← Chapters

အခန်း (၃၀၄)

Vol. 30 Ch. 304

အခန်း (၃၀၄)

Vol. 30 Ch. 304

အခန်း။ ၃၀၄

"ဝူပင်း ပျောက်နေတာလား။ မဟုတ်သေးပါဘူး။ သူ ပြန်မရောက်သေးဘူးလား။ ငါတို့တွေကတော့ သူ စိတ်မရှည်လို့ အရင်ပြန်နှင့်ပြီ ထင်နေတာ"

လူအနည်းငယ်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဝေခွဲမရ ဖြစ်သွားကြသည်။

"ဟားဟား... တစ်ယောက် ပျောက်နေတာကို အခုမှ သတိထားမိကြတာလား။ ဝိညာဉ်သားရဲတပ်ဖွဲ့ဆိုတာလည်း ဒီလောက်ပါပဲလား"

လှိုဏ်ဂူအတွင်း ဟိန်းထွက်လာသော ရယ်မောသံနှင့်အတူ ဝီခနဲ မြည်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် မိုးကြိုးအရှိန်အဝါများ ရောယှက်နေသော မည်းမှောင်သည့် အရိပ်တစ်ခုက လှိုဏ်ဂူအတွင်းသို့ ဝုန်းခနဲ လွင့်စင်ဝင်ရောက်လာတော့သည်။

"ဘယ်သူလဲ"

ထိုအသံကို ကြားသည်နှင့် ဝိညာဉ်သားရဲတပ်ဖွဲ့ တပ်မှူးမှာ အခြေအနေမဟန်တော့မှန်း သိလိုက်သည်။

သူတို့ထဲတွင် သူသည် အင်အားအကောင်းဆုံးဖြစ်ပြီး စစ်သည်တော် အထွတ်အထိပ်အဆင့်ရှိသူဖြစ်ရာ ဝူးခနဲ ခုန်တက်လိုက်ပြီး ထိုမည်းမှောင်သော အရိပ်ကို အင်အားအပြည့်ဖြင့် ကန်ထုတ်လိုက်သည်။ စစ်သည်တော် အထွတ်အထိပ် တစ်ဦး၏ စွမ်းအားမှာ ကျောက်တုံးများကိုပင် အမှုန့်ခြေပစ်နိုင်စွမ်း ရှိသည်ဖြစ်ရာ ထိုမည်းမှောင်သော အရိပ်မှာ ကန်ချက်ကြောင့် နံရံဆီသို့ လွင့်စင်သွားပြီး တရှိန်ထိုး အရှိန်ဖြင့် သွားရောက်ရိုက်မိသည်။

သေသေချာချာ စစ်ဆေးကြည့်လိုက်သောအခါမှ ထိုမည်းမှောင်သောအရိပ်မှာ ပျောက်ဆုံးနေသည့် အဖွဲ့ဝင် ဝူပင်း၏ အလောင်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"ငါက ကောင်းကင်အမဲလိုက်တပ်ဖွဲ့ရဲ့ တပ်မှူး ယန်ချန်းလန်ပဲ။ ဝူကျိကုန်သွယ်ရေးအဖွဲ့ရဲ့ သခင်လေးကျိုးရဲ့ တောင်းဆိုချက်အရ မင်းတို့လို အမဲလိုက်လောကရဲ့ အမှိုက်တွေကို ဖမ်းဆီးဖို့ လာခဲ့တာ"

ယန်ချန်းလန်သည် ကောင်းကင်အမဲလိုက်တပ်ဖွဲ့ မှ ထိပ်သီးအဖွဲ့ဝင်အချို့နှင့်အတူ လှိုဏ်ဂူအပြင်ဘက်တွင် ရပ်နေရင်း ပြောလိုက်သည်။

ကောင်းကင်အမဲလိုက်တပ်ဖွဲ့ ဟူသော အမည်ကို ကြားလိုက်ရသောအခါ ဝိညာဉ်သားရဲတပ်ဖွဲ့ဝင်များမှာ ခဏမျှ ဝေခွဲမရ ဖြစ်သွားကြသည်။ ကျိုးအင်ပါယာတွင် ထိုကဲ့သို့သော အမဲလိုက်

တပ်ဖွဲ့တစ်ခု ရှိနိုင်သော်လည်း ၎င်းနောက်တွင် ပါလာသော အေးစက်စက် အမည်တစ်ခုကြောင့် အချို့မှာ မှင်တက်သွားရသည်။

ယန်ချန်းလန်…..

ချုံခိုတိုက်ခိုက်ရန် ပြင်နေသော အမဲလိုက်စစ်သည်များသည် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြသည်။ သူတို့အားလုံးမှာ ကျိုးအင်ပါယာမှ အမဲလိုက်စစ်သည်များ ဖြစ်ကြသဖြင့် ကျိုးအင်ပါယာ၏ အတွင်းရေးများနှင့် အမဲလိုက်စစ်သည် လောကအကြောင်းကို အတော်ပင် နှံ့စပ်သူများ ဖြစ်ကြသည်။

ယန်ချန်းလန် ဟူသော အမည်မှာ အစပိုင်းတွင် သူတို့အတွက် အနည်းငယ် စိမ်းနေသော်လည်း မကြာမီမှာပင် တစ်စုံတစ်ယောက်က ထိုအမည်ကို မှတ်မိသွားသည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ပိုင်ဆိုင်ထားသည့် အမဲလိုက်တပ်ဖွဲ့တစ်ခုမှာ ဘယ်လိုမှ သာမန်တပ်ဖွဲ့တစ်ခု မဖြစ်နိုင်ချေ။

ကျိုးအင်ပါယာ၏ စစ်နတ်ဘုရား ယန်ပါဟဲ၏ သားဖြစ်သူ၊ ကျိုးအင်ပါယာ၏ မြင်းစီးစစ်သူကြီးနှင့် နယ်စားမင်းဖြစ်သူ ယန်ချန်းလန်……

သို့သော် ယန်ချန်းလန်မှာ ဒုက္ခိတတစ်ဦး ဖြစ်သွားပြီဟု ကောလာဟလများ ထွက်ပေါ်နေခဲ့တာမဟုတ်ဘူးလား။

ဒါဆို အခုလေးတင် ပြင်းထန်တဲ့ အရှိန်အဝါတွေနဲ့ လူခုနစ်ယောက် ရှစ်ယောက်ခန့်ကို လက်ချည်းသက်သက်နဲ့ သတ်ဖြတ်လိုက်တဲ့သူက ဘယ်သူလဲ။

ရှေ့ဆုံးမှ ဦးဆောင်လာသည့် ယန်ချန်းလန်ကို ကြည့်လိုက်လျှင် သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးမှာ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး နေမင်းကို ထိုးဖောက်သွားသည့် သက်တန့်ရှည်ကြီးအလား တောက်ပလွန်းလှသည်။ သူ၏ဘေးတွင် ပါလာသော အမဲလိုက်စစ်သည်များကို ကြည့်လျှင်လည်း တစ်ဦးချင်းစီမှာ ထူးခြားလှသော စွမ်းရည်များကို အသီးသီး ပြသနေကြသည်။

လှိုဏ်ဂူအတွင်း၌ ချက်ချင်းပင် ပရမ်းပတာများ ဖြစ်ပေါ်လာတော့သည်။ ဝိညာဉ်သားရဲတပ်ဖွဲ့ ၏ တပ်မှူးမှာ ဟိန်းဟောက်လိုက်ပြီး "တိတ်စမ်း ဝိညာဉ်သားရဲတွေကို ချက်ချင်း ဆင့်ခေါ်ကြ" ဟု အမိန့်ပေးလိုက်သည်။

အဖွဲ့ဝင်များမှာ သတိပြန်ဝင်လာကြပြီး ဝူပင်းပြောခဲ့သည့်အတိုင်းပင် လူအချို့ ရှေ့သို့တိုးထွက်လာကာ သူတို့၏ ဆင့်ခေါ်ခါးပတ် များကို အသုံးပြုလိုက်ကြသည်။ ဆင့်ခေါ်စက်ဝိုင်းအချို့ လင်းထိန်လာပြီး ဝိညာဉ်သားရဲအချို့ ပေါ်ထွက်လာတော့သည်။

"ဟဲဟဲ... ယန်ချန်းလန် ကျိုးအင်ပါယာရဲ့ စစ်သူကြီးတစ်ယောက်က အခုလို အမဲလိုက်စစ်သည်အဆင့်အထိ နိမ့်ကျသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ တခြားလူတွေက မင်းရဲ့နာမည်ကို ကြောက်ချင်ကြောက်မယ်။ ဒါပေမဲ့ ငါ့ရဲ့ ဝိညာဉ်သားရဲတပ်ဖွဲ့ကတော့ မကြောက်ဘူး။ ညီအစ်ကိုတို့... ဒီလူတွေကို ငါတို့သားရဲတပ်ဖွဲ့က ဘယ်လောက် စွမ်းသလဲဆိုတာ ပြလိုက်စမ်း"

တပ်မှူးက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ထိုတပ်မှူး၏ ကျင့်စဉ်အဆင့်မှာ စစ်သည်တော် အထွတ်အထိပ်အဆင့်သာ ရှိသော်လည်း အဆင့်B ရှိသော အမဲလိုက်တပ်ဖွဲ့တစ်ခုကို ထိန်းချုပ်ထားနိုင်ခြင်းမှာ တစ်စုံတစ်ရာသော လျှို့ဝှက်ချက် ရှိနေသောကြောင့်ပင််။

ရုတ်တရက် ဝိညာဉ်သားရဲများ၏ ကိုယ်ခန္ဓာမှာ လင်းထိန်လာပြီး လူတိုင်း၏ ပတ်ပတ်လည်တွင် မှော်ကာကွယ်ရေး အလင်းလုံးတစ်ခုစီ ပေါ်ထွက်လာသည်။

"မှော်ကွင်းလား ဒီမိစ္ဆာသားရဲတွေက မြေတူးတတ်ရုံတင်မကဘဲ မှော်တွေပါ သုံးတတ်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

ယန်ချန်းလန်ပင်လျှင် အံ့အားသင့်သွားရသည်။ သူက သူကိုယ်တိုင် ပါဝင်လာသဖြင့် ဝိညာဉ်သားရဲတပ်ဖွဲ့ကို ဖမ်းဆီးရန်မှာ အချိန်ပိုင်းကိစ္စသာ ဖြစ်လိမ့်မည်ဟု တွေးထားခဲ့ခြင်း ဖြစ်သည်။ ထိုမှော်ကွင်းမှာ အတော်ပင် ဆန်းကြယ်လှပြီး ၎င်း၏အစွမ်းမှာ ဂူဖုန်း၏ တောက်ပသော ကောင်းကင်အလင်းနှင့်ပင် ခပ်ဆင်ဆင် တူနေသည်။

ယန်ချန်းလန်သည် တိုက်ခိုက်ရေးစွမ်းရည်တစ်ခုကို ထုတ်သုံးလိုက်သော်လည်း ထိုစွမ်းအင်မှာ မှော်ကွင်းအနီးသို့ ရောက်သွားသည်နှင့် မမြင်ရသော နံရံတစ်ခုကို ရိုက်မိသကဲ့သို့ ဖြစ်သွားပြီး ချက်ချင်းပင် နောက်သို့ ပြန်ကန်ထွက်လာသည်။

ထို့ပြင် အခြားသူများ၏ တိုက်ခိုက်မှုများမှာလည်း မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိချေ။ ထိုမိစ္ဆာသားရဲ၏ မှော်ကွင်း အစွမ်းကြောင့် လူတိုင်းမှာ ဝိညာဉ်သားရဲတပ်ဖွဲ့ဝင်များအနီးသို့ ခြေတစ်လှမ်းပင် တိုးမရအောင် ဖြစ်နေကြရသည်။

"ဟားဟား... မင်းတို့ ဘယ်လိုနည်းလမ်းပဲ သုံးသုံး ဝိညာဉ်သားရဲတွေ ရှိနေသရွေ့တော့ ငါတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး"

အမဲလိုက်စစ်သည် အချို့က ဝံကြွားစွာ ပြောလိုက်ကြသည်။

"တပ်မှူး... အဲဒီမှော်ကွင်းက တော်တော်ထူးခြားတယ်။ သူတို့ကို ချက်ချင်း ဖမ်းဖို့က မလွယ်ဘူး။ ဘယ်လိုလုပ်ကြမလဲ"

ဘေးမှ စောင့်ကြည့်နေသော ကျိုးချွမ်က မသိစိတ်မှ မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။ သူသည်လည်း ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ ထိုအမဲလိုက်စစ်သည် အချို့ လွတ်မြောက်သွားသည်ကို သူတို့မှာ လက်ပိုက်ကြည့်နေရုံသာ ရှိတော့သည်။

"ကျိုးချွမ်... မင်းနဲ့ တခြားလူတွေက ကျန်တဲ့သူတွေကို လိုက်ဖမ်းကြ။ ရှန်းအာက အပြင်မှာ ချုံခိုစောင့်နေတယ်။ ငါတို့တွေ လူခွဲပြီး လှုပ်ရှားကြတာပေါ့"

ယွင်ရှန်း၏ စေ့စပ်လှသော ကြိုတင်စဉ်းစားမှုကို ယန်ချန်းလန် မချီးကျူးဘဲ မနေနိုင်တော့ချေ။ သူမသည် အပြင်ဘက်တွင် ကြိုတင်၍ ချုံခိုစောင့်ဆိုင်းနေခဲ့ပြီး ဖြစ်သည်။

ယွင်ရှန်း၏ ကိုယ်ဖော့အတတ်မှာ ခြေရာခံရာတွင် သူ့ထက်ပင် ပို၍ကောင်းမွန်နိုင်ကြောင်း ယန်ချန်းလန် သိထားသည်။ ထို့ကြောင့် သူနှင့် အခြားစစ်သည်အချို့မှာ လူခွဲ၍ လိုက်လံဖမ်းဆီးကြတော့သည်။

ဝိညာဉ်သားရဲတပ်မှူးမှာမူ စာရင်းအုပ်များကို ယူဆောင်ကာ မြေလျှိုးအတတ်ဖြင့် ပျောက်ကွယ်သွားခဲ့သည်။ မိုင်အနည်းငယ်ခန့် လွတ်မြောက်လာပြီးနောက် သူသည် စိတ်ထဲတွင် ကျိတ်၍ ဝမ်းသာနေမိသည်။

ရုတ်တရက် ကောင်းကင်ကြီးမှာ မှောင်မိုက်သွားသလို ခံစားလိုက်ရသဖြင့် သူ မော့ကြည့်လိုက်ရာ ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

အပေါ်စီးရှိ ကောင်းကင်ယံတွင် ဆံနွယ်များမှာ မှင်ရောင်ကဲ့သို့ နက်မှောင်နေသော အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

"မင်း... မင်းက ဘယ်သူလဲ"

ကောင်းကင်ယံတွင် အမျိုးသမီးတစ်ဦး ရပ်နေပြီး သူမ၏နောက်ကျောတွင် တောက်ပသော အတောင်ပံတစ်စုံမှာ ဖြန့်ကားထားရာ နတ်ဘုရားမတစ်ပါးအလား ခန့်ညားထည်ဝါပြီး အရှိန်အဝါကြီးမားလှသည်။ ထိုမိန်းကလေး၏ မျက်ဝန်းများမှာ ရေခဲပြင်ပမာ အေးစက်နေသည်။

"ကောင်းကင်အမဲလိုက်တပ်ဖွဲ့ရဲ့ ဒုတိယတပ်မှူး ယန်ယွင်ပဲ"

ယန်ယွင် ထိုအမည်ကို ကြားလိုက်ရသည်နှင့် တပ်မှူး၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရသည်။

ဤအမည်မှာ အမဲလိုက်စစ်သည်လောကတွင် ယန်ချန်းလန်ထက်ပင် ပို၍ နာမည်ကျော်ကြားလှသည်။ တောက်ယဲ့တောင် စီးချင်းထိုးကွင်း၌ ဟေးဟူအမဲလိုက်အဖွဲ့ကို သွေးချောင်းစီးအောင် သတ်ဖြတ်ခဲ့သော လိုလီအမဲလိုက်စစ်သည်လေးမှာ ထိုတိုက်ပွဲတစ်ခုတည်းဖြင့် နာမည်ကြီးခဲ့ရုံသာမက ပို၍ကြောက်စရာကောင်းသည်မှာ သူမတွင် ဆင့်ခေါ်ဧကရာဇ်အဆင့်ရှိသော ဆရာတစ်ဦး ရှိနေခြင်းပင်။

တစ္ဆေအရိပ်ပင် ရှာမတွေ့နိုင်သော ဤရာမတောင်တန်းတွင် ယန်ချန်းလန်နှင့် ယန်ယွင်ကဲ့သို့သော ပုဂ္ဂိုလ်နှစ်ဦး ဘယ်လိုပေါ်လာနိုင်တာလဲ။

ယန်ချန်းလန် ဟူသော အမည်မှာ သူ့ကို ဒုက္ခပေးရန် လုံလောက်သော်လည်း ယန်ယွင် ဟူသော အမည်မှာမူ ပိုမိုပြင်းထန်သော ခြိမ်းခြောက်မှုနှင့် ဟန့်တားနိုင်စွမ်းကို ဆောင်ကြဉ်းလာခဲ့သည်။

အကယ်၍ ယန်ချန်းလန်၏ အမည်မှာ အတိတ်၏ အောင်မြင်မှုတစ်ခုဖြစ်ပါက ယန်ယွင်၏ အမည်မှာမူ လွန်ခဲ့သော တစ်နှစ်ခန့်မှစ၍ ကျိုးအင်ပါယာ အမဲလိုက်လောက၌ အရှိန်အဝါ အတောက်ပြောင်ဆုံး အမည်တစ်ခုဖြစ်သည်မှာ ငြင်းစရာမရှိချေ။

သူမသည် ဆန်းကြယ်စွာ ပေါ်ထွက်လာသော အမဲလိုက်စစ်သည်တစ်ဦးဖြစ်ပြီး တောက်ယဲ့တောင် အမဲလိုက်စစ်သည် ကင်းမြို့၌သာ ပေါ်လာလေ့ရှိရာ သူမ၏ မျက်နှာအစစ်အမှန်ကို မည်သူမျှ မမြင်ဖူးကြောင်း ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။ သူမ ပထမဆုံး စတင်လှုပ်ရှားစဉ်ကပင် နာမည်ဆိုးဖြင့် ကျော်ကြားသော ဟေးဟူအမဲလိုက်အဖွဲ့ ခေါင်းဆောင်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့သူဖြစ်သည်။ ထို့နောက်တွင်လည်း သူမတွင် ဆင့်ခေါ်ဧကရာဇ် အဆင့်ရှိသော ဆရာတစ်ဦးရှိသည်ဟူသော ကောလာဟလများ ပြန့်နှံ့ခဲ့သည်။ သို့သော် ၎င်းမှာ ကောလာဟလတစ်ခုသာဖြစ်ပြီး နာမည်ကျော်ကြားလာပြီးနောက် ယန်ယွင်မှာ လူမြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

သူမ၏ ဟွမ်ထိန်အမဲလိုက်တပ်ဖွဲ့ကလည်း ယန်ယွင်၏ သတင်းကို ပြင်ပသို့ လုံးဝ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ချေ။ ဝိညာဉ်သားရဲတပ်ဖွဲ့ တပ်မှူးမှာမူ ဤနေရာ၌ သေမင်းတမန် နတ်မိမယ် နှင့် ရင်ဆိုင်ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့သလို သူမသည် ကောင်းကင်အမဲလိုက်တပ်ဖွဲ့ထဲသို့ ဝင်ရောက်နေလိမ့်မည်ဟုလည်း ပို၍ပင် မတွေးမိခဲ့ချေ။

ထိုတပ်မှူးမှာ ဤအလုပ်ကို လက်ခံခဲ့မိသည့်အတွက် သူ့ကိုယ်သူ လည်ပင်းလှီး သတ်သေချင်

စိတ်ပင် ပေါက်သွားတော့သည်။ အကယ်၍ သူ့ကို သတ္တိတွေ ပိုပေးဦးတော့ စစ်နတ်ဘုရားနှင့် ဆင့်ခေါ်ဧကရာဇ်တို့ ကျောထောက်နောက်ခံပြုထားသည့် ကောင်းကင်အမဲလိုက်တပ်ဖွဲ့ကို ဆန့်ကျင်ရန် သူ ဘယ်သောအခါမျှ ဝံ့ရဲမည်မဟုတ်ပေ။

"အနားမလာနဲ့ မင်း ငါ့ကို နာကျင်အောင် မလုပ်နိုင်ဘူး။ ဘယ်သူမှ ဝိညာဉ်သားရဲရဲ့ ကာကွယ်မှုကို မဖျက်နိုင်ဘူး"

တပ်မှူးမှာ စိတ်ထဲတွင် ကြောက်ရွံ့နေသော်လည်း မိစ္ဆာသားရဲ၏ ကာကွယ်မှုကို အားကိုးကာ မျက်နှာပြောင်တိုက်၍ အော်ဟစ်လိုက်သည်။

"ဟုတ်တယ်... တခြားလူသာဆိုရင်တော့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက ငါနဲ့ လာတွေ့တာ ကံဆိုးသွားတာပဲ"

ယွင်ရှန်း၏ အေးစက်သော မျက်ဝန်းများအတွင်း၌ တောက်ပသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သူမသည် လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

All Chapters