အခန်း (၅၈)
Vol. 6 Ch. 58
" ရင်အာ သမီးတောနက်ထဲမသွားဘူးမဟုတ်လား။ " အမျိုးသမီးက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
" အမေ စိတ်ချပါ။.သမီးက အပြင်ဘက်မှာပဲ ဆေးပင်တွေရှာတာပါ။ " မိန်းကလေးက ပြန်ဖြေလိုက်သည်။
" အမေတို့ သမီးအကိုဆီကလည်း ဘာသတင်းမှ မရသေးဘူး။ အမ တကယ်စိတ်ပူတယ်။ " အမျိုးသမီးက ပြောလိုက်သည်။
သူမတို့က ကျောက်ဖုန်း၏ မိသားစုဝင်များဖြစ်ကြသော ကျောက်ကတော်နှင့် သူ၏ ညီမလေး ကျောက်ရင်တို့ဖြစ်ကြသည်။
" အမေ စိတ်မပူပါနဲ့ အကိုက အဆင်ပြေမှာပါ။ " ကျောက်ကတော်က ခေါင်းညိမ့်လိုက်သည်။ သူမ၏ သားဖြစ်သူ စစ်ထဲသို့ ရောက်သွားသည်မှာ ဆယ်လနီးပါးရှိနေပြီဖြစ်သည်။
ထိုအချိန်တွင် အဘိုးအိုတစ်ယောက်က သူမတို့ဆီသို့ ဖြည်းညင်းစွာ လျှောက်လာသည်။
" အဘိုးဝူ "
" သမီးအကိုသတင်းဘာကြားသေးလဲ။ " အဘိုးအိုကို မြင်သောအခါ ကျောက်ရင်က ပြုံးရွှင်သွားပြီး ခြံတံခါးကို ဖွင့်ပေးလိုက်သည်။
" ရင်အာက တကယ်တော်တာပဲ။ " အဘိုးအိုက ပြုံး၍ ချီးကျူးစကားပြောလိုက်သည်။
" ရွာလူကြီး ဖုန်းအာသတင်းဘာကြားသေးလဲ။ " ကျောက်ရင်က တုန်ရင်စွာ မေးလိုက်သည်။
သားဖြစ်သူထံမှ ဘာသတင်းမှ မရခဲ့သည်မှာ ဆယ်လနီးပါးကြာပြီဖြစ်သည်။ စစ်ထဲသို့ ဝင်သွားပြီးနောက် သူက အန္တရာယ်များသော မြောက်ဘက်နယ်စပ် သို့မဟုတ် အခြားနိုင်ငံများ၏ နယ်စပ်များတွင် တာဝန်ကျနေနိုင်ပေသည်။
" ငါ စုံစမ်းနေတာကြာပြီ။ " ရွာလူကြီးဝူက ပြောလိုက်သည်။ " ကျောက်ဖုန်းနဲ့ ပက်သက်တဲ့ သတင်းအသေးစိတ်ကိုတော့ မသိရသေးပေမယ့် သူက ထောက်ပို့တပ်ဖွဲ့မှာ တာဝန်ကျနေတယ်လို့ သိရတယ်။ "
" ထောက်ပို့တပ်ဖွဲ့မှာ တာဝန်ကျနေတာလား။ " ကျောက်ကတော်က ဝမ်းသာသွားသည်။ " ဒါဆိုကောင်းတာပေါ့။ ထောက်ပို့တပ်ဖွဲ့မှာ အန္တရာယ်ကင်းတယ်။ ထောက်ပို့တပ်ဖွဲ့မှာ စစ်မှုထမ်းက နှစ်နှစ်ဆိုတော့ သူပြန်လာဖို့ တစ်နှစ်ပဲလိုတော့တာပေါ့။ "
" ကျောက်ကတော်က ချင်နိုင်ငံရဲ့ စစ်တပ်အကြောင်းကို ကောင်းကောင်းနားလည်ပုံပဲ။ မှန်တယ်။ ထောက်ပို့တပ်ဖွဲ့ရဲ့ စစ်မှုထမ်းနှစ်က နှစ်နှစ်ပဲ။ " ရွာလူကြီးဝူက ပြုံး၍ ပြောလိုက်သည်။
" အမေ " ကျောက်ရင်က ပြုံးရွှင်စွာ ပြောလိုက်သည်။ " အကိုအဆင်ပြေမှာပါလို့ သမီးပြောပါတယ်။ "
" သူ့ရဲ့ ပိန်လှီတဲ့ လက်မောင်းတွေ ခြေထောက်တွေနဲ့ဆို သူက တိုက်ခိုက်ရေးတပ်ဖွဲ့မှာ တာဝန်ကျမှာမဟုတ်ဘူး။ " သူမက ရယ်မောပြီး ပြောလိုက်သည်။
" ကိုယ့်အကိုကို ဘယ်လိုပြောနေတာလဲ။ " ကျောက်ကတော်က သူမ၏ သမီးကို ဆူပူလိုက်သည်။
သို့သော် ရွာလူကြီးဝူ၏ စကားများကို ကြားပြီးနောက် သူမ၏ စိုးရိမ်ပူပန်မှုများက သိသိသာသာ လျော့နည်းသွားခဲ့သည်။ တိုက်ခိုက်ရေးတပ်ဖွဲ့ တာဝန်မကျခြင်းမှာ သူမအတွက် အကောင်းဆုံး သတင်းပင်ဖြစ်သည်။ သူမက ဘွဲ့ထူးဂုဏ်ထူးများကို မလိုအပ်ဘဲ သူမ၏ သားကို အိမ်သို့ ဘေးကင်းစွာ ပြန်လာစေရုံသာဖြစ်သည်။
" ဒါပေမယ့် အဲ့ဒါ အမှန်ပဲလေ။ " ကျောက်ရင်က လျှာထုတ်ပြီး ပြောလိုက်သည်။
အခြားသူများရှေ့တွင် သူမက တည်ငြိမ်ပြီး ယဉ်ကျေးသိမ်မွေ့သော်လည်း သူမ၏ မိခင်၊ အကိုတို့နှင့် အတူရှိနေချိန်တွင် သူမက ကလေးဆန်သော အမူအရာများကိုသာ ပြသလေ့ရှိသည်။ သူမက ငယ်စဉ်ကတည်းက အကိုဖြစ်သူ၏ အလိုလိုက်ခြင်းကို ခံခဲ့ရသူဖြစ်သည်။
" ဒါပေမယ့် ငါ နောက်ထပ်သတင်းအချို့လည်း ရထားသေးတယ်။ " ရွာလူကြီးဝူက အနည်းငယ် တုန့်ဆိုင်းသွားပြီး ပြောလိုက်သည်။
" ရွာလူကြီး ပြောပါ။ ကျွန်မသိချင်ပါတယ်။ " ကျောက်ကတော်က ပြောလိုက်သည်။
" ချင်စစ်တပ်က ဟန်နိုင်ငံကို တိုက်ခိုက်ဖို့ အရှေ့ဘက်ကို ချီတက်နေပြီ။ ကျောက်ဖုန်းရှိတဲ့ ထောက်ပို့တပ်ဖွဲ့ကလည်း ဟန်နိုင်ငံမှာ ရှိနေလောက်တယ်။ " ရွာလူကြီးဝူက ဖြည်းညင်းစွာ ပြောလိုက်သည်။
ထိုစကားကြောင့် ကျောက်ကတော်က အနည်းငယ် တုန်လှုပ်သွားသော်လည်း သူမကိုသူမ အမြန်ထိန်းချုပ်ပြီး အားတင်း၍ ပြုံးလိုက်သည်။
" ကိစ္စမရှိပါဘူး။ ဖုန်းအာက ထောက်ပို့တပ်ဖွဲ့မှာ ရှိနေတာပဲ။ တိုက်ခိုက်ရေးတပ်ဖွဲ့မှာမဟုတ်တော့ အန္တရာယ်မရှိနိုင်ပါဘူး။ "
" မင်းပြောတာမှန်တယ်။ စစ်မြေပြင်မှာ ထောက်ပို့တပ်ဖွဲ့ရဲ့ တာဝန်က အလောင်းတွေ ရှင်းလင်းဖို့နဲ့ ရိက္ခာ သယ်ယူပို့ဆောင်ဖို့ပဲ။ ကျောက်ဖုန်းအတွက် အရမ်းစိုးရိမ်နေရာမလိုဘူး။ ပြီးတော့ အဲ့ဒီကောင်လေးက ထက်မြက်ပြီး ဉာဏ်ကောင်းတယ်။ ဒါကြောင့် နောက်တစ်နှစ်ကြာရင် ကျောက်ဖုန်းပြန်လာတာကို စောင့်နေလိုက်ပါ။ " ရွာလူကြီးဝူက စိတ်ချစေရန် ထပ်ပြောလိုက်သည်။
ရှကျေးရွာ။
ရွာလူဦးရေမှာ လူငါးရာပင် မပြည့်ပေ။ ထိုအရေအတွက်မှာ များသည်ဟုထင်ရသော်လည်း ၎င်းတွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ် အရွယ်စုံပါဝင်သည်။
ကျောက်မိသားစုက ရွာတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်သည်။ မိခင်နှင့် သမီးဖြစ်သူနှစ်ယောက်လုံးက ဆေးပညာတွင် ကျွမ်းကျင်ကြသည်။ ရွာသူရွာသားများက ဖျားနာမှုအသေးအဖွဲမှအစ သူတို့ထံ အကူအညီတောင်းကြပြီး သူတို့၏ ကုသခမှာ မြို့ပေါ်မှ ဆေးဆရာများထံ သွားရောက်ပြသခြင်းထက် များစွာ သက်သာလှသည်။
ကျောက်ကတော်နှင့် သူမ၏ သမီးတို့က ငွေကြေးများစွာ တောင်းဆိုခြင်းမရှိဘဲ အစားအစာ၊ ဆီနှင့် အခြားကုန်ပစ္စည်းများကိုသာ တောင်းဆိုကြသည်။ သူမတို့၏ ထူးချွန်သော ဆေးပညာကြောင့် အိမ်နီးချင်းရွာမှ လူများပင် သူမတို့ထံသို့ လာရောက်ကုသကြသည်။
ထို့ကြောင့် သူမတို့၏ သတင်းက ပတ်ဝန်းကျင်ရွာများသို့ ပျံ့နှံ့သွားပြီး ကုသမှုခံယူရန်အတွက် အပြင်လူအများအပြားကို ဆွဲဆောင်နေသည်။ ထို့ကြောင့် ကျောက်ကတော်နှင့် သူမ၏ သမီးက ရွာတွင် အဆင့်အတန်း မြင့်မားပြီး ကောင်းမွန်စွာ စောင့်ရှောက်ခြင်းခံရသည်။
မိသားစုထဲတွင် တစ်ယောက်တည်းသော ယောကျာ်းသားဖြစ်သူ ကျောက်ဖုန်းက စစ်ထဲသို့ ရောက်နေသည့် အချိန်တွင် သူမတို့ သားမိနှစ်ယောက်က လယ်ယာများကို စိုက်ပျိုးရန် အင်အားမရှိကြသော်လည်း ရွာမှ သန်စွမ်းသော အမျိုးသားများက သူမတို့ကို စေတနာအလျောက် ကူညီပေးကြသည်။
၎င်းမှာ ကျောက်မိသားစုမှ သူတို့အပေါ် ပြသခဲ့သည့် ဂရုဏာတရားကြောင့်ပင်ဖြစ်သည်။
" ဟုတ်ကဲ့။ " ကျောက်ကတော်က ခေါင်းညိမ့်လိုက်သည်။ သူမ၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေသော်လည်း သားဖြစ်သူမှာ ထောက်ပို့တပ်ဖွဲ့တွင် ရှိနေသည်ဟု သိရခြင်းက သူမကို စိုးရိမ်ပူပန်မှု လျော့နည်းသွားစေသည်။
" အဘိုးဝူ " ကျောက်ရင်က ပြောလိုက်သည်။ " စစ်သားတွေက နှစ်စဉ်လစာ ရကြတယ်မဟုတ်ဘူးလား။ သမီးအကိုက စစ်ထဲဝင်သွားတာ ဆယ်လနီးပါး ရှိနေပြီ။ ဘာလို့သူ့ရဲ့ လစာကို မထုတ်ပေးသေးတာလဲ။ ရွာကစစ်သားတွေဆိုရင် သုံးလတစ်ကြိမ် လစာကြတယ်လေ။ အကိုက ဘာလို့ဒီလောက်ကြာနေတာလဲ။ "
" ဖြစ်နိုင်တာ ချင်စစ်တပ်က စစ်တိုက်နေလို့ဖြစ်မယ်။ " ရွာလူကြီးဝူက ပြုံး၍ ပြောလိုက်သည်။
" နိုင်ငံက ပြည်ပကို စစ်တိုက်တဲ့အခါ တစ်နိုင်ငံလုံးရဲ့ အင်အားကို စစ်ပွဲအတွက် အာရုံစိုက်ထားကြတယ်။ ဒါကြောင့် လစာထုတ်ပေးဖို့ နှောင့်နှေးနေတာ ဖြစ်လိမ့်မယ်။ စစ်ပွဲပြီးသွားရင် ထုတ်ပေးမှာပေါ့။ "
" သမီးအကိုရဲ့ နှစ်စဉ်လစာက ဘယ်လောက်ရမလဲမသိဘူး။ " ကျောက်ရင်က မျှော်လင့်ချက်များနှင့် ပြောလိုက်သည်။
" ရင်အာ မျှော်လင့်ချက်သိပ်မထားနဲ့။ မင်းရဲ့ အဘိုးဝူကလည်း စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တာပဲ။ ထောက်ပို့တပ်ဖွဲ့က စစ်မြေပြင်က အန္တရာယ်တွေကို ရင်မဆိုင်ရပေမယ့် နှစ်စဉ်လစာနဲ့ အခြားခံစားခွင့်တွေမှာတော့ တိုက်ခိုက်ရေးစစ်သည်တွေကို မယှဉ်နိုင်ဘူး။ " ရွာလူကြီးဝူက ပြုံး၍ ပြောလိုက်သည်။
" အာ..." ကျောက်ရင်က အနည်းငယ် စိတ်ပျက်သွားပြီး ထပ်မေးလိုက်သည်။ " တိုက်ခိုက်ရေးစစ်သည်တွေနဲ့ ထောက်ပို့တပ်သားတွေရဲ့ ခြားနားချက်က စစ်မတိုက်ရတာပဲလား။ "
" လုံးဝမဟုတ်ဘူး။ တိုက်ခိုက်ရေးစစ်သည်တွေက ဘွဲ့ထူးတွေရနိုင်ပြီး နန်းတော်ကနေ မြေယာတွေ ချီးမြှင့်ခြင်းခံရတယ်။ ဘွဲ့တစ်ခုရထားရင် အောက်ခြေအဆင့် တိုက်ခိုက်ရေးစစ်သည်ရဲ့ လစာတောင် မိသားစုတစ်ခုလုံးကို ထောက်ပံ့နိုင်တယ်။ " ရွာလူကြီးဝူက ပြုံး၍ ပြောလိုက်သည်။
" အဘိုးဝူရဲ့ မိသားစုပိုင်မြေတွေကလည်း နန်းတော်က ချီးမြှင့်ထားတာလား။ " ကျောက်ရင်က မေးလိုက်သည်။
" မှန်တာပေါ့။ " ရွာလူကြီးဝူက သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ပြီး ပြုံးလိုက်သည်။ " ငါက ပြည်နယ်တပ်သားတစ်ယောက်ဆိုပေမယ့် ဘွဲ့တစ်ခုရထားခဲ့တော့ နန်းတော်ကနေ မြေယာတွေချီးမြှင့်ခံခဲ့ရတယ်။ "
" အဲ့ဒါက ခြားနားချက်ပဲ။ တိုက်ခိုက်ရေးစစ်သည်တွေက နိုင်ငံအတွက် တိုက်ပွဲဝင်ပြီး စစ်မြေပြင်မှာ သူရဲကောင်းဘွဲ့တွေ ရယူကြတယ်။ ထောက်ပို့တပ်ဖွဲ့က စစ်မြေပြင်ကို ရှင်းလင်းပေးရတာပဲ။ သူတို့က အခွင့်အရေးနည်းသလို အဆင့်အတန်းကလည်း တိုက်ခိုက်ရေး စစ်သည်တွေလောက် မမြင့်ဘူး။ "
ကျောက်ရင်က နားလည်ဟန်ဖြင့် ခေါင်းညိမ့်လိုက်သည်။ ထိုကိစ္စများနှင့် ပက်သက်၍ သူမက ပထမဆုံးအကြိမ် သိရခြင်းဖြစ်သည်။
" ဘွဲ့ထူးဂုဏ်ထူးတွေထက် သမီးအကို ဘေးကင်းကင်းနဲ့ ပြန်လာဖို့ပဲ မျှော်လင့်ပါတယ်။ " ကျောက်ရင်က ပြုံး၍ ပြောလိုက်သည်။
" ဟားဟား " ရွာလူကြီးဝူက ပြုံး၍ ပြောလိုက်သည်။ " ဒါကတော့ မင်းနဲ့ မင်းအမေရဲ့ အမြင်ပေါ့။ ဘာပဲဖြစ်ဖြစ် မင်းတို့က ဆေးပညာနဲ့ မိသားစုကို ထောက်ပံ့နိုင်တယ်။ ဒါပေမယ့် အတတ်ပညာလည်းမရှိ မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးလည်း ရှိတဲ့မိသားစုတွေအတွက်တော့ တိုက်ခိုက်ရေးစစ်သည်ရဲ့ လစာကပဲ မိသားစုကို ထောက်ပံ့နိုင်မှာပဲ။ "
" ကောင်းပြီ။ ငါအများကြီး ပြောနေလို့လည်း ဘာမှမထူးဘူး။ ဘာပဲဖြစ်ဖြစ် ကျောက်ဖုန်းက နောက်တစ်နှစ်နေရင် ပြန်လာမှာပဲ။ လစာကိစ္စကတော့ အစိုးရက ထုတ်ပေးတဲ့အခါ ရွာလူကြီးတစ်ယောက်အနေနဲ့ ကူညီပေးမယ်။ မင်းတို့နှစ်ယောက် စိုးရိမ်ဖို့မလိုဘူး။ " ရွာလူကြီးဝူက ကျောက်ကတော်နှင့် ကျောက်ရင်တို့ကို ပြုံး၍ ပြောလိုက်သည်။
" သမီးအကိုသတင်း လာပြောပြပေးဖို့ အဘိုးဝူကို ကျေးဇူးတင်ပါတယ်။ " ကျောက်ရင်က ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။ " မဟုတ်ရင် အမေတော့ စိုးရိမ်လွန်ပြီး ဖျားသွားလိမ့်မယ်။ "
" ကိစ္စမရှိဘူး။ နောက်ကျ ကျောက်ဖုန်းသတင်းကို ငါသတိထားပြီး စုံစမ်းပေးမယ်။ သတင်းတစ်ခုခုကြားရင် ငါမင်းတို့ကို အကြောင်းကြားလိုက်မယ်။ " ရွာလူကြီးဝူက ပြုံး၍ ပြောလိုက်သည်။