← Chapters

ရှန်းထူနန်ထျန်း၊ ရတနာတွေ ပေးတတ်သော သခင်လေး

Vol. 28 Ch. 417

ရှန်းထူနန်ထျန်း၊ ရတနာတွေ ပေးတတ်သော သခင်လေး

Vol. 28 Ch. 417

" အဘွား "

ရှန်းထူနန်ထျန်းသည် လက်တစ်ထောင်ဖွားဖွားကို အလျင်အမြန် ကူညီပေးသည်။

အဖြစ်အပျက်အပြောင်းအလဲများမှာ သူ၏ထိန်းချုပ်နိုင်စွမ်းကို ကျော်လွန်နေသည်။

လင်မိသားစုအဘွားတော်သည် သတ်ဖြတ်လိုစိတ်ပြင်းနေသည်ကို မြင်သည့်အခါ ရှန်းထူနန်ထျန်း မတတ်နိုင်ဘဲ ကြောက်စိတ်အနည်းငယ် ဝင်လာမိသည်။

လင်မိသားစု အဘွားတော်သည် ရှန်းထူနန်ထျန်းကိုယ်တိုင်အပါအဝင် ရှန်းထူမိသားစုကို ဖျက်ဆီးလိမ့်မည်ဟု သူတကယ်ပင် သံသယဝင်လာသည်။

လက်တစ်ထောင်ဖွားဖွားသည် ထရပ်ဖို့ ရုန်းကန်လျက် သူမ၏မျက်နှာပေါ်၌ ခါးသီးသည့်အပြုံးတစ်ခု ပေါ်လာသည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက သူမသည် လင်မိသားစု အဘွားတော်နှင့် လက်ရည်ချင်းယှဉ်ကာ တိုက်ခိုက်ခဲ့ဖူးသည်။

ထိုအချိန်က သူမသည် လင်မိသားစုအဘွားတော်ကို မယှဉ်နိုင်ချေ။ ယနေ့တွင် သူတို့ကြားမှ ကွာဟချက်မှာ ပိုကြီးလာခဲ့သည်။

ထို့အပြင် လင်မိသားစု၏ အကြီးအကဲတချို့ အတူတကွ တိုက်ခိုက်ကြသောကြောင့် သူမ၏ သွေးကြောများ ဒဏ်ရာရသွားလေသည်။

ရှန်းထူမိသားစု၏ အခြားအကြီးအကဲများမှာတော့ မည်သူမှ လက်တစ်ထောင်ဖွားဖွားကို မကူညီရဲကြပေ။

လက်ရှိအချိန်၌ သူတို့အားလုံးမှာလည်း အံ့အားသင့်နေကြရသည်။

မဟာဧကရီအမတေ၌ ဤမျှလောက်ကြီးမားသော ချို့ယွင်းချက်ရှိသည့်အကြောင်းကို သူတို့ ဘယ်တုန်းကမှ မသိခဲ့ကြပေ။

ကိစ္စများမှာ ဤကဲ့သို့အခြေအနေမျိုး ရောက်လာခဲ့သည်ဖြစ်ရာ ဆင်ခြေပေးရန် မဖြစ်နိုင်တော့ပေ။

မီးမျက်လုံးနီဝံပုလွေ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲပြီးသေဆုံးသွားခဲ့ပါက ဝံပုလွေသည် မဟာဧကရီအမတေမှ အစွမ်းထက်သော စွမ်းအင်ကို ခံနိုင်ရည်မရှိသောကြောင့်ဟု ပြောလို့ရနိုင်သည်။

သို့သော် မီးမျက်လုံးဝံပုလွေသည် ချက်ချင်း အိုမင်းပြီး သေဆုံးသွားကာ အရိုးခြောက်များအဖြစ် ပြောင်းသွားခြင်းအတွက် ရှင်းပြရန် နည်းလမ်းမရှိချေ။

မကောင်းသော အမှောင်စွမ်းအင်များကသာ ထိုကဲ့သို့သော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်။

ရှန်းထူမိသားစု၏ အကြီးအကဲများအားလုံးသည် သူတို့ပါ ဤကိစ္စထဲ ပါဝင်ပတ်သက်မည်ကို စိုးရိမ်နေကြသည်။

ဤသည်မှာ လင်မိသားစု၏ နယ်မြေဖြစ်သည်။ လင်အဘွားတော်သည် သူတို့အားလုံးကို သတ်ပစ်ရန် မခက်ခဲပေ။

ရလဒ်အနေဖြင့် လင်မိသားစုနှင့် ရှန်းထူမိသားစုကြားမှ ပျူငှာမှုအားလုံး လုံးဝပြိုကွဲသွားမည်သာ ဖြစ်သည်။

ဤသည်မှာ စစ်ပွဲတစ်ခု၏အစ ဖြစ်ပေလိမ့်မည်။

ရှန်းထူမိသားစု၏ အကြီးအကဲများစွာသည် လက်ရှိအခြေအနေမှ ခွဲထွက်ပြီး သူတို့၏ ရပ်တည်ချက်ကို ရှင်းလင်းရန် နည်းလမ်းတစ်ခုကို စဉ်းစားနေကြသည်။

ထိုအချိန် ရှန်းထူနန်ထျန်းမှ ပထမဆုံး ပြောလိုက်သည်။

" လင်မိသားစု အဘွားတော်၊ ဒီဂျူနီယာက မဟာဧကရီအမတေမှာ ဒီလိုချို့ယွင်းချက်ရှိတယ်ဆိုတာ မသိခဲ့ပါဘူး။ ဒီလိုဖြစ်လာလိမ့်မယ်လို့လည်း ကျွန်တော် မသိခဲ့ဘူး။ ဒါက ဒီဂျူနီယာနဲ့ ဘာမှမဆိုင်ပါဘူး "

ရှန်းထူနန်ထျန်း၏ စကားများကို ကြားသောအခါ လင်ရှင်းထုံ မျက်မှောင်ကြုတ်လိုက်သည်။

သူက လုံးဝကို အရှက်မရှိတာပဲ။

လင်မိသားစု အဘွားတော်သည် နဂါးခေါင်းတောင်ဝှေ့ကို ထောက်လျက် ရှန်းထူနန်ထျန်းစီသို့ လျှောက်လာခဲ့သည်။

ရှန်းထူနန်ထျန်း အသက်ရှုပင် ထိန်းထားမိသည်။

သူ ဆက်ပြောတော့မည့်အချိန်၌ လင်မိသားစု အဘွားတော်မှ ရုတ်တရက် သူမရဲ့လက်ကို ဆန့်ထုတ်လိုက်ပြီး အရေတွန့်နေသော လက်ဖဝါးသည် မိုးကြိုးပစ်သလို ထိမှန်သွားစေသည်။

ဖြောင်း

ကြည်လင်ပြတ်သားသော ရိုက်ချက်အသံနှင့်အတူ လင်မိသားစုအဘွားတော်သည် ရှန်းထူနန်ထျန်း၏ မျက်နှာကို ရိုက်ချလိုက်သည်။

ထိုရိုက်ချက်မှာ ရှန်းထူနန်ထျန်း၏ မျက်နှာကို လုံးဝ စုတ်ပြတ်သွားစေသည်။

ရှန်းထူနန်ထျန်း လေထဲ၌ အနည်းဆုံး ဆယ်ကြိမ်ထက်မနည်း လည်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။

" အား.......အား.......အား "

ရှန်းထူနန်ထျန်း နာကျင်စွာဖြင့် တုန်ရီနေသော မျက်နှာကို ဆုပ်ကိုင်လိုက်သည်။

သူ့မျက်နှာတစ်ခုလုံး၌ သွေးများပေကျံနေသောကြောင့် မူလက ချောမောကြည့်ကောင်းသော ရုပ်ရည်အသွင်အပြင်ကိုပင် မမြင်နိုင်တော့ပေ။

လင်မိသားစုအဘွားတော်၏ ရိုက်ချက်မှာ ရှန်းထူနန်ထျန်း၏ ဒဏ်ရာရနေသော ဝိဥာဉ်ကိုပင် ထပ်၍ ထိခိုက်စေခဲ့သည်။

ရှန်းထူနန်ထျန်းသည် ယီယွင်နှင့် စမ်းသပ်မှုကို ဖြတ်သန်းခဲ့ပြီးနောက် အလင်းရှိန်မရှိတော့သော ဖယောင်းတိုင်တစ်တိုင်ကဲ့သို့ ဖြစ်နေချိန် ဤမျှကြီးမားသော ထိုးနှက်ချက်ကို ခံလိုက်ရခြင်းသည် ရှန်းထူနန်ထျန်းအား လေးလံသောတူတစ်ချောင်းဖြင့် ခေါင်းကို အဆက်မပြတ်ရိုက်လိုက်သကဲ့သို့ ခံစားရစေခဲ့သည်။

သူ့ဦးနှောက်သည် ပြင်းထန်သောနာကျင်မှုကို ခံစားနေရပြီး မူးနောက်နေသည်။

ရှန်းထူနန်ထျန်း မော့ကြည့်လိုက်သည်။

သူ့နှာခေါင်းနှင့် နားရွက်ထဲမှ သွေးတွေပင် စီးကျနေသည်။

လင်မိသားစု အဘွားတော် ဖော်ပြခဲ့သည့် သတ်ဖြတ်ချင်စိတ်မှာ ပြင်းထန်လွန်းလှ၍ သူ သေတော့မည်ဟုပင် ထင်ခဲ့သည်။

လင်မိသားစု၏ အတွင်းရေးကို နှစ်ပေါင်းတစ်သောင်းကြာ တာဝန်ယူခဲ့သော ဤအမျိုးသမီးကြီးသည် နှစ်လိုစရာကောင်းသောပုံစံ ရှိပါသော်လည်း ဒေါသထွက်ပါက အလွန်ကြောက်စရာကောင်းလှသည်။

ဒုန်း

လင်မိသားစု အဘွားတော်၏ နဂါးခေါင်းတောင်ဝှေ့တုတ်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချခံလိုက်ရပြီး ကျယ်လောင်သော တုန်ခါသံတစ်ခု ထွက်ပေါ်လာသည်။

သူမ၏ခြေထောက်အောက်မှ ကောင်းကင်ရွှံ့နှင့် လုပ်ထားသော အုတ်ခဲများပင် သူမ၏ရိုက်ချက်ကြောင့် ဖုန်မှုန့်များဖြစ်သွားသည်။

" ငါ့ကို သုံးနှစ်အရွယ်ကလေးလို့ မထင်လိုက်နဲ့။ မင်းက ရက်စက်ကြမ်းကြုတ်တဲ့ ရည်မှန်းချက်တွေနဲ့ ဝံပုလွေလိုကောင်ပဲ။ ရှင်းထုံအပေါ်ထားတဲ့ မင်းရဲ့ရည်ရွယ်ချက်တွေက ဘယ်တော့မှ မဖြူစင်ခဲ့ဘူး။ အသက်ကြီးလာတဲ့ ငါက မျက်စိမှုန်လာတော့ မင်းလှည့်စားတာကို ခံရလုနီးပါး ဖြစ်သွားတာ။ မိတ်ဆွေလေးယွင်သာ မရှိရင် ငါ အမှားကြီးတစ်ခု လုပ်မိသွားမှာ။ ငါ သေရင် လင်မိသားစုဘိုးဘွားတွေနဲ့ တွေ့ဖို့ မျက်နှာတောင် မရှိတော့ဘူး "

အဘွားတော်လင်သည် ရာထူးမြင့်နေရာကို ကြာရှည်စွာ တာဝန်ယူခဲ့သောကြောင့် သူမ၏ ဒေါသ၊ ဖိအားနှင့် သတ်ဖြတ်လိုစိတ်ခွန်အားသည် ဝိဉာဉ်ဒဏ်ရာရထားသော ရှန်းထူနန်ထျန်းအနေဖြင့် မခုခံနိုင်သော ဖိအားကြီးဖြစ်သည်။

" ရှေးဟောင်းမဟာဧကရီအမတေ ချက်နည်းကို အပ်လိုက်။ ပြီးတော့ အဲ့ဒီ လျှို့ဝှက်နယ်မြေရဲ့ လျှို့ဝှက်ချက်တွေနဲ့ တည်နေရာကို ပြော "

အဘွားတော် လင်၏ ဖိနှိပ်အားပြင်းသော အရှိန်အဝါကြောင့် ရှန်းထူနန်ထျန်း အသက်ရှူရပင်ခက်သွားသည်။

ထိုအချိန်မှာ လက်တစ်ထောင်ဖွားဖွားမှ ပြုံးပြီး ဆိုလေသည်။

" ဒါဆို ငါတို့ ပြောရင်တောင် ဒါက ဝိဉာဉ်စာချုပ်လေးတစ်ခုပဲ။ ငါတို့ မပြောရင် သေခြင်းတရားက စောင့်ကြိုနေပေမယ့် ငါတို့ ပြောရင်တောင် ငါတို့ကို လွှတ်ပေးမှာမလို့လား "

လက်တစ်ထောင်အဘွားသည် စိတ်ပျက်အားငယ်ခြင်း၏ ချောက်ကမ်းပါးအစွန်း၌ ရှိနေသည်။

သူမအနေဖြင့် လင်မိသားစုအဘွားတော်ကို ရှုံးခဲ့လျှင်ပင် ဘာမှပြောစရာမရှိပါသော်လည်း ယနေ့ သူမသည် ဆယ်ကျော်သက် ဂျူနီယာတစ်ယောက်ကို ရှုံးနိမ့်ခဲ့ရသည်။

ဤသည်ကို သူမ လက်မခံနိုင်ပါချေ။

လက်တစ်ထောင်ဖွားဖွားသည် ယီယွင်ကို အလွန်မုန်းတီးစွာ ကြည့်လိုက်သည်။

ယနေ့ ဖြစ်ပျက်ခဲ့သည့် ကိစ္စများအားလုံးသည် ထိုကောင်လေးကြောင့် ဖြစ်သည်။

ရှန်းထူမိသားစုအား စောင့်ကြိုနေသော အကျိုးကျေးဇူးများမှာ ကပ်ဘေးဆိုးကြီးတစ်ခုဆီသို့ ဦးတည်နေတော့သည်။

" ရှင် မပြောချင်ရင်တောင် အခြားတစ်ယောက်ယောက်က ပြောလိမ့်မယ်။ လူတိုင်းက ရှင့်လို သေချင်နေတဲ့သူ မဟုတ်ဘူး "

လင်မိသားစု အဘွားတော်သည် ထိုစကားကိုပြောလျက် ရှန်းထူနန်ထျန်းဘက်ကို ကြည့်လိုက်သည်။

သူမသည် ရှန်းထူနန်ထျန်းအား တစ်ခါတည်း ရိုက်မသတ်လိုက်သည်မှာ မဟာဧကရီအမတေ လျှို့ဝှက်နယ်မြေနှင့် ချက်နည်းကို သိရှိစေရန်ဖြစ်သည်။

ရှန်းထူနန်ထျန်း၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ်တွန့်သွားပြီး အတွေးအမျိုးမျိုး သူ့စိတ်ထဲ ဖြတ်ပြေးနေသည်။

သူသည် အဆိုးဆုံးအခြေအနေ၌ ရှိနေသည်။

လျှို့ဝှက်နယ်မြေ၏ တည်နေရာအား သူ ပြောပြလိုက်လျှင်ပင် အသက်ရှင်လျက်လွတ်မြောက်နိုင်ခြေမှာ အလွန်နည်းပါးနေသေးသည်။

တစ်ခုတည်းသောနည်းလမ်းမှာ လင်မိသားစုအဘွားတော်နှင့် နောက်ထပ်ဝိဉာဉ်စာချုပ်တစ်ခု ချုပ်ဆိုရန်ဖြစ်သည်။

ထိုစာချုပ်ထဲ၌ လျှို့ဝှက်နယ်မြေ၏ တည်နေရာကို သူ ပြောပြပါက လင်းမိသားစုနယ်မြေထဲမှ ထွက်ခွာခွင့်ပြုရမည်ဆိုသောအချက်နှင့် ဖြစ်သည်။

ရှန်းထူနန်ထျန်းသည် အမြဲတမ်းပင် ချောမွေ့သည့်ဘဝကို ပိုင်ဆိုင်ခဲ့ရသည်။

သူသည် သူ့အသက်ကို ခြိမ်းခြောက်နေသည့် အခြေအနေတစ်ခုကို ဘယ်တုန်းကမှ မကြုံတွေ့ရဖူးပေ။

လင်မိသားစုသို့လာသည့် ဤခရီးစဉ်သည် သူ့ဘဝအတွက် အကြီးမားဆုံး အခွင့်အရေးကြီးတစ်ခု ဖြစ်နိုင်ခဲ့သည်။

မိန်းမလှလေး၊ ထိပ်တန်းျင့်စဉ်ကတို့သည် သူ၏အပိုင် ဖြစ်လာသင့်သည်။ သို့သော် နောက်ဆုံး၌ ထိုအရာများမှာ သူ့အတွက် အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်လာခဲ့သည်။

ရှန်းထူနန်ထျန်းသည် သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပြီး ရုပ်ပိုင်းနှင့် ဝိဉာဉ်ပိုင်းဝေဒနာများကို ခံစားနေရချိန် ယီယွင်သည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ကောင်းကင်ပေါ်၌ ကမ္ဘာ့နေရာအနှံ့မှ ကောင်းကင်နှင့်မြေကြီး ယွမ်ချီများမှာ စုဝေးလာပြီး ဧရာမတိမ်တိုက်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းနေသည်။

တိမ်တိုက်ကြီးမှာ ၅ကီလိုမီတာခန့်ကြီးလေသည်။

ဘေးပတ်လည်မှာ ရွှေရောင်ဖြစ်ပြီး အလယ်၌ အရောင်ပေါင်းစုံဖြင့် ပြည့်နှက်နေသည်။ ကြည့်ရသည်မှာ အလွန်ပင် လှပသည်။

မိုးတိမ်ထဲမှ အလွန်သန့်စင်သည့် ယန်ချီဓာတ်ကို ယီယွင် ခံစားမိသည်။

ထိုယွမ်ချီမိုးတိမ်သည် မဟာဧကရီအမတေ ပေါက်ကွဲပြီးနောက် ဖြစ်ပေါ်လာသည်ကို ယီယွင်သိသည်။

မဟာဧကရီအမတေအား သန့်စင်သော ယန်ဒြပ်စင်ရှိသည့် မူလစစ်မှန်သောဝိဉာဉ်၏ အမြုတေအနှစ်အရိုးမှ ပြုလုပ်ထားခြင်းဖြစ်သည်။

အဖိုးမဖြတ်နိုင်သော ပစ္စည်းအမျိုးမျိုးနှင့် ယန်ဓာတ်နတ်ပစ္စည်းကို သန့်စင်ခဲ့သည်။

မဟာဧကရီအမတေ ချက်နည်းကို ရေးသားခဲ့သည့် ရှေးဟောင်း ပျက်စီးခြင်းကောင်းကင်သခင်သည် မပြောင်းလဲသောသန့်စင်သည့် ယန်ချီဓာတ်ကို မဟာဧကရီအမတေ ခန္ဓာကိုယ်ထဲကို ထိုးသွင်းလိုက်ပါက ယင်နှင့်ယန်ဓာတ်မှာ အချင်းချင်း ဖြည့်စွက်ပြီး သူမ၏ သွေးကြောများကို ပွင့်စေလိမ့်မည်ဟု ယူဆခဲ့ပုံရသည်။

သို့သော် ဤမျှအားကောင်းပြီး မပြောင်းလဲနိုင်သော သန့်စင်ယန်ချီဓာတ်ပါဝင်သော အမတေရုပ်ကြွင်းကို သန့်စင်ရန်မှာ အလွန်ခက်ခဲနိုင်သည်။

သန့်စင်သော ယန်ဓာတ် အစွန်းရောက်သွားသည့်အခါ ပေါက်ကွဲသွားပေလိမ့်မည်။

ထို့ကြောင့် ရှေးဟောင်းပျက်စီးခြင်းကောင်းကင်သခင်သည် အမတေ၏ စွမ်းအင်ဖွဲ့စည်းပုံ ဟန်ချက်ညီစေရန် အစွန်းရောက် ယင် မကောင်းဆိုးဝါးစွမ်းအင်ကို ထည့်သွင်းခဲ့သည်။

သို့ဖြစ်ရာ ယီယွင်မှ ယင်ဓာတ် မကောင်းဆိုးဝါးစွမ်းအင်ကို ထုတ်ယူလိုက်သည့်အခါ သန့်စင်သော ယန်ဓာတ်မှာ ပေါက်ကွဲသွားခဲ့တော့သည်။

သို့သော် သန့်စင်ယန်ဓာတ်များသည် ပျောက်ကွယ်သွားခြင်း မရှိပေ။ ထို့ကြောင့် အထက်ကောင်းကင်၌ စုဝေးလာပြီး ကြီးမားသော သက်တံရောင် ယွမ်ချီမိုးတိမ်ကြီးတစ်ခု ဖွဲ့စည်းလာခဲ့သည်။

နောက်ထပ် နာရီအနည်းငယ်အတွင်း ထိုယွမ်ချီမိုးတိမ်သည် ပျောက်ကွယ်သွားမည်ဖြစ်သော်လည်း ထိုနေရာ၌ သန့်စင်သော ယန်ကျင့်စဉ်များကို ကျင့်ကြံရန် အသုံးပြုနိုင်သည့် အဖိုးတန်မြေပြင်တစ်ခု ဖြစ်လာပေလိမ့်မည်။

သို့သော် အစွမ်းထက်ဆုံး သန့်စင်ယန်ဓာတ် စစ်သည်တော်ပင်လျှင် နာရီအနည်းငယ်အတွင်း သန့်စင်သောယန်စွမ်းအင် အကန့်အသတ်ဖြင့်သာ စုပ်ယူနိုင်သည်။

အများအနေဖြင့် ပုံးတစ်ပုံးထဲမှ ရေစက်တစ်စက်မျှသာ ဖြစ်ပေသည်။

သို့သော် ယီယွင်သည် အများနှင့်မတူဘဲ ကွဲပြားသည်။

ခရမ်းရောင်သလင်းကျောက်တုံးဖြင့် ယီယွင်သည် သန့်စင်သော ယန်ဓာတ်စွမ်းအင်များအားလုံးကို ခရမ်းရောင်သလင်းကျောက်တုံးထဲသို့ စုပ်ယူနိုင်ပြီး မည်သူမျှ မသိရှိစေဘဲ သိမ်းဆည်းနိုင်သည်။

ယွမ်ချီမိုးတိမ်သည် ယီယွင်အတွက် ကြီးမားသော ရတနာတစ်ခုကဲ့သို့ ဖြစ်သည်။

ဤအရာကို စဉ်းစားမိသောအခါ ယီယွင် အလွန်စိတ်လှုပ်ရှားသွားသည်။

ခရမ်းရောင်သလင်းကျောက်တုံးသည် မည်သည့်အရိပ်အယောင်မျှ မကျန်စေဘဲ စွမ်းအင်များကို စုပ်ယူနိုင်သည်။

နာရီအနည်းငယ်အတွင်း ယန်ယွမ်ချီတိမ်တိုက်သည် သူ့အလိုလို ပျောက်ကွယ်သွားပြီဟုသာ လူအများက ထင်ကြလိမ့်မည်။

ခရမ်းရောင်သလင်းကျောက်တုံးမှ စုပ်ယူလိုက်မည်ကို မည်သူမှ မသိနိုင်ကြပေ။

ဤအတွေးဖြင့် ယီယွင်သည် သူ၏အစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော်ခဲ့သည်။

သူသည် ခရမ်းရောင်သလင်းကျောက်တုံးကို ထိန်းချုပ်ပြီး ကောင်းကင်ပေါ်မှ သန့်စင်သော ယန်ချီဓာတ်ကို သူ့စီသို့ ဆွဲယူလာသည်။

သန့်စင်ယန်ချီဓာတ်သည် အလွန်သန့်ရှင်းပြီး သန့်စင်လှသည်။

ယီယွင်သည် ဤမျှအဆင့်ရှိသော စွမ်းအင်မျိုးနှင့် ဘယ်တုန်းကမှ မထိတွေ့ဖူးပေ။

ထို့အပြင် ဤစွမ်းအင်သည် သူ စိတ်ကူးထားသလောက် ရှုပ်ထွေးမှု မရှိခဲ့ပေ။

ရှေးဟောင်းအမတေချက်ပြုတ်နည်းကို တီထွင်ခဲ့သော ရှေးဟောင်း ပျက်စီးခြင်းကောင်းကင်ဘုံအရှင်သခင်သည် သန့်စင်သော ယန်စွမ်းအင်ဓာတ်ကို နူးညံ့သိမ်မွေ့သော အခြေအနေအဖြစ် ပြောင်းလဲရန် နည်းလမ်းတစ်ခုခုကို အသုံးပြုခဲ့ပုံရသည်။

ထိုသည်က ယီယွင်အတွက် စုပ်ယူရလွယ်ကူစေခဲ့သည်။

ပြိုင်ဘက်ကင်း မဟာဧကရီသည် ရှေးယခင်က သူမ၏ သဘာဝအတိုင်း ရပ်တန့်နေသော သွေးကြောများ ကုသခဲ့စဉ်က အသက်အရွယ် ငယ်ရွယ်ဆဲဖြစ်သည်။

သူမရဲ့ ကျင့်ကြံမှုအဆင့်က သဘာဝအတိုင်း အကန့်အသတ်ရှိတာကို သူမက ဘယ်လိုလုပ် ဒီလောက်ရှုပ်ထွေးတဲ့ သန့်စင်ယန်စွမ်းအင်တွေကို ခံနိုင်ရည်ရှိတာလဲ။

ဝှီး ဝှီး ဝှီး

ယီယွင်၏ မြင်ကွင်းထဲ၌ သူ့ထံသို့ မရေမတွက်နိုင်သော အလင်းတန်းများ တိုးဝင်လာသည်ကို မြင်နိုင်သည်။

ယီယွင်ကိုယ်တိုင်မှလွဲ၍ ထိုအလင်းတန်းများကို ဘယ်သူမှ မမြင်နိုင်ပေ။

ယီယွင်သည် သူ့ခန္ဓာကိုယ်မှာ ရေမြှုပ်တစ်ခုကဲ့သို့ ​ပေါ့ပါးစွာ ပြောင်းလဲသည်ကို ခံစားရပြီး ထိုအလင်းတန်းများကို သူ လောဘတကြီး စုပ်ယူလိုက်သည်။

ပို၍ သိပ်သည်းလာသည်နှင့်အမျှ အလင်းတန်းများမှာလည်း ပိုများလာသည်။

ယီယွင်၏ စွမ်းအင်မြင်ကွင်းထဲ၌ သူ၏ခန္ဓာကိုယ်သည် နေမင်းကြီးကဲ့သို့ ရောင်ခြည်တန်းများကို ထုတ်လွှတ်နေသည်။

ယီယွင် ရုတ်တရက် အလွန်လန်းဆန်းသွားသလို ခံစားလိုက်ရသည်။

နွေးထွေးသည့် စွမ်းအင်သည် ယီယွင်၏ ခန္ဓာကိုယ်ကို ခေါင်းမှ ခြေဖျားအထိ သန့်စင်ပေးသည်။

စွမ်းအင်သည် သူ၏ အရိုးတွင်းခြင်ဆီ၊ သွေးကြောများနှင့် ကိုယ်တွင်းအင်္ဂါများထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားသည်။

ယီယွင်သည် ဖော်ပြ၍မရသော ကြည်နူးမှုကို ခံစားလိုက်ရသည်။

ထိုခံစားချက်မှာ ယီယွင်၏ ခန္ဓာကိုယ်တစ်ခုလုံး မြင့်မြတ်လာသလို ခံစားရစေသည်။

သူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းသည် သန့်စင်သော ယန်စွမ်းအင်ဓာတ်ကန်ကြီးထဲ၌ ရေချိုးသန့်စင်လိုက်ရသကဲ့သို့ ကြီးထွားဖွံ့ဖြိုးလာသော သန့်စင်ယန်စွမ်းအင်ဓာတ်ကို ရှင်းလင်းစွာ ခံစားမိသည်။

သူ၏ဆဲလ်တစ်ခုချင်းစီတိုင်းသည် ကိုယ်ပိုင်ဘဝတစ်ခု ရှိနေသကဲ့သို့ ပို၍ စွမ်းအင်ပြည့်ဝလာသည်။

သဘာဝတရား၏ နိယာမများကို လိုက်နာပြီး ဆဲလ်များ၏ လုပ်ဆောင်ချက်များမှာ ပိုမို ပြီးပြည့်စုံလာသည်။

ဆဲလ်များ ပြောင်းလဲမှုက ယီယွင်အား သိမ်မွေ့သော ပြောင်းလဲမှုတစ်ခုကို ခန္ဓာကိုယ်ထဲဖြတ်သန်းသွားတယ်လို့ ခံစားရစေသည်။

ဖြစ်နိုင်တာက .......

သူသည် သန့်စင်ခံလိုက်ရသော ယန်ခန္ဓာကိုယ်မှာ နောက်ထပ်ဆင့်ကဲဖြစ်စဉ်တစ်ခုအား ဖြတ်သန်းသွားပြီဟူသော ဖြစ်နိုင်ခြေကို ယီယွင် ရုတ်တရက် သဘောပေါက်သွားသည်။

ယီယွင် သန့်စင်သော ယန်ဓာတ်ကို ပထမဆုံးအကြိမ်ရရှိချိန်၌ သူ၏ခန္ဓာကိုယ်သည် အစောဆုံးအဆင့်ရှိသော သန့်စင်သည့် ယန်ခန္ဓာကိုယ်တစ်ခု ဖြစ်လာခဲ့သည်။

ယခုအခါ ပို၍မြင့်သောအဆင့်တစ်ခုကို ရောက်ရှိလာသည်။ ပြီးပြည့်စုံသော သန့်စင်ပြီး ယန်ခန္ဓာကိုယ် မဟုတ်သေးသော်လည်း သူသည် ထိုခန္ဓာကိုယ်နှင့် ပို၍နီးစပ်လာလေသည်။

ထိုအကြောင်းကို စဉ်းစားမိသည့်အခါ ယီယွင်၏ စိတ်ခံစားချက်မှာ အလွန်တည်ငြိမ်အေးဆေးသွားသည်။

ရှန်းထူနန်ထျန်းသည် ရတနာများကို ပေးကမ်းတတ်သော ကောင်လေးတစ်ယောက်ဖြစ်လေသည်။

သူ ရှန်းထူနန်ထျန်းကြောင့် ဤမျှအဖိုးတန်သောရတနာကို ရရှိလိုက်သည်မှာ လိမ်လာ်နေသလိုပင် ခံစားလိုက်ရသည်။

ယီယွင်သည် မေးစေ့ကို ပွတ်သပ်လိုက်ပြီး သူ့နှုတ်ခမ်း၌ အပြုံးတစ်ခု ပေါ်လာသည်။

ဤကိစ္စအတွက် သူ အပြစ်ရှိသလို တစ်စက်မှ မခံစားရသည်မှာ ထင်ရှားလေသည်။

ရှန်းထူနန်ထျန်း၏ မျက်နှာမှာ သွေးများနှင့် ဖုံးလွှမ်းနေသည်။

ယီယွင် ဘာတွေးနေသည်လဲဆိုတာကို သူ မသိပေ။

ယီယွင်သည် သူတို့ ရှန်းထူမိသားစုမှ သန့်စင်ရန် အဖိုးအခကြီးစွာ ပေးဆပ်ခဲ့ရသော မဟာဧကရီအမတေ၏ စွမ်းအင်များကို စားသုံးနေကြောင်းကိုလည်း သူ မသိပါချေ။

ထို့အပြင် မကောင်းဆိုးဝါး စွမ်းအင်ကို ယီယွင်မှ ဖယ်ထုတ်နိုင်ခဲ့ပြီး အမတေ၏အနှစ်သာရကို စုပ်ယူနိုင်ခဲ့သည်။

ဘေးထွက်ဆိုးကျိုး လုံးဝမရှိပေ။

ဤအကြောင်းကို ရှန်းထူနန်ထျန်း သိပါက အဆုတ်ကွဲကာ တန်း၍ပင် သေသွားနိုင်လောက်သည်။

All Chapters