← Chapters

ရှန်းထူနန်ထျန်း၏ အရေးပါမှု

Vol. 28 Ch. 418

ရှန်းထူနန်ထျန်း၏ အရေးပါမှု

Vol. 28 Ch. 418

ယီယွင်သည် တစ်ဦးတည်းသိကာ မဟာဧကရီအမတေ ပေါက်ကွဲမှုမှ စွမ်းအင်များကို စုပ်ယူနေစဉ် ရှန်းထူနန်ထျန်းသည် ငရဲတံခါးနားသို့ ချဉ်းကပ်လာနေပြီဖြစ်လေသည်။

ဤကမ္ဘာ၌ သေရမည်ကို မကြောက်သူများရှိသော်လည်း ထိုအထဲ၌ ရှန်းထူနန်ထျန်း မပါဝင်ချေ။

" လင်မိသားစု အကြီးအကဲ "

ရှန်းထူနန်ထျန်း နဖူးပေါ်မှ ချွေးသီးလုံးကြီးများ ကျလျက် ခေါ်လိုက်သည်။

သူတို့သည် လင်မိသားစု အဘွားတော်၏ လူသတ်လိုစိတ်ကြောင့် ကြောက်ရွံ့နေကြသည်။

" မဟာဧကရီ ဆန်းကြယ်နယ်မြေက လျှို့ဝှက်ချက်တွေ အားလုံးအပါအဝင် ရှန်းထူမိသားစုက ပညာရှင်တွေအများကြီးကို ပေးဆပ်ပြီးရခဲ့တဲ့ အတွေ့အကြုံတွေကို ပြောပြပေးမယ်။ ဒါပေမဲ့ ရှန်းထူမိသားစုက လူတွေကို လွှတ်ပေးဖို့ တောင်းဆိုချင်တယ် "

ရှန်းထူနန်ထျန်းသည် နောက်ထပ်ဝိဉာဉ်စာချုပ်တစ်ခုချုပ်ရန် အစပြုပြောဆိုလိုက်သည်။

" မင်းတို့ကို လွှတ်ပေးရမှာတဲ့လား "

လင်မိသားစု အဘွားတော် နှာမှုတ်လိုက်သည်။

" မင်းက ရှင်းထုံကို မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ချဉ်းကပ်ပြီးတော့ မင်းကိုလွှတ်ပေးစေချင်သေးတာလား။ ဒီအဘွားကြီးက ထင်တာသာ မမှားရင် ရှင်းထုံက မဟာဧကရီအမတေကို စားလိုက်တာနဲ့ သက်တမ်းက အများကြီးလျော့သွားမှာ။ လင်မိသားစုက အမှန်တရားကို သိတဲ့အချိန်ကျ မင်းတို့ရှန်းထူမိသားစုက ကောင်းကျိုးတွေအကုန်လုံးကို စံစားပြီးသားဖြစ်နေမှာ။ အဲ့ဒီအခါကျ အရာအားလုံး နောက်ကျသွားလိမ့်မယ် "

" ဒီကောင်းကျိုးတွေ အားလုံးက ရှန်းထူနန်ထျန်းဆိုတဲ့ မင်းတစ်ယောက်တည်းအတွက် ကောင်းကျိုးပဲ။ အဲ့တာကို ငါက မင်းကို ဘာလို့လွှတ်ပေးရမှာလဲ "

" မင်းက မဟာဧကရီဆန်းကြယ်နယ်မြေဘုံအကြောင်းကို ခုတုံးလုပ်နေပေမဲ့ အဲ့ဒီနယ်မြေဘုံက တကယ်ရှိလားဆိုတာ ဘယ်သူက သိမှာလဲ။ ဖြစ်နိုင်တာက အဲ့နေရာက ရှေးဟောင်းပျက်စီးခြင်းကောင်းကင်သခင်ကြီးတစ်ယောက် ချန်ထားခဲ့တဲ့ ဆန်းကြယ်နယ်မြေဘုံတစ်ခုသက်သက်ပဲ ဖြစ်နေကောင်း ဖြစ်နေနိုင်တာပဲ။ အဲ့တာဆို ရှင်းထုံလေးအတွက် သွေးကြောဖြေဖို့ နည်းလမ်းမရှိနိုင်ဘူး "

လင်မိသားစု အဘွားတော်မှ ဖိအားထုတ်လွှတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ သူမသည် ပျက်စီးခြင်းကောင်းကင်ဘုံကျင့်စဉ် ဆရာသခင်တစ်ဆူဖြစ်သည်။

သူမသည် မဟာဧကရီအမတေနှင့် ပတ်သက်၍ လှည့်စားခံခဲ့ရပါသော်လည်း ဤထောင်ချောက်ဖြစ်စဉ်အကြမ်းဖျင်းကို ခန့်မှန်းနိုင်လေသည်။

အလွန်သန့်စင်သော ယန်စွမ်းအင်ဖြင့် ပြုလုပ်ထားသော မဟာဧကရီရုပ်ကြွင်းကဲ့သို့သော အမြုတေသည် လင်ရှင်းထုံ၏ သဘာဝအတိုင်း ပိတ်နေသော ယန်သွေးကြောများအတွက် အသုံးဝင်သည်။

သို့သော် အန္တရာယ်ရှိသော အလားအလာကို အလွယ်တကူ မခန့်မှန်းနိုင်ချေ။

မီးမျက်လုံးနီဝံပုလွေသည် အလွန်အားနည်းသော သားရဲဖြစ်သည့်အပြင် မဟာဧကရီရုပ်ကြွင်း၏ အကျိုးပြုသောအပိုင်းမဟုတ်ဘဲ မကောင်းဆိုးဝါးစွမ်းအင်ကို မျိုချလိုက်ပြီးနောက် အလျင်အမြန် အိုမင်းရင့်ရော် သေဆုံးသွားခဲ့သည်။

ထို့ကြောင့် ရှန်းထူနန်ထျန်းအနေဖြင့် လင်မိသားစုအဘွားတော်သည် ယနေ့ သူ့ကို လုံးဝလွှတ်ပေးမည်မဟုတ်ကြောင်း သိလိုက်သည်။

ဤအခြေအနေ၌ မဟာဧကရီ ဆန်းကြယ်နယ်မြေဘုံအကြောင်း သတင်းအချက်သည် တစ်ခုတည်းကသာ သူ့အား ရှင်သန်စေနိုင်သည့် အကြောင်းအရာပင်ဖြစ်သည်။

" လင်မိသားစုအကြီးအကဲ၊ ဒီဂျူနီယာက အသက်ကို ကျိန်ဆိုပြီး မဟာဧကရီနယ်မြေဘုံက အရမ်းကိုထူးခြားဆန်းကြယ်တယ်ဆိုတဲ့အကြောင်း ပြောနိုင်ပါတယ်။ ပြီးတော့ ဒီနေရာက မဟာဧကရီနဲ့လည်း သေချာပေါက်ဆက်စပ်နေတာပါ။ ဒီအချက်ကို ဝိဉာဉ်စာချုပ်မှာ ရေးလို့ရပါတယ်။ ကျွန်တော်တို့ရဲ့ ရှန်းထူမိသားစုက မဟာဧကရီဆန်းကြယ်နယ်မြေဘုံကို ဖွင့်ပြီး စူးစမ်းရှာဖွေဖို့ လုံလောက်တဲ့ခွန်အား မရှိလို့ပါ။ ဒီနေ့ရှိနေတဲ့ ရှန်းထူမိသားစုတွေထဲမှာ မဟာဧကရီဆန်းကြယ်နယ်မြေဘုံကိုသိတာ ကျွန်တော်နဲ့လက်တစ်ထောင်ဘွားဘွားတို့ပဲ ရှိတာပါ "

ရှန်းထူနန်ထျန်း စတင်၍ ချက်ကျလက်ကျ ပြောလေသည်။

သူပြောလိုက်သည့်စကားမှာ ရှိနေသူတိုင်းကို ချက်ချင်း အံ့အားသင့်သွားစေခဲ့သည်။

မဟာဧကရီဆန်းကြယ်နယ်မြေဘုံကို ရှန်းထူမိသားစုက အပြည့်အဝ မရှာဖွေရသေးဘူးလား။

ရှန်းထူမိသားစုက ခွန်အားမပြည့်မီလို့ မရှာရသေးတဲ့နေရာတွေမှာ ဘာတွေရှိနေတာလဲ။

ဝင်ရောက်ရန် ခက်ခဲသည့်နေရာဖြစ်လေ၊ ဆန်းကြယ်ထူးခြားလေ ဖြစ်မည်မှာ မလွဲသေချာဖြစ်သည်။

ရှာဖွေတွေ့ခဲ့သော နေရာမှ ရရှိလာသည့် ပျက်စီးခြင်းကောင်းကင်သခင်အမွေအနှစ်ကပင် လူတိုင်းကို အားကျ​စေခဲ့သည်။

အပြစ်အနာအဆာရှိနေပါသော်လည်း ထူးခြားပြောင်မြောက်လှသည့် မဟာဧကရီအမတေ ချက်နည်းကိုလည်း တွေ့ရှိခဲ့သည်။

လျှို့ဝှက်နယ်မြေအတွင်းရှိ မရှာဖွေရသေးသော နေရာများမှာလည်း အံ့သြဖွယ်ကောင်းမည့် အခွင့်အလမ်းများစွာ ရှိနေနိုင်သည်။

လူတွေမှာ သွေးဆောင်တက်ကြွလာကြသည်။

လင်မိသားစု၏ အကြီးအကဲများမှလွဲ၍ ရှန်းထူမိသားစုအကြီးအကဲများနှင့် မဟာမိတ်ဖွဲ့ထားသော မိသားစုမျိုးနွယ်စု အကြီးအကဲများက မနာလိုဖြစ်လာကြသည်။

ရှန်းထူမိသားစုက အဲ့ဒီနေရာတွေကို မဝင်နိုင်ခဲ့တာနဲ့ သူတို့ကရော မဝင်နိုင်တာ ဖြစ်ပါ့မလား။

ဖြစ်နိုင်ခြေနည်းပေမယ့် လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ဘူး။

ရှေးဟောင်းမဟာဧကရီသည် ရှန်းထူမျိုးနွယ်စု နှိုင်းယှဉ်နိုင်သောသူ မဟုတ်ချေ။

သူမသည် ပုံမှန် မဟာဧကရာဇ်နယ်မြေ အဓိပ္ပာယ်ဖွင့်ဆိုချက်များထက် များစွာ ကျော်လွန်ပြီး သူတို့ပင် နားမလည်နိုင်ကာ နာမည်မတပ်နိုင်သည့် ပိုမိုမြင့်မားသော နယ်မြေတစ်ခုအဖြစ် ရောက်ရှိနေနိုင်သည်ဆိုသော အလားအလာပင် ရှိသည်။

လင်မိသားစုအဘွားတော် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်နယ်မြေထဲ၌ မရှာဖွေရသေးသော နေရာများ ရှိပါက လင်မိသားစုအတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်သည်

ထို့အပြင် လင်မိသားစုအဘွားတော်သည် ထိုနေရာ၌ လင်ရှင်းထုံအတွက် သွေးကြောဖွင့်နည်းလမ်းများကို ရှာ​ဖွေရန် စိတ်အဝင်စားဆုံး ဖြစ်သည်။

အခြေအနေသည် ရွေးချယ်ရခက်သော အကျပ်အတည်းတစ်ခုအဖြစ်သို့ တိုးတက်လာခဲ့သည်။

လင်မိသားစုအဘွားတော်သည် ယခုအချိန်၌ အင်အားကြီးသော ရပ်တည်ချက်ဘက်၌ရှိနိုင်သော်လည်း သူမသည် ဤအခြေအနေကို မည်သို့ကိုင်တွယ်ရမည်ကို မသိတော့ပေ။

တစ်ဖက်၌ သူမသည် ရှန်းထူနန်ထျန်းကို လွှတ်ပေးလိုခြင်း မရှိပေ။

အခြားတစ်ဖက်၌ သူမသည် မဟာဧကရီဆန်းကြယ်နယ်မြေကို ရယူလိုသည်။

' ရှန်းထူမိသားစုနဲ့ ရန်ဖွဲ့ထားမိပြီဆိုတော့ ရှန်းထူနန်ထျန်းကို လွှတ်ပေးလိုက်တာက အဆုံးမရှိတဲ့ ဆိုးကျိုးတွေကိုပဲ ဦးတည်နေမှာ ...... '

ရှန်းထူနန်ထျန်းသည် စရိုက်ဆိုးရှိသော်လည်း သူသည် အလွန်ထူးချွန်ကြောင်း လင်မိသားစုအဘွားတော် သိသည်။

ယခုအချိန်အထိ ရှန်းထူနန်ထျန်း၏ အရည်အချင်းသည် လင်မိသားစု၏ မျိုးဆက်ငယ်များထဲ၌ မည်သူထက်မဆို ကျော်လွန်နေသည်။

လင်ရှင်းထုံသည် ကြီးမားသော အရည်အချင်း ရှိနိုင်သော်လည်း သူမ၏ သဘာဝအတိုင်း ပိတ်ပင်နေသော သွေးကြောများက ပြဿနာ ရှိနေသည်။

လင်မိသားစုအဘွားတော်သည် သက်ပြင်းချပြီး ရုတ်တရက် ယီယွင်ဘက်သို့ ခေါင်းလှည့်လိုက်သည်။

" မိတ်ဆွေလေးယီယွင်၊ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်သင့်တယ်လို့ မင်းထင်လဲ "

လင်မိသားစုအဘွားတော်၏ ရုတ်တရက်စကားကြောင့် အားလုံး အံ့အားသင့်သွားကြသည်။

သန့်စင်သော ယန်စွမ်းအင် စုပ်ယူရန် အာရုံစိုက်နေသည့် ယီယွင်ပင် အံ့အားသင့်သွားသည်။

ဒီလောက်ကြီးမားတဲ့ကိစ္စကို ဂျူနီယာတစ်ယောက်နဲ့ တိုင်ပင်တာ အံ့သြစရာပဲ။

ပြီးခဲ့သော ရက်အနည်းငယ်အတွင်း ပြသခဲ့သည့် ယီယွင်၏ စွမ်းဆောင်ရည်များနှင့် ရှန်းထူမိသားစု၏ မကောင်းဆိုးဝါးအကြံအစည်ကို ဖော်ထုတ်ပြီးသည့်နောက် လင်မိသားစုအဘွားတော်သည် ယီယွင်အား သာမန်ပုံစံဖြင့် မဆက်ဆံတော့သည်မှာ သံသယဖြစ်စရာပင် မလိုတော့ပေ။

သူမသည် ယီယွင်ကို အခြားဂျူနီယာများနှင့် လုံးဝခွဲခြားကာ မိသားစုကိစ္စများပင် ဆွေးနွေးနိုင်သော အဖွဲ့ဝင်တစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့သည်။

" ဒါက ...... "

ယီယွင် ခါးသီးစွာပြုံးလိုက်သည်။

သူ ခေါင်းကုတ်ပြီး ပုခုံးတွန်းကာ စကားဆက်လိုက်သည်။

" ဒါက လင်မိသားစုရဲ့ အကြီးအကဲတွေ ဆုံးဖြတ်ရမယ့်ကိစ္စပါ။ ကျွန်တော့်အမြင်ကို ပေးဖို့ မသင့်တော်ဘူး ထင်ပါတယ် ...... "

လင်မိသားစုအဘွားတော် ခေါင်းခါလိုက်သည်။

" ဒါက လင်မိသားစုရဲ့ကိစ္စတင်မကဘူး။ မင်းနဲ့လည်း ဆိုင်တယ်။ ဒီကိစ္စက မင်းနဲ့လည်း သေချာလေး ဆက်စပ်နေတာ။ ရှန်းထူမိသားစု၊ အထူးသဖြင့် ရှန်းထူနန်ထျန်းနဲ့ မင်းရဲ့ဆက်ဆံရေးကို ပြန်လည်သင့်မြတ်အောင် လုပ်နိုင်မယ့်နည်းလမ်း မရှိဘူး။ ဒီနေ့ သူ့ကို လွှတ်ပေးလိုက်ရင် နောင်ကျ သူက မင်းကို လက်စားချေမှာ မကြောက်ဘူးလား "

လင်မိသားစုအဘွားတော်သည် ယီယွင်၏ဆန္ဒကို လေးစားချင်သောကြောင့် မေးခဲ့ခြင်း ဖြစ်သည်။

ရှန်းထူနန်ထျန်းကို လွှတ်ပေးလိုက်ပါက လင်မိသားစုအတွက် ထိခိုက်မှု မရှိနိုင်ပါသော်လည်း ယီယွင်အတွက် ချက်ချင်းထိခိုက်မှု ဖြစ်လာနိုင်သည်။

ယီယွင်သည် လင်မိသားစု၏ အကာအကွယ်အောက်မှ လွတ်သွားသည်နှင့် ရှန်းထူမိသားစု၏ လက်စားချေတိုက်ခိုက်မှုများကို ခံရပေမည်။

" အဲ့တာနဲ့ ပတ်သက်ပြီးက ...... "

ယီယွင် သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။

သူနှင့် ရှန်းထူနန်ထျန်း ပြန်လည်သင့်မြတ်ရန် မဖြစ်နိုင်သည်မှာ အချိန်ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။

" တကယ်တော့ လင်မိသားစုအဘွားတော်က ကျွန်တော့်ကို မေးပြီးကတည်းက အကြီးအကဲရဲ့နှလုံးသားထဲမှာ အဖြေရှိပြီးသားပါ။ ဒီဂျူနီယာက လင်မိန်းကလေးရဲ့ သဘာဝအတိုင်း ရပ်တန့်သွားတဲ့ ယင်သွေးကြောတွေကို ကုသပေးဖို့က ပိုအရေးကြီးတယ်လို့ ခံစားရပါတယ် "

လင်မိသားစုအဘွားတော်သည် ရှန်းထူနန်ထျန်းကို လွှတ်ပေးလိုက်ပါက အနာဂတ်၌ ပြန်လည်လက်စားချေမည်ဆိုသော ခြိမ်းခြောက်မှုများ ရှိနေပါသော်လည်း လင်ရှင်းထုံကို ကုသနိုင်မည့် အခွင့်အရေးကို လက်လွတ်မခံချင်ကြောင်း ယီယွင်သိသည်။

လင်မိသားစုအဘွားတော်သည် ယီယွင်၏ ခံစားချက်ကို ထည့်သွင်းစဉ်းစားရုံသာ ဖြစ်သည်။

လင်ရှင်းထုံအပေါ်ထားရှိသည့် ယီယွင်၏ ဂရုစိုက်မှုကို မြင်ပြီး လင်မိသားစုအဘွားတော် သဘောကျသွားသည်။

" မိတ်ဆွေလေး ယီယွင်၊ ငါ အသက်ရှူနေသေးသရွေ့၊ ရှင်းထုံက လင်မိသားစုမှာ နေရာတစ်နေရာ ရှိနေသေးသရွေ့ လင်မိသားစုက မင်းကို လုံးဝစိတ်မပျက်စေရဘူး "

လင်မိသားစုအဘွားတော်သည် ထိုသို့ပြောပြီးသည်နှင့် ယီယွင်မှ ဆိုသည်။

" လင်မိသားစုအဘွားတော်၊ ဒီဂျူနီယာက သခင်လေး နန်ထျန်းကို လွှတ်ပေးသင့်တယ်လို့ မပြောခဲ့ပါဘူး "

" အိုး "

လင်မိသားစုအဘွားတော်သည် အံ့အားသင့်မှုကြောင့် မျက်ခုံးများ မြင့်တက်သွားသည်။

" ဒီလိုပါ။ ဝိဉာဉ်စာချုပ်ရဲ့ကျိန်စာက အသက်ဝင်ဖို့ ရက်အနည်းငယ် ကြာဦးမယ် မဟုတ်လား "

ဝိဉာဉ်စာချုပ်ထဲမှ တစ္ဆေဦးခေါင်းသည် အမှန်တကယ်၌ ကျိန်စာတစ်ခုဖြစ်သည်ကို ယီယွင် သိသည်။

စာချုပ်၌ လက်မှတ်ရေးထိုးပြီးသည်နှင့် စာချုပ်ပျက်ပြယ်သွားသည်အထိ တစ္ဆေဦးခေါင်းသည် လက်မှတ်ရေးထိုးသူ၏ ဝိဉာဉ်ကို ဖြည်းညှင်းစွာ စားသုံးပြီး နာကျင်စွာ သေဆုံးကြရသည်။

စာချုပ်ကို ဖြည့်ဆည်းပြီးမှသာ တစ္ဆေဦးခေါင်းက ပျောက်ကွယ်သွားမှာဖြစ်သည်။

ဤလုပ်ငန်းစဉ်မှာ လူတစ်ဦးချင်းစီအပေါ်မူတည်ပြီး ကွဲပြားသည်။

ကျင့်ကြံစဉ် အဆင့်မြင့်မားသူများမှာ ရက်၇၀မှ ၈၀အထိ ကြာနိုင်ပြီး ကျင့်ကြံစဉ် အဆင့်နိမ့်သူများမှာ ဆယ်ရက်နှင့်အထက် ကြာနိုင်သည်။

လင်မိသားစုအဘွားတော်သည် ညင်သာစွာခေါင်းညိတ်ပြသည်။

" ဟုတ်တယ် ..… သခင်လေး နန်ထျန်းရဲ့ ခွန်အားက ကောင်းတော့ သူ အကြာကြီး ခံနိုင်မှာ သေချာတယ် "

ယီယွင်သည် ရှန်းထူနန်ထျန်းကို ချီးကျူးရင်း ညင်သာစွာ ပြုံးလိုက်သည်။

သို့သော် ထိုချီးမွမ်းခြင်းက ရှန်းထူနန်ထျန်း၏ နှလုံးသားကို အေးခဲသွားစေခဲ့သည်။

ယီယွင်၏ အေးစက်သော မျက်နှာဖုံးအောက်ရှိ မျက်လုံးများ ရှိသင့်သောနေရာမှ အနီရောင်သွေးစင်းကြောင်းနှစ်ကြောင်းကို မြင်ပြီး ရှန်းထူနန်ထျန်း စိုးရိမ်ပူပန်မှုတစ်ခုကို ခံစားလိုက်ရသည်။

ဒီကောင်လေး ဘာလုပ်မလို့လဲ။

" ဒါက ဒီလိုပါ။ ဒီဂျူနီယာက ရှန်းထူမိသားစုမှာ "နှလုံးသားဖြတ်တောက်ခြင်း"လို့ ခေါ်တဲ့ နှိပ်စက်ညှဉ်းပန်းမှုပုံစံတစ်ခုအကြောင်း ကြားဖူးပါတယ်။ ရက်ပေါင်း ၃၆ရက်အတွင်း ရာဇဝတ်သားကို အကြိမ်၃၆၀၀၀ ဓားနဲ့ခုတ်ရမှာပါ။ တစ်နေ့ချင်းစီ ဓားနဲ့ခုတ်ပြီးရင် နှလုံးကို ဖြတ်တောက်တဲ့ တီကောင်ဥကို ဒဏ်ရာတွေထဲမှာ ထည့်ရပါမယ်။ ဥတွေက ဖြည်းဖြည်းချင်းပေါက်လာပြီး အသားနဲ့သွေးတွေကို စားပါလိမ့်မယ်။ နောက်ဆုံး ၃၆၀၀၀ကြိမ် မြောက် ဓားနဲ့ခုတ်ပြီးတဲ့အခါ နှလုံးဖြတ် တီကောင်တွေက သွေးကြောတွေကတဆင့် ပြီး နှလုံးထဲထိ လိုက်ဖြတ်ကြပါလိမ့်မယ်။ အဲ့ဒီအခါ တီကောင်ထောင်ပေါင်းများစွာက နှလုံးကို ကိုက်ဖြတ်ပြီး နောက်ဆုံးကျ အဲ့လူကို သေဆုံးစေမှာပါ "

နှလုံးဖြတ်တောက် ပြစ်ဒဏ်သည် ရှန်းထူနန်ထျန်း ယီယွမ်ကို လွန်ခဲ့သော လအနည်းငယ်က ပြောခဲ့သည့် ပြစ်ဒဏ်ဖြစ်သည်။

ထိုအချိန်က ရှန်းထူနန်ထျန်းသည် ယီယွင်ကို ကိုင်တွယ်ဖြေရှင်းရန် "နှလုံးသား ဖြတ်တောက်ခြင်းနည်း"ကို အသုံးပြုချင်ခဲ့သည်။

သို့သော် ယခုအခါ ယီယွင်ဘက်မှ "နှလုံးသားကို ဖြတ်တောက်ခြင်း"အကြောင်း ပြောရသည့်ဘက်ကို ပြောင်းသွားသည်။

ရှန်းထူနန်ထျန်း၏ မျက်နှာသည် ချက်ချင်းပင် စက္ကူရွက်လို ဖြူဖျော့သွားသည်။

ရှန်းထူမိသားစုဝင်တစ်ယောက်အနေနှင့် ရှန်းထူမိသားစုမှ နှလုံးသား ဖြတ်တောက်ခြင်းပြစ်ဒဏ် မည်သို့ချမှတ်ခဲ့သည်ကို သူ့မျက်လုံးများနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရဖူးသည်။

ဓားခုတ်ချက်များမှာ ဘာမှမဟုတ်သော်လည်း နှလုံးသားကို ဖြတ်တောက်သည့် တီကောင်ဥများကို ခန္ဓာကိုယ်ထဲသို့ ထည့်လိုက်သောအခါ ခန္ဓာကိုယ်ထဲ၌ ပိုးလောင်းများ တွားသွားနေသည့် ခံစားချက်မှာ သေရသည်ထက်ပင် ပိုဆိုးနိုင်မည့် ဝေဒနာတစ်ခုဖြစ်သည်။

ထိုအချိန်တုန်းက ဘေးမှကြည့်ခဲ့သူတစ်ယောက်အနေဖြင့် ရှန်းထူနန်ထျန်းသည် ထိုလူများ ထိုအပြစ်ဒဏ် ခံရသည်ကို မြင်ပြီး ဝမ်းသာအားရ ဖြစ်ခဲ့ရသည်။

သို့သော် ထိုအပြစ်ဒဏ်အား သူကိုယ်တိုင် ခံရလိမ့်မည်ကို စိတ်ကူးပင်မယဉ်ဖူးခေ။

" ဒါက ညှဉ်းပန်းနှိပ်စက်တာလား "

လင်မိသားစုအဘွားအိုက မေးသည်။

ငယ်ရွယ်သော်လည်း ယီယွင်၏ နည်းလမ်းများမှာ ရက်စက်ကြမ်းကြုတ်လွန်းလှ၍ သူမ အံ့သြသွားသည်။

" ညှဉ်းပန်းနှိပ်စက်မှုကနေ အမှန်တရား ထွက်လာမယ်ဆိုရင် အဲ့တာ အကောင်းဆုံးပါ "

" အသုံးမဝင်ဘူးဆိုရင် ရှန်းထူမိသားစုက သူ့ကို လာရွေးလို့ရအောင် ဆယ်ရက်အတွင်း ပြစ်ဒဏ်ချမှတ်မယ်လို့ သတင်းထုတ်လို့ရပါတယ်။ အဲ့ဒီအခါ သူ့ကို လာရွေးဖို့ အဖိုးအခအနေနဲ့ မဟာဧကရီ လျှို့ဝှက်နယ်မြေရဲ့ သတင်းအချက်အလက်ကို ပြောခိုင်းရမယ်။ ရှန်းထူမိသားစုက ရှန်းထူနန်ထျန်းကိုတော့ လက်မလျှော့လောက်ဘူး မဟုတ်လား။ ..… ဘာပဲဖြစ်ဖြစ် မဟာဧကရီ လျှို့ဝှက်နယ်မြေကို ရှန်းထူမိသားစုက မဖွင့်နိုင်ခဲ့ဘူး။ အဲ့တာကြောင့် သူတို့မရနိုင်တဲ့အရာတွေထက် ရှန်ထူမိသားစုရဲ့ အနာဂတ်ဆက်ခံသူက ပိုအရေးကြီးမှာ မဟုတ်ဘူးလား "

ရှန်းထူနန်ထျန်းသည် ရှန်းထူမိသားစုအတွက် အလွန်အရေးပါသည်။

သူ၏အရေးပါမှုမှာ လင်မိသားစုမှ လင်ရှင်းထုံထက်ပင် ပို၍အရေးပါသည်။

လင်မိသားစုအဘွားတော်ပင် လင်ရှင်းထုံကို လက်မလျှော့ချင်ပေ။

သို့ဖြစ်ရာ ရှန်းထူမိသားစုမှာ ရှန်းထူနန်ထျန်းကို ပို၍ လက်မလွှတ်နိုင်ပေ။

သူသည် အချစ်ခံရဆုံး ဂျူနီယာဖြစ်သည်။

" ဒါ .... "

လင်မိသားစုအဘွားတော် အနည်းငယ် သံသယဖြစ်မိသည်။

" ဒါဆို ရှန်းထူနန်ထျန်းက လွတ်သွားမှာပဲ မဟုတ်လား။ ဘာကွာလို့လဲ "

" ကွာခြားချက်က ကျွန်တော်တို့ ဒီဆယ်ရက်အတွင်း သခင်လေးနန်ထျန်းကို သေချာပြုစုလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် သခင်လေးနန်ထျန်းရဲ့ ဒဏ်ရာတွေက ပြင်းထန်နေပြီးသားဆိုတော့ သူ့ကို ဒီရက်တွေမှာ အဆိပ်တချို့ ကျွေးလိုက်ရင် သူ့ရဲ့ကျင့်စဉ်တွေက အနာဂတ်မှာ အတော်လေး ထိခိုက်မှာပါ ........ "

ယီယွင် ထိုစကားကို ပြောလိုက်သောအခါ လင်မိသားစုအဘွားတော်၏ မျက်လုံးများ တုန်လှုပ်သွားသည်။

ဒီကောင်စုတ်လေးကလည်း လူကောင်းလေး ဟုတ်မနေဘူးဘဲ။

လင်မိသားစုအဘွားတော်မှ သူ့အား မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေသည်ကို မြင်သောအခါ ယီယွင် ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သည်။

" ဒီဂျူနီယာက သူ့ကို သူ ဖော်ထားတဲ့ဆေး သူကိုယ်တိုင် မြည်းစမ်းကြည့်ခိုင်းတဲ့ သဘောပါ "

ယီယွင် ထိုစကားကို ယွမ်ချီအသံပို့လွှတ်ကာ ပြောလိုက်သည်။

All Chapters