တွင် ချိတ်ထားသော စည်းမျဉ်းကို အမှတ်တမဲ့ လှမ်းမြင်လိုက်သည်။ ဝူဟိုင်းက သင်္ကေတကို ကြည့်လိုက်ပြီး စားသောက်ဆိုင်ထဲမှာ ပြောချင်ရာ ပြော‌နေသည့် မားဝေကို တစ်ချက်ကြည့်ကာ အထင်အမြင်သေးဟန်ဖြင့် သူ၏အနုပညာခန်းမသို့ ပြန်သွားသည်။

သူ၏လက်ထောက် ကျန်းကျဝေ ပြန်သွားသည့်အတွက် ဝူဟိုင်း ကိုယ်တိုင် ဟင်းသီးဟင်းရွက်များကို သွားရောက် ဝယ်ယူရမည်။ အနုပညာသမား ဖြစ်သည့်အတွက်ကြောင့် ဟင်းရွက်ဝယ်ယူခြင်း ကဲ့သို့ အသေးအမွှားကိစ္စက ခက်ခဲသည့် ကိစ္စရပ် မဟုတ်ပေ။

ယွမ်ကျိုးက ဝူဟိုင်း၏ အနုပညာခန်းမသို့ ရောက်ရှိလာသောအခါ အတူတကွ ထုပ်ပိုးထားသည့် ဟင်းရွက်စိမ်းများကို မြင်‌တွေ့သွားပြီး အံ့ဩသွားသည်။

"ကညွတ်နဲ့ ပန်းပွင့်စိမ်းကို ဝယ်လာပြီး ဘာလို့တူတူ ချည်ထားရတာလဲ"

ယွမ်ကျိုးက မတူညီသော ဟင်းရွက်နှစ်မျိုးကို ညွှန်ပြပြီး စပ်စပ်စုစု မေးမြန်းသည်။

ယွမ်ကျိုးက သိလိုစိတ်ဖြင့်သာ မေးမြန်းခြင်း ဖြစ်သည်။ သူ့စိတ် အဆင်မပြေ၍ ဝူဟိုင်းကို လည်ပင်းညှစ်သတ်ချင်သည့် စိတ်ကြောင့် မေးမြန်းခြင်း မဟုတ်ပေ။

"ကညွတ်ဟင်းချိုနဲ့ ပန်းပွင့်စိမ်းကြော်မယ်လေ"

ဝူဟိုင်းက ချက်ချင်း ပြန်ဖြေသည်။

"ကောင်းပြီလေ။ ဒါကြီးကရော ဘာလုပ်ဖို့လဲ"

ယွမ်ကျိုးက တရုတ်နံနံပင် အစည်းကြီးကို လက်ညိုးထိုးပြီး မေးမြန်းသည်။

"အရမ်းကို လတ်ဆတ်တယ်လေ။ ကြည့်ပါဦး အမြစ်တွေမှာ မြေမှုန်လေးတွေတောင် ရှိတယ်"

ဝူဟိုင်းက သူ့သေးငယ်သော မုတ်ဆိတ်ကို ပွတ်သပ်ရင်း စိတ်အားထက်သန်စွာ ပြောသည်။

"တကယ့်ကို လတ်ဆတ်ပါတယ်။ ဒါတွေကို အစိမ်းစားမလို့လား"

ယွမ်ကျိုးက အတော်အတန် စိတ်အားထက်သန်သော လေသံဖြင့် ပြောဆိုသည်။

"မဟုတ်ဘူး။ စားဖို့မလိုအပ်ဘူးလေ။ ဟင်းထဲမှာ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သုံးမှာမဟုတ်ဘူးလား"

ဝူဟိုင်းက သူသိသည် ဆိုသည့် အချက်ကို ညွှန်ပြသည်။

"ဟားဟား ဟားဟား ... ဒါဆိုရင်တော့ မင်းကို နောက်ဆုံး ဟင်းပွဲ နှစ်ပွဲအ‌ကြောင်းကို သင်ပေးမယ်။ သေချာအာရုံစိုက်ပါ"

ယွမ်ကျိုးက ဝူဟိုင်းနှင့် အဓိပ္ပာယ်မရှိသော စကားများ ပြောရမည်ကို အရမ်းကို ငြီးငွေ့လွန်းနေပါသည်။ ထို့ကြောင့် တရုတ်နံနံပင်ကို ညွှန်ပြပြီး စကားပြောသည်။

"ဒါဆိုရင် ကညွတ်ဟင်းချို ချက်တော့မှာပေါ့ ဟုတ်လား" ဝူဟိုင်းက စပ်စပ်စုစု မေးမြန်းသည်။

"အွန်း"

ယွမ်ကျိုး ခေါင်းညိတ်သည်။

"ကောင်းပြီ"

ဝူဟိုင်းက စိတ်သက်သာရာရဟန် ခေါင်းညိတ်လိုက်သည်။

တကယ်တမ်း သူဝယ်ယူလာသော ကညွတ်ကို ကညွတ်ဟုပင် မသိဘဲ ဝယ်လာခဲ့ခြင်း ဖြစ်သည်။ အရွက်များက ကြည့်ကောင်းပြီး လတ်ဆတ်လွန်းသည့် အတွက် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဟင်းသီးဟင်းရွက်များ အတွက် လတ်ဆတ်မှုက အရေးကြီးဆုံးဖြစ်သည်။ ဤအချက်ကိုသာ ဝူဟိုင်း သိထားသည်။

ဟင်းချက်စွမ်းရည်မှာ ဆရာတစ်ဆူ ဖြစ်သည့် ယွမ်ကျိုးက စည်းမျဉ်းစည်းကမ်းများကို အထူးလိုက်နာသည်။ နှုတ်ဖြင့် ညွှန်ကြားခြင်းက ပြဿနာကို ဖြေရှင်းနိုင်သည် ဟူသော အချက်ကို လက်ကိုင်ထား၍ ဝူဟိုင်းကို နှုတ်ဖြင့်သာ ညွှန်ကြားသည်။

ယွမ်ကျိုးက ဝူဟိုင်း၏ အရောင်စွဲလန်းသည့် ရောဂါကို ပြုပြင်နိုင်သော နည်းလမ်းကို အသုံးပြုခဲ့သည်။

ထို့ကြောင့် ဝူဟိုင်းက အရောင်ညှိရန် အတွက် စိတ်လိုက်မာန်ပါဖြင့် ဆိုးဆေးအသုံးပြုမည်ကို စိုးရိမ်ရန် မလိုအပ်ပေ။ ထို့ပြင် ရိုးရှင်းသော ဟင်းသီးဟင်းရွက် ဟင်းပွဲ(၁)မျိုးတည်းကိုသာ ချက်ပြုတ်ခိုင်းထားသည်။

"ကညွတ်မှာဆိုရင် ထိပ်ပိုင်းက ၁‌စင်တီမီတာရယ်၊ အလယ်ပိုင်းက ၁.၅စင်တီမီတာပဲ စားလို့ရတယ်။ ကျန်တဲ့အပိုင်းတွေကို ဖယ်ထုတ်ပစ်"

ယွမ်ကျိုးက ဝူဟိုင်းကို ညွှန်ကြားသည်။

"ဟင်းအနှစ် ရဖို့အတွက် ကြက်သွန်ဖြူကို ထည့်မယ်။ ဒါပေမဲ့ ကြက်သွန်ဖြူကို လှီးဖြတ်စရာ မလိုဘူး။ တစ်ပြားရိုက်မယ်။ ဒီလိုမှ မဟုတ်ရင် အရသာ ပျက်သွားလိမ့်မယ်"

ယွမ်ကျိုးက အဓိကအချက်များကို ညွှန်ကြားသည့်တိုင် ဝူဟိုင်းက ပန်းချီဆရာ တစ်ယောက်ဖြစ်သောကြောင့် ဤအချက်များကို အလေးမထားပေ။ တခြားသော စားဖိုမှူးတစ်ယောက်သာ ဆိုလျှင် ယွမ်ကျိုး ပြောသည့်အချက်များကို မှတ်စုစာအုပ်ဖြင့် အသေးစိတ်မှတ်တမ်း တင်ထားလိမ့်မည်။ ယွမ်ကျိုးက ဝူဟိုင်းကို ချက်ပြုတ်ခြင်း သင်ကြားနေစဉ် ကျန်းချန်ရှီးက ဖုန်းဆက်ခြင်းဖြင့် အလုပ်ရှုပ်နေသည်။

"လူကြီးမင်းပေ ဒီနေ့ ကားမောင်းထွက်လား"

ကျန်းချန်ရှီးက စားသောက်ဆိုင်သို့ သွားတိုင်း အဌားယာဉ်ကို ခေါ်လေ့ရှိသည်။

"ဪ ကျန်းအာလား။ ဒီနေ့တော့မအားဘူး။ အရက်သောက်ဖို့အတွက် မိန်းမက ခွင့်ပြုထားလို့ အလုပ်တစ်ရက်နားတယ်"

ဖုန်း၏တခြားတစ်ဖက်မှ လူကြီးမင်းပေ

၏အသံက ထွက်ပေါ်လာသည်။ သူ့အသံကို နားစွင့်ကြည့်ရုံဖြင့် ပျော်ရွှင်နေပုံ ပေါ်သည်။

"ရှင် ပျော်နေပုံပဲ"

ကျန်းချန်ရှီးက စပ်စပ်စုစု မေးမြန်းသည်။

"ဟုတ်တယ် ဒါပေါ့။ ငါ့မိန်းမက ဖန်မိသားစုအရက်ဆိုင်မှာ ငါ့ကို သူငယ်ချင်းတွေနဲ့ အရက်သောက်ဖို့ ခွင့်ပြုပေးလိုက်တယ်။ အရက်ရဲ့အရသာက တကယ့်ကို လက်ဖျားခါလောက်တယ်" လူကြီးမင်းပေက အရသာကို စမြုံ့ပြန်ရင်း တရစပ် ပြောနေသည်။

"ဖန်မိသားစုအရက်ဆိုင်မှာ ရောင်းတဲ့ အရက်က သူဌေးယွမ်ရဲ့ အရက်ကို ယှဉ်နိုင်ပါ့မလား။ နောက်တစ်နေ့ကျရင် ရှင့်ကို အရက်တစ်ခွက် တိုက်မယ်" ကျန်းချန်ရှီးက ပြုံးရွှင်ကာ ပြောသည်။

"နောက်တစ်ခေါက်မှပေါ့" လူကြီးမင်းပေက ပြုံးရွှင်စွာ ပြန်ပြောသည်။

"ဘာလဲ။ ရှင့်မိန်းမ အပြစ်တင်မှာ ကြောက်နေတာလား" ကျန်းချန်ရှီးက ကျီစယ်သည်။

"အချိန်အားလပ်မှပဲ စကားဆက်ပြောတာပေါ့" အရက်နံ့ကိုရှူကြည့်ရုံဖြင့် ယွမ်ကျိုးစားသောက်ဆိုင်တွင် ရောင်းချသော အရက်က ပို၍ ကောင်းမွန်မှန်း သိသည်။ သူလည်း တစ်ခါလောက် စမ်းသောက် ကြည့်ချင်သည်။

"ကောင်းပြီလေ။ နောက်မှ ဆက်ပြောကြတာပေါ့"

ထိုစကားကို ပြောပြီးနောက် ကျန်းချန်ရှီးက ဖုန်းချလိုက်သည်။

"ဒီအရက်သမားက အရက်သောက်ဖို့တောင် အလုံအလောက်မရပုံပဲ" ကျန်းချန်ရှီးက ပြုံးရွှင်စွာဖြင့် ခေါင်းခါလိုက်ပြီး ဘာဆိုဘာမှ မတွေးတောဘဲ တခြားသော အဌားယာဉ်တစ်စီးကို ဖုန်းဆက်ခေါ်သည်။

အပိုင်း(၂၂၀)

ပြီးပါပြီ။

၂၂၁ မှ ၂၂၅

ယွမ်ကျိုး အပိုင်း(၂၂၁)

နေ့လည်ခင်းတွင် ဝူဟိုင်းက ယွမ်ကျိုး၏ ညွှန်ကြားမှုဖြင့် ဟင်းချက်ခြင်း အတတ်ပညာတွင် တိုးတတ်မှု ရှိခဲ့သည်။ အရွက်ကြော်ဟင်းပွဲနှင့် အတော်တန် အရည်သွေးရှိသော ကညွတ်စွပ်ပြုတ်ကို ချက်ပြုတ်နိုင်ခဲ့သည်။

"ငါ့ဟင်းပွဲကို သဘောကျရဲ့လား။ အရောင်နဲ့ ပုံစံကတော့ မဆိုးဘူးလို့ ပြောလို့ရတယ် ဟုတ်တယ်မလား" ရှေ့ဖုံးခါးစည်းကို ဝတ်ဆင်ထားသည့် ဝူဟိုင်းက သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း ကျေနပ်ဟန် ပြောသည်။

"အရွက်ဟင်းကတော့ စားလို့ရတဲ့ အနေအထားတော့ ရှိပါတယ်။ ကညွတ်ဟင်းကလည်း စားလို့ရရုံ အဆင့်လောက်ပါပဲ" ယွမ်ကျိုးက ချီးမွမ်းသော စကားများကို ပြောဆိုခြင်းမရှိဘဲ တည့်တိုးပြောဆိုသည်။

"အွန်း ကောင်းပါတယ်လေ" သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ရင်း ဝူဟိုင်းက အမှန်တရားကို လက်ခံရန် ခက်ခဲသည်။

"မင်းအတွက် စားလို့ရရင် အဆင်ပြေတာပဲလေ" ယွမ်ကျိုးက အေးအေးဆေးဆေး ပြောသည်။

"ကောင်းပြီလေ ဒါဆိုရင် ငါ အခုထွက်သွားဖို့သင့်ပြီ" ဝူဟိုင်းက သန့်ရှင်းတောက်ပြောင် လုနီးပါးဖြစ်နေသည့် ခန်းမကိုကြည့်ပြီး ရုတ်တရက် ပြောသည်။

"အွန်း" ယွမ်ကျိုးကလည်း သူပြောသည့် စကားကိုကြားဟန် ခေါင်းညိတ်သည်။

"အချိန်ပြည့်ခါနီးပြီ ညဘက်ဆိုင်ဖွင့်ဖို့ အတွက် ပြင်ဆင်ရတော့မယ်" ယွမ်ကျိုးက နာရီကို ကြည့်လိုက်ပြီး ရုတ်တရက်ပြောသည်။

"ကောင်းပြီ နှုတ်ဆက်ပါတယ်" ဝူဟိုင်း ပြန်ပြောသည်။

"နောက်မှ တွေ့ကြတာပေါ့" ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး အနုပညာခန်းမ၏ အပြင်ဘက်သို့ ထွက်ခွာသွားသည်။

ညနေခင်းဘက်ဆိုင်ဖွင့်ချိန်က ပုံမှန်အတိုင်း အဆင်ပြေခဲ့သည်။ ထို့နည်းတူစွာ မုရှောင်ယွမ်က တာဝန်ကျေပွန်စွာ အလုပ်လုပ်ကိုင်ခဲ့ပြီး ပျော်ရွှင်နေပုံ ပေါက်သည်။ ညနေခင်းဆိုင်ဖွင့်ချိန် အဆုံးသတ်မှသာ အကြောင်းအရင်းကို ယွမ်ကျိုး သိခဲ့သည်။

"သူဌေး ဒီ၂လတာအတွင်း ကျွန်မကို ကောင်းမွန်စွာ စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်" ဖောက်သည်အားလုံး ထွက်သွားပြီးနောက် မုရှောင်ယွမ်က ယွမ်ကျိုးအနား ရုတ်တရက် လမ်းလျှောက်လာပြီး ကျေးဇူးတင်စကား ပြောသည်။

"အားနာဖို့ မလိုပါဘူး" ယွမ်ကျိုးက မုရှောင်ယွမ်၏ စကားကြောင့် အနည်းငယ် ဒွိဟဖြစ်သွားသော်လည်း တစ်စုံတစ်ရာကို တွေးတောမိသွားသည်။

"ကျောင်းပြန်တက်ဖို့ ၃ရက်ပဲလိုတော့တယ်။ ဒါကြောင့်မလို့ နှုတ်ထွက်စာတင်ချင်လို့ပါ၊ သူဌေး"

မုရှောင်ယွမ်က ခေါင်းကိုငုံ့လိုက်ပြီး ရှက်ကိုးရှက်ကန်း ပြောသည်။

ယွမ်ကျိုး ချက်ချင်းတုန်လှုပ်သွားသည်။ ထို့နောက် ယနေ့က ဩဂုတ်လ၂၅ရက်နေ့ ဖြစ်မှန်း ပြန်လည်အမှတ်ရသွားပြီး ကျောင်းတက်ရမည့် အချိန်နီးကပ်နေမှန်း သိသွားသည်။

"အွန်း ကိစ္စမရှိပါဘူး။ ဘယ်အချိန် ကျောင်းသွားတက်ရမှာလဲ"

ယွမ်ကျိုးက သူ၏အဖြေကို စောင့်ဆိုင်းနေသည့် မုရှောင်ယွမ်ကို ကြည့်ပြီး ပုံမှန် လေသံဖြင့် ပြောသည်။

"နောက်ထပ် ၂ရက်လောက်တော့ ထပ်ပြီး‌တော့ အလုပ်ဆင်းလို့ရပါတယ်။ ဒါမှလည်း သူဌေး လူစားထိုးဖို့အတွက် စားပွဲထိုး ရှာရလွယ်မှာလေ။ ဒီလိုမှမဟုတ်ရင် အရင်လိုပဲ ပိုပြီးတော့ အလုပ်ရှုပ်နေလိမ့်မယ်"

မုရှောင်ယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး စိုးရိမ်သော အမူအရာကို ချစ်စဖွယ်ကောင်းသော မျက်နှာလေးတွင် မြင်တွေ့ရသည်။

"ကိစ္စမရှိပါဘူး။ ကျောင်းတက်တာက အရေးကြီးပါတယ်"

သူ့ရှေ့တွင်ရှိသော ကောင်မလေးကိုကြည့်ပြီး ယွမ်ကျိုးက ဂရုစိုက်သော အမူအရာဖြင့် စကားပြောသည်။

"ဒါပေမဲ့ သူဌေးရဲ့ စားသောက်ဆိုင်ကလည်း အရမ်းအရေးကြီးပါတယ်"

မုရှောင်ယွမ်က လေးနက်စွာပြောသည်။

"ကောင်းပြီ။ ဒါဆိုရင် မင်း အဆင်ပြေလောက်တဲ့အထိ အလုပ်လုပ်နိုင်တယ်။ မနက်ဖြန်ကျရင် ဝန်ထမ်းအလိုရှိတယ်ဆိုတဲ့ စာကို တင်လိုက်မယ်။ အရင်တစ်ခုကို သိမ်းထားသေးတယ်"

ယွမ်ကျိုး ပုံမှန်ထက်ပို၍ စကားပြောခြင်းက ရှားရှားပါးပါး ဖြစ်ရပ်ဖြစ်သည်။

"အွန်း ဟုတ်တယ်၊ သူဌေး။ ဒါပေမဲ့ ကျွန်မ တခြားသူတွေကို အစားအသောက်တွေ ဝယ်ကျွေးချင်တယ်"

မုရှောင်ယွမ်က ခဏရပ်တန့်လိုက်ပြီးနောက် ပြောသည်။

"ငါကိုယ်တိုင် အစားအသောက်‌တွေကို ချက်ပေးရမှာလား"

မုရှောင်ယွမ်က စဉ်းစားတွေးခေါ်တတ်သော ကောင်မလေးမှန်းသိသည်။ ထိုစကားကို ပြောရသည့် ရည်ရွယ်ချက်က အလကားစနောက်ချင်သည့်ရည်ရွယ်ချက်ကြောင့် ပြောခြင်း မဟုတ်မှန်းလည်း ယွမ်ကျိုး သိသည်။

"မဟုတ်ဘူး မဟုတ်ဘူး၊ သူဌေး။ သူဌေးရဲ့ဆိုင်က ဟင်းပွဲတွေက အကောင်းဆုံးပဲလေ"

မုရှောင်ယွမ်က လက်ကိုဝှေ့ယမ်းလိုက်ပြီး ယွမ်ကျိုး၏ ဟင်းချက်လက်ရာကို သံသယမဝင်ကြောင်း ဖော်ပြသည်။

"ကိစ္စမရှိပါဘူး။ ဘယ်သူတွေကို ဝယ်ကျွေးချင်တာလဲ ဆိုတာသာ ပြောပါ"

ယွမ်ကျိုးက တည်ငြိမ်စွာ ပြောသည်။

"ကျွန်မရဲ့မိသားစုဝင်နဲ့ ကျွန်မရဲ့အစ်ကိုပါ"

မုရှောင်ယွမ်က သူမ၏ မိသားစုဝင်အကြောင်း ပြောသောအခါ သူမ၏မျက်နှာက ပြုံးရွှင်နေသော အမူအရာကို ဖော်ပြသည်။ ချက်ချင်းဆိုသလို ယွမ်ကျိုးက မုရှောင်ယွမ် အလုပ်လုပ်ရသည့် အကြောင်းအရင်းကို နားလည်သွားသည်။ သူမ၏ အစ်ကိုက အပျော်အပါးကြောင့် သို့တည်းမဟုတ် တခြားသော ရည်ရွယ်ချက်ကြောင့် အလုပ်လုပ်ကိုင်ခြင်း ဖြစ်နိုင်သော်လည်း မုရှောင်ယွမ်က သူမ၏ မိသားစုဝင်များကို ဤဆိုင်တွင် လိုက်လံကျွေးမွေးချင်သည့် ရည်ရွယ်ချက်ဖြင့် အလုပ်လုပ်လိုခြင်း ဖြစ်ရမည်။

"သူဌေး၊ သူဌေးက နောက်တစ်နေ့မှာ ရောင်းချမယ့် မီနူးနဲ့ပတ်သတ်ပြီး ပြောလေ့မရှိဘူးဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ မနက်ဖြန်ဆိုင်မှာ ဘာဟင်းပွဲတွေ ရောင်းမလဲဆိုတာ သိခွင့်ပေးနိုင်မလား။ ဒါမှလည်း ကျွန်မအဖေ၊ အမေနဲ့ အစ်ကိုတွေကို ကြိုတင် ပြောထားလို့ရမှာလေ"

မုရှောင်ယွမ်က သူမ၏ ရည်ရွယ်ချက်ကို ရှင်းပြရန်အတွက် တဖွဲ့တနွဲ့ ရှင်းပြသည်။ သူမ၏ တောင်းဆိုချက်ကြောင့် အနည်းငယ် အရှက်ရမိသည် ဟုလည်း ခံစားမိသည်။

ပုံမှန်ဆိုလျှင် တခြားသော ဖောက်သည်များက သူမကို နောက်တစ်နေ့ရောင်းချမည့် ဟင်းပွဲစာရင်းကို မေးမြန်းသည့်တိုင် သူမ ပြန်ဖြေကြားခြင်း မရှိခဲ့ပေ။ ယခုတော့ သူမကိုယ်တိုင်အတွက် သူမ မေးမြန်းမိနေသည့် အတွက် အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသည်။

"ဒါဆိုရင် မင်းရဲ့ မိသားစုဝင်တွေကို နေ့ခင်းဘက်မှာ ကျွေးချင်တာလား။ ညနေဘက်မှာ ကျွေးချင်တာလား"

ယွမ်ကျိုးက မီနူးကို တစ်ချက် ကြည့်လိုက်သည်။

"ညနေဘက် ကျွေးလို့ရမလား"

မုရှောင်ယွမ်က ညနေဘက်ဆိုင်ဖွင့်ချိန်သည် ပို၍ အချိန်ကြာသောကြောင့် မေးမြန်းလိုက်ခြင်း ဖြစ်သည်။

"ကိစ္စမရှိပါဘူး။ မီနူးထဲမှာ ရှိတဲ့ ဟင်းပွဲအားလုံးကို မနက်ဖြန် မှာယူလို့ရပါတယ်။ မင်းစိတ်ကြိုက် မှာယူနိုင်ပါတယ်"

ယွမ်ကျိုးက ဟုတ်မှန်ကြောင်း ခေါင်းညိတ်သည်။

"ကျေးဇူးတင်ပါတယ်၊ သူဌေး။ ဒါဆိုရင် သူဌေးကို မနှောင့်ယှက်တော့ဘူး။ ကျွန်မ ပြန်တော့မယ်"

မုရှောင်ယွမ်က ပျော်ရွှင်စွာဖြင့် ခုန်ပေါက်ကာ လမ်းလျှောက်သွားသော်လည်း ယခုလို ပြုမူခြင်းက ကောင်းမွန်မှု မရှိမှန်း သူမ ချက်ချင်း သဘောပေါက်သွားသည်။ ထို့ကြောင့် သူမအပြုအမူကို ရပ်တန့်လိုက်ပြီး ကျေးဇူးတင်စကားပြောကာ အေးအေးဆေးဆေး လမ်းလျှောက်ထွက်သွားသည်။

မုရှောင်ယွမ် တံခါးအပြင်ဘက်သို့ ရောက်ရှိသွားသောအခါ ယွမ်ကျိုးက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချ လိုက်သည်။

"စက်တင်ဘာက နှုတ်ဆက်ခွဲခွာရတဲ့ အချိန်ပဲ ဖြစ်မယ်" အကျိုးဆက်အနေဖြင့် သူက သူ့ဟင်းလျာ ချက်ပြုတ်ခြင်း တိုးတက်ရန် အတွက် လတ်ဆတ်သော ဟင်းပွဲများကို ချက်ပြုတ်ရန် ပြင်ဆင်သည်။

"ဆိုင်ဖွင့်ဖို့အတွက် မိနစ်၂၀လိုသေးတယ်"

ယွမ်ကျိုးက နာရီကို ကြည့်လိုက်ပြီး ဆိုင်ဖွင့်ရန် အချိန်လိုသေးသည့် အတွက် လုပ်စရာရှိသည့် အလုပ်များကို လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ သူက ကြက်ဥများကို ထုတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် မတူညီသော ဟင်းပွဲများကို ပြင်ဆင်ရန် ကြိုးစားသည်။

ရနံ့သင်းကြိုင်သော ကြက်ဥဟင်း အတွက် အသုံးပြုမည့် ပါဝင်ပစ္စည်းများကို လက်တစ်ဖက်က ယူပြီး ကျန်လက်တစ်ဖက်က ဆေးဖက်ဝင် လက်ဖက်ကြက်ဥနှင့် ပတ်သက်သော ပါဝင်ပစ္စည်းများကို ထုတ်သည်။ မတူညီသော ပါဝင်ပစ္စည်းနှစ်မျိုး၏ မွှေးရနံ့ကို ရောယှက်လိုက်သောအခါ ရနံ့က ပိုပြင်းထန်လာပြီး အစာစားချင်စိတ်ကို လှုံ့ဆော်ပေးသည်။

ဘေးနားတွင် တခြားသော ဖောက်သည်များ ရှိမနေ၍ ယွမ်ကျိုးက သူ၏သာမန်ထက် လွန်ကဲသည့် ဟင်းချက်စွမ်းရည်ကို ကောင်းမွန်စွာ အသုံးချနိုင်သည်။

သူ၏လှုပ်ရှားမှုက လျင်မြန်လွန်းသည့်အတွက် သာမန်မျက်စိဖြင့် မြင်နိုင်ရန် ခက်ခဲလွန်းသည်။ ဓားစွမ်းရည်ကို အသုံးပြုနေခြင်းက ကာတွန်းကားထဲမှာ မြင်တွေ့လေ့ရှိသော မြင်ကွင်းနှင့်တူသည်။ ဓားကို အပေါ်အောက် လှုပ်ရှားသွားပြီး လိုအပ်သော ဟင်းခတ်အမွှေးအကြိုင်များ ဖြတ်တောက်ခြင်း ပြီးဆုံးသွားသည်။

မိနစ်၂၀ အတွင်း လုပ်စရာရှိသော အလုပ်ကိစ္စများ အားလုံး ပြီးစီးသွားသည်။ အရက်သောက်ရန်အတွက် ရောက်ရှိလာသော တခြားသော ဖောက်သည်များသည် ယွမ်ကျိုး အိုးတစ်အိုးကို အဖုံးဖုံးလိုက်ခြင်းကို လှမ်းမြင် လိုက်သည်။

"သူဌေးယွမ် ဘာတွေ အလုပ်ရှုပ်နေတာလဲ။ အရက်နဲ့အတူ တွဲသောက်မယ့် ဟင်းပွဲတွေ ရောင်းပြီလား"

အရက်နှင့် တွဲဖက်စားသုံးနိုင်သော အမြည်းဟင်းပွဲများကို အလေးထားသူက သုန်သုန် ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူတစ်ယောက်တည်း စားသောက်ဆိုင်သို့ ရောက်ရှိလာသည်။

"ဟင်းချက်ဖို့အတွက် လိုအပ်တာတွေ ပြင်ဆင်နေတာပါ" ယွမ်ကျိုးက တိတိကျကျ ပြန်ပြောသည်။

"အရက်နဲ့ တွဲစားလို့ရတဲ့ ဟင်းပွဲလား"

သုန်သုန်က မလျော့စတမ်း မေးမြန်းသည်။

"သူပြောတဲ့ အဓိပ္ပာယ်က ရှင်းနေတာပဲလေ။ ခင်ဗျားအတွက် ပြင်ဆင်နေတာ မဟုတ်ဘူးလို့ ပြောတဲ့ သဘောလေ"

ဖန်ဟမ်က ဝင်ရောက်ပြောဆိုသည်။

သူက အိုမင်းနေသော အဘိုးအိုကြီးကဲ့သို့ စားသောက်ဆိုင်ထဲသို့ နှေးကွေးသော ခြေလှမ်းများဖြင့် ဝင်ရောက် လာသည်။

"ခင်ဗျားက ဘာသိလို့လဲ သူဌေးယွမ်က လူကောင်းလေ။ အရက်နဲ့ တွဲစားလို့ရတဲ့ ဟင်းပွဲတွေ ပြင်ဆင်နေတာပဲ ဖြစ်ရမယ်"

သုန်သုန်က ယွမ်ကျိုးကို မျက်နှာချိုသွေးရန် ကြိုးစားသည်။

"သူဌေးယွမ်က အရက်နဲ့တွဲပြီး စားလို့ရမယ့် ဟင်းပွဲတွေ ပြင်ဆင်နေတာတော့ မဖြစ်နိုင်ဘူး။ ရှင်က ဘာတွေပြင်ဆင်လာလဲဆိုတာ ငါတို့ကိုမပြောတော့ဘူးလား"

ခနဲ့တဲ့တဲ့အပြုံးဖြင့် ကျန်းချန်ရှီးက လက်ဗလာဖြင့် ရောက်လာသည့် သုန်သုန်ကို ကြည့်လိုက်သည်။

"ကောင်းပြီ။ ငါဘာမှမယူလာဘူး။ ဒါပေမဲ့ နင်တို့ယူလာတာကို ငါစားလို့ရတယ်လေ" သုန်သုန်က အထိုက်အလျောက် ပြန်ပြောသည်။

"အားလုံးပဲ နားထောင်ကြပါ။ အခုပဲ အရက်ဆိုင်ကို ဖွင့်လိုက်ပါပြီ။ ဆိုင်ထဲကို ဝင်လို့ရပါပြီ"

ယွမ်ကျိုးက သူတို့ကို နှုတ်ဆက်စကား မပြောဘဲ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

တစ်ဖက်တွင်မူ မုရှောင်ယွမ်က ယွမ်ကျိုး‌၏ စကားကို ယုံကြည်သွားသည့်အတွက် အိမ်ပြန်ရောက်ရောက်ချင်း ပထမဦးဆုံး ပြုလုပ်သည့် အပြုအမူက ဖုန်းဆက်ခြင်း ဖြစ်သည်။

"ဒူ ဒူ ဒူ"

ဖုန်းပြန်ဖြေမည့် အချိန်ကို စောင့်ဆိုင်းနေစဉ် ထွက်ပေါ်လာသော အသံ ဖြစ်သည်။ ထိုစဉ် မုရှောင်ယွမ်၏ ဖြူဖွေးနူးညံ့သော မျက်နှာလေးက မျှော်လင့်ချက်များနှင့် ကူကယ်ရာမဲ့ ခံစားချက်များ ပြည့်နေသည်။

"အမေ၊ မနက်ဖြန် ညနေခင်းကျရင် ထောင်ရှီးလမ်းကို လာခဲ့ပေးပါလား။ အမေ့ကို စောင့်နေမယ်။ မိသားစုတွေ အတူတူ ညစာစားကြမယ်လေ။ ရတယ်မလား"

ဖုန်းဝင်သွားသည်နှင့် မုရှောင်ယွမ်က သူမ၏ ရည်ရွယ်ချက်ကို တုံ့ဆိုင်းခြင်း မရှိဘဲ ထုတ်ပြောသည်။ ယခင်က သူမတွေးခဲ့သော အတွေးအားလုံး ပျောက်ကွယ်သွားသည်။

"ယွမ်ယွမ်၊ ကျောင်းသွားဖို့ မမှီဘဲနေမယ်။ အခုပဲ ပြန်လာပါတော့လား။ အမေလာခေါ်ရမလား။ ဘယ်အချိန်လာခေါ်ရမလဲ"

ဖုန်း၏တခြားတစ်ဖက်မှ အမျိုးသမီးသည် မုရှောင်ယွမ်၏ မေးခွန်းကို ပြန်ဖြေခြင်း မရှိဘဲ သူမ ပြောချင်သည့် အကြောင်းအရာကိုသာ ဆက်ပြောသည်။

"မေမေ အရင်ဆုံးညစာစားဖို့ သဘောတူပေးရမယ်လေ" ‌

မုရှောင်ယွမ်က သူမ၏ မိခင်နှင့် စကားပြောသောအခါ ချစ်စဖွယ်ကောင်းအောင် ပြုမူသည်။

"ညစာစားဖို့လား"

အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေပြီးမှ မိခင်ဖြစ်သူက မေးမြန်းသည်။

"ဟုတ်တယ်။ ညစာစားဖို့အတွက်လေ။ ဒီ့အပြင် သူဌေးချက်တဲ့ ဟင်းပွဲတွေက အရမ်းအရသာရှိတယ်။ အမေ သေချာပေါက်ကြိုက်သွားမှာပါ"

မုရှောင်ယွမ်က သူမ၏ မိခင် သဘောတူလုနီးပါး ဖြစ်သွားခြင်းကို သတိထားမိသောအခါ ပျော်ရွှင်စွာ ပြောသည်။

"ကောင်းပြီလေ။ ဒါဆိုရင် မနက်ဖြန်ညနေ၅နာရီ ထောင်ရှီးလမ်းဆုံမှာ အမေ သမီးကို စောင့်နေမယ်။ ဂရုတစိုက်လာခဲ့နော်"

သာယာဖွယ်ကောင်းသော အသံနှင့်အတူ မိခင်ဖြစ်သူက သူမကို ဂရုတစိုက် ညွှန်ကြားသည်။ ထိုမှသာ သူမ စိတ်အေးလက်အေး ဖုန်းချနိုင်လိမ့်မည်။

"မစိုးရိမ်ပါနဲ့ မေမေ။ သမီးကိုယ်သမီး ဂရုစိုက်ပါမယ်"

မုရှောင်ယွမ်က ပျော်ရွှင်စွာ ပြောသည်။ သူမ၏ အကြံအစည် တစ်ဝက် အောင်မြင်သွားသောအခါ မုရှောင်ယွမ်က ပြုံးရွှင်သော မျက်နှာကို ဖော်ပြပြီး နောက်ဆုံးသော အခက်အခဲကို ကျော်လွှားရန် ပြင်ဆင်သည်။

သူမ၏အစ်ကို မုရှောင်ကျဲက ယွမ်ကျိုး၏ စားသောက်ဆိုင်ကို သွားချင်နေသည်မှာ ကြာပြီဖြစ်၍ သူ့ကို မဲဆွယ်ရန် အတွက် စိုးရိမ်ရန် မလိုအပ်ချေ။

အပိုင်း(၂၂၁)

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၂၂၂)

မုရှောင်ယွမ်က သူ့အကြံအစည်အောင်မြင်လိမ့်မည်ဟု တွေးထားသည်။ သူမ၏ မိဘများ အတူတကွ ညစာ စားလျှင် ပြောစရာကိစ္စများ ရှိလာနိုင်သည်။

ဒုန်း ဒုန်း ဒုန်း ဒုန်း

မုရှောင်ယွမ်က လျင်မြန်သောခြေလှမ်းများဖြင့် အောက်ထပ်သို့ဆင်းလာစဉ် အစ်ကိုဖြစ်သူနှင့် ထောင့်တစ်နေရာတွင် ထိပ်တိုက်ဆုံသည်။

“ဘာလို့မြန်မြန်ဆန်ဆန် ပြေးနေရတာလဲ”

မုရှောင်ကျဲက မုရှောင်ယွမ်ကို လှမ်းဆွဲသည်။

“အစ်ကို၊ ညီမလေးက အဖေ့ကို ပြောစရာရှိလို့”

ရှောင်ယွမ်က သူ့အစ်ကို၏ လက်ကို ဖယ်ရှားလိုက်ပြီး နှုတ်ခမ်းစူကာပြောသည်။

“ဘာကိစ္စလဲကောင်မလေး”

မုရှောင်ကျဲက ရှောင်ယွမ်၏ ခပ်မြင့်မြင့်စည်းထားသော ဆံပင်လေးကို ပြုံးရွှင်သောအမူအရာဖြင့် လှမ်းဆွဲသည်။

“တော်လိုက်တော့။ လျှောက်ဆွဲမနေနဲ့အစ်ကို။ ငါ့သူဌေးရဲ့ဆိုင်မှာ အစားအသောက်တွေ ဝယ်မစားချင်တော့ဘူးလား။ မနက်ဖြန်သွားစားကြမယ်လေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး

အဖေ့ကို သွားပြောမလို့”

မုရှောင်ယွမ်က ကြီးမားသောမျက်လုံးလေးများကို ကလယ်ကလယ်ပြုလုပ်ပြီး မုရှောင်ကျဲ စိတ်ဝင်စားသော အကြောင်းအရာကို ပြောဆိုသည်။

“ကောင်းတာပေါ့။ အစ်ကိုလည်း လိုက်ခဲ့မယ်”

အရသာရှိသော အစားအသောက်များအကြောင်း ကြားသောအခါ မုရှောင်ကျဲက မုရှောင်ယွမ်ကို အောက်ထပ်သို့ အလျင်အမြန်ဆွဲခေါ်သွားသည်။

မုရှောင်ယွမ်က သူမ၏အစ်ကိုကို ကြည့်လိုက်ပြီး အစ်ကိုကို ဆန့်ကျင်ခြင်း မပြုလုပ်ခဲ့ပေ။ သူမ၏အစ်ကိုနောက်သို့ နာခံစွာလိုက်ပါသွားပြီး နှစ်ယောက်သား ပင်မခန်းမဆောင်ထဲသို့ ရောက်ရှိ သွားသည်။

သူ့အစ်ကိုပါလျှင် အဖေကို အတူတူ ဖျောင်းဖျနိုင်လိမ့်မည်ဟု ယုံကြည်မိသည်။ သို့သော်လည်း ပင်မခန်းမဆောင်ထဲသို့ ရောက်ရှိသွားသောအခါ မည်သူ့ကိုမှ မတွေ့ရပေ။

“အဖေဘယ်ရောက်နေတာလဲ”

မုရှောင်ယွမ်က သူ့အဖေကြားအောင် ကျယ်လောင်စွာ အော်ပြောသည်။

“ဘာလို့ ညပိုင်းကြီး ထအော်နေရတာလဲ။ နားမငြီးဘူးလား”

ပင်မခန်းမဆောင်ထဲသို့ အမျိုးသားတစ်ယောက် ဝင်ရောက်လာသည်။ ခြံဝင်းဘက်မှ အိမ်ထဲသို့ ဝင်ရောက်လာခြင်း ဖြစ်နိုင်သည်။ သူက ကောင်းမွန်စွာ ချုပ်လုပ်ထားသော လက်ချုပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်မှန်ဝိုင်းကို တပ်ဆင်ကာ ဆံပင်ကိုလည်း သေသပ်ကျနစွာ ဖြီးလိမ်းထားသည်။

“အဖေ့ကို ပြောစရာရှိတယ်။ အဖေ မနက်ဖြန်ကြရင် သူဌေးယွမ်ရဲ့ဆိုင်မှာ သွားစားကြမယ်။ အဆင်ပြေလား။ အဲ့ဒီဆိုင်မှာ ရောင်းချတဲ့ဟင်းပွဲတွေက အရမ်း အရသာရှိတယ်။ အဲ့ဒီဆိုင်မှာ သွားစားချင်နေတာကြာပြီ”

မုရှောင်ကျဲက တဖွဲ့တနွဲ့ ပြောဆိုတတ်သူ မဟုတ်ပေ။ သူ့နှုတ်ကို ဖွင့်ဟလိုက်သည်နှင့် တရစပ်ပြောဆိုတတ်သည်။

“တစ်ခုပြီးမှ တစ်ခုပြောဖို့အတွက် မင်းကို ငါအမြဲတမ်း သင်ပေးထားတယ် မဟုတ်ဘူးလား။ ဘာဖြစ်လို့ စိတ်မရှည်တဲ့ပုံစံမျိုးနဲ့ စကားပြောနေရတာလဲ”

၎င်းအမျိုးသားသည် မုရှောင်ကျဲ၏ ပြောဆိုသောစကားများကို နားမထောင်ခဲ့ပေ။ ဂရုမစိုက်သော အမူအရာဖြင့် ထိုင်ခုံမှာ တည့်တည့်မတ်မတ်ထိုင်နေသည်။

“အဖေ”

မုရှောင်ကျဲက တစ်စုံတစ်ရာကို ဆက်ပြောချင်တဲ့အခါ မုရှောင်ယွမ်က အစ်ကိုဖြစ်သူ၏ အောက်ဘက် အင်္ကျီထောင့်ကိုဆွဲပြီး ဘေးဘက်သို့ တွန်းလိုက်သည်။

“ဘာဖြစ်တာလဲ”

မုရှောင်ကျဲက ဒွိဟဖြစ်သော ခံစားချက်ဖြင့် သူမကို ကြည့်လိုက်သည်။

“အဖေ့ကို ငါ့ဘာသာငါ ပြောမယ်”

မုရှောင်ယွမ်က ချိုသာစွာပြောသည်။ သို့သော်ငြားလည်း ဖခင်ဖြစ်သူသည် ဆိုဖာပေါ်မှာ မလှုပ်မယှက်ထိုင်နေသည်။

“ကောင်းပြီ။ ညီမလေးဘာသာ အဖေ့ကို ပြောလိုက်တော့”

မုရှောင်ကျဲက ပခုံး ဆတ်ခနဲ တွန့်လိုက်သည်။ သူက ဖခင်ဖြစ်သူကို မကြောက်သော်လည်း သူပြောသမျှကို အဖက်မလုပ်သည့်ပုံစံ ပြုမူနေ၍ ဘဝင်မကျချေ။

“အဖေ၊ ကျောင်းတက်ရတော့မှာဆိုတော့ အမေ့ဆီကို ပြန်ရတော့မယ်။ ဒါ့ကြောင့်မို့လို့ မနက်ဖြန်ကြရင် မိသားစုတွေ အတူတူ ညစာစားပေးလို့ရမလား”

မုရှောင်ယွမ်က ဖခင်ဖြစ်သူနှင့် စကားပြောသောအခါ ယဉ်ကျေးသောအပြုအမူဖြင့် ပြောဆိုတတ်သည်။ မိခင်ဖြစ်သူနှင့် စကားပြောသောအခါ ချစ်စဖွယ်ကောင်းအောင် ပြောဆိုတတ်သည်။

စူးရှသောမျက်ဝန်းများဖြင့် ၎င်းအမျိုးသားသည် မုရှောင်ယွမ်ကို မျက်တောင်မခတ် ကြည့်လိုက်ပြီး ခဏအကြာ ခေါင်းညိတ်သဘောတူလိုက်သည်။

“ကောင်းပြီလေ။ ဘယ်အချိန်သွားမှာလဲ”

“ညနေငါးနာရီ၊ အမေလည်း လာလိမ့်မယ်”

မုရှောင်ယွမ်က တိုးလျသောအသံဖြင့် ဖြည့်စွက်ပြောဆိုသည်။

“အွန်း အဖေနားလည်ပြီ”

၎င်းအမျိုးသားသည် သူလက်ခံကြောင်း ခေါင်းညိတ်ပြသည်။ သမီးဖြစ်သူကို ကြည့်ပြီး သူက မုရှောင်ယွမ်လေး အရွယ်ရောက်လာကြောင်းနှင့် ကိုယ်ပိုင်အတွေးအခေါ်ရှိသည့်အချက်ကို လက်ခံလိုက်သည်။

ဖခင်ဖြစ်သူအနေဖြင့် သူ့သမီး၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိထားပြီးသားဖြစ်သည်။ သမီးဖြစ်သူ၏ဆန္ဒဖြစ်သောကြောင့် ညစာစားပွဲသွားရောက်ခြင်းက သူ့အတွက် ကိစ္စမရှိပေ။

“ဒါဆိုရင် အပေါ်ထပ်တက်ပြီးတော့ အိပ်တော့မယ်နော် အဖေ”

မုရှောင်ယွမ်က သူ့အစ်ကို၏လက်ကိုဆွဲပြီး အပေါ်ထပ်သို့ ပျော်ရွှင်စွာ ပြေးတက်သွားသည်။ အစ်ကိုဖြစ်သူက ချိန်ကိုက်ဗုံးတစ်လုံးနှင့် တကယ်ကိုတူသည်။ အဖေ့အနား ကြာကြာနေလျှင် မတော်တဆကိစ္စရပ်များ ဖြစ်သွားနိုင်သည်။

ဒုတိယထပ်သို့ ရောက်သောအခါ မောင်နှမနှစ်ယောက် စကားပြောခြင်းနှင့် ကစားခြင်းကိစ္စများကို ပြုလုပ်ပြီးနောက် အိပ်စက်အနားယူရန် ကိုယ့်အခန်းကိုယ် ပြန်ကြသည်။

အစ်ကိုဖြစ်သူ မုရှောင်ကျဲသည် မနက်ဖြန်တွင် တန်ဖိုးကြီးသော အစားအသောက်များကို စားသုံးရန်သာ မျှော်လင့်နေသည်။

ညီမဖြစ်သူ မုရှောင်ယွမ်က သူဌေးယွမ်၏ သာမန်ထက်ထူးခြားသော ဟင်းချက်လက်ရာဖြင့် သူ့ မိဘများကို ဆွဲဆောင်နိုင်ပြီး သူမ၏ဆန္ဒလေး ပြည့်မြောက်ရန်သာ ဆုတောင်းမိသည်။ ထိုမှသာ သူမ ကောင်းကောင်းမွန်မွန် အိပ်စက်အနားယူနိုင်လိမ့်မည်။

ယွမ်ကျိုးက မနက်ဖြန်တွင် ရောင်းချမည့် ဟင်းပွဲများနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ထားသည်။ ကြိုတင်ပြင်ဆင်မှုများ ပြီးဆုံးမှသာ သူအိပ်စက်အနားယူသည်။

နောက်တစ်နေ့ မနက်စောစောတွင် မနက်စာမပြင်ဆင်ခင် အနှေးလမ်းလျှောက်ခြင်း လုပ်ငန်းကို လုပ်ဆောင်သည်။

ယနေ့တွင် မုရှောင်ယွမ် အတော်ကလေး ပျော်ရွှင်နေသည်။ တစ်မနက်ခင်းလုံး မျက်နှာက ပြုံးရွှင်နေသည်။ နေ့လယ်ခင်းအချိန်ရောက်ရှိလာသောအခါ သူမ၏မျက်နှာက မနက်ခင်းကထက် ပို၍ ပျော်ရွှင်နေပုံပေါ်သည်။ ညနေခင်းနား နီးကပ်လာလေ၊ သူမ၏အပြုံးက ပို၍သက်ဝင်လှပလာသည်။

စားသောက်ဆိုင်၏ အပြင်ဘက်တွင် တန်းစီစောင့်နေသောဖောက်သည်များက ပုံမှန်အတိုင်း ရှိနေသည်။ နေ့လယ်ခင်းအချိန်တွင် အပြင်ဘက်ရာသီဥတုက ပူသော်လည်း ကိုယ့်အလှည့်ကျရောက်လာမည့် အချိန်ကိုသာ စောင့်မျှော်နေသည်။

ယွမ်ကျိုးစားသောက်ဆိုင်၏ ဆိုင်အတွင်းအပူချိန်သည် ပုံမှန်အခြေအနေဖြစ်သည်။

သူဌေးယွမ် အဲကွန်းတပ်ထားလားဆိုသည့်အချက်ကို နတ်ဘုရားများသာ သိလိမ့်မည်။

ဆိုင်ဘက်ပတ်ဝန်းကျင်သည် အေးမြပြီး သက်တောင့်သက်သာ ခံစားချက်ကို ဖြစ်ပေါ်စေသည်။ ဆိုင်အတွင်းမှာ ကြာကြာနေသည့်တိုင် ပူသောခံစားချက်ကို မခံစားရပေ။ ခဏကြာပြီးနောက် လူအုပ်စုထဲမှ တိုးလျသော ဆွေးနွေးသံ ထွက်ပေါ်လာသည်။

“မင်းရဲ့အရှေ့ကိုကြည့်စမ်း။ ဝင်ပေါက်နဲ့အနီးဆုံးနားက နေရာကိုကြည့်”

နေကာဦးထုပ်ကို ဝတ်ဆင်ထားသော ဖောက်သည်တစ်ယောက်က သူ့နောက်တွင်ရှိသော လူတစ်ယောက်၏လက်မောင်းကို ရုတ်တရက်ထိလိုက်သည်။

“ဘာဖြစ်လို့လဲ”

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဖောက်သည်က အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး မေးမြန်းသည်။ သူ့ကို လက်တို့ပြီးပြောလာသံကြောင့် သူက နာခံစွာဖြင့် ရှေ့ဆုံးဘက်ကို ကြည့်လိုက်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာကို မတွေ့ရပေ။

“အဖြူရောင် စုတ်တီးစုတ်ပြတ်စွပ်ကျယ်နဲ့ မီးခိုးရောင်ဘောင်းဘီကို ဝတ်ဆင်ထားတဲ့ အဘိုးကြီးကို ကြည့်ခိုင်းတာလေ”

နေကာဦးထုပ်နှင့်ဖောက်သည်က ခိုးကြောင်ခိုးဝှက်ဖြင့် သူ့ကို မျက်စပစ်သည်။ အဖြူရောင်ရှပ်အင်္ကျီနှင့်ဖောက်သည်က လူအုပ်ကြီးကို သေချာ အကဲခတ်ကြည့်လိုက်သောအခါ ဆံပင်ကျိုးတိကျိုးကျဲနှင့် ကျောခိုင်းရပ်ထားသော အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။

သူ၏ခန္ဓာကိုယ်ပေါ်မှ အဖြူရောင်စွပ်ကျယ်က ကြေပြီး စုတ်ပြတ်နေပုံပေါက်ပြီး မီးခိုးရောင်ဘောင်းဘီကလည်း မှောင်မိုက်သောအရောင်ကို ပို၍ ပေါ်လွင်စေသည်။ သူ့ပုံစံကိုကြည့်ရုံဖြင့် ဤဆိုင်မှာ ရောင်းချသော ဟင်းပွဲများကို စားနိုင်သည့်အနေအထား မဟုတ်ပေ။

သူ့ကိုလက်တို့လာသော နေကာဦးထုပ်နှင့်ဖောက်သည်ကို သံသယဝင်သောအမူအရာဖြင့် ကြည့်လိုက်သည်။

“ဒီလူက အပတ်တိုင်းဆိုင်ကိုလာတယ်။ သူ့အလှည့်ရောက်ဖို့အတွက် အေးအေးဆေးဆေး စောင့်တဲ့အပြင် ဆိုင်ထဲဝင်သွားရင်လည်း ဘာမှမစားဘဲနဲ့ ဘေးမှာ တိတ်တိတ်ကလေး မတ်တတ်ရပ်နေတယ်။ ငါးမိနစ်ကြာရင် သူ့ဘာသာ သူထွက်သွားတယ်။ ဘယ်သူ့ကိုမှလည်း အနှောက်အယှက်မပေးဘူး”

နေကာဦးထုပ်နှင့်ဖောက်သည်က အသေးစိတ်ပြောပြသည်။

“ဒါဆိုရင် ဘာဖြစ်လို့ ဆိုင်ထဲဝင်ဖို့စောင့်နေရသေးတာလဲ”

အဖြူရောင်ရှပ်အင်္ကျီနှင့်ဖောက်သည်က စပ်စပ်စုစုမေးမြန်းသည်။

“ဒါတော့ ငါလည်း ဘယ်သိပါ့မလဲ”

ထိုစဉ်သူတို့၏ရှေ့တွင်ရှိသောဖောက်သည်များကလည်း သူတို့၏ စကားဝိုင်းထဲတွင် ဝင်ရောက်ပြောဆိုလာကြသည်။

“ငါ့စိတ်ထင်တော့ သူက ဆိုင်ရဲ့အခင်းအကျင်းကို ကြည့်ချင်လို့ဖြစ်ရမယ်”

“သူဌေးယွမ်ရဲ့ ဟင်းချက်လက်ရာကို တိတ်တဆိတ်လေ့လာချင်လို့များလား”

နောက်တွင်ရှိသော ဖောက်သည်များကလည်း သူတို့၏အတွေးကို ထုတ်ပြောကြသည်။

“ဒီလိုလည်း မဖြစ်နိုင်လောက်ဘူး။ မုရှောင်ယွမ်က သူ့ကို ဘာများသုံးဆောင်မလဲလို့ မေးပေမဲ့ သူက ဘာမှပြန်မပြောဘဲ ပြုံးပဲပြုံးနေတယ်။ သူဘာလိုချင်လဲဆိုတာ ဘယ်သူမှ မသိဘူး”

နေကာဦးထုပ်ကို ဝတ်ဆင်ထားသော ဖောက်သည်က ခေါင်းကိုခါလိုက်ပြီး ယွမ်ကျိုးထံမှ ပညာသင်ယူချင်သည့်အချက်ကို ဝေဖန်ကြခြင်းကို ငြင်းပယ်သည်။

သူရပ်နေသောနေရာသည် မီးဖိုချောင်နှင့် ဝေးကွာသည့်အပြင် ယွမ်ကျိုးထည့်လိုက်သည့် ဟင်းခတ်အမွှေးအကြိုင်များကိုပင် သေချာရှင်းလင်းစွာ မမြင်ရပေ။ ထို့ပြင် သူက ဆိုင်ရှိဟင်းပွဲများကို တခါမျှ မသုံးဆောင်ခဲ့ပေ။ သူက အရသာကို သိနိုင်မည်နည်း။

“ဒီလူက ဘာများလိုချင်တာလဲ။ သူဌေးယွမ်ချက်တာကို ကြည့်ချင်တာဆိုလဲ ဒီမှာတန်းစီဖို့ မလိုဘူးလေ။ အထဲဝင်သွားကြည့်လို့ရတာပဲ”

အဖြူရောင်ရှပ်အင်္ကျီနှင့်ဖောက်သည်က ပြောသည်။

“ဒါကြောင့်မို့လို့ ထူးဆန်းနေတယ်လို့ပြောတာပေါ့”

သူတို့ရှေ့တွင်ရှိနေသောဖောက်သည်က စကားဝင်ရောက်ပြောဆိုသည်။ တခြားသူများကလည်း အားကြိုးမာန်တတ် ဝင်ရောက်ပြောဆိုနေစဉ် ၎င်းအဘိုးအို၏အလှည့် ကျရောက်လာသည်။

ပုံမှန်အတိုင်း အခန်း၏ ထောင့်နေရာမှာ နေရာယူလိုက်ပြီး တိတ်တဆိတ်မတ်တတ်ရပ်ကာ စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူ့မျက်ဝန်းများက အောက်သို့ ငိုက်ဆင်းနေပြီး တခြားလူများကို မကြည့်ဘဲ နေရာမှာပင် ရပ်နေသည်။

ပုံမှန်အတိုင်း မုရှောင်ယွမ်က သူ့ကို သွားရောက်နှုတ်ဆက်ခဲ့ခြင်း မရှိခဲ့ပေ။ တခြားဖောက်သည်က ဆိုင်ထဲသို့ ဝင်ရောက်လိုက်ပြီး ထိုင်ခုံလွတ်ကို နေရာယူလိုက်သည်။

အဘိုးအို တန်းစီစောင့်ရခြင်းက အဓိပ္ပာယ်မရှိသော လုပ်ရပ်ဖြစ်သွားသည်။ အဘိုးအိုက ထောင့်တစ်နေရာမှာ တိတ်တဆိတ် မတ်တတ်ရပ်နေခဲ့သည်။

ခဏကြာအောင် ပုစွန်ဖြင့်အလှဆင်ထားသည့် နံရံ ရှုခင်းကို စောင့်ကြည့်ပြီး ဆိုင်မှ ထွက်ခွာသွားသည်။ တခြားသူများ အရသာရှိသောဟင်းပွဲများ သုံးဆောင်နေခြင်းကို စောင့်ကြည့်ချင်သည့် ရည်ရွယ်ချက်ဖြင့် ဆိုင်သို့ရောက်လာခြင်းလည်း ဖြစ်နိုင်သည်။

ငါးမိနစ်ခန့်ကြာပြီးမှ ထွက်ခွာသွားလေ့ရှိသည်။ အဘိုးအိုက ငါးမိနစ်ခန့်ကြာလျှင် သူ့ခါးတွင်ရှိသော ဘုသီးကို လေးကန်စွာ သယ်မရင်း ဖြေးညှင်းစွာ အပြင်ဘက်သို့ ထွက်သွားသည်။ သူနောက်တစ်ကြိမ် ရောက်လာမည့်အချိန်ကို တစ်ပတ်ခန့်စောင့်ဆိုင်းရဦးမည်။

အပိုင်း(၂၂၂)

ပြီးပါပြီ။

All Chapters