← Chapters

အခန်း (၃၀၈)

Vol. 30 Ch. 308

အခန်း (၃၀၈)

Vol. 30 Ch. 308

အခန်း။ ၃၀၈

ကျိုးချင်းချွမ်းနှင့် လမ်းခွဲပြီးနောက် ယွင်ရှန်းတို့အုပ်စုသည် ခက်ခဲကြမ်းတမ်းလှသော ရာမတောင်တန်းကို ဖြတ်ကျော်ကာ တောင်ဘက်သို့ ဆက်လက်ခရီးနှင်ခဲ့ကြသည်။ တောင်ဘက်သို့ နက်နက်ရှိုင်းရှိုင်း ရောက်ရှိလာသည်နှင့်အမျှ ပတ်ဝန်းကျင်မြေမျက်နှာသွင်ပြင်မှာ မြင့်မားသောတောင်တန်းကြီးများမှ နိမ့်လျှောသော ကုန်းမြင့်သာယာများအဖြစ်သို့ ပြောင်းလဲသွားသဖြင့် ခရီးသွားရသည်မှာ ပိုမိုလွယ်ကူချောမွေ့လာခဲ့သည်။

ခရီးတစ်လျှောက်လုံးတွင် ယွင်ရှန်းသည် ယန်ချန်းလန်နှင့် ကျိုးချွမ်တို့၏ ရှင်းပြချက်များကို နားထောင်ရင်း ကျိုးအင်ပါယာ၏ တောင်ဘက်နယ်စပ်အခြေအနေကို ကောင်းစွာ နားလည်သဘောပေါက်လာခဲ့သည်။

"ကိုးနှစ်နီးပါး ရှိသွားပြီပေါ့ ရှန်းအာရာ... ဒီနေရာက တစ်ချိန်က ဦးလေးရဲ့ စစ်တလင်းဖြစ်ခဲ့တာ။ နောက်ထပ် နှစ်ရက်လောက်ဆိုရင် ငါတို့တွေ တောင်ဘက်နယ်စပ်မြို့ထဲကို ဝင်နိုင်ပြီ"

တောင်ဘက်နယ်စပ်သို့ နီးကပ်လာသည်နှင့်အမျှ ယန်ချန်းလန်၏ ရင်ထဲတွင် ခံစားချက်များ လှိုင်းထန်လာသည်။ သူ၏ အသက် ၂၀ ကျော်အရွယ်က အတွေ့အကြုံများကို ပြန်လည်အမှတ်ရမိရင်း စိတ်လှုပ်ရှားမှုကို အောင့်တီးထားရသည်။

ကောင်းကင်အမဲလိုက်တပ်ဖွဲ့ ဝင်များမှာလည်း တိတ်ဆိတ်သွားကြသည်။ ကျိုးအင်ပါယာ၏ တောင်ဘက်နယ်စပ်သည် တစ်ချိန်က ယန်မိသားစုစစ်တပ် မှ စစ်သည်တော် တစ်ထောင်ကျော်၏ အသက်ကို နှုတ်ယူသွားခဲ့သည့် နေရာဖြစ်သည်။ အတူလိုက်ပါလာသော အဖွဲ့ဝင်အများစုအတွက် ထိုစစ်သည်တော်များမှာ သူတို့၏ အဖေများ၊ ညီအစ်ကိုများနှင့် ရဲဘော်ရဲဘက်ကောင်းများ ဖြစ်ခဲ့ကြသည်။ အချို့ဆိုလျှင် အလောင်းကိုပင် ပြန်လည်သယ်ဆောင်ခွင့် မရရှိခဲ့ကြချေ။

"ဦးလေး... လဲရာမှာထ နောင်ဘဝက ဆိုတဲ့ စကားရှိတယ်လေ။ ဒီတစ်ခါတော့ ငါတို့တွေ ဟောက်ချင် စစ်သည်တွေကို ကျိုးအင်ပါယာရဲ့ အစွမ်းအစ ဘယ်လောက်ရှိလဲဆိုတာ မြင်အောင် ပြလိုက်ကြတာပေါ့"

ယွင်ရှန်းက လူတိုင်း၏ စိတ်ဓာတ်ကို မြှင့်တင်ပေးလိုက်သည်။

"ပြောတာမှန်တယ် ရှန်းအာ ဒီတစ်ခါ ခရမ်းရွှေမိုင်းအကြောင်း စုံစမ်းဖို့တင်မကဘဲ စစ်မြေပြင်မှာ ကျဆုံးသွားခဲ့တဲ့ တို့ညီအစ်ကိုတွေရဲ့ ရုပ်အလောင်းတွေကိုပါ ပြန်ယူသွားရမယ်"

ယခင်က ရှုံးနိမ့်ခဲ့စဉ်အတွင်း ယန်ချန်းလန်သည် ထိုစစ်သည်တော်များ၏ အလောင်းများကို အလျင်စလိုသာ မြှုပ်နှံခဲ့ရခြင်း ဖြစ်သည်။ ယခုတစ်ခေါက်တွင်မူ သူ၏ရဲဘော်ရဲဘက်များ၏ ကြွင်းကျန်သော ရုပ်အလောင်းများကို မြို့တော် ယွီကျင်သို့ ပြန်လည်သယ်ဆောင်သွားရန် သူ၏ နှစ်ရှည်လများ ဆန္ဒကို အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသည်။

"ဦးလေး...ကျုံးရန်နဲ့ ရှေ့ကမြို့ထဲမှာရှိတဲ့ စားသောက်ဆိုင်မှာ ဆုံဖို့ ချိန်းထားတယ်။ မှောင်တော့မှာဆိုတော့ အဲဒီမှာပဲ အမြန်သွားပြီး ဒီညအတွက် အနားယူကြတာပေါ့"

နေဝင်ရီတရောအချိန် ရောက်လုနီးပြီဖြစ်သဖြင့် ယွင်ရှန်းက ပြောလိုက်သည်။

ကျိုးအင်ပါယာ၏ အပြင်ဘက်နယ်စပ်ဒေသများသို့ နီးကပ်လာသောအခါ သူတို့သည် အမဲလိုက်စစ်သည် အယောင်ဆောင်ထားမှုများကို ဖယ်ရှားလိုက်ကြပြီ ဖြစ်သည်။ ကျိုးအင်ပါယာ နန်းတော်သည် လွန်ခဲ့သော နှစ်များအတွင်း ဤနယ်မြေကို လျစ်လျူရှုထားခဲ့သဖြင့် ဤနေရာမှာ လူသူကင်းမဲ့သော ဒေသတစ်ခုသဖွယ် ဖြစ်နေကြောင်း ယန်ချန်းလန်က အစောပိုင်းကပင် ပြောပြထားခဲ့သည်။

ကျိုးအင်ပါယာနှင့် ဟောက်ချင်အင်ပါယာတို့အကြား နယ်စပ်အနီးတွင် လက်ထပ်ထိမ်းမြားခြင်းနှင့် ကုန်သွယ်မှုများမှာ မကြာခဏ ဖြစ်ပေါ်လေ့ရှိရာ ထိုသူများကြားတွင် သူလျှိုအချို့ ရောနှောပါဝင်နေရန်မှာ အလွန်ပင် လွယ်ကူလှသည်။ လူပေါင်း တစ်ရာကျော်ပါဝင်သော အမဲလိုက်တပ်ဖွဲ့တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခြင်းမှာ အာရုံစိုက်မှုကို ခံရမည်မှာ သေချာလှသည်။

ထို့ကြောင့် ရိပ်မိခြင်းမခံရစေရန် သူတို့သည် ရုပ်ဖျက်ကြရတော့သည်။ ယခုအခါ ကောင်းကင်အမဲလိုက်တပ်ဖွဲ့ ၏ ပုံစံမှာ ကုန်သည်ယာဉ်တန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူတို့၏ အဝတ်အစားများကို ကျိုးချင်းချွမ်းထံမှ ခေတ္တချေးယူထားခြင်း ဖြစ်သည်။

အရှိန်အဝါ ကြီးမားလှသော ယန်ချန်းလန်သည် ကုန်သည်ခေါင်းဆောင်အဖြစ် ရုပ်ဖျက်ထားပြီး ယွင်ရှန်းမှာမူ နုနယ်ချောမောသော သခင်လေးတစ်ဦးအဖြစ် အသွင်ပြောင်းထားသည်။ အခြားသူများမှာ ကုန်သည်အစောင့်များအဖြစ် ရုပ်ဖျက်ထားကြကာ ဟွမ်ချွဲမှာမူ ယွင်ရှန်း၏ အစေခံမိန်းကလေးအဖြစ် လိုက်ပါလာခဲ့သည်။

ယွင်ရှန်းနှင့် ကျုံးရန်တို့ ကြိုတင်ချိတ်ဆက်ထားသည့် အစီအစဉ်အတိုင်း နန်ယာဟု ခေါ်သော တောင်ဘက်နယ်စပ်မြို့လေးသို့ သူတို့ ရောက်ရှိလာကြသည်။

"အားလုံးပဲ ရှေ့က ယွဲ့လိုင်နဲ့ ရန်ဟယ်တည်းခိုခန်းတွေမှာ အနားယူကြမယ်"

ယန်ချန်းလန်သည် မြို့ထဲ၌ တည်းခိုခန်းနှစ်ခုကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။ လူဦးရေ များပြားလှသဖြင့် ကုန်သည်ယာဉ်တန်းမှာ တည်းခိုခန်းနှစ်ခုခွဲ၍ တည်းခိုကြရသည်။

အခြားသူများ အလုပ်ရှုပ်နေစဉ်တွင် ယွင်ရှန်းသည် ယန်ချန်းလန်အား အသိပေးပြီးနောက် ဟွမ်ချွဲကို ခေါ်ကာ မြို့ထဲရှိ စားသောက်ဆိုင်ဆီသို့ ဦးတည်ထွက်ခွာခဲ့သည်။ နန်ယာမြို့လေးမှာ နယ်စပ်မြို့လေးမျှသာ ဖြစ်သော်လည်း လူဦးရေ ထူထပ်ကာ ကုန်သည်ယာဉ်တန်းများစွာ ဝင်ထွက်သွားလာနေသဖြင့် အတော်ပင် စည်ကားလှသည်။

ယနေ့တွင် ယွင်ရှန်းသည် ထင်ရှားသော သူဌေးသားလေးတစ်ဦးအဖြစ် ဝတ်ဆင်ထားရာ ပိုးထည်အင်္ကျီတိုနှင့် ဖိနပ်ရှည်ကို ဝတ်ဆင်ထားပြီး ဦးခေါင်းတွင် ကျောက်စိမ်းသရဖူ ကို ဆောင်းထားသည်။ သဘာဝအတိုင်း ရဲနေသော နှုတ်ခမ်းလွှာ၊ ဖြူဖွေးသော သွားလေးများနှင့် တောက်ပသည့် မျက်ဝန်းနက်လေးများကြောင့် သူမသည် အမှန်တကယ်ပင် ခရီးထွက်လာသော မြင့်မြတ်သည့် သခင်လေးတစ်ဦးနှင့် တူနေတော့သည်။ ဟွမ်ချွဲမှာလည်း ပန်းရောင်စကတ်နှင့် အစိမ်းရောင်အင်္ကျီကို ဝတ်ဆင်ထားသည့် လှပသော အစေခံမိန်းကလေးအဖြစ် ဝတ်ဆင်ထားရာ သူတို့နှစ်ဦးမှာ လူအများ၏ အာရုံစိုက်မှုကို ခံနေရသည်။

"ဟွမ်ချွဲ... ငါတို့တွေ ဒီကိုလာတာ ခရမ်းရွှေကြောရဲ့ တည်နေရာကို စုံစမ်းဖို့ပဲ။ လမ်းမှာတွေ့တဲ့ လမ်းသွားလမ်းလာတွေကိုလည်း အခြေအနေကြည့်ပြီး စုံစမ်းကြည့်ဦး"

ယွင်ရှန်းက လမ်းလျှောက်ရင်း တိုးတိုးလေး ပြောလိုက်သည်။

ယန်ချန်းလန်ပင်လျှင် ခရမ်းရွှေကြော တည်ရှိရာ နေရာအတိအကျကို မသိရှိပေ။

ယွင်ရှန်းက ခရမ်းရွှေကြော ရှာဖွေရေးတွင် အစောပိုင်းက ပါဝင်ခဲ့သူများနှင့် ကနဦး တူးဖော်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သူများမှာ ဘယ်သူများဖြစ်မလဲဟု စုံစမ်းကြည့်ရာ ယန်ချန်းလန်မှာ ခဏမျှ တွေဝေသွားပြီး တိတ်ဆိတ်သွားတော့သည်။

ထိုအခါမှ ယွင်ရှန်း ရုတ်တရက် သဘောပေါက်သွားသည်မှာ ထိုလူများအားလုံး သတ်ဖြတ်ခြင်း ခံလိုက်ရပြီ ဖြစ်ရမည်။ နိုင်ငံတော်အကျိုးစီးပွား၏ ရှေ့မှောက်တွင် သာမန်အရပ်သားများ၏ အသက်မှာ အသုံးမဝင်သော အရာတစ်ခုမျှသာ ဖြစ်သွားတတ်သည်။ ထို့ကြောင့်ပင် ဤတစ်ကြိမ် ခရမ်းရွှေမိုင်းကို ရှာဖွေခြင်းမှာ ပိုမိုကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ခရမ်းရွှေမိုင်းမှာ ကျိုး၊ ဟောက်ချင်နှင့် ထန်ယွမ်ဟူသော အင်ပါယာသုံးခု၏ ကျယ်ပြန့်လှသော နယ်နိမိတ်များ ဆုံရာတွင် တည်ရှိနိုင်ခြေရှိသည်။ ဤနေရာမှာ မြေမျက်နှာသွင်ပြင် ညီညာသော်လည်း မိုင်ပေါင်း ရာနှင့်ချီ၍ ကျယ်ဝန်းလှသည်။ ယွင်ရှန်းတွင် သတ္တုရိုင်းများကို တိုက်ရိုက်ရှာဖွေနိုင်သည့် မိစ္ဆာသားရဲမရှိခြင်းက သူမကို အကျပ်ရိုက်စေသည်။

ယွင်ရှန်းသည် ကျုံးရန်တွင် လင်းနို့ဘုရင်၏ အကူအညီ ရှိနေသဖြင့် သဲလွန်စအချို့ တွေ့နိုင်

လိမ့်မည်ဟု ထင်ခဲ့သော်လည်း ကျုံးရန်ထံမှ ပြန်ကြားချက် မရရှိသေးသည်ကို ကြည့်လျှင် ရလဒ်မှာ စိတ်ပျက်စရာ ကောင်းနေသည်မှာ သေချာလှသည်။

သူတို့နှစ်ဦးသည် စားသောက်ဆိုင်တစ်ဆိုင်သို့ ဝင်လိုက်ကြပြီး လမ်းဘေးဘက်သို့ မျက်နှာမူထားသော နေရာတစ်ခုတွင် ထိုင်ကာ ဟင်းအချို့မှာ၍ ကျုံးရန် ရောက်လာမည့်အချိန်ကို စောင့်နေလိုက်ကြသည်။

ထိုစဉ်မှာပင် လမ်းဘေးဈေးသည်တစ်ဦးနှင့် တူသောသူတစ်ယောက် ချဉ်းကပ်လာသည်။ နန်ယာမြို့ရှိ စားသောက်ဆိုင်များမှာ ပွင့်လင်းသော ပုံစံမျိုးဖြစ်ရာ လမ်းဘေးဈေးသည်များနှင့် ပန်းရောင်းသူများမှာ အတွင်းသို့ ဝင်ထွက်သွားလာရင်း ခရီးသွားကုန်သည်များအား ဒေသထွက်ပစ္စည်းလေးများကို ရောင်းချလေ့ရှိကြသည်။

ယခု ချဉ်းကပ်လာသော ဈေးသည်မှာ သာမန်ဈေးသည်များနှင့် အနည်းငယ် ကွဲပြားနေသည်။ သူသည် အလွန်ပင် သတိကြီးပုံရပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။

"လေးစားအပ်တဲ့ သခင်လေး... သခင်လေးကြည့်ရတာ ဒီကို စီးပွားရေးလုပ်ဖို့ လာတဲ့ပုံမျိုး မဟုတ်ဘူးနော်။ ကျွန်တော့်မှာ ပစ္စည်းတစ်ခု ရှိတယ်။ သခင်လေး တစ်ချက်လောက် ကြည့်ချင်ရဲ့လား"

ထိုဈေးသည်မှာ လူအကဲခတ် အလွန်တော်သည်။ ယွင်ရှန်း၏ ဝတ်စုံကို ကြည့်ကာ သူမမှာ လေဒဏ်မိုးဒဏ် ခံထားရသော ကုန်သည်မျိုးမဟုတ်ဘဲ မြင့်မြတ်သော မျိုးရိုးမှ ဆင်းသက်လာသည့် သခင်လေးတစ်ဦးဟု တွေးထင်ထားခြင်း ဖြစ်သည်။ ဤဒေသရှိ ဈေးသည်များမှာ အလွန်

ပါးနပ်ကြပြီး ထိုကဲ့သို့သော သခင်လေးများက စွန့်စားခန်းဆန်ဆန် အရာမျိုးများကို စိတ်ဝင်စားတတ်သည်ကို သူတို့ ကောင်းစွာ နားလည်ထားကြသည်။

ဟွမ်ချွဲက ထိုလူကို မောင်းထုတ်ရန် ပြင်လိုက်သော်လည်း ယွင်ရှန်း၏ အကြည့်တစ်ချက်ဖြင့် တားမြစ်ခြင်း ခံလိုက်ရသည်။

"ညီလေး... မင်း ဘာရောင်းနေတာလဲ"

ယွင်ရှန်းက ပြုံးလျက် မေးလိုက်သည်။

သခင်လေးမှာ ဖော်ရွေပျူငှာသည်ကို မြင်လိုက်ရသောအခါ ဈေးသည်မှာ ပို၍ပင် တက်ကြွသွားတော့သည်။ သူသည် သတိကြီးစွာဖြင့် သားရဲအရေခွံစက္ကူတစ်ရွက်ကို ထုတ်ယူကာ ယွင်ရှန်း၏ ရှေ့တွင် ဖြန့်ပြလိုက်သည်။ ယွင်ရှန်းအနေဖြင့် သတ္တုကြောမြေပုံဟူသော စာသားကို မြင်လိုက်ရရုံရှိသေးသော်လည်း ဈေးသည်က ထိုမြေပုံကို လျင်မြန်စွာ ပြန်ဝှက်လိုက်သည်။

"သခင်လေး... သေချာမြင်လိုက်ရဲ့လား။ အဲဒါက တကယ့်ကို ကံကောင်းခြင်းကြီးပဲဗျ၊ ကျွန်တော်က သခင်လေးတစ်ယောက်တည်းကိုပဲ တိုးတိုးလေး ပြောပြတာနော်"

ဈေးသည်က အသံကို ပို၍နှိမ့်လိုက်ပြီး အခြားသူများ မြင်သွားမည်ကို စိုးရိမ်သည့်အလား ထိုမြေပုံကို လုံခြုံစွာ ပြန်ဝှက်လိုက်သည်။

သတ္တုကြောမြေပုံ ဒါက ခရမ်းရွှေမိုင်းရဲ့ မြေပုံ ဖြစ်နိုင်မလား။

ယွင်ရှန်း စဉ်းစားနေမိသည်။

"သွားစမ်း... မင်းရဲ့ လိမ်လုံးတွေကို ဒီအထိ လာသုံးရဲတယ်ပေါ့လေ"

တစ်စုံတစ်ယောက်က ထိုဈေးသည်၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ ဝှေ့ယမ်းလိုက်သည်။ ဈေးသည်မှာ အော်ပင်မအော်နိုင်သေးမီမှာပင် ကျောက်ခဲတစ်လုံးပမာ စားသောက်ဆိုင်အပြင်ဘက်သို့ အရှိန်ဖြင့် ပစ်ပေါက်ခံလိုက်ရတော့သည်။ လမ်းမပေါ်မှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ကျုံးရန်သည် စိတ်တိုတိုနှင့်ပင် ရယ်ချင်စိတ်ကို အောင့်ထားရင်း ဘေးတွင် ရပ်နေသည်။

"ကျုံးရန်... ဒါက ဘာဖြစ်တာလဲ"

ယခုမှပင် ယွင်ရှန်းအနေဖြင့် ထိုသတ္တုကြောမြေပုံတွင် တစ်ခုခုလွဲနေပြီဖြစ်ကြောင်း ရိပ်မိသွားတော့သည်။

"ဟူး... အဲဒါ လူလိမ်လေ။ ဒီနားတစ်ဝိုက်မှာ အဲဒီလို လိမ်ညာတဲ့ ပစ္စည်းတွေ လိုက်ရောင်းနေတဲ့သူတွေ အများကြီးပဲ။ သတ္တုကြောမြေပုံဆိုတဲ့ အရာမှာတင် ပုံစံအမျိုးမျိုး ဆယ်မျိုးမက ရှိနေတာ"

ကျုံးရန်က စိတ်ပျက်လက်ပျက်ဖြင့် ပြောရင်း သူ၏ သိုလှောင်လက်စွပ်ထဲမှ မြေပုံအတုအချို့ကို ထုတ်ကာ ယွင်ရှန်းအား ကြည့်ခိုင်းလိုက်သည်။

အမှန်စင်စစ် လွန်ခဲ့သော တစ်လခန့်က ကျုံးရန် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ သူသည် ယွင်ရှန်း ပေးအပ်ထားသော သတ္တုကြောရှာဖွေရေး တာဝန်ကို အမြန်ဆုံး ပြီးမြောက်လိုသဖြင့် ပတ်ဝန်းကျင်တွင် စုံစမ်းမေးမြန်းခဲ့သည်။ ထိုသို့ဖြင့် ထိုကဲ့သို့သော ဈေးသည်များနှင့် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။

ကျုံးရန်သည် အသက်အရွယ် ရလာပြီဖြစ်သော်လည်း ဤတိုက်ကြီးပေါ်တွင် ခရီးသွားလာမှု အတွေ့အကြုံ သိပ်မရှိသေးရာ မသိနားမလည်ဘဲ ထိုဈေးသည်၏ လိမ်လည်မှုကို ခံလိုက်ရသည်။ သူသည် ထိုမြေပုံအတုကို ကိုင်ကာ ကုန်းမြင့်တောင်တန်းများတွင် ဆယ်ရက်ကျော်ကြာအောင် ရှာဖွေခဲ့ပြီးနောက်မှ ၎င်းမှာ လုံးဝအတုဖြစ်ကြောင်း သိခဲ့ရသည်။ သူ ပြန်ရောက်လာသောအခါ ထိုဈေးသည်ကို ထိုးကြိတ်ဆုံးမပြီး ဈေးသည်ဆီ၌ ရှိသမျှ မြေပုံအတုများကို အကုန်သိမ်းယူထားခဲ့ခြင်း ဖြစ်သည်။

ယနေ့တွင် ယွင်ရှန်းထံမှ အချက်ပြမှုကို ရရှိသည်နှင့် သူ ချက်ချင်းလာခဲ့ရာ လမ်းတွင် နောက်ထပ် လူလိမ်တစ်ဦးနှင့် ထပ်မံတိုးခဲ့ခြင်းပင်။

All Chapters