← Chapters

အနက်ရောင် မြွေငယ်

Vol. 28 Ch. 409

အနက်ရောင် မြွေငယ်

Vol. 28 Ch. 409

" တစ်နှစ်..."

လင်ရှင်းထုံကို ကြည့်နေရင်းဖြင့် အဖွားတော် အမူအရာပျက်ကာ အနည်းငယ် ညှိုးနွမ်းသွားလေ၏။ လက်ရှိအချိန်၌ သူမသည်လည်း ဘေးကျပ်နံကျပ် ဖြစ်နေသည်။ ရှန်းထူမိသားစုက အလျော့ပေးလာပြီး အဘယ့်ကြောင့် လင်ရှင်းထုံအား မဟာဧကရီအမတေကို စမ်းသပ်ခွင့်ပြုခဲ့သည်ကို နောက်ဆုံးတွင် သူမ နားလည်သွားခဲ့သည်။

ရှန်းထူမိသားစု၏ အဆိုအရ မဟာဧကရီအမတေက အလွန်ပင် တန်ဖိုးမြင့်လေသည်။ အမတေတိုင်းကို သန့်စင်ရန် လွယ်ကူမည်မဟုတ်ချေ။ ထိုသို့သာမဟုတ်လျှင် ရှန်းထူမိသားစုက လင်ရှင်းထုံကို အမတေတစ်ခုမှ စမ်းသပ်ခွင့်ပေးမည် မဟုတ်သလို လင်မိသားစုကိုလည်း တစ်နှစ်အချိန်ပေးကာ ဆုံးဖြတ်ခိုင်းမည်မဟုတ်ပေ။ ဆုံးဖြတ်ချက် ချပြီးသွားချိန်တွင် လင်ရှင်းထုံ၏ ပိတ်ဆို့နေသောသွေးကြောများကို ကုသရေးအတွက် တူညီသော အမတေကို ပြန်လည်သန့်စင်ရန်မှာ လွယ်ကူမည်မဟုတ်ချေ။

ယခုအခါ လင်ရှင်းထုံကို ပထမ အမတေ စားခိုင်းလိုက်ပါက နောက်ဆယ့်တစ်လ၏ လစဥ်တိုင်းတွင် အမတေတစ်ခုစီ စားရပေလိမ့်မည်။ ယင်းသည် လင်မိသားစုက ရှန်းထူမိသားစု၏ လက်ထပ်ပွဲ ကမ်းလှမ်းမှုကို မဖြစ်မနေပင် လက်ခံရတော့မည်ဟု ဆိုလိုလေ၏။

လင်ရှင်းထုံ၏အဒေါ်နှင့် ရှန်းထူမိသားစုကို ထောက်ခံကြသည့် လင်မိသားစုထဲမှ အကြီးအကဲများတွင် ငြင်းစရာမရှိကြပေ။ အဒေါ်ဖြစ်သူက ပျော်ရွှင်စွာပြုံးကာ ဆိုလေသည်..." တူလေးနန်ထျန်း... ကျေးဇူးပြုပြီး အဒေါ်တို့ကို ခန့်မှန်းခိုင်းမနေပါနဲ့တော့။ မဟာဧကရီအမတေကို အမြန်ထုတ်ပြီး အဒေါ်တို့တွေ အမြင်ကျယ်လာရအောင် ပြပေးပါဦး "

" ကောင်းပါပြီ... ကျွန်တော် သေတ္တာဖွင့်မယ်။ ဒီပျက်စီးခြင်းအရိုးအမတေက ကျွန်တော်တို့ ရှန်းထူမိသားစုရဲ့ ထိပ်တန်း ပျက်စီးခြင်းကောင်းကင်သခင်တွေနဲ့ တစ်ကိုယ်တော် ကျွမ်းကျင်သူတွေရဲ့ စုပေါင်းအားထုတ်မှု ရလဒ်ပါပဲ။ သူတို့က ဒီပျက်စီးခြင်းအရိုးအမတေကို သန့်စင်ဖို့အတွက် ပမာဏများပြားတဲ့ ရတနာပစ္စည်းတွေ သုံးခဲ့ကြရတယ် "

" မဟာဧကရီအမတေကို အောင်အောင်မြင်မြင် သန့်စင်ပြီးတဲ့နောက်မှာ အမတေသေတ္တာထဲမှ ချက်ချင်း ထည့်ပိတ်ထားခဲ့တယ်။ အမတေသေတ္တာပေါ်မှာ ချိတ်တံဆိပ်ခုနစ်ခု ရှိတယ်။ ခြောက်ခုကို ဖယ်ရှားပြီးသွားပြီ။ နောက်ဆုံး အရေးကြီးတဲ့ ချိတ်တံဆိပ်ကိုတော့ ကျွန်တော့်ရဲ့စိတ်စွမ်းအား အသုံးပြုမှပဲ ဖယ်ရှားနိုင်မယ်။ ဒါဟာ အမတေရဲ့ ဆေးဖက်ဝင်အာနိသင်တွေ မဆုံးရှုံးရအောင် ကာကွယ်ပေးထားတာပါ "

ရှန်းထူနန်ထျန်း၏ လေသံတွင် ဂုဏ်ယူဝင့်ကြွားဟန်အချို့ ပါဝင်နေသည်။

" ချိတ်တံဆိပ်ခုနစ်ခုထဲမှာ တစ်ခုက ရှန်းထူနန်ထျန်းရဲ့ စိတ်စွမ်းအားနဲ့မှ ဖယ်ရှားနိုင်မယ်။ ရှန်းထူမိသားစုက ရှန်းထူနန်ထျန်းရဲ့ အရေးပါတဲ့ အဆင့်အတန်းကို သေချာလေး မီးမောင်းထိုးပြထားတာပဲ "

အဖွားတော်က တွေးနေသည်။ ရှန်းထူမိသားစုက အဘယ့်ကြောင့် ထိုသို့စီစဥ်ခဲ့ရသည်ကို သူမ သိသည်။ ပျက်စီးခြင်းအရိုးအမတေ သန့်စင်ခြင်းသည် ရှန်းထူနန်ထျန်းနှင့် သက်ဆိုင်ခြင်းမရှိသော်လည်း ရှန်းထူမိသားစုက ရှန်းထူနန်ထျန်း၏ စိတ်စွမ်းအားနှင့်သာ ဖယ်ရှားနိုင်သည့် ချိတ်တံဆိပ်တစ်ခုကို အထူးဖန်တီးပေးထားခဲ့သည်။ ယင်းက ရှန်းထူနန်ထျန်းကို အတင်းအကျပ် တွန်းတင်ပေးနေခြင်းဖြစ်ပြီး အနာဂတ်တွင် ရှန်းထူနန်ထျန်းက ရှန်းထူမိသားစု၏သခင် ဖြစ်လာလိမ့်မည်ဟု လင်မိသားစုကို ပြောနေခြင်းလည်း ဖြစ်လေ၏။

" ကောင်းပြီ... ကျွန်တော် ချိတ်တံဆိပ်ကို ဖယ်ရှားတော့မယ်။ အားလုံး မျှော်လင့်စောင့်စားပေးကြပါ "

ရှန်းထူနန်ထျန်းက ပြုံးကာ လက်ချိတ်တံဆိပ်အချို့ စတင်ဖော်ဆောင်ရင် သူ၏စိတ်စွမ်းအားကို ထာဝရခရမ်းရွှေအမတေသေတ္တာထဲသို့ ထိုးသွင်းလိုက်သည်။

စိတ်စွမ်းအားချိတ်တံဆိပ် အတည်ပြုရန်လိုအပ်သည့် စိတ်စွမ်းအားပမာဏက ပြောပလောက်စရာမရှိသော်လည်း ဒဏ်ရာအပြင်းအထန် ရရှိထားသည့် ရှန်းထူနန်ထျန်းအဖို့ ချိတ်တံဆိပ်များ ဖန်တီးထုတ်လွှတ်ရုံနှင့်ပင် သူ၏အမူအရာ အနည်းငယ်ခန့် ပျက်ယွင်းသွားပြီး နှုတ်ခမ်းများ အနည်းငယ်ဖြူလျော်သွားသည်။

ရှန်းထူနန်ထျန်း အသက်ပြင်းပြင်းရှုကာ သူ၏ဝိညာဥ် နာကျင်နေသည်ကို ဖိနှိမ်လိုက်​သည်။ သူက သေတ္တာကို အေးဆေးဖွင့်လိုက်သည့်ပမာ ဟန်ဆောင်ခဲ့လေ၏။ ရှန်းထူနန်ထျန်း၏ နဖူးတွင် သွေးကြောစိမ်းများ ထောင်ထနေသည်ကို လူတိုင်း မြင်နိုင်ကြသည်။

သို့သော် လက်ရှိအချိန်၌ လူအားလုံးသည် သေတ္တာထဲမှ မဟာဧကရီအမတေကိုသာ အာရုံစိုက်နေကြလေသောကြောင့် မည်သူကမျှ ရှန်းထူနန်ထျန်းကို လှောင်ရယ်ရန်အတွက် အရေးစိုက်မနေကြပေ။

ထာဝရရွှေခရမ်းသေတ္တာထဲတွင် အိစက်ညက်ညောသေ အဖြူရောင်း ကောင်းကင်ပိုးထည်တစ်လွှာ ရှိလေသည်။ ပိုးထည်လွှာ၏အထက်တွင် သလင်းပမာ အမတေတစ်ခု ရှိနေလေ၏။

ထိုအမတေက ထုစက်ဝန်းပုံစံ မဟုတ်လေဘဲ လက်စွပ်ပုံစံ ဖြစ်လေ၏။ အမတေ၏အလယ်ခေါင် အပေါက်နေရာတွင် အနီရောင် မြွေပုံရိပ်တစ်ခု ဖြည်းညင်းစွာ ကူးခပ်နေလေ၏။

ရှန်းထူနန်ထျန်းက အမတေကို လက်နှစ်ဖက်ဖြင့် ထုတ်ယူလိုက်သည်။ ထိုအမတေက နေမင်းငယ်တစ်စင်းနှင် ဆင်တူလှပြီး အလွန်သန့်စင်သော ယန်ချီများ ထုတ်လွှတ်ပေးနေသည်။ အမတေက အသက်ရှိနေပုံ ရလေ၏။

" တကယ့်ကို ရတနာတစ်ခုပဲ "

လင်မိသားစုမှ အကြီးအကဲများ၏ မျက်ဝန်းများ တောက်ပသွားကြသည်။

" အနီရောင် မြွေပုံရိပ်က သန့်စင်ယန်စိတ်ဝိညာဥ်တစ်ခုကို သိပ်သည်းစေထားတာပဲ။ မဟာဧကရီအမတေကလည်း သန့်စင်ယန် ပစ္စည်းတစ်ခုပဲ။ လင်ရှင်းထုံမှာ ပိတ်ဆို့နေတဲ့သွေးကြောတွေ ရှိနေတာဟာ လွန်ကဲနေတဲ့ သန့်စင်ယင်ခန္ဓာကိုယ် ရှိနေတာကြောင့်ပဲ။ ပြင်းထန်တဲ့ ယန်ပစ္စည်းတစ်ခုကသာ လင်ရှင်းထုံရဲ့ ပိတ်ဆို့နေတဲ့သွေးကြောတွေကို ပြန်ဆက်ပေးနိုင်လိမ့်မယ် "

" ကျွန်တော် မမှားဘူးဆိုရင် ဒီအမတေမှာ ရှေးဦးစိတ်ဝိညာဥ်စစ် ပျက်စီးခြင်းသားရဲတစ်ကောင်ရဲ့ အသက်အရိုးအဆီအနှစ် ပစ္စည်းတစ်ခု ပါတယ်။ ပြီးတော့ အဲ့ဒါက သန့်စင်ယန်ချီ လွန်ကဲနေတဲ့ ရှေးဦးစိတ်ဝိညာဥ်စစ် ပျက်စီးခြင်းသားရဲတစ်ကောင်ပဲ "

ရှေးဦးစိတ်ဝိညာဥ်စစ်အဆင့် ပျက်စီးခြင်းသားရဲတစ်ကောင်က အလွန်ပင်ရှားပါးလေပြီး နတ်အရိုင်းမြေ အနက်ပိုင်းထဲတွင်သာ တွေ့ရတတ်လေသောကြောင့် ဖမ်းဆီးရန် မလွယ်ကူပေ။ သန့်စင်ယန် ရှေးဦးစိတ်ဝိညာဥ်စစ်အဆင့် ပျက်စီးခြင်းသားရဲများက ပိုမို၍ပင် ရှားပါးသေးလေ၏။

ထိုကဲ့သို့ ပျက်စီးခြင်းသားရဲများ၏ အရိုးများက မှန်းဆမရနိုင်အောင် တန်ဖိုးရှိမည်မှာ သေချာလေသည်။

" ရှန်းထူမိသားစုက အရမ်း ယုံကြ​ည်ချက်ရှိနေတာကို အံ့ဩစရာမရှိပါဘူး။ ဒီအဆင့်မှာရှိတဲ့ မဟာဧကရီအမတေနဲ့သာဆိုရင် ရှင်းထုံရဲ့ ပိတ်ဆိုနေတဲ့သွေးကြောတွေကို ပြန်ဆက်နိုင်ဖို့က ၈၀% ၊ ၉၀% လောက် သေချာတယ် "

လင်မိသားစုမှ အသက်ကြီးပိုင်း ပျက်စီးခြင်းကောင်းကင်သခင်များက ပျက်စီးခြင်းအရိုးအမတေကို ကြည့်ကာ စိတ်လှုပ်ရှားနေကြလေ၏။

မဟာဧကရီအမတေကို အကဲဖြတ်ပြီးနောက် လူတိုင်းက လင်ရှင်းထုံကို ကြည့်လိုက်ကြသည်။ မဟာဧကရီအမတေက လင်ရှင်းထုံအတွက် အာနိသင်ရှိမည်လားကို သူတို့ စောင့်မျှော်နေကြလေ၏။ ယင်းက လင်မိသားစု၏ အကြီးအကဲများ စောင့်မျှော်နေသည့်အရာ ဖြစ်လေသည်။

" ဟားဟား... ဒီအကြီးအကဲက အမြင်ကောင်းတာပဲ "

ရှန်းထူနန်ထျန်းက ဝင့်ကြွားစွာပြုံးကာ..." မဟာဧကရီအမတေကို သန့်စင်ယန်ဓာတ် ရှေးဦးစိတ်ဝိညာဥ်စစ်ရဲ့ အသက်အဆီအနှစ်အရိုးနဲ့ သန့်စင်ထားတယ်ဆိုတာ အမှန်ပါပဲ။ ဘယ်လို ရှေးစိတ်ဝိညာဥ်စစ်မျိုးလဲ ဆိုတာကိုတော့ ကျုပ် ထုတ်ပြောလို့မရပါဘူး။ ကျုပ်တို့ မိသားစုက ရှေးဦးစိတ်ဝိညာဥ်စစ်ရဲ့ အသက်အဆီအနှစ်အရိုးကို အသုံးပြုပြီး အမတေ ၁၂ ခု သန့်စင်နိုင်ခဲ့တယ်။ အဲ့ဒီအမတေတွေမှာ မမြင်ရတဲ့ ချိတ်ဆက်မှုတွေ ရှိတယ်။ အဲ့ဒီအမတေတွေကို အစုံလိုက်ပဲ ဖော်စပ်လို့ရတယ် "

ရှန်းထူနန်ထျန်း ပြောခဲ့သည်မှာ အမှန်ဖြစ်သည်လားကို လူအများ မသိကြပေ။ ဤကိစ္စကို အထူးတလည် ထည့်ပြောနေခြင်းသည် အမတေကို စားပြီးသည်နှင့် လင်မိသားစုက မဖြစ်မနေပင် ဆုံးဖြတ်ချက်ချရမည်ဟု ဆိုလိုနေခြင်းဖြစ်ကြောင်း သူတို့ သိကြသည်။

လင်ရှင်းထုံက ငြိမ်သက်နေမြဲပင်။ ရှန်းထူနန်ထျန်းက ဖိအားပေးနေသည်ကို သူမ သိသည်။ ယင်းကြောင့် သူမက အမတေကို စမ်းသပ်ကြည့်လိုခြင်း မရှိတော့ပေ။ သူမ စမ်းသပ်လိုက်ပါက ရှန်းထူမိသားစုအပေါ်တွင် အကြွေးတင်သွားမည်ဖြစ်ပြီး အခြေအနေများ ရှုပ်ထွေးသွားပေလိမ့်မည်။

" ရှင်းထုံ "

အဖွားတော်က လင်ရှင်းထုံ၏ စိတ်ထဲတွင် မည်သို့ရှိနေသည်ကို အတပ်သိလေသည်။ လက်ရှိအချိန်၌ လင်ရှင်းထုံကို အမြဲလိုပင် ချစ်ခင်ခဲ့သော အဖွားတော်သည်ပင် သူမ၏ဘက်၌ မရှိတော့ပေ။

မိသားစုကြီးများက အသေးစိတ် တွက်ချက်စဥ်းစားရန် လိုအပ်သည်။ လင်မိသားစုက လင်ရှင်းထုံကို အမတေစမ်းသပ်ခိုင်းရန် သဘောတူထားခဲ့သည်ဖြစ်ပြီး ယခုအခါတွင် ရှန်းထူမိသားစုကလည်း စိတ်ရင်းအမှန်ကို ပြသနေလေသောကြောင့် လင်မိသားစုကသာ လေသံပြောင်းသွားပါက အခြားသူများ ကဲ့ရဲ့သည်ကို ခံရပေလိမ့်မည်။

ထို့အပြင် မဟာဧကရီအမတေက အဖွားတော်၏ နှလုံးသားကို လှုပ်ခါနိုင်စေသည်။ သူမသည် ရှန်းထူမိသားစုက လင်ရှင်းထုံ၏ ပိတ်ဆို့နေသောသွေးကြောများကို ကုသနိုင်မည်ဟု လက်ခံယုံကြ​ည်စိတ်များ တိုးလာလေ၏။

" ရှန်းထူမိသားစုက ဒီလိုအမတေမျိုး ဖန်တီးနိုင်လိမ့်မယ်လို့ ငါ လုံးဝထင်မထားခဲ့ဘူး "

လင်ရှင်းထုံနှင့် မဝေးလှသောနေရာမှ စုကျဲက သက်ပြင်းချကာ ခေါင်းယမ်းလိုက်၏။ ရှန်းထူမိသားစုကို သဘောမကျသည့် စုကျဲသည်ပင် မဟာဧကရီအမတေနှင့် ပတ်သတ်ပြီး ပြောစရာမရှိချေ။

စုကျဲ အမှန်အတိုင်း ပြောရမည်ဆိုလျှင် လင်ရှင်းထုံကို ကြိုးစားကြည့်စေလိုသည်။ ထို့အပြင် သူ၏အစွမ်းအစကို အသုံးပြုပြီး လင်ရှင်းထုံ၏ ပိတ်ဆို့နေသောသွေးကြောများကို ပြန်ဆက်ပေးနိုင်ရန် အခွင့်အရေးမှာ အလွန်သေးငယ်လှသည်။ သူသည်လည်း လင်ရှင်းထုံ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားပြီး သူမ၏ ပါရမီများ အလဟဿဖြစ်သွားရမည်ကို မလိုလားပေ။

" သေချာစဥ်းစားပါ ရှင်းထုံ။ လေးကြိုးတင်ထားတဲ့ မြားတစ်ချောင်းက ပစ်ကိုပစ်ရမယ်။ မင်းသာ မဟာဧကရီအမတေကို မစမ်းသပ်ဘူးဆိုရင် လင်မိသားစုက အခုအခြေအနေကို အဖက်ဆယ်နိုင်မှာ မဟုတ်တော့ဘူး "

ရှန်းမိသားစုက လင်မိသားစုကို တွန်းအားပေးရန်အတွက် မိသားစုများစွာကို မျက်မြင်သက်သေအဖြစ် ဖိတ်ကြားထားလေပြီး လင်မိသားစု၏ အကြီးအကဲများကလည်း အမတေအား စမ်းသပ်သည်ကို မြင်လိုနေကြသည်။

လင်ရှင်းထုံ ငြိမ်သက်နေသည်။ ချက်ချင်းဆိုသလိုပင် ငြိမ်ကျသွားကာ လူအားလုံး၏ အကြည့်များက လင်ရှင်းထုံဆီသို့ ရောက်ရှိသွားလေ၏။

လင်ရှင်းထုံ၏ သဘောထားနှင့် ဆုံးဖြတ်ချက်က အရေးအကြီးဆုံး ဖြစ်လေသည်။

လေထုသည် လေးလံနေလျက်ရှိပြီး လက်ရှိအချိန်၌ လင်ရှင်းထုံအတွက် ဖိအားများနေမည်ကို လူတိုင်း သိကြသည်။ သတ္တိအလွန်ကောင်းသည့် မိန်းကလေးတစ်ဦးသည်ပင် ထိုဖိအားများကို လက်ခံနိုင်မည်မဟုတ်ပေ။

လက်ရှိအချိန်၌ ထောင့်တစ်နေရာရှိ ထိုင်ခုံတစ်လုံးပေါ်တွင် မျက်နှာဖုံးဝတ်ထားသည့် ယီယွင်က အမတေအား စူးစိုက်ကြည့်နေကြောင်းကို မည်သူကမျှ မသိကြပေ။ သူ၏မျက်ဝန်းများက တောက်ပနေ၏။

မဟာဧကရီအမတေက ကြည့်ရတာတော့....။

ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်မြင်ကွင်းက ပုံရိပ်ယောင်အားလုံးကို ထွင်းဖောက်မြင်နိုင်ပြီး အရာအားလုံး၏ အဆီအနှစ်များကို ဖောက်ထွင်းကာ မြင်နိုင်သည်။ လွန်ခဲ့သော နှစ်ပေါင်းဆယ်သန်းခန့်မှ ပိုင်ရှင်ဖြစ်သူ ချန်ထားခဲ့သည့် စွမ်းအင်အမှတ်အသားများကိုပင် ယီယွင်က ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်မြင်ကွင်းကို အသုံးပြုပြီး မြင်နိုင်သည်။

ယင်းအရာကို မဟာဧကရာဇ်အဆင့် ပျက်စီးခြင်းကောင်းကင်သခင်များပင် မရှိကြပေ။

သို့သော် ယီယွင် စွမ်းအင်မြင်ကွင်းကို အသုံးပြုပြီး မဟာဧကရီအမတေကို လေ့လာလိုက်ချိန်တွင် ထူးဆန်းသည့်အရာတစ်ခု မြင်ခဲ့ရသည်။ အမတေထဲတွင် ပမဏာသေးငယ်သော အနက်ရောင်အငွေ့ ရှိနေလေ၏။

ထိုအနက်ရောင်အငွေ့က အနီရောင်မြွေ၏ အောက်တွင် ပုန်းကွယ်နေသည်။ ပိုမိုကာ ပိန်ပါးသေးငယ်သော အဆိပ်ပြင်း မြွေနက်တစ်ကောင် တဖြည်းဖြည်းချင်း ကူးခပ်နေသည့်အလားပင်။

သို့သော် စွမ်းအင်မြင်ကွင်းကို ပယ်ဖျက်လိုက်လျှင် မြွေနက်ကို မမြင်ရတော့ပေ။ ယင်းက သူ့အား ရင်ထိတ်သွားစေသည့် တစ္ဆေတစ်ကောင်အလားပင်။

အမျိုးအမည်မသိရသော အကြောင်းအရင်းကြောင့် ယီယွင်က ထို​မြွေနက်နှင့် ပတ်သတ်ပြီး အလွန်ပင်မကောင်းသော ခံစားချက်ကို ရနေလေသည်။ သူ ထိုခံစားချက်မျိုး တစ်ခါမျှပင် မဖြစ်ဖူးပေ။

ထိုအမတေတွင် ပြဿနာရှိနေခြင်း ဖြစ်နိုင်လောက်သည်။

ဖြစ်နိုင်ခြေကို တွေးမိသွားချိန်တွင် ယီယွင်၏ အမူအရာများ လေးလံသွားလေ၏။

လက်ရှိအချိန်တွင် ကွင်းပြင်ထဲရှိ လေထုသည် လေးလံနေလျက်ရှိလေ၏။ လင်ရှင်းထုံက ငြိမ်သက်နေဆဲဖြစ်ပြီး လူတိုင်းက သူမကို ကြည့်နေကြသည်။ မြင်ကွင်းက အလွန်ပင် အေးစက်လှလေ၏။

" သခင်လေးရှန်းထူ... အမတေကို ဒီအဖွားကြီး အရင်ကြည့်ပါရစေ "

ထိုစဥ် လင်မိသားစု၏ အဖွားတော်က ပြောလာသည်။

အမှန်တကယ်တွင် သူမက ကို့ရို့ကားယားဖြစ်လွန်းနေသော အခြေအနေကို ပြေလျော့သွားစေရန် ပြောလိုက်ခြင်းဖြစ်သည်။ ထို့အပြင် သူမက အမတေတွင် ပြဿနာရှိနေသည်လားကို စစ်ဆေးနိုင်မည်လည်း ဖြစ်လေ၏။

All Chapters