← Chapters

ရှန်းယွမ်စင်မြင့်

Vol. 25 Ch. 269

ရှန်းယွမ်စင်မြင့်

Vol. 25 Ch. 269

​ဝမ်ရှို့ကို ပို့ဆောင်ပြီးနောက် ထန်ထျန်းက သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်မိသည်။

သူက ရက်စက်ကြမ်းကြုတ်သော ရန်သူမျိုးကို မကြောက်သော်လည်း ဝမ်ရှို့ကဲ့သို့ လူစားမျိုးနှင့် တွေ့လျှင်မူ တော်တော်လေး ခေါင်းခဲရပေသည်။

​ထိုလူက မှားသလားဆိုတော့လည်း ကြီးကြီးမားမား မှားနေခြင်း မရှိ၊ မှန်သလားဆိုတော့လည်း အကြောင်းပြချက်မရှိဘဲ သင့်ကို ကြည့်မရ ဖြစ်နေတတ်သည်။

အလွန် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှ၏။

သို့သော် နောင်တွင်မူ ဤပြဿနာ ရှိတော့မည် မဟုတ်ပေ။

သူ ပေးလိုက်ရသည့် တန်ဖိုးမှာ တာအိုကျောက်စိမ်း အနည်းငယ်မျှသာ ဖြစ်သည်။

​ထန်ထျန်းအတွက်မူ ပိုက်ဆံဆိုသည်မှာ တန်ဖိုး အနည်းဆုံး အရာပင်။

​"ကဲ... ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြတာပေါ့"

ထန်ထျန်းက ပြောလိုက်သည်။ "အလုပ်တွေ လုပ်နေရင်းနဲ့ ကျင့်ကြံခြင်းကိုလည်း အများကြီး နောက်ကျမကျန်စေနဲ့။"

" သန်မာနေတာကတော့ အမြဲတမ်း အကျိုးရှိတာပဲ။"

​ဤရက်ပိုင်းအတွင်း ကုရှောင်းရွှယ် ၏ အဆင့်တက်လှမ်းမှုမှာ အလွန်မြန်ဆန်လှသော်လည်း လီဟုန်နှင့် လန်ယွဲ့ ညီအစ်မတို့မှာမူ သတင်းအချက်အလက် စုဆောင်းနေရသဖြင့် အနည်းငယ် နှေးကွေးနေခဲ့သည်။

သူတို့က လက်အောက်ခံဆိုသည့် အခန်းကဏ္ဍတွင် လုံးလုံးလျားလျား စီးမျောနေကြပြီ ဖြစ်သည်။

သို့သော် သူတို့အားလုံးမှာ ငယ်ရွယ်သေးသူများ ဖြစ်ကြသဖြင့် ကျင့်ကြံခွင့်ရသည့် အခွင့်အရေးကို လက်မလွှတ်သင့်ပေ။

​"နားလည်ပါပြီ"

လီဟုန်က ရိုသေစွာ ပြန်ပြော လိုက်သည်။

.......

​နောက်ပိုင်းရက်များတွင် ထန်ထျန်းက အေးချမ်းသော ကျင့်ကြံခြင်း ဘဝသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

သခင်လေးယွီကို အနိုင်ယူပြီးကတည်းက မည်သည့်တပည့်မျှ လာရောက် စိန်ခေါ်ခြင်း မပြုရဲတော့ပေ။

ထန်ထျန်း၏ လှိုဏ်ဂူအပြင်ဘက်တွင် လာရောက် ချောင်းကြည့်သည့် တပည့်များပင်လျှင် သိသိသာသာ နည်းပါးသွားခဲ့သည်။

​ဤသည်မှာ ခွန်အားက ပေးစွမ်းသည့် အရှိန်အဝါပင် ဖြစ်ပေလိမ့်မည်။

သင်က သာမန်ပါရမီရှင် တစ်ဦးဖြစ်နေစဉ်တွင် လူများက စိတ်ဝင်တစား လာရောက် ကြည့်ရှုပြီး ထူးခြားသည့် ဇာတ်လမ်းများကို မျှော်လင့်နေတတ်ကြသော်လည်း သင်က အလွန်အမင်း သန်မာသွားသည့် အခါတွင်မူ လူများက သင့်ကို ကြောက်ရွံ့ပြီး ဝေးဝေးကသာ ရှောင်နေကြတော့သည်။

​ဝမ့်ယွဲ့လှိုဏ်ဂူအတွင်း တိတ်ဆိတ်နေသော်လည်း ထျန်းဖူနန်းတော် တစ်ခုလုံးမှာမူ အလွန်ပင် ဆူညံ ပွက်လောရိုက်နေခဲ့သည်။

ထန်ထျန်းက သခင်လေးယွီကို အနိုင်ယူလိုက်သည့် သတင်းမှာ တပည့်သစ်များကြားတွင် ငလျင်တစ်ခု လှုပ်ခတ်သွားသကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။

​သူ၏ အဆင့်မှာလည်း တရိပ်ရိပ် တက်လှမ်းလာခဲ့ပြီး နောက်ဆုံးတွင် လျှို့ဝှက်ဆန်းကြယ်သော မိန်းကလေး လော့ရှီး၏ နောက်တွင် ကပ်လျက် ကောင်းကင်စာရင်း၏ ဒုတိယနေရာသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။

ဤတက်လှမ်းမှုနှုန်းမှာ အလွန်ပင် လွန်ကဲလွန်းလှပေသည်။

သို့သော်လည်း မည်သူမျှ ကန့်ကွက်ခြင်း မပြုရဲကြပေ။

​မကျေနပ်ဘူးလား

ဒါဆိုရင်လည်း ရွှေအင်မော်တယ် တစ်ယောက်ကို တစ်ကွက်တည်းနဲ့ သတ်ပြနိုင်တဲ့ အရည်အချင်းမျိုး ရှိမှပေါ့။

လော့ရှီးကလွဲ၍ မည်သူမျှ ဤကဲ့သို့ လုပ်နိုင်စွမ်း မရှိကြောင်း အားလုံးက လက်ခံထားကြသည်။

​ထန်ထျန်း၏ နာမည်မှာ ထျန်းဖူနန်းတော်အတွင်း ဟိုးဟိုးကျော် သွားခဲ့သည်။

မိန်းကလေး လော့ရှီးပင်လျှင် ဤသတင်းကို ကြားသိသွားပြီး ထန်ထျန်း ကျင့်ကြံနေသည့် နေရာသို့ အရောက်လာခဲ့သည်။

​"ရှင့်ကို ကြည့်ရတာ တစ်ဖက်က သခင်လေးယွီကို တစ်ချက်တည်းနဲ့ သတ်၊ နောက်တစ်ဖက်က တိုက်ပွဲသူတော်စင်မျှော်စင်က ရွှေအင်မော်တယ် ကျန်းကျဲ့ကို တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တယ်လို့ လူတွေ ပြောနေကြတာပဲ"

လော့ရှီး၏ ဆံပင်များ ဖုံးအုပ်နေသော မျက်လုံးများထဲတွင် စပ်စုလိုစိတ်များဖြင့် ပြည့်နှက်နေသည်။

​ထန်ထျန်းက ခေါင်းညိတ်ပြပြီး ပြုံးလိုက်သည်။ "အဲ့လောက်လည်း မဟုတ်ပါဘူး။ "

"သူတို့ကို ရိုးရိုးသားသား အနိုင်ယူလိုက်ရုံပါပဲ။"

​လော့ရှီးက မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်ပြီး "ဒါဆိုရင် ရှင်နဲ့ ကျွန်မ တစ်ပွဲလောက် နွှဲကြည့်မလား"

သူမ၏ အသံထဲတွင် စိတ်လှုပ်ရှားမှုများ ပါဝင်နေ၏။

​ထန်ထျန်း : ...

​"မင်းပြောတာက... ငါနဲ့ တိုက်ချင်တာလား"

​လော့ရှီးက မြန်မြန်ဆန်ဆန် ခေါင်းညိတ်ပြသည်။

ထန်ထျန်းက ချက်ချင်းပင် ငြင်းပယ်လိုက်သည်။ "တော်ပါ။"

" ငါတို့ကြားမှာ ရန်ငြိုးရန်စလည်း မရှိဘူးပဲ။ "

"ပြီးတော့ ဒီရက်ပိုင်းအတွင်း ငါ တိုက်ခိုက်ရတာ များနေပြီဆိုတော့ နည်းနည်း ပင်ပန်းနေလို့ပါ။"

​လော့ရှီး၏ နောက်ခံမှာ အလွန်လျှို့ဝှက်ဆန်းကြယ်လှပြီး လီဟုန်ပင်လျှင် အချက်အလက် ရှာမရခဲ့ပေ။ ထန်ထျန်းအနေဖြင့် သူမနှင့် အကြောင်းမဲ့ တိုက်ခိုက်ခြင်း မပြုလိုပေ။

​ထန်ထျန်း ငြင်းလိုက်သည်ကို ကြားသောအခါ လော့ရှီး၏ မျက်လုံးထဲတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ "ရှင် တကယ်ပဲ ကျွန်မ နဲ့ မတိုက်ဘူးလား"

" ကျွန်မ ကို အနိုင်ရရင် အကျိုးကျေးဇူးတွေ အများကြီး ရှိမှာနော်။"

​ထန်ထျန်းက အနည်းငယ် စိတ်ဝင်စားသွားသည်။ "ဘာ အကျိုးကျေးဇူးတွေလဲ"

​လော့ရှီးက ပြောသည်။ "အကယ်၍ ရှင် ကျွန်မ ကို အနိုင်ရရင် ရှင်က ကောင်းကင်စာရင်းရဲ့ နံပါတ်တစ် ဖြစ်သွားမှာပေါ့။"

" အဲ့ဒီအခါကျရင် ရှင်က နောက်ထပ် အဆင့်မြင့်တဲ့ ရှန်းယွမ်စင်မြင့် ကို တက်လှမ်းနိုင်လိမ့်မယ်။"

​ထန်ထျန်း ခဏမျှ တိတ်ဆိတ်သွားမိသည်။ နောက်ထပ် စိမ်းသက်သော စကားလုံးတစ်ခု ပါလာပြန်ပြီ။

​"ရှန်းယွမ်စင်မြင့် ဆိုတာက ဘာလဲ"

​ထန်ထျန်း၏ ဗဟုသုတ နည်းပါးမှုကို ကျင့်သားရနေပုံရသော လော့ရှီးက ရှင်းပြသည်။ "အဲ့ဒါက ထျန်းဖူနန်းတော်က အထူးသီးသန့် ဖွင့်လှစ်ထားတဲ့ စင်မြင့် တစ်ခုပဲ။"

" အတော်ဆုံး တပည့်တွေပဲ အဲ့ဒီ စင်မြင့်မှာ ကျင့်ကြံခွင့် ရကြတာ။ "

"အဲ့ဒီမှာ နေရာရဖို့က အရမ်း တန်ဖိုးရှိပြီး နှစ်တိုင်းမှာ လက်ချိုးရေလို့ရတဲ့ အရေအတွက်လောက်ပဲ ရှိတယ်။ အဲ့ဒီထဲမှာ တပည့်သစ် အချို့ပါဝင်သလို၊ ထိပ်တန်းတပည့်တွေထဲကလည်း အချို့ကို ရွေးချယ်ပြီး ထည့်သွင်းပေးလေ့ရှိတယ်။"

" ထျန်းဖူနန်းတော်ရဲ့ အရင်းအမြစ် အားလုံးကို ရှန်းယွမ်စင်မြင့်က တပည့်တွေအတွက် အကုန်လုံး ဖွင့်ပေးထားတာ။"

" လူအများစုက ရှန်းယွမ်စင်မြင့် တပည့်တွေကို မြင့်မြတ် သားတော် အလောင်းအလျာတွေလို့ ခေါ်ကြတယ်။"

​ထန်ထျန်း ချက်ချင်းပင် သဘောပေါက်သွားသည်။ ဤသည်မှာ နောက်ထပ် အထူးအဆင့် တစ်ခုပေါ့။

ထျန်းဖူနန်းတော်တွင် တရားဝင်တပည့်၊ အဓိက တပည့်၊ တောင်ထိပ် တပည့်နှင့် မြင့်မြတ် သားတော် ဟူ၍သာ ရှိသည်ဟု သူ ထင်ခဲ့ခြင်း ဖြစ်သည်။

တောင်ထိပ် တပည့်နှင့် မြင့်မြတ်သားတော် ကြားတွင် "မြင့်မြတ်သားတော် အလောင်းအလျာ" ဆိုသည့် အဆင့်တစ်ခု ကျန်နေသေးသည်ကို သူ မသိခဲ့ပေ။

လူတွေ များလွန်းသဖြင့် ဤကဲ့သို့ အဆင့်တွေ အများကြီး ခွဲထားခြင်း ဖြစ်နိုင်ပေသည်။

​"မင်းကို နိုင်ရင် ရှန်းယွမ်စင်မြင့်ကို ရောက်နိုင်တာလား"

ထန်ထျန်းက ထပ်မေးလိုက်သည်။

​လော့ရှီးက ခေါင်းညိတ်ပြသည်။ "ဟုတ်တယ်။ "

"ရှန်းယွမ်စင်မြင့်ကို ဝင်ဖို့ အကောင်းဆုံး အချိန်က တရားဝင်တပည့် စဖြစ်တဲ့ အချိန်ပဲ။"

" ထျန်းဖူနန်းတော်က တပည့်တွေရဲ့ ခွန်အားပေါ် မူတည်ပြီး အချို့ကို အလိုအလျောက် သတ်မှတ်ပေးထားသလို နှစ်တိုင်းရဲ့ ကောင်းကင်စာရင်း နံပါတ်တစ် ကိုလည်း အဲ့ဒီထဲကို ထည့်ပေးလေ့ရှိတယ်။"

" ရှင် ကျွန်မ ကို နိုင်ရင် ရှင်က နံပါတ်တစ် ဖြစ်သွားမှာဆိုတော့ ရှန်းယွမ်စင်မြင့်ကို ဝင်ခွင့်ရမှာ သေချာတာပေါ့။"

​ထန်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။ "ဒါဆိုရင် မင်းက ဝင်ခွင့် ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား"

" ဘာလို့ ငါ့ကို လာပြီး တိုက်ခိုက်ဖို့ ပြောနေရတာလဲ"

သူမ၏ အတွေးကို သူ နားမလည်နိုင် ဖြစ်နေ၏။

​သို့သော် လော့ရှီးက ချက်ချင်းပင် အဖြေပေးလိုက်သည်။ "ဪ... ဘာလို့လဲဆိုတော့ ငါက ရွေးချယ်ခံထားရပြီးသားမို့လို့လေ။"

​ထန်ထျန်း : ...

​လော့ရှီးက ဆက်ပြောသည်။ "ဒီနှစ်မှာ အလိုအလျောက် ရွေးချယ်ခံရတဲ့သူ နည်းနည်း များတယ်၊ ကျွန်မ အပါအဝင် ဆိုရင် လေးယောက်တောင် ရှိတယ်။"

" ဒါကြောင့် ထျန်းဖူနန်းတော်က ကျွန်မ ကို ကောင်းကင်စာရင်းထဲ ထည့်ပြီး နံပါတ်တစ် နေရာကို ယူခိုင်းထားတာ။ အဲ့ဒီလိုဆိုရင် တခြားတပည့်တွေ ထိပ်ဆုံးကို မတက်နိုင်တော့ဘဲ နေရာတစ်ခု သက်သာသွားတာပေါ့။ "

"ဒါပေမဲ့ ရှင့်ရဲ့ ခွန်အားနဲ့ ကျွန်မ ကို အနိုင်ယူပြီး ထိပ်ဆုံးကို တက်နိုင်ရင်တော့ ထျန်းဖူနန်းတော်က လက်ခံမှာပဲ။ "

"ရှင့်မှာ အခွင့်အရေး ရှိမယ်လို့ ကျွန်မ ခံစားရတယ်။"

​ထန်ထျန်း နှာခေါင်းကို ပွတ်လိုက်မိသည်။

လော့ရှီး ကောင်းကင်စာရင်းထဲ ဝင်လာတာက တာဝန်တစ်ခု ပါလာနိုင်တယ်လို့ လီဟုန် အစောကတည်းက စုံစမ်းမိထားတာ မဆန်းတော့ပေ။

တကယ်တမ်းတော့ ရှန်းယွမ်စင်မြင့် ဆိုသည်မှာ အလွန်မြင့်မားသည့် အဆင့်တစ်ခု ဖြစ်သဖြင့် လူအများစုမှာ ဤကဲ့သို့ ကိစ္စမျိုး ရှိနေသည်ကိုပင် မသိကြပေ။

​သို့သော်...

ခဏ စဉ်းစားပြီးနောက် ထန်ထျန်းက ထိုကိစ္စကို လက်လျှော့ရန် ဆုံးဖြတ်လိုက်သည်။

လက်ရှိတွင် သူ၏ အရေးကြီးဆုံး ရည်မှန်းချက်မှာ နဂါးတံခါးကို ဘေးကင်းစွာ ဖြတ်ကျော်ပြီး စစ်နတ်ဘုရားနန်းတော်၏ ခြိမ်းခြောက်မှုကို ဖြေရှင်းရန်သာ ဖြစ်သည်။

T/N ခန်းမ ကနေ နန်းတော် ပြောင်းသွားတာ မူရင်းက ပါဗျ

ရှန်းယွမ်စင်မြင့် ကဲ့သို့သော ကိစ္စများကိုမူ နောက်မှသာ စဉ်းစားတော့မည်။

ခွန်အားသာ ရှိမည်ဆိုလျှင် ဝင်ခွင့်ကတော့ တစ်နေ့နေ့ ရလာမည်သာ ဖြစ်သည်။

​"တော်ပါပြီ။ "

"ငါ မင်းကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက် မရှိဘူး။"

ထန်ထျန်းက ထပ်မံ ငြင်းဆိုလိုက်သည်။

​လော့ရှီးက ကြောင်သွားပြီး "မသေချာပါဘူး။"

" ကျွန်မ ကလည်း ရွှေအင်မော်တယ် အထွတ်အထိပ် အဆင့်ပဲ ရှိပါသေးတာ။"

" ရှင်က ရွှေအင်မော်တယ် အလယ်အလတ်အဆင့်က ကျန်းကျဲ့ကို တစ်ချက်တည်းနဲ့ သတ်နိုင်တာပဲ၊ ကျွန်မ ကိုလည်း အနိုင်ယူဖို့ အခွင့်အရေး ရှိမှာပါ။"

​ထန်ထျန်း : ...

​ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ... ပဲ ရှိပါသေးတယ် တဲ့လား။

ဤမိန်းကလေးမှာ တကယ်ကို သန်မာလွန်းလှပေသည်။

အကယ်၍ သူမနှင့် တကယ် တိုက်ခိုက်မည်ဆိုပါက အန္တတာအိုနိယာမ ကို အသုံးမပြုလျှင် အနိုင်ရရန် အခွင့်အရေး လုံးဝရှိမည် မဟုတ်ပေ။

အစွမ်းကုန် ထုတ်သုံးရမည်ဆိုလျှင်လည်း မလိုအပ်ဘဲ ထုတ်သုံးရာ ရောက်ပေလိမ့်မည်။

​"ငါ အခု အေးအေးဆေးဆေးပဲ ကျင့်ကြံချင်သေးတယ်။"

ထန်ထျန်းက ထပ်ပြောလိုက်သည်။

​လော့ရှီးက စိတ်ပျက်သွားသည့် ပုံစံဖြင့် "ကောင်းပါပြီ။ "

"ဒါဆိုရင်လည်း ကျွန်မ ရှင့်ကို အနှောင့်အယှက် မပေးတော့ပါဘူး။"

" နောက်မှ အခွင့်အရေး ရရင်တော့ ကျွန်မ တို့ သေချာပေါက် တိုက်ရမယ်နော်။"

" ကျွန်မ ပြိုင်ဘက်မတွေ့ရတာ တော်တော် ကြာနေပြီ။"

​ထန်ထျန်းမှာ ဘာပြန်ပြောရမှန်း မသိတော့ပေ။

ဤမိန်းကလေး၏ စကားပြောပုံမှာ အလွန်ရိုးသားသော မာန်မာနမျိုး ပါဝင်နေသည်။

​" ရွေးချယ်ခံထားရတဲ့ နောက်ထပ် သုံးယောက် ရှိသေးတယ် မဟုတ်လား"

" သူတို့ဆီ သွားပါလား"

ထန်ထျန်းက အကြံပေးလိုက်သည်။

​လော့ရှီးက ခေါင်းခါလိုက်သည်။ "သူတို့က မရဘူး။"

" တပည့်ဟောင်းတွေကလည်း ကျွန်မ ကို မတိုက်နိုင်ကြဘူး။"

" ဒါကြောင့် ရှင့်ကိုပဲ လာစမ်းကြည့်တာ။"

" ရပါတယ်၊ ရှင် အေးအေးဆေးဆေး ကျင့်ကြံပါ၊ အနာဂတ်မှာ အခွင့်အရေး ရှိလာမှာပါ။"

" ဒါနဲ့... အင်မော်တယ်နန်းတော်ထဲ ဝင်တဲ့အခါ လစွမ်းအား ကို တတ်နိုင်သမျှ များများ စုပ်ယူဖို့ မမေ့နဲ့ နော်။ အဲ့ဒါဆိုရင် လအင်မော်တယ်နဲ့ တွေ့ဖို့ အခွင့်အရေး ပိုများနိုင်တယ်။"

​ထန်ထျန်း မျက်ခုံးပင့်လိုက်သည်။ "ဒါက အတွေ့အကြုံအရလား"

​လော့ရှီးက ခေါင်းခါပြသည်။ "မဟုတ်ဘူး။"

" ဒါက ကံကြမ္မာ အပေါ် ယုံကြည်မှု ပဲ။"

​ထန်ထျန်း : ...

​ဤမိန်းကလေးနှင့် စကားပြောနေစဉ်အတွင်း သူ ဘယ်နှစ်ကြိမ်မြောက် ဆွံ့အသွားသည်ကိုပင် မမှတ်မိတော့ပေ။

မင်းက ရွှေအင်မော်တယ် အထွတ်အထိပ် အဆင့်အထိ ရောက်နေပြီကို ဒီလို ကံကြမ္မာ တွေကို ယုံနေသေးတာလား။

( တချို့လူတွေလိုပေါ့ မဖြစ်နိုင်တာကို မျှော်နေကြတာ😅)

​"ဘာပဲဖြစ်ဖြစ်... အင်မော်တယ်နန်းတော် မဆင်းသက်ခင်မှာ ရေမိုးချိုး၊ အဝတ်အစားလဲ၊ ဆံပင်ကိုလည်း သေသေသပ်သပ် ပြင်ပြီး ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး အခြေအနေမှာ ရှိနေအောင် လုပ်ထားပါ။ "

"ဘယ်သူသိမှာလဲ၊ နောက်ထပ် လအင်မော်တယ်ရဲ့ ကောင်းချီးကို ရမယ့်သူက ရှင် ဖြစ်နေမလားဆိုတာ။"

လော့ရှီးက ပြောလိုက်သည်။

​သူမ၏ တည်ကြည်သော ပုံစံကို ကြည့်ပြီး ထန်ထျန်းက ခေါင်းညိတ်ပြလိုက်ရုံသာ တတ်နိုင်တော့သည်။ "အင်း..."

" ကောင်းပါပြီ။"

All Chapters