← Chapters

အမတေ၏ လျှို့ဝှက်ချက်

Vol. 28 Ch. 416

အမတေ၏ လျှို့ဝှက်ချက်

Vol. 28 Ch. 416

" အာဝူး "

အနက်ရောင်အငွေ့သည် ခန္ဓာကိုယ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာသည့်အခါ မီးမျက်လုံးဝံပုလွေသည် တုန်ခါသွားပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တွန့်လိမ်ကောက်ကွေးလာသည်။

မီးမျက်လုံးဝံပုလွေသည် သူ၏ခန္ဓာကိုယ်ထဲသို့ အနက်ရောင်အငွေ့ ဝင်လာသောကြောင့် ကိုက်ခဲလွန်းလှသော အအေးဒဏ်ကို ခံစားလိုက်ရသည်။

လက်ရှိအချိန်၌ လက်တစ်ထောင်ဖွားဖွားနှင့် ရှန်းထူနန်ထျန်းတို့သည် လုံးဝပင် အံ့အားသင့်နေကြသည်။

မဟာဧကရီအမတေတွင် ချို့ယွင်းချက်တစ်ခုရှိကြောင်း သိရသည့်အပြင် ရှန်းထူမိသားစု ရရှိခဲ့သော ရှေးဟောင်းချက်နည်းတွင်လည်း ချို့ယွင်းချက်ရှိသည်ကို ပင်တွေ့ရသည်။

သို့သော် မဟာဧကရီအမတေထဲတွင် အနက်ရောင်အငွေ့ ကွယ်ဝှက်နေသည်ကို လက်တစ်ထောင်ဖွားဖွားပင် မသိခဲ့ချေ။

ဒါက ဘာလဲ။

" ဒီကောင်လေးက တကယ်ကြီး အမတေရဲ့ချို့ယွင်းချက်ကို ရှာတွေ့သွားတာလား "

ရှန်းထူနန်ထျန်းသည် မီးမျက်လုံးနီဝံပုလွေကို သွေးရောင်လွှမ်းသောမျက်လုံးများဖြင့် အေးစက်စွာ စိုက်ကြည့်နေသည်။

" မဖြစ်နိုင်ဘူး "

လက်တစ်ထောင်ဖွားဖွား၏ မျက်နှာအိုသည် တွန့်လှုပ်လျက် ရုတ်တရက် စိတ်လှုပ်ရှားစွာ ပေါက်ကွဲမတတ်ဖြစ်နေသည်။

သူမ၏ ပိန်ပါးသော ခန္ဓာကိုယ်သည် စတင်တုန်ခါလာတော့သည်။

" သူတွေ့ထားတဲ့ အနက်ရောင်အငွေ့က သံသယဖြစ်စရာကောင်းတဲ့ကိစ္စ အစပဲ ရှိသေးတယ်။ အောင်ပွဲကို မဆုံးဖြတ်နိုင်သေးဘူး "

ထိုအချိန် ရှိနေသည့်လူတိုင်းမှာ မီးမျက်လုံးနီဝံပုလွေကို ကြည့်နေကြသည်။

သာမန်ခရမ်းသွေးနယ်မြေ စစ်သည်တော်တစ်ယောက်၏ ခွန်အားနှင့် ညီမျှသော ပျက်စီးခြင်းသားရဲသည် သူ့အား ဝိုင်း၍ကြည့်နေကြသော ခွန်အားကြီး ပုံရိပ်များနှင့် သူ့ခန္ဓာကိုယ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာသော ရေခဲချီဓာတ်ကြောင့် ကြောက်ရွံ့ထိတ်လန့်သွားသည်။

ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ရီလာသည်။

ဆယ်စက္ကန့်ကြာပြီးနောက် မီးမျက်လုံးနီဝံပုလွေ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ခါကာ အော်ဟစ်လေတော့သည်။

သူ၏ အမွှေးများမှာ သိသာထင်ရှားသည့်နှုန်းနှင့် ပိုရှည်လာသည်။

မီးမျက်လုံးနီဝံပုလွေ၏ အော်ဟစ်သံသည် နာကျင်မှုနှင့်အညီ ကျယ်လောင်စွာ မြည်ကြွေးအော်ဟစ်ကာ ပို၍ ပြင်းထန်စွာ ရုန်းကန်လာသည်။

သူ၏ မျက်လုံးများမှာလည်း ပိုနီလာပြီး အနီဖျော့ရောင်မှ သွေးနီရင့်ရောင်အထိ ပြောင်းလဲသွားသည်။

" အာ ဝူး "

မီးမျက်လုံးနီဝံပုလွေ၏ ကြွက်သားများသည် ပြင်းထန်စွာ ရိုက်နှက်ခံနေရသကဲ့သို့ ပြဲထွက်လာကာ ရူးသွပ်စွာဖြင့် ခေါင်းကို မြေပြင်နှင့် ရိုက်ချနေလျက် အမွေးမျှင်များမှာလည်း ပိုရှည်လာသည်။

မီးမျက်လုံးဝံပုလွေကို ချိတ်တံဆိပ်များက ကန့်သတ်ထားပြီး သူ၏ ပုံမှန်ခွန်အားဖြင့် ချိတ်တံဆိပ်များကို ချိုးဖျက်ရန် နည်းလမ်းမရှိပေ။

သို့သော် ယခုအခါ မီးမျက်လုံးဝံပုလွေ၏ကြွက်သားများသည် ကြီးထွားလာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ချိတခတံဆိပ်များသည် တစ်ခုပြီးတစ်ခု ဖျက်ဆီးခံနေရသည်။

" သတိထားကြ "

လင်မိသားစုအဘွားတော် ချက်ချင်း ထရပ်လိုက်သည်။

မီးမျက်လုံးနီဝံပုလွေသည် အစွမ်းထက် ပျက်စီးခြင်းသားရဲ မဟုတ်ပါသော်လည်း အနက်ရောင်အငွေ့ ဝင်ပြီးသောအခါ အခြေအနေချင်း မတူညီတော့ပေ။

လင်မိသားစု အဘွား​တော်၏ စိတ်စွမ်းအင်သည် မီးမျက်လုံးနီဝံပုလွေပေါ်သို့ တွယ်ကပ်နေပြီး သူမ၏လက်တစ်ချောင်းကို လှုပ်လိုက်ရုံဖြင့် စွမ်းအင်ရောင်ခြည်အချို့ ထွက်ပေါ်လာပြီး မီးမျက်လုံးနီဝံပုလွေကို ယွမ်ချီလှောင်အိမ်ထဲသို့ ပိတ်ထားလိုက်နိုင်သည်။

မီးမျက်လုံးနီဝံပုလွေသည် လှောင်အိမ်ထဲသို့ အတင်းထည့်ခံရ၍ စိတ်တိုသွားပုံရကာ လှောင်အိမ်ကို ခေါင်းဖြင့်တိုက်နေပြီး သွေးများပင် ထွက်လာရသည်။

ထို့အပြင် မီးမျက်လုံးနီဝံပုလွေ၏ မျက်လုံးများထဲမှ မုန်းတီးမှုနှင့် မကောင်းဆိုးဝါးဆန်မှုတို့ ပါဝင်သည့် အေးစက်သောအကြည့်ကို လူတိုင်းမြင်နိုင်သည်။

" ဘာတွေဖြစ်နေတာလဲ "

လင်မိသားစု အဘွားတော်သည် ဒေါသတကြီးမေးလိုက်သည်။

သူမသည် လင်ရှင်းထုံကို အလွန်ပင်ချစ်ခင်မြတ်နိုးလေရာ ယခု အမတေ၌ ပြဿနာရှိနေသည်ကို သိရ၍ သူမ ဒေါသထွက်လာသည်။

" ဒီဟာက ဘာ ..... ဘာတွေ ထူးဆန်းနေတာလဲ "

လက်တစ်ထောင်ဖွားဖွားသည် ချက်ချင်းပင် ငြိမ်သက်သွားပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

" မဟာဧကရီအမတေရဲ့ ဆေးအာနိသင်က အရမ်းအားကောင်းတယ်။ အဲ့တော့ ဒီလို မီးမျက်လုံးနီဝံပုလွေသားရဲလောက်က ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ။ ဒီဝံပုလွေသေသွားရင်တောင် ထူးဆန်းမှာ မဟုတ်ဘူးမလား။ ဒီကနေ ဘာမှသိနိုင်သေးတာ မဟုတ်ဘူး "

လက်တစ်ထောင်ဖွားဖွား စကားပြောပြီးသည်နှင့် မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲနေသော မီးမျက်လုံးနီဝံပုလွေထံမှ သွေးလန့်မတတ် ကြောက်စရာကောင်းသည့် အော်သံကြီး ထွက်ပေါ်လာသည်။

သူ၏အမွေးများမှာလည်း နှစ်ပေကျော်မကရှည်လာပြီး ဝမ်းဗိုက်မှအမွှေးတွေက မြေကြီးကိုပင် ထိနေပြီဖြစ်သည်။

မီးမျက်လုံးနီဝံပုလွေသည် ရူးသွပ်စွာ တွန့်လိမ်နေပြီး ကြွက်သားများမှာ အဖုလုံးလေးအဖြစ် ကျုံ့သွားသည်ကို မြင်နိုင်သည်။

ထို့နောက် မျက်လုံးအိမ်များမှာ ခွက်ကျသွားပြီး အမွှေးများမှာလည်း အကုန်ကျွတ်လာသည်။

မီးမျက်လုံးနီဝံပုလွေ၏ မျက်လုံးများသည် မျက်ကန်းတစ်ယောက်ကဲ့သို့ မှိန်ဖျော့သွားပြီး နီရဲမနေတော့ပေ။

" ဝံပုလွေက ရုတ်တရက်ကြီး အိုလာပြီ "

လင်မိသားစုထဲမှ အကြီးအကဲတစ်ယောက်က ထိတ်လန့်တကြား ပြောလိုက်သည်။

မီးမျက်လုံးနီဝံပုလွေသည် သာမန်မျက်စိရှေ့မှာပင် လျင်မြန်စွာ အိုမင်းလာသည်။

မီးမျက်လုံးနီဝံပုလွေတစ်ကောင်သည် နှစ်ပေါင်းရာနှင့်ချီ၍ အသက်ရှင်နိုင်ပါသော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် နှစ်ရာချီကုန်ဆုံးခဲ့ရသလို အသက်ကြီးနေသည်။

မကြာခင်မှာပင် မီးမျက်လုံးနီဝံပုလွေသည် သူ၏ စွမ်းဆောင်ရည်ခွန်အားများ အားလုံးကို ဆုံးရှုံးပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

သူ၏ အမွေးများအားလုံးသည် ကျွတ်ထွက်သွားပြီး ခြောက်သွေ့နေသော အရေခွံတစ်ခု ကျန်ခဲ့သည်။

သို့သော် ဤသည်က အဆုံးသတ်မဟုတ်သေးပေ။

မီးမျက်လုံးဝံပုလွေ၏ အရေခွံသည် နှစ်ပေါင်းရာနှင့်ချီ မြှုပ်နှံခံထားရသကဲ့သို့ ဖြည်းဖြည်းချင်း ပုပ်သိုးဆွေးမြေ့လာသည်။

ကျန်ခဲ့သည်မှာ စုတ်ပြတ်ပျက်စီးနေသည့် မီးမျက်လုံးနီဝံပုလွေ၏ အရိုးစုသာ ဖြစ်လေသည်။

" ဒါက ....... "

မီးမျက်လုံးနီဝံပုလွေ၏ နောက်ဆုံးရလဒ်ကို မြင်ပြီးသည့်အခါ လင်မိသားစု အဘွားတော်၏ မျက်လုံးအိမ်များမှာ ကျဉ်းမြောင်းသွားပြီး မျက်နှာမှာလည်း ဖြူဖျော့သွားသည်။

ဒါက ကြောက်စရာကောင်းလောက်အောင် အဆိပ်ပြင်းတာပဲ။

ရှင်းထုံ စားလိုက်ရင် သူမ ဘာဖြစ်သွားမလဲ။

လင်မိသားစု အဘွားတော်တင်မကချေ။

ယီယွင်ပင် အံ့အားသင့်သွားသည်။

အနက်ရောင်အငွေ့သည် မကောင်းဆိုးဝါးစွမ်းအင်တစ်မျိုး ဖြစ်ကြောင်း သူ သိနိုင်သော်လည်း မီးမျက်လုံးနီဝံပုလွေ၏ ခန္ဓာကိုယ်ထဲသို့ ထိုအနက်ရောင်စွမ်းအင်ငွေ့ ဝင်ပြီးသွားသည့်အခါ ဤမျှကြောက်စရာကောင်းစွာ သေဆုံးသွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။

" မ ..… မဖြစ်နိုင်ဘူး "

လက်တစ်ထောင်ဖွားဖွား၏ မျက်နှာမှာလည်း ဖြူဖျော့သွားသည်မှာ သေလွန်သူများအတွက် မီးရှို့လေ့ရှိသည့် စက္ကူရုပ်များနှင့်ပင် ဆင်တူနေသည်။

သူမဘေး၌ ရှိနေသည့် ရှန်းထူနန်ထျန်း၏ မျက်နှာမှာ ပို၍ပင် ရှုံ့တွနေလေသည်။

သူ၏နားထင်များမှာ သွေးတက်နေ၍ ဖောင်းနေပြီး သူ့ဦးနှောက်ထဲ၌လည်း ဗုံတစ်ထောင်တီးခတ်နေသကဲ့သို့ တုန်ရီနေသည်။

ဒါကိစ္စကို ရှေးဟောင်းစာရွက်ထဲမှာ ဖော်ပြထားတာ မရှိဘူး။

စားလိုက်တာနဲ့ အရိုးစုလိုဖြစ်ပြီး သေသွားမယ်ဆိုသိရင် လင်ရှင်းထုံကို ဘာလို့ စားခိုင်းမှာလဲ။

ဒါက လင်မိသားစုရဲ့ နယ်မြေပဲ။ ဒီလိုလုပ်တာက သူတို့ ဆက်ပြီး အသက်မရှင်ချင်တော့တာလို့ မဆိုလိုဘူးလား။

ရှေးဟောင်းညွှန်းစာအရ သဘာဝအတိုင်း ယင်ဓာတ်ကုန်ဆုံးနေသော အမျိုးသမီးတစ်ဦးသည် အမတေ ၁၂ခုကို စားလိုက်သည်နှင့် သူမသည် ကုသခံရမည်ဖြစ်ပြီး ပြိုင်ဘက်ကင်းသော အရည်အချင်းကို ရရှိမည်ဖြစ်ကာ သူမ၏ ကျင့်ကြံမှုသည်လည်း လျင်မြန်စွာ တိုးတက်လာမည်ဖြစ်သည်။

သို့သော် အမတေသည် အလွန်ပြင်းထန်သော ဘေးထွက်ဆိုးကျိုးတစ်ခု ရှိသည်။

ဤသည်မှာ အမတေကို မှီဝဲလိုက်သော အမျိုးသမီး၏ သက်တမ်းကို ထိခိုက်စေနိုင်ခြင်းဖြစ်သည်။

သဘာဝအရ ယင်ဓာတ်ကုန်ဆုံးနေသော အမျိုးသမီးသည် အမတေကိုစားပြီးပါက ကုသခံရပြီး ပျောက်ကင်းမည်ဖြစ်သော်လည်း သူမ၏ ခန္ဓာကိုယ်သည် အဆိပ်သင့်သွားမည်ဖြစ်သည်။

ထိုအမျိုးသမီး၏ အသက်သည် အဆိပ်ကြောင့် ပျက်စီးသွားမည်ဖြစ်ပြီး သူမ၏ သက်တမ်းသည် နှစ်၂၀၀၀အထိသာ ရှင်သန်နိုင်တော့မည်ဟု ကန့်သတ်ခံရပေမည်။

နှစ်၂၀၀၀ဟူသောအချိန်သည် ရှန်းထူမိသားစုအတွက် လုံလောက်လေသည်။

ရှန်းထူနန်ထျန်းသည် လင်ရှင်းထုံနှင့် လက်ထပ်လိုက်မည်ဖြစ်ပြီး သူမသည်လည်း သူမ၏ မူလယင်ဓာတ်ကို ရရှိမည်ဖြစ်ကာ သူ့အတွက် များစွာ အကျိုးရှိပေလိမ့်မည်။

ဤသည်က သူ၏ ကျင့်ကြံမှုများ လျင်မြန်စွာ တိုးတက်စေမည့်အပေါ် သက်ရောက်မှုရှိမှာ ဖြစ်သည်။

ထို့အပြင် လင်ရှင်းထုံ၏ အကူအညီဖြင့် ရှန်းထူနန်ထျန်းသည် 'မဟာဧကရီနှလုံးသား မန္တန်'ကို ကျင့်ကြံနိုင်မည်ဖြစ်သည်။

နှစ်၂၀၀၀ဟူသော အချိန်သည် ရှန်းထူနန်ထျန်းအတွက် 'မဟာဧကရီနှလုံးသား မန္တန်'ကို ကျွမ်းကျင်စေရန် လုံလောက်ပါသည်။

ထို့အပြင် လင်မိသားစု၏အကူအညီဖြင့် ရှန်းထူမိသားစုသည် အကျပ်အတည်းကို ကျော်လွှားနိုင်မည်ဖြစ်ပြီး ရှန်းထူဂိုဏ်းအား လုံးဝအဆင်ပြေစေမည် ဖြစ်သည်။

နောက်ဆုံး၌ လင်ရှင်းထုံသည် နှစ်ပေါင်း၂၀၀၀ အကြာတွင် သေဆုံးကာ အဆုံးသတ်အနေဖြင့် သူမသည် ပြိုင်ဘက်ကင်းသော မဟာဧကရီတစ်ဦး ဖြစ်လာနိုင်သည်။

သဘာဝအရာ ယင်ဓာတ်များ ပျောက်ကွယ်ထားသော အမျိုးသမီးတစ်ဦးသည် ကုသခံရပြီးနောက် မဟာဧကရီတစ်ဦး ဖြစ်လာနိုင်သည်။

ထိုသည်မှတဆင့် သူမသည် ထျန်းယွမ်ကမ္ဘာတစ်ခုလုံးကို အုပ်စိုးနိုင်သော တည်ရှိမှုတစ်ခု ဖြစ်လာပေလိမ့်မည်။

မည်သူမျှ သူမနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။

ရှန်းထူနန်ထျန်းသည် မဟာဧကရာဇ်တစ်ပါး ဖြစ်လာလျှင်ပင် သူ၏အစွမ်းသတ္တိများသည် 'မဟာဧကရီနှလုံးသားမန္တန်'မှ ဖြစ်လာမည့် မဟာဧကရီလင်ရှင်းထုံထက် အလွန်အားနည်းနေပေလိမ့်မည်။

ရှန်းထူမိသားစုသည် လင်ရှင်းထုံ၌ မကောင်းသော အတွေးများ ရှိလာကာ လင်မိသားစုမှ ရှန်းထူမိသားစုအား ဝါးမြိုသွားမည်ကိုတော့ စိုးရိမ်ကြသည်။

ဤသည်မှာ ရှန်းထူမိသားစု မမြင်လိုသော အရာဖြစ်သည်။

နှစ် ၂၀၀၀ အကြာ၌ လင်ရှင်းထုံကို သေဆုံးသွားပါက ရှန်းထူနန်ထျန်းသည် ထျန်းယွမ်ကမ္ဘာ၌ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ရှန်းထူမိသားစုသည် ဤလှုပ်ရှားမှု တစ်ချက်တည်းဖြင့် အရာများစွာကို အောင်မြင်နိုင်ပေမည်။

သို့သော် ယခုအခါ ယီယွင်ပေါ်လာသည်နှင့်အတူ သူတို့၏ ဤအံ့ဖွယ်လှုပ်ရှားမှုအစီအစဉ်သည် လုံးဝပျက်စီးသွားခဲ့ရသည်။

ဤရုတ်တရက်ဖြစ်ပျက်မှုနဲ့အတူ လက်တစ်ထောင်ဖွားဖွားနှင့် ရှန်းထူနန်ထျန်းတို့ မမျှော်လင့်ထားသောအရာတစ်ခု ဖြစ်လာခဲ့သည်။

သူတို့သည် တစ်ပြိုင်နက်မှာပင် ပြင်းထန်သော အအေးဓာတ်ကို ခံစားလိုက်ရသည်။

ထိုအအေးဓာတ်မှာ လင်မိသားစု အဘွားတော်ထံမှ လာသော သတ်ဖြတ်ချင်စိတ်ဖြစ်သည်။

လက်တစ်ထောင်ဖွားဖွားသည် တစ်ကိုယ်လုံး ချမ်းစိမ့်လာပြီး သူမ၏လည်ပင်းအား တင်းကြပ်စွာ အညှစ်ခံထားရသကဲ့သို့ အသက်ရှူလို့မရဖြစ်နေသည်။

ဘန်း

ထိုအချိန် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လက်တစ်ထောင်ဖွားဖွားနှင့် သိပ်မဝေးသောနေရာရှိ မဟာဧကရီအမတေမှာ ပေါက်ကွဲသွားခဲ့သည်။

ဘာလဲ။

လူများအားလုံး အံ့အားသင့်သွားကြသည်။

မဟာဧကရီအမတေရုပ်ကြွင်း ပေါက်ကွဲမှုသည် အသေးအဖွဲကိစ္စတစ်ခု မဟုတ်ချေ။

ပြင်းထန်သော တုန်ခါမှုလှိုင်းကြီး ကြွတက်လာသည်ကို မြင်သည့်အခါ ရုပ်ကြွင်းနှင့် အနီးဆုံးဖြစ်သော မျက်ခုံးရှည် အကြီးအကဲနှင့် အခြားမိသားစုမျိုးနွယ်စု အကြီးအကဲများမှ ထိုမြင့်တက်လာသော စွမ်းအင်ကို ပိတ်ဆို့ရန် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။

ဘန်း ဘန်း ဘန်း

ပြင်းထန်သည့် စွမ်းအင်သက်ရောက်မှုကြောင့် ပေါက်ကွဲမှုအား ကာကွယ်ရန်လုပ်နေသော အကြီးအကဲတချို့ တုန်လှုပ်သွားခဲ့ကြသည်။

သူတို့၏ မျက်နှာအမူအရာအချို့သည် ပြင်းထန်သော ပြောင်းလဲမှုကြောင့် ပင်ပန်းလာသည်။

မဟာဧကရီအမတေ ပေါက်ကွဲမှုမှာ အလွန်ပြင်းထန်နေသည်။

ထို့အပြင် ပေါက်ကွဲအားအများစုမှာ ကောင်းကင်ပေါ်သို့ မြင့်တက်သွားပြီး ဘေးနှစ်ဖက်ကိုလည်း အနည်းငယ် ပျံ့နှံ့သွားသည်။

မဟုတ်ပါက ပေါက်ကွဲမှုကြောင့် သူတို့ပင် သွေးမြေကျရနိုင်သည်။

စက္ကန့် ၃၀ကြာမြင့်ပြီးနောက် တုန်ခါမှုလှိုင်း ပျောက်ကွယ်သွားသည်။

အကြီးအကဲအချို့သည် သူတို့၏ နဖူးပေါ်မှ ချွေးအေးစက်များကို သုတ်နေလျက် ကြောက်ရွံ့မှုကို ခံစားကြရသည်။

မဟာဧကရီအမတေက ဘာလို့ ရုတ်တရက်ကြီး ပေါက်ကွဲသွားတာလဲ။

လူအများက နားမလည်ဖြစ်နေကြသော်လည်း လက်တစ်ထောင်ဖွားဖွားနှင့် ရှန်းထူနန်ထျန်းတို့မှာ အကြောင်းရင်းကို သိကြသည်။

မဟာဧကရီအမတေ၏ ချို့ယွင်းချက်ကို ဖယ်ရှားလို့မရချေ။

ရှန်းထူမိသားစုသည် မဟာဧကရီအမတေ ရှေးဟောင်းညွှန်းစာကို ရရှိခဲ့စဉ်က ထိုအချက်ကို ညွှန်းစာထဲ၌ မဟာဧကရီနှင့် ခေတ်ပြိုင်ဖြစ်သော ရှေးဟောင်း ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးက ရေးသားခဲ့သည်။

ထိုရှေးဟောင်း ပျက်စီးခြင်းကောင်းကင်သခင်သည် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ဖြစ်သည်။

သူသည် မဟာဧကရီအမတေကို တွေ့သွားသည့်အခါ မဟာဧကရီ၏ သဘာဝအတိုင်း ရပ်တန့်သွားသော ယင်ဓာတ်များကို ပြန်ကုသရန် ပူးပေါင်းချင်ခဲ့သည်။

ထို့ကြောင့် မဟာဧကရီအမတေမှ ရပ်တန့်သွားသော ဓာတ်များအား ဖော်ထုတ်ရန် ရှေးဟောင်းညွှန်းစာချက်နည်းကို ရေးသားရန် ကြီးမားစွာ ကြိုးစားအားထုတ်ခဲ့သည်။

သို့သော် ချက်နည်းပြီးသွားသည့်အခါ သန့်စင်ထားသော မဟာဧကရီအမတေ၌ ဖယ်ရှားလို့မရနိုင်သည့် မကောင်းဆိုးဝါးစွမ်းအင်တစ်ခု ရှိနေသည်ကို သိလိုက်ရသည်။

ထိုရှေးဟောင်းပျက်စီးခြင်းကောင်းကင်သခင်သည် မဟာဧကရီအမတေထဲမှ မကောင်းဆိုးဝါးစွမ်းအင်ကို ထုတ်ယူရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သေးသည်။

သို့သော် ထိုမကောင်းဆိုးဝါးစွမ်းအင်ကို ထုတ်ယူပြီးသည်နှင့် မဟာဧကရီအမတေ၏ စွမ်းအင်ဖွဲ့စည်းပုံမှာ ပြိုကွဲသွားပြီး ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။

ထို့ကြောင့် မဟာဧကရီအမတေ၏ ဖြစ်တည်မှုကိုယ်တိုင်ကပင် ပြစ်ချက်ကြီးတစ်ခု ဖြစ်လေသည်။

နောက်ဆုံး၌ ထိုရှေးဟောင်း ပြိုင်ဘက်ကင်း ကောင်းကင်သခင်ပင် လက်လျှော့လိုက်ရသည်။

ဤအချက်ကို သိထားပါသော်လည်း လက်တစ်ထောင်ဖွားဖွားသည် ဘယ်တော့မှ ဝန်ခံမည် မဟုတ်ပေ။

သူမ ရုတ်တရက် ရူးသွပ်သွားသည်။

သူမ၏ စိတ်ခံစားချက် ပြင်းထန်မှုကြောင့် သူမခန္ဓာကိုယ်ထဲရှိ ယွမ်ချီမှာ အဆမတန် မြင့်တက်လာသည်။

သူမ ခေါင်းပေါ်ရှိ ဆံညှပ်မှာ ကျွတ်ထွက်သွားပြီး မီးခိုးရောင်ဆံပင်ဖြူများမှာ တောမြက်ခင်းပြင်လို ကျလာသည်။

သူမသည် သွေးဆာနေသော မျက်လုံးများနှင့် ယီယွင်ကို ရုတ်တရက် ကြည့်လိုက်သည်။

" ကောင်လေး၊ မင်းက ငါတို့ ရှန်းထူမိသားစုရဲ့ မဟာဧကရီအမတေကို ဖျက်ဆီးပြီး အဆိပ်ကို ကြိုတင်ပြင်ဆင်ထားတာပဲ။ မင်းက ရှန်းထူမိသားစုကို ပြဿနာပေးဖို့ စီစဉ်ထားတာ။ ငါ မင်းရဲ့ အသက်ကို ယူပစ်မယ် "

လက်တစ်ထောင်ဖွားဖွားသည် ယီယွင်ထံသို့ ရုတ်တရက် ပြေးလာသည်။

သူမသည် သူမ၏ ပါးလွှာသော လက်သည်းများကို ဆန့်ထုတ်လိုက်ပြီး ယီယွင်၏ လည်ပင်းထံသို့ ဦးတည်သွားရာ ကြီးမားသော အနက်ရောင် လက်အရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ယီယွင် အံ့အားသင့်သွားပြီး သူ အလျင်အမြန် နောက်ဆုတ်သည်။

အမှန်တကယ်၌ သူသည် လက်တစ်ထောင်ဖွားဖွား၏ တိုက်ခိုက်မှုကို ရှောင်လွှဲနိုင်စွမ်း မရှိပါသော်လည်း လက်ရှိအချိန်၌ လင်မိသားစုအဘွားတော်၊ စုကျဲနှင့် ကျန်အဖွဲ့သားများမှာ ဒီအတိုင်း ရပ်နေမည် မဟုတ်ပေ။

လင်မိသားစုအဘွားတော်၊ စုကျဲနှင့် လင်မိသားစုက အကြီးအကဲအချို့က လှုပ်ရှားခဲ့ကြသည်။

" ဒုန်း "

ထိုလူများ ပေါင်းစပ်ကာ ထုတ်လွှတ်လိုက်သည့် တလက်လက်တောက်ပနေသော သက်တံရောင်စဉ်တန်း အင်အားသည် လက်တစ်ထောင်ဖွားဖွား၏ အနက်ရောင်လက်သည်းများကို အလွယ်တကူ ဖျက်ဆီးပစ်ခဲ့သည်။

ထို့နောက် သက်တံရောင်စဉ်တန်းများမှာ ခွန်အားလျော့သွားခြင်းမရှိဘဲ လက်တစ်ထောင်ဖွားဖွား၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ချခဲ့သည်။

အုန်း

" ဖူး ...... "

လက်တစ်ထောင်အဘွား၏ ပိန်လျသော ခန္ဓာကိုယ်မှာ ရုတ်တရက် ရပ်တန့်သွားပြီး အနက်ရောင်သွေးများ ပါးစပ်အပြည့်ထွေးထုတ်လိုက်ကာ နောက်ပြန်ပျံထွက်သွားခဲ့သည်။

တောင်ထိပ်ရှိ ယွမ်ချီဓာတ်ကို နှိမ်နင်းရန် လင်မိသားစုအသုံးပြုသော မီးဖိုကို ခွေးသေတစ်ကောင်ကဲ့သို့ ပြင်းထန်စွာ ဝင်တိုက်မိသည်။

" ဒင်းဒန်း "

မီးဖိုကြီးမှ သတ္တုဟိန်းသံကြီးထွက်လာကာ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

လက်တစ်ထောင်ဖွားဖွား၏ ဦးခေါင်းအနောက်ဘက်၌ သွေးများနှင့် ဖုံးလွှမ်းနေသည်။

သူမသည် ညှိုးနေသောမုန့်ညက်တစ်ချပ်ကဲ့သို့ ဖြည်းဖြည်းချင်း လျှောကျသွားသည်။

" ကောင် ... ကောင်စုတ်လေး၊ ငါ ... မင်းကို ဖုန်မှုန့်ဖြစ်အောင် ကြိတ်ပစ်မယ် "

လက်တစ်ထောင်ဖွားဖွားသည် ပြင်းထန်စွာ အော်ဟစ်လိုက်သော်လည်း သူမသည် ပါးစပ်ဟလိုက်သည်နှင့် နောက်ထပ် အနက်ရောင်သွေးတစ်လုတ် ပါးစပ်ထဲမှ ထွက်လာပြန်သည်။

All Chapters