← Chapters

အခန်း (၁၄၀၈-၁၄၁၀)

Vol. 94 Ch. 1408-1410

အခန်း (၁၄၀၈-၁၄၁၀)

Vol. 94 Ch. 1408-1410

အခန်း (၁၄၀၈)

သူတော်စင်လား

ဟွမ်ယွမ် ဧကရာဇ်၏ အသံကို ကြားလိုက်ရမှသာ ရန်ယွဲ့ ဧကရာဇ်လည်း သူမ၏ တုန်လှုပ်မှုများမှ ပြန်လည်နိုးထလာခဲ့သည်။ သို့သော် သူမ ဘာပြောရမှန်းပင် မသိတော့ပဲ ငေးကြည့်နေမိသည်။

ထိုအချိန်တွင် ရွှမ်မင် ဧကရာဇ်၏ မျက်နှာကတော့ အလွန် မည်းမှောင်နေပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မရဏအငွေ့အသက်များလည်း အခြားနေရာများသို့ ထိန်းချုပ်မရစွာ ပျံ့နှံ့သွားခဲ့သည်။ လုချန်း ဧကန်မုချ သေလိမ့်မည်ဟု သူ အစက ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း မထင်မှတ်ပဲ လုချန်းသည် လက်သီးတစ်ချက်တည်းနှင့် သွေးမိစ္ဆာ ဝိညာဉ်ဝါးမြိုခြင်း အတတ်ကို ချေဖျက်နိုင်လောက်အောင်အထိ အင်အားကြီးနေခဲ့သည်။

ယခု ရွှမ်မင် ဧကရာဇ် အစိုးရိမ်ဆုံးအရာမှာ လုချန်း သူတော်စင် အမွေခံဖြစ်လာနိုင်ခြေရှိသည်ဆိုသည့် အချက်တစ်ခုတည်း မဟုတ်တော့ပေ။ လုချန်း၏ လက်သီးချက်ကို ကြည့်ခြင်းအားဖြင့် လုချန်းသည် သွေးမိစ္ဆာ ဝိညာဉ်ဝါးမျိုခြင်း အတတ်အပေါ် အလွန် ဖိနှိပ်ချုပ်ကိုင်နိုင်စွမ်း ရှိနေပုံရသည်။

အကယ်၍ လုချန်း အင်အားအကုန်အသုံးပြု၍ ချေဖျက်ခဲ့ခြင်းဖြစ်လျှင်တောင် ရွှမ်မင်အနေနှင့် ထူးခြားသည်ဟု ထင်လိမ့်မည်မဟုတ်ပေ။ သို့သော် အဓိက ပြဿနာမှာ လုချန်း၏ လက်သီးချက်သည် ပေါ့ပေါ့ပါးပါးနှင့် အမှုမဲ့အမှတ်မဲ့ ရှိလှ၏။ လက်သီးလေလှိုင်းတစ်ခုသာ ထွက်ပေါ်လာခဲ့ပြီး အခြား ထူးခြားသည့်အရာ ဘာမှ မရှိခဲ့ခြင်း ဖြစ်သည်။

သဘာဝအရ ဖိနှိပ်ချုပ်ကိုင်နိုင်စွမ်း ရှိခြင်းမှအပ သာမန်လက်သီးတစ်ချက်က သွေးမိစ္ဆာ ဝိညာဉ်ဝါးမျိုခြင်း အတတ်ကို မည်သို့ ချေဖျက်နိုင်သနည်းဟူသော အချက်ကို ရှင်းပြရန် အခြားအကြောင်းပြချက်ကို ရွှမ်မင် ဧကရာဇ် မစဉ်းစားတတ်တော့ပေ။ ဤအချက်က ရွှမ်မင် ဧကရာဇ်ကို အလွန် စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ သူ၏ ပင်မကျင့်စဉ်သည် သွေးမိစ္ဆာ ဝိညာဉ်ဝါးမျိုခြင်း အတတ်ဖြစ်သည်။ အကယ်၍ လုချန်းသာ ပိုအင်အားကြီးလာပါက သူသည် သဘာဝအတိုင်း သူ့ကို ဖိနှိပ်ချုပ်ကိုင်လာမည် မဟုတ်ပါလား။။

လုချန်း အဘယ်ကြောင့် သွေးမိစ္ဆာ ဝိညာဉ်ဝါးမျိုခြင်းအတတ်ကို ချုပ်ကိုင်နိုင်ကြောင်း သူ မသိသေးပေ။ သို့သော် ထိုသို့သော နည်းလမ်းကို လုချန်းက ပြသလိုက်ပြီဖြစ်၍ သူ့အနေနှင့် လုချန်းကို အသက်ရှင်လျက် ဆက်မထားနိုင်တော့ပေ။

ရွှမ်မင် ဧကရာဇ်၏ မျက်လုံးများတွင် အေးစက်သော လူသတ်လိုစိတ်များ ထွက်ပေါ်လာသည်။ သူသည် ယခုချက်ချင်းပင် တောက်ရွှမ်ကမ္ဘာငယ်အတွင်းသို့ ပြေးဝင်ကာ လုချန်းကို သတ်ပစ်ချင်နေမိသည်။

…….

တစ်ချိန်တည်းမှာပင်။

တောက်ရွှမ်ကမ္ဘာငယ်အတွင်း။

တောက်ရွှမ်ကမ္ဘာငယ်အတွင်း၌လည်း အခြေအနေများက တင်းမာနေသည်။

လုချန်းက လက်သီးတစ်ချက်ဖြင့် သွေးမိစ္ဆာ ဝိညာဉ်ဝါးမြိုခြင်း အတတ်ကို ချေဖျက်လိုက်သည်ကို မြင်လျှင် ခန်းမအသီးသီးမှ တပည့်များလည်း သူတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ကြပြီး လုချန်းကိုသာ စိုက်ကြည့်နေကြသည်။ လုချန်းကို ဝိုင်းတိုက်ရန် ပြင်ဆင်နေကြသော တပည့်များလည်း လေထဲတွင်ပင် ရပ်တန့်သွားကြ၏။

လျန်ကျိချုန်းနှင့် တိုက်ခိုက်နေသော လော့ရန်ဟွေသည်လည်း သူ၏ တိုက်ခိုက်မှုများကို ရပ်လိုက်သည်။ သူ၏ အကြည့်သည် ဇဝေဇဝါဖြစ်မှုများဖြင့်အတူ လုချန်းထံ ကျရောက်သွားတော့သည်။

သွေးမိစ္ဆာ ဝိညာဉ်ဝါးမြိုခြင်း အတတ်သည် မိစ္ဆာကျင့်ကြံသူများ၏ ရက်စက်သော အတတ်ဖြစ်ပြီး ဖြောင့်မတ်သော ကျင့်ကြံသူများကို အလွန် ဖိနှိပ်နိုင်စွမ်းရှိသည်။ ထို့ကြောင့် သူက လျန်ကျိချုန်းကို အချိန်ဆွဲထားပြီး ပန်ယွမ်ရွှမ်ကို လုချန်းအား ကိုင်တွယ်ခိုင်းခဲ့ခြင်း ဖြစ်သည်။

ပန်ယွမ်ရွှမ်ကို လွှတ်လိုက်ခြင်းသည် လုချန်းကို သေရွာသွားခိုင်းခြင်းဟု သူထင်မြင်ခဲ့၏။ သို့သော် မထင်မှတ်ထားသည်က လုချန်းသည် အထိအခိုက်မရှိပဲ ပန်းယွမ်ရွှမ်သာလျှင် သူ၏ ကိုယ်ပိုင်ကျင့်စဉ်၏ တန်ပြန်ရိုက်ခတ်မှုကို ခံစားလိုက်ရသည်။

လုချန်း ဘယ်လိုလုပ်လိုက်တာလဲ။

သူက ဘာလို့ သွေးမိစ္ဆာ ဝိညာဉ်ဝါးမြိုခြင်း အတတ်ရဲ့ ဒဏ်ကို လုံးဝမခံရတာလဲ။

ဒါက လော့ရန်ဟွေ မျှော်လင့်ထားတာနှင့် လုံးဝ ခြားနားနေသည်။

“လုချန်းက နေမီးလျှံ ပုလဲကို သုံးလိုက်တာလား”

ဟု လော့ရန်ဟွေ တွေးတောလိုက်သည်။

သို့သော် ထိုပုလဲကို ရန်ယွဲ့ ဧကရာဇ်က သန့်စင်ပြီးသားဖြစ်ရာ အခြားသူများလက်ထဲတွင်တော့ ခုခံကာကွယ်ရန်အတွက်သာ သုံးနိုင်သင့်သည်။ ပန်ယွမ်ရွှမ်ကို တန်ပြန်ရိုက်ခတ်အောင် ဘယ်လိုလုပ်နိုင်မှာလဲ။

ထားလိုက်ပါတော့....

ပန်းယွမ်ရွှမ် ရှုံးသွားပြီဆိုမှတော့ သူကိုယ်တိုင် တိုက်ခိုက်ရတော့မည်ဖြစ်သည်။ ထို့နောက် လော့ရန်ဟွေသည် သွေးနီရောင် တောက်ပနေသော လေးရှည်တစ်လက်ကို ထုတ်ယူလိုက်၏။ ထိုလေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရှိနေသူအားလုံးလည်း ပြင်းထန်သော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ထိုဖိအားသည် စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ လာခြင်းဖြစ်ပြီး လူတိုင်းကို တုန်ရင်သွားစေသည်။

အပြင်ဘက်ရှိ ပရိသတ်များလည်း ချက်ချင်းပင် ဆူညံသွားကြပြန်သည်။

“ဒါ... ဒါက သွေးဆာနေသော လေးပဲ။”

“သွေးဆာနေသော လေးက ဘာလို့ လော့ရန်ဟွေ လက်ထဲ ရောက်နေတာလဲ။”

“ရွှမ်မင် ဧကရာဇ်က တကယ်ပဲ သွေးဆာနေသော လေးကို လော့ရန်ဟွေကို ပေးလိုက်တာလား။”

“ဒီတစ်ခါတော့ လုချန်း သွားပြီ။”

လော့ရန်ဟွေ လက်ထဲမှ သွေးဆာနေသော လေးကို မြင်လျှင် ရန်ယွဲ့ ဧကရာဇ်၏ အရှိန်အဝါလည်း ထပ်မံ ပေါက်ကွဲထွက်လာသည်။ သူမက

“ရွှမ်မင်...ရှင် ဒါဘာသဘောလဲ။ တောက်ရွှမ်ကမ္ဘာငယ်ဆိုတာ လမ်းစဉ်ကို နားလည်အောင် လုပ်တဲ့နေရာ။ ရှင့်ရဲ့ ကောင်းကင်တောင်တန်း ခန်းမက တပည့်တွေက သူများတွေကို ဒုက္ခပေးရတဲ့နေရာ မဟုတ်ဘူး။ သူတော်စင်အဆင့်တောင် မဟုတ်သေးတဲ့ တပည့်တစ်ယောက်ကို ရှင်က ဘယ်လိုလုပ်ပြီး သွေးဆာနေသော လေးကို ပေးရဲတာလဲ။”

“သူ အဲ့ဒီလေးရဲ့ တန်ပြန်ရိုက်ခတ်မှုကို ခံရပြီး ရူးသွပ်သွားမှာ ရှင်မကြောက်ဘူးလား။”

ရွှမ်မင် ဧကရာဇ်က အသာအယာ ရယ်မောလျက်

“ခင်ဗျား နည်းနည်း မမျှတဘူးလို့ ကိုယ့်ကိုယ်ကိုယ် မထင်ဘူးလား ရန်ယွဲ့။ ခင်ဗျားတောင်မှ ကောင်းကင်အဆင့် နေမီးလျှံ ပုလဲကို လုချန်းကို ပေးနိုင်တာပဲ။ ကျုပ်ကရော ဘာလို့ သွေးဆာနေသော လေးကို လော့ရန်ဟွေကို ခဏမငှားနိုင်ရမှာလဲ။”

ရန်ယွဲ့ ဧကရာဇ်က အေးစက်စွာဖြင့်

“လုချန်း လက်ထဲက နေမီးလျှံ ပုလဲက ကာကွယ်ဖို့ပဲ သုံးလို့ရတာ။ ဒါပေမဲ့ သွေးဆာနေသော လေးက တိုက်ခိုက်တဲ့ မှော်ရတနာ။”

“လမ်းစဉ်ကို ဆင်ခြင်ရမယ့် နေရာကို ကောင်းကင်အဆင့် တိုက်ခိုက်ရေး မှော်ရတနာ ပေးလိုက်တယ်ဆိုတော့ ရှင့်ရဲ့ ရည်ရွယ်က ဘာလဲ။”

ရွှမ်မင် ဧကရာဇ်က လျစ်လျူရှုစွာပင်

“အကောင်းဆုံး ကာကွယ်ခြင်းက တိုက်စစ်ဆင်ခြင်းဆိုတာ ခင်ဗျားမသိဘူးလား။ အကယ်၍ တစ်စုံတစ်ယောက်က ကောင်းကင်တောင်တန်း ခန်းမက တပည့်တွေကို ပစ်မှတ်ထားလာရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ တိုက်ခိုက်ရေး မှော်ရတနာ ပေးထားတာ ဘာမှ မမှားပါဘူး။”

ရွှမ်မင် ဧကရာဇ်နှင့် ရန်ယွဲ့ ဧကရာဇ်တို့ အချေအတင် ဖြစ်နေစဉ် လော့ရန်ဟွေသည် သူ၏ စိတ်ဝိညာဉ်စွမ်းအား အားလုံးကို စုစည်းကာ လေးကို ဆွဲလိုက်သည်။ တစ်ဆက်တည်း ဆိုသလိုပင် ကြီးမားသော သွေးနဂါးပုံရိပ်တစ်ခု လော့ရန်ဟွေ၏ နောက်တွင် ပေါ်လာ၏။

၎င်းကို မြင်လျှင် လျန်ကျိချုန်း၏ မျက်နှာ သိသိသာသာ ပျက်ယွင်းသွားတော့သည်။ ထိုအရာသည် ကောင်းကင်အဆင့် အထက်တန်းစား ရတနာဖြစ်ပြီး ရွှမ်မင် ဧကရာဇ်၏ ကိုယ်ပိုင်လက်နက်လည်း ဖြစ်၏။ လျန်ကျိချုန်းက လုချန်းဘက်သို့ လှည့်ကာ

“ညီလေးလု...နေမီးလျှဲ ပုလဲကို အမြန်သုံးလိုက်ပါ”

ဟု အော်ဟစ်လိုက်သည်။

သွေးဆာနေသော လေးကို တောင့်ခံနိုင်မည့် တစ်ခုတည်းသော အရာမှာ အခြားသော ကောင်းကင်အဆင့် ရတနာတစ်ခုသာ ဖြစ်ပေလိမ့်မည်။ သို့သော် လုချန်းကတော့ မလှုပ်မယှက် ရှိနေဆဲဖြစ်၏။ သူသည် သူ၏ အာကာသလက်စွပ်အတွင်းမှ ဓားရှည်တစ်လက်ကို အေးအေးဆေးဆေး ထုတ်ယူလိုက်သည်။

နောက်တစ်ခဏတွင် မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး ပတ်ဝန်းကျင်ရှိ စွမ်းအင်များ လုချန်းထံသို့ စုပြုံလာသည်။ ထိုအရာကို မြင်လျှင် ပတ်ဝန်းကျင်ရှိ တပည့်များ နောက်တစ်ကြိမ် မှင်သက်သွားကြပြန်သည်။ လုချန်းက ဤမျှ ဆူညံပွက်လောရိုက်အောင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲဟု သူတို့ တွေးနေကြသည်။

လုချန်းက ပုတီးစေ့ကို မသုံးပဲ ထိပ်တိုက်ရင်ဆိုင်ရန် ပြင်နေသည်ကို မြင်လျှင် လော့ရန်ဟွေက လှောင်ပြုံးပြုံးပြီး

“သေလိုက်စမ်း”

သူ၏ စကားအဆုံးတွင် မြားကို လွှတ်လိုက်ရာ သွေးနဂါးသည် သွေးမီးတောက်များ မှုတ်ထုတ်လိုက်ပြီး လုချန်းထံသို့ ပြေးဝင်သွားတော့သည်။ လျန်ကျိချုန်း၏ မျက်နှာလည်း ဖြူလျော့သွားတော့၏။

“သွားပြီ... အားလုံး သွားပြီ”

ဟု သူ ညည်းတွားလိုက်မိသည်။

ပြန်လည်ပျက်စီးခြင်းအဆင့် ခြောက်က ပုတီးစေ့ကို မသုံးပဲ ကောင်းကင်အဆင့် ရတနာရဲ့ တိုက်ခိုက်မှုကို ဘယ်လိုလုပ် တောင့်ခံနိုင်မှာလဲ။

လုချန်း ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသွားပြီဟု လူတိုင်း ထင်မှတ်လိုက်ကြသည်။

နောက်ဆုံးမှာတော့ သူ့ရဲ့ ပါရမီက သူ့ကို ပျက်စီးခြင်းဆီ ခေါ်သွားခဲ့ပြီ။

သမိုင်းတွင် သူတို့၏ ပါရမီအပေါ် အလွန်အမင်း ယုံကြည်မှုလွန်ကဲပြီး နောက်ဆုတ်ရမှန်း မသိပဲ အန္တရာယ်အတွင်း ကျရောက်ကာ စောစီးစွာ သေဆုံးခဲ့ရသည့် ကောင်းကင် ဂုဏ်ဆောင်များစွာ၏ ပုံပြင်များဖြင့် ပြည့်နှက်နေ၏။

လျန်ကျိချုန်း သက်ပြင်းအရှည်ကြီး ချလိုက်သည်။ ပြန်လည်ပျက်စီးခြင်းအဆင့်ကိုးမှ သာမန်ကျင့်ကြံသူတစ်ဦးပင် သွေးဆာနေသော လေးကို မတောင့်ခံနိုင်ပေ။ သူ တတ်နိုင်သမျှ အကုန်လုပ်ပေးခဲ့ပြီးပြီ။

လူတိုင်းက လုချန်း သေပြီဟု ထင်မှတ်နေချိန်တွင် ကောင်းကင်ယံမှ နှင်းပွင့်များ ကျဆင်းလာပြီး အရိုးထဲထိ အေးစိမ့်သွားစေသော လေအေးများ တိုက်ခတ်လာသည်။

လုချန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

“ရေခဲရှစ်ဆင့်ဓားကွက်”

သူပြောလိုက်သည်နှင့် တစ်ပြိုင်နက် အေးစက်သော အလင်းတန်း ရှစ်ခုသည် သွေးနဂါးကို ဖြတ်သန်းသွားခဲ့ပြီး နဂါးကြီးလည်း ဖန်ခွက်တစ်ခုကဲ့သို့ အပိုင်းပိုင်း အစစ ကွဲအက်သွားတော့သည်။

အရာအားလုံး တိတ်ဆိတ်သွား၏...

တောက်ရွှမ်ကမ္ဘာငယ်၏ အတွင်းနှင့် အပြင်တွင် ထိတ်လန့်စရာ ကောင်းလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။ လော့ရန်ဟွေသည် ပါးစပ်အဟောင်းသားနှင့် မျက်လုံးများ ပြူးထွက်လျက် ရပ်နေ၏။ သူ ကိုင်ထားတာက ကောင်းကင်အဆင့် ရတနာ ဟုတ်မဟုတ်ပင် သူ သံသယဝင်လာခဲ့သည်။

“လုချန်းက ဒါကို တားလိုက်တာလား။ မဖြစ်နိုင်တာ”

ဟု သူက ရေရွတ်လိုက်သည်။

လော့ရန်ဟွေက သူ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်ကို မြင်သောအခါ လုချန်းက ပြုံးလျက်

“ခင်ဗျားရဲ့ နည်းလမ်းတွေ ကုန်ပြီလား။ ကုန်ပြီဆိုရင်တော့ ကျုပ်အလှည့်ပဲ။”

ထိုသို့ပြောပြီးနောက် လုချန်း၏ ခန္ဓာကိုယ်သည် ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူတော့၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှ မှိန်ဖျော့သော ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး ရွှေရောင်ချပ်ဝတ်တန်ဆာတစ်ခု ပေါ်ပေါက်လာသည်။ လုချန်း၏ အင်အားသည် ထိုအခိုက်အတန့်တွင် အဆမတန် မြင့်တက်လာခဲ့သည်။

လုချန်းထံမှ ထွက်ပေါ်လာသော ဖိအားကို ခံစားလိုက်ရလျှင် တပည့်များအားလုံး အံ့အားသင့်သွားကြသည်။

“သူတော်စင်လား။ သူက သူတော်စင်တစ်ယောက် ဖြစ်သွားတာလား”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လုချန်း တကယ်ပဲ အဆင့်တက်သွားတာလား။”

“သူက ပြန်လည်ပျက်စီးခြင်းအဆင့် ခြောက်မှာပဲ ရှိသေးတာလေ။ ဘယ်လိုလုပ်ပြီး အဆင့်လေးဆင့်ကို ရုတ်တရက် ခုန်တက်သွားရတာလဲ။”

“မဟုတ်ဘူး.....သူက အဆင့်တက်သွားတာ မဟုတ်ဘူး။ သူက သူတော်စင်အဆင့်ရဲ့ အင်အားကို ရသွားတာ...”

…………….

အခန်း (၁၄၀၉)

လုချန်း သေကိုသေရမယ်

သူ၏ ခန္ဓာကိုယ်မှ သူတော်စင်အဆင့် ဖိအားများကို လုချန်းစတင် ထုတ်လွှတ်လိုက်၏။ ထိုအခါ တောက်ရွှမ်ကမ္ဘာငယ်အတွင်းရှိ တပည့်များသာ မှင်တက်သွားကြခြင်း မဟုတ်ပဲ အပြင်ဘက်ရှိ ခန်းမသခင်များနှင့် ကြည့်ရှုသူများလည်း အကြီးအကျယ် တုန်လှုပ်သွားကြသည်။

လုချန်းသည် ပြန်လည်ပျက်စီးခြင်းအဆင့် ခြောက်တွင်သာ ရှိသေးသည် မဟုတ်ပါလား။ သူသည် အချိန်တိုအတွင်း အဆင့်လေးဆင့်ကို ကျော်ဖြတ်ပြီး သူတော်စင် တစ်ယောက် ဘယ်လိုလုပ် ဖြစ်သွားရသနည်းဟု လူတိုင်း အံ့ဩနေကြသည်။

အသက် ဆယ့်ခြောက်နှစ်အရွယ် သူတော်စင်ဆိုတာ ဘယ်လိုပြက်လုံးမျိုးပါလိမ့်။

လုချန်းသည် ဧကရာဇ်အဆင့် တစ်ဦး ဝင်စားသူ ဖြစ်လျှင်ပင် သူ၏ ကျင့်စဉ်ပြန်လည်ရရှိမှုနှုန်း ဤမျှ မမြန်သင့်ပေ။

မကြာမီမှာပင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ဓာတ်ပေါင်းစုံ ဧကရာဇ် ခံစားမိကာ

“မဟုတ်ဘူး... သူက သူတော်စင် မဟုတ်သေးဘူး။ သူ့မှာ သူတော်စင် အငွေ့အသက်မရှိဘူး”

သူတော်စင်များသည် သာမန်ကျင့်ကြံသူများ မဟုတ်တော့ပေ။ သူတို့၏ အရှိန်အဝါသည် သာမန်လူများနှင့် သိသိသာသာ ကွဲပြားသည်။ လုချန်းသည် သူတော်စင်တစ်ဦး၏ ဖိအားကို ထုတ်လွှတ်နေသော်လည်း သူတော်စင်တစ်ဦး၏ အငွေ့အသက်မျိုး မရှိသည်ကတော့ အမှန်ပင် ဖြစ်၏။

လင်ဖုန်း ဧကရာဇ်ကလည်း

“လုချန်းရဲ့ ကိုယ်ပေါ်က ရွှေရောင်ချပ်ဝတ်တန်ဆာက သူ့ရဲ့ ခွန်အားကို သူတော်စင်အဆင့်အထိ မြှင့်တင်ပေးထားတာ ထင်တယ်။ ရန်ယွဲ့... ခင်ဗျားကတော့ လုချန်းရဲ့ ဘေးကင်းရေးအတွက် တကယ်ကို အကုန်အစင် ပုံအောပေးထားတာပဲ။ ဒီလောက် အဆင့်မြင့်တဲ့ မှော်ရတနာကိုတောင် ပေးထားတယ်ပေါ့။”

လင်ဖုန်း ဧကရာဇ်၏ အမြင်တွင် လုချန်းကဲ့သို့ ဝေးလံခေါင်ဖျားသော နေရာမှ လာသူတစ်ဦးသည် ဤမျှ အဆင့်မြင့်သော မှော်ရတနာကို ပိုင်ဆိုင်နိုင်စရာ အကြောင်းမရှိပေ။ ထို့ကြောင့် ဤရတနာက ရန်ယွဲ့ ဧကရာဇ် ပေးထားခြင်းသာ ဖြစ်ရမည်ဟု သူက ယူဆနေခြင်း ဖြစ်သည်။

ထိုစကားကို ကြားလျှင် ရန်ယွဲ့ ဧကရာဇ် တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း သူမ၏ စကားလုံးများကို ပြန်မျိုချလိုက်သည်။ သူမ ကိုယ်တိုင်လည်း အံ့အားသင့်နေရတာတော့ တကယ်ပင် ဖြစ်၏။ လုချန်းသည် ဤကဲ့သို့ ထူးခြားသော မှော်ရတနာကို ယခုအချိန်တွင် ထုတ်ပြလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

လူတစ်ဦး၏ အင်အားကို အဆင့်လေးဆင့်ကျော်၍ သူတော်စင်အဆင့်အထိ တိုက်ရိုက်မြှင့်တင်ပေးနိုင်သော ဤချပ်ဝတ်တန်ဆာသည် အနည်းဆုံး ကောင်းကင်အဆင့် မှော်ရတနာ ဖြစ်ရမည် မဟုတ်ပါလား။

လုချန်းသည် သူမကို အချို့အရာများ ဖုံးကွယ်ထားပုံရသည်။ သို့သော် ရန်ယွဲ့ ဧကရာဇ်က ဤအပေါ် သိပ်ဂရုမစိုက်ပေ။ ကျင့်စဉ်လောကတွင် လူတိုင်း၌ လျှို့ဝှက်ချက် ရှိတတ်ကြသည်။ လျှို့ဝှက်ချက်မရှိသော သူသည် များသောအားဖြင့် သေဖို့ နီးနေသူသာ ဖြစ်တတ်၏။

သို့သော် ယခု လုချန်း၏ လျှို့ဝှက်ချက်က သူမကို ကြီးမားသော အံ့အားသင့်မှု ပေးခဲ့သည်။ ကောင်းကင်တောင်တန်း ခန်းမမှ တပည့်များ သူ့ကို ပစ်မှတ်ထားမည်ကို သိပါလျက်နှင့် လုချန်းက ဘာကြောင့် တောက်ရွှမ်ကမ္ဘာငယ်အတွင်းသို့ ပြတ်ပြတ်သားသား ဝင်သွားခဲ့သလဲဆိုတာကို ယခုမှ သူမ နားလည်တော့သည်။ သူသည် အစကတည်းက ကောင်းကင်တောင်တန်း ခန်းမမှ တပည့်များကို ခြိမ်းခြောက်မှုတစ်ခုဟုပင် သတ်မှတ်ခဲ့ပုံ မရပေ။

သူတော်စင်အဆင့် အင်အားဖြင့် ပြန်လည်ပျက်စီးခြင်းအဆင့်ကိုး ကျင့်ကြံသူများကို ကိုင်တွယ်ခြင်းက ကြောင်က ကြွက်ကို ကစားနေသကဲ့သို့ မဟုတ်ပါလား။

ရန်ယွဲ့ ဧကရာဇ်၏ နှုတ်ခမ်းများ အသာအယာတွန့်သွားသည်။ ယခုဆိုလျှင် လုချန်း၏ ဘေးကင်းလုံခြုံရေးကို ဧကန်မုချ စိတ်ချရပြီ ဖြစ်သည်။

…….

လုချန်း ဘေးကင်းသွားသည်ကို မြင်လျှင် ဥပဒေစိုးမိုးရေး ခန်းမသခင်က ရန်ယွဲ့ ဧကရာဇ်နှင့် ရွှမ်မင် ဧကရာဇ်ကို ကြည့်ကာ

“ခင်ဗျားတို့ နှစ်ယောက်လုံး အခု အေးအေးဆေးဆေး ပြန်ထိုင်လို့ ရပြီ။”

ထိုစကားကို ကြားလျှင် ရန်ယွဲ့ ဧကရာဇ်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး သူမ၏ အရှိန်အဝါကို ရုပ်သိမ်းလိုက်သည်။ သို့သော် ရွှမ်မင် ဧကရာဇ်ကတော့ ဒေါသကြောင့် တုန်ရီနေပြီး သူ၏ ဖိအားများကို ဆက်လက် ထုတ်လွှတ်နေဆဲ ဖြစ်၏။

ပြန်လည်ပျက်စီးခြင်းအဆင့်ခြောက်သာ ရှိသော လုချန်းကို သတ်ဖို့ ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲဟု သူအဆက်မပြတ် တွေးနေသည်။

ဒီကောင်က တကယ်ပဲ သူ့သား၏ သူတော်စင် ဆက်ခံသူ နေရာကို လုယူသွားတော့မှာလား။

ရွှမ်မင် ဧကရာဇ်က ဖိအားများ ဆက်လက် ထုတ်လွှတ်နေသည်ကို မြင်လျှင် ဥပဒေစိုးမိုးရေး ခန်းမသခင်က မျက်နှာပျက်ပျက်နှင့်

“ရွှမ်မင်..... အောက်က တပည့်တွေက ခင်ဗျားရဲ့ ဖိအားနဲ့ မရဏအငွေ့အသက်တွေကို မခံနိုင်ကြဘူး။ ခင်ဗျားက သူတို့အားလုံးကို သတ်ပစ်ချင်နေတာလား။”

စောစောက ရန်ယွဲ့ ဧကရာဇ်၏ ဖိအားရှိနေသဖြင့် ရွှမ်မင်ဧကရာဇ်၏ မရဏ အငွေ့အသက်များ မပြန့်နှံ့နိုင်သော်လည်း သူမ၏ အရှိန်အဝါ ရုပ်သိမ်းလိုက်သည်နှင့် ရွှမ်မင် ဧကရာဇ်၏ အငွေ့အသက်များသည် ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ကျင့်စဉ်အဆင့်နိမ့်သော တပည့်များသည် မရဏ အငွေ့အသက်ကြောင့် မူးဝေခြင်း၊ ပျို့အန်ခြင်းများ စတင်ဖြစ်ပေါ်လာကြသည်။ ဤသို့ ဆက်သွားပါက မရဏအငွေ့အသက် ကူးစက်မှုကြောင့် တစ်စုံတစ်ယောက် သေဆုံးသွားနိုင်သည်။

ရွှမ်မင် ဧကရာဇ်လည်း ထိုအခါမှ သူ၏ အရှိန်အဝါကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။ ယခုအချိန်တွင် လုချန်းကို ကိုင်တွယ်ရန် နည်းလမ်းမရှိတော့ကြောင်း သူ သဘောပေါက်၏။

သူ ဘယ်လောက်ပဲ ဆူညံပွက်လောရိုက်အောင် လုပ်ပါစေ ဥပဒေစိုးမိုးရေး ခန်းမသခင်က လုချန်းကို အပြင်ထွက်ခွင့် ပြုမည်မဟုတ်ပေ။ သူကိုယ်တိုင်ပင် တပည့်တစ်ယောက်တည်းအတွက်နှင့် တောက်ရွှမ်ကမ္ဘာငယ်ကို မဖွင့်ရဟု ကန့်ကွက်ထားခဲ့သည် မဟုတ်ပါလား။ ယခုတော့ သူ ကိုယ့်စကားကိုယ် ပြန်နင်းခံနေရပြီဖြစ်သည်။

ယခု သူ လုပ်နိုင်သည်က လုချန်း အပြင်ထွက်လာမည့်အချိန်ကို စောင့်ရန်သာ ရှိသည်။ လုချန်း အပြင်ထွက်လာသည်နှင့် ဘာကိုပဲ ရင်းရပါစေ သူ့ကို ရအောင်သတ်ပစ်မည်ဖြစ်သည်။

သူ့ကို ချုပ်ကိုင်နိုင်စွမ်း ရှိသူတစ်ဦးကို သူ အသက်ရှင်ခွင့် မပေးနိုင်ပေ။ အကယ်၍ အသက်ကယ် ဧကရီသာ လုချန်းက သူ့ကို ချုပ်ကိုင်နိုင်ကြောင်း သိသွားပါက သူ ဒုက္ခအကြီးအကျယ် ရောက်လိမ့်မည်။

သူ အသက်ကယ် ဧကရီကို အခြားသူတော်စင် အမွေခံသူတစ်ဦး ခန့်အပ်ရန် နားချနိုင်ခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ သူ၏ မရဏ လမ်းစဉ်က သူမ၏ ဖန်တီးခြင်း လမ်းစဉ်ကို ပြင်းထန်စွာ ဖိနှိပ်နိုင်သောကြောင့် ဖြစ်သည်။ ယန်ယန် နန်းတော်ရှိ ဧကရာဇ်အဆင့် ဒါဇင်ပေါင်းများစွာထဲတွင် သူ၏ အင်အားသည် အကြီးမားဆုံး မဟုတ်သော်လည်း အသက်ကယ် ဧကရီအတွက်‌တော့ လွှမ်းမိုးမှု အရှိဆုံး ဖြစ်သည်။

အသက်ကယ် ဧကရီသည်လည်း သူမကို ဖိနှိပ်နိုင်စွမ်းရှိသူတစ်ဦး ရှိနေခြင်းကို အလိုမရှိကြောင်း ထင်ရှား၏။ သို့သော် ရွှမ်မင် ဧကရာဇ်သည် ယန်ယန် နန်းတော်၏ အကြီးအကဲတစ်ဦးဖြစ်ပြီး နန်းတော်အပေါ် အပြစ်မလုပ်ခဲ့ဖူးသဖြင့် အသက်ကယ် ဧကရီက သူ့ကို တိုက်ရိုက် အရေးမယူခဲ့ပေ။

သို့သော် အကယ်၍ သူမသာ လုချန်း၏ တည်ရှိမှုကို သိသွားပါက လုချန်းကို တပည့်အဖြစ် လက်ခံကာ ရွှမ်မင် ဧကရာဇ်ကို တန်ပြန်ရန်အတွက် ပျိုးထောင်ပေးမည်မှာ သေချာသည်။

ထို့ကြောင့် ဘာပဲဖြစ်ဖြစ် လုချန်း သေရမည်။

…….

ထိုအချိန်တွင် တောက်ရွှမ်ကမ္ဘာငယ်အတွင်းရှိ တပည့်များအားလုံး မလှုပ်မယှက် ရပ်နေကြ၏။ မည်သူမှ မလှုပ်ဝံ့ကြပေ။

လုချန်းသည် ပြန်လည်ပျက်စီးခြင်းအဆင့်ခြောက်၌ရှိစဉ်ကပင် သွေးဆာနေသော လေး၏ မြားကို တားဆီးနိုင်ခဲ့သည်။ ယခု သူ၏ အင်အားသည် သူတော်စင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ပြန်လည်ပျက်စီးခြင်းအဆင့်ကိုး ကျင့်ကြံသူများကို အလွယ်တကူ ချေမှုန်းနိုင်မည် မဟုတ်ပါလား။

ခဏချင်းမှာပင် အခွင့်အရေးကို လုယူရန် ကြံစည်နေကြသော အခြားခန်းမမှ တပည့်များလည်း နောက်ဆုတ်သွားကြသည်။ ကောင်းကင်အသံ ခန်းမမှ ခေါင်းဆောင်တပည့်က

“ကျန်မတို့က လုချန်းရဲ့ အခွင့်အရေးကို စိတ်မဝင်စားပါဘူး။ ကျွန်မတို့သွားလိုက်ပါဦးမယ်။”

သူမတို့သည် အစကတည်းက ကြည့်ရှုသူများသာဖြစ်ပြီး လနှလုံးသား ခန်းမမှ တပည့်များကို တိုက်ခိုက်ခဲ့ခြင်းမရှိသဖြင့် လုချန်းကလည်း သူမတို့ကို ဒုက္ခပေးလိမ့်မည်မဟုတ်ဟု ယုံကြည်နေကြသည်။

ထို့‌သို့ပြောရင်း ကောင်းကင်အသံ ခန်းမ တပည့်များ ထွက်သွားကြသည်။ လုချန်းကလည်း ထိုအမျိုးသမီးတပည့်များကို ဒုက္ခမပေးလို‌ပေ။ သူ၏ မျက်လုံးများက လော့ရန်ဟွေထံတွင်သာ ရောက်နေ၏။

လုချန်း၏ ဖိအားကို ခံစားနေရသဖြင့် လော့ရန်ဟွေ၏ သွေးဆာနေသော လေးကို ကိုင်ထားသော လက်များ တုန်ယင်နေသည်။ ခန်းမသခင် ပေးအပ်ထားသော တာဝန်က လွယ်ကူလိမ့်မည်ဟု သူတို့ ထင်ခဲ့သော်လည်း ယခုမူ သံမဏိပြားကို ကန်မိသကဲ့သို့ ဖြစ်နေသည်။

လော့ရန်ဟွေက အော်ဟစ်လိုက်သည်။

“ခင်ဗျားက သူတော်စင် ဖြစ်နေရင်တောင် ဘာဖြစ်လဲ။ ကျုပ်လက်ထဲမှာ သွေးဆာနေသော လေး ရှိနေသရွေ့ ခင်ဗျားကို သတ်နိုင်သေးတယ်။”

သူသည် မိမိကိုယ်ကို အားပေးစကား ပြောနေခြင်းသာ ဖြစ်သည်။ လုချန်းက မြားကို ပထမအကြိမ် တားဆီးနိုင်ကတည်းက သူ နိုင်ဖို့ အခွင့်အရေး မရှိတော့မှန်း စိတ်ထဲမှ သိနေသည်။ သို့သော် သူသည် သူ၏ စိတ်ဝိညာဉ်စွမ်းအား အားလုံးကို လေးအတွင်းသို့ ထပ်မံထည့်သွင်းလိုက်သည်။ ထို့နောက် သွေးနဂါးပုံရိပ်ကြီး ထပ်မံ ပေါ်လာပြန်၏။

သွေးနဂါးက အောက်ရှိ လုချန်းကို ကြည့်ကာ ဟိန်းဟောက်လိုက်သဖြင့် မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး အသံလှိုင်းများကြောင့် သစ်ပင်များ အမြစ်မှ ကျွတ်ထွက်သွားခဲ့သည်။ လုချန်းကတော့ မလှုပ်မယှက် ရပ်နေဆဲ ဖြစ်၏။

လော့ရန်ဟွေက ထပ်မံ အော်ဟစ်လိုက်သည်။

“သေလိုက်စမ်း”

လေးကြိုးကို လွှတ်လိုက်သည်နှင့် သွေးနဂါးသည် ပြင်းထန်သော အရှိန်အဝါဖြင့် လုချန်းထံသို့ ပြေးဝင်သွားသည်။ ထိုစဉ် လုချန်းက လက်နှစ်ဖက်ယှက်၍ ပုံစံ တစ်ခု ဖော်ဆောင်လိုက်ရာ ခဏချင်းမှာပင် ကီလိုမီတာ တစ်ရာအတွင်း၌ ကြီးမားသော နည်းဗျူဟာ ပုံစံတစ်ခု ပေါ်ထွက်လာသည်။ ပုံစံအတွင်း၌ အပူချိန်သည် ရုတ်တရက် ကျဆင်းသွားပြီး ကောင်းကင်ယံ၌ နှင်းပွင့်များ ဖုံးလွှမ်းသွားခဲ့၏။

ထိုအခိုက်အတန့်တွင် လုချန်း၏ အသံ ကောင်းကင်ယံ၌ ဟိန်းထွက်လာသည်။

“နှင်းပွင့်နည်းဗျူဟာ ပုံစံ”

ပုံစံကြီး ပေါ်လာသည်နှင့် အတွင်းရှိ တပည့်များသည် သူတို့၏ အင်အားများ လျင်မြန်စွာ ဆုတ်ယုတ်သွားသည်ကို ခံစားလိုက်ရပြီး စွမ်းအင် စုပ်ယူမှုနှုန်းမှာလည်း အကြီးအကျယ် ကျဆင်းသွားသည်။ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင် စီးဆင်းမှုများသည် နှင်းပွင့်များနှင့် အေးစိမ့်မှုတို့ကြောင့် အေးခဲသွားသကဲ့သို့ တန့်သွားခဲ့သည်။

ဤမျှ ကြီးမားသော နည်းဗျူဟာ ပုံစံကြီးကို မြင်လိုက်ရလျှင် အပြင်ဘက်ရှိ လူများ နောက်တစ်ကြိမ် တိတ်ဆိတ်သွားကြပြန်သည်။

…………

အခန်း (၁၄၁၀)

လုချန်းအတွက် ပြစ်ဒဏ်

ခဏတာ တိတ်ဆိတ်သွားပြီးနောက် လင်းဖန်ဧကရာဇ်က တိတ်ဆိတ်မှုကို ပထမဆုံး စတင်ဖြိုခွင်းလိုက်၏။ သူက ရန်ယွဲ့ ဧကရာဇ်ကို ပြုံးပြလျက်

“ရန်ယွဲ့... ဒီနည်းဗျူဟာပုံစံရဲ့ အတိုင်းအတာအရဆိုရင် ဒါဟာ ကောင်းကင်အဆင့် နည်းဗျူဟာပုံစံ ဖြစ်ရမယ် မဟုတ်ဘူးလား။ လုချန်း ယန်ယန်နန်းတော်ကို ရောက်လာတာ မကြာသေးခင်မှာပဲ ခင်ဗျားက သူ့ကို ကောင်းကင်အဆင့် နည်းဗျူဟာပုံစံတစ်ခု သင်ပေးထားလိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားခဲ့ဘူး။”

ရန်ယွဲ့ ဧကရာဇ်သည်လည်း ထိုအခိုက်အတန့်တွင် ဇဝေဇဝါ ဖြစ်နေ၏။

နည်းဗျူဟာပုံစံလား။

ဘယ်နည်းဗျူဟာပုံစံလဲ။

သူမကိုယ်တိုင်ပင် ကောင်းကင်အဆင့် နည်းဗျူဟာပုံစံကို အသုံးမပြုနိုင်ပေ။ အခြားသူတစ်ယောက်ကို သင်ပေးဖို့ ဆိုတာက ပို၍ပင် မဖြစ်နိုင်ပေ။

ဤလုချန်းသည် အလွန်ပင် လျှို့ဝှက်ချက် များလှသည်။ သူထံ လျှို့ဝှက်ချက်‌တွေ ဘယ်လောက်တောင် ရှိနေသလဲဟုသာ သူမ တွေးတောနေမိတော့သည်။

ရန်ယွဲ့ ဧကရာဇ် ပို၍ စိတ်မသက်မသာ ဖြစ်လာသည်။ လုချန်းသည် အလွန် ပါရမီထူးပြီး နောက်ထပ် သူတော်စင် အမွေခံ ဖြစ်လာနိုင်ခြေ အလွန်ရှိသည်။ သို့သော် လုချန်းတွင် လျှို့ဝှက်ချက်များ အလွန်များပြားလွန်းနေသည်။

ထို့ကြောင့် လုချန်းသည် တစ်စုံတစ်ခုသော ရည်ရွယ်ချက်နှင့် ယန်ယန်နန်းတော်သို့ ဝင်ရောက်လာသည်ဟုပင် သူမကို ခံစားရစေ၏။ ကောင်းကင်အဆင့် နည်းဗျူဟာပုံစံကို ဥပမာထားကြည့်လျှင် ၎င်းကို တည်ဆောက်ရန် အချိန်အတန်ကြာ လိုအပ်မည်ဖြစ်သည်။ ထို့ပြင် ထိုနေရာသည် စွမ်းအားများ အလွန်အမင်း ကန့်သတ်ခံထားရသော တောက်ရွှမ်ကမ္ဘာငယ် ဖြစ်၏။

ဧကရာဇ်လောင်း တစ်ဦး တောက်ရွှမ်ကမ္ဘာငယ်သို့ ဝင်ရောက်လာလျှင်ပင် သူ၏ စွမ်းအားက နတ်ဘဝပြောင်းခြင်း အဆင့်သို့ ကန့်သတ်ခံရမည် ဖြစ်သည်။ လုချန်းသည် သူတော်စင် တစ်ဦး၏ ခွန်အားကို ပိုင်ဆိုင်ထားသော်လည်း တောက်ရွှမ်ကမ္ဘာငယ်၏ ကောင်းကင်လမ်းစဉ် ဖိနှိပ်မှုအောက်တွင် သူ၏ စွမ်းအားအပြည့်ကို မပြသနိုင်သင့်ပေ။

သို့သော် လုချန်းသည် ကောင်းကင်အဆင့် နည်းဗျူဟာပုံစံတစ်ခုကို ချက်ချင်းတည်ဆောက် အသုံးပြုနိုင်ခဲ့သည်။ ထိုအချက်က သူ၏ စွမ်းအား သိသိသာသာ ကန့်သတ်ခံထားရခြင်း မရှိကြောင်း ညွှန်ပြနေသည်။

ရန်ယွဲ့ ဧကရာဇ် မျက်မှောင်ကြုတ်လိုက်၏။ လုချန်းသည် ဧကရာဇ်အဆင့် တစ်ဦး ပြန်လည်ဝင်စားခြင်း ဖြစ်နိုင်သည်ဟု သူမ ခန့်မှန်းမိသည်။ သို့သော် ပြန်လည်ဝင်စားသော ဧကရာဇ်အဆင့် တစ်ဦးပင်လျှင် တောက်ရွှမ်ကမ္ဘာငယ်သို့ ဝင်ရောက်ပြီးနောက် ကန့်သတ်ချက်အားလုံးကို မလွတ်မြောက်နိုင်ပေ။

သူ၏ ပါရမီက ထူးခြားလှသည်သာမက သူသည် အသက်ကယ် ဧကရီနှင့် တူညီသော ဖန်တီးခြင်း လမ်းစဉ်ကိုလည်း လျှောက်လှမ်းနေသည်။ ထို့ပြင် သူမ အပြင်ထွက်ခိုက်တွင် သူ့နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့၏။ ဒါတွေအားလုံးက အနည်းငယ် တိုက်ဆိုင်လွန်းမနေဘူးလား။

ဤအတွေးကြောင့် လုချန်းအပေါ် သတိထားစရာ အချက်တစ်ချက်ကို ရန်ယွဲ့ ဧကရာဇ် ခံစားလိုက်ရသည်။ လုချန်းသာ ဤမျှများပြားသော နည်းလမ်းများကို မပြသခဲ့လျှင် သူမ အလွန်အကျွံ တွေးမိမည်မဟုတ်ပေ။

သို့သော် သူ ပို၍ ပြသလေ သူမ ပို၍ စိတ်မသက်မသာ ဖြစ်လေ ဖြစ်လာခဲ့သည်။ သို့သော် သူမ အလွန်အကျွံ မတွေးတော့ပေ။ လုချန်းတွင် ရည်ရွယ်ချက် တစ်ခုခု ရှိနေလျှင်ပင် သူသည် ယန်ယန်နန်းတော်အတွင်းတွင် တော့ ပြဿနာများ မဖန်တီးနိုင်ပေ။

လုချန်းတွင် လှည့်ကွက်များ မည်မျှပင် ရှိစေကာမူ သူ၏ အင်အားသည် အများဆုံး သူတော်စင် အဆင့်တွင်သာ ရှိနိုင်သည်။ ယန်ယန်နန်းတော်တွင် ဧကရာဇ်အဆင့် အမြောက်အမြား ရှိနေသဖြင့် ၎င်းတို့အနက်မှ မည်သူမဆို သူ့ကို လက်တစ်ဖက်တည်းနှင့် နှိမ်နင်းနိုင်ပေသည်။

ထိုအခိုက်အတန့်တွင် ဓာတ်ပေါင်းစုံ ဧကရာဇ်က

“အချိန်တိုအတွင်းမှာ ကောင်းကင်အဆင့် နည်းဗျူဟာ ပုံစံတစ်ခုကို တည်ဆောက်နိုင်တယ်ဆိုတာ လုချန်းက နည်းဗျူဟာ ပုံစံတွေမှာ အလွန် ပါရမီရှိတယ်ဆိုတာကို ပြနေတာပဲ။ ရန်ယွဲ့ကတော့ တကယ့် ရတနာတစ်ခုကို ရှာတွေ့ခဲ့တာပဲ။”

ဓာတ်ပေါင်းစုံ ဧကရာဇ်၏ စကားအဆုံးတွင် အခြားသော ဧကရာဇ်အဆင့်များကလည်း လိုက်၍

“ဟုတ်တယ်...ရန်ယွဲ့ရဲ့ ကံက တကယ်ကို ကောင်းတာပဲ”

“လုချန်း ကြီးပြင်းလာတဲ့အခါ လနှလုံးသား ခန်းမမှာ နည်းဗျူဟာ ပုံစံပညာရှင် တစ်ယောက် ရှိလာလိမ့်မယ်။ အနာဂတ်မှာ လနှလုံးသား ခန်းမက ထိန်းချုပ်ထားတဲ့ ကြယ်နယ်မြေကို ဘယ်ပြင်ပရန်သူ တိုက်ခိုက်တာမှ ကြောက်စရာမလိုတော့ဘူး။”

“ရန်ယွဲ့... လုချန်း အပြင်ထွက်လာတဲ့အခါ သူ့ကို ကျွန်မတို့ ခန်းမဆီ အလည်လာခိုင်းရမယ်နော်။”

ဤဧကရာဇ်အဆင့်များက ရန်ယွဲ့ ဧကရာဇ်အား မြှောက်ပေးနေကြသည်ကို မြင်လျှင် ရွှမ်မင် ဧကရာဇ်လည်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဘာမှမပြောပဲ နေလိုက် တော့သည်။

…….

တောက်ရွှမ်ကမ္ဘာငယ် အတွင်း၌။

သွေးနဂါးက သူ့ထံသို့ နီးကပ်လာလျှင် လုချန်းက သူ၏ ဓားကို နောက်တစ်ကြိမ် လွှဲလိုက်၏။

ရေခဲရှစ်ဆင့် ဓား.....

အေးစက်သော ဓားအရှိန်အဝါ ရှစ်ခုသည် လေထုအတွင်း ပျံသန်းသွားပြီး သွေးနဂါးကို ချက်ချင်းပင် အပိုင်းပိုင်း ဖြစ်သွားစေကာ ကောင်းကင်နှင့် မြေပြင်အနှံ့ ပြန့်ကျဲသွားစေခဲ့သည်။ လုချန်းက သွေးဆာနေသော လေး ၏ မြားများကို အလွယ်တကူ ထပ်မံ ပိတ်ဆို့လိုက်သည်ကို မြင်လျှင် လော့ရန်ဟွေ တစ်ကိုယ်လုံး ချွေးစေးများ ထွက်လာခဲ့သည်။

ဤအရာသည် သွေးဆာနေသော လေး ဖြစ်သည်။ ရွှမ်မင် ဧကရာဇ်၏ ကောင်းကင်အဆင့် ဝိညာဉ်လက်နက်လည်း ဖြစ်၏။

သူတော်စင်အဆင့်အစစ် တစ်ဦးပင်လျှင် သွေးဆာနေသော လေး၏ ဒဏ်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရသင့်သည်။ လုချန်းသည် ပြန်လည်ပျက်စီးခြင်းအဆင့်သာဖြစ်၏။

သို့သော် သွေးဆာနေသော လေးသည် လုချန်းအပေါ် မည်သည့် သက်ရောက်မှုမှ မရှိခဲ့ပေ။

ဘာကြောင့်လဲ.....

လုချန်းက တကယ်ပဲ ဒီလောက်တောင် စွမ်းတာလား။

သူက တကယ်ပဲ အသက် ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာလား။

လုချန်းက ပြုံးလျက် လော့ရန်ဟွေကို ကြည့်လိုက်၏။

“ဝါစဉ်ကြီးသူ လော့... ခင်ဗျားမှာ တခြား လှည့်ကွက်တွေ မရှိတော့ဘူးဆိုတော့ အခု ကျုပ်အလှည့် ရောက်ပြီလား။”

လော့ရန်ဟွေက အလျင်အမြန် တုံ့ပြန်လိုက်သည်။

“နေဦး... ကျုပ်တို့ကြားမှာ နားလည်မှုလွဲတာ တစ်ခုခု ရှိနေမယ် ထင်တယ်။ ကျုပ် အသေအချာ ပြန်စဉ်းစားကြည့်တော့ ညီလေးလုက အခွင့်အရေး မရှိဘူးလို့ ပြောတာက တကယ် အခွင့်အရေး မရှိတာကြောင့်ပဲ ဖြစ်ရမယ်။ တခြား တစ်ယောက်ယောက်က အခွင့်အရေးကို ယူသွားတာလည်း ဖြစ်နိုင်ပါတယ်။”

လော့ရန်ဟွေစိတ်ထဲ အမှန် တကယ်ကို ထိတ်လန့်သွားခဲ့ခြင်းဖြစ်သည်။ လုချန်းက သွေးဆာနေသော လေးကိုတောင် အလွယ်တကူ ပိတ်ဆို့နိုင်လျှင် သူသာ အစွမ်းကုန် တိုက်ခိုက်လာပါက လော့ရန်ဟွေ ဧကန်မုချ သေဆုံးသွားလိမ့်မည်။

ရွှမ်မင် ဧကရာဇ် ပေးအပ်ထားသော တာဝန်ကိုတော့ သူ အခု စွန့်လွှတ်လိုက်ရတော့ပေသည်။ အကြောင်းမှာ တောက်ရွှမ်ကမ္ဘာငယ်အတွင်း ဖြစ်ပျက်သမျှကို အပြင်ဘက်မှ မြင်တွေ့နေရမည်ဟု သူ ယုံကြည်သောကြောင့် ဖြစ်၏။ လုချန်း၏ အစွမ်း ဤမျှ သိသာထင်ရှားနေသဖြင့် သူ တာဝန်မကျေခဲ့လျှင်ပင် ရွှမ်မင် ဧကရာဇ်က ဘာမှ ပြောလိမ့်မည် မဟုတ်ပေ။

လုချန်းက ဘာမှ ထပ်မပြောတော့ပဲ နူးညံ့သိမ်မွေ့သော လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ခပ်ဖွဖွပြုံးရုံသာ ပြုံးလိုက်၏။ သို့သော် နောက်တစ်ခဏတွင် လုချန်း၏ အရှိန်အဝါများ မြင့်တက်လာပြီး စိတ်ဝိညာဉ်အစွမ်းများ သူ၏ ကိုယ်အတွင်းသို့ ရူးသွပ်စွာ စီးဝင်လာခဲ့ကာ သူ၏ အဝတ်အစားများလည်း လေစီးကြောင်းကြောင့် လွင့်ပျံနေတော့သည်။ မကြာမီမှာပင် လုချန်းက တိုးညှင်းစွာ ပြောလိုက်၏။

“ခရမ်းရောင်နေမင်း”

ထိုအသံအဆုံးတွင် တောက်ရွှမ်ကမ္ဘာငယ်အတွင်း ခရမ်းရောင် နေတစ်စင်း ပေါ်လာခဲ့သည်။ တစ်ခဏချင်းမှာပင် ကောင်းကင်တောင်တန်း ခန်းမမှ တပည့်အားလုံး အေးခဲသွားခဲ့ပြီး ထွက်ပြေးရန် အခွင့်အရေးပင် မရလိုက်ကြပေ။ ထိုအရာကို မြင်လိုက်ရလျှင် အခြားသော ခန်းမများမှ တပည့်များလည်း ထိတ်လန့်သွားကြပြီး သူတို့၏ စိတ်နှလုံးများထဲ ကြောက်ရွံ့မှုများ ပြည့်နှက်သွားခဲ့သည်။

ကောင်းကင်အဆင့် နည်းဗျူဟာပုံစံ....

နောက်ထပ် ကောင်းကင်အဆင့် နည်းဗျူဟာပုံစံတစ်ခုလား......

လုချန်းက ကောင်းကင်အဆင့် နည်းဗျူဟာပုံစံတွေကို ဘယ်လိုလုပ်ပြီး ဒီလောက် လွယ်လွယ်ကူကူ အသုံးချနေနိုင်ရတာလဲ။

လူတိုင်း မှင်တက်နေကြစဉ်မှာပင် လုချန်းက သူ၏ လက်ချောင်းများကို အသာအယာ တောက်လိုက်၏။

ထောက်....

မကြာမီမှာပင် ရေခဲရုပ်ထုများအဖြစ် အေးခဲနေသော ကောင်းကင်တောင်တန်း ခန်းမမှ တပည့်များလည်း ရေခဲအပိုင်းအစများ ဖြစ်သွားကြတော့သည်။

ထိုအရာကို မြင်လိုက်ရလျှင် ရွှမ်မင် ဧကရာဇ်လည်း ဆက်လက် ထိန်းချုပ်မထားနိုင်တော့ပဲ ထရပ်ကာ အော်ဟစ်လိုက်သည်။

“မိုက်ရိုင်းလိုက်တာ.... ရန်ယွဲ့ ဧကရာဇ်...ဒါ ခင်ဗျားရဲ့ တပည့်ကို ခင်ဗျားသင်ပေးထားတာလား။ လုချန်းက တပည့်အချင်းချင်းကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့တယ်။ ဒီနေ့ ကျုပ်ကို ရှင်းပြချက်တစ်ခု ပေးရမယ်... မဟုတ်ရင်တော့ ကောင်းကင်တောင်တန်း ခန်းမနဲ့ လနှလုံးသား ခန်းမတို့ အသေအကြေတိုက်ပွဲ ဆင်နွှဲရလိမ့်မယ်။”

ရန်ယွဲ့ ဧကရာဇ်ကလည်း သူမ၏ ဧကရာဇ် အရှိန်အဝါကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

“ရွှမ်မင်...ကျွန်မက ရှင့်ကို တကယ်ပဲ ကြောက်နေတယ်လို့ ထင်နေတာလား...ရှင့်ရဲ့ ကောင်းကင်တောင်တန်း ခန်းမ တပည့်တွေက လုချန်းကို စတိုက်ခိုက်ခဲ့တာပဲ။ သူတို့ မယှဉ်နိုင်လို့ အသတ်ခံလိုက်ရတာ။ အခုကျမှ ရှင်က ကျွန်မဆီက ရှင်းပြချက် တောင်းဖို့ သတ္တိရှိနေသေးတယ်ပေါ့။ ဒီမှာရှိနေတဲ့ လူတွေ အားလုံးက သက်သေတွေပဲ။ ရှင်က အခုမှ နစ်နာသူလိုမျိုး ဟန်ဆောင်နေတာလား။”

အခြေအနေ ပိုမိုဆိုးရွားလာပြီး ရွှမ်မင် ဧကရာဇ်နှင့် ရန်ယွဲ့ ဧကရာဇ် တို့ ထိပ်တိုက်တွေ့တော့မည့်အချိန်တွင် ဥပဒေစိုးမိုးရေး ခန်းမသခင်က အလျင်အမြန် ပြောလိုက်သည်။

“လုချန်းက သူ့ကိုယ်သူ ကာကွယ်ခဲ့တာ ဖြစ်ပေမဲ့ သူ လက်လွန်သွားခဲ့တယ်။ သူ အပြင်ထွက်လာတာနဲ့ သူ့ကို ငြိမ်သက်သော မျှော်စင် ဆီ ပို့လိုက်ပါ။ ဒါကို နန်းတော်သခင် ဖြေရှင်းပေးမယ့်အချိန်အထိ ကျုပ်တို့ စောင့်ကြတာပေါ့။”

ထိုအရာကို ကြားလျှင် ရွှမ်မင် ဧကရာဇ်၏ မျက်နှာ ညိုမှောင်သွား၏။

ငြိမ်သက်သော မျှော်စင်ကို သွားရမယ် ဟုတ်လား။

သူ့ကို တိုက်ရိုက် အဆုံးစီရင်ရမှာ မဟုတ်ဘူးလား။

ဥပဒေစိုးမိုးရေး ခန်းမသခင်သည် လုချန်းကို ကာကွယ်နေကြောင်း သူ ရှင်းလင်းစွာ မြင်နိုင်သည်။ သို့သော် သူ ယခုအချိန်တွင် လုချန်းအပေါ် အရေးယူလျှင် ခန်းမသခင်က ဧကန်မုချ ဝင်ရောက်စွက်ဖက်လိမ့်မည်။ ထို့ပြင် ဥပဒေစိုးမိုးရေး ခန်းမသည် ရန်ယွဲ့ ဧကရာဇ်ဘက်မှ ရပ်တည်နေသဖြင့် ထပ်မံ၍ ပြဿနာရှာနေခြင်းက အကျိုးမရှိပေ။

လုချန်း ငြိမ်သက်သော မျှော်စင်သို့ အမှန်တကယ် သွားရမည်ဆိုပါက သူ၏ လူများကို ငြိမ်သက်သော မျှော်စင်အတွင်းသို့ စေလွှတ်ခြင်းဖြင့် လုချန်းကို ဖယ်ရှားနိုင်သေး၏။ ထိုအရာက ရွှမ်မင် ဧကရာဇ်အတွက် ပို၍ လွယ်ကူသွားစေသည်။

ထို့နောက် ဥပဒေစိုးမိုးရေး ခန်းမသခင်က ရန်ယွဲ့ ဧကရာဇ်ကို ကြည့်လိုက်ကာ

“ရန်ယွဲ့...ဒီပြစ်ဒဏ်ကို ခင်ဗျား သဘောတူရဲ့လား။”

ရန်ယွဲ့ ဧကရာဇ်ကလည်း

“ဝါစဉ်ကြီးသူရဲ့ ဆုံးဖြတ်ချက်အတိုင်းပါပဲ။”

လုချန်းသည် အစကတည်းက ပြဿနာရှိပုံရသည်ဟု ရန်ယွဲ့ ဧကရာဇ် စဉ်းစားမိလိုက်သည်။ သူ့ကို ငြိမ်သက်သော မျှော်စင်တွင် အရင်ဆုံး ချုပ်နှောင်ထားခြင်းက ပိုကောင်းပေလိမ့်မည်။

လုချန်းတွင် မည်သည့် ပြဿနာမျှ မရှိလျှင် ငြိမ်သက်သော မျှော်စင်က သူ့ကို ကာကွယ်ပေးလိမ့်မည်။ သူ့၌ ပြဿနာရှိနေလျှင်လည်း သူ ထွက်ပြေးနိုင်မည်မဟုတ်ပေ။ ထို့နောက်နန်းတော်သခင် အပြင်ထွက်လာသည့်အခါ လုချန်း၏ မူလဇစ်မြစ်ကို သိမြင်နိုင်လိမ့်မည် ဖြစ်သည်။

All Chapters