← Chapters

အခန်း (၅၂၇)

Vol. 53 Ch. 527

အခန်း (၅၂၇)

Vol. 53 Ch. 527

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၂၇

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

လူတစ်စု၏ အကြိမ်ကြိမ် ဝါဒဖြန့် မှိုင်းတိုက်မှုကြောင့် လူတိုင်းသည် ဧကရာဇ်က ကုန်းကုန်းလေး တုပိုင်ကို မျက်နှာသာပေးပြီး သူ့အသက်ကို ကယ်တင်ခဲ့ဖူးသည်ဟူသော အကြောင်းပြချက်တစ်ခုတည်းဖြင့် သူရဲကောင်းဘွဲ့ ပေးသနားခဲ့သည်ဟု သိထားကြသည်။

ထိုမျှသာမက ရူးသွပ်နေသော ဧကရာဇ်သည် ကုန်းကုန်းလေး တုပိုင်အား ပိုင်ဆယ်စီရင်စုမှူးအဖြစ် ခန့်အပ်ပြီး အနောက်တောင်ပိုင်းရှိ စစ်ရေးနှင့် တိုင်းပြည်ရေးရာ အာဏာအားလုံးကို အသက် ဆယ့်ကိုးနှစ် မပြည့်သေးသော ကုန်းကုန်းတစ်ယောက်၏ လက်ထဲသို့ ထိုးအပ်ခဲ့သည်ဟုလည်း ဆိုကြသည်။ ထို့ကြောင့်ပင် အင်ပါယာ၏ အနောက်တောင်ပိုင်း တစ်ခုလုံး ကျဆုံးခဲ့ရပြီး လီမိသားစု၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ရသည်ဟု စွပ်စွဲကြလေသည်။

ထို့အပြင် ဧကရာဇ်သည် ရိုးသားသော အကြံပေးချက်များကို လုံးဝ နားမထောင်ဘဲ ညီလာခံသဘင်သို့ မတက်ရောက်သည်မှာ နှစ်ဝက်ခန့် ကြာမြင့်နေပြီဖြစ်ကာ တိုင်းပြည်ရေးရာများကို လျစ်လျူရှုထားသည်ဟုလည်း ဆိုကြသည်။

အချို့လူများကမူ ဧကရာဇ်သည် တုပိုင်ကို မျက်နှာသာပေးရခြင်းမှာ အသက်ကယ်တင်ခဲ့ဖူးသော ကျေးဇူးကြောင့် မဟုတ်ဘဲ တုပိုင်က ချောမောလှပလွန်းသဖြင့် သူတို့နှစ်ဦးကြားတွင် မပြောရဲမဆိုရဲသော ဆက်ဆံရေး ရှိနေသည်ဟုပင် ကောလာဟလ ဖြန့်ကြသည်။

ဤကဲ့သို့သော အရည်အချင်းမရှိ ၊ မိုက်မဲသော ဧကရာဇ်မျိုးကို နှစ်တစ်ထောင်အတွင်း တစ်ကြိမ်မျှ မမြင်ဖူးခဲ့ချေ။

သစ္စာရှိသော အရာရှိများသည် ဧကရာဇ်အား သစ္စာမရှိသောကြောင့် ထီးနန်းစွန့်ခိုင်းခြင်း မဟုတ်ဘဲ တာ့နင်အင်ပါယာ၏ အကျိုးစီးပွားကို ရှေးရှု၍ ထီးနန်းစွန့်ခိုင်းခြင်း ဖြစ်သည်ဟု အကြောင်းပြကြသည်။

ရှေးခေတ်ကာလက ယီရင်သည် ထိုက်ကျားကို ပြည်နှင်ဒဏ် ပေးခဲ့ဖူးပြီး ၊ ယခုအခါ အိမ်ရှေ့စံ၏ ဆရာသခင် ဆုချန်ပေါ်သည် ဧကရာဇ်ထျန်ယွင်အား ထီးနန်းစွန့်ခိုင်းရန် ဖိအားပေးနေခြင်း ဖြစ်သည်။ ဤသည်မှာ သမိုင်းတွင် ကျန်ရစ်မည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ဆရာသခင်ဆု၏ မိသားစုသည် မည်သို့ စိုးရိမ်ပူပန်နေမည်နည်း။

ဆရာသခင်ဆု၏ ဤလုပ်ရပ်သည် ကြီးမားသော အကျိုးကျေးဇူးများနှင့် လဲလှယ်ထားခြင်း ဖြစ်သည်။ ဆုမိသားစုမှ အနာဂတ် နန်းရင်းဝန် နေရာ ၊ နှစ်စဉ် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရရှိမည့် ငွေတုံး သိန်းနှင့်ချီ ၊ မြေသြဇာကောင်းမွန်သော လယ်မြေဧက တစ်သောင်းတို့ကို ရရှိမည် ဖြစ်သည်။

ဤအရာများ အားလုံးသည် အကျိုးစီးပွားအတွက်သာ ဖြစ်ချေ၏။ တုပိုင်နှင့် ဧကရာဇ်ကြားက ကြောက်မက်ဖွယ်ရာ ကောလာဟလများကို ဆရာသခင်ဆု၏ အငယ်ဆုံးမြေးက စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ သူ၏ ပန်းချီစွမ်းရည်မှာ အလွန် ပြောင်မြောက်ပြီး ယခုအခါတွင် တစ်ခါမှ မရှိဖူးသော နန်းတွင်းအတင်းအဖျင်း ပုံများကို ရေးဆွဲနေလေသည်။

ဤပုံသည် အလွန် လက်ရာမြောက်သဖြင့် တုပိုင်တစ်ယောက် မြစ်ဝါမြစ်ထဲ ခုန်ချလျှင်ပင် စင်ကြယ်အောင် ဆေးကြော၍ ရနိုင်တော့မည် မဟုတ်ဘဲ နှစ်ပေါင်းထောင်ချီတိုင်အောင် လူပြက်တစ်ယောက် ဖြစ်သွားစေမည်ဟု သူ အခိုင်အမာ ယုံကြည်ထားသည်။

လက်ရာမြောက်သော မဖွယ်မရာ ပန်းချီကားပေါ်တွင် တုပိုင်၏ ပုံရိပ်ကို ကွက်ကွက်ကွင်းကွင်း ရေးဆွဲထားသည်ကို ကြည့်ရင်း ဆုသခင်လေးက ပြုံးကာ ပြောလိုက်သည်။ “ညီလေးသုံးက တကယ့်ကို ပန်းချီဆရာတစ်ယောက်ပဲ... ဒီပုံကို ရေးဆွဲပြီးတာနဲ့ တုပိုင်က နှစ်ပေါင်းထောင်ချီ နာမည်ပျက်သွားမှာဖြစ်သလို ဧကရာဇ်လည်း နှစ်ပေါင်းထောင်ချီ နာမည်ဆိုးနဲ့ ကျန်ရစ်တော့မှာ...”

ဒုတိယမြေးဖြစ်သူ ဆုသခင်လေးက မေးလိုက်၏။ “ငါတို့ ကောလာဟလ ဖြန့်နေကြတာလား...”

အကြီးဆုံးမြေးဖြစ်သူ ဆုသခင်လေးက ပြောလိုက်သည်။ “ရလဒ်က မှန်ကန်နေသရွေ့ လုပ်ဆောင်ပုံနည်းလမ်းကို ဘာလို့ ဂရုစိုက်နေမှာလဲ...”

တော်ဝင်တက္ကသိုလ်တွင် ပညာသင်ကြားနေသော တတိယမြေးက ဝင်ပြောလိုက်သည်။ “ဒီခေတ်ကြီးမှာ အမှန်တရားကို ဘယ်သူက ဂရုစိုက်နေလို့လဲ... အမှန်တရားက ဖန်းမိသားစု ပုန်ကန်ပြီး လီမိသားစုနဲ့ ပူးပေါင်း ၊ ကွမ်ရှီးပြည်နယ်က အရာရှိအားလုံးကို သတ်ပစ်လိုက်ကြတာ... ကုန်းကုန်းလေး တုပိုင်တစ်ယောက်တည်းသာ ကွမ်ရှီးပြည်နယ်ရဲ့ အကြီးဆုံး အရာရှိ ဖြစ်လာပြီး အင်ပါယာအပေါ် သစ္စာစောင့်တော့တာလေ”

“သူက လီမိသားစုကို ခုခံကာကွယ်ဖို့ ကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်တယ်... ဒါက လေးစားစရာကောင်းတဲ့ သူရဲကောင်းတစ်ယောက်ပဲ... ဒါပေမဲ့ ငါတို့က သမင်ကို မြင်းလို့ ပြောရမယ်... တုပိုင်ကို မျက်နှာသာပေးပြီး ကွမ်ရှီးပြည်နယ်ရဲ့ စစ်ရေးနဲ့ တိုင်းပြည်ရေးရာ အာဏာအားလုံးကို တုပိုင်လက်ထဲ ထိုးအပ်လိုက်တဲ့ ဧကရာဇ်အဖြစ် ပုံဖော်လို့ ရတယ်... တုပိုင်ရဲ့ စစ်တပ်က သူ့ဘာသာ ကြိုးစားပမ်းစား တည်ဆောက်ခဲ့တာ ဖြစ်ပေမဲ့ ငါတို့ကြောင့် ညစ်နွမ်းသွားရပြီ... ဒီလောကကြီးက တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတယ်...”

ဒုတိယမြေးက ပြောလိုက်သည်။ “တကယ် စိတ်ဝင်စားဖို့ ကောင်းတယ်... ဘုရင်က ရှုံးနိမ့်သွားမှသာ အနိုင်ရသူက အဖြူကို အမည်းဖြစ်အောင် ပြောင်းလဲပစ်နိုင်တဲ့ အာဏာရှိတာကိုး...”

ထိုအချိန်၌ပင် ဒုတိယနန်းရင်းဝန်ဟောင်း ဖြစ်သူ သူတို့၏ အဘိုးဖြစ်သူ ဆုချန်ပေါ်၏ ရုပ်အလောင်းကို အိမ်တော်ထဲသို့ သယ်ဆောင်လာကြရာ မိသားစုတစ်ခုလုံး ပေါက်ကွဲသွားရလေတော့သည်။

အဘိုးဖြစ်သူ၏ ရုပ်အလောင်းကို မြင်လိုက်ရသောအခါ ဆုမိသားစု၏ မဏ္ဍိုင်ကြီး သုံးခုဖြစ်သော မြေးသုံးယောက်စလုံး သူတို့မျက်လုံးများကို သူတို့ မယုံနိုင်အောင် ဖြစ်သွားကြသည်။

ကြင်နာတတ်သော ဧကရာဇ်က... လူသတ်ရဲသည်လား။ မင်းဆက်သုံးဆက်စာ ဝါရင့်အမတ်ကြီးဖြစ်သူ သူတို့၏ အဘိုးကို သတ်ပစ်လိုက်လေသလား။

အကြီးဆုံးမြေးဖြစ်သူ ဆုသခင်လေးသည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။ “ကောင်းကင်ဘုံက တရားမျှတမှု မရှိဘူး... မိုက်မဲတဲ့ ဧကရာဇ်ထျန်ယွင်က တုပိုင်ကို မျက်နှာသာပေးပြီး မဖွယ်မရာ ဆက်ဆံရေး ရှိနေတယ်... တုပိုင်က ကွမ်ရှီးပြည်နယ်ရဲ့ စစ်ရေးနဲ့ တိုင်းပြည်ရေးရာ အာဏာကို ချုပ်ကိုင်ထားပြီး အာဏာလက်လွတ် ဖြစ်စေခဲ့တယ်... ဧကရာဇ်က အပြစ်မပေးတဲ့အပြင် သစ္စာရှိတဲ့ အမတ်ဟောင်းကြီးကိုတောင် သတ်ပစ်တယ်... ငါ ဟန်လင်းပညာရှိအဖွဲ့ကို ချက်ချင်း သွားမယ်... ဒုတိယညီလေးက အခမ်းအနားဝန်ကြီးဌာနကို သွား... တတိယညီလေးက တော်ဝင်တက္ကသိုလ်ကို သွားပြီး အရာရှိငယ်တွေ၊ ကျောင်းသားတွေ အားလုံးကို စုစည်းလိုက်... ငါတို့အတွက် တရားမျှတမှုကို တောင်းဆိုရမယ်...”

“သွား... သွား... သွား...”

“မိုက်မဲတဲ့ ဧကရာဇ်က မိန်းမစိုးကို မျက်နှာသာပေးလို့ အနောက်တောင်ပိုင်း ကျဆုံးခဲ့ရပြီ... သစ္စာရှိတဲ့ အမတ်တွေ အသတ်ခံရပြီး တိုင်းပြည် ပျက်စီးတော့မယ်...”

“တတိယညီလေး... တော်ဝင်တက္ကသိုလ် ကျောင်းသားတွေကို စုစည်းပြီး ဧကရာဇ်နဲ့ တုပိုင်ရဲ့ မဖွယ်မရာ ပန်းချီကား ရာပေါင်းများစွာကို ကူးဆွဲခိုင်းလိုက်... ပြီးရင် အားလုံးကို ဖြန့်ဝေလိုက်... ဧကရာဇ်နဲ့ တုပိုင် နာမည်ပျက်သွားအောင် လုပ်ရမယ်...”

ဒေါသထွက်နေသော ဆုညီအစ်ကိုသုံးယောက်သည် အိမ်ထဲမှ ပြေးထွက်ပြီး တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။

ထိုအချိန်၌ပင် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည် ထောင်ပေါင်းများစွာသည် ဒီရေအလား ဆုအိမ်တော်ထဲသို့ ဝင်ရောက်လာကြလေသည်။

အကြီးဆုံးမြေးဖြစ်သူ ဆုသခင်လေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ရိုင်းစိုင်းလိုက်တာ... ဒါက ဧကရာဇ်ရဲ့ ဆရာသခင် အိမ်တော်နော်... မင်းတို့လို ကုန်းကုန်းခွေးတွေ ဝင်လာရဲတယ်လား...”

အရှေ့ဘက်ကွပ်ကဲရေးရုံးမှ ဦးဆောင်လာသော တပ်ရင်းမှူးက ပုံတစ်ပုံကို ထုတ်ယူကာ ဟန်လင်းပညာရှိအဖွဲ့မှ ဆုသခင်လေးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ဟန်လင်းပညာရှိအဖွဲ့မှာ ကောလာဟလတွေ ဖြန့်ပြီး မြို့စားမင်းတုပိုင်နဲ့ ဧကရာဇ်ကို တိုက်ခိုက်ခဲ့တာ မင်းလား... သမိုင်းစာအုပ်တွေကိုတောင် ပြင်ဆင်ဖို့ ကြိုးစားရဲတယ်ပေါ့... ဘိုးဘေးတွေ ပြောထားတယ်... အကျင့်ပျက်ခြစားရင် သင်းကွပ်တဲ့ ပြစ်ဒဏ် အရင်ပေးရမယ်တဲ့...”

ထို့နောက် သူသည် ထက်မြက်သော ဓားတစ်ချောင်းဖြင့် ဝှေ့ယမ်းလိုက်လေသည်။

“ရွှီးးး...”

ဟန်လင်းပညာရှိအဖွဲ့မှ ဆုသခင်လေးသည် ချက်ချင်းပင် သင်းကွပ်ခံလိုက်ရလေသည်။ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးက ပြောလိုက်၏။ “ကဲ... အခု မင်းလည်း ကုန်းကုန်း ဖြစ်သွားပြီ...”

“အားးး...” ဆုအိမ်တော်၏ အကြီးဆုံးသားသည် ဒဏ်ရာကို ဖက်လျက် မြေကြီးပေါ်တွင် လူးလိမ့်ကာ သနားစဖွယ် အော်ဟစ်လိုက်လေသည်။

ထို့နောက် တပ်ရင်းမှူးသည် တတိယမြေးဖြစ်သူ ဆီသို့ လျှောက်သွားပြီး ပြောလိုက်သည်။ “မြို့စားမင်းတုပိုင်နဲ့ ဧကရာဇ်အကြောင်း ကောလာဟလတွေ ဖြန့်ပြီး ရွံရှာဖွယ်ရာ ပုံတွေကို ဆွဲခဲ့တာ မင်းလား...”

ဆုသခင်လေးသည် တစ်ကိုယ်လုံး တုန်ယင်နေပြီး စကားမပြောနိုင်တော့ပေ။

အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးက အေးစက်စွာ ပြောလိုက်သည်။ “ဘိုးဘေးရဲ့ အမိန့်အတိုင်း ဒီတိရစ္ဆာန်ကောင်ကို ဆုအိမ်တော်က လူတွေအားလုံးရဲ့ ရှေ့မှာ သင်းကွပ်လိုက်...”

“ဟုတ်ကဲ့...”

ချက်ချင်းပင် စစ်သည်အများအပြား ရှေ့သို့ တိုးလာပြီး ဆယ့်ရှစ်နှစ်အရွယ် ဆုအိမ်တော်၏ တတိယမြေးကို မြေကြီးပေါ်သို့ ဖိချကာ ပြစ်ဒဏ် စတင်စီရင်ကြလေတော့သည်။

“အားးး... အားးး... အားးး...”

ဆုအိမ်တော်၏ တတိယမြေးထံမှ သနားစဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာလေ၏။

“အဘွား... ကယ်ပါဦး... ကယ်ပါဦး...”

ထိုအချိန်၌ပင် သူရဲကောင်းတစ်ဖွဲ့ ပြေးထွက်လာပြီး နှစ်ဖက်ခွဲကာ လမ်းဖယ်ပေးလိုက်ကြသည်။ ထို့နောက် ပထမဧကရာဇ် ပေးသနားထားသော လမ်းလျှောက်တုတ်ကောက်ကို ကိုင်ဆောင်ထားသည့် အဘွားအိုတစ်ဦးသည် ရှေးဟောင်းအမူအရာဖြင့် ဖြည်းညှင်းစွာ လမ်းလျှောက်လာလေသည်။

“ရိုင်းစိုင်းလိုက်လေခြင်း...”

အဘွားအိုသည် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ “ဘယ်သူက မင်းတို့ကို လာခိုင်းတာလဲ... လီလျန်တင်းလား... သူ့ကို ငါ့ရှေ့ လာတွေ့ခိုင်းလိုက်... ဧကရာဇ်တောင် ငါ့ရှေ့ရောက်ရင် ဦးညွှတ်ပြီး အဘွားလို့ ခေါ်ရတယ်... ဆုအိမ်တော်က မင်းတို့လို ကုန်းကုန်းတွေ ရိုင်းစိုင်းလို့ရတဲ့ နေရာ မဟုတ်ဘူး...”

မှန်ပေသည်။ ဧကရာဇ်သည်ပင် ဤအဘွားအိုကို တွေ့လျှင် အဘွားဟု ခေါ်ရပေသည်။ ဤအဘွားအိုသည် ယခုနှစ်တွင် အသက် ရှစ်ဆယ်ကျော်နေပြီဖြစ်သည်။ သူမသည် ဆရာသခင်ဆု၏ မိခင်ဖြစ်ပြီး ပထမဧကရာဇ်၏ အထိန်းတော်လည်း ဖြစ်လေသည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၂၇ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters