← Chapters

အခန်း (၉၈၅-၉၈၆)

Vol. 59 Ch. 985-986

အခန်း (၉၈၅-၉၈၆)

Vol. 59 Ch. 985-986

အပိုင်း (၉၈၅)

ရှမ့်လန်က ပြောလိုက်သည်။ “တတိယအစ်ကို... ခင်ဗျားက တစ်ချိန်တုန်းက အရမ်းကို ထူးချွန်တဲ့ လူတစ်ယောက်ပဲ။ ခင်ဗျားမှာ အထက်မြက်ဆုံးအမြင်နဲ့ အပြတ်သားဆုံး၊ အရက်စက်ဆုံး နည်းလမ်းတွေ၊ နိုင်ငံရေး အတတ်ပညာတွေ ရှိခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်နှစ်အတွင်းမှာ ခင်ဗျား လမ်းပျောက်သွားခဲ့ပြီ။ ဒါပေမဲ့ ခင်ဗျား လမ်းကြောင်းမှန်ကို ပြန်ရှာတွေ့ပြီ။ အရင်တုန်းက ခင်ဗျားကို ပြန်ရှာတွေ့လိမ့်မယ်လို့ မျှော်လင့်မိတယ်။”

နင်ချီက ဦးတိုက်လိုက်၏။ “လက်အောက်ငယ်သားက ရှက်ရွံ့မိပါတယ်။ အရှင့်ရဲ့ မျှော်လင့်ချက်နဲ့ ထိုက်တန်အောင် ကြိုးစားပါ့မယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “တတိယအစ်ကို... ရွှဲ့ပြည်နယ်ရဲ့ ပြိုင်ဘက်ကင်း စစ်သူကြီး ဖြစ်လာဖို့ ကျုပ် တကယ် မျှော်လင့်မိတယ်။”

နင်ချီက မြေကြီးပေါ်တွင် ဦးတိုက်လျက် မလှုပ်မယှက် ရှိနေ၏။

..............

နောက်တစ်ယောက် ...

ရှမ့်လန်က နင်ယီကို ကြည့်၏။ နင်ယီက ချက်ချင်း ဒူးထောက်ပြီး ဆက်လက် ဦးတိုက်နေ၏။ “လက်အောက်ငယ်သားက အရှင့်ကို ဂါရဝပြုပါတယ်။ အရှင် သက်တော် ရာကျော် ရှည်ပါစေ။”

နင်ယီက နင်ယီပင်။ တကယ်တော့ သူက ရွှဲ့ပြည်နယ် အိမ်ရှေ့မင်းသား ဖြစ်စဉ်က ဤသို့ ပုံစံမျိုး မဟုတ်ခဲ့ချေ။ သူက ကျက်သရေ ရှိ၏။ သာလွန်၏။ မာန်မာန ရှိ၏။ ထို့အပြင် နိုင်ငံရေးတွင်လည်း မညံ့ဖျင်းပေ။ အတိုင်းအတာတစ်ခုထိ ပြောရမည်ဆိုလျှင် နင်ယွမ်ရှန်း၏ သားများထဲတွင် မည်သူမှ လူအ မဟုတ်ကြပေ။ နင်ချီနှင့် နင်ကျန်းသာ ထူးချွန်သည်ဟု ဆိုနိုင်၏။ သို့သော်ငြား နင်ကျန့်၊ နင်ကျင်း၊ နင်ယီနှင့် နင်ရှောင်တို့ကလည်း ထူးချွန်သည့် အရည်အချင်းရှိသူများပင်။

နင်ယီ ကျဆုံးရခြင်းက ကျူးမိသားစုကြောင့် ဖြစ်၏။ ကာလရှည်ကြာ နင်ယီက ကျူးမိသားစု မွေးထားသည့် အိမ်မွေးတိရစ္ဆာန် တစ်ကောင်နှင့် ပိုတူခဲ့၏။ သူက မည်သည့်အခက်အခဲကိုမှ မကြုံခဲ့ရပေ။ သို့နှင့် တောင်ပိုင်းနိုင်ငံ၏ ဆိုးရွားသည့် စစ်မြေပြင်သို့ တိုက်ရိုက် ပစ်ချခြင်းကို ခံရ၏။ သူရဲဘောကြောင်သည့် နင်ယီက ဒူးထောက်လိုက်သည်နှင့် သူ၏ စိတ်ဓာတ်နှင့် ကျောရိုးတို့က လုံးဝ ကျိုးပဲ့သွားခဲ့၏။ သူက ပြန်မထနိုင်တော့ဘဲ ဆက်လက် ကျဆုံးရုံသာ ရှိတော့သည်။

ကာလ ကြာရှည်စွာပင် နင်ယီက ရှမ့်လန်၏ အကြီးဆုံးသော ရန်သူများထဲမှ တစ်ယောက် ဖြစ်၏။ သို့သော်ငြား သူတို့နှစ်ဦး မျက်နှာချင်းဆိုင် တွေ့ခြင်းက ရှားပါးလွန်း၏။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က နင်ယီက မြင့်မြတ်သည့် ရွှဲ့ပြည်နယ်၏ အိမ်ရှေ့စံမင်းသား ဖြစ်ပြီး ရှမ့်လန်ကို အလေးအနက် မထားခဲ့သောကြောင့်ပင်။ သူ ရှမ့်လန်ကို အလေးအနက်ထားချိန်မှာတော့ ရှမ့်လန်၏ ရိုက်နှက်ခြင်းကို ခံရပြီး သေလုနီပါး ဖြစ်ခဲ့ရ၏။

နင်ယီက ခွင့်မလွှတ်နိုင်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့၏။ ဥပမာအားဖြင့် သူက ကျင်းမူလန်ကို အချိန်အကြာဆုံး လိုချင်ခဲ့သူဖြစ်၏။ သူက နင်ယွမ်ရှန်းနှင့် နင်ကျန်းတို့ကို နှိပ်စက်ခဲ့၏။ သို့သော်ငြား တိရစ္ဆာန်များတွင်လည်း အဆင့်အတန်း ကွဲပြား၏။ နင်ရှောင်က နင်ယွမ်ရှန်းကို သတ်ချင်သော အချိန်မျိုးတွင် နင်ယီက ကြောင်အမ်းသွားပြီး မလုပ်ချင်ခဲ့ချေ။

ရှမ့်လန်က နင်ယီကို ကြည့်ပြီး အချိန်တန်ကြာ စကားမပြောနိုင်ဘဲ ဖြစ်နေမိသည်။

နင်ယီက တစ်ကိုယ်လုံး တုန်ယင်နေမိ၏။ သူက ဆက်တိုက် ဦးတိုက်ပြီး ငိုကြွေးနေမိ၏။ “အရှင်.. အရှင် အသက်ရှည်ပါစေ။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။ အရှင်ရှမ့်လန်... ကျုပ်မှားသွားပါတယ်။ ကျုပ် မှားသွားပါတယ်။ ကျေးဇူးပြုပြီး ကျုပ်ကို မသတ်ပါနဲ့။ ကျုပ်ကို မသတ်ပါနဲ့။ ကျုပ်မသေချင်ပါဘူး။”

အစပိုင်းတွင် သူက အနည်းငယ်သာ ငိုကြွေးသော်လည်း နောက်ပိုင်းမှာတော့ အော်ကြီးဟစ်ကျယ်နှင့် ငိုယိုနေ၏။ မြေပြင်ပေါ်သို့ပင် လဲကျသွားခဲ့သည်။

နင်ယီကို ကြည့်ပြီးနောက် ရှမ့်လန်က တကယ့်ကို အကြပ်ရိုက်နေ၏။ နင်ကျန်းကို နင်ယီ၏ ကိစ္စဖြေရှင်းခိုင်းချင်၏။ အဘယ်ကြောင့်ဆိုသော် နင်ကျန်းက ရွှဲ့ဘုရင် ဖြစ်သောကြောင့်ပင်။ သို့သော်ငြား စဉ်းစားပြီးနောက် သူ ထိုသို့ မလုပ်နိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ နင်ယီက နင်ကျန်း၏ အစ်ကိုဖြစ်ပြီး နင်ယွမ်ရှန်း၏ သားပင်။ နင်ကျန်းကို သူ့အစ်ကိုကို သတ်ခိုင်းရမည်လား။ နင်ယွမ်ရှန်းအား သူ့သားကို သတ်ခိုင်းရမည်လား။ နင်ကျန်း မလုပ်နိုင်သလို နင်ယွမ်ရှန်းလည်း လုပ်နိုင်မည်မထင်ပေ။ ထို့ကြောင့် သူ လုပ်ရပေမည်။

နင်ယီက နင်ကျန်းကို နှိပ်စက်ခဲ့၏။ အတိုင်းအတာ တစ်ခုထိ သေဒဏ် မထိုက်တန်ပေ။ သို့သော်ငြား သားတစ်ယောက်အနေဖြင့် ဖခင် နင်ယွမ်ရှန်းကို နှိပ်စက်ခဲ့သောကြောင့် သေကို သေရပေမည်။

မကြာခင် ရှမ့်လန်က ဆုံးဖြတ်ချက် ချလိုက်၏။ အမည်ခံအားဖြင့် နင်ယီကို အရှေ့ဘက် ကျွန်းတစ်ခုဆီသို့ ပြည်နှင်ဒဏ် ပေးလိုက်မည်။ ပြီးနောက် ထိုကျွန်းပေါ်တွင် တိတ်တဆိတ် ကွပ်မျက်ပြီး အရိုးများကို ကျွန်းအပြင်ဘက်တွင် မြှုပ်နှံလိုက်မည်။

ရှမ့်လန်က ပြော၏။ “နင်ယီက သစ္စာမရှိဘူး။ မိဘကို မရိုသေဘူး။ မိုင်ထောင်ချီ ဝေးတဲ့နေရာကို ပြည်နှင်ဒဏ် ပေးလိုက်မယ်။ ရွှဲ့ပြည်နယ်ကို ဘယ်တော့မှ ပြန်မလာရဘူး။”

ထိုအရာကို ကြားတော့ နင်ယီက အစွမ်းကုန် ဦးတိုက၏။ ပြီးနောက် ငိုကြွေးသည်။ “ကျေးဇူးတင်ပါတယ် အရှင် ... ။ ကျေးဇူးတင်ပါတယ် အရှင် .....။”

………….

ရှမ့်လန်၏ အကြည့်က မင်းသမီးနင်လော့၏ မျက်နှာပေါ်သို့ ကျရောက်သွား၏။ သူက သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သူနှင့် မင်းသမီးနင်လော့တို့က အကောင်းဆုံး မဟာမိတ်များ ဖြစ်လာနိုင်ခဲ့၏။ သူက မင်းသမီးနင်လော့၏ အသက်ကိုပင် ကယ်တင်ဖူးခဲ့၏။

သို့သော်ငြား ကျင်းမင်းသား၏ မိန်းမက နင်လော့၏မျက်နှာကို ဖျက်ဆီးခဲ့လိုက်သောကြောင့် နင်လော့၏ စိတ်နှလုံးတစ်ခုလုံးက ပျက်စီးသွားခဲ့၏။ သူမက ကျင်းမင်းသားနှင့် ရှမ့်လန် အပါအဝင် အရာအားလုံးကို မုန်းတီးခဲ့၏။ တကယ်တော့ သူမက မကောင်းမှု များများစားစားကို မလုပ်ခဲ့ချေ။ အနည်းဆုံး သူမက နင်ကျန်း သို့မဟုတ် နင်ယွမ်ရှန်းကို မနှိပ်စက်ခဲ့ချေ။

သို့သော်ငြား လွန်ခဲ့သည့် လအနည်းငယ်က သူမသည် လူငါးရာကျော်ကို သတ်ဖြတ်ခဲ့၏။ ဤလူငါးရာက ရှမ့်လန်၏ လက်ကျန်အင်အားစုများ ဖြစ်သည်ဟုလည်း ဆိုကြသော်လည်း ထိုသူတို့က အပြစ်ကင်းစင်ကြသူ များပင်။

ထိုသူတို့ကို မသတ်ရန် ရှမ့်လန်က ကျူးကလန်နှင့် ညှိနှိုင်းပြီးသားပင်။ သို့သော်ငြား အရူးကောင် နင်ရှောင်က သိက္ခာမကျလိုသောကြောင့် မိနစ်အနည်းငယ် ကြန့်ကြာပြီးမှ အမိန့်တော်ကို ပယ်ဖျက်ပေး၏။ ထို့ကြောင့်ပင်လျှင် ရှမ့်လန်က မိန်းမစိုးနန်ကို မသတ်ခင် အနှေးပြကွက်များဖြင့် ၄ နာရီ တိတိ လမ်းလျှောက်ခဲ့သေး၏။ မမြန်ရသလို၊ နှေး၍လည်းမရပေ။ နည်းနည်းလေး မြန်သည်နှင့် နောက်မှ ဓားဖြင့် ခုတ်စေခဲ့သည်။ မိန်းမစိုးနန်က မသေခင် တော်တော်ကြီး ခံစားသွားခဲ့ရသည်။

မင်းသမီးနင်လော့၏ စိတ်နှလုံးက ပျက်စီးနေသောကြောင့် သူမ၏ ဖျက်ဆီးလိုစိတ်ကို ဖြည့်ဆည်းရန် လူသတ်ဖို့ မစောင့်နိုင်သလို ဖြစ်နေ၏။ ထို့ကြောင့် သူမက သေချာပေါက် သေရပေလိမ့်မည်။

“ရှမ့်လန်... ငါ့ကို သတ်ချင်သတ်၊ နှိပ်စက်ချင်နှိပ်စက်... မင်းသဘောပဲ။” မင်းသမီးနင်လော့က မလှုပ်မယှက် ရပ်နေ၏။ ရှမ့်လန်ကို ရိုင်းစိုင်းစွာ ကြည့်ကာဖြင့် အေးစက်စက် ရယ်မောကာ စိန်ခေါ်စကားဆို၏။

“ဖမ်းလိုက်တော့။”

ရှမ့်လန်၏ အမိန့်နှင့်အတူပဲ အမေဇုန် အမျိုးသမီး စစ်သည်တော်များက ရှေ့ကို ထွက်၏။ သူမက မင်းသမီးနင်လော့ကို သံခြေချင်းခတ်ပြီး နန်းတော်မှ ခေါ်ထုတ်သွားသည်။

နင်ယွမ်ရှန်း ထွက်သွားသည်က ထိုမြင်ကွင်းကို မမြင်လိုသောကြောင့်ပင်။ တချို့သော ကိစ္စများက ဖြစ်ပျက်ရမည် ဖြစ်သော်လည်း အနည်းဆုံး မမြင်ရလျှင် အကောင်းဆုံးပင်။

………..

ရှမ့်လန်၏ အကြည့်များက ရွှဲ့ဘုရင် နင်ရှောင်၏ အပေါ်သို့ ကျရောက်သွား၏။ နောက်ဆုံးတော့ သူ့အလှည့်သို့ ရောက်လာခဲ့၏။ ရိုးရိုးသားသား ပြောရမည်ဆိုလျှင် ရှမ့်လန်က ထိုကဲ့သို့သော လူမျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးချေ။

ခန္ဓာကိုယ် တစ်ခုလုံး တကယ့်ကို စိတ်ထားပျက်ယွင်းပြီး ရူးသွပ်နေ၏။ ဉာဏ်ကောင်းသည်ဟု ပြောလျှင် အလွန်ဉာဏ်ကောင်း၏။ တကယ်၍ တုံးအသည်ဟု ပြောလျှင် လုံးဝကို ဇောက်ထိုးမိုးမျှော် တုံးအသူပင်။ သို့သော်ငြား သံသယဖြစ်ဖွယ် မရှိသည့်အရာမှာတော့ သူက လောကပေါ်တွင် အတ္တအဆန်ဆုံး၊ တစ်ကိုယ်ကောင်း အဆန်ဆုံးနှင့် လောဘအကြီးဆုံး လူသားပင်။

သူက လောကပေါ်ရှိ မည်သူ့ထက်မဆို ပို၍ ရက်စက်၏။ မိဘ၊ မိန်းမ၊ သားသမီးများကိုပင် ဂရုမစိုက်ချေ။ လုပ်သမျှအရာအားလုံးက သူ၏ စိတ်ကျေနပ်မှု အတွက်သာ ဖြစ်၏။ သူက ဖခင်ဖြစ်သူ နင်ယွမ်ရှန်းကို သတ်ဖြတ်ရန်ပင် စိတ်ထဲ၌ ဖိအားဟူ၍ မရှိချေ။ ညီဖြစ်သူ နင်ကျန်းအား သတ်ဖြတ်ရန်လည်း ဝန်မလေးခဲ့ချေ။

နင်ရှောင် ဘုရင်လုပ်ခဲ့သည့် နှစ်နှစ်အတွင်း အပြစ်မဲ့ မိန်းကလေး မြောက်မြားစွာတို့က သူ၏ ခြံဝင်းအပြင်တွင် မြှုပ်နှံခြင်းကို ခံခဲ့ရ၏။ သူက လူဆိုးတစ်ယောက် ဖြစ်၏။ ခေါင်းအစ၊ခြေအဆုံး လူဆိုးတစ်ယောက် ဖြစ်၏။ သူက ပြည်တည်နာ တစ်ခုကဲ့သို့ပင်။ လူသားဖြစ်ရန်လည်း မထိုက်တန်ပေ။ တိရစ္ဆာန်ထက်ပင် ဆိုးဝါးသေး၏။

ရှမ့်လန်က နင်ရှောင်ကို ပြုံးပြ၏။ ရွှဲ့ဘုရင် နင်ရှောင်က ပြုံးကာဖြင့် လက်မထောင်ပြလေ၏။ “ရှမ့်လန်... မင်း တကယ်တော်တယ်။ ကျူးဟုန်ရွှဲ့ရဲ့ သွေးဝိညာဉ်တပ်ကိုတောင် မင်းလက်ချက်နဲ့ ပျက်စီးသွားခဲ့တယ်။ မင်းတော်တယ်။ ငါ လုံးဝ မထင်ထားခဲ့မိဘူး။ ကောင်းတယ်။ ကောင်းတယ်။”

နင်ရှောင်က ပြောသည်။ “လောင်းကြေးရှုံးရင်တော့ နားလည်ပါတယ်။ လုံးဝ နားလည်တယ်။”

ပြီးနောက် သူက ခေါင်းပေါ်မှ သရဖူကို ချွတ်၏။ ဘုရင်ဝတ်ရုံသစ်ကို ချွတ်၏။ “ရွှဲ့ပြည်နယ်ရဲ့ ထီးနန်းက အရင်တုန်းက နင်ကျန်းပိုင်တာပဲ။ အခု သူ့ဆီ ပြန်ပေးလိုက်ပြီ။”

“မင်းရဲ့ ရွှဲ့ဘုရင်ဘွဲ့က တရားမဝင်ဘူး။ အရာမဝင်ဘူး။”

ပြီးနောက် ရှမ့်လန်က ပြောလိုက်သည်။ “လာကြ... ယူခဲ့ကြ။”

စစ်သည်တော် အနည်းငယ်က ရှေ့ဆီသို့ ထွက်ပြီး ဘုရင်ဝတ်ရုံ အသစ်နှင့် သရဖူကို ယူလာခဲ့၏။

“ရွှဲ့ဘုရင်ဆီကို သွား...”

ရှမ့်လန်က ပြောလိုက်၏။ “မင်းကြီး ပျံ့ရှောင်း... ဒီတာဝန်ကို ခင်ဗျားကို ပေးလိုက်မယ်။”

“ကောင်းပါပြီ အရှင်မင်းကြီး။” မင်းကြီး ပျံ့ရှောင်းက ရှေ့ကို ထွက်၏။ တုန်ယင်နေသည့် လက်များကို ထိန်းချုပ်၏။ သူ၏ အကြောများက ပြတ်တောက်နေ၏။ သူက ရေမိုးချိုး၊ အဝတ်အစားလဲရန် လိုအပ်သော်လည်း ဂရုမစိုက်တော့ပေ။

လီအန်းက မိန်းမစိုး အနည်းငယ်ကို ခေါ်ဆောင်လာခဲ့ပြီး နင်ကျန်း၏ ဆံပင်များကို လျှော်ပေး၏။ ပြီးနောက် ဘုရင်ဝတ်ရုံသစ်ကို လဲပေး၏။ ပြီးနောက် နင်ကျန်းက လှေကားထစ်တွင် ဒူးထောက်နေ၏။ မင်းကြီး ပျံ့ရှောင်း က သရဖူကို ယူပြီး နင်ကျန်း ခေါင်းကို ဆောင်းပေး၏။ ဤသည်က အရိုးရှင်းဆုံး ဘိသိက်မြှောက်ခြင်း အခမ်းအနား ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း အခမ်းနားဆုံးလည်း ဖြစ်၏။

ယခုအချိန်မှစ၍ ရွှဲ့ဘုရင်ကို တော်ဝင်ချန်အင်ပါယာက ဘိသိက်မြှောက်ပြီး ရွှဲ့ပြည်နယ်က တော်ဝင်ချန်အင်ပါယာ ၏ သစ္စာကို စောင့်သိမည်ဟု ဆိုလိုခြင်းပင်။

“အားလုံးပဲ... ရွှဲ့ဘုရင်ကို ဂါရဝပြုကြ။” ရှမ့်လန်က ဖြည်းညင်းစွာ ပြော၏။

ချက်ချင်းပင် လူထောင်ပေါင်းများစွာတို့က ဒူးထောက်ပြီး ဦးတိုက်ကြသည်။ “အရှင်မင်းကြီးကို ဂါရဝပြု ပါတယ်။”

နှစ်နှစ်ခွဲ ကြာမြင့်ပြီးနောက် ရွှဲ့ပြည်နယ်၏ ထီးနန်းက နင်ကျန်းထံသို့ ပြန်လည်ရောက်ရှိလာသည်။

နင်ကျန်းက မထိုင်ဘဲ ပြော၏။ “လောကတစ်ခုလုံးကို ကြေညာလိုက်။ အခုကစပြီး ရွှဲ့ပြည်နယ်က တော်ဝင်ရန်အင်ပါယာ ကို သစ္စာမစောင့်သိဘူး။ အရှင်ရှမ့်လန်ကိုပဲ သစ္စာစောင့်သိမယ်။”

အရာရှိအားလုံးက ရှေ့သို့ ထွက်ပြီးတော့ ဦးတိုက်ကြသည်။ “ကောင်းပါပြီ အရှင်မင်းကြီး။”

နင်ကျန်းက ဆက်ပြော၏။ “ဝန်ကြီးကောင်စီကို ပြန်သိမ်းလိုက်။ နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြန်လည် ဖွဲ့စည်းဖို့၊ ကျူးဟုန်ကျူးကို ရာထူးအားလုံးမှ ဖယ်ရှားဖို့ ကြေညာလိုက်တယ်။ နင်ကန်ကို ပထမ နိုင်ငံခြားရေးဝန်ကြီး၊ ကျန်းချုံးကို ဒုတိယ နိုင်ငံခြားရေးဝန်ကြီး၊ ဝမ်ချန်ချောင်ကို တတိယ နိုင်ငံခြားရေး ဝန်ကြီးဖြင့် ခန့်အပ်တယ်။”

အရာရှိ သုံးဦးလုံးက ရှေ့ကို ထွက်လာကာ ဦးတိုက်ကြသည်။ “ကောင်းပါပြီ အရှင်မင်းကြီး။”

နင်ကျန်းက ပြော၏။ “နင်ယီ၊ ကျူးကျွင်းနဲ့ ကျန်ကျောင်း တို့ကို ရာထူးတွေကနေ ဖယ်ရှားလိုက်တယ်။ မင်းကြီး ပျံ့ရှောင်းကို သံတမန်ချုပ်၊ နန်းတွင်းဦးရီးတော် နင်ချီကို ဒုတိယ သံတမန်၊ မြို့စား နင်ချီကို တတိယ သံတမန်ဖြင့် ခန့်အပ်လိုက်တယ်။”

သူတို့ သုံးဦးလုံးက ရှေ့သို့ ထွက်၍ ဦးတိုက်သည်။ “ကောင်းပါပြီ အရှင်မင်းကြီး။”

ကျုံးယောင်နှင့် ကျုံးအီတို့က ရှမ့်လန်ထံတွင် လက်နက်ချခဲ့သော်လည်း သူတို့က ရွှဲ့ပြည်နယ်၏ အရာရှိများ ဖြစ်နေဆဲပင်။ ထို့အပြင် သူတို့က မည်သည့်ကောင်းမှုမှ မလုပ်ခဲ့သောကြောင့် ရာထူးကြီးများ မရနိုင်ချေ။ တကယ်တော့ နင်ချီပင်လျှင် တတိယသံတမန် မဖြစ်သင့်ချေ။ အဘယ်ကြောင့်ဆိုသော် သူက မည်သည့်ကောင်းမှုကို မှ မလုပ်ခဲ့သောကြောင့်ပင်။

သူက သေစေနိုင်သည့် အမှားများကို မလုပ်ခဲ့သော်လည်း သူ၏ ရပ်တည်ချက်က လုံလောက်အောင် ရှင်းလင်းပြတ်သားခဲ့ခြင်း မရှိချေ။ လွန်ခဲ့သည့် နှစ်နှစ်ခန့်က သူက ခဏတာ ရွှဲ့ဘုရင် ဖြစ်ခဲ့၏။ အရေးကြီးသော အခြေအနေမျိုးတွင် နင်ယွမ်ရှန်းနှင့် နင်ကျန်းကို တိုက်ခိုက်ရမည်အစား ထီးနန်းကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့၏။

ဤနှစ်နှစ်အတွင်း သူက ရှမ့်လန်၏ လက်ကျန်အင်အားစုများကို ခေါ်ဆိုသည့်သူများကို ကာကွယ်ရန် ကြိုးစားခဲ့၏။ အရေးကြီးဆုံးက ရှမ့်လန်နှင့် နင်ကျန်းတို့ နှစ်ယောက်လုံးက နင်ချီ၏ ယခင်က ထက်မြက်မှုများကို ပြန်လည် ရရှိစေလိုသောကြောင့်ပင်။

“နင်ကျင်း... နင်ကျန့်...” နင်ကျန်း ခေါ်လိုက်သည့်အချိန်မှာတော့ စတုတ္ထမင်းသား နင်ကျန်းနှင့် ဆဋ္ဌမမင်းသား နင်ကျန့်တို့က ရှေ့ဆီသို့ ထွက်လာ၏။ သူတို့နှစ်ယောက်လုံးက ယခင်က အိမ်ရှေ့စံမင်းသား၏ ဘက်တော်သားများ ဖြစ်ကြ၏။ အထူးသဖြင့် နင်ကျင်းသည် လူရွှင်တော်တစ်ယောက်ကဲ့သို့ပင် စုကလန် အာဏာရှိစဉ်က အစွယ်ကို ထုတ်ပြီး လက်သည်းများကို ဝှေ့ယမ်းပြခဲ့၏။

စုကလန် ကျဆုံးပြီးနောက် အထိတ်တလန့်ဖြင့် အိမ်ရှေ့စံမင်းသားကို မျက်နှာလို မျက်နှာရ လုပ်ရန် ကြိုးစား၏။ အိမ်ရှေ့စံမင်းသား ပြီးဆုံးသွားသည့် အချိန်မျိုးတွင် သူက တတိယမင်းသား နင်ချီကို မျက်နှာလို မျက်နှာရ လုပ်ရန် ခုန်ပေါက်နေခဲ့သည်။

သို့သော်ငြား ရှမ့်လန်၏ ဝိသေသလက္ခဏာ ပေါ်ပေါက်လာခဲ့ပြီးနောက် ရွှဲ့ပြည်နယ်၏ နန်းတွင်းက အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။ သူတို့နှစ်ဦးက မကြုံစဖူး တုန်လှုပ်နေ၏။ ဆက်လက်လှုပ်ရှားခြင်း မပြုတော့ဘဲ လုံးဝကို ပုန်းအောင်းနေ၏။ နင်ရှောင် ထီးနန်းဆက်ခံပြီးနောက် သူတို့ကို ထွက်လာပြီး အမှုထမ်းရန် ပြောခဲ့သော်လည်း နှစ်ယောက်စလုံးက နောက်ဆုတ်လို့နေပြီး အာဏာရှင်ကို မကူညီခဲ့ကြချေ။

မှန်ပေ၏။ သူတို့ ဤသို့လုပ်ခြင်းက ရှမ့်လန်ကို သစ္စာစောင့်သိ၍ မဟုတ်ချေ။ သူတို့နှစ်ဦးက ရှမ့်လန်ကို ဘယ်တုန်းကမှ အမြင်ကြည်ခဲ့ခြင်း မရှိချေ။ သို့သော်လည်း အရေးကြီးသည့် အချိန်တွေမျိုးတွင် သူတို့က အောက်ခြေစည်းမျဉ်းကို ထိန်းသိမ်းထားခဲ့ကြပြီး အာဏာအတွက် တိရစ္ဆာန်ဆန်သည့် လုပ်ရပ်များကို မလုပ်လိုကြပေ။

နင်ကျန်းက ပြော၏။ “မိသားစုနဲ့ နိုင်ငံ၊ ငါတို့ နင်ကလန်က ရွဲ့နိုင်ငံနဲ့ ခွဲလို့ မရဘူး။ ဒါပေမဲ့ ရွှဲ့ပြည်နယ်က ပျက်စီးနေပြီ။ နင်ကလန်ရဲ့ သားသမီးတွေ အနေနဲ့ ထိုက်သင့်တဲ့ တာဝန်ကို မျှပြီး ထမ်းဆောင်ရမယ်။ နိုင်ငံရဲ့ ပူပန်မှုကို မျှဝေခံစားဖို့ နိုင်ငံ့တာဝန်တွေကို စတင်လေ့လာပြီး တော်ဝင်ချန်အင်ပါယာကို သစ္စာစောင့်သိ ရမယ်။”

“ကောင်းပါပြီ အရှင်မင်းကြီး။”

“ကောင်းပါပြီ အရှင်မင်းကြီး။”

နင်ကျန်းက ပြောလိုက်သည်။ “ဒါဆိုရင်လည်း ဒီနေ့တော့ ဒီလောက်ပဲ။”

အရာရှိများက ထပ်မံ ဒူးထောက်ကာ ဦးတိုက်ကြ၏။ “အမိန့်တော် အတိုင်းပါပဲ။”

တစ်ချိန်တည်းမှာပဲ ကျူးဟုန်ကျူး၊ ကျူးကျွင်း၊ ကျန်းကျောင်းနှင့် တခြားသောသူများက သူတို့ရဲ့ အရာရှိ ဦးထုပ်များကို ချွတ်ကာ မြေကြီးပေါ်သို့ တင်၏။ ထောင်နှင့်ချီသော အရာရှိများက သူတို့ရဲ့ အရာရှိ ဦးထုပ်များကို ချွတ်လိုက်ကြ၏။ သူတို့ကလည်း ဘက်ရွေးနေခြင်း ဖြစ်သည်။

ယခုမှစ၍ ရွှဲ့ပြည်နယ်က တော်ဝင်ချန်အင်ပါယာကို တရားဝင်မင်းဆက်အဖြစ် လက်ခံမည်ဟု နင်ကျန်းက ပြောပြီး ဖြစ်သည်။ သို့သော်ငြား ဤထောင်ပေါင်းများစွာသော လူများက ရှမ့်လန်ကို သစ္စာစောင့်သိရန် ဆန္ဒမရှိဘဲ တော်ဝင်ရန်အင်ပါယာကို တရားဝင်မင်းဆက်အဖြစ်သာ အသိအမှတ်ပြုနေဆဲပင်။

နန်းတွင်းတစ်ခုလုံး၏ ရပ်တည်ချက်က လွန်စွာ ရှင်းလင်း၏။ ဒူးထောက်သူများက တော်ဝင်ချန်အင်ပါယာကို သစ္စာစောင့်သိပြီး မတ်တတ်ရပ်နေသူများက တော်ဝင်ရန်အင်ပါယာကို သစ္စာစောင့်သိ၏။

ရှမ့်လန်က ဤထောင်ပေါင်းများစွာသော လူများကို ဘာလုပ်ရမည်နည်း။

အကုန်သတ်ပစ်ရမည်လား။ မဖြစ်နိုင်ချေ။

ပထမဦးဆုံးအနေနှင့် ဤလူများက ရွှဲ့ပြည်နယ်၏ အရာရှိများ ဖြစ်ကြ၏။ သူတို့က အပြစ်ရှိလျှင်ပင် ရွှဲ့ပြည်နယ်၏ အပြစ်ရှိသော အရာရှိများ ဖြစ်ကြပြီး ရွှဲ့ဘုရင်ထံ အပ်နှံရပေမည်။

ရှမ့်လန်နှင့် ယင်ယွမ်အဖွဲ့အစည်း၊ ကျိမင်းသားစု၊ စေတီတောင်နှင့် ကောင်းကင်ပင်လယ်နန်းဆောင်တို့က ရန်သူများ ဖြစ်နေ၏။ သို့သော်ငြား နိုင်ငံအသီးသီးမှ နန်းတွင်းအရာရှိနှင့် စစ်သူကြီးများက သေမင်းတမန် ကဲ့သို့သော အငြှိုးအတေးများ မရှိကြချေ။ သူတို့ ယခု သစ္စာမစောင့်သိရုံဖြင့် သတ်ပစ်ရမည်လား။ ထို့သို့ဆိုလျှင် သူတို့က လောကကြီးတွင် တစ်ယောက်တည်းသာ ရှိသော အမျိုးသားရေးဝါဒီသမား ဖြစ်ပေလိမ့်မည်။ အတိုင်းအတာတစ်ခုထိ နားလည်မှုရှိခြင်းက အကောင်းဆုံး ဖြစ်ပေမည်။

အပိုင်း (၉၈၆)

ယခင်က ရှမ့်လန် ပြည်ပသို့ ပြည်နှင်ဒဏ်ခံရစဉ်က လူသိန်းပေါင်းများစွာတို့ ဖမ်းဆီးခံရပြီး ရှမ့်လန်၏ လက်ကျန်အင်အားစုများကို ခေါ်ဆိုခံခဲ့ရ၏။ သို့သော်ငြား နင်ရှောင်နှင့် နင်လော့တို့ သတ်ဖြတ်လိုက်သည့် လူရာဂဏန်းမှလွဲ၍ ကျန်သည့်လူအများစုက မသေဆုံးခဲ့ချေ။

သူတစ်ပါးက အားရကျေနပ်နေချိန်တွင် ကိုယ့်လူများကို မသတ်ခဲ့ပေ။ ထို့ကြောင့် ကိုယ်က အားရကျေနပ်နေချိန်တွင် တစ်ဖက်လူများကို မသတ်ဖြတ်သင့်ပေ။

မှန်ပေ၏။ သေဒဏ်ကျသင့်သည့် လက်ပါးစေများကိုတော့ သတ်ရပေလိမ့်မည်။ ထျန်းရွှဲ့မြို့၏ အဆုံးအဖြတ် တိုက်ပွဲတွင် အနိုင်ရရှိပြီးနောက် ရှမ့်လန်က လူအများအပြားကို သတ်ရမည်။ အကယ်၍ နန်းတွင်းတွင် ဒူးမထောက်သည့်လူများကို သတ်ပစ်မည်ဆိုပါက ရွှဲ့ပြည်နယ်၏ တော်ဝင်မျိုးနွယ် ၇၀၊ ၈၀ ရာခိုင်နှုန်းနှင့် အရာရှိအရာခံ ၇၀ ရာခိုင်နှုန်းက အသတ်ခံရပေလိမ့်မည်။

“ဒီလူတွေအကုန်လုံးကို ဖမ်းပြီးတော့ အကျဉ်းထောင်ထဲကို ပို့လိုက်။ သူတို့ရဲ့ အပြစ်အလျောက် စီရင်ချက် ချမယ်။” နင်ကျန်းက အမိန့်ပေးလိုက်၏။

“ကောင်းပါပြီ။”

နင်ချီက ပြောသည်။ “အရှင်... ကျုပ်လက်ထဲမှာ သံခြေချင်းခတ် တွေမရှိတော့ပါဘူး။”

ရှမ့်လန်က ပြုံးလိုက်၏။ “သံခြေချင်းတွေ ရှိသေးတယ်။ သိပ်ပြီးမများတာပဲ ရှိတာ။”

ပြီးနောက် လူတိုင်းက မြေကြီးပေါ်သို့ ကြည့်လိုက်၏။ ထိုနေရာတွင် သံခြေချင်း ရာဂဏန်းခန့် ရှိနေ၏။ အားလုံးက နင်ကျန်း၊ ကျန်းချုံးနှင့် ရှမ့်လန်၏ လက်ကျန်အင်အားစုများဟု ခေါ်ဆိုခံရသူ ရာပေါင်းများစွာတို့ ဝတ်ဆင်ခဲ့ဖူးသည့်အရာပင်။

ရှမ့်လန်က သံခြေချင်းတစ်စုံကို ကောက်ယူပြီး ကျူးဟုန်ကျူး၏ ရှေ့သို့ ရောက်၏။ သူက ပြုံးကာ ပြောသည်။ “ဝန်ကြီးချုပ်ကျူး... ခင်ဗျားတို့ ကျူးကလန်က စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်ကြတယ် မဟုတ်လား။ ဒါကြောင့် ကျုပ် ရှမ့်လန်ကလည်း စည်းကမ်းလိုက်နာပါမယ်။ လာပါ... ကျုပ် ဒီသံခြေချင်းတွေကို ခင်ဗျားကို ကိုယ်တိုင် ဝတ်ပေးလိုက်မယ်။”

ပြီးနောက် ရှမ့်လန်က ပိသာချိန် ဒါဇင်ပေါင်းများစွာ လေးလံသည့် သံခြေချင်းများကို ကျူးဟုန်ကျူးအား ဝတ်ဆင်ပေးလိုက်၏။ လက်ထိပ်များ ခြေကျင်းများနှင့် လည်ပင်းတွင် စွပ်ရသည့် သံကွင်းများကိုပါ ချန်မထားခဲ့ချေ။

ရှမ့်လန်က ဆက်ပြော၏။ “မြို့စားနင်ချီ... ခင်ဗျားက ကျူးကျွင်းကို သံခြေချင်း ကိုယ်တိုင် ဝတ်ပေးလိုက်ပါ။”

နင်ချီက ရွေးချယ်စရာ မရှိသောကြောင့် နာခံရသည်။

“လက်အောက်ငယ်သားက နာခံပါ့မယ်”

နင်ချီ၏အတွေးအရဆိုလျှင် အနည်းဆုံးတော့ ဂုဏ်သိက္ခာ အနည်းငယ် ချန်ထားပေးသင့်၏။ သို့သော်ငြား အရှင်ရှမ့်လန်က အသေးအဖွဲ ကိစ္စလေးများကိုပင် လက်စားချေတတ်သူ ဖြစ်သည်။ သူက နောက်ဆုံးကျန်ရှိသည့် ဂုဏ်သိက္ခာအနည်းငယ်ကိုပင် ပေးသနားလိုစိတ် မရှိချေ။ သူက ကျူးကျွင်းကို ကိုယ်တိုင် သံခြေချင်း၍ ဝတ်ပေးရုံသာ တတ်နိုင်တော့၏။

“ပြီးတော့ နင်ယီ... ခင်ဗျားလည်း ကျန်ခဲ့လို့ မဖြစ်ဘူး။ ခင်ဗျားလည်း သံခြေချင်း ဝတ်ရမယ်။” ရှမ့်လန်က ပြောသည်။

ရွှဲ့ပြည်နယ်၏ မူလအိမ်ရှေ့စံဟောင်း နင်ယီက တစ်ကိုယ်လုံး တုန်ယင်သွား၏။ သံခြေချင်း ဝတ်ရသည့် အချိန်တွင် သူ၏မျက်နှာက ပြာနှမ်းနေ၏။ ပြီးနောက် ရွှဲ့ပြည်နယ်နန်းတွင်းမှ အဆင့်မြင့်အရာရှိများက သံခြေချင်း ဝတ်ဆင်ခဲ့ရ၏။ အဆင့်လေးနှင့်အထက် အရာရှိနှင့် တော်ဝင်မျိုးနွယ်အားလုံးက မလွတ်ကင်းခဲ့ချေ။

ချင်းကန်မြို့စား ဝူကျောက်ကျုံးနှင့် နုကျန့်စီရင်စု၏ မြို့တော်ဝန် ထန်ယွင်တို့လည်း ပါဝင်၏။

ရှမ့်လန်က ပြုံးကာ ပြော၏။ “အင်း... ဝူကျောက်ကျုံးနဲ့ ထန်ယွင်... ခင်ဗျားတို့က မိတ်ဆွေဟောင်းတွေလို့ ပြောလို့ ရတယ်။ ဒါပေမဲ့ ဒီနေ့ ကျုပ်အလုပ်တွေ အရမ်းများနေလို့ ခင်ဗျားတို့နှစ်ယောက်နဲ့ သာကြောင်း မာကြောင်းပြောဖို့ အချိန်မရှိဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ အနာဂတ်မှာ အချိန်တွေ အများကြီး ရှိသေးတယ်။ ခင်ဗျားတို့နှစ်ယောက် ရေနက်အကျဉ်းထောင်ထဲကို သွားပြီး နေနှင့်ကြ။ မကြာခင် ကျုပ်လာပြီး ခင်ဗျားတို့နှစ်ယောက်နဲ့ ပျော်ပျော်ပါးပါး စကားပြောအုံးမယ်။”

ထိုစကား ထွက်ပေါ်လာချိန်မှာတော့ နှစ်ယောက်လုံးက မျက်နှာပျက်သွားကြ၏။ အရှင်ရှမ့်လန်က လူသား ဧကရာဇ် ဖြစ်နေလေ၏။ သူတို့ကဲ့သို့ အရေးမပါသည့် လူနှစ်ယောက်ကို အဘယ့်ကြောင့် ကိုယ်တိုင် နှိပ်စက်ချင်နေရ သနည်း။ အဘယ့်ကြောင့် ဤမျှအထိ အငြိုးကြီးမားနေရသနည်း။

ရှမ့်လန်၏ မျက်လုံးများက အေးစက်နေ၏။ သူက အပြစ်မဲ့သူများကို မသတ်သော်လည်း သေသင့်သေထိုက်သူ အားလုံးကို တစ်ယောက်မှ လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ “နင်ချီ... ဒီလူနှစ်ထောင်ကို ရေနက် အကျဉ်းထောင်ထဲကို ပို့ဖို့ မလောနဲ့အုံး။ အရင်ဆုံး သူတို့ကို လမ်းမတွေပေါ်မှာ လှည့်လည်ပြသရမယ်။ မြို့တော်တစ်ခုလုံးကို လှည့်လည်ပြီး သေချာမြင်ပါစေ။ ပြီးမှ အကျဉ်းထောင်ထဲမှာ ပိတ်ပြီး ချုပ်ထားလိုက်။”

“ဪ... ဟုတ်သားပဲ။ ဝန်ကြီးချုပ် ကျူးဟုန်ကျူးက အသက်ကြီးနေပြီ။ အစပိုင်းမှာ သံခြေချင်းဝတ်ပြီး လျှောက်ခိုင်းလိုက်။ သူ မလျှောက်နိုင်တော့တဲ့အချိန်ရောက်ရင် အကျဉ်းသားလှည်းပေါ်မှာ ထိုင်ခိုင်းလိုက်။ ပြီးတော့ ခေါင်းဖော်ထားတဲ့ အကျဉ်းသားလှည်း ဖြစ်ရမယ်။ ဝန်ကြီးချုပ် ကျူးဟုန်ကျူးရဲ့ မျက်နှာကို တခြားသောသူတွေက ရှင်းရှင်းလင်းလင်း မြင်ရအောင် လုပ်ရမယ်။ နားလည်ပြီလား။”

နင်ချီ၏ ဦးရေပြားများက ထုံကျင်သွားခဲ့လေ၏။ သူက ဦးညွှတ်ကာ ပြော၏။ “လက်အောက်ငယ်သားက နားလည်ပါပြီ။”

ထိုအချိန်မှာတော့ သူက ရွှဲ့ပြည်နယ်၏ အရာရှိ ဖြစ်နေသေးပြီး တော်ဝင်ချန်အင်ပါယာ၏ တိုက်ရိုက် လက်အောက်ငယ်သား မဖြစ်သေးသည်က တော်သေး၏။ ထိုသို့မဟုတ်ပါက မည်မျှရက်စက်သော အမိန့်များကို လက်ခံရမည် မသိချေ။

ထိုအချိန်မှာတော့ ကျူးဟုန်ကျူးက အဆုံးမဲ့ အရှက်ရမှုများကို မခံစားရစေရန် နန်းတွင်းခန်းမဆောင်ထဲတွင် ခေါင်းနှင့်ဆောင့်ပြီး သတ်သေချင်စိတ် ပေါက်သွား၏။ သူက အသက် ၈၀ ကျော်နေ၏။ အဘယ့်ကြောင့် ရှမ့်လန်က သူ့ကို နောက်ဆုံးကျန်ရစ်သည့် ဂုဏ်သိက္ခာလေးတောင် မချန်ပေးရသနည်း။

သံခြေချင်းဝတ်ပြီး လမ်းမပေါ်တွင် လှည့်လည်ပြသခံရပေမည်။ ဤကဲ့သို့သော အရှက်ကွဲ အကျိုးနည်း လုပ်ရပ်မျိုးကို လုပ်ရမည်လား။ သို့သော်ငြား ယခု ကျူးဟုန်ကျူးက မသေရဲသေးချေ။ ရှက်ရွံ့စေကာမူ သူ သည်းခံရပေမည်။ ထိုမှသာလျှင် ရွှဲ့ပြည်နယ်၏ ကျူးကလန်တစ်ခုလုံးကို ကာကွယ်နိုင်ပေလိမ့်မည်။

နင်ချီက ပြောလိုက်၏။ “အားလုံးပဲ ကြွကြပါ။”

အရာရှိနှင့် တော်ဝင်မျိုးနွယ် ၂၀၀၀ ကျော်တို့က မိဘ ဆုံးသွားသူများကဲ့သို့ တန်းစီပြီး ထွက်ခွာသွားကြ၏။ အထူးသဖြင့် ရှေ့ဆုံးမှ ရာပေါင်းများစွာသော အဆင့်မြင့် အရာရှိများနှင့် တော်ဝင်မျိုးနွယ်များက သံခြေချင်းများကို ဝတ်ဆင်ထားခဲ့ပြီး လေးလံပြီး ရှက်ရွံ့စရာကောင်းသည့် ခြေလှမ်းများဖြင့် လျှောက်လှမ်းရသည်။

သို့သော်ငြား ဤအရာက အစသာရှိသေး၏။ နောက်ဆက်တွဲအနေနှင့် သူတို့က အနည်းဆုံး မိုင် ၅၀ ခန့် လမ်းလျှောက်ရမှာ ဖြစ်ပြီး မြို့တော်ရှိ သိန်းပေါင်းများစွာသော ပြည်သူလူထုက ထိုသူတို့ အကျဉ်းသား ဖြစ်သွားသည့် မြင်ကွင်းကို မြင်တွေ့ရပေမည်။

သူတို့က ယနေ့မနက် နန်းတွင်းညီလာခံသို့ ပျော်ရွှင်စွာ ရောက်ရှိလာခဲ့ကြခြင်းဖြစ်ပြီး ရှမ့်လန် သေဆုံးသည်ကို မြင်တွေ့ရမည်ဟု ထင်မှတ်ခဲ့၏။ ညီလာခံပြီးဆုံးပြီးနောက် အိမ်မပြန်ရဘဲ အကျဉ်းထောင်သို့ တိုက်ရိုက်ပို့ဆောင်ခံရလိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ချေ။ လောကကြီး၏ အပြောင်းအလဲများက တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်း၏။

………………

“ဟား... ဟား... ဟား...”

နင်ရှောင်က ပြောလိုက်သည်။ “စိတ်ဝင်စားစရာပဲ။ လုံးဝ စိတ်ဝင်စားစရာ ကောင်းတယ်။ ငါ့ရဲ့ မျက်စိရှေ့က ဒီမြင်ကွင်းကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်က ရွှဲ့ဘုရင်အဖြစ် ရှိနေခဲ့တာက ကောင်းကင်ပေါ်မှာ ဖြတ်သန်းသွားခဲ့တဲ့ တိမ်တိုက်တွေလိုပါပဲလား။”

ပြီးနောက် သူက ရှမ့်လန်ဘက်သို့ လှည့်ကာဖြင့် လက်အုပ်ချီကာ ပြော၏။ “ဒီလိုဆိုရင် ကျုပ်ကို သွားခွင့်ပြုအုံး။ ကျုပ် လာခဲ့တဲ့နေရာကို ပြန်သွားတော့မယ်။ တုံ့ကျန်းဘုရားကျောင်းကို ပြန်ပြီး ဘုန်းကြီးဝတ်ပါတော့မယ်။ အော်မီတော်ဖော်.... ကောင်းလေစွ။ အရှင်ရှမ့်လန်... ကျုပ်တို့ နောက်မှ ပြန်တွေ့ကြတာပေါ့။”

ထိုသို့ ပြောပြီးသည့်နောက် ရွှဲ့ဘုရင်ဟောင်း နင်ရှောင်က လက်အုပ်ချီကာ ထွက်သွားရန် ပြင်၏။ နင်ကျန်းက ဘာမှမပြောချေ။ အဘယ့်ကြောင့်ဆိုသော် နင်ရှောင်ကို ကိုင်တွယ်ဖြေရှင်းမည့် အခွင့်အရေးကို ရှမ့်လန် ပိုင်ဆိုင်သောကြောင့်ပင်။

ရှမ့်လန်က အေးစက်စက် ပြောသည်။ “လာကြစမ်း။ အဲဒီ ခွေးတိရစ္ဆာန် နင်ရှောင်ကို ဖမ်းချုပ်ထားလိုက်။ ရွှဲ့ပြည်နယ် ပြည်သူတွေရဲ့ ရှေ့မှောက်မှာ သူ့ကို အပိုင်းတစ်ထောင် လှီးဖြတ်ပြီး ကွပ်မျက်လိုက်။”

ရှမ့်လန်၏ စကားကို ကြားချိန်မှာတော့ နင်ရှောင်က ခဏမျှ ကြောင်အမ်းသွား၏။ ပြီးနောက် ပြုံးလိုက်၏။ “ရှမ့်လန်... နောက်မနေပါနဲ့။ နန်းတော်ထဲမှာ တုံ့ကျန်းဘုရားကျောင်း ဘုန်းကြီးစစ်သည် ၂၀၀၀၊ ၃၀၀၀ လောက် ရှိပါသေးတယ်။”

လွန်ခဲ့သည့် ရက်အနည်းငယ်က တိုက်ပွဲကြီးတွင် တုံ့ကျန်းဘုရားကျောင်းမှ ဘုန်းကြီးစစ်သည်များက ရှမ့်လန်၏ အမြှောက်ဒဏ်ကို အလူးအလဲ ခံခဲ့ရ၏။ ဆရာတော်ခွန်းကျန့်က သူ၏စစ်တပ် လုံးဝ မျိုးဖြုတ် ခံရမည်ကို မကြည့်ရက်သောကြောင့် စစ်မြေပြင်သို့ အပြေးအလွှား သွားရောက်ခဲ့ပြီး နောက်ဆုံးကျန်သည့် လူ ၂၀၀၀၊ ၃၀၀၀ ခန့်ကို အစွမ်းကုန် ကယ်တင်ခဲ့၏။ ဤဘုန်းကြီးစစ်သည်များက နန်းတော်တွင်းတွင် တပ်စွဲထားကြခြင်းပင်။

အစပိုင်းက ရှမ့်လန်၏ စစ်တပ်က သွေးဝိညာဉ်တပ်အဖြစ် ဟန်ဆောင်ထားသောကြောင့် တုံ့ကျန်းဘုရားကျောင်း၏ ဘုန်းကြီးစစ်သည်များက မလှုပ်ရှားရဲကြချေ။ ရှမ့်လန်၏ စစ်တပ်က အမှန်တကယ် ပုံစံကို ထုတ်ဖော်ပြလိုက်ပြီ ဖြစ်သော်လည်း သူတို့က မလှုပ်ရှားကြသေးချေ။

နင်ရှောင်၏ အမြင်အရဆိုလျှင် ရှမ့်လန်က စစ်တပ်ကို နန်းတော်ထဲသို့ စစ်သည် ၃၀၀၀ လောက် ခေါ်ဆောင် လာခဲ့၏။ ထို့အပြင် အမြှောက်များ မပါဘဲနှင့်ဆိုပါက သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်က တုံ့ကျန်း ဘုရားကျောင်းမှ ဘုန်းကြီးစစ်သည်များထက် သာလွန်ကောင်း သာလွန်နိုင်သော်လည်း အကန့်အသတ် ရှိနေ၏။

ထို့ကြောင့် ရှမ့်လန်က နင်ရှောင်၏ အသက်တစ်ချောင်းအတွက် တုံ့ကျန်းဘုရားကျောင်းမှ ဘုန်းကြီးစစ်သည် များနှင့် အသေအကြေ တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် နင်ရှောင်၏ အသက်က ဘေးကင်း လုံခြုံသင့်သည် မဟုတ်ပါလား။

ရှမ့်လန်က ပြုံးကာ လက်ကို ဝှေ့ယမ်း၏။ ချက်ချင်းပဲ မဟာပညာရှင် အနည်းငယ်တို့က နင်ရှောင်၏ အနားသို့ တိုးကပ်လာခဲ့၏။

“ရှမ့်လန်... မင်းက ငါ့ရဲ့ တုံ့ကျန်းဘုရားကျောင်းနဲ့ အသေအကြေ တိုက်ခိုက်ချင်တာလား။”

နင်ရှောင်က ရိုင်းစိုင်းစွာ ပြောလေ၏။ ပြီးနောက် တုန်လှုပ်ဖွယ်ကောင်းလှသည့် အငွေ့အသက်တစ်ခုက သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။

ရှမ့်လန်က ပြော၏။ “ဆရာတော်ခွန်းကျန့် ရှိလား။ စကားပြောရအောင်။”

ခဏအကြာမှာပဲ ဆရာတော်ခွန်းကျန့်က ပြော၏။ “ကောင်းပြီ။ ကျုပ် ခင်ဗျားကို နောက်ဖေးခြံဝန်းမှာ စောင့်နေမယ်။”

ရှမ့်လန်က နောက်ဖေးခြံဝန်းထဲသို့ လျှောက်သွား၏။ သူ၏နောက်တွင် တစ်ယောက်တည်းသာ လိုက်ပါလာ၏။ သွေးဝိညာဉ်တပ် သံချပ်ကာကို ဝတ်ဆင်ထားခဲ့သည့် ချောင်ယောင်းအာပင် ဖြစ်၏။ သူမက လာမည့် ရက်အနည်းငယ်အတွင်း လှုပ်ရှားနိုင်မည် မဟုတ်ဟု ပြောထား၏။ သို့သော်ငြား သူမ ယောက်ျားကို လိုက်ပါ စောင့်ရှောက်နေရသည်။

..................

ဥယျာဉ်ငယ်လေးတစ်ခုရှိ ဇရပ်ဆောင်ငယ်လေးတစ်ခုမှာတော့ ဆရာတော်ခွန်းကျန့်က ဒူးထောက်ထိုင်နေ၏။

ရှမ့်လန် ဝင်လာပြီးနောက် သူ့ရှေ့တွင် ထိုင်သည်။ ချောင်ယောင်းအာက ဘေးတွင် ရပ်၏။

“ကျုပ်ရဲ့တုံ့ကျန်းဘုရားကျောင်းက သဘာဝလွန် အင်အားစု ခြောက်ခုထဲမှာ နောက်ဆုံးပါပဲ။” ဆရာတော် ခွန်းကျန့်က ပြောသည်။

ရှမ့်လန်က မေးလိုက်၏။ “ဒါဆို ဒုတိယအောက်ဆုံးက ဘယ်သူလဲ။”

ဆရာတော်ခွန်းကျန့်က ဖြေသည်။ “ရှန့်ကုန်းဘုရားကျောင်း ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကျောင်းထိုင်ဆရာတော် အသစ်က အရမ်းကို လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးလွန်းလို့ ဘယ်သူကမှ ပြဿနာ မရှာရဲကြဘူး။”

ရှမ့်လန်က တတိယအောက်ဆုံး သဘာဝလွန်အင်အားစုက ဘယ်သူလဲဟု မေးချင်သော်လည်း စဉ်းစား ပြီးနောက် မမေးတော့ချေ။

“အရှင်ရှမ့်လန်... အရှင်ကျန့်လီ သေဆုံးပြီးတဲ့နောက်မှာ တစ်လောကလုံးက ဗိုက်ဝသွားခဲ့ကြတယ်။”

ဆရာတော်ခွန်းကျန့်က ပြော၏။ “သဘာဝလွန်အင်အားစု ခြောက်ခုထဲမှာ ဘယ်အဖွဲ့က အရှင်ကျန့်လီရဲ့ ကျေးဇူးကို အများဆုံး ရရှိခဲ့တာလဲ။ သံသယဖြစ်စရာ မလိုဘူး။ ကျုပ်ရဲ့ တုံ့ကျန်းဘုရားကျောင်းပဲ။ ဒါပေမဲ့ အရှင်ကျန့်လီ ကျဆုံးပြီးတဲ့နောက်မှာ ဘယ်သူ အနည်းဆုံး စားရလဲဆိုရင်လည်း ကျုပ်ရဲ့ တုံ့ကျန်းဘုရားကျောင်းပါပဲ။”

တစ်ဖက်လူ ဘာကိုဆိုလိုသည်ကို နားလည်သော်လည်း ရှမ့်လန်က ဘာမှမပြောချေ။

ဆရာတော် ခွန်းကျန့်က ပြောသည်။ “ကျုပ် အကဲခတ် မှားသွားခဲ့တယ်။ မူလက ခင်ဗျား ဒီတိုက်ပွဲကို သေချာပေါက် ရှုံးမယ်လို့ ထင်ခဲ့တယ်။ ဒီလို ရလဒ်မျိုး ထွက်ပေါ်လာလိမ့်မယ်လို့ လုံးဝ မထင်မှတ်ခဲ့ဘူး။ သွေးဝိညာဉ်တပ်က တကယ့်ကို မျိုးဖြုတ်ခံလိုက်ရတာပဲ။”

ရှမ့်လန်က ဘာမှမပြောသေးချေ။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူက ဒါပေမဲ့ ဆိုသည့် စကားများကို မပြောသေးသောကြောင့်ပင်။

ဆရာတော်ခွန်းကျန့်က ပြော၏။ “လူတစ်ယောက်က အံ့ဖွယ်ရာများကို ဆက်တိုက် ဖန်တီးနေတယ် ဆိုပေမဲ့ သူ့ကို အမြဲတမ်း သံသယဝင်နေတဲ့ လူတွေက ရှိတုန်းပဲ။ ဒါက ပုံမှန်ပဲ မဟုတ်လား။”

ရှမ့်လန်က ပြောလိုက်သည်။ “ပုံမှန်ပါပဲ။ ဘာလို့လဲဆိုတော့ သွေးခုန်မှုပုံစံက အရမ်းကို ထူးခြားနေလို့ပါပဲ။ ဟိုအရင် သမက်တော်လေးဘဝတုန်းက ကျုပ်ဖန်တီးခဲ့တဲ့ အံ့ဖွယ်ရာတိုင်းရဲ့ သက်ရောက်မှုက အများဆုံး နှစ်လလောက်ပဲ ခံတယ်။ ပြီးရင် မရေတွက်နိုင်တဲ့လူတွေက အဲဒီအကြောင်းအရာကို မေ့သွားကြတယ်။ ကျုပ်ကို သံသယပြန်ဝင်လာကြပြန်ရော။ ပြီးတော့ ကျုပ် သူတို့တွေရဲ့ မျက်နှာကို ထပ်တလဲလဲ ရိုက်နှက်ပြခဲ့တယ်။ တကယ်လို့ ကျုပ်ရဲ့ ဝိသေသလက္ခဏာသာ ပေါ်မလာဘူးဆိုရင် မြို့တော်က လူတွေရဲ့ ရင်ထဲမှာ ကျုပ်က လူဆိုးကောင်တစ်ကောင်အဖြစ် ဖြစ်နေအုံးမှာပဲ။”

ဆရာတော်ခွန်းကျန့်က ပြော၏။ “ခင်ဗျား သိနေပြီသားဆိုတော့ ကျုပ် ဘာမှ ပြောနေစရာ မလိုတော့ဘူး။”

သူ၏စကားများက တကယ့်ကို ရိုးရှင်း၏။ ထျန်းရွှဲ့မြို့တိုက်ပွဲတွင် ရှမ့်လန်က အနိုင်ရရှိခဲ့သော်လည်း ရှမ့်လန်၏ အနာဂတ်ရလဒ်ကို သူ အကောင်းမမြင်သေးချေ။ တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် အခြေအနေများ ပြောင်းလဲသွားနိုင်သေးကြောင်း၊ ရှမ့်လန်၏ အောင်ပွဲက ယာယီသာဖြစ်ကြောင်း သူ ခံစားရမိသည်။

“ဒါဆိုရင် ငါ နင်ရှောင်ကို ခေါ်သွားလို့ ရမလား။” ဆရာတော်ခွန်းကျန့်က မေး၏။

ရှမ့်လန်က ပြောလိုက်သည်။ “မရဘူး။ ဆရာတော်ခွန်းကျန့်... ခင်ဗျား ကျုပ်ရဲ့အနာဂတ်ကို အကောင်းမမြင်တာ ကိစ္စမရှိဘူး။ ဒါပေမဲ့ အနာဂတ်မှာ ကျုပ် ရှုံးသွားရင်တောင်မှ တုံ့ကျန်းဘုရားကျောင် အနေနဲ့ ရွှဲ့ပြည်နယ်မှာ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။ နင်ရှောင် သေတာ၊ မသေတာက တုံ့ကျန်းဘုရားကျောင်းအတွက် အရေးမကြီးတော့ပါဘူး။”

ဆရာတော်ခွန်းကျန့်က ပြော၏။ “ဒါပေမဲ့ ဂုဏ်သိက္ခာက အရေးကြီးနေတုန်းပဲ။”

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားတို့ တုံ့ကျန်းဘုရားကျောင်းက ဂုဏ်သိက္ခာ လိုချင်ပေမဲ့ ကျုပ်က မပေးချင်ဘူး။”

ဆရာတော်ခွန်းကျန့်က ပြော၏။ “လက်ရှိ နန်းတော်ထဲမှာ ကျုပ်တို့ တုံ့ကျန်းဘုရားကျောင်းရဲ့ ဘုန်းကြီး စစ်သည် သုံးထောင်နီးပါး ရှိနေသေးတယ်။ စောစောတုန်းက ခင်ဗျားရဲ့ ဝိသေသလက္ခဏာကို ထုတ်ပြတုန်းက ကျုပ် ဘာမှ မလုပ်ခဲ့တာ ဂုဏ်သိက္ခာရှိရှိ ဆုတ်ခွာချင်လို့ပဲ။ တကယ်လို့ ခင်ဗျားသာ နင်ရှောင်ကို သတ်ချင်တယ် ဆိုရင်တော့ ကျုပ် ဂုဏ်သိက္ခာရှိရှိနဲ့ ဆုတ်ခွာနိုင်တော့မှာ မဟုတ်ဘူး။”

ရှမ့်လန်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ သူက ရှေ့တွင်ရှိနေသည့် ဆရာတော်ခွန်းကျန့်ကို ကြည့်ကာ ဖြည်းညင်းစွာ ပြောသည်။ “ဆရာတော်ခွန်းကျန့်... ခင်ဗျား တကယ် ဘာလုပ်ချင်တာလဲ။”

ဆရာတော်ခွန်းကျန့်က ပြော၏။ “နင်ရှောင်ကို ကျုပ်ဆီ ပေးပါ။ ကျုပ် သူ့ကို တုံ့ကျန်းဘုရားကျောင်းဆီကို ပြန်ခေါ်သွားမယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “မဟုတ်ဘူး။ ခင်ဗျား ဒါကို လိုချင်မှာ မဟုတ်ပါဘူး။”

ဆရာတော်ခွန်းကျန့်က ပြော၏။ “ဒကာကြီးရှမ့်လန်... ဒါ ကျုပ် လိုချင်တာပဲ။ တကယ်လို့ ခင်ဗျား သဘောမတူရင်တော့ ကျုပ်ဆီမှာ ဘုန်းကြီးစစ်သည် သုံးထောင် ရှိနေသေးတယ်။”

ရှမ့်လန်က ရုတ်တရက် ပြုံးလိုက်သည်။

“စိတ်ဝင်စားစရာပဲ ..။ ဆရာတော်ခွန်းကျန့်... ခင်ဗျား ဘာလိုချင်လဲဆိုတာ ကျုပ်သိပြီ။ ခင်ဗျားရဲ့ ဆန္ဒပြည့်ဝစေရမယ်။”

ပြီးနောက် သူက မတ်တတ်ရပ်ကာ ပြောလိုက်၏။ “တိုက်ကြတာပေါ့။”

All Chapters