← Chapters

ရှန်းထူနန်ထျန်း ခံစားရသော ထိုးနှက်ချက်

Vol. 28 Ch. 405

ရှန်းထူနန်ထျန်း ခံစားရသော ထိုးနှက်ချက်

Vol. 28 Ch. 405

" ထျန်းအာ... အဆင်ပြေရဲ့လား ထျန်းအာ "

ရှန်းထူနန်ထျန်းအား ထိုအခြေအနေနှင့် မြင်လိုက်ရသောကြောင့် လက်တစ်ထောင်ဖွားဖွား အလွန်စိုးရိမ်နေသည်။ လူတစ်ဦး၏ဝိညာဥ် ထိခိုက်သွားသည်မှာ အသေးအဖွဲ့ကိစ္စတစ်ခု မဟုတ်ပေ။ ရှေးဟောင်း ပျက်စီးခြင်းကောင်းကင်ပညာရပ်တစ်ခု ဖြစ်နေခြင်းကြောင့် သားရဲအမှတ်အသား ပုံရိပ်လေးခုက အန္တရာယ်များ ပြည့်နေလေသည်။ မှတ်တမ်းများထဲတွင် အန္တရာယ်မျိုးစုံသော အရိုးသန့်စင်မှု အတွေ့အကြုံများကြောင့် စိတ်ဝိညာဥ်တန်ပြန်မှုကို ခံစားခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ နှေးကွေးသွားခြင်း သို့မဟုတ် ရူးသွပ်သွားသည့် ရှေးဟောင်းပျက်စီးခြင်းကောင်းကင်သခင်များ မနည်းလှပေ။

လူအများကို ထိုအရာကို ချီကုန်းလမ်းလွဲမှုဟု ခေါ်ကြသည်။

ရှန်းထူနန်ထျန်း အစွမ်းပြသရန်အတွက် ပုံရိပ်လေးခုချိတ်တံဆိပ်ကို အတင်းအကျပ် အသုံးပြုခဲ့သည်။ သူ၏အကန့်အသတ်သို့ အဆုံးမရှိ တွန်းအားပေးရသည့် ဤကဲ့သို့ အရိုးသန့်စင်မှု လုပ်ငန်းစဥ်တွင် စိတ်ဝိညာဥ်တန်ပြန်မှုကို ကြုံတွေ့ရပါက ပိုမို၍ပင် အန္တရာယ်များလေသည်။

ရှန်းထူမိသားစုတွင် ထိပ်တန်းအဆင့် ဝိညာဥ်ပျိုးထောင်ဆေးများ ရှိသော်ငြားလည်း အမြစ်ပြတ်အောင် ကုသနိုင်ခြင်းမရှိဘဲ နောက်ဆက်တွဲဆိုးကျိုးများ ကျန်ရစ်ခဲ့နိုင်သည်။

ရှန်းထူနန်ထျန်းက စကားမပြောနိုင်တော့ပေ။ ရှေးဦးမျိုးစိတ်များ၏ သားရဲအမှတ်အသား စိတ်ဝိညာဥ်တန်ပြန်မှုက ကြီးမားလွန်းသည်။ သူ၏စိတ်ထဲတွင် နောက်ဆုံးပေါက်ကွဲမှုမှ ဖြစ်ရပ်များသာ စွဲထင်နေလေ၏။ မည်သည့်ပြဿနာက စွမ်းအင်များကို ရုတ်တရက်အတွင်း ထိန်းသိမ်းမရနိုင်အောင် ဖြစ်စေခဲ့သည်ကို သူ မတွေးတတ်ပေ။

လက်တစ်ထောင်ဖွားဖွားက သိုလှောင်လက်စွပ်ထဲမှ အစိမ်းရောင်ဆေးပုလင်းတစ်ခု ထုတ်ယူလိုက်သည်။ သူမက သလင်းကဲ့သို့ကြည်လင်သော ဆေးများ ထုတ်ယူကာ ရှန်းထူနန်ထျန်း၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

ထိုဆေးလုံးများက လက်တစ်ထောင်ဖွားဖွား၏ ကိုယ်ပိုင် ထိပ်တန်းအဆင့်ဆေးများ ဖြစ်လေ၏။ လက်တစ်ထောင်ဖွားဖွားက ရှန်းထူမိသားစု၏ ထိပ်တန်းအဆင့် ပျက်စီးခြင်းကောင်းကင်သခင်များထဲမှ တစ်ဦး ဖြစ်လေသောကြောင့် သူ၏ဆေးလုံးများ တန်ကြေးက မြင်သာလေ၏။

လက်ရှိတွင် သူမက နှမြောရမည်ကို သတိမရတော့ပေ။ ရှန်းထူနန်ထျန်း၏ ဒဏ်ရာများကို ကုသရေးကသာ အရေးအကြီးဆုံး ဖြစ်လေ၏။

ဆေးလုံးများ အစာအိမ်ထဲသို့ ရောက်သွားချိန်တွင် ရှန်းထူနန်ထျန်း၏ အခြေအနေက အနည်းငယ်ခန့် တိုးတက်လာပုံပင်။

" အဖွား... ကျွန်တော်..." ရှန်းထူနန်ထျန်းမှာ နှလုံးတွင် မသက်မသာဖြစ်ခြင်း ခံစားနေရပြီး အသက်ရှုရန်ပင် ခက်ခဲနေသည်။

သူက အလွန်ပင် မာနကြီးသူ ဖြစ်သည်။ သူက ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်အတွက် အထူးပင် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သူက လင်မိသားစု ၊ ရှန်းထူမိသားစု ၊ ဖိတ်ကြားထားသော မိသားစုမျိုးနွယ်များမှ ပုဂ္ဂိုလ်များ၏ ရှေ့မှောက်တွင် အံ့ချီးဖွယ်ရာဖြစ်ကာ တောက်ပလိုခဲ့​သည်။

ရှန်းထူမိသားစု၏ ပျက်စီးခြင်းကောင်းကင်ပညာရပ် အမွေအနှစ် ကြောက်မက်ဖွယ်ရာဖြစ်ကြောင်း လူတိုင်းကို ပေးသိစေပြီး သူ၏ကိုယ်ပိုင်စွမ်းရည်က လုံးဝပင် မှင်တက်ဖွယ်ရာ ဖြစ်နေစေရန်အတွက် သူ့ကိုယ်သူအား ကြီးစွာမြင့်တင်ကာ အခြေခံများစွာလုပ်ဆောင်ပြီး ကြိုတင်ပြင်ဆင်ခဲ့သည်။

ယခုအခါ သူ့ကိုယ်သူအား သက်သေပြပြီး ထင်မြင်ချက်များကို အစစ်အမှန်အဖြစ် ပြောင်းလဲရန် ကြိုးစားနေချိန်တွင် အရာအားလုံးက အချည်းနှီးဖြစ်သွားခဲ့ရသည်။ မိသားစုမျိုးနွယ်ကြီးများမှ အထင်ကရပုဂ္ဂိုလ်ကြီးများ၏ ရှေ့မှောက်တွင် သူ့ကိုယ်သူ မျက်နှာပျက်မိစေရန် လုပ်မိခဲ့လေ၏။ ပရိတ်သတ်များထဲတွင် သူ၏ဇနီးလောင်း လင်ရှင်းထုံလည်း ပါနေလေသည်။

ယခုတွင်မူ ရှန်းထူနန်ထျန်းက ဒဏ်ရာများကိုခံစားနေရင်း ခန္ဓာကိုယ်နှင့် ဝိညာဥ်တို့တွင် ဒဏ်ရာရခဲ့သည်သာမက မိမိကိုယ်ကိုယ် ယုံကြည်မှုနှင့် မိမိကိုယ်ကိုယ် တန်ဖိုးထားမှုများပါ ထိခိုက်သွားခဲ့ရသည်။

" ထျန်းအာ... ဘာဖြစ်သွားတာလဲ " လက်တစ်ထောင်ဖွားဖွားသည်လည်း မည်သို့ဖြစ်သွားကြောင်းကို သေချာမသိပေ။ ဘေးမှရပ်ကြည့်နေရသော သူမသည် ရှန်းထူနန်ထျန်းနှင့် နှိုင်းယှဥ်မည်ဆိုပါက နောက်ဆုံးအချိန်တွင် သားရဲအမှတ်အသား ပုံရိပ်လေးခု၏ စွမ်းအင်ပြောင်းလဲမှုကို များစွာမသိပေ။

ရှန်းထူနန်ထျန်း ခေါင်းယမ်းလိုက်၏။ သူသည်လည်း မည်သို့ဖြစ်သွားသည်ကို အတပ်မသိပေ။ သူ ရွေးချယ်ထားသည့် ချိတ်တံဆိပ်နည်းစနစ်ဖြစ်သည့် ပုံရိပ်လေးခုချိတ်တံဆိပ်ကို အလွန်ပင် ယုံကြည်ချက်ရှိသည်။ သူက ပုံရိပ်လေးခုချိတ်တံဆိပ်ကို အကြိမ်များစွာ အောင်မြင်ထား၏။ သို့သော် နောက်ဆုံး အရေးအကြောင်းအခြေအနေတွင် တစ်စုံတစ်ခု မှားယွင်းသွားလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ပေ။ ပြဿနာက မည်သည့်နေရာတွင် ရှိနေကြောင်းကိုလည်း သူ မသိပေ။

ထို့အပြင် ယင်းက စနစ်တကျ မဟုတ်သလို ပြီးပြည့်စုံခြင်းလည်းမရှိသည့် ရှေးဟောင်းပျက်စီးခြင်းကောင်းကင်ပညာရပ်တစ်ခုသာ ဖြစ်ချေသည်။ ရှန်းထူနန်ထျန်းက ပျက်စီးခြင်းကောင်းကင်ပညာရပ်တွင် သိမြင်နားလည်မှုများ မကြီးမားလေသောကြောင့် ရံဖန်ရံခါ မတော်တဆဖြစ်ရပ်အချို့ကို သူ အကြောင်းအရင်းမသိသည်မှာ အတော်ပင်သာမန်ဆန်လေသည်။

" ကောင်းပြီ... စကားမပြောနဲ့တော့။ ဒဏ်ရာကုသနေလိုက် "

လက်တစ်ထောင်ဖွားဖွား မျက်မှောင်ကုတ်လိုက်၏။ သူမသည် ပြဿနာက မည်သည့်နေရာတွင် ရှိနေကြောင်းကို ရှာဖွေမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။

လက်တစ်ထောင်ဖွားဖွားက ရှန်းထူနန်ထျန်းကို ဖေးကူကာ ကွင်းပြင်ထဲသို့ ပွေ့ချလာသည်ကို ကြည့်နေရင်းဖြင့် လင်မိသားစုမှ အကြီးအကဲများ ကျိတ်၍ခေါင်းယမ်းလိုက်သည်။

အကြီးအကဲတစ်ဦးက ကျိတ်၍ဆိုသည်..." ရှန်းထူနန်ထျန်းက ငယ်ရွယ်ပြီးတော့ စိတ်မြန်လက်မြန်ရှိတယ်။ သူ မကိုင်တွယ်နိုင်တဲ့ အရိုးသန့်စင်နည်းစနစ်တစ်ခုကို ရွေးချယ်မိပြီး လိမ္မာပါးနပ်မှုရှိတဲ့ အခြားအစီအစဥ်တွေကို ပျက်စီးစေခဲ့တယ် "

" သူက ခက်ခဲမှုနည်းတဲ့ အခြားချိတ်တံဆိပ်နည်းစနစ်တွေကို ရွေးချယ်ဖို့ တွေးမိသင့်တယ်။ အဲ့ဒါဆိုရင် အခုလိုဖြစ်လာမှာမဟုတ်ဘူး "

လင်မိသားစု၏ အကြီးအကဲများက သနားကြခြင်းမရှိပေ။ ဟုတ်သည်။ အပေါ်တွင်မူ ရှန်းထူနန်ထျန်း ကံဆိုးရသည်ကို သူတို့က ကျေနပ်ကြဟန် မပြပေ။

ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်တွင် လင်မိသားစု၏ ပျက်စီးခြင်းကောင်းကင်ပညာရပ် အမွေအနှစ်က ချို့တဲ့နေလေသောကြောင့် ရှန်းထူမိသားစုထက် နိမ့်နေခဲ့သည်။ ထို့အပြင် ရှန်းထူမိသားစုက ဆန်းကြယ်နယ်မြေထဲမှ ပစ္စည်းများစွာ ရရှိခဲ့လေသည်။ မိသားစုနှစ်ခုက ကြီးမားစွာ ကွာခြားနေချိန်တွင် ဤကဲ့သို့ပုံစံမျိုးနှင့် အဆုံးသတ်သွားရသည်ကို လင်မိသားစုက အလွန်ပင်ကျေနပ်သည်။

" ရန်ထျန်း... မင်း အဆင်ပြေတယ်မလား "

ယီယွင် ကွင်းပြင်ထဲမှ ဆင်းလာချိန်တွင် စုကျဲက ရယ်လိုက်သည်။ ယီယွင်က ကြီးမားသော မီးပြင်းဖိုတစ်ခု၏နောက်တွင် ပုန်းအောင်းနေသည်ကို စုကျဲက သတိထားမိလေသည်။

စုကျဲသည် ရှန်းထူနန်ထျန်း မည်သည့်နေရာတွင် မှားသွားကြောင်းကို မသိသော်လည်း ရှန်းထူနန်ထျန်းအား ထိုမျှ အသက်မဲ့သောအနေအထားအထိ ထိခိုက်သွားစေသည်ကို မြင်ရချိန်တွင် စုကျဲ အလွန်ပျော်နေမိသည်။ မင်း ဘယ်လောက်အထိ မောက်မာနိုင်မလဲဆိုတာ ငါ ကြည့်မယ်။

စုကျဲ၏စကားကြောင့် လူများစွာသည် ယီယွင်အား ကြည့်လိုက်ကြလေ၏။

ဤပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်တွင် ယီယွင်သည် မူလက ပိုးဖလံတစ်ကောင်သာ ဖြစ်လေ၏။ သို့သော် ပြိုင်ပွဲစတင်ချိန်တွင် သူ့အား မည်သူကမျှ လျစ်လျူရှုမထားနိုင်တော့ပေ။

အစောပိုင်းက ယီယွင်သည် စုန့်ကျစ်ယွဲ့ကို အနိုင်ယူခဲ့လေ၏။ ထို့နောက်တွင် ယီယွင်က ရှန်းထူနန်ထျန်း၏ စိန်ခေါ်မှုကိက လက်ခံခဲ့ပြီး ရှေးဟောင်းအရိုးသန့်စင် လုပ်ငန်းစဥ်တွင် သူ၏တာဝန်က ပြီးပြည့်စုံစွာ ပြီးမြောက်ခဲ့သည်။

သူက ပျက်စီးခြင်းကောင်းကင်ပညာရပ် ပြိုင်ပွဲနှစ်ခုတွင် ထိုမျှပြောင်မြောက်သော ရလဒ်နှစ်ခုကို လုပ်ဆောင်နိုင်ခဲ့၏။

အဆုံးသတ်တွင် ရှန်းထူနန်ထျန်း၏ ထိန်းချုပ်မှုအောက်မှ သားရဲအမှတ်အသားလေးခု ပေါက်ကွဲသွားခဲ့ပြီး ယီယွင်တစ်ဦးတည်းကသာ အချိန်မီရှောင်တိမ်းနိုင်ခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ရှန်းထူဟိုင်နှင့် ရှန်းထူဖုန်းတို့က တုန့်ပြန်မှုများ များစွာနှေးကွေးခဲ့သည်။

အမှန်တကယ်တွင် မူမမှန်ကြောင်းကို ညွှန်ပြနေသည့်အရာများ များစွာပင်ရှိခဲ့သည်။ ဥပမာအားဖြင့် ရှန်းထူနန်ထျန်း၏ နဖူးနှင့် လည်ပင်းများတွင် သွေးကြောများ ပေါက်ကွဲလုနီးပါး ဖောင်းကားလာရခြင်းမျိုး ဖြစ်လေ၏။ ရှန်းထူနန်ထျန်း၏ များပြားသော ချွေးများနှင့် ဖောင်းကားနေသော နားထင်များက နိမိတ်ပြနေခြင်းသာ ဖြစ်လေသည်။

အစောပိုင်းက လင်မိသားစုမှ အကြီးအကဲများသည် တစ်စုံတစ်ခု လွဲချော်နေသည်ကို သတိပြုမိခဲ့ကြ၏။ သို့သော် သတိပေးခဲ့ချိန်တွင် ရှန်းထူမိသားစုမှ အကြီးအကဲများက ယုံကြည်ချက်ရှိနေပြီး ရှန်းထူနန်ထျန်းကို မျက်စိမှိတ်ကာ ယုံကြည်ထားကြသည်။

မည်သူကမျှ သဲလွန်စငယ်လေးများကို စုစည်းကာ မြန်ဆန်တိကျသော အကဲဖြတ်ချက်တစ်ခုကို ချက်ချင်းဆုံးဖြတ်နိုင်ခြင်း မရှိခဲ့ပေ။ သို့သော် ယီယွင်က လုပ်နိုင်ခဲ့သည်။

ငေးငိုင်ကာရပ်နေသည့် ရှန်းထူဖုန်း ၊ ရှန်းထူဟိုင်တို့နှင့် နှိုင်းယှဥ်မည်ဆိုပါက ယီယွင်၏ အကဲဖြတ်ချက်နှင့် အာရုံခံနိုင်စွမ်းတို့က အခြားအဆင့်တစ်ခုတွင် ရှိနေသည်။

ဤကဲ့သို့ လူများက ဆန်းကြယ်နယ်မြေများကို စူးစမ်းရှာဖွေရာတွင် အသင့်တော်ဆုံး ဖြစ်လေ၏။ ဆန်းကြယ်နယ်မြေများထဲတွင် အန္တရာယ်များက မျှော်လင့်မထားသော ပုံစံများနှင့် စောင့်ဆိုင်းနေလေသည်။ သေးငယ်သော ကွဲလွဲချက်များက မများနိုင်လောက်ဟု ထင်ရသော်လည်း ဒါဇင်နှင့်ချီသော အသက်များကို မျက်တောင်တစ်ခတ်အတွင်း ဝါးမျိုပစ်နိုင်သည်။

သတိမပြတ်သူများကသာ ရှေ့ဆက်လျှောက်နိုင်ပြီး အသက်ရှည်နိုင်ပေလိမ့်မည်။

" အကြီးအကဲစုက တပည့်ကောင်းတစ်ဦး မွေးထားတာပဲ "

စွန်းမျိုးနွယ် အသက်လတ်ပိုင်းလူက အကြီးအကဲစု၏ ပခုံးကိုပုတ်ကာ ယီယွင်ကို မနာလိုစွာဖြင့် ကြည့်လိုက်သည်။ ဤကဲ့သို့ တပည့်တစ်ဦးကို သူတို့၏အရိပ်အောက်တွင် မွေးထုတ်ရန်မှာ ပျက်စီးခြင်းကောင်းကင်သခင်တိုင်း၏ အိပ်မက်တစ်ခု ဖြစ်လေ၏။

" ဟားဟား... ဒါက အဆင်ပြေပါတယ် "

စုကျဲက မျက်နှာနီခြင်းမရှိ ကြွားဝါလိုက်သည်။ ယီယွင် မျက်ဖြူလန်ပြလိုက်၏။ ဤအဖိုးကြီးက သူ့အား သူရှာတွေ့ထားသော တပည့်တစ်ဦးအဖြစ် အမှတ်တကယ်ပင် ဆက်ဆံနေချေသည်။ စုကျဲက သူ့အား အမည်ခံတပည့်အဖြစ် လက်ခံခဲ့သည်မှာ နေ့စဥ် အသားကင်များ စားလို၍ဖြစ်သည်ကို ယီယွင် မှတ်မိသေးလေ၏။

" ယီယွင်... နင် ကြိုးစားထားတာပဲ "

ထိုစဥ် ညင်သာသော အသံပို့လွှတ်ချက်တစ်ခုကို ယီယွင် ကြားလိုက်ရ၏။ ယီယွင် လှည့်ကြည့်လိုက်ရာ လင်ရှင်းထုံက သူ့အား ပြုံးပြနေသည်ကို မြင်လိုက်ရသည်။

သူမ၏ နှုတ်ခမ်းများက လခြမ်းကွေးပမာပင် အနည်းငယ်ခန့် တွန့်ကွေးနေလေ၏။ သူမ၏ မျက်ဝန်းများက စမ်းရေအိုင်ငယ်များအလားပင်။

လင်ရှင်းထုံက တိတ်ဆိတ်တတ်သည့် မိန်းကလေးတစ်ဦးဟုသာ ယီယွင်က အမြဲရှုမြင်ထားသည်။ သူမ၏ အပြုံးပင်ဖြစ်စေ ၊ စကားပြောပုံပင်ဖြစ်စေ အမြဲတမ်းလိုပင် တည်ငြိမ်အေးဆေးကာ ပေါ့ပါးနေ၏။

" ငါတို့ မတွေ့ကြရတဲ့ နှစ်နှစ်အတွင်းမှာ နင်က ဒီလောက်အတိုင်းအတာအထိ ကြီးထွားလာလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။ နင့်ရဲ့ ပျက်စီးခြင်းကောင်းကင်ပညာရပ် အဆင့်က ငါ့ကို အံ့အားသင့်စေတယ် "

တိမ်ရိုင်းနယ်မြေထဲတွင် ယီယွင်နှင့် ဆုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များကို ပြန်တွေးကြည့်မည်ဆိုလျှင် သာမန်လူငယ်တစ်ဦးက လက်ရှိအချိန်၌ အနေအထားအထိ ကြီးထွားလိမ့်မည်ဟု မည်သူကမျှ ထင်မိကြမည်မဟုတ်ပေ။

ယီယွင် နောက်ထပ်ဆယ်နှစ် အချိန်ပေးလိုက်ပါက ကိုယ်ပိုင်ကြိုးစားအားထုတ်မှုများနှင့် တောက်ပနိုင်ပေလိမ့်မည်။

All Chapters