← Chapters

အခန်း (၃၀၅)

Vol. 30 Ch. 305

အခန်း (၃၀၅)

Vol. 30 Ch. 305

အခန်း။ ၃၀၅

ဝိညာဉ်သားရဲတပ်ဖွဲ့ တပ်မှူးသည် ယွင်ရှန်း၏ လက်များကို မျက်တောင်မခတ်တမ်း စိုက်

ကြည့်နေမိရာ ထိုလက်များကို မြင်လိုက်ရသောအခါ သူ၏ကိုယ်ခန္ဓာမှာ တစ်ဖန်ပြန်၍ တုန်ရင်လာပြန်သည်။

ဒါက ဘယ်လိုလက်ကြီးလဲ။

ယန်ယွင်၏ မျက်နှာအစစ်အမှန်မှာ နုပျိုလှပသော မိန်းကလေးငယ်တစ်ဦးဖြစ်ရာ သူမ၏ လက်များသည်လည်း ဖြူစင်ဝင်းပပြီး အပြစ်ပြောစရာမရှိအောင် လှပနေသင့်သည်။ သို့သော် သူ၏ရှေ့မှ မြင်တွေ့နေရသော လက်မှာမူ ခြောက်သွေ့ကာ မှင်ရောင်ကဲ့သို့ နက်မှောင်နေပြီး ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအားများကို ဖြာထွက်နေစေသည်။ ထိုလက်ပေါ်

တွင် ဆင့်ခေါ်လက်စွပ်တစ်ကွင်းမှာ ဝင်းလက်နေပြီး တောက်ပလှသော မှော်ဟင်းလင်းပြင်တစ်ခုမှာ တောက်လောင်နေသော နေမင်းပမာ လျင်မြန်စွာ ပုံဖော်လာတော့သည်။

၎င်းမှာ အစစ်အမှန် မှော်ဟင်းလင်းပြင်တစ်ခုပင်။ ထိုအတွင်း၌ လင်လုံသားရဲမျှော်စင်ကြောင့် အရွယ်အစားမှာ နှစ်ဆမက ကြီးထွားလာသော ပုရွက်ဆိတ် ဘုရင်တစ်ကောင်မှာ သူ၏ခြေလက်များကို ကြမ်းကြုတ်စွာ ဝှေ့ယမ်းနေသည်။

"ဒုန်း..."

ဖုန်မှုန့်များ လွင့်စင်သွားပြီးနောက် ဝိညာဉ်သားရဲတပ်မှူး တစ်ခါမျှ မမြင်ဖူးသော မိစ္ဆာသားရဲတစ်ကောင်မှာ သူ၏ရှေ့တည့်တည့်သို့ ဆင်းသက်လာသည်။ ထိုမိစ္ဆာသားရဲထံမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် ဖိအားကြောင့် တပ်မှူး၏ ဒူးများမှာ ပျော့ခွေသွားရပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့သည်။

ပုရွက်ဆိတ် စစ်သူကြီးသည် သူ၏ပါးစပ်မှ အဆိပ်ရည်များကို မှုတ်ထုတ်လိုက်သည်။ တိုက်ခိုက်ရေးစွမ်းရည်များ သို့မဟုတ် မှော်များဖြင့်ပင် မတုန်လှုပ်နိုင်ခဲ့သော သားရဲ၏ ကာကွယ်ရေးအလင်းတန်းမှာ စက္ကူပါးလေးကဲ့သို့ စုတ်ပြတ်သွားပြီး ချက်ချင်းပင် ကြီးမားသော အပေါက်တစ်ခုအဖြစ် အရည်ပျော်သွားတော့သည်။

"ဒါ... ဒါက ဘယ်လို သတ္တဝါမျိုးလဲ"

ဝိညာဉ်သားရဲတပ်မှူးမှာ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလိုပင် တစ်ကိုယ်လုံး တုန်ရီနေတော့သည်။

သူသည် စိတ်ဖောက်ပြန်နေသူတစ်ဦးကဲ့သို့ ပုရွက်ဆိတ် စစ်သူကြီးကို ရူးသွပ်စွာ တိုက်ခိုက်တော့သည်။ သို့သော် တပ်မှူးအဆင့် ရှိသော သားရဲစစ်သူကြီးတစ်ကောင်၏ ရှေ့တွင်မူ သူ၏ တိုက်ခိုက်မှုအားလုံးမှာ အလွန်ပင် နုနယ်လွန်းလှသည်။

ယွင်ရှန်းက လက်ကိုမြှောက်လိုက်ရာ သူမ၏လက်ပေါ်မှ မှော်လှိုင်းနှုန်းများမှာ ကြောက်ခမန်းလိလိ ပြင်းထန်နေသည်။

သူ၏ အဆင့် ၇ ရှိသော ဝိညာဉ်သားရဲမှာ ပုရွက်ဆိတ် စစ်သူကြီး ထုတ်လွှတ်လိုက်သည့် သားရဲပုရွက်ဆိတ်အုပ်ကြီး၏ ဝိုင်းအုံကိုက်ခဲ ဝါးမြိုခြင်းကို ခံနေရသည်ကို ဝိညာဉ်သားရဲတပ်မှူးက ကြည့်နေရုံမှတစ်ပါး ဘာမျှမတတ်နိုင်ချေ။ ခဏချင်းမှာပင် ဝိညာဉ်သားရဲမှာ အတွင်းသားများမရှိတော့ဘဲ အခွံသက်သက်သာ ကျန်တော့သည့် အလောင်းကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

"မင်း... အနားမလာနဲ့တော့"

တပ်မှူးမှာ တစ်ကိုယ်လုံး တုန်ရီနေပြီး "မင်း ဒီစာရင်းအုပ်ကို လိုချင်တာမလား။ ရော့... အခုပဲ ပေးမယ်"

သူသည် မေ့လဲမတတ် ထိတ်လန့်သွားကာ ရွှေဒင်္ဂါးသန်းပေါင်းများစွာ တန်ဖိုးရှိသည်ဟု သူထင်မှတ်ထားသော စာရင်းအုပ်ကို တုံ့ဆိုင်းခြင်းမရှိဘဲ ပစ်ပေးလိုက်သည်။ သူ ခက်ခက်ခဲခဲ ရယူထားရသော ဤစာရင်းအုပ်မှာ ယခုအခါ အမှိုက်စက္ကူတစ်ရွက်ပမာ အသုံးမဝင်တော့သည်ကို ထိုတပ်မှူး မသိရှာပေ။

ယွင်ရှန်းက ထိုစာရင်းအုပ်ကို ကြည့်ပင်မကြည့်ဘဲ "ပြီးတော့ ကျိုးလုံက စာရင်းအုပ်ကို ခိုးဖို့အတွက် မင်းကို ပေးထားတဲ့ ငွေတွေနဲ့ သူကိုယ်တိုင် ရေးထားတဲ့ စာရော... ဘယ်မှာလဲ" ဟု မေးလိုက်သည်။

တပ်မှူးက တွေဝေသွားသော်လည်း နောက်ဆုံးတွင် အလွန်ပင် မလိုလားစွာဖြင့် ကျိုးလုံ၏ လက်ရေးစာနှင့်အတူ ဝူကျိ ရွှေကတ်တစ်ကတ်ကို ထုတ်ပေးလိုက်ရသည်။

"အရာအားလုံး ပေးပြီးပြီဆိုတော့ ငါ့ကို လွှတ်ပေးတော့မှာ မဟုတ်လား။ ကတိပေးပါတယ် ဒီနေ့ဖြစ်သမျှကို ဘယ်သူ့ကိုမှ တစ်ခွန်းမှ ဟမှာမဟုတ်ပါဘူး"

ဤအရာများကို ပေးလိုက်ပါက တစ်ဖက်လူက သူ့ကို လွှတ်ပေးလိမ့်မည်ဟု သူ ထင်မှတ်ခဲ့သည်။ သို့သော် နတ်သမီးလေးပမာ လှပသော်လည်း ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို ပိုင်ဆိုင်ထားသည့် ဤဆင့်ခေါ်သူ မိန်းကလေးက ထိုမျှနှင့် ရပ်တန့်မသွားခဲ့ပေ။

"မင်းကို မေးစရာ နောက်ထပ် တစ်ခုရှိသေးတယ်။ မင်းဝတ်ထားတဲ့ ဒီဆင့်ခေါ်ခါးပတ်က ဘယ်သူပေးတာလဲ"

ယွင်ရှန်းက အစောပိုင်းက ဝူပင်းထံမှ ရရှိထားသော ခါးပတ်ကို ထုတ်ပြလိုက်သည်။

ဆင့်ခေါ်ခါးပတ်အကြောင်း မေးမြန်းသံကို ကြားလိုက်ရသောအခါ လက်နက်ချနေပြီဖြစ်သော တပ်မှူးမှာ ရုတ်တရက် ခန္ဓာကိုယ် တောင့်တင်းသွားပြီး "မင်း ဘာပြောနေတာလဲ ငါနားမလည်ဘူး။ ဒီခါးပတ်က ငါ အမှတ်မထင် ရထားတာပါ" ဟု ငြင်းဆိုလိုက်သည်။

ကြည့်ရသည်မှာ သူမသည် ဆင့်ခေါ်ခါးပတ်၏ လျှို့ဝှက်ချက်ကို လိုက်နေခြင်းဖြစ်သည်။ သူသည် ဤခါးပတ်၏ လျှို့ဝှက်ချက်ကို လုံးဝ မဖော်ပြရဲပေ။ သို့မဟုတ်ပါက ဆင့်ခေါ်ခြင်းခန်းမက သူ့ကို လုံးဝ ခွင့်လွှတ်လိမ့်မည် မဟုတ်ချေ။ ဆင့်ခေါ်ခြင်းခန်းမ၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံရမည့်အစား သေရခြင်းကမှ ပို၍ မြတ်ဦးမည်ဟု သူက ယူဆထားသည်။

သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး အစောပိုင်းက ကြောက်ရွံ့နေသော မျက်ဝန်းများမှာ ရုတ်တရက် ခိုင်မာပြတ်သားသွားသည်။

ကြည့်ရသည်မှာ ဤဆင့်ခေါ်ခါးပတ်၏ အရေးမှာ သေးငယ်လှသည်မဟုတ်ပေ။ ဝိညာဉ်သားရဲတပ်မှူးကဲ့သို့သော လူမျိုးပင်လျှင် ၎င်းအကြောင်းကို အလွယ်တကူ မဟရဲချေ။ တစ်ဖက်လူမှာ စစ်သည်တော် အထွတ်အထိပ်တစ်ဦးဖြစ်ရာ ရှန်းနုန်မျက်လုံးများသည် ဝူပင်းအပေါ်မှာကဲ့သို့ အစွမ်းပြနိုင်မည်မဟုတ်ပေ။

ယွင်ရှန်းက စကားအများကြီး မပြောတော့ဘဲ သူမ၏ စိတ်အာရုံကို လှုပ်ရှားလိုက်ရာ ပုရွက်ဆိတ် စစ်သူကြီးသည် ထိုသူထံသို့ ဖြည်းဖြည်းချင်း တွားသွားလိုက်သည်။ ၎င်းသည် ထက်မြက်လှသော ပါးစပ်ကို ဟလိုက်ပြီး တပ်မှူး၏ ဘယ်ဘက်ခြေမကို ကိုက်ဖြတ်လိုက်တော့သည်။

"အားးးးးးးးးး"

တပ်မှူးမှာ နာကျင်လွန်းသဖြင့် သေလုမတတ် အော်ဟစ်လိုက်ရသည်။ သူ၏ ခြေမမှာ ပုရွက်ဆိတ် စစ်သူကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်ကို သူ မျက်မြင်ကိုယ်တွေ့ ကြည့်နေရသည်။

"မင်း သေမှာကို မကြောက်ဘူးဆိုတာ ငါသိတယ်။ မင်းရဲ့ အမဲလိုက်တပ်ဖွဲ့ဝင်တွေရဲ့ အသက်ကိုလည်း မင်း ဂရုမစိုက်ဘူးဆိုတာ ငါသိတယ်။ ဒါပေမဲ့ သေနည်းဆိုတာ အမျိုးမျိုးရှိတယ်... ငါ့ရဲ့ မိစ္ဆာသားရဲက မင်းရဲ့ ခြေချောင်းတွေကို တစ်ချောင်းချင်းစီ ကိုက်စားအောင် လုပ်မယ်။ မနက်ဖြန်ကျရင်တော့ မင်းရဲ့ လက်တွေကို... ဒီလိုနဲ့ ဆယ်ရက်လောက် ကြာသွားရင် မင်းရဲ့ ကိုယ်ခန္ဓာက ဘယ်အစိတ်အပိုင်းကများ အကောင်းအတိုင်း ကျန်နေဦးမလဲဆိုတာ မင်း ခန့်မှန်းကြည့်ချင်လား"

ယွင်ရှန်းက ပုရွက်ဆိတ် စစ်သူကြီး၏ ခေါင်းကို ပုတ်ရင်း အေးစက်စွာ ပြောလိုက်သည်။

ထိုအချိန်တွင် ပုရွက်ဆိတ်၏ ပါးစပ်မှ ဂွတ်... ဂွတ်... ဟူသော ဝါးသံများ ထွက်ပေါ်နေသည်။ ၎င်းမှာ တပ်မှူး၏ ခြေမကို ကိုက်ဖြတ်ပြီးနောက် အရသာရှိရှိ ဝါးစားနေခြင်းပင်။

သူ့ကိုယ်သူ အသက်ရှူရုံမျှသာ ကျန်တော့သည်အထိ နေ့စဉ်ရက်ဆက် တစစီ ကိုက်စားခံရမည့် အဖြစ်ကို တွေးမိသောအခါ တပ်မှူးမှာ သူ၏ အူများပင် ပြတ်တောက်တော့မတတ် ထိတ်လန့်သွားရသည်။ သူသည် ယန်ယွင်ဟု အမည်ရသော ဤဆင့်ခေါ်သူ မိန်းကလေးက သွေးစွန်းသော လိုလီမလေးဟူသော အမည်ဝှက်ကို ဘာကြောင့် ရခဲ့သလဲဆိုသည်ကို ယခုမှပင် ကောင်းကောင်း နားလည်သွားတော့သည်။ ကောလာဟလများအတိုင်းပင် တကယ်ကို ကြောက်စရာကောင်းလှသည့် လူသားမဆန်သူပင်။

"မလုပ်ပါနဲ့... ငါပြောပါ့မယ် အကုန်ပြောပါ့မယ်။ အဲဒီဆင့်ခေါ်ခါးပတ်ကို ငါ့ရဲ့ အဒေါ်က ပေးထားတာပါ။ သူက ဆင့်ခေါ်ခြင်းခန်းမက ဆင့်ခေါ်သူတစ်ယောက်။ သူပြောတာတော့ ခါးပတ်ပေါ်က ကျောက်မျက်တွေက သာမန်သတ္တုရိုင်းတွေ မဟုတ်ဘူး။ အဲဒါတွေက သားရဲသွေးတွေကို သန့်စင်ပြီး လုပ်ထားတာတဲ့"

တပ်မှူးမှာ စိတ်ဓာတ်များ ပြိုလဲပျက်စီးလုနီးပါးဖြင့် ဆင့်ခေါ်ခါးပတ်၏ ဇစ်မြစ်ကို ယွင်ရှန်းအား ဖွင့်ဟပြောကြားလိုက်သည်။

၎င်းကို ကြားလိုက်ရသောအခါ ယွင်ရှန်းသည် သူမ ရရှိထားသော မိစ္ဆာသားရဲခါးပတ်ကို ပိုမိုသေချာစွာ စစ်ဆေးကြည့်လိုက်သည်။ ဒုတိယတပ်မှူး ပြောခဲ့သည့်အတိုင်းပင် ထိုကျောက်မျက်အချို့မှာ သားရဲသွေးဖြင့် သန့်စင်ထားခြင်း ဖြစ်သည်။ သို့သော် ကွာခြားချက်မှာ ဝူပင်း၏ ခါးပတ်ရှိ ကျောက်မျက်များမှာ အလယ်အလတ်အဆင့် သားရဲသွေးဖြင့် သန့်စင်ထားပြီး တပ်မှူး၏ ခါးပတ်တွင်မူ အဆင့်မြင့် မိစ္ဆာသားရဲသွေးများဖြင့် ပြုလုပ်ထားသော ကျောက်မျက်များ ပါဝင်နေခြင်းပင်။

ယွင်ရှန်းသည် အလွန်ပင် ဉာဏ်ပညာထက်မြက်သူဖြစ်ရာ ကျောက်မျက်များ သန့်စင်ခြင်းနောက်ကွယ်မှ လျှို့ဝှက်ချက်ကို လျင်မြန်စွာ သဘောပေါက်သွားပြီး ခဏချင်းမှာပင် မိစ္ဆာသားရဲခါးပတ်၏ အလုပ်လုပ်ပုံ သဘောတရားကို အခြေခံအားဖြင့် နားလည်သွားတော့သည်။

ဤခါးပတ်၏ လုပ်ဆောင်ချက်မှာ အဆင့်မြင့်မိစ္ဆာသားရဲများက အလယ်အလတ်နှင့် အောက်ခြေအဆင့် သားရဲများကို ဖိနှိပ်ခြိမ်းခြောက်၍ ထိန်းချုပ်သည့် နည်းလမ်းနှင့် ဆင်တူသည်။ ဤခါးပတ်၏ အားသာချက်မှာ မှော်ဆရာများရော၊ ဆင့်ခေါ်သူများပါ ဤခါးပတ်ကို ဝတ်ဆင်ရုံဖြင့် မိမိထက်အဆင့်နိမ့်သော မိစ္ဆာသားရဲများကို စေခိုင်းနိုင်ခြင်းပင် ဖြစ်သည်။ သို့သော် အားနည်းချက်မှာမူပို၍ အဆင့်မြင့်သော မိစ္ဆာသားရဲခါးပတ် သို့မဟုတ် ပိုမိုကျွမ်းကျင်သော ဆင့်ခေါ်သူတစ်ဦး ပေါ်လာပါက ဤခါးပတ်၏ အစွမ်းမှာ အလိုအလျောက် ပျက်ပြယ်သွားခြင်းပင်။

ဆင့်ခေါ်ခြင်းခန်းမတွင်လည်း မိစ္ဆာသားရဲများကို ထိန်းချုပ်ရန် ဤကဲ့သို့သော နည်းလမ်းများ ရှိနေလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။ ဤရှာဖွေတွေ့ရှိမှုမှာ လောလောဆယ်တွင် ယွင်ရှန်းအတွက် အလွန်ပင် အကျိုးရှိလှသည်။

သူမသည် ကျိုးအင်ပါယာ၏ တောင်ဘက်နယ်စပ်သို့ သွားနေစဉ်အတွင်း ပတ်ဝန်းကျင်ကို စူးစမ်းရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ သင့်တော်သော မိစ္ဆာသားရဲများကို တွေ့ရှိပါက သူမကိုယ်တိုင် မိစ္ဆာသားရဲခါးပတ်များ သန့်စင်ထုတ်လုပ်နိုင်ရန်အတွက် ၎င်းတို့၏ သွေးများကို ရယူမည်ဖြစ်သည်။ အကယ်၍ ကောင်းကင်အမဲလိုက်တပ်ဖွဲ့ ၏ အဖွဲ့ဝင်တိုင်းကသာ ဤကဲ့သို့သော မိစ္ဆာသားရဲခါးပတ်များကို ဝတ်ဆင်နိုင်မည်ဆိုပါက သူတို့တပ်ဖွဲ့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သံသယဖြစ်ဖွယ်မရှိအောင် ပိုမိုတောင့်တင်းလာပေလိမ့်မည်။

"ပုရွက်ဆိတ်စစ်သူကြီး... သူ့ကို ဝါးမြိုပစ်လိုက်တော့"

ယွင်ရှန်းက အေးစက်စွာ အမိန့်ပေးလိုက်ရာ ပုရွက်ဆိတ် စစ်သူကြီးသည် ဝိညာဉ်သားရဲတပ်မှူးကို ချက်ချင်းပင် ဝါးမြိုပစ်လိုက်တော့သည်။

စာကို စစ်ဆေးပြီးနောက် ယွင်ရှန်းသည် ယန်ချန်းလန်နှင့် အခြားသူများထံသို့ ချက်ချင်းပင် ပြန်လည်အမီလိုက်ခဲ့သည်။ ယန်ချန်းလန်နှင့် အခြားသူများသည်လည်း ဝိညာဉ်သားရဲတပ်ဖွဲ့ဝင် အချို့ကို ဖမ်းဆီးထားနိုင်ခဲ့ကြသည်။ ယွင်ရှန်းက တပ်မှူးကို သတ်ဖြတ်ပြီး ကျိုးလုံ၏စာကို ပြန်လည်ရယူနိုင်ခဲ့သည်ကို သိလိုက်ရသောအခါ အမဲလိုက်တပ်ဖွဲ့ဝင်များမှာ ယခုတစ်ခေါက်တွင်မူ သိပ်ပြီးအံ့ဩမနေကြတော့ချေ။

သူတို့၏ အမြင်တွင်မူသူတို့၏ သခင်မလေးယွင်ရှန်းသည် စစ်သူကြီးယန်ထက် အဆပေါင်း ထောင်သောင်းမက ပို၍ ရက်စက်ပြတ်သားသူ ဖြစ်သည်။ ယန်ချန်းလန်ကို ပြစ်မှားမိပါက အလွန်ဆုံး လည်ပင်းကျိုးပြီး သေရရုံသာ ရှိသည်။ သို့သော် အကယ်၍ သခင်မလေးယွင်ရှန်းကိုသာ ပြစ်မှားမိပါက...

လူတိုင်း၏ စိတ်ထဲတွင် မြင်ကွင်းတစ်ခု ဖြတ်ပြေးသွားပြီး တစ်ပြိုင်နက်တည်းမှာပင် ကြက်သီးများ ထသွားကြသည်။ ကောင်းကင်အမဲလိုက်တပ်ဖွဲ့ အတွင်း၌ တပ်မှူးမှာ အကြီးအကဲဖြစ်ပါကသခင်မလေးယန်မှာမူ ဧကရီမင်းသမီးပင်။

ဝိညာဉ်သားရဲတပ်ဖွဲ့ဝင်များမှာ ဘာကြောင့်များ သူတို့သခင်မလေး၏ သူငယ်ချင်းကိုမှ လာရောက်ရန်စမိကြသလဲဆိုသည်ကို သူတို့ နားမလည်နိုင်အောင် ဖြစ်နေကြရသည်။ ထို့နောက် သူတို့အုပ်စုသည် စခန်းချရာနေရာသို့ ချက်ချင်းပင် အပြေးအလွှား ပြန်ခဲ့ကြသည်။

All Chapters