← Chapters

အခန်း (၅၇)

Vol. 6 Ch. 57

အခန်း (၅၇)

Vol. 6 Ch. 57

လျိုဝူ၏ တပ်ဖွဲ့ရှိရာနေရာတွင် အခြေအနေက တခြားစီဖြစ်သည်။ သူတို့ကလည်း အသားများစားနေရသော်လည်း သူတို့၏ စိတ်ဓာတ်တက်ကြွမှုက ကျောက်ဖုန်း၏ တပ်ဖွဲ့ကို မယှဉ်နိုင်ပေ။

" ငါလည်း တပ်မမှူးကျောက်ဖုန်းရဲ့ တပ်ဖွဲ့ကို ပြောင်းချင်လိုက်တာ။ ဟိုမှာကတကယ်ပျော်စရာကောင်းတယ်။ "

" တပ်မမှူးကျောက်က သူ့လူအားလုံးကို ညီအကိုတွေလို ဆက်ဆံသလို တိုက်ပွဲဆိုရင်လည်း ရှေ့ဆုံးက ဦးဆောင်ခဲ့တယ်။ "

လျိုဝူ၏ တပ်ဖွဲ့မှ စစ်သားများက ဘေးကပ်လျက် စခန်းမှ စည်ကားနေသော မြင်ကွင်းများကို အားကျစွာ ကြည့်နေကြသည်။ ထိုမြင်ကွင်းကို လျိုဝူကိုယ်တိုင်လည်း မြင်တွေ့နေရသည်။ သူ၏ ခန္ဓာကိုယ်အထက်ပိုင်းက ပတ်တီးများ ပတ်ထားရဆဲ ဖြစ်သည်။

" ဟူး..." လျိုဝူက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။ သူ၏ တပ်ဖွဲ့က စစ်တပ်စွမ်းဆောင်မှုများ ရရှိခဲ့သော်လည်း အဓိကစွမ်းဆောင်သူမှာ မည်သူဖြစ်သည်ကို လူတိုင်းသိကြသည်။

ကျောက်ဖုန်းသာ မြို့တံခါးကို မထိုးဖောက်ခဲ့လျှင် သူတို့အသက်ပျောက်နေလောက်ပြီဖြစ်သည်။ ထိုခဏတွင် ချန်တောက်က ဖြည်းညင်းစွာ လျှောက်လာသည်။

" ဘာဖြစ်လို့လဲ။ " ချန်တောက်က အဓိပ္ပါယ်ရှိစွာ ပြောလိုက်သည်။ " စိတ်ထဲမှာ တစ်မျိုးဖြစ်နေလို့လား။ "

" တပ်မှူး " လျိုဝူက အမြန်ထကာ အရိုအသေပေးလိုက်သည်။

" စစ်တပ်ဆိုတာ အရည်အချင်းနဲ့ စကားပြောတဲ့ နေရာပဲ။ " လျိုဝူက ရှက်ရွံ့စွာ ပြောလိုက်သည်။ " ဒီတစ်ခါတော့ တပ်မှူးကို ကျွန်တော် စိတ်ပျက်စေခဲ့ပါပြီ။ ဟန်မြို့တော်ကို မထိုးဖောက်နိုင်ခဲ့ဘူး။ "

" ဒီစစ်ပွဲကို ကြည့်ရသလောက်ဆိုရင် ငါကိုယ်တိုင်တောင် ကျောက်ဖုန်းကို မယှဉ်နိုင်ဘူး။ " ချန်တောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ " သူ့ရဲ့ နောက်လာမယ့် အောင်မြင်မှုတွေက မင်းနဲ့ငါ စိတ်ကူးထားတာထက် ပိုသွားလိမ့်မယ်။ "

" တပ်မှူး " လျိုဝူက ရုတ်တရက် မေးလိုက်သည။ " ဒီကိစ္စကြောင့် သူ တပ်မှူးအပေါ် အ​​ငြိုးထားသွားနိုင်လား။ "

စစ်ပွဲမစခင် လျိုဝူက အလွန်မောက်မာခဲ့ပြီး ကျောက်ဖုန်းကို နောက်ကသာ လိုက်ခဲ့ရန် ပြောခဲ့ဖူးသည်။ ၎င်းကို ပြန်စဉ်းစားမိတိုင်း လျိုဝူက အလွန်ရှ​က်ရွံ့ရလေသည်။

" ကျောက်ဖုန်းက ဒီလိုကိစ္စလေးတွေကို လိုက်တွေးနေမယ့် လူမျိုးမဟုတ်ဘူး။ မင်းအများကြီးမတွေးနဲ့။ " ချန်တောက်က ပြုံး၍ ပြောလိုက်သည်။

" လာ ငါတို့သွားပြီး သူ့ကို ဂုဏ်ပြုစကားပြောရအောင်။ " ချန်တောက်က လျိုဝူကို ခေါ်လိုက်သည်။

" သောက်ကြ..." ကျောက်ဖုန်း၏ တပ်ဖွဲ့က ဆူညံပျော်ရွှင်နေကြသည်။

" တပ်မမှူး " ဝေချွမ်က တိုးတိုးလေး ကပ်ပြောလိုက်သည်။ " တပ်မှူးချန်နဲ့ တပ်မမှူးလျိုတို့ ရောက်လာကြပါတယ်။ "

" ငါသူတို့ဆီသွားလိုက်ဦးမယ်။ " ကျောက်ဖုန်းက ဝိုင်အိုးကို ချလိုက်ပြီး ဖြည်းညင်းစွာ ထရပ်လိုက်သည်။

" သူတို့က တပ်မမှူးကို ကျေးဇူးလာတင်တာထင်တယ်။ " ဝေချွမ်က ပြောလိုက်သည်။

" ကျွန်တော်တို့ တပ်မမှူးသာ ဝင်မပါခဲ့ရင် သူတို့တပ်ဖွဲ့တစ်ခုလုံး အမြစ်ပြတ်သွားလောက်ပြီ။ "

" တပ်မှူးချန်ကို ဂါရဝပြုပါတယ်။ " ကျောက်ဖုန်းက အရိုအသေပေးလိုက်သည်။

" တပ်မမှူးကျောက် မင်းရဲ့ ရာထူးက မကြာခင် ငါကို ကျော်သွားတော့မည်ထင်တယ်။ " ချန်တောက်က မြှောက်ပင့်ပြောဆိုလိုက်သည်။

" တပ်မမှူးကျောက် ငါ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ " လျိုဝူက ရှေ့တိုးလာပြီး ဒူးထောက်၍ အလေးအနက် ဦးညွှတ်လိုက်သည်။

" တပ်မမှူးလျို ဒီလိုလုပ်ဖို့ တကယ်မလိုပါဘူး။ " ကျောက်ဖုန်းက သူ့ကို ထူပေးလိုက်သည်။

" ဒီဦးညွှတ်မှုက ကျေးဇူးတင်ရုံတင်မကဘဲ အရင်က ငါ့ရဲ့ မောက်မာမှုတွေအတွက် ခွင့်လွှတ်ဖို့ တောင်းပန်တာပါ။ " လျိုဝူက ထပ်ပြောလိုက်သည်။

" ငါတို့က ရဲဘော်ရဲဘက်တွေပဲ။ ဒီလောက်ယဉ်ကျေးနေဖို့ မလိုပါဘူး။ " ကျောက်ဖုန်းက ပြောလိုက်သည်။

လျိုဝူက နောက်တစ်ချိန်တွင် လက်သားချေခံရမည်ကို ကြောက်ရွံ့နေကြောင်း ကျောက်ဖုန်းက သိနေသည်။

" ရောက်လာမှတော့ တစ်ခွက်လောက် သောက်ကြပါလား။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဒီနေ့က မင်းတို့တပ်ဖွဲ့အတွက် ဂုဏ်ပြုတဲ့နေပဲ။ ငါတို့က မင်းကို လာရောက်ဂုဏ်ပြုတာပါ။ " ချန်တောက်နှင့် လျိုဝူတို့က ထွက်ခွာသွားကြသည်။

" ညီအကိုတို့ ဆက်သောက်ကြမယ်။ " ကျောက်ဖုန်းက လူအုပ်ထဲသို့ ပြန်ဝင်သွားရင်း အော်ပြောလိုက်သည်။

" နောက်ဆုံးတော့ အဲ့ဒီလျိုဝူက တပ်မမှူးရှေ့မှာ ဝန်ချတောင်းပန်ရပြီပေါ့။ "

" ငါတို့က ရဲဘော်ရဲဘက်တွေပဲ။ အဲ့ဒါကို အများကြီးတွေးမနေကြနဲ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ညဉ့်နက်ပိုင်းတွင် ကျောက်ဖုန်းက အိပ်ဆောင်သို့ ပြန်လာပြီး ကုတင်ပေါ်တွင် လဲလိုက်သည်။ သူက မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသည်။

" အဆင့်တစ် ရတနာသေတ္တာလေးလုံး ပြီးတော့ ဒီနေ့အလောင်းတွေ မြှုပ်နှံရာကနေ ရလာမယ့် စွမ်းရည်တွေ.... ငါ့ရဲ့ ကံကောင်းမှုတွေ အထွတ်အထိပ် ရောက်နေဖို့ပဲ မျှော်လင့်ရတာပဲ။ " ကျောက်ဖုန်းက တွေးလိုက်ပြီး သူ၏ တပ်ဖွဲ့များ မြှုပ်နှံခဲ့သော အလောင်းများထံမှ စွမ်းရည်များကို သိမ်းဆည်းလိုက်သည်။

" စွမ်းရည်တွေ ရယူမယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်နှင့် စနစ်၏ အသိပေးချက် ထွက်ပေါ်လာသည်။

" သင်၏ တပ်ဖွဲ့က အလောင်းပေါင်း ၆၇၉၀ကို မြှုပ်နှံခဲ့ပြီး စွမ်းရည်မှတ် ၆၇၉ ရရှိပါတယ်။ "

" ခွန်အား ၁၆၈မှတ် ရရှိပါတယ်။ "

" အမြန်နှုန်း ၁၃၉မှတ် ရရှိပါတယ်။ "

" ရုပ်ခန္ဓာ ၉၆မှတ် ရရှိပါတယ်။ "

" စိတ်ဝိညာဉ် ၈၈မှတ် ရရှိပါတယ်။ "

" သက်တမ်း ၁၈၈ရက် ရရှိပါတယ်။ "

" ကောင်းလိုက်တာ။ တခြားဟာတွေမပါရင်တောင် ငါ့ရဲ့ အသက်က နှစ်ဝက်လောက် ပိုရှည်သွားပြီ။ ဒါက တကယ် အကျိုးအမြတ်ပဲ။ လူအင်အားများတာက တကယ်ကောင်းတာပဲ။ အရာရှိကံကြမ္မာတံဆိပ်က ဘယ်တော့ထပ်ပြီး ပြောင်းလဲသွားမလဲမသိဘူး။ "

" အလောင်းမြှုပ်နှံရာကတေ စွမ်းရည်တွေ ရတာမျိုးမဟုတ်ဘဲ ရန်သူတွေကို သတ်တာကနေ စွမ်းရည်တွေ တိုက်ရိုက်ရတာမျိုးဆိုရင် ပိုကောင်းမှာပဲ။ " ကျောက်ဖုန်းက တွေးလိုက်သည်။

ထိုအချိန်တွင် စနစ်မှ နောက်ထပ် အသိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

" ဟန်မင်းကြီးကို ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် အဆင့်နှစ် ရတနာသေတ္တာကို ရရှိပါတယ်။ " ကျောက်ဖုန်း၏ မျက်လုံးများက ရုတ်တရက် တောက်ပသွားသည်။

" အဆင့်နှစ်ရတနာသေတ္တာလား။ ဒါပထမဆုံး ရတာပဲ။ ဒီသေတ္တာထဲက အနိမ့်ဆုံးပစ္စည်းတောင် တန်ဖိုးကြီးမှာပဲ။ "

ထိုအဆင့်နှစ်ရတနာသေတ္တာကို ကျောက်ဖုန်းက လုံးဝ မမျှော်လင့်ထားခဲ့ပေ။ သူက ဟန်မင်းကြီးကို သတ်ပစ်ရန် စဉ်းစားခဲ့သော်လည်း အရှင်ထား​ခြင်းက ပို၍ တန်ဖိုးရှိကြောင်း နားလည်ခဲ့သည်။

ထို့အပြင် ဘုရင်တစ်ပါးကို သတ်ခြင်းက ကောင်းသော ကိစ္စတစ်ခုမဟုတ်ပေ။ အုပ်ချုပ်သူဘုရင်တစ်ပါး၏ ကံကြမ္မာက အလွန်အားကောင်းသောကြောင့် အဆင့်နှစ်ရတနာသေတ္တာကို ရရှိခဲ့ခြင်းဖြစ်သည်။

" အဆင့်တစ် ရတနာသေတ္တာလေးလုံး၊ အဆင့်နှစ်ရတနာသေတ္တာတစ်လုံး။ ကောင်းကင်က ငါ့ကို ကောင်းတဲ့အရာတွေ ပေးဖို့ မျှော်လင့်ရမှာပဲ။ " ကျောက်ဖုန်းက တွေးလိုက်ပြီး ရတနာသေတ္တာများကို ဖွင့်လိုက်သည်။

" အဆင့်တစ် ရတနာသေတ္တာလေးလုံးကို ဖွင့်နေပါပြီ။ "

" ရွှေစတစ်ထောင်ကို ရရှိပါတယ်။ "

" အလယ်အလတ်အဆင့် ဆေးပညာကို ရရှိပါတယ်။ "

" ရှန်းကျိုးနယ်မြေ၏ မြေပုံကို ရရှိပါတယ်။ "

" အနက်ရောင်အဆင့် အဆင့်နိမ့် လေပြင်းဓားသိုင်းကို ရရှိပါတယ်။ "

" အဆင့်နှစ် ရတနာသေတ္တာကို ဖွင့်နေပါပြီ။ "

" မြေကြီးအဆင့် အဆင့်နိမ့် ခြေလှမ်းတစ်ရာဓားပျံသိုင်းကို ရရှိပါတယ်။ "

ရတနာသေတ္တာငါးလုံး ပွင့်သွားသည်နှင့် အသိပေးချက်များစွာ ထွက်ပေါ်လာသည်။ ကျောက်ဖုန်းက အခြားအရာများကို မကြည့်ဘဲ သိုင်းပညာနှစ်ခုကို ကြည့်လိုက်သည်။

" သိုင်းပညာနှစ်ခုတောင် တစ်ခုက မြေကြီူအဆင့်ပဲ။ ဒီတစ်ခါ ငါ့ကံက တကယ်ကောင်းတာပဲ။ " ကျောက်ဖုန်းက ဝမ်းသာသွားသည်။

သူ၏ စွမ်းရည်များက ယခုအခါ သာမန်လူများထက် များစွာ ကျော်လွန်နေပြီဖြစ်သည်။ သိုင်းပညာများကို ထပ်ပေါင်းလိုက်လျှင် သူ၏ စွမ်းအားကို ပိုမိုထုတ်ဖော်နိုင်မည်ဖြစ်သည်။

" လေပြင်းဓားသိုင်းနဲ့ ခြေလှမ်းတစ်ရာဓားပျံသိုင်းကို သင်ယူမယ်။ " အလင်းရောင်များလင်းလက်လာပြီး သိုင်းပညာနှစ်ခု၏ အချက်အလက်များက သူ၏ စိတ်ထဲသို့ စီးဝင်လာသည်။

ရှကျေးရွာ။

အာရုံဦးအချိန်၌ အရောင်လွင့်နေသော စကတ်ရှည်ကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်က ဆေးခြင်းတောင်းကို လွယ်ပြီး ရွာဆီသို့ ဖြည်းညင်းစွာ လျှောက်နေသည်။ လမ်းတွင် ပေါက်တူးများကို ထမ်းပြီး လယ်တောထဲသို့ သွားနေသော ရွာသားများလည်း ရှိနေသည်။

" မိန်းကလေးရင် ဆေးပင်တွေရှာပြီး ပြန်လာတာလား။ "

" ဟုတ်တယ် ဦးလေးလီ။ နေထွက်ချိန်ဆို ဆေးပင်တွေက အကောင်းဆုံးပဲလေ။ "

" မိန်းကလေးရင်က မင်းအမေ့ဆီက ဆေးပညာကို အပြည့်အဝ အမွေရထားတာပဲ။ "

" ဦလေးလီ အလုပ်တွေပြီးရင် ဆေးလိမ်းဖို့ ကျွန်မတို့ အိမ်ဖက်ကို ဝင်ခဲ့ဖို့ မမေ့နဲ့နော်။ "

ထိုမိန်းကလေးက ဆံပင်ကို ရိုးရှင်းစွာ ထုံးထားပြီး ရိုးရှင်းစွာ ဝတ်ဆင်ထားသော်လည်း ၎င်းကပင် သိမ်မွေ့သော ဆွဲဆောင်မှုတစ်ခုရှိနေသည်။ သူမက ရွာထဲသို့ လျှောက်ဝင်သွားစဉ် ရွာသားများက သူမကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်နေကြသည်။

မကြာမီ သူမက ခြံဝင်တစ်ခုသို့ ရောက်လာပြီး တံခါးဖွင့်ကာ အတွင်းသို့ ဝင်သွားသည်။ ခြံဝင်းထဲတွင် အမျိုးသမီးတစ်ယောက်က ဆန်ကာတစ်ခုကို ကိုင်ပြီး ကြက်များကို အစာကျွေးနေသည်။

" အမေ " မိန်းကလေးက ပြန်ရောက်သည်နှင့် ချက်ချင်း ခေါ်လိုက်သည်။ " သမီ ပြန်ရောက်ပြီ။ "

ထိုအမျိုးသမီးက လှည့်လိုက်ပြီး သူမ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမက အသက်သုံးဆယ်ဝန်းကျင်ရှိပုံရပြီး သူမ၏ ရုပ်ရည်က လှပသော်လည်း ဖျားနာမှုကြောင့် ညှိုးနွမ်းနေသည်။

All Chapters