← Chapters

မင်းကို လှည့်စားဖို့အတွက် ညှိနှိုင်းနေစရာမလိုဘူး

Vol. 28 Ch. 404

မင်းကို လှည့်စားဖို့အတွက် ညှိနှိုင်းနေစရာမလိုဘူး

Vol. 28 Ch. 404

ပျက်စီးခြင်းလူသားတောင်ကြားထဲတွင် လင်ရှင်းထုံ အရိုးသန့်စင်နေသည်ကို ယီယွင် မြင်ဖူးသည်။ ထို့နောက်တွင် သူသည် လင်ရှင်းထုံ ပျက်စီးခြင်းအရိုးထဲမှ ထုတ်ယူထားသည့် ပျက်စီးခြင်းစွမ်းအင်များကို ထိန်းချုပ်ကြည့်ရန် ကြိုးစားခဲ့ပြီး အောင်မြင်ခဲ့သည်။

ယင်းကပင် ယီယွင် ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး ဖြစ်လာလိုရခြင်း၏ အစ ဖြစ်လေသည်။ သူ ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး ဖြစ်လာစေရန် ပထမဆုံးခြေလှမ်းဖြစ်သည့် စုကျဲ၏ မှတ်စုစာအုပ်ကို လင်ရှင်းထုံထံမှ ရရှိခဲ့သည်။

ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်တွင် ရှန်းထူနန်ထျန်းက ယီယွင်ကို အတူပူးပေါင်းပေးရန် ပြောခဲ့စဥ်ကတည်းကပင် ယီယွင်က အရေးကြီးအခြေအနေတွင် ခရမ်းရောင်သလင်းကျောက် အသုံးပြုပြီး ရှန်းထူနန်ထျန်းကို လှည့်စားမည်ဟု စီစဥ်ထားခဲ့သည်။ ထို့ကြောင့် သူ့အား ရှန်းထူနန်ထျန်းက ပစ်မှတ်ထားနေသည်ကို သိနေသည့်တိုင်အောင် ယီယွင်က စိန်ခေါ်မှုကို လက်ခံခဲ့ခြင်း ဖြစ်လေသည်။

ယီယွင်က သဘောထားကြီးတတ်သူ မဟုတ်ပေ။ သူ့အား ဆန့်ကျင်သူတိုင်းကို တူညီသည့်ပုံစံအတိုင်း ပြန်ပေးမည်သာ ဖြစ်လေ၏။

ရှန်းထူနန်ထျန်းက ပုံရိပ်လေးခုချိတ်တံဆိပ်ကို ပေါင်းစည်းနေသည့် အရေးကြီးအခြေအနေတွင် ခရမ်းရောင်သလင်းကျောက်၏ တောက်ပသောအလင်းများက အဆုံးစွန်အထိ ရောက်ရှိလာသည်။ အနက်ရောင်ဝဲကတော့တစ်ခု တိတ်ဆိတ်စွာ ဖြစ်ပေါ်လာပြီး ပုံရိပ်လေးခုချိတ်တံဆိပ်များပေါ်တွင် အားကောင်းသော စုပ်ယူအားတစ်ခု စတင်ဖန်တီးလေသည်။ ယင်းကြောင့်ပုံရိပ်လေးခုချိတ်တံဆိပ်များ ချက်ချင်းပင် ဖရိုဖရဲဖြစ်လာရသည်။

လက်ရှိတွင် အစီအရင်က ခရမ်းရောင်သလင်းကျောက်၏ စွမ်းအားများအတွက် အဟန့်အတားဖြစ်နေသည်ကို ယီယွင် ရှင်းလင်းစွာပင် ခံစားမိလာသည်။

ခရမ်းရောင်သလင်းကျောက်က ပိုင်ရှင်မရှိသည့် စွမ်းအင်များကိုသာ စုပ်ယူနိုင်သည်။ ရှေးဦးမျိုးစိတ်များ၏ သွေးများထဲမှ ရှန်းထူနန်ထျန်း ထုတ်ယူထားသော သားရဲအမှတ်အသား ပုံရိပ်လေးခုကို ရှန်းထူနန်ထျန်းက အချိန်မီ သန့်စင်ထားခြင်း မရှိလေသောကြောင့် ယင်းတို့က ပိုင်ရှင်မရှိသည့် သန့်စင်သောစွမ်းအင်များ ဖြစ်ကြလေသည်။

သို့သော် အစီရင်၏ ပိတ်လှောင်မှုကြောင့် ပိုင်ရှင်မဲ့ စွမ်းအင်များက ချက်ချင်းဆိုသလိုပင် ခုခံမှုအချို့ ရှိလာသည်ကို ယီယွင် ခံစားလိုက်ရ၏။

သို့​သော် ပုံရိပ်လေးခုချိတ်တံဆိပ်ကို အသုံးပြုနိုင်ရုံမျှသာရှိသော ရှန်းထူနန်ထျန်းမှာမူ လက်ရှိတွင် သူ၏စိတ်စွမ်းအားများ အားလုံးကို သုံးစွဲနေရသည်။ သူက သူ၏အကန့်အသတ်သို့ ရောက်ရှိနေသည်။

သူက ပုံရိပ်လေးခုချိတ်တံဆိပ်များကို ဆန္ဒရှိသလို ထိန်းချုပ်နိုင်ခြင်းမရှိပေ။ သူက ပုံရိပ်လေးခုချိတ်တံဆိပ်၏ တည်ငြိမ်မှုကို ထိန်းနိုင်သည်ဆိုရုံသာရှိပြီး အချိန်မရွေးပင် ပြိုကွဲသွားနိုင်သည်။

ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်များ ကြားဝင်စွက်ဖက်လာချိန်တွင် ရှန်းထူနန်ထျန်း ကိုင်တွယ်နိုင်သည်ထက် ကျော်လွန်သွားသည်မှာ သံသယဖြစ်ရန် မလိုပေ။

" ဘာတွေ ဖြစ်နေတာလဲ "

ရှန်းထူနန်ထျန်း ထိတ်လန့်နေသည်။ သူ၏လက်ထဲမှ သားရဲအမှတ်အသား ပုံရိပ်လေးခုက မြင်းရိုင်းတစ်ကောင်ပမာ ဖြစ်နေလေပြီး သူ ဇက်ကြိုးထိန်းဖို့ရာ ခက်ခဲနေသည်ကို သိရှိခဲ့ရသည်။

လက်ရှိတွင် ရှန်းထူနန်ထျန်းထံ၌ သားရဲအမှတ်အသား ပုံရိပ်လေးခုကို ထိန်ချုပ်ရန်အတွက် စိတ်စွမ်းအားအပို ရှိပါဦးမည်လော။

ထိုရလဒ်ကြောင့် သားရဲအမှတ်အသား ပုံရိပ်လေးခု ဖရိုဖရဲဖြစ်လာကာ တောက်ပလာသည်။ ယင်းက လောင်ကျွမ်းနေသော နေမင်းပမာ ဖြစ်နေလေပြီး အချိန်မရွေးပင် ပေါက်ကွဲသွားနိုင်လေ၏။

" ဟားဟားဟား.... ပုံရိပ်လေးခုချိတ်တံဆိပ်က အထင်ကြီးစရာပဲ။ အတော်ကို အစွမ်းထက်တယ် "

ရှန်းထူမိသားစုမှ အကြီးအကဲတစ်ဦးက ဆိုလိုက်သည်။ အခြားသော ပျက်စီးခြင်းကောင်းကင်ပညာရပ်များက တင့်တယ်လှပသော်လည်း ပုံရိပ်လေးခုချိတ်တံဆိပ်နှင့် နှိုင်းယှဥ်လျှင်မူ အတိုင်းအတာအရာတွင် ကြီးစွာအားနည်းကြပေ၏။

" ဒါပေါ့... ဆန်းကြယ်နယ်မြေထဲကနေ ငါတို့ ရှန်းထူမိသားစု ရထားခဲ့တဲ့ ရှေးဟောင်း ပျက်စီးခြင်းကောင်းကင်ပညာရပ်သုံးခုထဲမှာ ပုံရိပ်လေးခုချိတ်တံဆိပ်က ပထမအဆင့်မှာရှိတယ် "

ရှန်းထူမိသားစုမှ အကြီးအကဲအချို့ကလည် ပုံရိပ်လေးခုချိတ်တံဆိပ်ကို အဆုံးမဲ့ချီးမွှန်းကြလေ၏။ သူတို့က ထိုချိတ်တံဆိပ်နည်းစနစ်ကို လျင်မြန်စွာ သင်ယူခွင့်ရရန် ဆန္ဒရှိနေကြသည်။ ယင်းက သူတို့၏ ပျက်စီးခြင်းကောင်းကင်ပညာရပ်များကို အဆင့်မြင့်တင်ပေးနိုင်ပေလိမ့်မည်။

လင်မိသားစုမှ အကြီးအကဲများမှာ ရှန်းထူမိသားစုတွင် ထိုကဲ့သို့ ကံကောင်းမှုအခွင့်အလမ်းမျိုး ရရှိခဲ့သည်ကို မနာလိုဖြစ်နေကြရ၏။ သူတို့ စကားပြောရန် ပြင်လိုက်စဥ်တွင် တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိသွားကြသည်။

" တစ်ခုခုမှားနေတဲ့ပုံပဲ "

အစီအရင်၏အလယ်မှ ရှန်းထူနန်ထျန်းမှာ မျက်နှာနီမြန်းနေသည်ကို သူတို့ မြင်လိုက်ကြရသည်။ သူ ချွေးပြိုက်ပြိုက်ကျနေပြီး နဖူးတွင် သွေးကြောစိမ်းများ ထောင်နေ၏။

" စိတ်မပူပါနဲ့... ပြဿနာမရှိနိုင်ပါဘူး။ ပြီးတော့ ပုံရိပ်လေးခုချိတ်တံဆိပ်က တကယ်ကို မလွယ်ကူဘူးလေ။ ရှန်းထူနန်ထျန်းရဲ့ ကျင့်ကြံမှုနဲ့တောင် ခံနိုင်တယ်ဆိုလောက်ပဲရှိတယ် "

ရှန်းထူမိသားစုမှ အကြီးအကဲအချို့က ဆိုလိုက်ကြသည်။ သူတို့က ပုံရိပ်လေးခုချိတ်တံဆိပ်၏ တိကျသောရလဒ်ကို မသိလေသောကြောင့် မူမမှန်မှုများကိုလည်း ထောက်လှမ်းမိခြင်းမရှိပေ။ ထိုကိစ္စက သာမန်ဟုပင် သူတို့က ထင်နေကြလေ၏။

ဟုတ်သည်။ ရှန်းထူနန်ထျန်းကဲ့သို့ပင် ပုံရိပ်လေးခုချိတ်တံဆိပ်ကို ထိတွေ့ဖူးသူ တစ်ယောက်ရှိလေသည်။ ထိုသူက လက်တစ်ထောင်ဖွားဖွား ဖြစ်လေ၏။

သူမက လင်မိသားစု၏ အဖွားတော် ၊ စုကျဲ ၊ လင်ရှင်းထုံတို့အား ရှန်းထူနန်ထျန်း၏ စွမ်းပကားအကြောင်း ကြွားပြီးခါစသာ ဖြစ်လေ၏။ ယခုတွင်မူ ပုံရိပ်လေးခုချိတ်တံဆိပ်၏ မျှခြေညီမှု ယိုယွင်းလာကာ မီးပြင်းဖိုတစ်လုံးပမာ ပေါက်ကွဲလုနီးပါး ဖြစ်လာလေသောကြောင့် သူမ၏အပြုံးများ အေးခဲသွားပြီး အိုမင်းသော မျက်ဝန်းများထဲတွင် ထိတ်လန့်ဟန်များ ဖြစ်ပေါ်လာသည်။

" ထျန်းအာ "

လက်တစ်ထောင်ဖွားဖွားက ဟစ်အော်ကာ ထရပ်လိုက်ရာ အောက်ခြေရှိ ထိုင်ခုံမှာ တစ်စစီဖြစ်သွားရ၏။ သူမက ဖားပြုတ်အိုကြီးပမာ ခုန်ထွက်သွားပြီး ကွင်းပြင်အလယ်သို့ ဦးတည်လေသည်။

" ထျန်းအာ...တောင့်ထား " လက်တစ်ထောင်ဖွားဖွား ကြီးစွာပင် မျက်နှာပျက်နေ၏။ သူမ၏ ရှုံ့တွနေသော လက်များက လေထဲတွင် ချိတ်တံဆိပ်များ ဖော်ဆောင်သည်။ သူမက ရှန်းထူနန်ထျန်း၏ ရှေ့မှောက်မဖျ ကြောက်မက်ဖွယ်ရာ စွမ်းအင်များကို တည်ငြိမ်စေရန် ကြိုးစားလိုက်သည်။

လက်ရှိတွင် သားရဲအမှတ်အသား ပုံရိပ်လေးခု၏ စွမ်းအင်များ ဖရိုဖရဲဖြစ်နေကာ ပေါက်ကွဲလုနီးပါး ဖြစ်နေသည်။

ရှန်းထူနန်ထျန်း၏ ဆံပင်များ ရှုပ်ပွနေပြီး ခက်ထန်သည့်အသွင် ဖြစ်နေသည်။ သူ စိတ်စွမ်းအားများ အလွန်အကြူး ထုတ်သုံးထားရလေသောကြောင့် မျက်နှာသည် ရှုံ့မဲ့နေလေ၏။

လက်တစ်ထောင်ဖွားဖွား ပျံသန်းကာလာနေသည်ကို မြင်သောအခါတွင် ရှန်းထူနန်ထျန်းက လျှာကိုကိုက်ကာ သွေးအဆီအနှစ်တစ်လုတ် ထုတ်ယူသည်။ သူက သွေးအဆီအနှစ်များကို လောင်ကျွမ်းစေပြီး စက္ကန့်ဝက်မျှ ခံနိုင်ရည်ရှိစေရန် စွမ်းအားရယူလိုသည်။

ထိုစဥ် ယီယွင်က ဘေးကင်းသော အကွာအဝေးသို့ တိတ်တဆိတ် ဆုတ်ခွာသွားလေ၏။ လက်တစ်ထောင်ဖွားဖွားက မှော်စာလုံးချိတ်တံဆိပ်များ ထုတ်ဖော်နေပြီး ရှန်းထူနန်ထျန်းက သွေးအဆီအနှစ်များ လောင်ကျွမ်းစေကာ သူ၏ဝိညာဥ်ပင်လယ်ကို ကြီးစွာခမ်းခြောက်နေစေကြောင်း မြင်လိုက်ရချိန်၌ ယီယွင်က မျက်နှာဖုံးအောက်တွင် ပြုံးလိုက်သည်။

" ပေါက်ကွဲလိုက်စမ်း "

ယီယွင်က ရေရွတ်က ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်များကို အဆုံးစွန်အထိ တိုးမြင့်လိုက်သည်။

ဘုန်း...။

သားရဲအမှတ်အသား ပုံရိပ်လေးခုတို့အကြားမှ အားနည်းသော စွမ်းအင်မျှခြေ လုံးဝပျက်ယွင်းသွားကာ ရှေးဦးမျိုးစိတ်များ၏ စွမ်းအင်များ ဆုံတွေ့မိပြီး အစွမ်းထက်သော ပျက်စီးခြင်းစွမ်းအင်များ ထကြွလာကာ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုတစ်ခုအဖြစ် ​ပြောင်းလဲသွားလေသည်။

အား...။

ဦးစွာ ထိမှန်ခံလိုက်ရသည့် ရှန်းထူနန်ထျန်းမှာ ဟစ်အော်လိုက်ရသည်။

အနီးနားမှ လက်တစ်ထောင်ဖွားဖွား မျက်လုံးပြူးနေသည်။ သူမ ပို့လွှတ်လိုက်သည့် သားရဲအမှတ်အသား ပုံရိပ်လေးခုကို တည်ငြိမ်စေရန် ချိတ်တံဆိပ်များ ရောက်ရှိရန်အတွက် တစ်စက္ကန့်၏ ဆယ်ပုံလျှင် တစ်ပုံအချိန်သာ လိုအပ်တော့သည်။ ထိုမျှအချိန်ကွာဟချက်သည် ကောင်းကင်နှင့် ပိုင်းခြားထားသော ကျုံးတစ်ခုပမာ ဖြစ်သွားခဲ့လေ၏။

ဖောင်း...။

လက်တစ်ထောင်ဖွားဖွား၏ လက်ဝါးများက စွမ်းအင်ပေါက်ကွဲမှုနှင့် ထိတွေ့မိသွားသည်။ သူမ၏ အစွမ်းထက်သော ယွမ်ချီများနှင့် ဆုံတွေ့မိချိန်တွင် စွမ်းအင်ပေါက်ကွဲမှုများ ပျောက်ကွယ်သွားသည်။

ရှေးဦးမျိုးစိတ်များ၏ စွမ်းအင်များ ပေါက်ကွဲမှုက ရှန်းထူနန်ထျန်း ကိုင်တွယ်နိုင်သည်ထက် ကျော်လွန်နေသည်။ သူ၏ရှေ့တွင် ရှေးဦးမျိုးစိတ်များ၏ စွမ်းအင်များ ပေါက်ကွဲလာသည်ကို ရှန်းထူနန်ထျန်းက မည်သို့များ ခံနိုင်ပါမည်နည်း။

ကျန်ရှိနေသော စွမ်းအင်ပေါက်ကွဲမှုများက ရှန်းထူနန်ထျန်း၏ ရင်ဘက်အား ထိမှန်လေသည်။ သူ၏ရင်ဘက်အား တောင်တစ်လုံး ဝင်တိုက်သည့်ပမာ ခံစားလိုက်ရပြီး နံရိုးများနှင့် ရင်ညွန့်ရိုးများ ကျိုးကြေသွားပြီး သွေးအန်လိုက်ရကာ လွင့်စဥ်သွားလေသည်။

" ထျန်းအာ "

လက်တစ်ထောင်ဖွားဖွား သွေးပျက်သွားကာ သူမ၏ လက်ဝတ်ရုံရှည်ကို ဆန့်ထုတ်လိုက်ပြီး ရှန်းထူနန်ထျန်းအား ရစ်ပတ်လိုက်သည်။

သို့သော် ရှန်းထူနန်ထျန်း၏မျက်နှာ ဖြူလျော်နေပြီး ခန္ဓာကိုယ်သည် တုန်ယင်နေလေ၏။ သူ၏အခြေအနေက ဆိုးလှသည်ကို သိသာလေသည်။

သူ၏ရင်ဘက်တွင် ရင်ညွန့်ရိုးများ ကျိုးကြေကာ ဒဏ်ရာရနေသည့်အပြင် သူ၏နှလုံးနှင့် အဆုတ်တို့လည်း ထိခိုက်ခဲ့ရလေပြီး ပိုဆိုးသည်မှာ သူ၏ဝိညာဥ်က စိတ်ဝိညာဥ်တန်ပြန်မှု ခံလိုက်ရခြင်းပင်။

ဤရှေးဟောင်း ပျက်စီးခြင်းကောင်းကင်ပညာရပ်သည် သဘာဝအရ ရှေးအမွေအနှစ် မဟုတ်သလို လမ်းလွဲခြင်းလည်း မဟုတ်လေဘဲ စိတ်ဝိညာဥ်တန်ပြန်မှုကမူ အလွန်အစွမ်းထက်သည်။

ရှန်းထူနန်ထျန်းက ယီယွင် စိတ်ဝိညာဥ်တန်ပြန်မှု ခံစားရစေရန် လှည့်စားခဲ့သော်လည်း ကိုယ်ဖော်သည့်ဆေး ကိုယ်ပြန်မြည်းခဲ့ရသည်။ ပုံရိပ်လေးခုချိတ်တံဆိပ်ထံမှ စိတ်ဝိညာဥ်တန်ပြန်မှုကို သူ ခံစားခဲ့ရလေ၏။

ရှန်းထူနန်ထျန်း၏ ခြေထောက်အောက်ရှိ အစီအရင် ပြိုကွဲသွားရသည်။ အစီအရင်၏ ထောင့်နေရာများတွင် ရှိနေကြသည့် ရှန်းထူဟိုင်နှင့် ရှန်းထူဖုန်းတို့မှာလည်း ပေါက်ကွဲမှုထဲတွင် ပါဝင်သွားခဲ့သည်။

သူတို့က နေရာဝေးသော်လည်း ကျင့်ကြံမှုအဆင့်က ရှန်းထူနန်ထျန်းကို ယှဥ်နိုင်ခြင်းမရှိပေ။ သူတို့၏ အခြေအနေက ထူးပြီးမကောင်းလှပေ။ နှစ်ဦးစလုံး ကိုယ်တွင်းအင်္ဂါများ ထိခိုက်သွားခဲ့ကာ ပါးစပ်တွင် သွေးများပြည့်နေ၏။

ရှန်းထူနန်ထျန်းထက် ပိုသာသည်မှာ သူတို့က စိတ်ဝိညာဥ်တန်ပြန်မှုကို မခံစားခဲ့ရပေ။ သူတို့၏ဒဏ်ရာများ ပျောက်ကင်းရန်မှာ များစွာပိုကာ လွယ်ကူသည်။

ယီယွင်က ပေါက်ကွဲမှု မဖြစ်ခင်ကတည်းက ဆုတ်ခွာသွားခဲ့သည်။ ပေါက်ကွဲမှုဖြစ်ချိန်တွင် သူက ကွင်းပြင်၏ ထောင့်နေရာရှိ အစိမ်းရောင်မီးဖို၏နောက်တွင် ပုန်းနေခဲ့သည်။

ထို့ကြောင့် လူငယ်လေးဦးအနက် ယီယွင် တစ်ဦးတည်းကသာ ထိခိုက်မိခြင်းမရှိပေ။

ပေါက်ကွဲမှုများ ရှင်းလင်းသွားပြီးနောက် စိတ်အားတက်ကြွနေခဲ့သော ရှန်းထူနန်ထျန်းမှာ ယခုအခါတွင် ငါးသေတစ်ကောင်ပမာ ဖြစ်နေလေ၏။ ရှန်းထူဖုန်းနှင့် ရှန်းထူဟိုင်တို့မှာလည်း ခွေးသေများပမာ ဖြစ်နေကြသည်။ လင်မိသားစုနှင့် ရှန်းထူမိသားစုတို့မှ အကြီးအကဲများနှင့် ဂျူနီယာများ မှင်တက်မိနေကြလေ၏။

" ဘယ်လို သောက်ကျိုးနည်းတွေ ဖြစ်ကုန်တာလဲ "

အခြေအနေက ပြောင်းပြန်ဖြစ်သွားသည်မှာ မြန်ဆန်လှပြီး မည်သူတစ်ဦးမျှ တုန့်ပြန်နိုင်ခြင်းမရှိခဲ့ပေ။

ရှေးဟောင်း ပျက်စီးခြင်းကောင်းကင်ပညာရပ်ကို ပြသနေသည့် ခမ်းနားသောပြပွဲက ယခုအခါတွင် ဆိုးရွားသောအခြေအနေ ဖြစ်သွားခဲ့သည်။

ရှန်းထူမိသားစု၏ အတောက်ပဆုံး သူရဲကောင်းသုံးဦးအနက် နှစ်ဦးသည် မြေပြင်တွင် လဲကျနေပြီး အခြားတစ်ဦးကမူ လက်တစ်ထောင်ဖွားဖွား၏ လက်များနှင့် သိုင်းဖက်ခံထားရပြီး အသက်မျှင်းမျှင်းသာ ရှုနိုင်တော့သည်။

ထိုစဥ် မီးပြင်းဖိုတစ်ခု၏နောက်မှ ယီယွင် ထွက်လာသည်ကို ပရိတ်သတ်များ မြင်လိုက်ကြရသည်။ လူလေးဦးအနက် သူ၏ကျင့်ကြံမှုက အနိမ့်ဆုံးဖြစ်ပြီး အသက်လည်း အငယ်ဆုံးဖြစ်သည်။ သို့သော် ယီယွင်က ဒဏ်ရာမရသည်သာမက ဆံပင်တစ်ချောင်းပင် မဆုံးရှုံးခဲ့ပေ။

ယီယွင်အား ထိုအခြေအနေမျိုးနှင့် မြင်လိုက်ရလေသောကြောင့် လူတိုင်း၏ အမူအရာများ ထူးဆန်းသွားကြသည်။

ယီယွင်က ရှန်းထူနန်ထျန်းနှင့် အပေါင်းအပါများ၏ အခြေအနေနှင့် ပြောင်းပြန်ဖြစ်နေချေ၏။

သောက်ကျိုးနည်း...။

လူအများစုမှာ ပါးအဟောင်းသား ဖြစ်ရသည်မှာ အချိန်ကြာသွားလေသောကြောင့် လည်ချောင်းမျာယပင် ခြောက်လာရလေ၏။

ရှန်းထူမိသားစု၏ အကြီးအကဲများက စိတ်အပျက်ရဆုံး ဖြစ်လေသည်။ သူတို့က ကြွားနေခဲ့ကြသည်ဖြစ်ပြီး ယခုအခါတွင် တုန်လှုပ်ဖွယ်ရာ ပြောင်းပြန်အခြေအနေ ဖြစ်သွားခဲ့ရပြီး သူတို့ မယုံကြည်နိုင်ကြသေးပေ။

ဇာတ်ညွှန်းက ဤသို့မဟုတ်ချေ။ ရှန်းထူနန်ထျန်းက ပုံရိပ်လေးခုချိတ်တံဆိပ်ကို ပြီးပြည့်စုံစွာ ဖော်ဆောင်ပြီး စွမ်းရည်ပြသကာ ရှေးဟောင်းအညွှန်းထဲမှ ပျက်စီးခြင်းအရိုးအမတေကို သန့်စင်ခြင်းသာ ဖြစ်သင့်လေသည်။

All Chapters