← Chapters

ချီမင်၏ အစစ်အမှန်ဆက်ခံသူ၊ ဒီဗိုင်းအလင်းဖြာရတနာခန္ဓာ

Vol. 33 Ch. 490

ချီမင်၏ အစစ်အမှန်ဆက်ခံသူ၊ ဒီဗိုင်းအလင်းဖြာရတနာခန္ဓာ

Vol. 33 Ch. 490

ယွီကျိုး၏ နံပါတ်တစ်ဂိုဏ်းဖြစ်သည့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းသည် သာမန်လူများ စိတ်ကူးတွေမရနိုင်အောင် ကြွယ်ဝသည့်ရတနာများ ပိုင်ဆိုင်ထား၏။

အထူးသဖြင့် သူတို့၏ အဓိကရတနာတိုက် ဖြစ်သည်။ အတွင်းထဲတွင် ဒီဗိုင်းအဆင့် စိတ်ဝိဉာဉ်ဆေးပင် ဆယ်ချီကာရှိပြီး မြေစိတ်ဝိဉာဉ်ပန်းနှစ်ခု ပါဝင်၏။

ပထမအဆင့်နှင့်အောက်ရှိ စိတ်ဝိဉာဉ်ဆေးပင်များဆိုလျှင် ရေတွက်၍ပင် မရပေ။ ရှန်ဟိုင်ကျိုးမှာ အခင်းအကျင်း၊ ချိတ်တံဆိပ်၊ ဒန်ဆေးလုံး အစရှိသည်တို့ကို ထိတွေ့မိပြီးနောက် ကြောင်တောင်နေ၏။ ဤသည်မှာ လင်းနယ်မြေတွင် ရှိသင့်သည့်အရာများလေလား။ တစ်ခါမှ ကြားဖူးခြင်းပင် မရှိပေ။

သူသည် ကြီးမားလှသည့် အရိပ်အာဝါသတစ်ခုအား ရှာတွေ့ခဲ့ကြောင်းကို နားလည်လိုက်၏။

'ညီအစ်ကိုရွှီက တကယ့်ကိုစစ်မှန်တဲ့ နဂါးတစ်ကောင်ပဲ... အရင်တုန်းက ငါ့ရဲ့ဆုံးဖြတ်ချက်က ဘယ်လောက်တောင် မှန်ခဲ့လိုက်လဲ..'

ရှန်ဟိုင်ကျိုးမှာ ခံစားချက်တို့ဖြင့် ပြည့်နက်နေ၏။ သူ၏ ဉာဏ်ရှိသည့် ရွေးချယ်မှုကြောင့်သာ မဟုတ်ပါက ယခုအချိန်၌ ဒီအခွင့်အရေးကို ရရှိမည်မဟုတ်ပေ။

ဒန်ဆေးလုံးများ၏ အကူအညီနှင့် ကောင်းကင်လူသားအဆင့်သို့ လျှင်မြန်စွာ ချိုးဖျက်နိုင်မည်ဖြစ်၏။ စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်ပင်လျှင် နောင်တွင် မျှော်လင့်လို့ရပါသည်။

ရှန်ဟိုင်ကျိုးသည် သူ၏ ဝေစုအားလုံးတို့ကိုထုတ်ကာ ဒန်ဆေးလုံးများ၊ ဖန်းဟောင်က ဖန်တီးထားသည့် စိတ်ဝိဉာဉ်ကိရိယာများ၊ မြူအဆောင်များ၊ အခင်းအကျင်းငယ်များနှင့် လဲလှယ်သည်။

မြေစိတ်ဝိဉာဉ်ပန်းကို အဓိကကုန်ကြမ်းအဖြစ် အသုံးပြုကာ စုလင်းရှုံက ဒီဗိုင်းဆန္ဒကို အားဖြည့်ပေးပြီး ကျင့်ကြံရာတွင် အထောက်အကူပြုသည့် ဒန်ဆေးလုံးတစ်မျိုးကို ဖန်တီးခဲ့သည်။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများအတွက် ထိုဆေးလုံး၏ အကျိုးသက်ရောက်မှုမှာ အံ့သြစရာကောင်းလှ၏။

၎င်းသည် အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို အလယ်အလတ်အဆင့်သို့ ရောက်ရှိစေနိုင်သည်။ နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်နိုင်မည့် အခွင့်အရေးကိုလည်း ကြီးစွာမြှင့်တင်ပေး၏။

ဒန်ဆေးလုံးကို ရရှိပြီးနောက် ရှန်ဟိုင်ကျိုးမှာ အလွန်ဝမ်းသာနေတော့သည်။ တစ်လုံးကို စားသုံးပြီးနောက် သူသည် ကောင်းကင်လူသားကြီးအဆင့်သို့ ချိုးဖျက်ခဲ့၏။

ကြောင်နီမှာလည်း အလွန်စိတ်လှုပ်ရှားနေ၏။ သူလည်းပဲ ဒန်ဆေးလုံးကို ရရှိခဲ့သည်။ စားသုံးပြီးနောက် သူ၏စိတ်ဝိဉာဉ်အသိတို့ ပိုမိုသန်မာလာပြီး ခွန်အားတို့ မြင့်တက်လာသည်။ သွေးကြောမှတ်များအတွင်းတွင် အခင်းအကျင်းသင်္ကေတများကို ရေးဆွဲသည့် အမြန်နှုန်းမှာလည်း မြင့်တက်လာ၏။ ကြည့်ရသည်မှာ နောက်ထပ် မဟာနတ်ဆိုးအတတ်ကို ကျင့်ကြံနိုင်ပေတော့မည်။

လီရွှမ်သည် ထိုက်ချန်းစာအုပ်၏ စာမျက်နှာ၇သို့ ရောက်ရှိနေပြီး ဖြစ်၏။ လေ့လာမှုခရီး ပိုရောက်လေလေ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများမှာ ပိုမိုနက်နဲလာလေ ဖြစ်လာပြီး နားလည်ရန် ခက်ခဲလှ၏။

၎င်းကို အခြေခံကာ သူသည် ပိုမိုစွမ်းအားကြီးမားသည့် ချိတ်တံဆိပ်၊ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အံ့ဖွယ်များနှင့် သိုင်းပညာအချို့ကို ဖန်တီးခဲ့၏။

ဒီရက်များအတွင်းတွင် အချိန်ယူပြီး ၎င်းတို့ကို တပည့်များအား လက်ဆင့်ကမ်းပေးကာ လေ့လာစေသည်။

တပည့်များ ဉာဏ်အလင်းရလာပြီးနောက် သူ၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအပေါ် နားလည်သဘောပေါက်မှုမှာ ပိုမိုနက်ရှိုင်းလာပြီး သုတေသနာပြုရန် ပိုမိုလွယ်ကူလာ၏။

တစ်ချိန်တည်းတွင် ဤသည်က တပည့်များ၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို အသုံးပြုမှုအတွက် အခြေခံချပေးခြင်းလည်း ဖြစ်သည်။

"သင်၏တပည့် ရွှီယန်သည် ဒီဗိုင်းဆန္ဒအဆင့်၏ အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ချိုးဖျက်ခဲ့သည်။ သင်၏ခွန်အားသည် မူလဒီဗိုင်းအဆင့်၏ အကြီးစားကျွမ်းကျင်မှုသို့ ရောက်ရှိသွားသည်.."

ဒီဗိုင်းဆန္ဒဆေးလုံးနှင့် ရက်အနည်းငယ်ကြာ ကျင့်ကြံပြီးနောက် ရွှီယန်သည် ဒီဗိုင်းဆန္ဒအဆင့်၏ အကြီးစားကျွမ်းကျင်မှုသို့ ချိုးဖျက်ခဲ့၏။ လီရွှမ်မှာ ဝမ်းသာသွားသည်။

မုန့်ချုံ၊ စုလင်းရှုံနှင့် ဖန်းဟောင်တို့လည်း သူတို့၏ ခွန်အားအသီးသီးတို့ များစွာတိုးတက်ခဲ့ကြ၏။ အဆင့်ချိုးဖျက်ရန် ဝေးကွာခြင်း မရှိတော့ပေ။

ရွှီယန်ပဲဖြစ်ဖြစ်၊ မုန့်ချုံပဲဖြစ်ဖြစ် သူတို့အတွက် ဒန်ဆေးလုံးများ၏ အဓိကအခန်းကဏ္ဍသည် အခြေခံစုဆောင်းခြင်း ဖြစ်၏။ ခွန်အားအဆင့်အား မြှင့်တင်ရန်မဟုတ်ပေ။

သူတို့၏စိတ်ကူးမှာ ရိုးရှင်းသည်။ သိုင်းပညာအဆင့်တွင် ခွန်အားဖောင်းကြွမှု ဖြစ်ပေါ်လို့ လုံးဝမဖြစ်ပေ။ ဒန်ဆေးလုံးများကို အသုံးပြုကာ အဆင့်ချိုးဖျက်ခဲ့လျှင်တောင် အချိန်ပိုမိုယူပြီး ခွန်အားအဆင့်အား စနစ်တကျ တည်ငြိမ်အောင်လုပ်၏။

စုလင်းရှုံတွင် ထိုကဲ့သို့သော စိုးရိမ်စရာမရှိပေ။ သူမသည် ဒန်ဆေးသိုင်းပညာကို ကျင့်ကြံသောကြောင့် ဒန်ဆေးလုံးများသည် ကြွယ်ဝသည့် အသက်ဓာတ်စွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ရလဒ်အနေနှင့် ခွန်အားအဆင့်သည် ရွှီယန်နှင့်မုန့်ချုံတို့ကို ကျော်တက်သွားခြင်း မရှိပေ။

ဖန်းဟောင်မှာ အဓိကအားဖြင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ သင်္ကေတတို့ကို ကျင့်ကြံ၏။ ဒန်ဆေးလုံးက သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အားဖြည့်ကာ ဒီဗိုင်းဆန္ဒကိုသာ မြှင့်တင်ပေးသည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအပေါ် မြှင့်တင်ပေးနိုင်မှုမှာ သိသာခြင်းမရှိပေ။

အခင်းအကျင်းနှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အံ့ဖွယ်သင်္ကေတများကို ပိုမိုနက်ရှိုင်းစွာ နားလည်လာမှုနှင့်အတူ အထူးသဖြင့် လီရွှမ်က ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို အသုံးပြုကာ ဖန်တီးပေးသည့် အခင်းအကျင်းပုံကြမ်း သင်္ကေတနှင့် အံ့ဖွယ်များကြောင့် ဖန်းဟောင်သည် ကြီးမားသည့် တိုးတက်မှုများ ရရှိခဲ့သည်။

တပည့်လေးယောက်တို့သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများအပေါ် မြင့်မားသည့် နားလည်မှုများ ရရှိခဲ့သဖြင့် တိုးတက်မှုတို့ များစွာ ဖြစ်ပွားခဲ့၏။

ရွှီယန်၏ ဓားတာအိုမှာ ပိုမိုပြီးပြည့်စုံလာပြီး သူ၏ဓားအခင်းအကျင်းသည် များစွာ ပိုမိုစွမ်းအားကြီးမားလာခဲ့သည်။

မုန့်ချုံလည်း ဆေဘာတာအိုတွင် ကြီးမားသည့် မြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ပြီး အင်မော်တယ်ရွှေခန္ဓာလည်း အပါအဝင် ဖြစ်၏။

ဖန်းဟောင်က ဖန်တီးခဲ့သည့် အဆင့်မြင့်နွေဦးညမှန်ကို ရရှိပြီးနောက် ရှန်ဟိုင်ကျိုးသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ သူ၏မျက်နှာမှာ နေ့စဉ်နေ့တိုင်း လူယုတ်မာဆန်စွာ ဖြစ်နေပါသည်။

အချိန်တိုင်းတွင် ခိုးကြောင်ခိုးဝှက်နှင့် ပုန်းအောင်းကာ နွေဦးညမှန်ကို အသုံးပြုလေ့ရှိသည်။ ကြည့်ရသည်မှာ အခြားသူများ တွေ့သွားမည်ကို စိုးရိမ်နေဟန်ရှိသည်။

လက်ထဲတွင် ဒန်ဆေးလုံးနှင့် နွေဦးညမှန်တို့ ရရှိပြီးဖြစ်ရာ ရှန်ဟိုင်ကျိုးသည် ရှန်မိသားစုဆီသို့ ပြန်ရန်ပြင်ဆင်၏။ သူသည် အဘိုးဖြစ်သူအား ဒန်ဆေးလုံးတို့ ပေးရန်အတွက် ရွှီယန်၏ ခွင့်ပြုချက်ကိုပင် တောင်းခံခဲ့သည်။

ဂုဏ်သရေရှိ ပုဂ္ဂိုလ်တစ်ဦးကို တွေ့ဆုံကာ တစ်ဖက်လူက သူ့အား ဒီဗိုင်းဆေးလုံးအား ချီးမြှင့်ခဲ့သည်ဟုသာပြောပြီး စစ်မှန်သည့် အခြေအနေကို ဖွင့်ဟခြင်းမပြုဟု ဆို၏။

ရွှီယန်က ငြင်းဆန်မနေပါ။ မကြာခင်တွင် ဒန်ဆေးလုံးများသည် လောကကြီးအတွင်း၌ ပေါ်ပေါက်လာမှာ အသေအချာ ဖြစ်၏။ ထို့အပြင် သတင်းတို့ ပျံ့နှံ့သွားလျှင်တောင် မည်သည့်ခြိမ်းခြောက်မှုအန္တရာယ်မှ ရှိမနေပေ။ သူ၏ဆရာမှာ ပြိုင်ဘက်ကင်း၏။

ရှန်ဟိုင်ကျိုးက ဝမ်းသာသွားသည်။ ဒန်ဆေးလုံး၏ အကူအညီနှင့် သူ၏ ဖခင်ဖြစ်သူသည် နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်သို့ သေချာပေါက် ချိုးဖျက်နိုင်မှာဖြစ်၏။

ရှန်မိသားစုသည် လင်းနယ်မြေ၏ စစ်မှန်သည့် ပထမတန်းစား မိသားစုတစ်ခု ဖြစ်လာရန်အတွက် ခြေလှမ်းအား လှမ်းတက်နိုင်ပေတော့မည်။ အောက်ဆုံး၌ ရှိလျှင်တောင် ဖြစ်၏။

ရှန်ထိုင်မှာ အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီးဖြစ်ကာ အချိန်အတော်ကြာအောင် ကျင့်ကြံခဲ့၏။

သူသည် အတားအဆီးကို ချိုးဖျက်ရန်အတွက် အနည်းငယ်သာ ကွာဝေးတော့သည်။ ဒန်ဆေးလုံး၏ အကူအညီသာရပါက အဆင့်ချိုးဖျက်နိုင်မည်မှာ သေချာသလောက် ရှိ၏။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဝင်ရောက်ဖျက်ဆီးခံရမှုသည် ယွီကျိုးတစ်ခုလုံးကို မုန်တိုင်းထန်သွားစေ၏။

စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများအားလုံးတို့သည် လေလွင့်သိုင်းသမားများအား ရှာဖွေစစ်ဆေးခဲ့ကြသည်။ ရလဒ်အနေနှင့် ဒေသတစ်ခုလုံး ဖရိုဖရဲဖြစ်လာ၏။

ရှန်မိသားစုမှာ သူတို့၏ ဒေသအတွင်း၌ အဖြစ်သာ ရှာဖွေမှုပြုခဲ့ပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ ထကြွလှုပ်ရှားမှု အများကြီးမရှိပေ။

ရှန်ထိုင်မှာ တိတ်ဆိတ်စွာဖြင့် တံခါးပိတ်ကျင့်ကြံမှုသို့ ဝင်ရောက်၏။ ရှန်ဝမ်နှင့် ရှန်ဟိုင်ကျိုးတို့ သားအဖနှစ်ယောက်သာလျှင် ရှန်ထိုင်၏ တံခါးပိတ်ကျင့်ကြံကာ အဆင့်ချိုးဖျက်မှုကို သိကြလေသည်။

"ဒီနွေဦးညမှန်က စစ်မှန်တဲ့ ရတနာတစ်ခုပဲ.."

ရှန်ဝမ်က လက်ထဲရှိ နွေဦးညမှန်ကိုကြည့်ကာ အလွန် စိတ်လှုပ်ရှားနေ၏။ သူ၏မျက်လုံးများက တောက်ပနေပါသည်။

ရှန်မိသားစုမှ သားအဖ၏ နွေဦးညအပေါ် စွဲလမ်းမှုအား ယခုအချိန်၌ ပြောမနေတော့ပါ။

လီရွှမ်၏ စံအိမ်တွင် အရာအားလုံးသည် မူလကျင့်ကြံမှုလမ်းကြောင်းဆီသို့ ပြန်လည်ရောက်ရှိသွား၏။ နေ့စဉ်နေ့တိုင်း စုလင်းရှုံက ဒန်ဆေးလုံးများကို သန့်စင်ကာ ခြားနားသည့် အာနိသင်များနှင့် ဆေးပင်ပေါင်းစုံတို့ကို သုတေသနပြုသည်။ သူမသည် ဒန်ဆေးကျမ်းအတွင်းတွင် ဖော်မြူလာအသစ်များကို ပေါင်းထည့်ခဲ့၏။

လော့ဒေသတွင်...

"ဘုန်း.."

တင်းမာသည့်မျက်နှာနှင့် ရွှေရောင်မျက်ခုံးများရှိသည့် လူငယ်တစ်ယောက်သည် ရွှေရောင်လှံတစ်ခုကို ကိုင်စွဲကာ ရုတ်တရက် ထိုးစိုက်လိုက်ပြီး စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို တိုက်ခိုက်၏။

All Chapters