အခန်း (၅၆)
Vol. 6 Ch. 56
" စစ်သူကြီးလီ " ကျောက်ဖုန်းက လက်သီးလက်ဝါးဆုပ်ပြီး ဂါရဝပြုလိုက်သည်။ " ဟန်မင်းကြီးကို ဖမ်းဆီးနိုင်ခဲ့ပါပြီ။ စစ်သူကြီးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေပါတယ်။ "
" တပ်မမှူးကျောက် မင်းတကယ် ပင်ပန်းသွားပြီ။ " လီထန်က ပြုံး၍ ရှေ့တိုးလာသည်။
" ဟန်မင်းကြီး ခင်ဗျားက တော်တော် ပြေးနိုင်တာပဲ။ ကိုယ့်လူမျိုးတွေကို ပစ်ထားပြီး ကိုယ်လ်ရုန်းဖို့ ကြိုးစားခဲ့တယ်။ ခင်ဗျားလိုအုပ်ချုပ်သူမျိုးနဲ့ ဟန်နိုင်ငံက ဘယ်လိုလုပ် မပျက်သုဉ်းပဲနေမှာလဲ။ "
" ဟန်မင်းကြီးကို အခုလောလောဆယ် အကျဉ်းထောင်ထဲပို့ထားလိုက်။ ဒီပတ်ဝန်းကျင်ကို ရှင်းလင်းပြီးတာနဲ့ သူ့ကို ရှန်းယန်ဆီ ပို့ပြီး မင်းကြီးထံ ဆက်သရမယ်။ "
" တပ်မမှူးကျောက် မင်းရဲ့ တပ်ဖွဲ့ကို ဝိုင်ကောင်းတစ်အိုးချီမြှင့်မယ်။ ဒီညအားရပါးရ သောက်ကြပေတော့။ ချင်နိုင်ငံက စွမ်းဆောင်ရည်ရှိတဲ့ အရာရှိတွေကို ဘယ်တော့မှ လျစ်လျူမရှုပါဘူး။ "
" ညရောက်ဖို့လိုပါသေးတယ်။ ကျွန်တော် တပ်ဖွဲ့ကို ဦးဆောင်ပြီး မြို့ထဲက အလောင်းတွေကို ရှင်းလင်းဖို့ ခွင့်ပြုချက်တောင်းပါတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" မင်းတကယ်ပဲ မနားချင်ဘူးလား။ " လီထန်က အံ့ဩစွာ မေးလိုက်သည်။
" ဟန်မြို့တော်က အခုမှ ငြိမ်သက်သွားတာပါ။ မြို့ကို ရှင်းလင်းရေးလုပ်ပြီးမှ နားတာပိုကာင်းပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
သူက အလောင်းများကို ရှင်းလင်းရာမှ ရမည့် စွမ်းရည်များကို လက်လွှတ်မခံလိုပေ။ နည်းနည်းရလည်း သူ့အတွက် အထောက်အကူဖြစ်လေသည်။
" မင်းက ဒီလောက်စိတ်အားထက်သန်နေမှတော့ ကောင်းပါပြီ။ " လီထန်က ရယ်မောပြီး ခွင့်ပြုလိုက်သည်။
" ဒီကျောက်ဖုန်းကတော့ စိတ်ဝင်စားဖို့ ကောင်းသားပဲ။ " ခွေ့ဖုက ပြောလိုက်သည်။ " သူက အလောင်းတွေ ရှင်းလင်းရတာ နှစ်သက်နေတုန်းပဲ။ "
" သူက စစ်သည်တစ်ယောက်အဖြစ် မွေးဖွားလာတာဖြစ်နိုင်တယ်။ " လီထန်က လေးနက်စွာ ပြောလိုက်သည်။
" ပြီးတော့ ကျောက်ဖုန်းက ဆေးပညာမှာလည်း ကျွမ်းကျင်တယ်လို့ကြားတယ်။ အဲ့ဒါတကယ်ပဲလား။ " ခွေ့ဖုက သိချင်စိတ်ဖြင့် မေးလိုက်သည်။
" ကျောက်ဖုန်းက ဆေးပညာမှာလည်း တကယ်တော်တယ်။ ရှန်းယန်မှာ သမားတော်ကြီးရှကတောင် သူ့ကို တပည့်အဖြစ် လက်ခံဖို့ ရည်ရွယ်ခဲ့တာပဲ။ "
" သမားတော်ရှလား။ ချင်နိုင်ငံတစ်ခုလုံးရဲ့ ဆေးပညာအထွတ်အထိပ် ပုဂ္ဂိုလ်ကြိးလား။ " ခွေ့ဖုက မှင်သက်သွားသည်။ " ကျောက်ဖုန်းက ဒီလောက်ငယ်ငယ်လေးနဲ့ သူ့ရဲ့ အရည်အချင်းတွေကတော့ အံ့မခန်းပဲ။ "
" မြန်မြန်ရှင်းကြ။ ဒီညတော့ အားရပါးရ သောက်ကြမယ်။ " ကျောက်ဖုန်းက သူ့လူများကို အော်ဟစ်လိုက်သည်။ " ဟန်စစ်သည်တွေရဲ့ အလောင်းတွေကိုပဲ မြေမြှုပ်ဖို့ မြို့ပြင်ကို သယ်သွားကြ။ ငါတို့ရဲ့ ရဲဘော်တွေရဲ့ အလောင်တွေကိုတော့ တခြားတပ်ဖွဲ့တွေက ကိုင်တွယ်လိမ့်မယ်။ "
" စိတ်ချပါ တပ်မမှူး။ ကျွန်တော်တို့အားလုံး ဒီည ဝိုင်ကောင်းသောက်ဖို့ စောင့်နေကြတာပဲ။ "
" ဒီညတော့ တပ်မမှူးနဲ့အတူ အားရပါးရ သောက်ရတော့မယ်။ "
" ဟားဟား ဟုတ်တာပေါ့။ ဒီည တပ်မမှူး မှောက်သွားတဲ့အထိ သောက်ရမယ်။ " စစ်သည်အားလုံးက ရယ်မောပြောဆိုလိုက်ကြသည်။ စစ်တပ်အတွင်း အဆင့်အတန်းခွဲခြားမှုက တင်းကျပ်သော်လည်း ရဲဘောရဲဘက်များ၏ စိတ်ဓာတ်မှာ သေရေးရှင်ရေး အတွေ့အကြုံများမှတစ်ဆင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
" ငါ့ကို မှောက်အောင် တိုက်ကြမှာလား။ မင်းတို့ အဲ့လိုအစွမ်းအစ ရှိမရှိ ကြည့်ရသေးတာပေါ့။ " ကျောက်ဖုန်းက ရယ်မောပြီး ပြန်ပြောလိုက်သည်။ သူ၏ တပ်ဖွဲ့တစ်ခုလုံးက စိတ်လှုပ်ရှားစွာဖြင့် ရယ်မောလိုက်ကြသည်။
" တပ်မမှူးကျောက်ရဲ့ လက်အောက်က စစ်သည်တွေကို တကယ်အားကျမိတယ်။ သူတို့ကို အဆင့်အတန်းမခွဲခြားဘဲ ညီအကိုလို ဆက်ဆံတယ်။ "
" တပ်မမှူးကျောက်က မြို့ကို ထိုးဖောက်ဖို့ ရှေ့ဆုံးက တိုက်ခိုက်ခဲ့တာပဲ။ ဒါပေမယ့် ငါတပ်မမှူးနဲ့တော့ မတူဘူး။ " အခြားတပ်ဖွဲ့များက အားကျစွာဖြင့် ပြောလိုက်ကြသည်။
ချင်ဟန်နယ်စပ်ရှိ စစ်သေနာပတိချုပ်၏ စခန်းတွင်။
" အဖေ သတင်းကောင်းပါတယ်။ " ဝမ်ပင်းက ဝမ်ကျန်း၏ တဲနန်းထဲသို့ အပြေးအလွှား ဝင်ရောက်လာသည်။
သူ၏ အမူအရာကို မြင်သောအခါ ဝမ်ကျန့်က မျက်မှောင်ကြုတ်ပြီး လေးနက်စွာ ပြောလိုက်သည်။
" မင်း အသက်သုံးဆယ်နား ရောက်နေပြီ။ ဒီလောက် ထိတ်ထိတ်ပျာပျာ ဖြစ်ရမယ့် အရွယ်မဟုတ်တော့ဘူး။ "
" စစ်သူကြီးလီက အောင်ပွဲသတင်းပို့လိုက်ပါတယ်။ " ဝမ်ပင်းက ပြန်ဖြေလိုက်သည်။
ဝမ်ကျန့်က အစီရင်ခံစာကို ယူကြည့်ပြီး ပြုံးလိုက်သည်။
" ကောင်းတယ်။ ဟန်မြို့တော်ကျဆုံးသွားပြီ။ ဟန်နိုင်ငံဆိုတာ မရှိတော့ဘူး။ မူလသတ်မှတ်ချက်က နှစ်လဖြစ်ပေမယ့် စစ်သူကြီးလီက တစ်လကျော်လောက်ကြိုပြီး အဆုံးသတ်နိုင်ခဲ့တာပဲ။ "
ဝမ်ကျန့်က အစီရင်ခံစာကို ဆက်ဖတ်ပြီးနောက် မျက်မှောင်ကြုတ်သွားသည်။ " ဟန်မြို့တော်ကို သိမ်းနိုင်ခဲ့ပေမယ့် ဟန်မင်းကြီးက ထွက်ပြေးသွားတာလား။ "
" ဟန်မင်းကြီးက ထွက်ပြေးသွားတာလား။ သူ့ကိုသူ ဘုရင်လို့ ခေါ်နိုင်ပါဦးမလား။ " ဝမ်ပင်းက အံ့ဩသွားသည်။
" ဗျူဟာပိုင်းမှာ ငါတို့မင်းကြီးကို ဘယ်သူယှဉ်နိုင်မှာလဲ။ တခြားနိုင်ငံက ဘုရင်တွေက အသုံးမကျတဲ့ ဘုရင်တွေပဲ။ " ဝမ်ကျန့်က နှာခေါင်းရှုံ့လိုက်သည်။ သူက ဆက်လက်ဖတ်ရှုနေစဉ် သူ၏ အမူအရာက ထူးဆန်းသွားသည်။
" ဟန်မြို့တော်ကို ဘယ်သူထိုးဖောက်ခဲ့တာလဲ မင်းသိလား။ " ဝမ်ကျန့်က မေးလိုက်သည်။ " ကျောက်ဖုန်းပဲ။ "
" ထောက်ပို့တပ်ဖွဲ့ကနေ ပင်မတပ်ဖွဲ့ကို ပြောင်းရွှေ့လာတဲ့ ကျောက်ဖုန်းလား။ " ဝမ်ပင်းက အံ့အားသင့်ပြီး ပြောလိုက်သည်။
" သူက သူ့ရဲ့ ဓားနဲ့ မြို့တံခါးကို တစ်ယောက်တည်း ပိုင်းဖြတ်ပြီး ဟန်မြို့တော်ကို အောင်အောင်မြင်မြင် ထိုးဖောက်ခဲ့တာပဲ။ ဟန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ကျန်းဖျင်နဲ့ စစ်သူကြီးချောင်ရီတို့ကလည်း ကျောက်ဖုန်း လက်ချက်နဲ့ပဲ သေဆုံးခဲ့ရတယ်။ " ဝမ်ကျန့်က တုန်လှုပ်စွာ ပြောလိုက်သည်။
" သူက အဲ့လောက်တောင်စွမ်းတာလား။ " ဝမ်ပင်းက မှင်သက်သွားသည်။
" ဒီလူငယ်လေးက ကြောက်စရာကောင်းတဲ့ စစ်သူရဲတစ်ယောက်ဖြစ်သလို ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်လည်း ဖြစ်တယ်။ သူ့ကို ငါ ဘယ်လိုမြင်မိလဲမင်းသိလား။ " ဝမ်ကျန့်က ဝမ်ပင်းကို မေးလိုက်သည်။
"အရင်က ဝူအန်းနယ်စား စစ်နတ်ဘုရားပိုင်ချီပဲ။ " ဝမ်ကျန့်က လေးစားစွာဖြင့် ပြောလိုက်သည်။
" အဖေက ကျောက်ဖုန်းကို ဝူအန်းနယ်စားနဲ့ တကယ်ပဲနှိုင်းယှဉ်နေတာလား။ " ဝမ်ပင်းက အံ့ဩစွာ မေးလိုက်သည်။ သူ၏ ဖခင် စိတ်ထဲတွင် အလေးစားဆုံး စစ်သူကြီးမှာ ချင်နိုင်ငံ၏ စစ်နတ်ဘုရားပိုင်ချီဖြစ်သည်ကို သူကောင်းကောင်းသိလေသည်။
" ဝူအန်းနယ်စားက နိမ့်ကျတဲ့ ရာထူးကနေ စခဲ့ပြီး ရန်သူတွေကို တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်ရင်း ရာထူးတွေ တိုးလာခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာ သူက လူယုတ်မာတွေရဲ့ လုပ်ကြံဖန်တီးမှုတွေကနေ မလွတ်မြောက်နိုင်ခဲ့ဘူး။ ငါ့အတွက်တော့ သူက အလေးစားဆုံးပုဂ္ဂိုလ်ဖြစ်သလို ဒုတိယဆရာတစ်ယောက်လိုပဲ။ "
" အဖေ အဲ့ဒါတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ရပ်တွေပဲ။ ဝူအန်းနယ်စားကြီးလည်း အေးအေးချမ်းချမ်း အနားယူနေပါပြီ။ " ဝမ်ပင်းက ပြောလိုက်သည်။
" မင်းနဲ့ငါ ဝူအန်းနယ်စားကြီးဆီက သင်ခန်းစာတွေကို မှတ်ထားရမယ်။ နန်းတွင်းအငြင်းပွားမှုတွေကို မပါဝင်မိအောင် သတိထားရမယ်။ လူတော်လူကောင်းတွေကို ခုခံဖို့ လွယ်ကူပေမယ့် လူယုတ်မာတွေကို ကာကွယ်ဖို့ ခက်ခဲတယ်။ "
" ကျောက်ဖုန်းကို ပင်မတပ်ဖွဲ့ဆီ ပြောင်းရွှေ့လိုက်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။ မြို့ကို ပထမဆုံး ဖောက်ဝင်ခဲ့တဲ့သူအနေနဲ့ ကြီးမားတဲ့ ဆုလာဘ်နဲ့ ထိုက်တန်တယ်။ သူ့ကို ရာထူးတိုးဖို့ အစီရင်ခံရမှာဖြစ်သလို မင်းကြီးရဲ့ အမိန့်တော်လည်း လိုအပ်တယ်။ "
" မင်းရဲ့ ညီမလေး အဆင်ပြေရဲ့လား။ " ဝမ်ကျန့်က စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
" သူမ ရှန်းယန်ကို ပြန်ရောက်နေလောက်ပါပြီ။ အဖေစိတ်မပူပါနဲ့။ " ဝမ်ပင်းက ပြုံး၍ ပြန်ဖြေလိုက်သည်။
" နောက်ဆုံးတော့ ငါ မင်းညီမအပေါ် အကြွေးအများကြီးတင်နေတာပဲ။ " ဝမ်ကျန့်က သက်ပြင်းချလိုက်သည်။
" မင်းသာဖုစုက ကြင်နာတတ်တဲ့သူပဲ။ သူ့ကို လက်ထပ်ရရင် သူတို့နှစ်ယောက် အပြန်အလှန် လေးစားမှုနဲ့ နေထိုင်သွားမှာပါ။ "
" ကောင်းပြီ။ " ဝမ်ကျန့်က ပြောလိုက်သည်။ " လီထန်ကို သတင်းပို့လိုက်။ ဘယ်လိုနည်းနည်းနဲ့ဖြစ်ဖြစ် ဟန်မင်းကြီးကို အမိဖမ်းရမယ်။ "
ရှင်းကျန်းမြို့တော်။
" ညီအကိုတို့..." ကျောက်ဖုန်းက လေ့ကျင့်ရေးကွင်း၏ အလယ်တွင် ရပ်နေသည်။
" ဒီနေ့တော့ အသားနဲ့ ဝိုင်တွေအများကြီးပဲ။ အားရပါးရသောက်ကြပေတော့။ "
" ကျွန်တော်တို့ တပ်မမှူးအတွက် ချီးယာစ်..."
" ဟားဟား ဒီနေ့သောက်ရတဲ့ ဝိုင်တွေက ဟန်နန်းတော်ကလာတဲ့ တော်ဝင်ဝိုင်ကောင်းတွေပဲ။ ဒါပေမယ့် ဒါက တော်ဝင်ဝိုင်တွေဆိုပေမယ့် သိပ်မပြင်းသေးဘူး။ တကယ်အရသာအစစ်မထွက်သေးဘူး။ "
" တပ်မမှူးက ဒီထက်ကောင်းတဲ့ဝိုင် သောက်ဖူးလို့လား။ " ကျန်းဟန်က သိလိုစိတ်နှင့် မေးလိုက်သည်။
" ဒီလောကမှာ အကောင်းဆုံးလို့ခေါ်တဲ့ ဘယ်အရာနဲ့မှ မနှိုင်းယှဉ်နိုင်တဲ့ ဝိုင်မျိုးတယ်။ " ကျောက်ဖုန်းက ယုံကြည်မှုရှိစွာဖြင့် ရယ်မောပြီး ပြောလိုက်သည်။ နောက်ပိုင်းခေတ်များတွင် ပေါင်းခံဝိုင်များက ယနေ့ခေတ် ဝိုင်များထက် အစပေါင်းများစွာ အရသာပိုကောင်းလေသည်။
" တပ်မမှူးက ကြွားနေပြန်ပြီ။ ညီအကိုတို့ ဒီည တပ်မမှူးမှောက်သွားတဲ့အထိ တိုက်ကြမယ်။ "
စစ်သည်များက ကျောက်ဖုန်းကို ဝန်းရံပြီး ဂုဏ်ပြုသောနေကြသဖြင့် စခန်းတစ်ခုလုံး ဆူညံနေတော့သည်။ ၎င်းမှာ ကျောက်ဖုန်းက သူ၏ စစ်သည်များကို ဦးဆောင်ပြီး ဖမ်မိခဲ့သောကြောင့် ရရှိလာသော အခွင့်အရေး ဖြစ်သည်။