အခန်း (၉၈၇-၉၈၈)
Vol. 59 Ch. 987-988
အပိုင်း (၉၈၇)
ဆရာတော်ခွန်းကျန့်က ပြောသည်။ “နင်ရှောင်ကို ပေးမှာလား။ တိုက်မှာလား။”
ပြီးနောက် ဆရာတော် ခွန်းကျန့်က ရုတ်တရက် လက်ကို ဝှေ့ယမ်း၏။ ဘုန်းကြီးစစ်သည်ပေါင်း သုံးထောင်က ဒီရေအလား တိုးထွက်လာ၏။
တကယ့်ကို စိတ်ဝင်စားစရာ ကောင်းသည့် အချက်တစ်ချက် ရှိသေး၏။ ယခင်က တုံ့ကျန်းဘုရားကျောင်း၏ ဘုန်းကြီးစစ်သည်များက သံချပ်ကာ မဟုတ်ဘဲ သင်္ကန်းများကို ဝတ်ဆင်ထား၏။ ယခုအခါမှာတော့ သူတို့က တစ်ကိုယ်လုံးကို သံချပ်ကာများဖြင့် ဖုံးလွှမ်းထား၏။ ဤသံချပ်ကာက ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးတပ် သံချပ်ကာများပင်။
ဆရာတော်ခွန်းကျန့်က ပြောသည်။ “ဒါက သံမဏိသွေးတပ်ရဲ့ အပိုသံချပ်ကာတွေပါပဲ။ ရှုတင်းယုက ထွက်မသွားခင်က ကျုပ်တို့ကို ပေးခဲ့တာပဲ။”
ရှမ့်လန်က မဲ့ပြုံးပြုံး၏။ “တုံ့ကျန်းဘုရားကျောင်းရဲ့ ဘုန်းကြီးစစ်သည်တွေက သံချပ်ကာ မဝတ်ဘူး မဟုတ်လား။ သံချပ်ကာ ဝတ်ထားတဲ့ ဘုန်းကြီးစစ်သည် ဆိုတာ ဘယ်လိုမျိုးလဲ။”
ဆရာတော်ခွန်းကျန့်က ပြောသည်။ “အနိုင်ရဖို့အတွက်ဆိုရင် ခေတ်နဲ့အညီ နေရမှာပေါ့။ အရှင်ရှမ့်လန်... ခင်ဗျားရဲ့ အမြှောက်တွေက အရမ်းကို စွမ်းအားကြီးတယ် ဆိုပေမဲ့ နန်းတော်ထဲမှာ မရှိဘူး။ ခင်ဗျားရဲ့ အမေဇုန်အမျိုးသမီး စစ်သည်တော်တွေက ကျုပ်ရဲ့ တုံ့ကျန်းဘုရားကျောင်း စစ်သည်တွေထက် အားနည်းကောင်း အားနည်းနေနိုင်တယ်။
ဟုတ်တယ်။ သွေးဝိညာဉ်တပ် သံချပ်ကာတွေ ဝတ်ထားတာက ခင်ဗျားအတွက် အားသာချက် ရှိပါတယ်။ ဒါပေမဲ့ ဒီသံချပ်ကာတွေမှာ ပျက်စီးမှုတွေ အများကြီး ရှိနေပြီး အချိန်မှီလည်း မပြုပြင်ရသေးဘူး။ ဒါကြောင့် သုံးထောင်ချင်း ယှဉ်တိုက်မယ်ဆိုရင် အကြီးအကျယ် ဆုံးရှုံးလိမ့်မယ်။ နင်ရှောင်တစ်ယောက်တည်းအတွက်နဲ့ မတန်ပါဘူး။ သူ့ကို ကျုပ်ဆီ ပြန်ပေးပါ။ နင်ရှောင်အတွက်နဲ့ လူတစ်ထောင်လောက်ကို စတေးလို့ မဖြစ်ဘူး မဟုတ်လား။”
ရှမ့်လန်က စကားတစ်ခွန်းမှ မဆိုဘဲ ထွက်ခွာသွား၏။ “ဒီလောကကြီးက သိပ်ပြီး ရယ်စရာ ကောင်းတယ်။ ကျုပ် ကြင်နာမှုလေး နည်းနည်းပြလိုက်တာနဲ့ အနိုင်ကျင့်လို့ ရပြီလို့ ထင်နေကြတာလား။”
...................
နန်းတော်ရင်ပြင်ပေါ်မှာတော့ စစ်တပ်နှစ်ခုက ထိပ်တိုက်တွေ့ဆုံနေပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်၏။ ဘယ်ဘက်တွင် ရှမ့်လန်၏ အမေဇုန်တပ်ရှိပြီး သူတို့အားလုံးက သွေးဝိညာဉ်တပ် သံချပ်ကာများကို ဝတ်ဆင်ထား၏။ ညာဘက်ခြမ်းတွင်တော့ တုံ့ကျန်းဘုရားကျောင်း၏ ဘုန်းကြီးစစ်သည်များ ရှိပြီး သူတို့အားလုံးက ယင်ယွမ်အဖွဲ့အစည်း၏ သံချပ်ကာများကို ဝတ်ဆင်ထားသည်။
မှန်ပေ၏။ သွေးဝိညာဉ်တပ်၏ သံချပ်ကာက ပို၍ ခိုင်မာ၏။ သို့သော်ငြား သာမန်လက်နက်များနှင့် ရင်ဆိုင်သည့်နေရာတွင် ယင်ယွမ်အဖွဲ့အစည်း၏ သံချပ်ကာများကလည်း ဖောက်ထွင်း၍ မရနိုင်ချေ။ ဓားဖြင့် ခုတ်ပိုင်းရန် ခက်ခဲသလို မြားဖြင့်ပစ်ဖောက်ရန်လည်း ခက်ခဲ၏။ ဘာပဲဖြစ်ဖြစ် ထိုအရာက ထူးကဲသည့် သံမဏိ သံချပ်ကာမျိုးပင် ဖြစ်၏။
ဆရာတော်ခွန်းကျန့်က ပြောတာ မှန်၏။ တိုက်ခိုက်ရေး သက်သက် စွမ်းရည်အရ ကြည့်မည်ဆိုလျှင် တုံ့ကျန်းဘုရားကျောင်း၏ ဘုန်းကြီးစစ်သည်များက ပို၍ သန်မာနိုင်သည်။
“နင်ရှောင်ကို ပေးလိုက်ပါ။”
ဆရာတော်ခွန်းကျန့်က ပြော၏။ “မဟုတ်လို့ တိုက်ပွဲဖြစ်လာခဲ့ရင် အကျိုးဆက်ကို ခံစားရလိမ့်မယ်။”
နင်ရှောင်က ကျယ်လောင်စွာ ရယ်မောပြီး ပြောလိုက်သည်။ “ရှမ့်လန်... ငါပြောတာ မမှားဘူးမလား။ ငါ့ကို တပ်မဲ့ သံခြေချင်းကို မင်းမတပ်နိုင်ပါဘူး။ ဒါကြောင့် ငါ့ကို အပိုင်းပိုင်းလှီးဖြတ်မယ်လို့ မင်းမပြောခဲ့သင့်ဘူး။ ဒါ ကိုယ့်ပါးကိုယ် ပြန်ရိုက်တာနဲ့ မတူဘူးလား။ ဧကရာဇ်မင်း ဆိုတာက စကားမတည်ရင် မကောင်းဘူးနော်။”
ပြီးနောက် သူက နန်းတော်ထဲမှ ဖြည်းညင်းစွာ လျှောက်ထွက်သွား၏။ တုံ့ကျန်းဘုရားကျောင်းမှ ဘုန်းတော်ကြီး စစ်သည်များထံသို့ ဦးတည်၏။
ဆရာတော်ခွန်းကျန့်က ပြောသည်။ “ဒကာကြီးရှမ့်လန်... နင်ရှောင်ကို ကျုပ်လက်ထဲ အပ်လိုက်ပါ။ ကျုပ် အေးအေးဆေးဆေး ထွက်သွားပါမယ်။ ခင်ဗျားက ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပဲ။ ဘာလုပ်သင့်တယ် ဆိုတာကို သိမှာပါ။”
နင်ရှောင်က နန်းတော်ထဲမှ ထွက်ပြီး လက်ခုပ်၊ လက်ဝါးတီးကာ လှောင်ပြောင်၏။ “ဧကရာဇ် ဆိုတာ စကားတည်ရတယ်။ ဟား... ဟား... ဟား။”
နင်ရှောင် တုံ့ကျန်းဘုရားကျောင်း၏ ဘုန်းကြီးစစ်သည်များထံသို့ လျှောက်သွားသည်ကို မည်သူမှမတားဘဲ ကြည့်နေသည်။
မကြာမီမှာပဲ နင်ရှောင်က တုံ့ကျန်းဘုရားကျောင်းဘက်သို့ ရောက်ရှိသွား၏။ ဆရာတော်ခွန်းကျန့်၏ ဘေးတွင် ရပ်နေ၏။
“အရှင်ရှမ့်လန်... ဧကရာဇ်ဆိုတာ စကားတည်ရတယ်။ ဒါ ပါးရိုက်ခံရတာပဲ။”
နင်ရှောင်က မဲ့ပြုံးပြုံးလေ၏။ သူက ရယ်မောရင်း ကိုယ့်ပါးကိုယ်ပင် ပြန်ရိုက်လိုက်သေးသည်။ “အရှင်ရှမ့်လန်... ဒါက ပါးရိုက်ခံရတာပဲ။ အရာရှိတွေ အားလုံးရှေ့မှာ ငါ့ကို အပိုင်းပိုင်းလှီးဖြတ်ပြီး သတ်မယ်လို့ ခုဏကလေးတင် ပြောခဲ့တယ်။ အခု ဘေးကင်းလုံခြုံစွာနဲ့ လမ်းလျှောက်ထွက်သွားခဲ့ပြီ။ တုံ့ကျန်းဘုရားကျောင်း ကို ဟိတ်ဟန်ထုတ်ပြီး ပြန်သွားတော့မယ်။ မင်းရဲ့ မျက်နှာက ဘယ်မှာလဲ။ ဟာသပဲ။ ဟား... ဟား... ဟား...”
ဆရာတော်ခွန်းကျန့်က ပြော၏။ “ဒကာကြီးရှမ့်လန်... ပညာရှိတဲ့ ရွေးချယ်မှုကို လုပ်ခဲ့တာပဲ။”
နင်ရှောင်က ရှမ့်လန်ကို လက်ဝှေ့ယမ်းပြသည်။ “ရှမ့်လန်... အင်ပါယာ... တာ့တာပါပဲ။ သွားကြတော့မယ်။” “ဘုရင်နင်ကျန်း၊ ရွှဲ့ပြည်နယ်ရဲ့ အရာရှိတွေ... ဒါ ခင်ဗျားတို့ သစ္စာစောင့်သိနေတဲ့ လူသားဧကရာဇ် ဆိုတာပဲ။ ဟား... ဟား... ဟား... ကိုယ့်စကားကို ပြန်ရုပ်သိမ်းတဲ့ လူသားဧကရာဇ်လေ။ သိပ်ရယ်ရတယ်။”
ရှမ့်လန်က ဘာမှမပြောသေးပေ။ နင်ကျန်းကလည်း ဘာမှမပြောပေ။ ရွှဲ့ပြည်နယ်၏ အရာရှိအားလုံးတို့က မျက်နှာမှာ ဖြူဖတ်ဖြူလျော် ဖြစ်နေပြီး ဒေါသကြောင့် တုန်ယင်နေ၏။ အကယ်၍ နင်ရှောင်ကို ဤအတိုင်း ထွက်ခွာခွင့် ပြုလိုက်ပါက တကယ့်ကို ရှက်ရွံ့စရာ ကောင်းပေလိမ့်မည်။
“ဆရာတူဦးလေး... သွားကြရအောင်။ ဒီကပြဇာတ်က ပြီးသွားခဲ့ပြီ။”
နင်ရှောင်က ပြော၏။ “လူသားဧကရာဇ် ပြဇာတ် ဟုတ်လား။ ဟား... ဟား... မျောက်ပွဲလိုပါပဲ။”
ရှမ့်လန်က အေးစက်စွာ ပြောသည်။ “ဆရာတော်ခွန်းကျန့်... ခင်ဗျား ကျုပ်ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား။ ခင်ဗျား ကျုပ်ကို အထင်မကြီးတာ ကိစ္စမရှိဘူး။ ဒါပေမဲ့ အင်ပါယာအပေါ် သစ္စာစောင့် သိကြောင်းပြဖို့ ဒီလိုနည်းလမ်းမျိုးကို သုံးစရာ လိုလို့လား။”
သူ၏စကားများက ဆရာတော်ခွန်းကျန့်၏ အတွေးများကို ထုတ်ဖော်လိုက်ခြင်းပင်။ နင်ရှောင်ကို ခေါ်ထုတ်သွားခြင်းက တုံ့ကျန်းဘုရားကျောင်း၏ ဂုဏ်သိက္ခာအတွက်ဟု ဆိုခြင်းက အဓိပ္ပာယ်မရှိသည့် စကားမျိုးပင်။
ခွန်းကျန့်က နန်းတော်ထဲမှ အေးချမ်းစွာ ဆုတ်ခွာသွားခြင်း၏ တာဝန်ကို မခံနိုင်ချေ။ ဤအရာက သူနှင့်ရှမ့်လန် ညှိနှိုင်းလိုက်သည်ဟု တော်ဝင်ရန်အင်ပါယာကို သံသယဝင်စေနိုင်ပြီး တုံ့ကျန်း ဘုရားကျောင်းက ရှမ့်လန်နှင့် ပိုမိုနီးစပ်ရန် ကြိုးစားနေသည်ဟု သံသယဝင်စေနိုင်၏။ ဘာပဲပြောပြော တုံ့ကျန်းဘုရားကျောင်း က တစ်ချိန်က ကျန်းလီ၏ ဘေးတစ်ဖက်တွင် ရှိခဲ့ဖူးသည် မဟုတ်ပါလား။
ထို့ကြောင့် နင်ရှောင်ကို အတင်းအကျပ် ဆွဲခေါ်ထုတ်သွားသည့် ပြဇာတ်ကို ကပြခြင်းအားဖြင့် တုံ့ကျန်းဘုရားကျောင်းက ရှမ့်လန်၏ ရန်သူဖြစ်နေဆဲဖြစ်ကြောင်း တော်ဝင်ရန်အင်ပါယာကို ပြသနိုင်ပေ လိမ့်မည်။
“ကိစ္စမရှိပါဘူး။”
နင်ရှောင်က ပြော၏။ “တုံ့ကျန်းဘုရားကျောင်းက ငါ့အသက်ကို ကယ်တယ်။ ရှမ့်လန်ရဲ့ မျက်နှာကို ရိုက်တယ်။ အရှင်အင်ပါယာအပေါ် သစ္စာစောင့်သိကြောင်း ပြသတယ်။ ဒါက ကျောက်ခဲ တစ်လုံးတည်းနဲ့ ငှက်သုံးကောင်ကို ပစ်တာပဲ။ ဘာမှားလို့လဲ။”
ရှမ့်လန်က ပြုံးကာ ပြောသည်။ “တုံ့ကျန်းဘုရားကျောင်းက တော်ဝင်ရန်အင်ပါယာကို သစ္စာစောင့်သိကြောင်း ပြသပေးချင်တာ မဟုတ်လား။ ခင်ဗျား ကျုပ်ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား။ ကောင်းပြီ... ကောင်းပြီ။ ဒီလိုဆိုရင်တော့ ခင်ဗျားရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမယ်။
ဒါပေမဲ့ ဟန်ဆောင်မနေနဲ့တော့။ သံယောဇဉ် အားလုံးကို ဖြတ်တောက်ချင်မှတော့ အကုန်လုံးကို ဖြတ်တောက် ပစ်လိုက်တာ ပိုကောင်းတယ်။ စောဏက တုံ့ကျန်းဘုရားကျောင်းရဲ့ ဘုန်းကြီးစစ်သည်တွေကို ထွက်ခွာသွားခိုင်းတုန်းက ခင်ဗျား ငြင်းခဲ့တယ်။ ဒါကြောင့် အခု ခင်ဗျား ထွက်သွားလို့ မရတော့ဘူး။ “တံခါးတွေ ပိတ်လိုက်။”
ရှမ့်လန်က အမိန့်ပေးလိုက်၏။
“ဘုန်း... ဘုန်း...”
ချက်ချင်းပဲ နန်းတော်နှင့် ပင်မခန်းဆောင် တံခါးအားလုံး ပိတ်သွား၏။ “အရာရှိမင်းတို့... စောင့်ကြည့်ကြပါအုံး။”
ရှမ့်လန်က ဖြည်းညင်းစွာ ထလိုက်လိုက်သည်။ “အမေဇုန်စစ်တပ်... စစ်ပြင်တော့။”
ရှမ့်လန်၏ အမိန့်အတိုင်းပဲ အမေဇုန်စစ်တပ်မှ စစ်သည်သုံးထောင် အားလုံးတို့က သံခမောက်များကို ဆောင်းလိုက်ကြပြီး စစ်ရေးပုံစံ ယူကြ၏။
ဆရာတော်ခွန်းကျန့်က အေးစက်စက်နှင့် ပြောလိုက်သည်။ “ဒကာကြီးရှမ့်လန်... သေချာစဉ်းစားပါအုံး။ စစ်ပွဲ စတင်လိုက်တာနဲ့ နှစ်ဖက်စလုံး ထိခိုက်လိမ့်မယ်။ ခင်ဗျားရဲ့ အမေဇုန်စစ်တပ်က အများကြီး ထိခိုက် သေဆုံးကုန်လိမ့်မယ်။ ပြီးတော့ ခင်ဗျားရဲ့ အမြှောက်တွေက နန်းတော်ထဲမှာ အသုံးပြုလို့ မရဘူး။”
ရှမ့်လန်က နောက်ထပ် ဘာမှမပြောပေ။ သူက တည်ငြိမ်စွာဖြင့် အမိန့်ပေးလိုက်၏။ “အကုန်လုံးကို သတ်... တစ်ယောက်ကိုမှ အရှင်မထားနဲ့။”
ဆရာတော်ခွန်းကျန့်၏ မျက်နှာထားက အကြီးအကျယ် ပြောင်းလဲသွား၏။ ပြီးနောက် တုန်ယင်နေသည့် လေသံဖြင့် ပြောသည်။ “ကောင်းပြီ... ဒီလောက် တိုက်ခိုက်ချင်နေမှတော့ တိုက်ကြတာပေါ့။ တုံ့ကျန်း ဘုရားကျောင်းက ဘုန်းကြီးစစ်သည်တွေ အကုန်လုံး အဆင်သင့်ပြင်ကြ။”
ချက်ချင်းပဲ တုံ့ကျန်းဘုရားကျောင်းမှ ဘုန်းကြီးစစ်သည် သုံးထောင်တို့က သူတို့၏ အကောင်းဆုံးသော သိုင်းကွက်များကို ထုတ်ဖော်လိုက်ကြ၏။ အတွင်းအားကို အသုံးပြုကာ လက်ကိုင်ရှည် ဓားမော့ကြီးများကို ပန်ကာများကဲ့သို့ လျင်မြန်စွာ လှည့်ပတ်၏။
“ရွှီ... ရွှီ...”
ကျယ်လောင်လွန်းသည့် အသံများက နန်းတော်၏ ရင်ပြင်တွင် ချက်ချင်း ထွက်ပေါ်လာ၏။ လက်ကိုင်ရှည် ဓားမော့ သုံးထောင် စတင် လှည့်ပတ်လာသည်နှင့် စွမ်းအင်များက တကယ့်ကို အံ့မခန်းပင်။ နောက်ဆက်တွဲ အနေနှင့် ဘုန်းကြီးစစ်သည် သုံးထောင်က အရှေ့ကို ဆက်လက် တိုးဝင်လာ၏။ သူတို့ လမ်းကြောင်းပေါ်တွင် ရှိနေသည့် အရာအားလုံးကို သတ်ဖြတ် ချေမှုန်းနိုင်ပေလိမ့်မည်။
ခွန်းကျန့်က မတိုက်ခိုက်ချင်ပေ။ သို့သော်ငြား ရှမ့်လန် ပြောသကဲ့သို့ သူက တော်ဝင်ရန်အင်ပါယာထံတွင် သူ၏ သစ္စာရှိမှုကို ပြသရပေလိမ့်မည်။
“အဆင်သင့်ပြင်။” မင်းသမီးဒိုဟာ၏ အမိန့်နှင့်အတူ အမေဇုန်စစ်သည်သုံးထောင်တို့က လေးကို တင်လိုက်ကြသည်။
“ဘန်း....” ထူးခြားသည့် စွမ်းအင်တစ်ခုက လေထုထဲတွင် ပေါက်ကွဲသွားသကဲ့သို့ပင်။ ဤသည်က ရှေးဟောင်းစွမ်းအင် ထိန်းချုပ်ရေးကိရိယာ စတင် လည်ပတ်ခြင်းပင်။
ဆရာတော်ခွန်းကျန့်က တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း ခံစားမိ၏။ သူ မမြင်ရသော်လည်း လေအေးတစ်ချက် သူ၏ မျက်နှာကို ဖြတ်သန်း တိုက်ခတ်သွားသကဲ့သို့ပင် ရှင်းလင်းစွာ ခံစားလိုက်ရသည်။ ရှေးဟောင်းလေးနှင့်မြားလား။ ရှေးဟောင်းလက်နက်များလား။
ခွန်းကျန့်က ယုံပင် မယုံရဲချေ။ ရှမ့်လန်က ဤရှေးဟောင်းလက်နက်ကို ဘယ်က ရခဲ့သနည်း။ ကျူးဟုန်ရွှဲ့၏ သွေးဝိညာဉ်တပ် ရှုံးနိမ့်သွားခဲ့ပြီ ဆိုရင်တောင်မှ ရှေးဟောင်းလက်နက်များကို ဖျက်ဆီးပစ်ခဲ့သင့်သည် မဟုတ်ပါလား။
“ငါး... လေး... သုံး... နှစ်... တစ်...” မင်းသမီးဒိုဟာက စတင် ရေတွက်လိုက်၏။ ရှေးဟောင်းလေးနှင့်မြား သုံးထောင်က တုံ့ကျန်းဘုရားကျောင်း၏ ဘုန်းကြီးစစ်သည်များကို ချိန်ရွယ်လိုက်၏။
“နေအုံး... နေအုံး..”
ဆရာတော်ခွန်းကျန့်က ပြောသည်။ “ဒကာကြီးရှမ့်လန်... ကျုပ် နင်ရှောင်ကို ခင်ဗျားဆီ ပြန်ပေးခဲ့မယ်။ ကျုပ်တို့ နောက်မှ ပြန်တွေ့ကြတာပေါ့။”
ပြီးနောက် သူက တုံ့ကျန်းဘုရားကျောင်းမှ ဘုန်းကြီးစစ်သည်များနှင့်အတူ ထွက်ခွာသွားရန် ပြင်၏။
သူက ရှမ့်လန်ကို အလျှော့ပေးလိုက်ခြင်း မဟုတ်ကြောင်း လောကကြီးကို သက်သေပြလိုပြီး အင်ပါယာကို သူ၏ သစ္စာရှိမှုအား ပြလိုခြင်းသာ။ နင်ရှောင်အတွက် ကြီးမားသည့် ပေးဆပ်မှုမျိုးကို ပြုလုပ်ရန် သူ့၌ အစီအစဉ် မရှိပေ။ ရှမ့်လန်၏ စစ်တပ်က အမြှောက်များ မရှိလျှင် ကြောက်စရာမလိုပေ။ သို့သော်ငြား ရှေးဟောင်း လေးနှင့်မြားများကတော့ ကြောက်စရာကောင်းသည်။
“သွားကြရအောင်။” ဆရာတော်ခွန်းကျန့်က အမိန့်ပေး၏။
ရှမ့်လန်က အေးစက်စက်နှင့် ပြောလိုက်သည်။ “ခင်ဗျား ခြိမ်းခြောက်ချင်တာလား။ ဒါဆိုရင် ကျုပ် ခင်ဗျားကို သတ်ပစ်မယ်။ သံယောဇဉ်တွေအားလုံး ဖြတ်တောက်ချင်တာလား။ တော်ဝင်ရန်အင်ပါယာကို ခင်ဗျားရဲ့ ရပ်တည်ချက် ပြချင်တာလား။ ခင်ဗျားရဲ့ ဆန္ဒတွေကို ကျုပ် ဖြည့်ဆည်းပေးရမယ်။ ရပ်တည်ချက်ကို ပြသတာ သေတာထက် ပိုပြီးကောင်းတဲ့ နည်းလမ်း ရှိသေးလို့လား။ ဟမ့်... သတ်လိုက်တော့။”
ရှမ့်လန်၏ အမိန့်သံနှင့်အတူ အမေဇုန်စစ်သည် သုံးထောင်တို့က မြားမိုးရွာချလိုက်၏။ ဤသည်ကား သာမန်မြားများ မဟုတ်ချေ။ ကောင်းကင်ဘုံကို အံတုနိုင်သည့် ရှေးဟောင်းလေးနှင့်မြားများပင်။ မီတာ ရာပေါင်းများစွာသော အကွာအဝေးမှ သံမဏိ သံချပ်ကာများကိုပင် ဖောက်ခွင်းနိုင်၏။ ထို့အပြင် စစ်တပ်နှစ်ခု က မီတာ ၃၀၀ အောက်သာ ဝေး၏။
“ရွှီ... ရွှီ...”
မရေတွက်နေသည့် ရှေးဟောင်းမြားများက မိုးကဲ့သို့ပင် ရွာချ၏။ ရှည်လျားသည့် မီးတောက်မြား များက လျှပ်စီးကဲ့သို့ပင် လေထုကို ဖြတ်သန်းသွားသည်။
“ရပ်.... ရပ်.... တိုက်ကြ... တိုက်ကြ...” ဆရာတော်ခွန်းကျန့်က ဒေါသတကြီး အော်ဟစ်၏။ ပြီးနောက် တုံ့ကျန်းဘုရားကျောင်းမှ ဘုန်းကြီးစစ်သည် သုံးထောင်တို့၏ ရှေ့သို့ တိုးဝင်သွား၏။
သို့နောက် ရှေးဟောင်းမြားများက ထိုသူတို့၏ သံချပ်ကာများကို လွယ်ကူစွာ ဖောက်ထွင်းပြီး ခန္ဓာကိုယ်များကို ဖောက်ထွင်းသွား၏။ တုံ့ကျန်းဘုရားကျောင်းမှ ဘုန်းကြီးစစ်သည်များက မြေပြင်ပေါ် လဲကျသေဆုံးကုန်၏။ သူတို့က ဓားရှည်များကို ဆက်လက် လှည့်ပတ်ပြီး ရှေ့သို့ တိုးဝင်ကြသည်။ “သတ်... သတ်ကြ...”
ခဏအကြာမှတော့... သုံးထောင်၊ နှစ်ထောင်၊ တစ်ထောင်...
ပြီးနောက် တစ်ရာ ဖြစ်သွား၏။
“သတ်ကြ” တစ်ယောက်တည်း ကျန်တော့သည်။
“ဖောက်”
နောက်ဆုံး ဘုန်းကြီးစစ်သည်၏ ဦးခေါင်းက ဖောက်ထွင်း ခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျ၏။ တုံ့ကျန်းဘုရားကျောင်း မှ ဘုန်းကြီးစစ်သည် သုံးထောင်လုံးက မျိုးဖြုတ် သတ်ဖြတ်ခံလိုက်ရ၏။
ဆရာတော်ခွန်းကျန့်နှင့် နင်ရှောင်တို့က လုံးဝ ကြောက်အလျက် ရှိနေ၏။ သူတို့က ရှမ့်လန်ကို တုန်ယင်စွာ ကြည့်မိလိုက်သည်။
“ဒီလိုလုပ်ဖို့ လိုလို့လား။ ဒီလောက်ထိ လုပ်ဖို့ လိုလို့လား။”
ဆရာတော်ခွန်းကျန့်က တင်းမာခက်ထန်စွာ ပြော၏။ “ကျုပ်ရဲ့အတွေးကို ခင်ဗျား ရှင်းရှင်းလင်းလင်း မြင်နေရတာပဲ။ ကျုပ်က တော်ဝင်ရန်အင်ပါယာကို ကျုပ်ရဲ့ ဆုံးဖြတ်ချက်ခိုင်မာကြောင်း ပြချင်ရုံ သက်သက်ပဲ။ ကျုပ်ကို ပြဇာတ်လေးတောင် ကခွင့်မပေးနိုင်ဘူးလား။
ဒီပြဇာတ် ပြီးသွားတာနဲ့ ကျုပ် တုံ့ကျန်းဘုရားကျောင်းကို ပြန်သွားမယ်။ ခင်ဗျားနဲ့ ကောင်းကင်ပင်လယ် နန်းဆောင်ရဲ့ ကိစ္စကို ကျုပ် ဂရုစိုက်တော့မှာ မဟုတ်ဘူး။ ရွှဲ့ပြည်နယ်ကိုလည်း ကျုပ် ထိတော့မှာ မဟုတ်ဘူး။ တုံ့ကျန်းဘုရားကျောင်းကို ဒီလောက်ကြီးထိ လုပ်ဖို့ လိုလို့လား။”
ရှမ့်လန်က အေးစက်စက်နှင့် ပြောသည်။ “ဆရာတော်ခွန်းကျန့်... ရွှဲ့ပြည်နယ်ရဲ့ အရာရှိတွေအပေါ်မှာထားတဲ့ ကျုပ်ရဲ့ သဘောထားကြီးမှုကိုမြင်ပြီး ကျုပ်ကို အားနည်းတယ်၊ အနိုင်ကျင့်လို့ရတယ်လို့ ခင်ဗျား ထင်နေတာလား။ ကျူးကလန် တစ်ခုလုံးကို မျိုးမဖြုတ်ပစ်ခဲ့လို့ ကျုပ်ကို စကားပြောရလွယ်ကူတဲ့ လူတစ်ယောက်လို့ ထင်နေတာလား။
ခင်ဗျားက ကျုပ် ရှမ့်လန်ကို ခင်ဗျားနဲ့အတူ ပြဇာတ် ကစေချင်တာလား။ ရတယ်... သိပ်ရတာပေါ့။ ဒီနေ့ ကျုပ် ကျူးကလန်နဲ့ ပူးပေါင်းပြီးတော့ ပြဇာတ်ကောင်းကောင်း ကခဲ့တယ်။ ဒါပေမဲ့ တခြားသူအားလုံးက ကျုပ်နဲ့ ပူးပေါင်းရတယ်။ ကျုပ်က သူတို့နဲ့ ပူးပေါင်းတာ မဟုတ်ဘူး။ ကျုပ်က အမြဲတမ်း သူတစ်ပါးရဲ့ မျက်နှာကို ရိုက်ရတဲ့လူပဲ။ သူတစ်ပါး ရိုက်တာကို ခံရတဲ့သူ မဟုတ်ဘူး။
ခင်ဗျားက ကျုပ်ကို ဆန့်ကျင်ပြီး တုံ့ကျန်းဘုရားကျောင်းကိုယ်စား တည်ရှိမှုကို ပြသပေးချင်တယ်။ ပြီးတော့ ကျုပ်က ခင်ဗျားနဲ့ ပူးပေါင်းပြီး ခင်ဗျားအတွက် ပြဇာတ် ကပေးမယ်လို့ ထင်နေတာလား။ ခင်ဗျားတို့ တုံ့ကျန်းဘုရားကျောင်းက လွန်ခဲ့တဲ့ နှစ် ၂၀ တည်းက အခွင့်အရေးသမားတွေ ဖြစ်ခဲ့တာ။ ဒီနေ့ထိ အခွင့်အရေးသမားတွေအဖြစ် ဖြစ်နေတုန်းပဲ။ ခင်ဗျားတို့ ကြီးထွားလာတယ် ဆိုတာ အာဟာရချို့တဲ့ပြီး မွေးဖွားလာတဲ့ လူတွေလိုပဲ။ ရယ်စရာပဲ။”
အပိုင်း (၉၈၈)
ဆရာတော်ခွန်းကျန့်က တုန်ယင်နေသည့် လေသံဖြင့် ပြော၏။ “ရှမ့်လန်... တုံ့ကျန်းဘုရားကျောင်းက နောက်ဆုံး သဘာဝ အင်အားလွန်စု ဖြစ်ပေမဲ့ သဘာဝလွန် အင်အားစု တစ်ခုတော့ ဖြစ်နေသေးတယ်။ အရင်တုန်းက ရွှဲ့ပြည်နယ် စစ်ပွဲပြီးရင် ငါတို့နှစ်ယောက်က ငြိမ်းချမ်းစွာ နေနိုင်တယ်။ အခု ငါတို့ နှစ်ယောက်ထဲက တစ်ယောက် မသေမချင်း ပြီးမှာ မဟုတ်တော့ဘူး။”
ရှမ့်လန်က ရိုးရှင်းစွာ ပြောသည်။ “ဆရာတော်ခွန်းကျန့်... တုံ့ကျန်းဘုရားကျောင်းက ကျရှုံးသွားခဲ့ပြီ။ တော်ဝင် ကပ်ဘေးဘုရားကျောင်းရဲ့ မကောင်းဆိုးဝါး နည်းလမ်းတွေကို သင်ယူခဲ့တာတွေ၊ မသင်ယူခဲ့တာတွေကို ကျုပ် ဂရုမစိုက်ဘူး။ ခင်ဗျားတို့ တော်ဝင်ရန်အင်ပါယာကို မျက်နှာသာပေးပြီး ကျုပ်ရှုံးမယ်လို့ ထင်နေတာကိုလည်း ကျုပ် ဂရုမစိုက်ဘူး။
ဒါပေမဲ့ ခင်ဗျား ကျုပ်ကို ခြိမ်းခြောက်လိုက်တဲ့ အချိန်တည်းကစပြီး တုံ့ကျန်းဘုရားကျောင်းက ဘုန်းကြီးတွေ မသေမချင်း ကျုပ် အနားယူသွားမှာ မဟုတ်တော့ဘူး။ စောစောတုန်းက ခင်ဗျားသာ သူရဲဘော ကြောင်ပြီး ထွက်သွားခဲ့မယ်ဆိုရင် တုံ့ကျန်းဘုရားကျောင်းက ထွက်ပေါက် ရှိနေအုံးမှာ။ အခုတော့ မရှိတော့ဘူး။
ကျုပ် ရှမ့်လန်က ကောင်းကင်ပင်လယ်နန်းဆောင်နဲ့ စေတီတောင် မသေမချင်း အနားယူမယ့်လူ မဟုတ်ဘူး။ နောက်ထပ် တုံ့ကျန်းဘုရားကျောင်း တစ်ခုလောက်ကို ဂရုစိုက်မယ် ထင်နေတာလား။ ဒီလောက် အခွင့်အရေးသမား ဖြစ်လွန်းရင်တော့ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။ ကိုယ့်သေတွင်း ကိုယ်တူးတာ။”
ရှမ့်လန်၏ အော်ဟစ်သံအဆုံးမှာတော့ မဟာပညာရှင် ခုနစ်ယောက်ကျော်က ဆရာတော်ခွန်းကျန့်ထံသို့ ပြေးဝင်သွား၏။ မျက်စိတစ်မှိတ်အတွင်း သူတို့က ပြင်းထန်စွာ တိုက်ခိုက်ကြ၏။ ဆရာတော်ခွန်းကျန့်က တကယ့်ကို သန်မာ၏။ သူ၏ သိုင်းပညာက လီချင်းချိုးနှင့် မင်းသမီးဒိုဟာတို့ထက် သာလွန်၏။ သို့သော်ငြား သူ မည်မျှ သန်မာစေကာမူ မဟာပညာရှင် ခုနစ်ယောက်ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။
မိနစ်အနည်းငယ် ကြာပြီးနောက် အင်အားကြီးမားပါသည်ဆိုသော ဆရာတော်ခွန်းကျန့်က သွေးအန်လာ၏။ သူ၏ ခြေကြော၊ လက်ကြောများ အားလုံးက ပြတ်တောက်သွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေရ၏။
ရှမ့်လန်က ဖြည်းညင်းစွာ လျှောက်လာ၏။ ပြီးနောက် ပြောသည်။ “ကျုပ်က လူသတ်ရတာကို သိပ်မကြိုက်ဘူး။ ဒါပေမဲ့ ကျုပ်ကို လူသတ်အောင် ဖိအားပေးတဲ့ လူတွေက အမြဲတမ်း ရှိနေတယ်။ ကျုပ်ရဲ့ စရိုက်ကို ခင်ဗျား သိချင်လား။ တုံ့ကျန်းဘုရားကျောင်းရဲ့လူတွေကို ကျုပ် သတ်ဖို့ အမိန့်ပေးတည်းက ကျုပ်က အရူးတစ်ယောက် ဆိုတာ ခင်ဗျား သိစေချင်တယ်။ ဘာလို့ ကျုပ်ကို လာပြီး စနေတာလဲ။”
ခွန်းကျန့်၏ ပါးစပ်တွင် သွေးများ ပြည့်နှက်လျက် ရှိနေ၏။ “ခင်ဗျား ထျန်းရွှဲ့မြို့ကို တိုက်ခိုက်ခဲ့ပြီးပြီ။ ကျုပ်ရဲ့ ရည်ရွယ်ချက်က တော်ဝင်ရန်အင်ပါယာအပေါ်မှာ သံသယမဝင်အောင် နေထိုင်ဖို့ပဲ။ အခုတော့ အရာအားလုံး အတွက် သက်သေပြရတော့မယ်။ ဘာနဲ့ သက်သေပြရမလဲဆိုတော့ အသက်နဲ့ သက်သေပြရမလို ဖြစ်နေပြီ။”
သူ၏ စကားမဆုံးခင်မှာပင် ရှမ့်လန်၏ ဓားက ကျလာပြီး နှိုင်းယှဉ်၍မရအောင် ထက်ရှလာသည့် သံမဏိဓားက ခွန်းကျန့်ကို တိုက်ရိုက်ပင် ပိုင်းဖြတ်သွားခဲ့၏။ ဤအချိန်မှာတော့ တုံ့ကျန်းဘုရားကျောင်းမှ ရွှဲ့ပြည်နယ်ဆီသို့ စေလွှတ်လိုက်သည့် လူအားလုံးက သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဤလောကကြီးက တကယ့်ကို အံ့အားသင့်စရာများနှင့် ပြည့်နှက်နေ၏။ မူလက အရာအားလုံး ပြီးဆုံး သွားမည်ဟု ရှမ့်လန် ထင်ခဲ့၏။ ဤဆရာတော်ခွန်းကျန့်က တုံ့ကျန်းဘုရားကျောင်း၏ ဘုန်းကြီးစစ်သည် များနှင့်အတူ အေးချမ်းစွာ ထွက်ခွာသွားပေလိမ့်မည်။ ယခုကဲ့သို့သော မြင်ကွင်းမျိုး ဖြစ်လာမည်ဟု သူ မထင်မှတ်ခဲ့ချေ။
ရှမ့်လန်က နင်ရှောင်၏ ရှေ့သို့ လျှောက်သွား၏။ ပြီးနောက် ဖြည်းညင်းစွာ ပြော၏။ “တုံ့ကျန်း ဘုရားကျောင်းက တော်ဝင်ရန်အင်ပါယာကို ဒီလောက်ထိ ကြောက်တာလား။”
နင်ရှောင်က တုန်ယင်စွာ ပြော၏။ “ဘာဖြစ်ဖြစ် သူတို့က နောက်ဆုံး သဘာဝလွန် အင်အားစုပဲ။ သောက်ကျိုးနည်း... ချီးထုတ်ကောင်တွေ၊ ချီးထုတ်ကောင်တွေပဲ။”
ရှမ့်လန်က ပြောသည်။ “မင်းတို့ တုံ့ကျန်းဘုရားကျောင်းက လူတွေအကုန်လုံးက သူတစ်ပါးဆီက အခွင့်အရေး ယူရတာကို ကြိုက်တာလား။”
နင်ရှောင်က တုန်ယင်စွာ ပြော၏။ “စဉ်းစားကြည့်လေ။ မတူညီတဲ့ သိုင်းပညာနှစ်မျိုး၊ မတူညီတဲ့ လမ်းကြောင်းနှစ်ခုကို သင်ယူရတဲ့ အင်အားစု တစ်ခု... ဒီလူတွေရဲ့ စိတ်ဆန္ဒတွေက ဘယ်လိုလုပ် တည်ငြိမ်နိုင်မှာလဲ။”
ရှမ့်လန်က ပြောသည်။ “အရင်တုန်းကတော့ ငါ အရမ်း တည်ငြိမ်ခဲ့တယ်။ ပြီးတော့ စိတ်အခြေအနေကလည်း အရမ်း ကောင်းနေတယ်။ ယောက္ခထီးနဲ့ ပြန်တွေ့တယ်။ နင်ကျန်းနဲ့ ပြန်ဆုံရတယ်။ ပြီးတော့ ကျူးကလန်ရဲ့ မျက်နှာကိုလည်း ပြင်းပြင်းထန်ထန် ရိုက်ပြခဲ့ရတယ်။ အရင်တုန်းက စိတ်အခြေအနေ အရမ်းကောင်းနေတာ။ ဘာလို့ ဒီလို ဖြစ်ရတာလဲ။ ဘာလို့လဲ။ ဘာလို့ ငါ့ကို ဒီလိုလုပ်အောင် ဖိအားပေးရတာလဲ။ မသေခင် ဘာလို့ ဒီလို အမုန်းတရားတွေကို ဖန်တီးခဲ့ရတာလဲ။ အပိုင်းတစ်ထောင်လောက် လှီးဖြတ်ပြီး အသတ်ခံရမှ ကျေနပ်မှာလား။”
နင်ရှောင်၏ သိုင်းပညာက တကယ့်ကို မြင့်မား၏။ အလွန့်အလွန် မြင့်မား၏။ သို့သော်ငြား သူက ခုခံရန် သတ္တိအားလုံး ဆုံးရှုံးသွားပြီ ဖြစ်၏။ သူ၏ ခြေထောက်များက တုန်ယင်နေ၏။ အဘယ့်ကြောင့်ဆိုသော် ဤအချိန်မှာတော့ ရှမ့်လန်က တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းနေသောကြောင့်ပင်။
“တကယ်ပါ... ငါ့ရဲ့ စိတ်အခြေအနေက အရမ်းကို ကောင်းနေခဲ့တယ်။”
ရှမ့်လန်က သက်ပြင်းချကာ ပြော၏။ “အရမ်းကို ကောင်းလွန်းလို့ ငါ့ရဲ့ နာမည်ပြောင် ဖြစ်တဲ့ စိတ္တဇ ဂွေးဖြတ်သမားဆိုတဲ့ နာမည်ကိုတောင် မေ့လုနီးပါး ဖြစ်ခဲ့တယ်။”
ပြီးနောက် ရှမ့်လန်၏ လက်ထဲမှ ဓားက ရုတ်တရက် ဝှေ့ယမ်း၏။ နင်ရှောင်က သူ၏ ခန္ဓာကိုယ် အေးစက်သွားသည်ကို ခံစားလိုက်ရ၏။ ပြီးနောက် သူက ငုံ့ကြည့်လိုက်ချိန်မှာတော့ သင်းကွပ်ခံလိုက် ရကြောင်း တွေ့ရ၏။ သူ မအော်ဟစ်ခဲ့ချေ။ သူက အသက်ကို ပြင်းပြင်း ရှူနေရုံပင်။
“သူ့ကို ခေါ်သွားတော့။ စောင့်နေစရာ မလိုတော့ဘူး။ အခု နန်းတော်ရဲ့ တံခါးဝမှာ သူ့ကို အပိုင်းတစ်ထောင်လောက် လှီးဖြတ်ပြီး ကွပ်မျက်လိုက်။”
ရှမ့်လန်က ပြောသည်။ “ဟုန့်နန်... ဒီတစ်ခါတော့ လက်မလျှော့ဖို့ မျှော်လင့်တယ်။ သေချာပေါက် အချက်တစ်ထောင် ပြည့်အောင် ခုတ်ပါ။”
“ကောင်းပါပြီ။”
ပြီးနောက် ရွှဲ့ဘုရင်ဟောင်း နင်ရှောင်ကို နန်းတော်ထဲမှ ဆွဲထုတ်သွားရင်း သူ့ကို ဦးစွာ အပ်ဖြင့် ချုပ်ပြီး သွေးတိတ်အောင် ပြုလုပ်ပေး၏။ ပြီးနောက် ရွှဲ့ပြည်နယ်မှ မရေတွက်နိုင်သည့် လူများ၏ ရှေ့မှောက်တွင် အပိုင်းတစ်ထောင် လှီးဖြတ်၏။
....................
နန်းတော်ရှေ့ရှိ ပြည်သူလူထုကြီး ခံစားချက်က တကယ့်ကို အတက်အကျနှင့် ဖြစ်နေ၏။ မနေ့က သူတို့၏ စိတ်နှလုံးများက မျှော်လင့်ချက် ကင်းမဲ့ခဲ့၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်၏ စစ်တပ်က လုံးဝ မျိုးဖြုတ် သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်ကြောင်း သူတို့ သတင်းရရှိခဲ့သောကြောင့်ပင်။
ပြီးနောက် ရွှဲ့ပြည်နယ်က ဧကန်မုချ ပိုမိုမှောင်မိုက်သည့် ကာလတစ်ခုဆီသို့ ရောက်ရှိသွားပေတော့မည်။ ရှမ့်လန် တောက်ပလွန်းသောကြောင့် မဟုတ်ပေ။ စစ်ပွဲမတိုင်ခင် ရွှဲ့ပြည်နယ်၏ ပြည်သူများက 'ရှမ့်လန် နိုင်ပါစေ... ရှမ့်လန် အသက်ရှည်ပါစေ' ဟု ကြွေးကြော်ခဲ့သောကြောင့်ပင်။
ရှမ့်လန် ရှုံးနိမ့်ခဲ့ပြီ ဆိုလျှင် တော်ဝင်ရန်အင်ပါယာက ရွှဲ့ပြည်နယ်၏ ပြည်သူများနှင့် စာရင်းရှင်းမှာ သေချာ၏။ အားလုံးကို ဖမ်းဆီးသတ်ဖြတ်ရန် မဖြစ်နိုင်သော်လည်း ရာဂဏန်းတွင် တစ်ယောက် သတ်ပြီး၊ ရာဂဏန်းတွင် တစ်ယောက်ကို ဖမ်းဆီးခံရမည် ဆိုရင်က သေချာသလောက်ပင်။
လူအများအပြား ကြောက်ရွံ့လာခဲ့ပြီး နောင်တများ ရလာ၏။ ထိုအချိန်တုန်းက စိတ်လိုက်မာန်ပါ ဖြစ်လွန်းခဲ့ပြီး ထိုကြွေးကြော်သံများကို သူတို့ အော်ဟစ်မိ၏။
သို့သော်ငြား ထိုအချိန်က လေထုက ကူးစက်စေတတ်သောကြောင့် သူတို့ မနေနိုင်ခဲ့ချေ။ ထို့အပြင် လွန်ခဲ့သည့် နှစ်နှစ်အတွင်း နင်ရှောင်နှင့် ကျူးကလန်တို့၏ ကြမ်းတမ်းမှုက လူကြိုက် နည်းလွန်းခဲ့၏။ သူတို့က ရှမ့်လန်၏ လက်ကျန် အင်အားစုများ ဟူသည့် ခေါင်းစဉ်ဖြင့် လူပေါင်းသိန်းချီကို ဖမ်းဆီးခဲ့သောကြောင့် လူတိုင်းက ကြောက်ရွံ့ထိတ်လန့်စွာ နေထိုင်ခဲ့ရသည်။
ယနေ့မနက် သွေးဝိညာဉ်တပ်သားသုံးထောင် နန်းတော်သို့ ဝင်ရောက်လာသည့် အခိုက်အတန့်မှာတော့ မြို့တော်ရှိ နိုင်ငံသား အားလုံးက မျှော်လင့်ချက် ကင်းမဲ့ကုန်ကြ၏။ သူတို့က အိမ်ထဲတွင် ပုန်းအောင်းနေကြပြီး ခန္ဓာကိုယ်ကလည်း တုန်ယင်နေ၏။ တချို့က ဦးခေါင်းကိုဖွက်ကာ ငိုကြွေးနေမိ၏။ နောက်ထပ် ကြီးမားသည့် စာရင်းရှင်းလင်းမှုကြီးကို စောင့်ဆိုင်းနေမိ၏။
သို့သော်ငြား ငရဲမှ ကောင်းကင်ဘုံသို့ ရုတ်တရက် ပြောင်းလဲ ရောက်ရှိသွားလိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ချေ။ သူတို့က မကြုံစဖူး မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။ ထောင်ပေါင်းများစွာသော အကျဉ်းသားများက နန်းတော်ထဲမှ ထွက်လာခဲ့ကြသည်။
ကျူးဟုန်ကျူး၊ ကျူးကျွင်း၊ နင်ယီနှင့် တခြားသူများက ရှေ့မှ ဦးဆောင်လာ၏။
“ကောင်းကင်ဘုံ...”
ကျူးကလန်က ရွှဲ့ပြည်နယ်ကို ဆယ်စုနှစ်နီးပါး လွှမ်းမိုးခဲ့ပြီး ကျူးဟုန်ကျူးက ရွှဲ့ပြည်နယ်၏ အထွတ်အထိပ် အုပ်စိုးသူ ဖြစ်လုနီးပါးပင်။ ယခု ထိုသူက အကျဉ်းသားအဖြစ် ဖြစ်နေ၏။ ဘာတွေ ဖြစ်ကုန်သနည်း။
အစပိုင်းတွင် မည်သူမှ သူတို့၏ ကိုယ်ပိုင်မျက်လုံးကို မယုံနိုင်ကြချေ။
မကြာခင်မှာပဲ သတင်းများက ပျံ့နှံ့သွား၏။ မနေ့က တိုက်ပွဲတွင် ရှမ့်လန်က ပြီးပြည့်စုံသည့် အောင်ပွဲကို တိုက်ခိုက် ရယူခဲ့ပြီး သွေးဝိညာဉ်တပ် တစ်ခုလုံးက လုံးဝ မျိုးဖြုတ် သတ်ဖြတ်ခံရ၏။ နန်းတော်တွင်းသို့ ဝင်သွားသည့် သွေးဝိညာဉ်တပ်က ရှမ့်လန်၏ စစ်တပ် အယောင်ဆောင်ထားခဲ့ခြင်းပင်။
မကြာခင် ရွှဲ့ဘုရင်သစ်နင်ကျန်း၏ အမိန့်တော်ကို ထုတ်ပြန်၏။ မျက်စိတစ်မှိတ်အတွင်း မြို့တော်ထဲတွင် ဒုန်းစိုင်းပြေးသွားပြီး ရွှဲ့ဘုရင်သစ်၏ အမိန့်တော်ကို ဖတ်ကြား၏။
အမိန့်တော်၏ အကြောင်းအရာက တကယ့်ကို ရိုးရှင်းပေ၏။ ရွှဲ့ပြည်နယ်က တော်ဝင်ရန်အင်ပါယာကို သစ္စာစောင့်သိမည် မဟုတ်ပေ။ တော်ဝင်ချန်အင်ပါယာကို တရားဝင် မင်းဆက်အဖြစ် သစ္စာစောင့်သိ ပေတော့မည်။
ထိုအချိန်မှာတော့ မြို့တော်ရှိ လူပေါင်းများစွာက ရှမ့်လန် နိုင်သွားခဲ့ပြီဖြစ်ကြောင်း ယုံကြည်လိုက်ရ၏။ မရေတွက်နိုင်သည့် လူများက စိတ်လှုပ်ရှားလွန်းသောကြောင့် မျက်ရည်များပင် ပြည့်လျှံနေ၏။ ထို့အပြင် သူတို့ ကြောက်ရွံ့စရာ မလိုတော့ချေ။ အနာဂတ်တွင် တော်ဝင်ရန်အင်ပါယာ ထပ်မံ တိုက်ခိုက်လာကောင်း လာနိုင်သော်လည်း အနည်းဆုံးတော့ ရေတိုကာလအတွင်း အပြစ်ပေးခံရမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
သူတို့၏ စိတ်လှုပ်ရှားမှုကို ထုတ်ဖော်ရန် မရေတွက်နိုင်သည့် လူများက အိမ်ထဲမှ ပြေးထွက်သွားပြီး ညစ်ပတ်သည့် အရာများကို ရှာဖွေကာဖြင့် သံခြေကျင်း ခတ်ထားသည့် ကျူးဟုန်ကျူး၊ ကျူးကျွင်းနှင့် ကျူးကလန်မှ အရာရှိများကို ပစ်ပေါက်ကြ၏။ ပုပ်သိုးနေသည့် ကြက်ဥများ မရှိချေ။ ကြက်ဥကဲ့သို့ တန်ဖိုးရှိသည့် အရာကို ပုပ်သိုးအောင် အဘယ်သို့ ထားမည်နည်း။ သို့သော်ငြား ပုပ်သိုးနေသည့် မုန်လာဥနှင့် ဂေါ်ဖီထုပ်များတော့ ရှိ၏။
“ဖောက်... ဖောက်... ဖောက်... “
မရေတွက်နိုင်သည့် ပုပ်သိုးနေသော အရာများက ကျူးဟုန်ကျူးနှင့် သူ၏သား ၊ နင်ယီ ၊ နင်လော့နှင့် ကျူးကလန်ကို သစ္စာစောင့်သိသည့် ရာပေါင်းများစွာသော အရာရှိများ အပေါ်သို့ ရွာသွန်းကျသည်။
ကျူးဟုန်ကျူးက တိတ်တဆိတ် သည်းခံနေ၏။ မကြာခင် သူ၏ ခန္ဓာကိုယ်ပေါ်တွင် သန့်ရှင်းသည့် နေရာဟူ၍ မရှိတော့ပေ။ အနံ့ဆိုးများက လှိုင်လှိုင်ထနေသောကြောင့် လူကို အန်ချင်စိတ် ပေါက်စေ၏။ ဤလူများက ပုပ်သိုးနေသည့် ဂေါ်ဖီထုပ်နှင့် မုန်လာဥများကိုသာ ပစ်ပေါက်ခဲ့ခြင်း မဟုတ်ဘဲ ပိုမို၍ ရွံရှာကောင်းသည့် အရာများကို ပစ်ပေါက်ခဲ့သောကြောင့်ပင်။
နာရီအနည်းငယ် ကြာပြီးသည့်နောက် လှည့်လည်မှုက ပြီးဆုံးသွားခဲ့၏။ ကျူးဟုန်ကျူး၊ သူ၏သားနှင့် ရာပေါင်းများစွာသော ၊ ထောင်ပေါင်းများစွာသော လူများက ရေနက် အကျဉ်းထောင်ထဲတွင် ပိတ်လှောင်ခံရ၏။
.....................
မင်းသမီးနင်လော့က အကျဉ်းခန်းထဲတွင် တိတ်တဆိတ်နှင့် ထိုင်လျက်ရှိ၏။ သူမက အကျဉ်းခန်းက အခြေအနေ မဆိုးလှချေ။ အနည်းဆုံးတော့ ရေချိုးနိုင်ပြီး သန့်ရှင်းသော ဝတ်စုံများကို လဲနိုင်၏။ ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက်နှင့် ထိုင်နေနိုင်သည်။
“ကျွီ...”
အကျဉ်းခန်းတံခါး ပွင့်ပြီး ရှမ့်လန်က ဝင်လာ၏။
မင်းသမီးနင်လော့က ပေါ့ပေါ့ပါးပါး ပြောသည်။ “ရှမ့်လန်... လေတွေ အကုန်ခံမနေနဲ့။ ဘာမှ ပြောစရာ မလိုဘူး။ သနားစရာကောင်းအောင် တောင်းပန်မှာလည်း မဟုတ်ဘူး။ ကိုယ့်ရဲ့ အမှားကိုလည်း ဝန်ခံမှာ မဟုတ်ဘူး။”
ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျား တွေးတာ များနေပြီ။ ကျုပ် ခင်ဗျားကို ပြောစရာ စကားမရှိပါဘူး။ ကျုပ် ခင်ဗျားကို တစ်ခုခု လာပေးတာ။ ဘာပဲဖြစ်ဖြစ် ခင်ဗျားက ကျုပ်အဖေရဲ့ သမီးပဲ။ သေရမယ် ဆိုရင်တောင်မှ ဂုဏ်သိက္ခာရှိရှိနဲ့ သေရလိမ့်မယ်။”
ရှမ့်လန်က ပုလင်းတစ်လုံးကို ထုတ်ယူပြီး သူမ၏ ရှေ့တွင် ချထား၏။ စကားတစ်ခွန်းမှ မဆိုဘဲ ပြန်လှည့်ထွက်ခွာသွားခဲ့သည်။
မင်းသမီးနင်လော့က တစ်ကိုယ်လုံး တုန်ယင်သွား၏။ ပုလင်းက အရောင်မရှိ အနံ့မရှိပေမဲ့ သေသေချာချာ အနံ့ခံကြည့်ချိန်မှာတော့ ခါးသက်သက် ဗာဒံစေ့အနံ့ သင်းသင်းလေးကိုသာလျှင် ရ၏။
“ရှားကျင်း... ကျွန်မ ရှင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ဘယ်တော့မှပဲ။ ရှမ့်လန်... ငါ့ကို ဂုဏ်သိက္ခာရှိရှိနဲ့ သေခွင့်ပေးလို့ ကျေးဇူးတင်တယ်။”
ပြီးနောက် မင်းသမီးနင်လော့က ပုလင်းထဲမှ အဆိပ်ကို သောက်၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမ၏ အသိစိတ်များက စတင် ဝေဝါးလာခဲ့လေသည်။
“ဟူး... ဟူး...” အသက်ငါးကြိမ် ရှူပြီးနောက် သူမ၏ နှလုံးခုန်နှုန်းက ရပ်တန့်သွား၏။ အသက်ရှူ ရပ်တန့်သွား၏။ သူမက တကယ့်ကို ငြိမ်းချမ်းစွာ သေဆုံးသွားခဲ့၏။ ဤကဲ့သို့ ဖြည်းညင်းစွာ မျက်လုံးမှိတ်နိုင်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ မသေဆုံးမီ၌ သူမ၏ စိတ်က အခိုက်အတန့်တစ်ခုတွင် ရပ်တန့်နေ၏။
ကျင်းမင်းသားက သူမကို လက်ထပ်ပြီး ညီမလေးဟု ခေါ်ဆိုသည့် အခိုက်အတန့်ပင်။
“ငါ... နင်လော့ရဲ့ ဘဝက ပြီးပြည့်စုံတဲ့ ဝမ်းနည်းစရာ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။”
ထျန်းရွှဲ့မြို့ရှိ ကျူးမိသားစုက ကမ္ဘာပျက်သကဲ့သို့ပင် ဖြစ်နေလေ၏။ ကျူးဟုန်ကျူး၏ ဇနီးက သေဆုံးသွားခဲ့သည်။ ကျူးဟုန်ကျူး၊ ကျူးကျွင်းနှင့် ကျူးမိသားစု၏ အရေးပါသော အဖွဲ့ဝင်အားလုံးတို့က အကျဉ်းထောင်ထဲသို့ ရောက်နေ၏။ ကျူးလင်းကလည်း သေဆုံးသွားခဲ့သည်မှာ ကြားနေပြီဖြစ်၏။ ထို့ကြောင့် ကျူးရုံ၏ ဇနီးနှင့် ကျူးဟုန်ပင်းတို့ကသာလျှင် မိသားစုကို ဦးစီးနေရသည်။
ကျူးဟုန်ပင်းက နန်းတွင်းစာမေးပွဲတွင် ပထမရခဲ့သူဖြစ်ပြီး နင်ယွမ်ရှန်းက မိုင်းတစ်ထောင်မြင်းဟုပင် ချီးကျူးခဲ့သူဖြစ်၏။ ကျူးဟုန်ပင်းက ကျုံးရှစ်ရှစ်နှင့် စေ့စပ်ထားသူပင်။ သူက ကျောင်းတွင် ထိပ်တန်းပညာရှင် ဖြစ်သော်လည်း အရာရှိ မဖြစ်ခဲ့ချေ။ သူက အိမ်၌နေပြီး စာကို လေ့လာ၏။
ရှမ့်လန် ဘာတွေ တွေးနေသည်ကို မည်သူမှ မသိကြချေ။ ထို့ကြောင့် သူက အဖမ်းမခံရသလို အကျဉ်းထောင် သို့လည်း အပို့မခံရပေ။ နေ့လည်ပိုင်းတွင်တော့ တခြားတစ်ယောက်က ကျူးမိသားစု၏ အိမ်တော်သို့ ဝင်လာ၏။ နင်ယွမ်ရှန်း၏ ဇနီး၊ မိဖုရားကြီးကျူးပင်ဖြစ်သည်။
သူမက နင်ယွမ်ရှန်းအပေါ် အမှားကျူးလွန်ခဲ့သော်လည်း ရှမ့်လန်နှင့် နင်ကျန်းက သူမကို အပြစ်ပေးပိုင်ခွင့် မရှိကြချေ။ နင်ယွမ်ရှန်းက တုန်ယင်နေသည့် လက်များဖြင့် ကွာရှင်းစာချုပ်၌ လက်မှတ်ရေးထိုးပြီး သူမကို အိမ်ပြန်ခိုင်း၏။ ထို့နောက် မိဖုရားကြီးကျူးက မိဘများ၏ အိမ်သို့ ပြန်ရောက်လာ၏။
ပထမဇနီးသည် သေဆုံးသွားခဲ့သောကြောင့် နင်ယွမ်ရှန်းက အဆုံးမဲ့သော အပြစ်ရှိစိတ်တို့နှင့် ပြည့်နှက်နေ ခဲ့၏။ ထို့ကြောင့် သူက သူ၏မိန်းမများကို အစမှအဆုံးထိ ကောင်းမွန်စွာ ဆက်ဆံ၏။ ဘာပဲဖြစ်ဖြစ် သူတို့ကို သတ်ခြင်း သို့မဟုတ် အကျဉ်းချခြင်း မပြုခဲ့ချေ။
မိဖုရားကြီးကျူးက လက်ထပ်တည်းက နင်ယွမ်ရှန်းကို အမြဲတမ်း အထင်သေးခဲ့၏။ နင်ယွမ်ရှန်း၏ ဂုဏ်သိက္ခာကို အကြိမ်ကြိမ် လှောင်ပြောင်ခဲ့ပြီး နင်းချေ၏။ အရေးကြီးဆုံးအချိန်တွင် နင်ယွမ်ရှန်း၏ ဆန့်ကျင်ဘက်တွင် ရပ်တည်ခဲ့ပြီး နင်ချီ ထီးနန်းတက်ရန်ပင် ထောက်ခံခဲ့၏။ နောက်ပိုင်း မိဖုရားကြီးဆိုသည့် ဘွဲ့ကို အသုံးချကာ နင်ရှောင်ကို ထီးနန်းတက်ရန် ထောက်ခံခဲ့သေးသည်။
ယနေ့ နင်ယွမ်ရှန်းက သူမကို အလွယ်တကူဖြင့် သတ်ဖြတ်ပစ်နိုင်စွမ်း ရှိသော်လည်း သူမကို မထိခိုက်စေ ခဲ့သလို မကောင်းစကား ဟူ၍လည်း တစ်ခွန်းမှ မပြောခဲ့ချေ။
နန်းတော်မှ ထွက်လာသည့် အချိန်မှာတော့ မိဖုရားကြီးကျူးက မောက်မာပြီး အေးစက်နေဆဲပင်။ ထီးပါး၍ မရနိုင်သည့် ပုံစံသွင်ပြင်မျိုးပင်။
သို့သော်ငြား အိမ်ပြန်ရောက်ပြီး အခန်းထဲတွင် တစ်ယောက်ထဲ ထိုင်တဲ့အချိန်မှာတော့ တဖြည်းဖြည်း ညှိုးငယ်စွာဖြင့် မငိုဘဲ မနေနိုင်တော့ပေ။ သူမက အလုံးစုံ ငိုယိုလျက် ရှိနေ၏။
“ငါ... ကျူးမင်မင်... အစကနေ အဆုံးထိ ဝမ်းနည်းဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်နဲ့ ရှင်သန်ခဲ့တာပဲ။”
ပြီးနောက် သူမက မှန်ထဲတွင် မိမိကိုယ်ကို ကြည့်၏။ သူမ၏ ဆံနွယ်များက တစ်ဝက်ဖြူနေပြီဖြစ်ပြီး တောက်ပမှုအားလုံးက ပျောက်ကွယ်သွား၏။ ဤဘဝတွင် သူမက နင်ယွမ်ရှန်းကို အထင်သေးခဲ့၏။ အောက်ကို ငုံ့ကြည့်ခဲ့၏။ ရွံရှာခဲ့၏။ သို့ပေမည့် သူမ၏ယောက်ျား၏ ပုံရိပ်က ပိုမို၍ မြင့်မားလာခဲ့၏။ သူမ၏ ယောက်ျားက မတ်မတ်ရပ်လာနိုင်ခဲ့၏။
ပြန်စဉ်းစားကြည့်ချိန်မှာတော့ ဤဘဝတွင် မည်သူက သူမ၏ စိတ်ထဲတွင် နက်ရှိုင်းသည့် အမှတ်တရများကို ချန်ရစ်ခဲ့သနည်း။ သူမက ကလေး မမွေးခဲ့ချေ။ နင်ယီကလည်း သူမ မွေးစားထားခဲ့ခြင်း ဖြစ်၏။ ဆယ်စုနှစ်အတွင်း သူမ၌ ဘာမှမရှိတာ သေချာပြီး သူမ၏ စိတ်ထဲတွင် ကျန်ရှိနေခဲ့သည့် တစ်ခုတည်းသော အရာက သူမ၏ ယောက်ျား နင်ယွမ်ရှန်းပင် ဖြစ်လေသည်။
..........