← Chapters

အခန်း (၅၃)

Vol. 6 Ch. 53

အခန်း (၅၃)

Vol. 6 Ch. 53

လျို့ဝှက်လမ်းကြောင်းအတွင်း အခန်းသုံးခန်းပေါ်လာခဲ့ပြီး ၎င်းတို့က ဆေးဖက်ဝင်ပစ္စည်းခန်းမ၊ လက်နက်ခန်းမနှင့် ဆေးလုံးခန်းမတို့ဖြစ်သည်။

ကျောက်ဖုန်းက ဆေးဖက်ဝင်ပစ္စည်းခန်းမထဲသို့ လမ်းလျှောက်ဝင်သွားသည်။ ဆေးဖက်ဝင်အပင်များ၏ ပြင်းထန်သော ရနံ့က သူ၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်။

" ငါအကုန်လုံးကို ယူလိုက်မယ်။ ပြီးတော့ ငါယူတာကိုလည်း ဘယ်သူမှ သိမှာမဟုတ်ဘူး။ " ခဏအတွင်း ကျောက်ဖုန်းရှေ့ရှိ စင်များက ပြောင်သလင်းခါသွားတော့သည်။

ထို့နောက် လက်နက်ခန်းမအတွင်းသို့ ဝင်လိုက်သောအခါ လက်နက်များဖြင့် ပြည့်နေသော စင်များကို တွေ့လိုက်ရသည်။ ထိုအခန်းထဲမှ လက်နက်များက စစ်သည်ငါးထောင်ကို အပြည့်အစုံ တပ်ဆင်ပေးရန် လုံလောက်လေသည်။

"ဒါပေမယ့် အခုတော့ ဒါတွေကို ငါသိမ်းထားလိုက်မယ်။ " ကျောက်ဖုန်းက ပတ်ဝန်းကျင်ကို လောဘတကြီး ဝေ့ကြည့်လိုက်သည်။

" ဒါပေမယ့် ဒီလက်နက်တွေအကုန်လုံးကို ယူလို့မရဘူး။ ငါ့ရဲ့ သိုလှောင်နေရာထဲမှာ နေရာမလောက်တော့ဘူး။ " ကျောက်ဖုန်းက သူ၏ သိုလှောင်နေရာကို ကြည့်လိုက်သည်။ လူငါးထောင်အတွက် လက်နက်အားလုံးကို ယူဆောင်ရန်မှာ မဖြစ်နိုင်ပေ။

" လှံတွေလို လက်နက်ရှည်တွေကို ထားခဲ့လို့ရတယ်။ ဒါပေမယ့် လက်နက်တိုတွေ၊ ဒူးလေးတွေနဲ့ ချပ်ဝတ်တွေကိုတော့ ထားလို့လို့မရဘူး။ မဆံ့ ဆံ့အောင် ထိုးထည့်ရမှာပဲ။ " ကျောက်ဖုန်းက စိတ်ကူးတစ်ခုရသွားသည။

သူက သံမဏိဓားများ၊ ဒူးလေးမျယးနှင့် ချပ်ဝတ်တွေကို သိမ်းဆည်းလိုက်သည်။ ထိုအရာများကို သိမ်းဆည်းပြီးနောက် ကျောက်ဖုန်း၏ သိုလှောင်နေရာက ၉၀ ရာခိုင်နှုန်းအထိ ပြည့်သွားခဲ့သည်။ နေရာမကျန်တော့သောကြောင့် ကျောက်ဖုန်းက ကျန်ရှိသော လက်နက်ရှည်များကို မယူတော့ပေ။

" ဒီလက်နက်တွေနဲ့ဆိုရင် ငါ လူအချို့ကို စုဆောင်းပြီး ချပ်ဝတ်တန်ဆာအပြည့်နဲ့ စစ်သည်တစ်ထောင်ကို ပြင်ဆင်ပေးလို့ရပြီ။ "

ကျောက်ဖုန်းက လက်နက်များကို ကြည့်ပြီး အလွန်ကျေနပ်နေသည်။ ထိုဘဏ္ဍာတိုက်ကို လာခဲ့ခြင်းမှာ မှန်ကန်သော ဆုံးဖြတ့ချက်ပင် ဖြစ်သည်။

" ငါအများကြီး ယူသွားတာဆိုတော အခြားသူတွေ လာစစ်ဆေးရင်တောင် ငါ့ကို သံသယဝင်မှာမဟုတ်ဘူး။ " တစ်ယောက်တည်းနှင့် ထိုမျှများပြားသော လက်နက်များကို ရွှေ့ပြောင်းနိုင်စရာ အကြောင်းမရှိပေ။

" ပြီးတော့ ဆေးလုံးခန်းမလည်း ရှိသေးတယ်။ အထဲမှာ စိတ်ဝိညာဉ်ဆေးလုံးတွေ ရှိနေမလား။ ဒါမှမဟုတ် အဆိပ်ဆေးလုံးတွေ ရှိမလား။ " ကျောက်ဖုန်းက အပြင်သို့ ထွက်လာပြီး နောက်ဆုံးခန်းမဆီသို့ သွားလိုက်သည်။

သို့သော် သူက ထိုခန်းမအပေါ် မျှော်လင့်ချက်သိပ်မထားပေ။ ဤခေတ်တွင် ဘုရင်များက မသေနိုင်သော အသက်ရှည်မှုကို တောင့်တကြသည်။ သို့သော် အသက်ရှည်ဆေးများက အတုအယောင်များသာဖြစ်ပြီး ပို၍ တိကျစွာ ပြောရလျှင် အဆိပ်များသာဖြစ်သည်။

သူက အထဲသိူ့ ဝင်လိုက်သည်နှင့် ဆေးလုံးနံ့များ ထွက်ပေါ်လာသည်။

" အားဆေးတွေ အများကြီး ထည့်ထားပေမယ့် ကောင်းတဲ့ပစ္စည်းအားလုံးက အလကားဖြစ်သွားတာပဲ။ ဆေးလုံးသန့်စင်တာက အဆိပ်အဖြစ် ပြောင်းလဲသွားတာပဲ။ ဒီရတနာတွေကိုတော့ လီထန်ကိုင်တွယ်ဖို့ ထားခဲ့လိုက်မယ်။ " ကျောက်ဖုန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဆေးလုံးများစွာ ရှိနေသော်လည်း သူစိတ်မဝင်စားပေ။

အခန်းထဲတွင် ဘာမှနရှိသည်ကို အတည်ပြုပြီးနောက် သူက အခန်းထဲမှာ ထွက်ခွာပြီး အခြားတစ်ဖက်သို့ ဆက်လက်လျှောက်လှမ်းသွားသည်။ ဟန်မင်းကြီးက ဘယ်သူမှ မသိအောင်ထွက်ပြေးသွားခဲ့ပြီး ဟန်ဖေးပင်လျှင် မသိခဲ့ပေ။

သူက လျို့ဝှက်လမ်းကြောင်းကို အသုံးပြုခဲ့သည်မှာ သေချာသည်။ သူက ဟန်မင်းကြီးကို ဖမ်းမိခဲ့လျှင် ပိုမိုမြင့်မားသော ရာထူးများနှင့် ဂူဏ်ပုဒ်များ ရရှိပေလိမ့်မည်။

ဟန်နန်းတော်အတွင်း ဟန်စစ်သည်များက ထွက်ခွာသွားကြပြီး ချင်စစ်သည်များက နန်းတော်တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီဖြစ်သည်။

လီထန်က ခန်းမအတွင်း၌ ရပ်နေပြီး သူ၏ နောက်တွင် တပ်မှူးများရပ်နေကြသည်။

" ဟန်မြို့တော်ကို သိမ်းပိုက်နိုင်ခဲ့ပါပြီ။ စစ်သူကြီးကို ဂုဏ်ပြုပါတယ်။ "

လီထန်က ပျော်ရွှင်သော အရိပ်အယောင်မရှိဘဲ လေးနက်စွာ ပြန်ပြောလိုက်သည်။ " ဟန်မင်းကြီးကို အခုထိ မဖမ်းမိသေးဘူး။ သူ့ကို ဖမ်းမိမှပဲ ဟန်နိုင်ငံ ပျက်သုဉ်းသွားပြီးလို့ သတ်မှတ်လို့ရမယ်။ "

" ဟန်မင်းကြီးက ရှင်းကျန်းမြို့တော်ထဲက လွတ်အောင် ထွက်ပြေးနိုင်ခဲ့ရင်တောင် ဝေးဝေးမရောက်နိုင်သေးဘူး။ ကျွန်တော်တို့ သူ့ကို သေချာပေါက် ဖမ်းမိမှာပါ။ "

" အဲ့လိုမျှော်လင့်ရတာပဲ။ " လီထန်က သက်ပြင်းချလိုက်သည်။ " တကယ်လို့ ဟန်မင်းကြီးသာ လွတ်မြောက်သွားရင် ဒီအောင်ပွဲရဲ့ စွမ်းဆောင်မှုက အများကြီး လျော့နည်းသွားလိမ့်မယ်။ "

အကယ်၍ ဟန်မင်းကြီးက အခြားနိုင်ငံသို့ ထွက်ပြေးသွားပြီး စစ်တပ်ကို ပြန်လည်စုစည်းကာ ပြန်တိုက်မည်ဆိုလျှင် ထိုနိုင်ငံအတွက် စစ်ပွဲစတင်ရန် ခိုင်လုံသော အကြောင်းပြချက် ပေးလိုက်သကဲ့သို့ပင် ဖြစ်သည်။

" ချန်တောက် မင်းရဲ့ တပ်ဖွဲ့က ကြီးမားတဲ့ ကူညီမှုပေးခဲ့တာပဲ။ အထူးသဖြင့် ကျောက်ဖုန်းပဲ။ "

" မြို့ကို ထိုးဖောင်နိုင်ခဲ့တဲ့ စွမ်းဆောင်မှုကတော့ ကျောက်ဖုန်းနဲ့ပဲ ထိုက်တန်ပါတယ်။ " ချန်တောက်က ရှေ့တိုးလာပြီး ပြောလိုက်သည်။

" ကျောက်ဖုန်းလား။ " လီထန်က ပြုံး၍ ပြောလိုက်သည်။ " ရိက္ခာတပ်ကနေ သူ့ကို ရွှေ့ပြောင်းလိုက်တာက တကယ်ကံကောင်းတာပဲ။ "

" စစ်သူကြီးပြောတာမှန်ပါတယ်။ ဒါက ကျွန်တော့်အတွက် တကယ်ကံကောင်းမှုပါပဲ။ " အမှန်တော့ ချန်ထောင်က စိတ်ထဲတွင် နောက်တရမိနေသည်။

" ငါက လျိုဝူကို မျက်နှာသာပေးပြီး ကျောက်ဖုန်းကို ဖိနှိပ်ထားမယ့်အစား အစကတည်းက သူ့ကို ရှေ့တန်းတင်ခဲ့ရင် ကောင်းသား။ အခုတော့ ငါ ကျောက်ဖုန်းနဲ့ အတော်လေး ဝေးကွာသွားပြီထင်တယ်။ "

ကျောက်ဖုန်း၏ လက်ရှိစွမ်းဆောင်ရည်များအရ တစ်နေ့တွင် ကျောက်ဖုန်းက သူ့ထက် ရာထူးမြင့်သွားနိုင်သည်မှာ လုံးဝ ဖြစ်နိုင်​ခြေရှိသည်။

" ဒီစစ်ပွဲမှာ စစ်သူကြီးချောင်ရီကို ဘယ်သူသတ်ခဲ့တာလဲ အခုထိ မသိရသေးဘူး။ ဒါ တကယ်ဘယ်သူလုပ်ခဲ့တာလဲ။ ပြီးတော့ ဟန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ကျန်းဖျင်ကိုလည်း ငါတို့ စစ်သည်တွေ သတ်လိုက်တယ်လို့ကြားတယ်။ "

" ဒီကိစ္စတွေကို သေချာစုံစမ်းရမယ်။ ဒါတွေက စစ်တပ်စွမ်းဆောင်မှုတွေပဲ။ မင်းကြီးက စွမ်းဆောင်မှုရှိတဲ့သူတွေကို ဘယ်တော့မှ ချန်ထားမှာမဟုတ်ဘူး။ " လီထန်က တပ်မှူးများကို ပြောလိုက်သည်။

ထိုခဏတွင် ခန်းမအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ " စစ်တရားသူကြီး ခွေ့ဖုရောက်လာပါပြီ။ "

" ဟားဟား ဂုဏ်ပြုပါတယ် စစ်သူကြီးလီ။ ဟန်မြို့တော်ကို ထိုးဖောက်ပြီး ဟန်နိုင်ငံကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့တယ်။ "

ချပ်ဝတ်အပြည့်အစုံနှင့် တပ်မှူးတစ်ယောက်က ခန်းမထဲသို့ ဝင်လာခဲ့သည်။ သူက စစ်တရားသူကြီး ဖြစ်ပြီး စစ်တပ်အတွင်း စောင့်ကြည့်စစ်ဆေးခြင်းနှင့် ဆုလာဘ်၊ ပြစ်ဒဏ်များကို တာဝန်ယူရသူဖြစ်သည်။ သူ၏ ရာထူးက လီထန်အောက်တွင် ရှိနေသော်လည်း လီထန်၏ အမိန့်ပေးပိုင်ခွင့်မရှိပေ။

" တပ်မှူးခွေ့ " လီထန်က ပြုံး၍ နှုတ်ဆက်လိုက်သည်။

" စစ်သူကြီးလက်အောက်မှာ တကယ်ကို ကြောက်စရာကောင်းတဲ့ စစ်သည်တစ်ယောက် ရှိနေတာပဲ။ " ခွေ့ဖုကလည်း ပြုံး၍ ပြောလိုက်သည်။

" သူရဲ့ ခွန်အားတစ်ခုတည်းနဲ့ ဟန်မြို့တော်တံခါးကို ထိုးဖောက်ပြီး ချောင်ရီနဲ့ ကျန်းဖျင်တို့ကိုပါ သတ်နိုင်ခဲ့တယ်။ ဒါက တကယ်အံ့ဩစရာပဲ။ ငါ သူနဲ့ တကယ်ဆုံတွေ့ချင်မိတယ်။ "

လီထန်က ပြုံး၍ နားထောင်နေသော်လည်း သူ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာပေါ်လာသည်။

" မင်းဘာပြောလိုက်တယ်။ ချောင်ရီနဲ့ ကျန်းဖျင်တို့နှစ်ယောက်လုံးကို ကျောက်ဖုန်းက သတ်လိုက်တာလား။ " လီထန်က အံ့ဩစွာ ပြောလိုက်သည်။ သူက ထိုနှစ်ယောက်အားသတ်ခဲ့သူကို ရှာဖွေနေခဲ့ခြင်းဖြစ်သည်။

" စစ်သူကြီးလီ မသိသေးဘူးလား။ " ခွေ့ဖုက ပြောလိုက်သည်။ " ချောင်ရီနဲ့ ကျန်းဖျင်တို့ရဲ့ ဦးခေါင်းတွေကို ပို့ပေးပြီးပြီ။ သူတို့ခေါင်းတွေကို ဖြတ်ခဲ့တဲ့သူက ကျောက်ဖုန်းပဲ။ "

" ငါ အဲ့ဒါကို လုပ်ခဲ့တဲ့သူကို ရှာနေတာ။ ကျောက်ဖုန်းလုပ်ခဲ့တာလို့ လုံးဝ မထင်ထားမိဘူး။ " လီထန်က အံ့အားသင့်စွာ ပြောလိုက်သည်။

" စစ်သူကြီး ဝမ်ပင်းက ကျောက်ဖုန်းကို သူ့တပ်ဆီပြောင်းပေးဖို့ စစ်သေနာပတိချုပ်ဆီကို တောင်းဆိုနေတာ မထူးဆန်းပါဘူး။ ဒီလောက်အရည်အချင်းရှိတဲ့သူကို စစ်သူကြီးဝမ်က ဘယ်လိုလုပ်လက်လွှတ်ခံချင်မှာလဲ။ " ခွေ့ဖုက ရယ်မောပြီး ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ခန်းမအတွင်းမှ တပ်မှူးများက အံ့အားသင့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

" ငါက စစ်တပ်စွမ်းဆောင်မှု သုံးခုကို မှတ်တမ်းတင်ထားပါပြီ။ စစ်သေနာပတိချုပ်က ဆုံးဖြတ်ပါလိမ့်မယ်။ " ခွေ့ဖုက ပြောလိုက်သည်။

" ကျန်တဲ့ စစ်သည်တွေရဲ့ စွမ်းဆောင်မှုတွေကို စစ်သူကြီးလီအနေနဲ့ အလောင်းတွေိကို ရေတွက်ဖို့ လူလွှတ်ရပါဦးမယ်။ "

" စိတ်ချပါ တပ်မှူးခွေ့ ငါ ထောက်ပို့တပ်ဖွဲ့ကို ရှေ့တက်ဖို့ အမိန့်ပေးထားပါပြီ။ အခုလောလောဆယ်တော့ စစ်သည်တွေ ဒီညအနားယူကြလိမ့်မယ်။ မနက်ဖြန်မှ ရှင်းလင်းရေးကို ဝိုင်းကူကြလိမ့်မယ်။ " လီထန်က ပြန်​ပြောလိုက်သည်။

" ဒါနဲ့ မင်းတို့ထဲက ကျောက်ဖုန်းက ဘယ်သူလဲ။ " ခွေ့ဖုက ပြုံး၍ မေးလိုက်သည်။

" စစ်တရားသူကြီး ကျောက်ဖုန်းက ဒီမှာ မရှိပါဘူး။ သူက နန်းတော်ထဲမှာ ကင်းစောင့်နေပါတယ်။ "

" တပ်ရင်းမှူးကျန်းဟန်က တွေ့ခွင့်တောင်းနေပါတယ်။ "

" ဝင်ခဲ့။ " လီထန်က အမိန့်ပေးလိုက်သည်။

" စစ်သူကြီးကို ဂါရဝပြုပါတယ်။ " ကျန်းဟန်က ခန်းမထဲသို့ ဝင်လာပြီး လီထန်ကို ဦးညွှတ်လိုက်သည်။

" ဘာကိစ္စလဲ။ "

" စစ်သူကြီးလီကို အစီရင်ခံပါတယ်။ တပ်မမှူးကျောက်က ဟန်ဘဏ္ဍာတိုက်ထဲမှာ လျို့ဝှက်လမ်းကြောင်းတစ်ခု ရှာတွေ့ထားပါတယ်။ ဟန်မင်းကြီးက အဲ့ဒီလမ်းက ထွက်ပြေးသွားနိုင်ခြေများပါတယ်။ " ကျန်းဟန်က ပြောလိုက်သည်။

All Chapters