← Chapters

အခန်း (၅၂)

Vol. 6 Ch. 52

အခန်း (၅၂)

Vol. 6 Ch. 52

" ဝေချွမ် ဟန်နန်းတော်ထဲက တစ်ယောက်ယောက်ကို ရှာပြီး ဘဏ္ဍာတိုက်ဘယ်မှာလဲ မေးကြည့်ပါဦး။ " ကျောက်ဖုန်းက လှည့်၍ ညွှန်ကြားလိုက်သည်။ " ဒီကိစ္စက အရေးကြီးတယ်။ ပေါ့ပေါ့ဆဆ မလုပ်နဲ့။ "

" နားလည်ပါပြီ။ " ဝေချွမ်းက စစ်သည်နှစ်ယောက်ကို ခေါ်ပြီး အသက်ကြီးသော အရာရှိတစ်ယောက်က်ု ဖမ်းဆီးလိုက်သည်။

" တပ်မမှူး " ဝေချွမ်က ပြုံး၍ ပြောလိုက်သည်။ " ဒီလူက အသက်ကြီးနေပြီဆိုတော့ သူသိလောက်ပါတယ်။ "

" ဟန်နန်းတော်မှာ မင်းရဲ့ ရာထူးက ဘာလဲ။ " ကျောက်ဖုန်းက ရှေ့သို့ လျှောက်သွားပြီး မေးလိုက်သည်။

" ကျွန်တော်က နန်းတော်ရဲ့ အစေခံခေါင်းဆောင်ပါ။ " ထိုအသက်ကြီးသောလူက ကြောက်ရွံ့စွာ ဖြေလိုက်သည်။

" ဒါဆို လူမှန်ကို ရှာတွေ့သွားတာပဲ။ ဘဏ္ဍာတိုက်ဘယ်မှာလဲဆိုတာ သိလား။ ငါတို့ကို အဲ့ဒီဆီခေါ်သွားပေး။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" နားလည်ပါပြီ။ ကျွန်တော်နောက်ကို လိုက်ခဲ့ပါ။ " အစေခံခေါင်းဆောင်က ချက်ချင်း ဦးညွှတ်ပြီး လမ်းပြလိုက်ည်။

သူတို့က လမ်းတွင် မည်သည့်အတားအဆီးမှ မကြုံတွေ့ရဘဲ မကြာမီ အစေခံခေါင်းဆောင်က ကျောက်ဖုန်းကို ခန်းမကြီးတစ်ခုရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။ ဝင်ပေါက်တွင် အလွန်ခိုင်ခံ့သော ကြေးတံခါးတစ်ခု ပိတ်ထားသည်။

" ဒါက တော်ဝင်ဘဏ္ဍာတိုက်ပါပဲ။ " အစေခံခေါင်းဆောင်က ဦးညွှတ်ပြီး ပြောလိုက်သည်။ " ဒါပေမယ့် သော့က မင်းကြီးကိုယ်တိုင် ကိုင်ထားတာပါ။ သော့မရှိရင် ကျွန်တော်တို့ ဝင်လို့မရပါဘူး။ "

" ဒါက လွယ်ပါတယ်။ မြို့သိမ်းတူတစ်ခုကု ခေါ်ပြီး ရိုက်ဖွင့်လိုက်ရုံပေါ့။ " ဝေချွမ်က ပြုံး၍ ပြောလိုက်သည်။

" ဝေချွမ် " ကျောက်ဖုန်းက ဝေချွမ်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ " အားလုံးကို လူစုခွဲပြီး ကင်းစောင့်ခိုင်းထားလိုက်။ "

" ကောင်းပြီ။ " ဝေချွမ်က ချက်ချင်း ခေါင်းညိမ့်ပြီး ပြောလိုက်သည်။ ထို့နောက် စစ်သည်ခုနှစ်ရာကျော်က ထိုနေရာကို စောင့်ကြပ်ရန် ထွက်ခွာသွားကြသည်။

" မင်းနာမည်ဘယ်လိုခေါ်လဲ။ " လင်းယွမ်က ဘဏ္ဍာတိုက်ကို မဖွင့်သေးဘဲ အစေခံခေါင်းဆောင်ကို မေးလိုက်သည်။

" ကျွန်တော်နာမည် ဟန်ရှီပါ။ " ထိုလူက ထိတ်လန့်စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

" ဒီနန်းတော်ထဲမှ ကျန်ခဲ့တဲ့သူတွေက ဘယ်လိုကံကြမ္မာမျိုး ကြုံတွေ့ရမလဲဆိုတာ မင်းသိလား။ " ကျောက်ဖုန်းက မေးလိုက်သည်။

ဟန်ရှီ၏ အမူအရာက ပြောင်းလဲသွားပြီး မျှော်လင့်ချက်မဲ့သော လေသံဖြင့် ​ပြောလိုက်သည်။ " အကောင်းဆုံးဆိုရင် ကျွန်အဖြစ် အနှိမ်ခံရမယ်။ အဆိုးဆုံးဆိုရင် အလုပ်ကြမ်းစခန်းကို ပို့ခံရမှာပဲ။ "

ကျောက်ဖုန်းက ဘာမှမပြောဘဲ ဟန်ရှီကိုသာ စိုက်ကြည့်နေသည်။ ထိုအကြည့်ကို ခံစားရသောအခါ ဟန်ရှီက တစ်စုံတစ်ခုကို နားလည်သွားပြီး ကျောက်ဖုန်း၏ ရှေ့တွင် ရုတ်တရက် ဒူးထောက်လိုက်သည်။ " ကျွန်တော် တပ်မှူးရဲ့ ဘေးနားမှာ အစေခံတစ်ယောက်အဖြစ် အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော်ကို လက်ခံပေးဖို့ တောင်းဆိုပါတယ်။ "

" ဝေချွမ် ဒီလူက တော်တော်လေး ပါးနပ်တာပဲ။ သူ့ကို မင်းနဲ့အတူ ခေါ်ထားလိုက်။ ဒီညနေ သူ့ကို အပြင်ခေါ်သွားပြီး တစ်နေရာရာမှာ နေရာချဖို့ အခွင့်အရေးရှာလိုက်။ " ကျောက်ဖုန်းက ညွှန်ကြားလိုက်သည်။ " ဒီကိစ္စကို လျို့ဝှက်ထားပါ။ "

ဝေချွမ်က နားမလည်နိုင်ဖြစ်သွားသော်လည်း ကျောက်ဖုန်းတွင် အကြောင်းပြချက်ရှိသည်ကို နားလည်သောကြောင့် ချက်ချင်း ခေါင်းညိမ့်လိုက်သည်။

" ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်။ " ဟန်ရှီက ကျောက်ဖုန်းကို အကြိမ်ကြိမ် ဦးညွှတ်လိုက်သည်။ သူက အသက်ချမ်းသာပေးခံရသည့်အပြင် ကျွန်ဖြစ်ခြင်း၊ အလုပ်ကြမ်းလုပ်ခြင်းမှပင် ကင်းလွတ်နိုင်ကြောင်း နားလည်သွားသည်။

ကျောက်ဖုန်းအတွက် ဟန်ရှီက အသုံးဝင်မည့်သူဖြစ်သည်။ ယခုအခါ ဟန်နိုင်ငံ ကျဆုံးသွားပြီဖြစ်သော်လည်း ချင်စစ်တပ်က ချက်ချင်း ဆုတ်ခွာမည်မဟုတ်ဘဲ ထိုနေရာတွင် ဆက်လက်တပ်စွဲထားမည်ဖြစ်သည်။

ကျောက်ဖုန်းက ထိုအခွင့်အရေးကို အသုံးချပြီး သူ၏ ကိုယ်ပိုင်တပ်ဖွဲ့တစ်ခုကို တည်ထောင်လိုနေသည်။ သူ့လက်အောက်ရှိလူများက ချင်စစ်သည်များဖြစ်သောကြောင့် သူတို့ကို တိုက်ရိုက်အသုံးပြု၍ အဆင်မပြေပေ။ သို့သော် ဟန်ရှီက အချို့ကိစ္စများကို ကိုင်တွယ်ရန် စေခိုင်း၍ရသည်။

ကျောက်ဖုန်းက ဘဏ္ဍာတိုက်ဆီသို့ လျှောက်သွားပြီး ထူထဲလှသော ကြေးတံခါးကြီးရှေ့တွင် ရပ်လိုက်သည်။ သူက လုံချွမ်ဓားနှင့် တံခါးနှစ်ချပ်၏ အဆက်နေရာသို့ ခုတ်ချလိုက်သည်။

ဂျောက်....

အင်အားအနည်းငယ် သုံးလိုက်သည်နှင့် တံခါးနှစ်ခုကြားမှသော့က ချက်ချင်း ပြတ်တောက်သွားခဲ့သည်။ ကျောက်ဖုန်းက တံခါးကို အသာအယာ တွန်းဖွင့်လိုက်ရုံနှင့် ပွင့်သွားခဲ့သည်။

" ဝေချွမ် မင်းအပြင်မှာစောင့်နေ။ ဒီဟန်ဘဏ္ဍာတိုက်ထဲမှာ ဘယ်လိုအရာတွေရှိနေမလဲဆိုတာ ငါဝင်ကြည့်လိုက်ဦးမယ်။ "

" ကြည့်လို့ရပေမယ့် ဘာကိုမှ မယူနဲ့နော်။ အဲ့ဒါက စစ်စည်းကမ်းနဲ့မညီဘူး။ နန်းတော်ထဲမှာ စောင့်ကြည့်နေတဲ့ မျက်လုံးတွေရှိတယ်။ တစ်ယောက်ယောက် တိုက်လိုက်ရင် ဒါက ကြီးလေးတဲ့ ပစ်မှုပဲ။ "

" စိတ်မပူနဲ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ငါ တစ်ခုခုယူချင်တယ်ဆိုရင်တောင် သယ်လို့မှမရတာ။ "

ကျောက်ဖုန်းက ဟန်ဘဏ္ဍာတိုက်ထဲသ်ု့ ဖြည်းညင်းစွာ ဝင်ရောက်သွားသည်။ အတွင်းသို့ရောက်သောအခါ သူက အနည်းငယ် အံ့ဩသွားသည်။

" ဒီဘဏ္ဍာတိုက်က ဘာလို့လုယက်ခံထားရသလိုဖြစ်နေတာလဲ။ "

သူမြင်သမျှ နေရာတိုင်းတွင် သေတ္တာကြီးများစွာ ရှိနေသော်လည်း အားလုံးမှာ ပွင့်ဟနေကြသည်။ ဘဏ္ဍာတိုက်တစ်ခုလုံးက လုံးဝ ဖရိုဖရဲဖြစ်နေတော့သည်။ ချင်စစ်တပ်ကို ခုခံရန် မဖြစ်နိုင်တော့သည်ကို သိသောအခါ ဟန်မင်းကြီးက ရတနာများကို ရွှေ့ပြောင်းခဲ့ပုံရလေသည်။

" ဒီဟန်ဘဏ္ဍာတိုက်ကြီးတစ်ခုလုံး အကုန်ပြောင်သွားပြီလား မသိဘူး။ " ကျောက်ဖုန်းက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

သူက အတွင်းပိုင်းသို့ ဆက်လက်ဝင်ရောက်သွားပြီး နေရာအများအပြားက အလွတ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ မြေပြင်မှ ဖုန်မှုန့်များကို ကြည့်ခြင်းဖြင့် ထိုနေရာတွင် သေတ္တာများရှိခဲ့သည်မှာ ထင်ရှားသည်။

" ငါက အလကားမျှော်လင့်မိသွားတာလား။ " ကျောက်ဖုန်းက ရေရွတ်ရင်း ဆက်ဝင်သွားသည်။

ဘဏ္ဍာတိုက်က အလွန်ကြီးမားသော်လည်း သူမြင်သမျှနေရာတိုင်းက ရှင်းလင်းနေသည်။ မကြာမီ ကျောက်ဖုန်းက ဘဏ္ဍာတိုက်၏ အနက်ရှိုင်းဆုံး နေရာသို့ ဝင်ရောက်သွားပြီး သူ၏ မျက်လုံးများက တောက်ပသွားသည်။

သူက ထူးဆန်းသော အော်ရာကို ခံစားလိုက်ရပြီး သူ၏ ရှေ့တွင် ကျောက်စိမ်းပစ္စည်းများတင်ထားသော စင်များရှိနေသည်။ အချို့ကို ယူသွားပြီဖြစ်သော်လည်း အတော်များများ ကျန်နေသေးသည်။

ထိုကျောက်စိမ်းပစ္စည်းများက ရွှေများကဲ့သို့ တိုက်ရိုက်သုံးစွဲ၍ မရသော်လည်း တော်ဝင်ဘဏ္ဍာတိုက်ထဲတွင် ရှိနေသော မည်သည့်အရာမဆို တန်ဖိုးကြီးသည်။ မြေပြင်မှ ကွဲအက်နေသော ပစ္စည်းများကို ကြည့်လျှင် ပစ္စည်းရွှေ့သူများက အားလုံးကို သယ်ဆောင်သွားရန် အချိန်မရလိုက်သည်မှာ ထင်ရှားသည်။

ကျောက်ဖုန်းက ထိုကျောက်စိမ်းပစ္စည်းများကို သိမ်းဆည်းခြင်းမပြုဘဲ သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။ သူက ကျောက်စိမ်းပစ္စည်းများတွင် ဖျော့တော့သော အရှိန်အဝါတစ်ခု ဖုံးလွှမ်းနေသည်ကို ခံစားလိုက်ရသည်။

" ကျောက်စိမ်းပေါ်က အဲ့ဒီအရာတွေက စိတ်ဝိညာဉ်စွမ်းအားလား။ " ကျောက်ဖုန်းက ထိုထူးဆန်းသော အရှိန်အဝါကို သတိပြုမိသွားသည်။ " ထားလိုက်တော့ နောက်မှပဲ လေ့လာတော့မယ်။ အခုတော့ အကုန်လုံးကို အရင်ယူထားလိုက်မယ်။ ဒီကျောက်စိမ်းတွေက အတော်လေး တန်ဖိုးရှိပြီး ငါ့ရဲ့ အနာဂတ်အတွက် အရင်းအနှီးတွေ ဖြစ်လာလိမ့်မယ်။ "

ကျောက်ဖုန်းက စင်များပေါ်မှ ကျောက်စိမ်းပစ္စည်းများအားလုံးကို စနစ်၏ သိုလှောင်နေရာထဲသို့ သိမ်းဆည်းလိုက်သည်။

" ဒီတစ်ခါတော့ တကယ် အကျိုးအမြတ်ရလိုက်တာပဲ။ " ကျောက်ဖုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။ " ဒီကျောက်စိမ်းပစ္စည်းတွေ ပျောက်သွားတာ ဘယ်သူမှ သံသယဝင်မှာမဟုတ်ဘူး။ "

" နေဦး။ တစ်ခုခု မူမမှန်ဘူး။ " ကျောက်ဖုန်းက အခြားအရာတစ်ခုကို အာရုံခံမိလိုက်သည်။ သူက အလွတ်ဖြစ်နေသော စင်တစ်ခုစီကို လျှောက်သွားပြီး အသာလေး တွန်းကြည့်သော်လည်း စင်က လုံးဝ မရွေ့သွားသည်။

" စက်ယန္တရားလား။ " သူက ထိုစင်မှာ လျို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားသော ကိရိယာတစ်ခုဖြစ်သည်ကို ချက်ချင်း နားလည်လိုက်သည်။

" တခြားလူတွေအတွက် ခလုတ်ကု ရှာဖို့ ခက်ခဲပေမယ့် ငါ့အတွက်တော့ လွယ်ပါတယ်။ " ကျောက်ဖုန်းက ပြုံးပြီး သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။

ခဏအတွင်း သူက စင်ပေါ်ရှိ လျို့ဝှက်ခလုတ်တစ်ခုကို ရှာတွေ့သွားပြီး ၎င်းကို လှည့်လိုက်သည်။ နံရံတွင် ကပ်နေသော စင်က ရုတ်တရက် ပွင့်လာပြီး လျို့ဝှက်လမ်းကြောင်းတစ်ခုပေါ်လာသည်။

" တကယ်ပဲ လျို့ဝှက်လမ်းကြောင်းတစ်ခု ရှိနေတာပဲ။ " ကျောက်ဖုန်းက လျို့ဝှက်လမ်းကြောင်း၏ ဝင်ပေါက်တွင် ခြေရာများကို တွေ့လိုက်ပြီး ၎င်းတို့က ထင်ရှားနေဆဲ ဖြစ်သည်။

" ဟန်မင်းကြီးက ဒီလမ်းအတိုင်း ထွက်ပြေးသွားတာလား။ "

ထိုသို့တွေးလိုက်မိသည်နှင့် သူ၏ စိတ်ထဲတွင် ဝမ်းသာသွားသည်။ အကယ်၍ အမှန်သာဖြစ်လျှင် ဘုရင်ကို ဖမ်းမိသော ဂုဏ်ပုဒ်ကို သူတစ်ယောက်တည်း ရပေလိမ့်မည်။ သူက ချက်ချင်း မဝင်သွားသေဘဲ ကျယ်လောင်စွာ ခေါ်လိုက်သည်။

" ဝေချွမ်..." ဝေချွမ်က စစ်သည်တစ်စုကို ဦးဆောင်၍ ခက်ချင်း အထဲသို့ ဝင်လာခဲ့သည်။

" ဟန်မင်းကြီးရဲ့ ဘဏ္ဍာတိုက်ကို ရှင်းပြီးသွားပြီ။ ဒါပေမယ့် ငါ လျို့ဝှက်လမ်းကြောင်းတစ်ခု ရှာတွေ့ထားတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" မင်း ဒီမှာစောင့်နေ။ ငါအထဲကို ဝင်ကြည့်လိုက်မယ်။ "

" ဒီလမ်းက အရမ်းလျို့ဝှက်လွန်းတယ်။ အထဲမှာ ချောင်းမြောင်းတိုက်ခိုက်တာတွေ ရှိနေနိုင်တယ်။ " ဝေချွမ်က စိုးရိမ်တကြီး ပြောလိုက်သည်။

" ငါ့ အရည်အချင်းနဲ့ဆိုရင် မင်း စိတ်ပူစရာမလိုပါဘူး။ ဒီနေရာကိုသာ သေချာစောင့်နေ။ " ကျောက်ဖုန်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

All Chapters