← Chapters

အခန်း (၉၈၃-၉၈၄)

Vol. 59 Ch. 983-984

အခန်း (၉၈၃-၉၈၄)

Vol. 59 Ch. 983-984

အပိုင်း (၉၈၃)

ဟုတ်ပေ၏။ ရှမ့်လန်လည်း ကူရာမဲ့နေလေ၏။ အဘယ်ကြောင့်ဆိုသော် သူက ပို၍ သရော်စရာကောင်းပြီး အလေးချိန်စီးသည့် ဦးခေါင်းကို ရှာမတွေ့သောကြောင့်ပင်။ နင်ရှောင်၏ သားအကြီးဆုံးကို သူသတ်ပြီး၏။ ထို့ကြောင့် မိန်းမစိုးနန်၏ ဦးခေါင်းကို အသုံးပြုခဲ့ရခြင်းပင်။

ရှိနေသည့် အရာရှိ အားလုံးက လုံးဝ ကြောင်အမ်းသွားလေ၏။

သေတ္တာထဲမှ ခေါင်းကို သူတို့က မယုံကြည်နိုင်စွာ စောင့်ကြည့်နေ၏။ ချောမောပြီး လှပသော်လည်း မျက်နှာသွင်ပြင်က တွန့်လိမ်နေ၏။ ထိုအရာက ရွှဲ့ဘုရင်နင်ရှောင်ကို ပြုစုသည့် မိန်းမစိုးနန် မဟုတ်ပါလား။ မိန်းမဆန်သည့် ဆွဲဆောင်မှု ရှိပြီး မောက်မာဝင့်ကြွားသည့် မိန်းမစိုးနန်ပင်။

“ရှမ့်လန်ရဲ့ ခေါင်း... ရှမ့်လန် ဘယ်မှာလဲ။”

ထိုအချိန်မှာပဲ သေတ္တာကို ကိုင်ထားသည့် စစ်သည်ငယ်က သံခမောက်ကို ချွတ်လိုက်၏။ ရှမ့်လန်၏ နှိုင်းယှဉ်၍ မရအောင် ချောမောသည့် မျက်နှာက ပေါ်လာ၏။ သူက ခန်းမဆောင်ထဲတွင် ၃၆၀ ဒီဂရီ လှည့်ကာ ပြုံးပြနေ၏။

“နင်ရှောင်... ဝန်ကြီးများ အားလုံး... အံ့အားသင့်သွားလား။ အံ့ဩသွားလား။”

ပြီးနောက် ရှမ့်လန်က လက်ကို ဝှေ့ယမ်း၏။ နန်းတော်ထဲရှိ သွေးဝိညာဉ်စစ်သည် ၃၀၀၀ လုံးက သံခမောက်များကို ချွတ်လိုက်၏။ သူတို့၏ မူလမျက်နှာများ ပေါ်လာ၏။ အားလုံးက အမေဇုန် အမျိုးသမီး စစ်သည်များ ဖြစ်ကြ၏။ သူတို့က အဘယ်သို့ သွေးဝိညာဉ်စစ်သည်များ ဖြစ်နိုင်ကြသနည်း။

“အားလုံးပဲ... အံ့ဩသွားကြလား။”

ပြီးနောက် ရှမ့်လန်က လက်ကို ဝှေ့ယမ်း၏။ နောက်ထပ် လူတစ်ထောင်ကျော် ပြေးဝင်လာခဲ့ပြီး ကြီးမားသည့် သေတ္တာများကို တစ်လုံးပြီးတစ်လုံး သယ်ဆောင်လာခဲ့သည်။

“ဖွင့်လိုက်ကြ။”

ရှမ့်လန်၏ အမိန့်အတိုင်းပဲ သေတ္တာများကို တစ်လုံးပြီးတစ်လုံး ဖွင့်၏။ မရေတွက်နိုင်သည့် လူခေါင်းပြတ်များ လိမ့်ထွက်လာ၏။ အားလုံးက ကောင်းကင်ပင်လယ်နန်းဆောင်မှ သွေးဝိညာဉ်စစ်သည်များပင်။

ဦးခေါင်းခွံ ဂိုဏ်းမှ စစ်သည်များက အမြန်ဆုံးနှုန်းဖြင့် ဦးခေါင်းပြတ် နှစ်သောင်းကို အသုံးပြုပြီး ပင်မ ခန်းမဆောင်ထဲတွင် ဆယ်ပုံ ပုံ၏။ လူ့ခေါင်း ပိရမစ်ကြီးက သွေးများ စီးကျနေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလေစွ။

ရှမ့်လန်က ထပ်ပြော၏။ “အားလုံးပဲ။ အံ့အားသင့်သွားလား။ အံ့ဩသွားကြလား။”

တိတ်ဆိတ်ငြိမ်သက်နေ၏။ မရေတွက်နိုင်သည့် မိုးကြိုးများ ပစ်ချလိုက်သကဲ့သို့ပင်။ လူများကို လိပ်ပြာလွင့် စေ၏။ အားလုံးသောသူတို့က တုံ့ပြန်နိုင်စွမ်း ဆုံးရှုံး၏။ ဤလောကကြီးက တကယ်ကို ရူးသွပ်လွန်းလှချေ၏။ ထို့အတူ ကြောက်မက်ဖွယ်ရာလည်း ကောင်းလှချေသည်။

ကောင်းကင်ပင်လယ်နန်းဆောင်၏ သွေးဝိညာဉ်စစ်သည် ၂၀၀၀၀ လုံး အကုန်က မျိုးဖြုတ်ခံလိုက် ရသည်လား။ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ထိုအရာက အနောက်တိုင်းဒေသရှိ စစ်သည် သန်းပေါင်းများစွာကို မျိုးဖြုတ်ခဲ့သည့် သွေးဝိညာဉ်တပ်ပင်။ ယခင်တုန်းက ရှမ့်လန်သည် အံ့ဖွယ်ရာများကို ဖန်တီးခဲ့သည် ဆိုသော်လည်း ယခု သွေးဝိညာဉ်တပ်ကိုပင် တကယ်ပင် မျိုးဖြုတ်လိုက်လေသည်လား။

ထိုသူက လူလား၊ သရဲလား။

ရှမ့်လန်က ကျူးဟုန်ကျူး ရှေ့သို့သွားပြီး အသာပင် ပြုံးပြ၏။ “သခင်ကြီးကျူး... ကျုပ်ရဲ့ စွမ်းဆောင်ရည်ကို ဘယ်လိုမြင်လဲ။”

ကျူးဟုန်ကျူး၏ မျက်နှာက သုန်မှုန်သွား၏။ သူက ရှမ့်လန်ကို နာကျင်စွာ ကြည့်ရင်း တွေးလိုက်မိသည်။ ‘မင်းက ငါ့ကို အသေမခံခိုင်းဘူး။ နောက်ဆုံး ဂုဏ်သိက္ခာလေး ချန်ထားပေးမယ်လို့ မပြောခဲ့ဘူးလား။’

“မပူးပေါင်းချင်ဘူးလား။ ခင်ဗျား မိသားစုတစ်ခုလုံးကို ကျုပ် သတ်ပစ်မယ်” ရှမ့်လန်က တီးတိုး ပြော၏။

ကျူးဟုန်ကျူးက တုန်ယင်သွားခဲ့သည်။ “ကောင်းတယ်... အရမ်းကောင်းတာပေါ့။”

ရှမ့်လန်က ပြော၏။ “ကျုပ် ကောင်းကောင်း သရုပ်ဆောင်ခဲ့တာပဲ။ ဘာလို့ လက်ခုပ်မတီးကြတာလဲ။”

ကျူးဟုန်ကျူးက တစ်ကိုယ်လုံး အေးစက်သွား၏။ သူက နေရာမှာတင် သေချင်စိတ်ပေါက်သော်လည်း ယခု မသေနိုင်သေးချေ။ သူသာ ယခု မပူးပေါင်းပါက ရှမ့်လန်က သူ့၏ မိသားစုတစ်ခုလုံးကို သတ်ပစ်ပေလိမ့်မည်။

“ဖြောင်း... ဖြောင်း... ဖြောင်း..”

ကျူးဟုန်ကျူးက တုန်ယင်စွာဖြင့် မတ်တပ်ထရပ်ပြီး လက်ခုပ်တီး၏။ လက်ခုပ်သံက ခန်းမဆောင်ထဲတွင် ပဲ့တင်ထပ်၏။ သို့သော်ငြား တကယ်ကို အထီးကျန် ဆန်လို့နေ၏။

ပြီးနောက် ရှမ့်လန်က ကျူးကျွင်း၏ ရှေ့ဆီသို့ လျှောက်သွားကာ ပြောလိုက်သည်။ “သခင်ကြီးကျူးကျွင်း... ဘယ်လိုထင်လဲ... ကျုပ် ကောင်းကောင်း သရုပ်ဆောင်နိုင်ရဲ့လား။”

ကျူးကျွင်း၏ ဦးရေပြားများက ထုံကျင်သွားခဲ့၏။ သူကလည်း လက်ခုပ်တီး၏။ ဉာဏ်ကောင်းသူ ပီသစွာပင် ရှမ့်လန် စကားမပြောမီ သူက ဘာလုပ်ရမည်ကို သိ၏။

ရှမ့်လန်က ပြောသည်။ “ဒူးထောက်ပြီး လက်ခုပ်မတီးဘူးလား။”

ကျူးကျွင်းက အံကိုကြိတ်ပြီး ရှမ့်လန်ကို ကြည့်၏။ သူ့၏ နှလုံးသားများက တုန်ခါနေ၏။ ရှမ့်လန် က တကယ်ပင် ဤမျှ အရှက်မရှိ ဖြစ်စေချင်နေသည်လား။ မနေ့ညက သူ့ကို ဒူးမထောက်ခိုင်းဘဲ ယခုမှ ဒူးထောက်ခိုင်းသည်လား။

မှန်ပေ၏။ မနေ့ညက သူ၏ လူတွေပဲ ရှိနေ၏။ အဘယ်ကြောင့် ဒူးထောက်ခိုင်းရမည်နည်း။

“ခင်ဗျား ဒူးမထောက်ရင် ခင်ဗျားရဲ့ မိသားစု တစ်ခုလုံးကို ကျုပ်သတ်မယ်။” ရှမ့်လန်က တီးတိုးလေး ပြော၏။

‘သောက်ကျိုးနည်း... တခြားစကားပြောလို့ မရဘူးလား။ မင်းက အရှေ့တိုင်း လောကကြီးရဲ့ ဧကရာဇ်လေ။ လူမိုက်တစ်ယောက် မဟုတ်ဘူး။’

“ငါး …လေး… သုံး ..”

သို့သော်ငြား ရှမ့်လန်၏ လက်ချောင်းများ ချိုးကာ ရေတွက်နေမှုအောက်မှာပဲ ကျူးကျွင်းက ဖြည်းညင်းစွာ ဒူးထောက်၏။ ပြီးနောက် လက်ခုပ်တီနေလိုက်သည်။ “ဖြောင်း... ဖြောင်း... ဖြောင်း..”

“မဆိုးဘူး... မဆိုးဘူး...”

လူနှစ်ယောက်က လက်ခုပ်တီးနေ၏။

ကျူးဟုန်ကျူးနှင့် ကျူးကျွင်းတို့က လက်ခုပ်တီးနေ၏။ လုံးဝ မရပ်ရဲချေ။ အဘယ်ကြောင့်ဆိုသော် သူတို့ အနည်းငယ် နှေးကွေးသွားမည် ဆိုသည်နှင့် ရှမ့်လန်က သူတို့ကို ခြိမ်းခြောက်သည့် မျက်လုံးဖြင့် စိုက်ကြည့်ပြီး လက်ချောင်းများချိုးကာ ရေတွက်ပြရင်း အရှက်မရှိ မျက်နှာကို ပြသတတ်သောကြောင့်ပင်။

ထို့ကြောင့် သူတို့နှစ်ယောက်က လက်ခုပ်ကို ဆက်တိုက် တီးနေရပြီး ခန်းမတစ်ခုလုံးတွင် လူနှစ်ယောက်၏ လက်ခုပ်တီးသံကိုသာ ကြားနေရ၏။ တကယ်ကို ရှက်ရွံ့စရာ ကောင်းသည့် အခြေအနေမျိုးပင်။

“ဖြောင်း... ဖြောင်း... ဖြောင်း..”

ထို့နောက် ခန်းမထဲတွင် တတိယ လက်ခုပ်တီးသံ ထွက်ပေါ်လာ၏။ ရှမ့်လန်က မျက်မှောင်ကြုတ် လိုက်၏။ မည်သူဖြစ်သနည်း။ မည်သူက လက်ခုပ်တီးရဲသနည်း။ သူ၏ ခွင့်ပြုချက်မရှိဘဲ မည်သူက လက်ခုပ်တီးရဲသနည်း။

“ခွေးလေး... မင်း သရုပ်ဆောင်လို့ ပြီးပြီလား။” တုန်ယင်နေသည့် အသံက ခန်းမထဲမှ ထွက်ပေါ်လာ၏။ ထိုအသံက အတိုင်းအဆမဲ့ ဝမ်းသာပီတိနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

အားလုံးက ခေါင်းကို မော့ကြည့်ချိန်မှာတော့ ....

ခန်းမ၏ထိပ်ဆုံး ရာဇပလ္လင်ပေါ်တွင် ထိုင်နေသည့် မင်းကြီးဟောင်း နင်ယွမ်ရှန်းက ဖြည်းညင်းစွာ လက်ခုပ်တီးနေကြောင်း မြင်ရ၏။ သူ၏ခန္ဓာကိုယ်က တုန်ယင်နေသော်လည်း မျက်လုံးများက ကြည်လင်တောက်ပနေပြီး ဉာဏ်ပညာနှင့် ပြည့်စုံ၏။ ရူးသွပ်နေသည့် အရိပ်အယောင်ဟူ၍ လုံးဝမရှိချေ။

“ကောင်စုတ်လေး.. မင်း ဒီလိုလုပ်မယ်ဆိုတာ ငါ သိပြီးသား။ မနေ့တည်းက ငါ သိတယ်။ မင်း ဖင်ကုန်းလိုက်တာနဲ့ ဘာချေးပါမလဲတောင် ငါသိတယ်ကွ။” နင်ယွမ်ရှန်းက မျက်ရည်များ စီးကျနေရင်းမှ လက်ခုပ်တီး၏။

ရှမ့်လန်က မျက်လုံးများကို အတင်းမှိတ်၏။ သူက မျက်ရည်မကျအောင် အစွမ်းကုန် ထိန်းချုပ်ထားမိ၏။ သူက လှေကားထစ်များပေါ်သို့ တက်ပြီး နင်ယွမ်ရှန်း၏ ခန္ဓာကိုယ်ကို ဖက်ကာဖြင့် ရှိုက်ကြီးတငင် ငိုကြွေးမိသည်။ “တောင်းပန်ပါတယ်... တောင်းပန်ပါတယ် အဖေ... ကျုပ် နောက်ကျသွားတယ်။”

ရှမ့်လန် ဖက်ထားသည့် ခန္ဓာကိုယ်က အရိုးသာရှိ၏။ ပိန်လှီလွန်းနေ၏။ ခန္ဓာကိုယ်က ထိန်းချုပ်၍ မရအောင် တုန်ယင်နေသည်။ ထိုအရာက ရှမ့်လန်၏ နှလုံးသားများကို ပို၍ နာကျင်စေ၏။

“နောက်မကျပါဘူး။ နောက်မကျပါဘူး။”

နင်ယွမ်ရှန်းက မျက်ရည်များ တရဟော စီးကျနေသည်။ “ငါ မသေသေးဘူး... ဘယ်လိုလုပ် နောက်ကျတယ်လို့ ပြောလို့ရမှာလဲ။ သား... မင်းက စောလွန်းနေတာ။ မင်း နောက်မှ ပြန်လာသင့်တယ်။ အပြည့်အစုံ ပြင်ဆင်ပြီးတော့မှ ပြန်လာသင့်တယ်။ ဒါမှ မင်း ဒီလို စွန့်စားစရာတွေ မလိုတော့မှာ။ ဒီတစ်ခါ မင်း တော်တော်ကြီး စွန့်စားလိုက်ရတယ်။ ငါ့ရဲ့ လိပ်ပြာတောင် လွင့်မတတ်ပဲ။”

ရှမ့်လန်က မျက်ရည်များနှင့် ပြော၏။ “နောက်ကျရင် အဖေ့ကို မတွေ့ရတော့မှာ စိုးလို့ပါ။”

နင်ယွမ်ရှန်းက ရယ်ကာမောကာဖြင့် ပြောသည်။ “ငါ့ကို အထင်သေးတာပဲ။ ပြီးတော့ နင်ကျန်းကိုလည်း အထင်သေးတာပဲ။”

ရှမ့်လန်က နင်ယွမ်ရှန်းကို မိနစ်အနည်းငယ်ကြာ ဖက်၏။ ပြီးနောက် မျက်ရည်များကို သုတ်၏။ သူက နင်ယွမ်ရှန်းကို လွှတ်ပေးရင်း ပြုံးကာ ပြော၏။ “အဖေ... နင်ယန်ကိုယ်ဝန် ရနေပြန်ပြီ။ အဖေနဲ့ မိဖုရားကြီးပျံ့တို့ ကစားဖို့ ကျုပ် သီးသန့် မွေးပေးထားတာလေ။”

“ကောင်းတယ်... ကောင်းတယ်။”

နင်ယွမ်ရှန်းက ပြော၏။ “ငါ ကိုယ်တိုင် စာသင်ပေးမယ်။ မင်းရဲ့ လက်ရေးလှက သိပ်ညံ့တယ်။”

ရှမ့်လန်က စိတ်ထဲတွင် ပြောလိုက်မိသည်။ ‘အဖေ... ကျုပ်တို့ လက်ရေးက အတူတူလောက်ပါပဲ။’

မှန်ပေ၏။ သူထိုသို့ တွေးနေသော်လည်း လက်မထောင်ကာ ပြောလိုက်၏။ “အဖေ့ရဲ့ လက်ရေးက တကယ့်ကို ထိပ်တန်းပါပဲ။”

နင်ယွမ်ရှန်း၏ ပါကင်ဆန်ရောဂါက ပို၍ ဆိုးဝါးလာ၏။ သူက အရူးဟန် မဆောင်လျှင်ပင် ပါးစပ်ထောင့်မှ သွားရည်များကို မထိန်းချုပ်နိုင်ပေ။ ထို့ကြောင့် ရှမ့်လန်က သူ့၏ အင်္ကျီလက်စဖြင့် ပါးစပ်ထောင့်ကို ငြင်သာစွာ သုတ်ပေးသည်။

“ကဲ... မင်း ငါ့ကို နှစ်သိမ့်ပေးပြီးပြီပဲ။”

နင်ယွမ်ရှန်းက ပြုံးကာ ပြော၏။ “ဒီနေ့ ပြဇာတ်ကို ငါ သဘောကျတယ်။ အခန်းထဲ ပြန်ပြီး နားလိုက်အုံးမယ်။ နုရှောင့်မြို့ကို ဘယ်တော့ပြန်မှာလဲ။ ငါနဲ့ မင်းရဲ့အမေပျံ့ကို ခေါ်သွား။ ငါ နန်းတော်ထဲမှာ ပိတ်မိနေတာ ဆယ်စုနှစ်ပေါင်းများစွာ ရှိပြီ။ မင်းနဲ့အတူ အပန်းဖြေခရီး ထွက်လို့ရပြီ။”

“ကောင်းပါပြီ။” ရှမ့်လန်က ပြောလိုက်၏။ သူက လက်ကို ဝှေ့ယမ်းလိုက်သည်။

တစ်စုံတစ်ယောက်က ဘီးတပ်ကုလားထိုင် တစ်လုံးကို ချက်ချင်း ယူဆောင်လာ၏။ ဤသည်က ရှမ့်လန်ကိုယ်တိုင် ပုံစံ ထုတ်ထားခဲ့သည့် အသစ်စက်စက် ဘီးတပ်ကုလားထိုင်ပင်။ ရှမ့်လန်က ရှေ့ကို တိုးပြီး နင်ယွမ်ရှန်းကို ဘီးတပ်ကုလားထိုင်ပေါ်သို့ ညင်သာစွာ ပွေ့ချီကာတင်၏။

ပြီးနောက် သူက နန်းတွင်းသူ နန်းတွင်းသား အားလုံးဘက် လှည့်ကာ ပြောသည်။ “ခဏလောက် စောင့်ကြအုံး။ ကျုပ်ရဲ့ ယောက္ခထီးကြီးကို အခန်းအပြင်ကို ပို့ပြီး အနားယူခိုင်းလိုက်အုံးမယ်။ ခဏနေမှ ပြန်လာမယ်။”

“လီစွမ်း... လီစွမ်း..” ရှမ့်လန်က အော်ခေါ်၏။

ခဏကြာမှ ပုံရိပ်တစ်ခုက အမြန် ပြေးဝင်လာ၏။ ထိုသူက ယိုင်နဲ့နေပြီး မြေကြီးပေါ် လဲကျလုနီးပါးပင်။ ဤလူက မိန်းမစိုးကြီး လီစွမ်းပင်။ သူ၏ ခြေလက် အကြောများ ဖြတ်တောက်ခံရပြီး သိုင်းပညာ အားလုံး ဆုံးရှုံးသွားခဲ့၏။ သူက လမ်းကိုပင် မနည်း လျှောက်နေရ၏။ သူက ရှမ့်လန်နှင့် နင်ယွမ်ရှန်းတို့၏ ရှေ့သို့ ပြေးလာကာ ဒူးထောက်သည်။

“အရှင်မင်းကြီး... ကျုပ် ရောက်ပါပြီ။”

သူ၏ မျက်နှာပေါ်တွင် အမာရွတ်များ ပြည့်နှက်နေ၏။ အပြုံးက ငိုသည်ထက်ပင် ပို၍ ရုပ်ဆိုး၏။

ရှမ့်လန်က လက်ချောင်း သုံးချောင်းကို ထောင်ပြကာ ပြောသည်။ “အရှင် သုံးပါးပါ။”

မိန်းမစိုးလူစွမ်းက ကိုယ့်ပါးကို ရိုက်၏။ “ကောင်းပါပြီ... ကျုပ် စိတ်လောသွားလို့ပါ။ အရှင်ကြီး သုံးပါးပါ။”

ပြီးနောက် ရှမ့်လန်က ဘီးတပ်ကုလားထိုင်ကို တွန်းပြီး နင်ယွမ်ရှန်းကို အခန်းထဲ ပြန်ပို့၏။ နင်ယွမ်ရှန်း နန်းတော်ထဲ မနေချင်ခြင်းက ပင်ပန်း၍ မဟုတ်ဘဲ သူက ထီးနန်းကို စွန့်လွှတ်လိုက်ပြီ ဖြစ်သောကြောင့်ပင်။ ယခုမှစ၍ မြေးကို စာသင်ခြင်းမှ လွဲ၍ တခြားဘာမှ မလုပ်ချင်တော့ပေ။

……….

အခန်းထဲသို့ ပြန်ရောက်ချိန်မှာတော့ စုဖေးက ငူငူငေါင်ငေါင်နှင့် ထိုင်နေ၏။ သူမက မျက်ရည်များ အဆက်မပြတ် ကျဆင်းနေခဲ့ပြီး ထိုမျက်ရည်များကို သုတ်နေ၏။ သုတ်၍ပင် မနိုင်ချေ။ တံခါးဖွင့်ချိန်မှာတော့ သူမက အလိုလျောက် ဒူးထောက်မိ၏။ သူမက တိရစ္ဆာန်ကောင် နင်ရှောင်ကို အလွန် ကြောက်ရွံ့မိ၏။

ခဏအကြာမှာပဲ သူမက သတိပြန်ဝင်လာ၏။ နင်ယွမ်ရှန်းနှင့်အတူ နောက်မှ လိုက်ပါလာသည့် ရှမ့်လန်ကို မြင်လိုက်ရသောကြောင့်ပင်။ သူမက လုံးဝ ကြောင်အသွားခဲ့၏။ သူမ မျက်စိမှားနေလေသည်လား။ သို့မဟုတ် အိမ်မက် မက်နေသည်ဟု ထင်ပြီး မျက်လုံးများကို အလိုလျောက် ပွတ်သပ်မိသည်။

ရှမ့်လန်က စုဖေးအား ရှုပ်ထွေးသည့် ခံစားချက်များဖြင့် လှမ်းကာ ကြည့်၏။ ဤလောကကြီးက တကယ်ကို ဟာသပင်။ စုဖေးနှင့် စုနန်တို့က တစ်ချိန်က သူ၏ ရန်သူတော်များ ဖြစ်၏။ သို့သော်ငြား စုဖေးက လွန်ခဲ့သည့် နှစ်နှစ်အတွင်း နင်ယွမ်ရှန်းကို ပြုစုစောင့်ရှောက်ပေးခဲ့၏။

သူမက နင်ရှောင်နှင့် နင်ယီတို့ကို မဆန့်ကျင်ရဲသော်လည်း နင်ယွမ်ရှန်းကို ကောင်းမွန်စွာ ဂရုစိုက်ပေးခဲ့၏။ အနည်းဆုံးတော့ သပ်သပ်ရပ်ရပ်နှင့် နေနိုင်ခဲ့သေး၏။ စုနန်ကတော့ ကျင်းမင်းသားနောက်သို့ လိုက်ပြီး တိုက်ပွဲဝင်ပေးနေသည်။

“စုဖေး... ခင်ဗျား လွန်ခဲ့တဲ့ ၂ နှစ်အတွင်း အရမ်းပင်ပန်းခဲ့ပြီ။” ရှမ့်လန်က ပြော၏။

စုဖေးက ခေါင်းကို အသည်းအသန် ခါ၏။ ပြီးနောက် သူမက ငိုချလိုက်မိသည်။

နင်ယွမ်ရှန်းက ပြော၏။ “စုဖေး... ငါ ဗိုက်ဆာနေပြီ။ ချက်ပြုတ်ကြရအောင်။”

“အင်း... ကောင်းပါပြီ။ ကောင်းပါပြီ။” စုဖေးက နင်ယွမ်ရှန်းကို တစ်ချက်ကြည့်ပြီး မီးဖိုခန်းဘက်သို့ ထွက်သွားသည်။

လွန်ခဲ့သည့် ၂ နှစ်အတွင်း နင်ယွမ်ရှန်းက အရူးယောင် ဆောင်နေသည်ဟု သူမ အမြဲတမ်း သံသယ ဝင်ခဲ့၏။ သို့သော်ငြား တစ်နှစ်ကြာပြီးနောက် သူမ သံသယ မဝင်တော့ချေ။ သူမ၏ရှေ့တွင် မည်သည့် ဟာကွက်မှ မပြသခဲ့သောကြောင့်ပင်။ နင်ယွမ်ရှန်း တကယ် ရူးသွပ်သွားပြီဟု သူမ ထင်မှတ်ခဲ့၏။ သူက အမြဲတမ်း တုံးအအ ပုံစံမျိုးသာ ပြသခဲ့၏။

ရှမ့်လန်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ “လာ... ယူလာခဲ့။”

ခဏကြာမှပဲ အမျိုးသမီးစစ်သည် အနည်းငယ်တို့က ကြည်လင်တောက်ပသည့် အရာတစ်ခုကို ယူဆောင်လာ၏။ ရှမ့်လန်က တစ်လုတ်ခပ်ပြီး နင်ယွမ်ရှန်းကို ကျွေး၏။

“ဒါဘာလဲ... အေးတယ်။ အိစက်ပြီး နူးညံ့တယ်။ အရသာရှိလိုက်တာ။”

နင်ယွမ်ရှန်းက အရသာရှိသည့် အစားအစာကို ပထမဦးဆုံးအကြိမ် စားဖူးသည့် ကလေးတစ်ယောက်ကဲ့သို့ပင် ပြောသည်။

ရှမ့်လန်က ပြောလိုက်၏။ “အဖေ့အတွက် ကျုပ် စီစဉ်ထားတာလေ။ ဒါ ဂျယ်လီ လို့ ခေါ်တယ်။”

အပိုင်း (၉၈၄)

ပြီးနောက် ရှမ့်လန်က ပန်းချီကား တစ်ချောင်းကို ထုတ်ယူ၏။ နင်ယွမ်ရှန်း ရှေ့တွင် ဖြန့်ပြလိုက်၏။ ပန်းချီကားထဲမှ လူက နင်ယွမ်ရှန်းပင်။

လွန်ခဲ့သည့် ၂ နှစ်၊ ၃ နှစ်ခန့်က နင်ယွမ်ရှန်း ဖြစ်၏။ တကယ်ကို နုပျို၏။ ခန့်ညား၏။ ဟိတ်ဟန် ထုတ်ရသည်ကို ကြိုက်၏။ မျက်နှာက မသဲကွဲသော်လည်း နင်ယွမ်ရှန်း၏ စရိုက်လက္ခဏာက ပီပြင်၏။ မာန်နှင့်ဟန်တို့က စာရွက်ပေါ်တွင် ကွင်းကွင်းကွက်ကွက် ပေါ်ပေါက်နေ၏။

နင်ယွမ်ရှန်းက တစ်ချက်ကြည့်ရုံနှင့် မှတ်မိ၏။ လွန်ခဲ့သည့် ၂ နှစ်၊ ၃ နှစ်က အမှတ်တရများထဲသို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ပင်။ ဤပန်းချီကားက ရှမ့်လန် ဆွဲထားခြင်း မဟုတ်ချေ။ ကလေးလေး တစ်ယောက် ဆွဲထားခြင်း ဖြစ်၏။ အသက်ဝိညာဉ်ပါပြီး ကလေးဆန်သည့် ဆွဲဆောင်မှုမျိုး ရှိ၏။ ပန်းချီကား ပေါ်တွင် စာလုံး အနည်းငယ် ရေးထားသည်။

“ဘိုးဘိုးရှန်း…”

“ဒါမင်းရဲ့ ဘယ်ရတနာလေးလဲ။”

နင်ယွမ်ရှန်းက နှလုံးသားကို ရေအေးအေးနှင့် ဆေးကြောလိုက်ရသကဲ့သို့ပင် ခံစားလိုက်ရ၏။ သူက ဤပန်းချီကား၏ လွှမ်းမိုးမှုကို ခံလိုက်ရပြီး နှလုံးသားထဲတွင် အဆုံးမဲ့ အလှတရားများဖြင့် ပြည့်နှက်နေ၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဒါ ယောင်ယောင် ဆွဲထားတာလေ။ သူက ကျုပ်နဲ့ အဖေ့အကြောင်းကို ခဏခဏ ပြောလေ့ရှိတယ်။ ဒါကြောင့် ထျန်းရွှဲ့မြို့ကို မလာခင် သူက ဒီပန်းချီကားကို ဆွဲပြီး အဖေ့ကို ပေးခိုင်းလိုက်တာ။ သူက ကျုပ်နဲ့ ချောင်ယောင်းအာတို့ရဲ့ သမီးပဲ။ ဒါပေါ့။ သူက ချောင်ယောင်းအာ တစ်ယောက်တည်းနဲ့ တူတာ မဟုတ်ဘူး။ အတိုချုပ်ပြောရရင် သူက ဒီလောကကြီးထဲမှာ ဉာဏ်အကောင်းဆုံးနဲ့ ချစ်စရာ အကောင်းဆုံး ကလေးပဲ။ ကောင်းကင်ဘုံက ကျုပ်ကို ပေးသနားတဲ့ နတ်သမီးလေးပဲလေ။”

နင်ယွမ်ရှန်းက ပန်းချီကားကိုယူပြီး မျဉ်းကြောင်းအတိုင်း သေချာကြည့်၏။ တုန်ယင်နေသည့် လက်များဖြင့် ထိတွေ့ကြည့်၏။ ပြီးနောက် သူက ပြုံးကာ ပြော၏။ “အဲဒီ နတ်သမီးလေးကို ငါ့ကို နည်းနည်းလောက် ဝေမျှပေးလို့ ရမလား။”

“ရတယ်... အိမ်မှာ အဖေ စာသင်ပေးဖို့ စောင့်နေတဲ့ ကလေးတစ်သိုက်ကြီး ရှိသေးတယ်။” ရှမ့်လန်က ပြောလိုက်သည်။

နင်ယွမ်ရှန်းက ဂျယ်လီစားပြီး ပန်းချီကားကို ကြည့်၏။ သူ၏ ရင်ထဲတွင် ချိုမြိန်နေ၏။ ပြီးနောက် သူက လက်ဝှေ့ယမ်းပြလိုက်၏။ “ကောင်းပြီ... သွားပြီးတော့ မင်းရဲ့ ပြဇာတ်ကို ဆက်ကတော့။ မင်း ဒီအဘိုးကြီးကို စိတ်ကျေနပ်စေခဲ့ပြီ။ နောက်ထပ် မင်းရဲ့ လက်အောက်ငယ်သားတွေနဲ့ တွေ့ဖို့ အချိန်တန်နေပြီ။”

မူလက လက်အောက်ငယ်အားတွေကို နှစ်သိမ့်ပေးဖို့ အချိန်ရောက်ပြီဟု ပြောချင်ခဲ့သော်လည်း တွေ့ဖို့အချိန်တန်ပြီဟုစာ စကားလုံး ပြောင်းလိုက်၏။ အဘယ်ကြောင့်ဆိုသော် လက်အောက်ငယ်သားများက နှစ်သိမ့်ပေးရန် မလိုအပ်ချေ။ ထိုသူတို့၏ သစ္စာတရားက သဘာဝကျသည့် အရာဖြစ်ပြီး နှစ်သိမ့်မှုဟူသည့် စကားလုံးကို အသုံးပြုခြင်းက နင်ကျန်း၊ ကျန်းချုံးနှင့် တခြားသော သူများ၏ သစ္စာတရားကို ညှိုးနွမ်းစေ သောကြောင့်ပင်။

ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းပါပြီ... မိဖုရားကြီးပျံ့ကို ဒီကို ခေါ်လာဖို့ လွှတ်လိုက်ပါ့မယ်။ မိန်းမစိုးလီ... ခင်ဗျားကိုပဲ အပ်လိုက်တော့မယ်။”

သူက ဇွန်းကို လီစွမ်းအား ပေးလိုက်၏။

လီစွမ်းက ဇွန်းဖြင့် ဂျယ်လီကို နင်ယွမ်ရှန်းအား ဆက်ကျွေးသည်။

“ခွေးအိုကြီး... နည်းနည်းလောက် စားကြည့်ပါလား။ အရသာရှိတယ်။”

လီစွမ်းက ပြော၏။ “အရှင်မင်းကြီး... ဒါ အရှင်ရှမ့်လန် ကိုယ်တိုင် လုပ်ထားတာပါ။ ကျုပ်လို ခွေးတစ်ကောင် က ဒီလို အရသာရှိတဲ့ အစားအစာမျိုးကို စားဖို့ မထိုက်တန်ပါဘူး။”

နင်ယွမ်ရှန်းက အော်လိုက်သည်။ “စားစမ်းပါကွာ။ ပေါက်ကရတွေ မပြောစမ်းပါနဲ့။”

လီစွမ်းက နည်းနည်းယူပြီး ပါးစပ်ထဲ ထည့်ကြည့်၏။

နင်ယွမ်ရှန်းက လီစွမ်းကို မျှော်လင့်တကြီး ကြည့်ကာ မေးသည်။ “အရသာရှိလား။”

“အရသာရှိလိုက်တာ။ ဒီလို အရသာရှိတဲ့ အစားအစာမျိုးကို တစ်ခါမှ မစားဖူးပါဘူး။”

လီစွမ်းက မျက်လုံးကို ပြူးကာဖြင့် ပိုပိုသာသာပြော၏။ “အရှင်ရှမ့်လန်က တကယ်ကို တော်တယ်။ အရေးအကြီးဆုံးက မိဘကို ရိုသေတာပဲ။ မဟုတ်ရင် ဒီလို အရသာရှိတဲ့ အစားအစာမျိုးကို လုပ်နိုင်မှာ မဟုတ်ဘူး။ အခုကစပြီး ကောင်းမွန်တဲ့ဘဝကို ခံစားရတော့မယ်။”

နင်ယွမ်ရှန်းက တုန်ယင်နေသည့် အသံဖြင့် ပြောသည်။ “ငါတို့ အတူတူ သွားကြမယ်။ အတူတူ။”

လီစွမ်းက မျက်ရည်များ ထိန်းချုပ်ကာ ပြော၏။ “ကောင်းပါပြီ... ဒီခွေးအိုကြီးက အရှင်မင်းကြီးနဲ့အတူ ကောင်းမွန်တဲ့ ဘဝကို ခံစားပါ့မယ်”

……….

ရှမ့်လန်က နန်းတော်၏ နောက်ပေါက်တွင် ရပ်နေ၏။ သူက အသက်ကို ပြင်းပြင်းရှူ၏။ မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်၏။ ပြီးနောက် သူက ကြောက်မက်ဖွယ်ရာကောင်းသည့် တင်းမာခက်ထန်သော အသွင်အပြင်သို့ ပြန်လည်ပြောင်းလဲသွားခဲ့၏။ နန်းတော်ထဲသို့ ပြန်ဝင်လာသည်။

“ဖြောင်း... ဖြောင်း... ဖြောင်း..”

ကျူးဟုန်ကျူးနှင့် သူ့၏ သားတို့က လက်ခုပ်ကို အဆက်မပြတ် တီးနေဆဲပင်။ လက်များ ရောင်ရမ်းလုနီးပါး ဖြစ်နေ၏။ သို့ပေမည့် မတတ်နိုင်ချေ။ ရှမ့်လန်က သူတို့ကို ရပ်ဖို့ မပြောခဲ့ပေ။ အကယ်၍ ရပ်လိုက်ပါက သူတို့ ရင်းနှီးနေသည့် စကားလုံးကို ကြားရလိမ့်မည်။ ‘ခင်ဗျားရဲ့ မိသားစု တစ်ခုလုံးကို ကျုပ်သတ်ပစ်မယ်။’

နန်းတွင်း အရာရှိနှင့် အားလုံးသောသူတို့က ငုံးကောင်များကဲ့သို့ပင် တုန်နေကြ၏။ အသက်ရှူရ ခက်ခဲသလိုပင်။ ဤအချိန်မှာတော့ သူတို့ အားလုံးက သတိပြန်ဝင်လာကြ၏။ စောစောက တုန်လှုပ်မှုကြောင့် ထုံကျင်နေခြင်းက ပျောက်ကွယ်သွားခဲ့ပြီး အဆုံးမဲ့သည့် အကြောက်တရားများက သူတို့၏ နှလုံးသားထဲသို့ ဝင်ရောက်လာ၏။

ရှမ့်လန်၏ နည်းလမ်းများက တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်း၏။ ယခင်က ဘုရင်မင်းမြတ်၏ အချစ်တော် ဖြစ်စဉ်ကပင် တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းခဲ့၏။ ယခုဆိုလျှင် ပြောနေစရာပင် မလိုအပ်တော့ချေ။

ရှမ့်လန်က တခြားသော သူများကို ဂရုမစိုက်ချေ။ သူက နင်ကျန်းထံသို့ တည့်တည့်သွား၏။ သံခြေချင်းများကို ညှင်သာစွာ ဖွင့်ပေး၏။ သို့သော်ငြား ဘာစကားမှ မဆိုချေ။

ရှမ့်လန်ကို မြင်ရသည့်အခိုက်အတန့်မှာတော့ နင်ကျန်းက အလွန်ဝမ်းသာလွန်းသောကြောင့် ပေါက်ကွဲလုမတတ် ခံစားနေရ၏။ အဆုံးမဲ့ စိတ်လှုပ်ရှားမှုက မီးတောင်ကြီး ပေါက်ကွဲသကဲ့သို့ပင်။

ဤခံစားချက်က အလွန်ရင်းနှီး၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်က ကောင်းကင်ပူဇော်ပွဲ အခမ်းအနားက ကဲ့သို့ပင် ဆေးတစ်မျိုးမျိုး ထိုးသားသကဲ့သို့ တစ်ကိုယ်လုံးက ကောင်းကင်ပေါ်သို့ ပျံတက်မတတ် ခံစားရ၏။ ခန္ဓာကိုယ်ထဲမှ သွေးများက ဆူပွက်နေပြီး ဦးရေပြားများ ထုံကျင်လို့နေလေ၏။ ဤစိတ်လှုပ်ရှားမှုကြောင့် သူက ထကာ အော်ဟစ်လုနီးပါးပင်။

သို့သော်ငြား ယခု တစ်နာရီ ကြာသွားခဲ့ပြီးဖြစ်သည်။ စိတ်အစဉ်က တဖြည်းဖြည်းနှင့် ပြန်လည်ကာ တည်ငြိမ်လာခဲ့သည်။ မပေါက်ကွဲသည့် မီးတောင်တစ်ခုကဲ့သို့ပင်။ သူ၏ နှလုံးသားများက လှုပ်ရှား နေသော်လည်း မျက်နှာက တည်ငြိမ်၏။ သူ၏မျက်နှာပေါ်ရှိ ကြွက်သားများက လှုပ်ခါနေ၏။ လက်များကလည်း တုန်ယင် နေ၏။

“အစ်ကို… ခင်ဗျား ပင်ပန်းသွားခဲ့ပြီ။” ရှမ့်လန်က ပြောသည်။

သံခြေချင်းများကို ဖွင့်ပြီးသည့် နောက်မှာတော့ နင်ကျန်းက ရှမ့်လန်၏ ခြေတွင် ဒူးထောက်ပြီး ဦးတိုက်၏။

“လက်အောက်ငယ်သား နင်ကျန်း... အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး... သက်တော်ရာကျော် ရှည်ပါစေ။ အရှင်မင်းကြီး... သက်တော်ရာကျော် ရှည်ပါစေ။ အရှင်မင်းကြီး... သက်တော်ရာကျော် ရှည်ပါစေ။”

...........

ရှမ့်လန်က နင်ကျန်းကို အချိန်အတော်ကြာ စိုက်ကြည့်နေမိ၏။ နင်ကျန်း၏ ဆံပင်များက ရှုပ်ပွနေသော်လည်း များစွာ မပြောင်းလဲခဲ့ချေ။ မျက်လုံးများက လွန်ခဲ့သည့် နှစ်နှစ်ကနှင့် များစွာ မပြောင်းလဲသေးပေ။ ကြည်လင် ပြတ်သားပြီး ဆုံးဖြတ်ချက်ခိုင်မာနေဆဲ ဖြစ်၏။ အနည်းငယ် ပိုမိုကာ နက်ရှိုင်း လေးနက်လာသည်ဟုပင် ဆိုနိုင်၏။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း လူမဆန်သည့် ဆက်ဆံမှုမျိုးကို ခံခဲ့ရသော်လည်း သူ၏ စိတ်ဓာတ်ခိုင်မာမှုကို လှုပ်ခါသွားအောင် လုံးဝ မလုပ်နိုင်ခဲ့ချေ။ သူက နှစ်တစ်ရာအတွင်း အကောင်းဆုံးသော ရွှဲ့ဘုရင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

သို့သော်ငြား ရှမ့်လန်က အနေခက်နေဆဲ ဖြစ်၏။ ယခင်က သူ နင်ကျန်းကို ပံ့ပိုး ကူညီခဲ့၏။ အရာရှိနှင့် ဘုရင်ဆိုသည့် ဆက်ဆံရေးမျိုး မရှိခဲ့သော်လည်း ရှမ့်လန်က ချန်းဖန်မြို့စားအိမ်တော်၏ အိမ်တော်ထိန်း ဖြစ်ခဲ့၏။ နင်ကျန်း၏ လက်အောက်ငယ်သားဟုပင် ယူဆနိုင်လေ၏။ သို့သော်ငြား ယခု ရုတ်တရက် သူက နင်ကျန်း၏ အရှင်သခင် ဖြစ်လာခဲ့၏။

‘ကျုပ် ဘာအင်ပါယာမှ မလုပ်ချင်ပါဘူး။’

ရှမ့်လန်က ထိုသို့ ပြောလိုက်ချင်သော်လည်း ခဏလောက် စဉ်းစားပြီးနောက် လက်လျော့လိုက်လေ၏။ ဤစကားက နင်ကျန်း၏ ခံစားချက်ကို ထိခိုက်သွားနိုင်စေသောကြောင့်ပင်။ “အစ်ကိုကြီး... ခင်ဗျား ဒီလို ဆက်လုပ်နေရင် နောက်ဆို တွေ့ဖို့တောင် ခက်သွားလိမ့်မယ်။”

ရှမ့်လန်က ခါးသီးစွာ ပြုံးလိုက်မိ၏။ နင်ကျန်းက မတ်တတ်ရပ်ပြီး ဘေးဘက်ဆီသို့ အသာလှည့်ကာ ဦးညွှတ်လေ၏။ သူ၏ အမူအရာက စည်းကမ်းတကျ ရှိလှသည်။

ရှမ့်လန်က ပျံ့ရှောင်း၏ ရှေ့သို့ ရောက်သွား၏။ သူက လက်များကို ကိုင်ကြည့်ရင်း ခြေထောက်မှ အကြောများကို စစ်ဆေးကြည့်ရှုနေ၏။ ပျံ့ရှောင်းက မဟာပညာရှင်တစ်ယောက် ဖြစ်သော်လည်း ဖမ်းဆီးခံရပြီးနောက် သူ၏ အကြောများက ဖျက်ဆီးခံရ၏။ ကံကောင်းသည်က ကြာကြာမခံလိုက်ရပေ။ မဟာပညာရှင် လန်တိုကဲ့သို့ နှစ်ပေါင်းများစွာ အကြောပြတ်နေခဲ့ခြင်း မဟုတ်ပေ။

“ခင်ဗျားရဲ့ အကြောတွေကို ကျုပ်ပြန်ဆက်ပေးနိုင်တယ်။ တစ်နှစ်၊ နှစ်နှစ်လောက်ဆိုရင် သိုင်းပညာတွေ အကုန် ပြန်ကောင်းလာလိမ့်မယ်။”

ရှမ့်လန်က ပြော၏။ “ခွဲစိတ်ဖို့ အမြန်ဆုံး စီစဉ်ပေးမယ်။”

ပျံ့ရှောင်းက ဦးတိုက်သည်။ “အရှင့်ကို ကျေးဇူးတင်ပါတယ်။”

တကယ်တော့ ပျံ့ရှောင်းက မတရားခံခဲ့ရ၏။ သူနှင့် ရှမ့်လန်က မျက်နှာချင်းပင် မဆုံဖူးသလောက်ပင်။ ကျင်းချန်ကျွန်း တိုက်ပွဲတွင်သာ အဆက်အသွယ် ရှိခဲ့ဖူး၏။ ထိုအချိန်တုန်းကလည်း မင်းကြီးပျံ့ရှောင်း၏ ရာထူးက တကယ်ကို မြင့်မားပြီး ရှမ့်လန်က သမက်တော်အဆင့်သာ ရှိသေး၏။ အဆုံးတွင် သူက ရှမ့်လန်ကြောင့် ဒုက္ခရောက်ခဲ့၏။ မြင့်မားသည့် ရာထူးဂုဏ်ကို ဆုံးရှုံးခဲ့ရပြီး မိသားစုတစ်ခုလုံးလည်း အကျဉ်းချခံရ၏။

ဟုတ်ပေ၏။ ကျူးမိသားစုက သူ့ကို အခွင့်အရေး ပေးခဲ့၏။ အကယ်၍ လက်နက်ချလျှင် စစ်ရေးအာဏာ ဆုံးရှုံးမည် ဆိုသော်လည်း ဘွဲ့ထူးဂုဏ်ထူးများက ဆက်လက်ရှိနေဦးမည်။ သို့သော်ငြား ပျံ့ရှောင်းက ခေါင်းမာသူပင်။ အဘယ်သို့ လက်နက်ချမည်နည်း။ သူ၏ စစ်သည်ပေါင်း တစ်သိန်းထက်က ကျူးဟုန်ရွှဲ့၏ သွေးဝိညာဉ်တပ်ကို ရှုံးနိမ့်ပြီး ယန်ကျိုးစီရင်စုကိုပင် လက်လွှတ်ခဲ့ရသည်။

ရှမ့်လန်က ကျန်းချုံး၏ ရှေ့သို့ ရောက်လာ၏။ ပြီးနောက် ပြော၏။ “ချွင်းဟွာက နုရှောင့်မြို့မှာ ထူးချွန်တဲ့ အလုပ်တွေ လုပ်ခဲ့တယ်။ ခင်ဗျားကို ကယ်ထုတ်ပြီးရင် ကျုပ် သူနဲ့ လက်ထပ်မယ်။ ဒါပေမဲ့ အခမ်းအနား သေးသေးလေးပဲ လုပ်ဖြစ်မယ် ထင်တယ်။ ပြီးတော့ လက်ထပ်စာချုပ်မှာ ကျန်းလန် နာမည်ကိုပဲ သုံးလို့ရမယ်။”

ကျန်းချုံးက အနည်းငယ် တုန်ယင်သွား၏။ ပြီးနောက် ဒူးထောက်ကာ ဦးတိုက်လိုက်သည်။ “လက်အောက် ငယ်သားက စိုးရွံ့မိပါတယ်။ အရှင်ရဲ့ ကျေးဇူးတော်ကို တကယ်ပဲ ကျေးဇူးတင်မိပါတယ်။”

သူ တကယ်ကို စိတ်လှုပ်ရှားနေ၏။ ဘိုးဘေးများ၏ဂုဏ်ရောင်ကို ထွန်းပြောင်စေမည့် တာဝန်က သူ့သမီးပေါ်တွင် တကယ် ကျရောက်လိမ့်လိမ့်မည်ဟု မထင်ခဲ့ချေ။

ရှမ့်လန်၏ အကြည့်များက ဦးရီးတော်နင်ချီ၏ မျက်နှာပေါ်သို့ ကျရောက်၏။ နင်ချီက စိတ်ရှုပ်ထွေးသည့် အကြည့်များဖြင့် ပြန်ကြည့်နေ၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် ဦးရီးတော်နင်ချီက ရှမ့်လန်အပေါ်တွင် အမြင်မကြည်ခဲ့ဘဲ အကြိမ်ကြိမ် ပြစ်တင်ဝေဖန်ခဲ့ဖူး၏။

ထို့အပြင် သူ အကျဉ်းချခံရခြင်းက ရှမ့်လန် သို့မဟုတ် တော်ဝင်ချန်အင်ပါယာကို ထောက်ခံသောကြောင့် မဟုတ်ဘဲ နင်ယွမ်ရှန်းနှင့် နင်ကျန်းကို ထောက်ခံခဲ့သောကြောင့်ပင်။ သို့သော်ငြား သူတို့ ဘက်ရွေးရမည့် အချိန်သို့ ရောက်ရှိလာခဲ့၏။ တော်ဝင်ရန်အင်ပါယာက ရွှဲ့ပြည်နယ်အပေါ် ပြုလုပ်ခဲ့သည့် လုပ်ရပ်များက ဂုဏ်သိက္ခာ ကင်းမဲ့လွန်း၏။ အရုပ်ဆိုးလွန်းလှချေသည်။

အရှေ့ဘက်လောက တစ်ခုလုံးက ကျိမျိုးနွယ် သို့မဟုတ် ကျန်းမျိုးနွယ်အတွက်သာ ဖြစ်၏။ ယခု ဖရိုဖရဲ အခြေအနေကို ပြန်လည် တည်ငြိမ်စေခဲ့ပြီ ဖြစ်သောကြောင့် ရွှဲ့ပြည်နယ်က ကျန်းမျိုးနွယ်ကိုသာ သစ္စာစောင့်သိ ရပေတော့မည်။

“လက်အောက်ငယ်သား နင်ချီ... အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။” ဦးရီးတော် နင်ချီက ဒူးထောက်ကာ ဦးတိုက်၏။

“လက်အောက်ငယ်သား နင်ကန်... အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။” ဦးရီးတော် နင်ကန်ကလည်း ဒူးထောက်ကာ ဦးတိုက်သည်။

ပြီးနောက် ရောက်ရှိလာခဲ့သော ရာပေါင်းများစွာသော လူများက စနစ်တကျ ဒူးထောက်ပြီး ဦးတိုက်ကြ၏။ “လက်အောက်ငယ်သား... အရှင့်ကို ဂါရဝပြုပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

ဤလူများက ရှမ့်လန်၏ လက်ကျန်အင်အားစုများဟု လူသိများသော်လည်း သူတို့ထဲမှ အများစုက ရှမ့်လန်ကို တစ်ခါမှ မထောက်ခံခဲ့ဖူးချေ။ သူတို့က နင်ယွမ်ရှန်းနှင့် နင်ကျန်းကိုသာ ထောက်ခံခဲ့၏။

ခဏကြာမှပင် လူတစ်ထောင်ကျော်တို့က ဒူးထောက်ပြီး ဦးတိုက်ကြသည်။ “လက်အောက်ငယ်သားတို့ အရှင့်ကို ဂါရဝပြုပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

“အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

နန်းတွင်းတစ်ခုလုံးက ရှင်းလင်းစွာ ကွဲပြားသွား၏။ ကျန်းမင်းဆက်ကို ထောက်ခံသူများက သပ်သပ်ရပ်ရပ် ဒူးထောက်နေကြပြီး တော်ဝင်ရန်အင်ပါယာကို ထောက်ခံသူများက မတ်တတ်ရပ်နေ၏။ အနည်းဆုံး ဤအချိန်မှာတော့ မည်သူမှ တွက်ချက်မနေကြတော့ချေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်းက အသက်ကိုရင်းပြီး ဘက်ရွေးနေရသောကြောင့်ပင်။

ရှမ့်လန်က ထျန်းရွှဲ့ပြည်နယ်၏ အဆုံးအဖြတ် တိုက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ကောင်းကင်ပင်လယ် နန်းဆောင်က ရွှဲ့ပြည်နယ်၏ နယ်နိမိတ်အတွင်း၌ ရှိနေသေး၏။ သူတို့၏ အင်အားက မထိခိုက်သေးပေ။ တော်ဝင်ရန်အင်ပါယာ အထွတ်အထိပ်သို့ ရောက်နေသည်က ပြောနေစရာပင် မလိုအပ်ချေ။ မျှော်လင့်ချက် မဲ့လောက်အောင်ပင် စွမ်းအားကြီးမား၏။

ထို့ကြောင့် ယနေ့ ရှမ့်လန်၏ ရှေ့တွင် ဒူးထောက်ပြီး သစ္စာဆိုသူများက မနက်ဖြန်တွင် တော်ဝင်ရန် အင်ပါယာ၏ ဓားအောက်၌ သရဲတစ္ဆေများ ဖြစ်သွားနိုင်သေးသည်။

...........

ရှမ့်လန်က လှေကားထစ် ထိပ်ဆုံးသို့ ဖြည်းညင်းစွာ သွား၏။ သူ သွားလေရာတွင် မဟာပညာရှင် ခြောက်ယောက်ကျော်တို့က ထပ်ကြပ်မကွာ လိုက်ပါနေ၏။ သူက တွေဝေနေပုံရသည့် နင်ချီကို ကြည့်၏။ အစကတည်းက နင်ချီက ရှမ့်လန်ကို သစ္စာမဆိုခဲ့ဖူးချေ။ သူက တော်ဝင်ရန်အင်ပါယာကို တော်လှန်ရန် သတ္တိ မရှိခဲ့ချေ။ သူက မိမိ၏ အောက်ဆုံးစည်းမျဉ်းကိုသာ ဖက်တွယ်ထားခဲ့ပြီး နင်ယွမ်ရှန်းနှင့် နင်ကျန်းကို ကိုယ်တိုင် မသတ်လိုခဲ့ခြင်းသာ ဖြစ်၏။

သူ၏အမြင်အရ ပြောရမည်ဆိုလျှင် ရှမ့်လန်ဘက်တွင် ရပ်တည်ရန် ဆန္ဒ မရှိသေးချေ။ အဘယ်ကြောင့်ဆိုသော် တော်ဝင်ရန်အင်ပါယာနှင့် ကောင်းကင်ပင်လယ်နန်းဆောင်တို့က အလွန့်ကို စွမ်းအား ကြီးမားသောကြောင့်ပင်။ ရှမ့်လန်၏ ဘေးတွင် ရပ်တည်ခြင်းက အနာဂတ်တွင် ကပ်ဘေးကြီးတစ်ခု ဖြစ်နိုင်၏။ သို့သော်ငြား ဤလောကကြီးတွင် ရွေးချယ်စရာ မရှိသည့် အချိန်များစွာ ရှိသည်။

နင်ကျန်းကို သတ်ရန် ငြင်းဆန်လိုက်သည့် အချိန်တွင် သူက ဘက်ရွေးပြီးသား ဖြစ်သွား၏။ တစ်ခါတစ်ရံတွင် မီးခိုးရောင် နယ်မြေမျိုး ရှိသော်လည်း တစ်ခါတစ်ရံတွင် အဖြူနှင့် အမဲသာ ရှိ၏။ အရှေ့ဘက်လောကကြီးတွင် ကျန်းမင်းဆက်ဘက်၌ ရပ်တည်မည်လား၊ ကျိမင်းဆက်ဘက်၌ ရပ်တည်မည်လား ဆိုသည်ကို သူ မဖြစ်မနေ ရွေးချယ်ရပေမည်။

စိတ်ခံစားချက်များအရ နင်ချီက ကျန်းမင်းဆက်ကို လိုလား၏။ ကျိမင်းဆက်၏ လုပ်ရပ်များက တကယ်ကို ရွံရှာစက်ဆုပ်ဖွယ် ကောင်းလှ၏။ သို့သော်ငြား ယုတ္တိဗေဒအရ ကျန်းမင်းဆက်ဘက်တွင် ရပ်တည်ခြင်းက မျိုးဖြုတ်ခံရခြင်းဆီသို့ ဦးတည်သွားနိုင်၏။ သို့သော်ငြား ယခု နင်ချီတွင် ရွေးချယ်စရာ လမ်းမရှိတော့ချေ။ အလယ်တွင် ရပ်တည်၍ မရတော့ချေ။

သက်ပြင်းရှည်ကြီးကို ချပြီးသည့်နောက် နင်ချီက ရှမ့်လန်၏ ရှေ့တွင် ဒူးထောက်ကာဖြင့် ဦးတိုက်၏။ “လက်အောက်ငယ်သား နင်ချီ... အရှင့်ကို ဂါရဝပြုပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

All Chapters