← Chapters

အနက်ရောင်အငွေ့ကို ဖယ်ထုတ်ခြင်း

Vol. 28 Ch. 415

အနက်ရောင်အငွေ့ကို ဖယ်ထုတ်ခြင်း

Vol. 28 Ch. 415

ရှန်းထူနန်ထျန်း၊ လက်တစ်ထောင်ဖွားဖွားနှင့် မျက်ခုံးရှည်အကြီးအကဲတို့ ဖွဲ့စည်းထားသော တံဆိပ်များသည် ယီယွင်၏လက်ထဲသို့ ရောက်လာသည်။

ယီယွင်သည် သူ၏စိတ်စွမ်းအင်မြင်ကွင်းကို ဖွင့်ပြီး ကြည့်လိုက်ရာ စွမ်းအင်မြင်ကွင်းထဲတွင် မဟာဧကရီကြီး၏ အမတေရုပ်ကြွင်းသည် တောက်ပနေဆဲဖြစ်သည်။

မြွေနက်လေးသည် အန္တရာယ်ရှိပြီး မကောင်းဆိုးဝါးဆန်သော အရှိန်အဝါကို ထုတ်လွှတ်နေသည့် ပြီးပြည့်စုံသော မဟာဧကရီကြီး၏ အမတေရုပ်ကြွင်းအတွက် အမာရွတ်တစ်ခုကဲ့သို့ ဖြစ်နေသည်။

ယီယွင်သည် သူ၏စိတ်စွမ်းအင်ကို ခရမ်းရောင်ကျောက်ထဲသို့ ထိုးသွင်းပြီး ခရမ်းရောင်ကျောက်၏ စွမ်းအားများကို အသုံးပြု၍ မကောင်းဆိုးဝါးအရိပ်အငွေ့ကို ဂရုတစိုက် ခွဲထုတ်နေသည်။

အလောင်းအစားမပြုလုပ်မီ ခရမ်းရောင်ကျောက်သည် မဟာဧကရီ၏ အမတေရုပ်ကြွင်းအပေါ် ထိရောက်မှုရှိကြောင်း ယီယွင် ကြိုးစားသက်သေပြခဲ့သည်။

ခရမ်းရောင်သလင်းကျောက်၏ စွမ်းအားများသည် မကောင်းဆိုးဝါးသော အငွေ့အသက်နှင့် ထိတွေ့မိသောအခါ တုန်ခါသွားသည်ကို ယီယွင်သည် ခံစားလိုက်ရသည်။

ရေခဲချီသည် သူ၏ အကြောများတစ်လျှောက် ရွေ့လျားသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားကာ အရိုးထဲအထိ စိမ့်ကာအေးစက်သွားမှုကို ခံစားမိသည်။

ဟစ် ဟစ်

ခရမ်းရောင်သလင်းကျောက်၏ စွမ်းအားများနှင့် ဝိုင်းရံခံရသည့်အခါ မြွေနက်လေးသည် အဆက်မပြတ် တရှူးရှူးမြည်ဟစ်နေသည်။

မြွေနက်လေးသည် ခရမ်းရောင်သလင်းကျောက်၏ ချည်နှောင်မှုမှ လွတ်မြောက်ရန် အစွမ်းကုန် ရုန်းကန်နေသည်။

ထိုသည်က ယီယွင်ကို အံ့အားသင့်စေခဲ့သည်။

ဤအနက်ရောင်ချီသည် အသိစိတ်ဖြင့် ရုန်းကန်နိုင်နေသည်။ ဆိုလိုသည်မှာ ဤမှတစ်ဆင့် မကြာခင်၌ ဝိဉာဉ်တစ်ခုအဖြစ်သို့ ဆင့်ကဲပြောင်းလဲလာမည် ဖြစ်သည်။

ဉာဏ်ရည်ထက်မြက်သော ဝိဉာဉ်တစ်ခုသည် တန်ဖိုးမဖြတ်နိုင်သည့် အဆင့်မြင့်ပစ္စည်းများစွာကို အသုံးပြုပြီး အချိန်အတော်ကြာပြီးနောက် အမတေအကြွင်းအကျန်များနှင့် ပြဒါးလုံးများမှ ဆင့်ကဲပြောင်းလဲလာနိုင်သည်။

မဟာဧကရီအမတေရုပ်ကြွင်းသည် မကြာသေးမီက သန့်စင်ခြင်းခံရပြီးနောက် ဝိဉာဉ်သစ်တစ်ခုနီးပါး ဖြစ်ပေါ်လာသည်ကို မြင်ရသည်မှာ အတော်ပင် ကြောက်မက်စရာကောင်းလှသည်။

မဟာဧကရီအမတေရုပ်ကြွင်း၊ အထူးသဖြင့် ထိုမြွေနက်လေး၏ ဉာဏ်ရည်ရှိမှုကြောင့် ယီယွင်သည် ခရမ်းရောင်သလင်းကျောက်တုံးကို အသုံးပြု၍ ရုပ်ကြွင်းကို ခွဲထုတ်နိုင်တော့မည် မဟုတ်ပေ။

အကြောင်းမှာ ခရမ်းရောင်သလင်းကျောက်တုံးသည် ပိုင်ရှင်မရှိသည့် အသက်မဲ့စွမ်းအင်များအပေါ်သာ သက်ရောက်မှုရှိနိုင်သောကြောင့် ဖြစ်သည်။

ယီယွင်သည် သူ့လက်ထဲ၌ရှိသော ဆန်းကြယ်သလင်းလက် တံဆိပ်ခတ် သုံးခုကို ကြည့်ပြီး တွန့်ဆုတ်ခြင်းမရှိဘဲ မဟာဧကရီကြီး၏ ခန္ဓာကိုယ်ပေါ်သို့ တံဆိပ်သုံးခုကို ပို့လွှတ်လိုက်သည်။

ဝှီး

ချုပ်နှောင်တံဆိပ်တုံးများသည် မြွေနက်လေး၏ ခန္ဓာကိုယ်ကို ဖိလိုက်ပြီး ရုန်းကန်နေမှုများကို အလွန်ပင် အင်အားနည်းသွားစေခဲ့သည်။

' ဒီအမတေရုပ်ကြွင်းကို ထာဝရခရမ်းရောင်ရွှေရုပ်ကြွင်းသေတ္တာထဲ နောက်ထပ် တစ်လ ဒါမှမဟုတ် နှစ်လလောက် ဆက်ထည့်ထားမယ်ဆိုရင် အနက်ရောင်ချီက ကောင်းကင်မြေကြီးယွမ်ချီကို စုပ်ယူပြီး ဒီထက်တောင် ပိုပြီးထိန်းချုပ်ဖို့ ခက်ခဲလာမှာ။ အဲ့လိုဖြစ်လာရင် ခရမ်းရောင်သလင်းကျောက်ကတောင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး '

' ခုနက ရှန်းထူနန်ထျန်းပြောတော့ မဟာဧကရီအမတေကို ထာဝရခရမ်းရွှေသေတ္တာထဲ ထည့်ထားရင်တောင် အဲ့တာရဲ့ ဆေးဂုဏ်သတ္တိတွေ လျော့ပြီး တစ်နှစ်လောက်ကြာရင် လုံးဝ ပျောက်သွားမှာတဲ့။ ကြည့်ရတာ လင်မိသားစုနဲ့ မင်္ဂလာကိစ္စကို စောစောဆုံးဖြတ်အောင် တမင်ပြောလိုက်ပုံပဲ '

ဤအတွေးများ ယီယွင်၏ခေါင်းထဲ၌ ပေါ်လာသည့်အခါ သူ ရှန်းထူနန်ထျန်းကို ပြုံးပြီး လှည့်ကြည့်လိုက်သည်။

" သခင်လေးနန်ထျန်း၊ ဒုတိယတံဆိပ်ခတ်ဖို့ အချိန်ကျပါပြီ "

ရှန်းထူနန်ထျန်း နှာမှုတ်ကာ မသိကျေးကျွံပြုသလို နေပါသော်လည်း အမှန်တကယ်မှာ မျက်နှာပျက်နေသည်။

ဒုတိယဆန်းကြယ်သလင်းတံဆိပ်ကို ဖန်တီးလိုက်သည့်အခါ သူ၏ဝိဉာဉ်ထဲမှ နာကျင်မှုကို သူ ခံစားခဲ့ရသည်။

ထိုအချိန်၌ လင်ရှင်းထုံအပါအဝင် လင်မိသားစု၏ အထက်တန်းလွှာအကြီးအကဲများက ရှန်းထူနန်ထျန်းကို ကြည့်နေကြသည်။

ရှန်းထူနန်ထျန်းလို သူ့ရဲ့ဂုဏ်သတင်းကို အရမ်းတန်ဖိုးထားတဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး လူအများကြီးအရှေ့မှာ အရူးတစ်ယောက်လို အဖြစ်ခံမှာလဲ။

သို့သော် ဝမရှိဘဲ ဝိလုပ်ချင်သူတစ်ဦးအနေဖြင့် နာကျင်မှုဝေဒနာကို ခံစားရပေမည်။

ရှန်းထူနန်ထျန်းအနေဖြင့် နောင်တရနေပြီဖြစ်သည်။

ဘာလို့ ဒဏ်ရာတွေကို ဖုံးကွယ်ပြီး ဘာမှမဖြစ်သလို ဟန်ဆောင်လျစ်လျူရှုခဲ့မိတာလဲ။

ဒုတိယတံဆိပ်၊ တတိယတံဆိပ်၊ စတုတ္ထတံဆိပ်မှသည် ...... တံဆိပ်အခုနှစ်ဆယ်သို့ ရောက်လာသည်။

ရှန်းထူနန်ထျန်း ထိုအခုနှစ်ဆယ်ကို ခက်ခဲစွာဖြင့် ပြီးအောင် လုပ်နိုင်ခဲ့သည်။

သို့သော် တံဆိပ်၂၀ကို လုပ်ပြီးသည့်အခါ ရှန်းထူနန်ထျန်း ခန္ဓာကိုယ်မှဖိအားကို ခံစားလာရသည်။

သူ့နဖူးပေါ်မှ သွေးကြောများမှာ ဖောင်းကားလာနေသည်။ သူသည် စိတ်စွမ်းအင်ကို အလွန်အကျွံ သုံးစွဲနေရသည်ဖြစ်၍ သူ့မျက်လုံးများမှာလည်း အနီရောင်သန်းလာသည်။

သူသည် ပုံမှန်မြင်တွေ့နေကြဖြစ်သည့် ပေါ့ပါးပြီး လူကြီးလူကောင်းဆန်သော နန်ထျန်းသခင်လေးကဲ့သို့ မဟုတ်တော့ပါချေ။

ထိုကိစ္စများထဲမှ လင်ရှင်းထုံသည် သူ့ကို ဆက်ကြည့်နေဆဲဖြစ်သည်။

ရှန်းထူနန်ထျန်းသည် သူ၏ အနာဂတ်ဇနီးလောင်းအရှေ့၌ အားနည်းသည့်ပုံ မပေါက်ချင်သောကြောင့် စိတ်သွားတိုင်း ကိုယ်မပါသော ခန္ဓာကိုယ်ခွန်အားကို အတင်းအကျပ် လုပ်ခိုင်းနေသည်။

ရှန်းထူနန်ထျန်းသည် ယီယွင်မအောင်မြင်ပါက ဆန္ဒရှိသလို သတ်ပစ်နိုင်မည်ဆိုသော အတွေးကိုသာ တွေး၍လုပ်ခဲ့သည်။

သို့သော် ရှန်းထူနန်ထျန်းအနေဖြင့် တစ်နာရီအတွင်းရှိ စက္ကန့်တိုင်းမှာ တစ်နှစ်ကဲ့သို့ ခံစားနေရသည်မှာ သံသယဖြစ်စရာပင် မရှိချေ။

ထိုအချိန်၌ ယီယွင်သည် မြွေနက်လေးကို ဆန်းကြယ်သလင်းလက်ကို အသုံးပြု၍ လုံးဝထိန်းချုပ်ပြီးသွားပြီဖြစ်သည်။

သို့သော် မိစ္ဆာမြွေနက်ကို ဖယ်ထုတ်ရန်အတွက် ဆန်းကြယ်သလင်းလက်ကို အသုံးမပြုဘဲ ခရမ်းရောင်မှော်သလင်းကျောက်၏ စွမ်းအားကိုသာ အသုံးပြုနိုင်သည်။

သူသာ အလိုရှိပါက ဤမြွေနက်လေးကို အချိန်မရွေး အလွယ်တကူ ဖယ်နိုင်လေသည်။

သို့သော် ယီယွင် ဤအခြေအနေကို နောက်ဆုံးထိ ဆွဲမဆန့်ထားဘူးဆိုပါက ရှန်းထူနန်ထျန်း၏ ထိုသို့ ကြိုးစားနေပုံကို မမြင်ရမည်မှာ သေချာသည်။

" သခင်လေးနန်ထျန်း၊ မင်း ဒုက္ခရောက်နေပုံရတယ်။ မင်းရဲ့ဝိဉာဉ်က နာကျင်နေပြီလား။ အမှန်တော့၊ မင်း ဆန်းကြယ်သလင်းလက်တံဆိပ်ကို လုပ်တာ တဝက်တောင် မပြီးသေးဘူး။ နောက်ထပ် အခု၆၀လောက် ကျန်သေးတယ်။ ဒါပေမဲ့ တကယ်တော့ နာကျင်မှုဆိုတာ ခံစားရတာ ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ကျင့်သားရလာမှာပါ "

အခုလေးဆယ်မြောက်တံဆိပ်ကို ဖန်တီးပြီးသည့်အခါ ယီယွင်မှ ရှန်းထူနန်ထျန်းကို 'စိုးရိမ်ပူပန်စွာ'နှင့် ပြောလိုက်သည်။

ရှန်းထူနန်ထျန်းသည် ဝိဉာဉ်ထဲမှ စူးရှသော နာကျင်မှုကို ခံစားရတိုင်း မျက်နှာမှိုင်းလာသည်။

သူ သွားကြိတ်ပြီး " မင်း သတိထားနေသင့်တယ်။ မင်းမှာ အသက်ရှင်ဖို့ မိနစ်၃၀လောက်ပဲ ကျန်တော့တာ "ဟု ယီယွင်ကို လှမ်းပြောလိုက်သည်။

လက်ရှိအချိန်နေရာ၏ ဘေး၌ သဲနာရီတစ်လုံး စိုက်ထူထားသည်။ သဲမှုန်လေးများသည် တိတ်ဆိတ်စွာဖြင့် အပေါ်မှအောက်သို့ တိတ်ဆိတ်ဆိတ် စီးဆင်းနေသည်။

နောက်ထပ် ၁၅မိနစ်ကြာပြီးပေါ် ဆန်းကြယ်သလင်းလက်တံဆိပ် အခု၈၀ ဖြစ်ပေါ်လာသည်။

ရှန်းထူနန်ထျန်း၏ မျက်နှာတစ်ခုလုံး၌ ချွေးများဖြင့် ဖုံးနေပြီး အမူအရာမှာလည်း အတော်ပင် ရက်စက်ကြမ်းကြုတ်နေသည်။

သူ၏ မျက်နှာအသွင်အပြင်များ အားလုံးမှာလည်း တွန့်လိမ်လာသည်။

လက်ရှိအချိန်၌ သူ နောက်ထပ် ထပ်၍ဟန်ဆောင်လို့ မရတော့ပေ။ ခုနစ်နှစ်အရွယ်ကလေးတစ်ယောက်ပင် ရှန်းထူနန်ထျန်းမှာ အသုံးမကျသော အင်အားစုတစ်ခု ဖြစ်နေသည်ကို မြင်နိုင်သည်။

ရှန်းထူနန်ထျန်း ဖန်တီးထားသည့် တံဆိပ်များသည် ပြီးပြည့်စုံမှု မရှိတော့ပေ။

မျက်နှာပျက်နေရသော်လည်း ရှန်းထူနန်ထျန်း ဆက်လုပ်ရန် အကောင်းဆုံး ကြိုးစားနေသည်။

မည်သို့ပင်ဖြစ်စေ မဟာဧကရီအမတေ၏ ချို့ယွင်းချက်ကို ရှာဖွေရာ၌ ယီယွင်ကို ကူညီရန် စိတ်ဝိဉာဉ်စာချုပ်ထဲ၌ ရေးထားသည်။

ရှန်းထူနန်ထျန်းသည် စိတ်ဝိဉာဉ်စာချုပ် တစ်စုံတစ်ခု မှားယွင်းသွားမည်ကို စိုးရိမ်နေသည်။

" ထျန်းအာ၊ နည်းနည်းလေး ထပ်တောင့်ခံလိုက်ပါဦး။ ခဏလေးပဲ သည်းခံလိုက် "

ထိုအချိန်မှာ၌ လက်တစ်ထောင်ဖွားဖွား၏ ယွမ်ချီအသံပို့လွှင့်မှုက ရှန်းထူနန်ထျန်း၏နားထဲသို့ ရောက်လာသည်။

ရှန်းထူနန်ထျန်း သူ၏ အာကာသလက်စွပ်ကွင်းထဲမှ ဝိညာဉ်မွေးမြူရေး ဆေးပြားတစ်ပြားကို ထုတ်ယူပြီး မျိုချကာ ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူ၏မျက်နှာသည် သဘာဝမဆန်သော အနီရောင်သန်းလာသည်။

မူလက သူ၏ ဝိဉာဉ်၌ ဒဏ်ဖြစ်နေသည်မှာ သက်သာလာနေပြီဖြစ်သည်။ သို့သော် ယနေ့ အတွေ့အကြုံဆိုးကြီး ပြီးသည့်နောက် ပြန်လည်သက်သာလာရန် လပေါင်းများစွာ အချိန်ပြန်ယူရတော့မည် ဖြစ်သည်။

သူ ယီယွင်ကို အမှန်တကယ်ပင် မုန်းတီးလှသည်။

သဲနာရီထဲမှ သဲပမာဏမှာ နည်းပါးလာပြီး အနည်းငယ်မျှသာ ကျန်ရှိတော့သည်။

အနီးနားရှိ စုကျဲ၊ အကြီးအကဲလင်နှင့် လင်ရှင်းထုံတို့အားလုံးမှာ ယီယွင်အတွက် ပူပန်နေကြသည်။

အချိန်အားဖြင့် ၅မိနစ်လောက်သာ ကျန်တော့သည်။

သို့သော် မဟာဧကရီအမတေနှင့် ပတ်သက်၍ သိသာထင်ရှားသော ဖွံ့ဖြိုးမှု မရှိသေးပေ။

လင်ရှင်းထုံ သူမ၏လက်ချောင်းများကို ယှက်ကာဆုပ်ကိုင် ထားသည်။

သူမသည် လေပြည်ညှင်းကဲ့သို့ အေးစက်စွာ နေတတ်ပါသော်လည်း ယခုအခါ ငြိမ်သက်စွာ မနေနိုင်တော့ချေ။

" ဆရာ ..... "

လင်ရှင်းထုံ စုကျဲထံသို့ ယွင်ချီအသံပို့လွှတ်ကာ ခေါ်လိုက်သော်လည်း စုကျဲ ခေါင်းကိုသာ ခါပြသည်။

" ဆရာလည်း ဘာမှမမြင်ရဘူး။ ဒီကလေးရဲ့ ဆင့်ကဲပြောင်းလဲမျက်လုံးကပဲ မြင်နိုင်တာ ဖြစ်နေနိုင်တယ် "

နေရာ၌ ရှိနေသူများအတွက် ယီယွင်၏ မျိုးရိုးဗီဇပြောင်းလဲ မျက်လုံးများမှာ လျှို့ဝှက်ဆန်းကြယ်ပြီး နားမလည်နိုင်စရာကောင်းလှသည်။

မျိုးရိုးဗီဇပြောင်းလဲ မျက်လုံးများမှ မည်သည့်အရာများအား မြင်နိုင်သည်

ကို သူတို့ လုံးဝမသိသကဲ့သို့ ဆင့်ကဲဗီဇပြောင်းမျက်လုံး၏ အကျိုးသက်ရောက်မှုကိုလည်း သူတို့ မသိကြချေ။

ခရမ်းရောင်သလင်းကျောက်၏ ဖြစ်တည်မှုမှာလည်း သူတို့၏ဉာဏ်ရည်အတိုင်းအတာထက် ကျော်လွန်နေမှုကြောင့် ဘယ်သူမှ မခန့်မှန်းမိခဲ့ကြချေ။

အမှန်တကယ်၌ ရှန်းထူမိသားစုမှ မျိုးဆက်ဟောင်းအကြီးအကဲများသည် သူတို့၏နတ်မျက်လုံးများကို အသုံးပြုကာ ယီယွင်ကို စစ်ဆေးခဲ့ကြပါသော်လည်း မသင်္ကာစရာတစ်ခုကိုမှ ရှာမတွေ့ခဲ့ပေ။

ရလဒ်အနေဖြင့် ယီယွင်၌ ဗီဇဆင့်ကဲပြောင်းလဲထားသည့် မျက်လုံးများရှိသည်ဆိုသော အချက်ကိုသာ သူတို့ လက်ခံခဲ့ကြရသည်။

စက္ကန့် ၂၄၀၊ စက္ကန့် ၂၁၀၊ စက္ကန့် ၁၈၀ .....

နာရီမှ မိနစ်၊ မိနစ်မှ စက္ကန့်ပိုင်းအဖြစ် ပြောင်းလဲနေပြီး သဲနာရီထဲ၌ သဲအနည်းငယ်သာ ကျန်ရှိတော့သည်။

အချိန်သိပ်မကျန်တော့ကြောင်း သဘောပေါက်လာသည့်အခါ လင်ရှင်းထုံတို့ ဘက်တော်သားများမှာ နှလုံးသားပေါက်ထွက်လာတော့မတတ် ဖြစ်လာကြသည်။

ရှန်းထူနန်ထျန်းသည်တော့ အလွန်အမင်းပြင်းထန်သော နာကျင်ကိုက်ခဲမှုကို ခံစားနေရသော်လည်း သူ့နှုတ်ခမ်းမှာ ပျော်ရွှင်နေသယောင် အပြုံးတစ်ခု ရှိနေသည်။

သူ့အရှေ့ရှိ ယွမ်ယန်ထျန်းမှလွဲ၍ ကြက်ပေါက်တစ်ကောင်မှ သူ့အား ဤမျှလောက်အထိ မုန်းတီးအောင်လုပ်နိုင်သူမှာ လွန်ခဲ့သောလအနည်းငယ်မှ ယီယွင်တစ်ယောက်သာ ရှိသည်။

သူသည် ယီယွင်အား အဆိုးရွားဆုံးနည်းလမ်းများနှင့် ရက်စက်စွာ သတ်ပစ်မည် ဖြစ်သည်။

နောက်ထပ် စက္ကန့် ၉၀။

ရှန်းထူနန်ထျန်းသည် ယီယွင်ကို သွေးမျက်လုံးရဲများဖြင့် ကြည့်ပြီးနောက် လင်ရှင်းထုံကို လှည့်ကြည့်လိုက်သည်။

သူ၏ဝိဉာဉ်မှာ ပြိုကွဲတော့မတတ် ​ဖြစ်နေရာ ရှန်းထူနန်ထျန်း ရူးသွပ်မယောင်ဖြစ်နေသည်။

လင်ရှင်းထုံအား ကြည့်သည့်အခါ ဖုံးကွယ်မထားနိုင်တော့ဘဲ လောဘတကြီးကြည့်သည့် အကြည့်မျိုး ဖြစ်လာသည်။

အမှန်တကယ်တွင် ရှန်းထူနန်ထျန်းအတွက် ယီယွင်ကို သတ်ရမည်ဆိုသောအချက်ထက် လင်ရှင်းထုံကို ပိုင်ဆိုင်ရမည်ဆိုသောအချက်က သူ့ကို ပို၍တောင့်ခံစေနိုင်သော လှုံ့ဆော်မှုတစ်ခု ဖြစ်ခဲ့သည်။

ထိုအတွေးမှ ရရှိသည့် ပျော်ရွှင်မှုမှာ ယီယွင်အား အကြိမ်တစ်သောင်းမက သတ်ရသည်ထက် ပို၍ပျော်စရာကောင်းစေသည်။

လင်ရှင်းထုံ၏ မျက်နှာအမူအရာသည် ရေပြင်ညီကဲ့သို့ ငြိမ်သက်ကာ တိတ်ဆိတ်နေသည်။

စက္ကန့် ၆၀မျှသာ ကျန်တော့သည်​ဖြစ်ပြီး ဆန်းကြယ်သလင်းလက်ချိပ်တံဆိပ်အခု ၁၀၀လုံး ပြီးစီးသွားသည်ကို မြင်သည့်အခါ လင်မိသားစုသည် အသက်ရှူမဝဖြစ်လာကြသည်။

တိတ်ဆိတ်နေသည်မှာ အပ်ကျသံကိုပင် ကြားရနိုင်သည်။

ရှန်းထူမိသားစုနှင့် ဘက်တော်သားများမှာတော့ ကျေနပ်အားရစွာ ပြုံးနေကြသည်။

အထူးသဖြင့် ရှန်းထူနန်ထျန်းနှင့် လက်တစ်ထောင်ဖွားဖွားတို့မှာ သူတို့၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ကြတော့ပေ။

" ကောင်လေး၊ မင်း ဘယ်လိုသေတော့မလဲဆိုတာ ငါ ကြည့်တာပေါ့ "

လက်တစ်ထောင်ဖွားဖွားသည် မှော်စုန်းမအိုကြီးတစ်ယောက်ကဲ့သို့ ရယ်မောနေခဲ့သည်။

ရှန်းထူနန်ထျန်းနှင့် လင်ရှင်းထုံတို့၏ အိမ်ထောင်ရေးအတွက် သူမသည် နှစ်အတော်ကြာ သည်းခံခဲ့ရသည်။

သူမသည် ဤကောင်လေး၏ ညည်းညူမှုများကို အတော်ကြာသည်းခံခဲ့ပြီးဖြစ်ရာ ယခုအခါ တော်သင့်လောက်ပြီဖြစ်သည်။

ရှန်းထူနန်ထျန်းနှင့် လင်ရှင်းထုံတို့ လက်ထပ်ထိမ်းမြားပြီး 'မဟာဧကရီနှလုံးသား မန္တန်'ကို ကျင့်ကြံပြီးသည်နှင့် သူသည် ထိပ်တန်းမဟာဧကရာဇ်ကြီး ဖြစ်လာပေလိမ့်မည်။

ထိုအခါ ရှန်းထူမိသားစုသည် အကျပ်အတည်းများကို ကျော်လွှားနိုင်ရုံသာမက ထျန်းယွမ်ကမ္ဘာကို အုပ်ချုပ်မည့် မိသားစုမျိုးနွယ်လည်း ဖြစ်လာပေလိမ့်မည်။

စက္ကန့် ၃၀။

သူတို့၏ သာမန်မျက်လုံးများနှင့်ပင် သဲနာရီထဲ၌ ကျန်ရှိနေသည့် သဲမှုန်အရေအတွက်များကို ရေတွက်နိုင်သည်။

လက်တစ်ထောင်ဖွားဖွားနှင့် ရှန်းထူနန်ထျန်းတို့သည် သဲနာရီကို အနီးကပ်ကြည့်ရှုနေခဲ့ကြသည်။

နောက်ဆုံးအချိန် ကုန်ဆုံးသွားသည်နှင့် သူတို့ လိုချင်သောအရာများအားလုံးကို ရရှိနိုင်ပေလိမ့်မည်။

ထိုအချိန်၌ ထူးခြားသည့် အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့သည်။

ယီယွင်၏ လက်အောက်၌ရှိနေသော မဟာဧကရီအမတေရုပ်ကြွင်းမှာ ရုတ်တရက် တုန်ခါသွားသည်။

အမတေမှထုတ်လွင့်လာသော တောက်ပသည့်အလင်းရောင်သည် မှိန်သွားပြီး အနက်ရောင်အငွေ့တစ်ခု ယီယွင်၏လက်ထဲသို့ လွင့်စင်လာသည်။

ဤအနက်ရောင်အငွေ့သည် ကြောက်မက်ဖွယ်ကောင်းပြီး မကောင်းဆိုးဝါးဆန်သည်။

ဆန်းကြယ်သလင်းလက် ချိတ်တံဆိပ်များစွာက ထိုအငွေ့ကို ထိန်းချုပ်ထားသော်လည်း ပြင်းထန်စွာ ရုန်းကန်နေဆဲဖြစ်သည်။

ထိုအနက်ရောင်အငွေ့သည် မကောင်းဆိုးဝါးအကောင်ရှည်ကြီးပုံစံဖြစ်ပြီး လူများစွာကို ချမ်းစိမ့်စေသည်။

ယီယွင်သည် မဟာဧကရီအမတေမှ ထွက်လာသော အနက်ရောင်အငွေ့ကို ထုတ်ယူရန် နောက်ဆုံးအချိန်မှ ခရမ်းရောင်သလင်းကျောက်ကို အသုံးပြုခဲ့သည်။

အနက်ရောင်အငွေ့ ရုတ်တရက် ပေါ်ထွက်လာမှုသည် လုံးဝ မမျှော်လင့်ထားသောအခြေအနေဖြစ်သောကြောင့် လူများသည် ပြူးပြဲကာ စိုက်ကြည့်နေကြသည်။

" အဲ့တာ ဘာကြီးလဲ "

လင်မိသားစုမှ အကြီးအကဲများမှလွဲ၍ ဆုန်းမိသားစုမှ အကြီးအကဲများနှင့် ရှန်းထူမိသားစုမှ အကြီးအကဲများပင် အံ့အားသင့်သွားကြသည်။

ယီယွင်၏လက်ထဲမှ အနက်ရောင်အငွေ့သည် သူတို့အား နေရမသက်မသာဖြစ်စေသည်။

ထိုအနက်ရောင်အငွေ့ကို မဟာဧကရီအမတေရုပ်ကြွင်းထဲမှ ထုတ်ယူခဲ့ခြင်းဖြစ်သည်။

ဒါဆို ဘာလို့အဲ့အငွေ့က ကိုယ်ပိုင်အသက်ဝိဉာဉ်ရှိသလို ဖြစ်နေရတာလဲ။

တစ်စုံတစ်ယောက်သည် မဟာဧကရီအမတေကို စားမိပါက ထိုအနက်ရောင်အငွေ့သည် စားသုံးသူ၏ခန္ဓာကိုယ်ထဲသို့ ဝင်သွားနိုင်ပေမည်။

လူအများမှ ထိုအနက်ရောင်အငွေ့၏ ဖြစ်တည်မှုအား ခန့်မှန်းမရခင်မှာပင် ယီယွင်သည် သူ့လက်ချောင်းကို လှုပ်ပြီး ဘေးနားရှိ မီးမျက်လုံးဝံပုလွေထံသို့ ပစ်လိုက်သည်။

ထိုမီးမျက်လုံးဝံပုလွေသည် ယီယွင်မှ ဤစစ်ဆေးချက်အတွက် ရွေးချယ်ခဲ့သော ပျက်စီးခြင်းသားရဲဖြစ်သည်။

All Chapters