အခန်း (၅၅)
Vol. 6 Ch. 55
" တစ်ယောက်တည်းလား။ " ဟန်မင်းကြီး၏ အမူအရာက အနည်းငယ် ပြေလျော့သွားသော်လည်း တင်းမာမှုက ရှိနေဆဲ ဖြစ်သည်။
" အရှင်မင်းကြီး " ဝန်ကြီးက အလောတကြီး ပြောလိုက်သည်။ " ကျွန်တော်တို့ အစီအစဉ်ကို အကောင်ထည်ဖော်ရတော့မယ်။ အခုချက်ချင်း ထွက်သွားမှရပါမယ်။ "
" အမိန့်ထုတ်လိုက်။ " ဝန်ကြီးက ညွှန်ကြားလိုက်သည်။ " အဲ့ဒီချင်စစ်သားကို သတ်ပစ်။ ပြီးတာနဲ့ အရှင်မင်းကြီးကို ချက်ချင်း လိုက်ပို့ကြ။ "
နန်းတော်၏ အပြင်ဘက်တွင် ကိုယ်ရံတော်သုံးရာက စုဝေးနေကြသည်။ သူတို့က လူအင်အား အပြတ်အသတ် သာလွန်နေသော်လည်း ကြီးမားသော ဖိအားတစ်ခုကို ခံစားနေရဆဲ ဖြစ်သည်။ သူတို့၏ ရှေ့တွင် ရှိနေသောလူက တစ်ယောက်တည်း လာခြင်းဖြစ်သော်လည်း ထိတ်လန့်သည့် အရိပ်အယောင် လုံးဝမပြပေ။
" မင်းတို့ကို ငါ့စစ်တပ်က ဝိုင်းထားပြီ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ " လက်နက်ချလိုက်ပါ။ ဒါဆို မင်းတို့ အသက်ရှင်နိုင်လိမ့်မယ်။ "
ဟန်ကိုယ်ရံတော်များက ပြန်မဖြေဘဲ သူ့ကို အထူးသတိထားစောင့်ကြည့်နေကြသည်။ ဟန်မင်းကြီးက ကိုယ်ရံတော်များ ခြံရံလျက် အပြင်သို့ ထွက်လာခဲ့သည်။ သူက ကျောက်ဖုန်းကို သတ်ဖြတ်လိုသော အကြည့်နှင့် ကြည့်လိုက်သည်။
" သူ့ကို သတ်ကြ။ ဝေနိုင်ငံကို ရောက်တာနဲ့ မင်းတို့ကို စည်းစိမ်ဥစ္စာတွေနဲ့ ဂုဏ်ပုဒ်တွေ ပေးမယ်လို့ ငါကတိပေးတယ်။ "
လေးများကိုင်ဆောင်ထားသော ကိုယ်ရံတော် တစ်ရာကျော်က ကျောက်ဖုန်းကို ချိန်ရွယ်ပြီး ပစ်ခတ်လိုက်ကြသည်။ ကျောက်ဖုန်းက သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး ခွန်အားကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။
သူ၏ စွမ်းအားနှင့် အမြန်နှုန်းကြောင့် သံမဏိကွန်ရက်တစ်ခုကို ဖန်တီးထားသကဲ့သို့ မြားများက တစ်စင်းပြီးတစ်စင်း လွင့်စင်သွားကြသည်။ ကိုယ်ရံတော်များ မတုန့်ပြန်နိုင်မီ ကျောက်ဖုန်းက သူရပ်နေသော နေရာမှ ပျောက်ကွယ်သွားသည်။
" သူငါတို့ကို တိုက်ခိုက်နေပြီ။ " တပ်မှူးတစ်ယောက်က အော်ဟစ်လိုက်သည်။ " လေးသမားတွေ နောက်ဆုတ်၊ ဓားကိုင်စစ်သည်တွေ ရှေ့တက်။ "
ဓားအလင်းတန်း တစ်ချက်ထွက်ပေါ်လာပြီး သွေးများနှင့်အတူ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
" ဟန်စစ်သားတစ်ယောက်ကို သတ်ဖြတ်ပြီး ခွန်အား ၅ မှတ် ရရှိပါတယ်။ "
ကျောက်ဖုန်း၏ မျက်လုံးများက ဟန်မင်းကြီးကို စိုက်ကြည့်နေသည်။ ၎င်းက သူ၏ ပစ်မှတ်ဖြစ်သည်။
" မြန်မြန်... သူ့ကို သတ်ကြ။ ငါ့ကို ကာကွယ်ကြဦး။ " ဟန်မင်းကြီးက ထိတ်လန့်စွာ အော်ဟစ်ပြီး နောက်သို့ ဆုတ်ခွာသွာသည်။
သို့သော် သူတို့က သာမန်လူထက် ကျော်လွန်သော ခွန်အားကို ပိုင်ဆိုင်ထားသည့် ကျောက်ဖုန်းနှင့် တွေ့ဆုံခဲ့ခြင်းမှာ သူတို့၏ ကံဆိုးမှုသာ ဖြစ်သည်။
ကျောက်ဖုန်းက ဟန်ကိုယ်ရံတော်များ၏ အလောင်းများကို ဖြတ်ကျော်ပြီး ထိုးဖောက်ဝင်ရောက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း သူက ဟန်စစ်တပ်ကို ထိုးဖောက်ပြီး ဟန်မင်းကြီးထံသို့ ရောက်ရှိလာသည်။
လုံချွမ်ဓားက လင်းလက်သွားပြီး ဓားသွားက ဟန်မင်းကြီး၏ လည်ပင်းပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။ ဓားသွားမှ စီးကျလာသော သွေးစက်များက ဟန်မင်းကြီး၏ ဝတ်ရုံကို စွန်းထင်သွားစေသည်။
ကျောက်ဖုန်းက ပတ်ဝန်းကျင်မှ ကိုယ်ရံတော်များကို လှည့်ကြည့်ပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။ " နောက်ထပ် တစ်လှမ်းတိုးတာနဲ့ မင်းတို့ဘုရင် အသက်ပျောက်ပြီပဲ။ "
" အနားမလာကြနဲ့ အားလုံး ထွက်သွားကြစမ်း။ " ဟန်မင်းကြီးက ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
ပတ်ဝန်းကျင်မှ ကိုယ်ရံတော်များက ရုတ်တရက် လှုပ်ရှားခြင်းမရှိတော့ဘဲ လူစုခွဲလိုက်ကြသည်။
" သူရဲကောင်းကြီး " ဟန်မင်းကြီးက ပြောလိုက်သည်။ " မင်းက ချင်နိုင်ငံရဲ့ တပ်မှူးလေးပဲ။ ငါ့ကို ဒီလောက်ထိ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံစရာမလိုပါဘူး။ "
"ငါ့ကို လွှတ်ပေးရင် မင်းကို စည်းစိမ်ဥစ္စာနဲ့ ဂုဏ်ဒြပ်တွေပေးမယ်။ ပြီးတော့ မင်းကို ဝေနိုင်ငံဆီခေါ်သွားပြီး စစ်သေနာပတိချုပ်ဖြစ်အောင် လုပ်ပေးမယ်။ " ကျောက်ဖုန်း၏ လူသတ်ငွေ့များကို ရင်ဆိုင်ရချိန်တွင် ဟန်မင်းကြီးက အလွန်ကြောက်ရွံ့နေသည်။
" ဒါ့အပြင် ငါ့မှာ အချောဆုံး သမီးတော်တစ်ပါးလည်ရှိတယ်။ ငါ့ကို လွှတ်ပေးရင် မင်ကို သမက်တော်အဖြစ် မြှောက်စားပေးမယ်။ "
" စိတ်အေးအေးထားပါ။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။ " မင်းငြိမ်ငြိမ်နေသရွေ့ ငါမင်းကို မသတ်ဘူး။ "
" စည်းစိမ်ဥစ္စာတွေနဲ့ မင်းသမီး တကယ်ကို ဆွဲဆောင်မှုရှိတဲ့ ကမ်းလှမ်းမှုပဲ။ ဒါပေမယ့် ဒါက ကျဆုံးသွားတဲ့ နိုင်ငံတစ်ခုရဲ့ ဘုရင်ဆီက လာတာပဲ။ ငါသာ ဒါကို လက်ခံလိုက်ရင် ဒါတွေကို ခံစားဖို့ ငါ့မှာ အသက်ရှင်ခွင့်ရှိပါဦးမလား။ " ကျောက်ဖုန်းက တွေးလိုက်သည်။
" ငါ့ကို လွှတ်ပေးရင် မင်းကို ဟန်ဘဏ္ဍာတိုက်ရဲ့တစ်ဝက် ပေးမယ်။ " ဟန်မင်းကြီးက ထပ်မံကမ်းလှမ်းလိုက်သည်။
ကျောက်ဖုန်းက ပြန်မဖြေဘဲ အေးစက်စွာ အမိန့်ပေးလိုက်သည်။ " မင်းရဲ့ လူတွေကို လက်နက်ချခိုင်းပြီး ဒူးထောက်ခိုင်းလိုက်။ "
လည်ပင်းတွင် ဓားထောက်ထားသောကြောင့် အသက်ဘေးကို ကြောက်ရွံ့သော ဟန်မင်းကြီးက လိုက်နာရုံမှတပါး အခြားမရှိတော့ပေ။ " လက်နက်တွေမြန်မြန်ချလိုက်။ အကုန်လုံးဒူးထောက်ကြ။ "
ပတ်ဝန်းကျင်မှ ကိုယ်ရံတော်များက လက်နက်များချပြီး ဒူးထောက်လိုက်ကြသည်။
" ကောင်းပြီ။ မင်းအသက်ရှင်ခွင့်ရသွားပြီ။ " ကျောက်ဖုန်းက ကျေနပ်သွားသည်။
" သူရဲကောင်းကြီး။ " ဟန်မင်းကြီးက ထပ်မံအသနားခံရန် ပြင်လိုက်သည်။
" နောက်ထပ် တစ်ခွန်းမှမဟနဲ့။ မဟုတ်ရင် ငါမင်းကို အပိုင်းပိုင်း ခုတ်ပစ်မယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
ကျောက်ဖုန်း၏ အကြည့်နှင့် ရင်ဆိုင်ရသောအခါ ဟန်မင်းကြီးက ဘာမှမပြောရဲတော့ဘဲ တစ်ကိုယ်လုံး တုန်ရီနေတော့သည်။
" ဒါက ဘုရင်တစ်ပါးလား။ နောက်ဆုံးတော့ သူက ရွှေဇွန်းကိုက်ပြီး မွေးလာတဲ့ အသုံမကျတဲ့ လူမိုက်တစ်ယောက်ပါပဲ။ "
မိမိနိုင်ငံ၊ မိမိလူမျိုးနှင့်အတူ အသေမခံနိုင်တဲ့ ဘုရင်တစ်ပါးက ဘယ်လိုလုပ် ပလ္လင်နဲ့ ထိုက်တန်ပါ့မလဲ။
အချိန်များက ကုန်ဆုံးလာပြီး ကျောက်ဖုန်းက တစ်ယောက်တည်းဖြင့် ဟန်မင်းကြီးနှင့် ကိုယ်ရံတော်နှစ်ရာကျော်ကို နှိမ်နင်းထားခဲ့သည်။
တစ်နာရီကျော်ကြာပြီးနောက် ဝေချွမ်က စစ်သည်ငါးကို ဦးဆောင်၍ နန်းတော်သို့ အပြေးရောက်လာခဲ့သည်။ အပြင်ဘက်မှ အခြေအနေကို မြင်သောအခါ ဝေချွမ်နှင့် စစ်သည်များက အံ့အားသင့်သွားကြသည်။
" တပ်မမှူးကျောက်က စစ်သည်ဒီလောက်အများကြီးကို တစ်ယောက်တည်းနဲ့ ကိုင်တွယ်လိုက်တာလား။ ဟန်မင်းကြီးကိုတောင် ဖမ်းမိထားသေးတယ်။ "
" တပ်မမှူး အဆင်ပြေရဲ့လား။ " ဝေချွမ်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။
" အချိန်ကိုက်ပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " သူ့ကို စစ်သူကြီးလီဆီကို ခေါ်သွားကြ။ "
စစ်သည်နှစ်ယောက်က ရှေ့တိုးလာပြီး ဟန်မင်းကြီးကို လွှဲပြောင်းယူလိုက်ကြသည်။
" မင်းတို့ ငါ့ကို ဖမ်းမိထားပေမယ့် ငါက ဘုရင်တစ်ပါးပဲ။ ချင်မင်းကြီးက မင်းတို့ကို အလွတ်ပေးမှာမဟုတ်ဘူး။ "
ကျောက်ဖုန်းက သူ့ကို ဂရုမစိုက်တော့ပေ။
" ဒါက ဘုရင်တစ်ပါးတဲ့လား။ ကြည့်ရတာ လမ်းဘေးလူမိုက်နဲ့တောင် ပိုတူနေသေးတယ်။ " ဝေချွမ်က တိုးညှင်းစွာ ပြောလိုက်သည်။
ဟန်နန်းတော်၏ ခန်းမအတွင်း၌။
" အစီရင်ခံပါတယ်။ တပ်မှူးကျောက်ဖုန်းက ဟန်မင်းကြီးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အခုလမ်းမှာရောက်နေပါပြီ။ "
လီထန်၏ မျက်နှာက စိတ်လှုပ်ရှားစွာဖြင့် ပြည့်နှက်သွားသည်။ " ကောင်းပြီ။ အခုတော့ ဟန်နိုင်ငံကို လုံးဝ သိမ်းပိုက်နိုင်သွားပြီ။ "
အကယ်၍ ဟန်မင်းကြီးသာ လွတ်မြောက်သွားလျှင် သူ၏ အောင်မြင်မှုက အပြစ်အနာဆာ ရှိနေဦးမည်ဖြစ်သည်။ ယခုတော့ အန္တရာယ်ကို တားဆီးနိုင်ခဲ့ပြီဖြစ်သည်။
" ငါကိုယ်တိုင် တပ်မမှူးကျောက်ဖုန်းကို ကြိုဆိုမယ်။ သူက ချင်နိုင်ငံအတွက် တကယ် အကျိုးပြုခဲ့တာပဲ။ "
နန်းတော်၏ အပြင်ဘက်၌ ဟန်မင်းကြီးက ဝတ်စုံအပြည့်နှင့် အကျဉ်းထောင်လှည်းပေါ်တွင် ပိတ်လှောင်ခံထားရသည်။
" ဒါက ဟန်မင်းကြီးလား။ ကြည့်ရတာ သိပ်မဟန်ပါလား။ "
" မှန်တယ်။ သူက ထွက်ပြေးဖို့ ကြိုးစားခဲ့တာ။ တကယ်ရှက်စရာပဲ။ "
" ဟေ့ ဟိုမှာ တပ်မမှူး ကျောက်ဖုန်းမဟုတ်လား။ သူကပဲ ဘုရင်ကို ဖမ်းမိခဲ့တာလား။ ဒါက တကယ် ဒဏ္ဍာရီဆန်တဲ့ စွမ်းဆောင်မှုပဲ။ "
" ကြည့်လိုက်။ တပ်မမှူးကျောက်က အကျဉ်းထောင်လှည်းရှေ့မှာ ရပ်နေတာပဲ။ ဟန်မင်းကြီးကို သူကိုယ်တိုင်ဖမ်းမိခဲ့တာတဲ့။ "
" အထင်ကြီးစရာပဲ။ မြို့တံခါးကိုလည်း သူပဲ ထိုးဖောက်ခဲ့တာပဲ။ "
" တပ်မမှူးကျောက်သာ ရာထူးတက်သွားရင် ငါတို့တပ်ဖွဲ့ကို လာဦးဆောင်ပေးဖို့ မျှော်လင့်မိတယ်။ ဒါက တကယ် ကံကောင်းမှုပဲ။ "
" ကြားတာ တပ်မမှူးကျောက်ရဲ့ လက်အောက်က စစ်သည်တိုင်းက အနည်းဆုံး ရန်သူငါးယောက်ကို သတ်နိုင်ခဲ့တယ်တဲ့။ "
ကျောက်ဖုန်းက အကျဉ်းထောင်လှည်းကို နန်းတော်ထဲသို့ လိုက်ပါပို့ဆာင်နေသည်ကို ကြည့်ပြီး စစ်သားများက ဆွေးနွေးနေကြသည်။ ကျောက်ဖုန်း၏ အောင်မြင်မှုများက စစ်တပ်တစ်ခုလုံး ပျံ့နှံ့နေပြီဖြစ်သည်။
ထိုခဏတွင် နန်းတော်တံခါး၏ ရှေ့၌ လီထန်က စစ်ဝတ်စုံအပြည့်နှင့် ရပ်နေပြီး သူနှင့်အတူ စစ်တရားသူကြီး ခွေ့ဖုလည်း ရှိနေသည်။
" စစ်သူကြီးလီ " ခွေ့ဖုက ပြုံး၍ ပြောလိုက်သည်။ " ဟန်မင်းကြီးကို ဖမ်းမိသွားပြီဆိုတော့ ဟန်နိုင်ငံကို အမြစ်ပြတ်ချေမှုန်းနဲ့ တာဝန်က အောင်မြင်သွားပြီပေါ့။ "
" ဟန်မင်းကြီးကို ဖမ်းမိသွားတာက ငါ့ပခုံးပေါ်က အလေးကြီးကျသွားသလို ခံစားရတယ်။ " လီထန်က ပြုံး၍ ပြောလိုက်သည်။
" သူသာ အဲ့ဒီလမ်းကြောင်းကို ရှာမတွေ့ခဲ့ရင် ငါတို့က ဟန်မင်းကြီးရဲ့ အရိပ်အယောင်ကိုတောင် မြင်တွေ့ရမှာမဟုတ်ဘူး။ ဒီတစ်ခါ သူ့ရဲ့ စွမ်းဆောင်မှုက မသေးဘူး။ ပင်မတပ်မှူးအဆင့်ထိ တိုးမြှင့်ခံရနိုင်တယ်။ "
" အဲ့ဒီရာထူးက စစ်တပ်စွမ်းဆောင်မှုနဲ့ ကွပ်ကဲမှုစွမ်းရည်တွေလိုအပ်တယ်။ တစ်ခုမှ လျော့လို့မရဘူး။ " ခွေ့ဖုက ခေါင်းခါပြီး ပြောလိုက်သည်။