← Chapters

ဒါတွေက မင်းဆီမှာ ရှိနေမယ်လို ငါ ထင်မထားမိဘူး

Vol. 18 Ch. 171

ဒါတွေက မင်းဆီမှာ ရှိနေမယ်လို ငါ ထင်မထားမိဘူး

Vol. 18 Ch. 171

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... မင်းတို့က ဒီနှင်းမုန်တိုင်းထဲမှာ တောက်လျှောက်ပျံသန်းလာခဲ့တာလား..."

ကျန်းယွဲဂိုဏ်း တပည့်တစ်ဦးက အံ့အားတသင့် မမေးမြန်းဘဲ မနေနိုင်တော့ချေ။

သူ၏ ထပ်ခါတလဲလဲ မေးခွန်းကို ရင်ဆိုင်ရချိန်တွင် ကျုံးချင်က ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်၏။

သိုသော် သူ၏ခေါင်းညိတ်ပြမှုသည် လူအုပ်ကြီး၏မျက်လုံးထဲတွင် သူတို့ကို တည်ငြိမ်အောင်နေရန် ခက်ခဲသွားစေသည်။

ကျန်းယွဲဂိုဏ်း၏ဂိုဏ်းချုပ် လန်ထျန်းဟယ်သည်လည်း အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားသည်။

သိုသော် သူတို့ တူညီသောလမ်းကို သွားနေသော်လည်း တစ်ယောက်ကိုတစ်ယောက် ဘယ်တုန်းကမှ မမြင်ခဲ့ရဘဲ သူ အာရုံမခံမိခဲ့ရသည့် အကြောင်းအရင်းမှာ ဤအချက်တစ်ချက်တည်းသာ ရှိပုံရသည်။

တစ်ဖက်လူမျးသည် သူတို့အပေါ်တည့်တည့်၌ ရှိနေပြီး အာရုံခံနိုင်စွမ်းကိုပင် များစွာပိတ်ဆို့ထားနိုင်သော နှင်းမုန်တိုင်းထဲ၌ ရှိနေသဖြင့် သူတို့သည် မည်သည်ကြောင့် သတိထားမိမည်နည်း...

ဂိုဏ်းချုပ်လန်ထျန်းဟယ်၏ ထိုလူနှစ်ဦးအပေါ် အကြည့်များ တဖန်ထပ်၍ ပြောင်းလဲသွားသည်။

ကြည့်ရသည်မှာ ဤလူနှစ်ဦးသည် သူ တွေးထင်ထားသည့်အတိုင်း အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ပုံရသည်။

ထိုသိုမဟုတ်လျှင်ပင် အနည်းဆုံးအနေဖြင့် သူတိုအနက်မှ တစ်ဦးသည် သူ့ထက် မလျော့နည်းသော ကျင့်ကြံဆင့်နယ်ပယ် ရှိနေပေလိမ့်မည်။

သူ၏ ယင်သုံးပါးနယ်ပယ် ကျင့်ကြံဆင့်ဖြင့်ဆိုလျှင် ဤတောင်ပေါ်နှင်းမုန်တိုင်းထဲ၌ သူသည်လည်း ခရီးဝေး ပျံသန်းနိုင်ပေ၏။

သိုသော် သူသည် ဂိုဏ်းတစ်ဂိုဏ်းလုံးကို ခေါ်ဆောင်သွားရန်မှာမူ လုံးဝမဖြစ်နိုင်ချေ။

ထိုပြင် ဤသည်မှာ လူနှစ်ယောက်သာဖြစ်ပြီး အကယ်၍ နှစ်ယောက်လုံးသည် အစွမ်းထက်ကျင့်ကြံသူများ ဖြစ်နေလျှင် သို့မဟုတ် တစ်ယောက်ထံ၌ သူနှင့်ယှဉ်နိုင်သော ကျင့်ကြံဆင့်နယ်ပယ် ရှိနေလျှင် နှင်းမုန်တိုင်းထဲ၌ ပျံသန်းသည်က ယုံကြည်ရခက်သော ကိစ္စတစ်ရပ် မဟုတ်ချေ။

ထိုအကြောင်းကို တွေးတောရင်း ဂိုဏ်းချုပ် လန်ထျန်းဟယ်သည် စိတ်လျှော့လိုက်ပြီး သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ ထိုလူနှစ်ဦးကို နှုတ်ဆက်လိုက်၏။

"အော်... ဒါကြောင့်ကိုး... ငါ အတွေးလွန်သွားမိတယ်...ငါက ကျန်းယွဲဂိုဏ်းရဲ့ ဂိုဏ်းချုပ်လန်ထျန်းဟယ်ပါ... လူကြီးမင်းရဲ့နာမည်ကို သိခွင့်ရှိမလား..."

"ကျုံးချင်..."

ကျုံးချင်က တိုတိုတုတ်တုတ် တုံ့ပြန်အဖြေပေးလိုက်သည်။

ဟေးပိုင်ကမူ ဂိုဏ်းခေါင်းဆောင် လန်ထျန်းဟယ်၏မေးခွန်းကို လုံးလုံးလျားလျား လျစ်လျူရှုထားပြီး ကျုံးချင်၏နောက်တွင် တိတ်တဆိတ် မတ်တတ်ရပ်နေပေ၏။

ဤအချက်က လန်ထျန်းဟယ်ကို အနည်းငယ် အဆင်မပြေ ဖြစ်သွားစေသော်လည်း သူသည် ဟေးပိုင်ကို မသိမသာ စောင့်ကြည့်နေလိုက်သည်။

သူ၏အာရုံခံစားမှုအရ ဟေးပိုင်၏ကျင့်ကြံခြင်း အရှိန်အဝါကို မတွေ့ရှိရသော်လည်း ဖျော့တော့ပြီး အေးစက်သော ခြိမ်းခြောက်နိုင်မှု အငွေ့အသက်တစ်ရပ်ကို ရရှိနေသည်။

သူ့ကို ဤကဲ့သို ခံစားရစေသဖြင့် ဤလူသည် သူနှင့် မလျော့နည်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည့် ယင်သုံးပါးနယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ဦး ဖြစ်လောက်သည်ဟူသော ဂိုဏ်းခေါင်းဆောင်လန်ထျန်းဟယ်၏ ယုံကြည်ချက် ပို၍ခိုင်မာလာသည်။

သေချာသည်မှာ ထိုအချက်ကြောင့်သာ မဟုတ်လျှင် သူ၏အဖွဲ့နားသို့ တိတ်တဆိတ် ချဥ်းကပ်လာသော ကျုံးချင်တို့နှစ်ယောက်ကို သူ ဤမျှထိ ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေမည် မဟုတ်ချေ။

သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားပြီး တိတ်တဆိတ် ချဉ်းကပ်နိုင်သော်လည်း တိုက်ခိုက်ခြင်း မပြုဘဲ စကားပြောဆိုခဲ့ခြင်းသည် ရန်လိုမှု မရှိကြောင်း ပြသနေခြင်းပင်။

ဂိုဏ်းချုပ်လန်ထျန်းဟယ်၏အမြင်အရ ကျုံးချင်၏ကျင့်ကြံခြင်းကို ခွဲခြား၍ မရနိုင်သော်လည်း သူ၏အရိုးသက်တမ်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အသက်နှစ်ဆယ်ကျော်သာ ရှိပုံရသဖြင့် သူ၏ကျင့်ကြံဆင့်သည် များစွာမြင့်မားနိုင်မည် မဟုတ်ချေ။

သို့သော် ကျုံးချင်သည် ထူးခြားသော အရှိန်အဝါတစ်ရပ်ကို ပိုင်ဆိုင်ထားပြီး သူ၏နံဘေးတွင် ဟေးပိုင်ကဲ့သို့ နက်နဲသိမ်မွေ့သော ထိပ်သီးကျင့်ကြံသူတစ်ဦး ရှိနေသည်။

ကျုံးချင်သည် အဓိကအင်အားစုကြီးတစ်စုမှ သခင်လေး ဖြစ်နိုင်ပြီး ဟေးပိုင်သည် သူ၏ ဂိုဏ်းအကြီးအကဲ သို့မဟုတ် အလားတူအဆင့်ရှိသည့် ပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပေ၏။

ထိုအချိန်တွင် ဂိုဏ်းချုပ်လန်ထျန်းဟယ်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပုံရသည်။ သူ၏ လက်ထဲတွင် သံမဏိပြားတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ကျုံးချင်ထံတွင်ရှိနေသော လျှို့ဝှက်နယ်မြေသံမဏိပြားနှင့် တထပ်တည်းတူညီနေသည်။

ထိုသံမဏိပြားသည် လက်ရှိအရှိန်တွင် ဆက်တိုက်တုန်ခါနေပြီး အမျိုးအစားတူသည့် အရာကို တွေ့လိုက်ရသဖြင့် ပဲ့တင်ထပ်နေပုံရသည်။

"ဒါက... လူကြီးမင်းဆီမှာလည်း လျှို့ဝှက်နယ်မြေသော့တွေ ရှိနေပုံရတယ်..."

ဂိုဏ်းချုပ်လန်ထျန်းဟယ် အနည်းငယ် အံ့သြသွားသည်။

"ပြီးတော့ ငါ အာရုံခံမိတဲ့ ပဲ့တင်ထပ်မှုအရ တစ်ခုထက်မက ရှိနေပုံရတယ်..."

လျှို့ဝှက်နယ်မြေ သံမဏိပြားများသည် တစ်ခုနှင့်တစ်ခု နီးကပ်လာချိန်၌ ပဲ့တင်ထပ်ပြီး အာရုံခံနိုင်သည်ဆိုသော အချက်ကို ကျုံးချင် သိထားပြီးဖြစ်သည်။ ထိုကြောင့် သူသည် မငြင်းဆန်တော့ဘဲ ခေါင်းညိတ်ပြလိုက်ကာ လျှို့ဝှက်နယ်မြေ သံမဏိပြားနှစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်ပြလိုက်၏။

"တကယ်ပါလား..."

ဂိုဏ်းချုပ်လန်ထျန်းဟယ်၏မျက်လုံးများ တောက်ပသွားသည်။

"ဒီနေရာကို မလာခင်တုန်းက ဒီဂိုဏ်းချုပ်က ထောက်လှမ်းရေးသတင်းတွေ စုဆောင်းခဲ့ပြီးပြီ... သံမဏိပြားသုံးခုက ငါတို့ တောင်ပိုင်းဒေသက တခြားပထမတန်းစားအင်အားစုဖြစ်တဲ့ ဂိုဏ်းသုံးဂိုဏ်းဆီမှာ ရှိနေတယ်..."

"ဒါပေမဲ့ ကျန်တဲ့ နှစ်ခုက ဘယ်ရောက်နေမှန်း မသိရဘူး..."

"အဲ့ဒါတွေအားလုံး လူကြီးမင်းဆီမှာ ရှိနေမယ်လို့ ငါ ထင်မထားမိဘူး..."

ကျုံးချင်သည် ဂိုဏ်းချုပ်လန်ထျန်းဟယ်၏ စကားများကို သတိထားမိပြီး မေးမြန်းလိုက်သည်။

"လျှို့ဝှက်နယ်မြေ သံမဏိပြားတွေက စုစုပေါင်း ခြောက်ခုတောင် ရှိတာလား..."

"အမှန်ပဲ..."

ဂိုဏ်းချုပ်လန်ထျန်းဟယ်က ခေါင်းညိတ်လိုက်သည်။

"သံမဏိပြားခြောက်ခုလုံး စုစည်းမိမှ ပိုင်ဖုန်း လျှို့ဝှက်နယ်မြေဝင်ပေါက်ကို ဖွင့်လို့ရမှာပါ... ပြီးတော့ ပိုင်ဖုန်းလျှို့ဝှက်နယ်မြေက ပိုင်ဖုန်းလွင်ပြင်ရဲ့ အတွင်းပိုင်းနက်ရှိုင်းတဲ့နေရာမှာ တည်ရှိနေတယ်..."

"ကြည့်ရတာတော့ လူကြီးမင်းကလည်း ပိုင်ဖုန်း လျှို့ဝှက်နယ်မြေအတွက် ရောက်လာတာပဲဖြစ်မယ်..."

ကျုံးချင်က ခေါင်းညိတ်လိုက်သော်လည်း ဤတစ်ကြိမ်တွင် ပိုင်ဖုန်းလျှို့ဝှက်နယ်မြေထဲ၌ မည်သည့်အရာ ရှိနေသနည်းဟု သူ မမေးမြန်းတော့ချေ။

သူတို့နှစ်ဖက်လုံးသည် လျှို့ဝှက်နယ်မြေအတွက် ရောက်လာကြခြင်းဖြစ်ရာ ပြိုင်ဘက်များအဖြစ် သတ်မှတ်နိုင်ပေ၏။

သံမဏိပြားများကို တိုက်ရိုက်လုယူခြင်း မပြုလုပ်သည်ကပင် ဤလူ၏ စိတ်နေသဘောထား ကောင်းမွန်သည်ကို ပြသနေလေပြီ။ လျှို့ဝှက်နယ်မြေအကြောင်း သတင်းအချက်အလက်များကို သူ ထုတ်ဖော်ပြောပြရန် မျှော်လင့်ခြင်းမှာမူ အနည်းငယ် လွန်ကဲရာကျပေလိမ့်မည်။

"ဒီကနေ တောင်ကြားလမ်းကို ရောက်ဖို့ အကွာအဝေး လိုသေးတယ်... ငါတို့က ရည်ရွယ်ချက်တွေ တူနေမှတော့ အတူတူ ခရီးသွားကြမယ်ဆိုရင် မင်း ဘယ်လိုသဘောရလဲ..."

ဂိုဏ်းချုပ်လန်ထျန်းဟယ်က ကျုံးချင်ကို သူတို့နှင့်အတူ ခရီးသွားရန် ဖိတ်ခေါ်လိုက်သည်။

ကျုံးချင်သည် အချိန်တခဏမျှ စဉ်းစားပြီးနောက် မငြင်းဆန်တော့ပေ။ ထို့နောက် အဖွဲ့နှစ်ဖွဲ့သည် မြောက်ဘက်သို့ ဆက်လက်၍ ခရီးထွက်ခွာခဲ့ကြ၏။

သို့သော် ကျန်းယွဲ့ဂိုဏ်းတပည့်များသည် ကျုံးချင်၏ကျောပြင်ကို ထူးဆန်းသော အမူအယာများဖြင့် ကြည့်နေကြဆဲပင်။

မည်သို့ပင်ဆိုစေကာမူ ဤလူသည် သူတို့အဖွဲ့ထဲသို့ တိတ်တဆိတ် ရောနှောဝင်ရောက်လာပြီး မည်သည့်အရာမှ မဖြစ်ခဲ့သကဲ့သို့ စကားပြောဆိုနေခြင်းသည် သူတို့အား အမှန်တကယ်ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။

ဂိုဏ်းချုပ်လန်ထျန်းဟယ်သည် ကျုံးချင်တို့နှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးအကြည့် လှုပ်ရှားသွားပြီး အဆက်အသွယ်တစ်ခု ပြုလုပ်ရန် စတင်၍ စဉ်းစားလိုက်၏။

သူတို့နှစ်ဦးလုံး လျှို့ဝှက်နယ်မြေအတွက် ရောက်ရှိနေကြပြီး မူလသဘောအရ ပြိုင်ဘက်များ ဖြစ်ကြသော်လည်း...

ရုတ်ချည်းဆိုသလိုပင် သေရေးရှင်ရေး တိုက်ပွဲတစ်ပွဲကို ဆင်နွှဲနေရန် အကြောင်းမရှိချေ။

အရေးကြီးဆုံး အချက်မှာ ဂိုဏ်းချုပ်လန်ထျန်းဟယ်၏အမြင်အရ ကျုံးချင်တို့နှစ်ယောက်သည် ခန့်မှန်း၍ မရနိုင်သောသူများ ဖြစ်ကြပြီး အနက်ရောင်ဝတ်ရုံဝတ်လူ၏ စွမ်းအားသည် သူ့ထက် မလျော့နည်းလောက်ချေ။

အကယ်၍ သူသည် တစ်ဖက်လူကို အနိုင်ရရန် လုံလောက်သော ယုံကြည်မှု မရှိပါက မိုက်မဲစွာဖြင့် ရန်သူအဖြစ်ပြုလုပ်ခြင်းသည် ပညာမဲ့ရာ ကျပေလိမ့်မည်။ အဆက်အသွယ်ပြုလုပ်ခြင်းသည်လည်း သူ့အတွက် ရွေးချယ်စရာတစ်ခုပင်။

သေချာသည်မှာ လူများအားလုံး ဤကဲ့သို့ တွေးတောကြမည် မဟုတ်ပေ။

တချို့လူများသည် ကိုယ့်စွမ်းအားအပေါ် ကိုယ် ယုံကြည်မှုရှိပြီး မြင့်မားသော ရာထူးနေရာများတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ဖူးသဖြင့် တခြားသူများကို တစိုးတစိမျှ ဂရုမစိုက်တတ်ကြချေ။

သူတို့ ခရီးသွားနေရင်း ဂိုဏ်းချုပ်လန်ထျန်းဟယ်က ပြောဆိုလိုက်သည်။

"လူကြီးမင်းက ဒီလောက်ထိ ငယ်ရွယ်တဲ့ အသက်အရွယ်နဲ့ လျှို့ဝှက်နယ်မြေ သံမဏိပြားနှစ်ခုကို တစ်ယောက်တည်း ရရှိထားလိမ့်မယ်လို့ ငါ ထင်မထားမိဘူး... မင်းမှာ နက်ရှိုင်းတဲ့ ကံကောင်းခြင်းတွေ ရှိတာပဲ..."

"ဒါပေမဲ့ မင်း သတိထားရမယ်..."

"ဒီလျှို့ဝှက်နယ်မြေ သံမဏိပြားတွေက တကယ်တော့ တစ်ခုတည်းပဲ....ဒါတွေက တစ်ခုနဲ့တစ်ခု နီးကပ်လာတဲ့အချိန်မှာ ပဲ့တင်ထပ်လိမ့်မယ် ဆိုတာ မင်းလည်း သိမှာပါ..."

"အထူးသဖြင့် ပိုင်ဖုန်းလွင်ပြင်နဲ့ နီးကပ်လာတဲ့အချိန်မှာ ထွက်ပေါ်လာတဲ့ လျှို့ဝှက်နယ်မြေရဲ့ချီစွမ်းအင်လွှမ်းမိုးမှုကြောင့် ဒီပဲ့တင်ထပ်မှုက ပိုပြီးအားကောင်းလာလိမ့်မယ်..."

"သံမဏိပြားကို ကိုင်ဆောင်ထားတဲ့ တခြားလူတွေက မင်းဆီမှာ လျှို့ဝှက်နယ်မြေ သံမဏိပြား တစ်ခုမက ရှိနေတယ်ဆိုတာ အလွယ်တကူ ပြောနိုင်လိမ့်မယ်..."

"ဒီလျှို့ဝှက်နယ်မြေ သံမဏိပြားတွေက အရမ်း တန်ဖိုးရှိတာမို့လို့ လူတချို့က မကောင်းတဲ့ ရည်ရွယ်ချက်တွေ ထားရှိလာမှာ မလွဲမသွေပဲ... မင်း သတိထားသင့်တယ်..."

ကျုံးချင်က ထိုစကားများကို ခပ်ဖျော့ဖျော့ အပြုံးနှင့်သာ တုံ့ပြန်လိုက်၏။

"ဟုတ်လား... သတိပေးတဲ့အတွက် ကျေးဇူးပါ..."

ဂိုဏ်းချုပ်လန်ထျန်းဟယ်သည် ကျုံးချင်၏ လျစ်လျူရှုသော အမူအယာကို မြင်တွေ့ချိန်၌ တိတ်တဆိတ် ခေါင်းခါယမ်းလိုက်ပြီး စကားထပ်မပြောတော့ချေ။

ခရီးသွားနေစဉ် မိတ်ဆွေသစ်များနှင့် နက်နက်ရှိုင်းရှိုင်း စကားပြောဆိုခြင်းသည် အကြီးမားဆုံး တားမြစ်ချက်ပင်။ နှစ်ဖက်လုံးသည် ယခုမှ တွေ့ဆုံဖူးခြင်းဖြစ်ပြီး တစ်ဖက်လူကလည်း ဂရုစိုက်ပုံ မရသဖြင့် သူ စကားပိုပြောလျှင် အကျိုးထက် အပြစ်ဖြစ်သွားနိုင်သည်။

မကြာမီ လူများအားလုံးသည် နှင်းဖုံးတောင်များကို ဖြတ်ကျော်ပြီး ချိုင့်ဝှမ်းများကို ဖြတ်သန်းလာကြရာ သူတို့၏အမြင်အာရုံအဆုံးတွင် ဆက်တိုက် ဖြစ်ပေါ်နေသော တောင်တန်းများ အကြား၌ သိသာထင်ရှားသော ကွာဟချက်တစ်ခု ထွက်ပေါ်လာသည်။

"ရောက်ပြီ... အဲ့ဒါက ပိုင်ဖုန်း တောင်ကြားလမ်းပဲ... တောင်ကြားလမ်းကို ကျော်လိုက်တာနဲ့ ငါတို့တွေက ပိုင်ဖုန်းလွင်ပြင်ထဲကို ရောက်သွားလိမ့်မယ်..."

လူများအားလုံး တောင်ကြားလမ်းနှင့် တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ တဝုန်းဝုန်းမြည်ဟီးနေသော နှင်းမုန်တိုင်းသည် အားနည်းသွားပုံရပေ၏။ သူတို့ တောင်ကြားလမ်းသို့ ရောက်ခါနီးအချိန်တွင် နှင်းမုန်တိုင်းသည် သိသိသာသာ လျော့နည်းသွားပြီး ရပ်တန့်တော့မည့်ပုံ ပေါ်လွင်နေသည်။

ဂိုဏ်းချုပ်လန်ထျန်းဟယ်က သက်ပြင်းချလိုက်သည်။

"ကံကောင်းလို့... ဒီတောင်တန်းတွေပေါ်က နှင်းမုန်တိုင်းက လေဖြူရဲ့ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုပဲ... ကြည့်ရတာတော့ ငါတို့က လေဖြူ ရပ်တန့်နေတဲ့ အချိန်ကို အမီလာနိုင်ခဲ့ပုံရတယ်... ငါတို့ နောက်မကျခဲ့ဘူး..."

All Chapters