← Chapters

ဒါကြီးက ရူးသွပ်လွန်းတယ်

Vol. 33 Ch. 481

ဒါကြီးက ရူးသွပ်လွန်းတယ်

Vol. 33 Ch. 481

ထို့အပြင် သူသည် ယွီကျိုးအဖွဲ့ခွဲ၏ မျိုးဆက်စုံမဟာမိတ်အဖွဲ့ဝင်များကို ဦးဆောင်ကာ သူတို့အတွက် နေရာတစ်ခုရရှိရန် တိုက်ခိုက်မည်ဖြစ်သည်။

သူသည် ဆက်သွယ်ရေးအဆောင်ကိုယူပြီး ယွိကောင်းကို ဆက်သွယ်ကာ အပြင်ဘက်လောကအကြောင်း အချက်အလက်အချို့ကို မေးမြန်းသည်။

ပြီးနောက် အဆောင်ပညာရပ်အား စတင်လေ့လာ၏။ သူ၏ ဒီဗိုင်းအသိကို စုစည်းပြီးနောက် လက်နက်ကိရိယာနှင့် အခင်းအကျင်း ဖန်တီးမှုနှစ်ခုလုံးတွင် သိသာသည့် တိုးတက်မှုများ ရှိလာခဲ့သည်။

ယခုအချိန်၌ ဆန်းကြယ်အတတ်အချို့ကို စုစည်းကာ ၎င်းတို့၏ အခြေခံစွမ်းအားကို ထုတ်လွှတ်နိုင်နေပြီ ဖြစ်သည်။

၅ရက်ကြာအောင် သုတေသနပြုလုပ်ပြီး အကြိမ်ကြိမ် စမ်းသပ်ကြည့်ပြီးနောက် ကုန်ကြမ်းအချို့ ကုန်ဆုံးခဲ့၏။

ပထမဆုံး သင်္ကေတအခင်းအကျင်းမှာလည်း ပေါက်ဖွားလာခဲ့သည်။ ဤသည်မှာ မြူအခင်းအကျင်း အဆောင်ဖြစ်၏။

အသက်သွင်းလိုက်သည်နှင့် ၎င်းသည် မြူလွှာတစ်ခုကို ထုတ်လွှတ်ပြီး လူတိုင်းကို အတွင်းထဲတွင် လွှမ်းခြုံလိုက်မှာဖြစ်သည်။ ထိုမြူသည် မြင်ကွင်းကိုပိတ်ဆို့ခြင်း၊ အာရုံခံမှုနှင့် ဒီဗိုင်းဝိဉာဉ်စွမ်းအင်တို့ကို ပိတ်ဆို့ခြင်းတို့ အာနိသင်ရှိသည်။

'နောက်ဆုံးတော့ အောင်မြင်ပြီ..'

မြူအဆောင်မှာ သာမန်ဆန်ကာ တန်ဖိုးနည်းပါးသည်ဟု ယူဆနိုင်ပေမယ့် ဤသည်ကို သုံညမှတစ်အဖြစ် အဆင့်ချိုးဖျက်မှုဟု ယူဆနိုင်ပါသည်။

မြူအဆောင်အား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ခြင်းက သူ၏ အဆောင်ပြုလုပ်ခြင်း လမ်းကြောင်းမှာ မှန်ကန်သည်ဟု ဖော်ပြနေ၏။

ထိုနည်းလမ်းကို အသုံးပြုပြီး ခြားနားသည့် စွမ်းရည်များနှင့် ကျောက်စိမ်းအဆောင်များကိုလည်း ပြုလုပ်နိုင်ပါသည်။

ဖန်းဟောင်က မြူအဆောင်ကို အောင်မြင်စွာပြုလုပ်ပြီးသည့် အချိန်တွင် လီရွှမ်၏ ဝိဉာဉ်အခြေပေါ်ရှိ တာအိုရွှေစာအုပ်က ပွင့်လာခဲ့သည်။

"သင်၏တပည့် ဖန်း‌ဟောင်သည် ဆန်းကြယ်အဆောင်ပြုလုပ်ခြင်းလမ်းစဉ်ကို နားလည်သဘောပေါက် လာခဲ့သည်။ သင်သည် တာအိုအဆောင်အပေါ် စစ်မှန်စွာ နားလည်မှု ရလာခဲ့သည်.."

လီရွှမ်မှာ တိတ်တဆိတ် ဝမ်းသာသွားသည်။ ဖန်းဟောင်နားလည်သဘောပေါက်လာခဲ့သည့် ကျောက်စိမ်းအဆောင်ပြုလုပ်ခြင်း နည်းလမ်းသည် ကျောက်စိမ်းအဆောင်အတွင်းတွင် အခင်းအကျင်းကို ထည့်သွင်းရခြင်း ဖြစ်၏။

ထို့နောက် ၎င်းကို ချိတ်တံဆိပ်၏ စွမ်းအားဖြင့် ချိတ်ပိတ်ထားမည် ဖြစ်သည်။ ဤနည်းအားဖြင့် အဆောင်အတွင်းရှိ အခင်းအကျင်း၏ စွမ်းအားကို ပိတ်နှောင်ထားနိုင်၏။

အသက်သွင်းလိုက်သည်နှင့် ထိုပိတ်လှောင်မှုမှာ ပွင့်သွားပြီး ချိတ်ပိတ်ထားသည့် အခင်းအကျင်း၏ စွမ်းအားက ထွက်ပေါ်လာမည် ဖြစ်သည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ဖန်းဟောင်၏ လက်နက်ကိရိယာပြုလုပ်ခြင်း၌ ထူးကဲသည့် ပါရမီကို တွေ့မြင်နိုင်ပါသည်။

"ညီအကိုရွှီ၊ ညီအကိုမုန့်... ငါတို့တွေ တွေ့ကြပြန်ပြီ.."

ရွှီယန်နှင့် မုန့်ချုံတို့ကို တွေ့ရပြီးနောက် ရှန်ဟိုင်ကျိုးက မနေနိုင်ဘဲ သက်ပြင်းချသည်။

ထိုညီအစ်ကိုနှစ်ယောက်တို့သည် ပုန်းအောင်းရာ၌ အမှန်တကယ်ကို ထူးချွန်ကြ၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့သည် ယွီကျိုးတလျှောက် အကြီးအကျယ် ရှာဖွေခဲ့ကြပေမယ့် မည်သည်ကိုမှ ရှာတွေ့ခဲ့ခြင်း မရှိပေ။

အဲ့ဒီ့အစား တိတ်တဆိတ် ဖွဲ့စည်းထားသည့် လေလွင့်သိုင်းသမား အဖွဲ့အစည်းတစ်ခုကိုသာလျှင် ရှာတွေ့ခဲ့၏။

ထို့အပြင် ထိုလေလွင့်သိုင်းသမား အဖွဲ့အစည်းတွင် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ ရှိပါသည်။ တစ်ယောက်တည်းပင် မကပေ။

ဤသည်က ယွီကျိုးရှိ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုများအားလုံးကို အံ့သြသွားစေသည်။ တိုက်ခိုက်မှုများစွာကို ခံရပြီးနောက် ထိုလေလွင့်သိုင်းသမား အဖွဲ့အစည်းသည် ပြိုလဲတော့မည့်ဟန် ရသည်။

ပြောကြသည်မှာ ထိုလေလွင့်သိုင်းသမား အဖွဲ့အစည်း၏ ခေါင်းဆောင်သည် နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်၏။

သူ့ကို ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ မဟာအကြီးအကဲကျု့လျန်က ဒဏ်ရာအပြင်းအထန် ရရှိအောင် တိုက်ခိုက်ခဲ့သည်။

ထိုလူသည် သေဆုံးခြင်း မရှိလျှင်တောင် အနည်းဆုံးတော့ တစ်ဝက်တစ်ပြက်ဒုက္ခိတ ဖြစ်သွားမည်ဖြစ်၏။

"အကိုရှန်... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရဲ့ စိတ်ဝိဉာဉ်သတ္တုတွင်းတွေ ဘယ်နေရာမှာရှိတာလဲ... သတင်းရခဲ့လား.."

ရွှီယန်က ဝေ့ဝိုက်မနေဘဲ တည့်တိုးပင်မေးသည်။

ထိုစကားကို ကြားရပြီးနောက် ရှန်ဟိုင်ကျိုးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားလာ၏။ သူသည် အဆင်သင့်ပြုလုပ်ထားသည့် မြေပုံတစ်ခုကိုထုတ်ကာ စားပွဲပေါ်တွင် ဖြန့်လိုက်သည်။

"ဒီနေရာတွေက ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရဲ့ စိတ်ဝိဉာဉ်သတ္တုတွင်းတွေ တည်ရှိတဲ့နေရာပဲ။ ဒီသတ္ထုတွင်းနှစ်ခုက အသေးစားတွေပဲ.."

"ဒါပေမယ့် ဒီနှစ်ခုကတော့ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရဲ့ စစ်မှန်တဲ့ အဓိက စိတ်ဝိဉာဉ်သတ္တုတွင်းတွေ ဖြစ်တယ်။ အတွင်းထဲမှာ မြေဝိဉာဉ်ပန်းတွေတောင် ရှိနေနိုင်တယ်.."

"ဒါကတော့ လက်ရှိအချိန်မှာ စုံစမ်းရရှိထားတဲ့ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရဲ့ အဓိကသတ္တုတွင်းတွေပဲ... ပိုကြီးပြီး ပိုလျှို့ဝှက်တဲ့ စိတ်ဝိဉာဉ်သတ္တုတွင်းတွေ ရှိသေးလားဆိုတာကတော့ မသိသေးဘူး.."

ရှန်ဟိုင်ကျိုးက မြေပုံကိုထောက်ပြကာ သင်္ကေတလုပ်ထားသည့် စိတ်ဝိဉာဉ်သတ္တုတွင်းများကို မိတ်ဆက်ပေးသည်။

ရွှီယန်နှင့် မုန့်ချုံတို့၏ မျက်လုံးများက အဓိက သတ္ထုတွင်းကြီးနှစ်ခုအပေါ်သို့ ကျရောက်သွား၏။ သူတို့၏ ပန်းတိုင်သည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ အဓိကသတ္တုတွင်းများ ဖြစ်သည်။

အထူးသဖြင့် ထိုသတ္တုတွင်းနှစ်ခုတွင် မြေဝိဉာဉ်ပန်း ကြီးထွားနိုင်ခြေရှိကတည်းက ဖြစ်၏။

"ညီအကိုရွှီ.. ညီအကိုမုန့်... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရဲ့ အဓိကသတ္တုတွင်းကြီးတွေကို စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတွေက စောင့်ကြပ်ထားတယ်... အတွင်းထဲက စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေကို ခဏအတွင်း အပြောင်ရှင်းဖို့ကလည်း မဖြစ်နိုင်ဘူး။ ကျွန်တော့်အမြင်တော့ သတ္တုတွင်းငယ်တွေကို အာရုံစိုက်တာ ပိုကောင်းလိမ့်မယ်။ အဲ့ဒါတွေကို ဆုံးရှုံးရရင်လည်း ကျောက်စိမ်းနတ်ဘုရားဂိုဏ်းအတွက် သိသာတဲ့ထိုးနှက်ချက် ဖြစ်စေမှာ.."

ရှန်ဟိုင်ကျိုးက တံတွေးများကို မျိုချသည်။ ခေါင်းမော့ကြည့်ပြီးနောက် ရွှီယန်နှင့် မုန့်ချုံတို့မှာ အဓိကသတ္ထုတွင်းနှစ်ခုကို စူးစိုက်စွာကြည့်နေကြောင်းအား တွေ့လိုက်ရ၏။

ဤသည်က သူ့ကို မသက်မသာ ခံစားလိုက်ရစေသည်။ ထိုသတ္တုတွင်းကြီးများကိုသာ အောင်မြင်စွာလုယက်နိုင်ပါက ကျောက်စိမ်းနတ်ဘုရားဂိုဏ်းကို အမှန်တကယ်ရူးသွပ်သွားစေမှာ ဖြစ်၏။

မည်သည့်တန်ဖိုးကိုမဆို ပေးဆောင်ကာ အပြင်ဘက်ရှိ အင်အားစုများကိုပင် အကူအညီတောင်းခံမည်ဖြစ်သည်။ ထို့ကြောင့် သူသည် သတင်းအချက်အလက် ထောက်ပံ့ပေးသည့်ကိစ္စတို့ ပေါ်သွားမည်အား စိုးရိမ်နေ၏။

ယခုအချိန်အထိ သူနှင့် ရွှီယန်၊ မုန့်ချုံတို့နှင့်အဆက်အသွယ်ရှိကြောင်းကို မည်သူမှ မသိပဲ သတင်းအချက်အလက်များ ထောက်ပံ့ပေးခဲ့သည်ကို မည်သူမှ ပိုလို့တောင် တွေးမိမည်မဟုတ်ပေမယ့် လောကကြီးတွင် ထာဝရ ဖုံးကွယ်ထားနိုင်သည့်အရာဟူ၍ မရှိပေ။

သူသည် လျှို့ဝှက်ချက်တို့ ပေါက်ကြားသွားပြီးနောက် ပြဿနာတွင်းသို့ ကျရောက်မည်ကို စိုးရိမ်နေ၏။

"သတ္တုတွင်းငယ်တွေက စိတ်ဝင်စားဖို့မကောင်းဘူး... အဓိကသတ္တုတွင်းနှစ်ခုကို သွားရအောင်.."

ရွှီယန်က စိတ်လှုပ်ရှားစွာ ပြောသည်။

ရှန်ဟိုင်ကျိုးက တံတွေးများကို မျိုချ၏။

"ဒါပေမယ့် အဲ့ဒါတွေက အရမ်းကို ကြီးမားလွန်းတယ်... ငါတို့တွေ အားလုံးကိုလည်း တူးယူနိုင်မှာမဟုတ်ဘူး... ပြီးတော့ ငါပြောထားတဲ့လူကလည်း မရှိတော့ဘူး။ သူ့ရဲ့တတိယအဆင့် တောင်မြိုဖားမရှိရင် စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေ အများကြီးကို ဘယ်လိုလုပ်ပြီး ပြောင်းရွှေ့နိုင်မှာလဲ.."

"ဖြစ်နိုင်တာက ညီအကိုရွှီနဲ့ ညီအကိုမုန့်တို့က အတွင်းထဲက မြေဝိဉာဉ်ပန်းကို ပစ်မှတ်ထားနေတာလား။ ဒါပေမယ့် အဲ့ဒီ့ပန်းရှိတယ်ဆိုတာ ခန့်မှန်းခြေသက်သက်ပဲ.. သေချာတာ မဟုတ်ဘူး.."

"အဲ့ဒီ့အပြင် မြေဝိဉာဉ်ပန်းက စိတ်ဝိဉာဉ်သတ္တုတွင်းရဲ့ နက်ရှိုင်းတဲ့အတွင်းပိုင်းမှာပဲ ကြီးထွားတာ။ ဝင်သွားတာနဲ့ လျှင်လျှင်မြန်မြန် ပြန်မထွက်နိုင်ဘူးဆိုရင် အန္တရာယ်များလိမ့်မယ်။ အတွင်းထဲမှာ ပိတ်မိတာတောင် ဖြစ်နိုင်တယ်.."

ရွှီယန်က သူ၏ပုခုံးကိုပုတ်ကာ ပြောသည်။

"ဒါတွေအားလုံးက ကိစ္စငယ်လေးတွေပါ... အကိုရှန် စိတ်ပူစရာ မလိုပါဘူး။ ပြီးတော့ မင်းပြောထားတဲ့ မိတ်ဆွေကိုလည်း ရှာစရာမလိုတော့ဘူး။ ငါ့ရဲ့ဂျူနီယာညီလေးမှာ အစီအစဉ်ရှိတယ်.."

"အဲ့ဒီ့ထဲမှာ တကယ်ပဲ မြေဝိဉာဉ်ပန်းရှိမယ်ဆိုရင် အဲ့ဒီ့ပန်းနဲ့ ဒန်ဆေးပြုလုပ်မှုပြီးတဲ့အခါ အကိုရှန်အတွက် သေချာပေါက်ဝေစုရမှာပါ.."

ရှန်ဟိုင်ကျိုးက နဖူးမှ ချွေးစေးများကို သုတ်သည်။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ရူးသွပ်နေမှုကို မြင်ယောင်လုမတတ် ရှိနေ၏။

"ဒီကိစ္စပြီးရင် ညီအကိုရွှီနဲ့ ညီအကိုမုန့်တို့ ယွီကျိုးကနေ ချက်ချင်း ထွက်ခွာသွားရမယ်ထင်တယ်... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက လုံးဝကို ရူးသွပ်သွားမှာ.."

မုန့်ချုံက ပြောသည်။

"သူတို့ရူးတော့လည်း ကောင်းတာပေါ့... ပြီးတော့ စိတ်ဝိဉာဉ်သတ္တုတွင်းလေး နှစ်ခုနဲ့ ဒီကိစ္စက ပြီးမသွားဘူး။ ငါတို့ရဲ့ အဓိကပန်းတိုင်က ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရဲ့ ရတနာတိုက်ကို အပြောင်ရှင်းဖို့ပဲ.."

ထိုစကားကို ကြားရပြီးနောက် ရှန်ဟိုင်ကျိုးမှာ ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။ ဤသည်မှာ ရူးသွပ်လွန်းလှ၏။ ရဲတင်းလွန်းလှ၏။

သူတို့တွင် ယခုကဲ့သို့သော သတ္တိမျိုး မည်သည့်နေရာမှ ရရှိခဲ့သနည်း။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းသည် ယွီကျိုးတွင် နံပါတ်တစ်ဂိုဏ်းဟူ၍ ကျော်ကြား၏။ ဤသည်မှာ ဟာသမဟုတ်ပေ။

ခွန်အားအရာတွင်ပဲဖြစ်ဖြစ် အခြေခံအရာတွင်ပဲဖြစ်ဖြစ် ကြောက်ဖို့ကောင်းလှသည်။ ထို့အပြင် ဂိုဏ်း၏အင်အားက လုံလောက်မှုမရှိလျှင်တောင် အပြင်ဘက် အကူအညီများကို ခေါ်ယူနိုင်၏။ သူတို့တွင် အခြားဒေသများရှိ စွမ်းအားကြီးစိတ်ဝိဉာဉ်ဂိုဏ်းများနှင့် အဆက်အသွယ်အချို့ ရှိပါသည်။ တကယ်တော့ ပြောရလျှင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၌ စွမ်းအားကြီးမားသည့် နောက်ခံတို့ ရှိနေ၏။

"အကိုရှန်... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းအကြောင်း သတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး မင်းကိုပဲ အားကိုးရမယ်။ ငါတို့တွေ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက ကျူ့လျန်ရဲ့အကြောင်းကို သိချင်တယ်။ ပြီးတော့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတွေရဲ့ လှုပ်ရှားမှုတွေနဲ့ အဓိကသတ္တုတွင်းတွေရဲ့ အခြေအနေကိုရောပဲ... ရက်အနည်းငယ်ပြီးရင် ပြန်တွေ့ကြမယ်.."

ရွှီယန်က မြေပုံကိုသိမ်းကာ ရှန်ဟိုင်ကျိုးကို ကြည့်သည်။ ရှန်ဟိုင်ကျိုးက အံကိုကြိတ်ကာ ခေါင်းငြိမ့်၏။

"ကိစ္စမရှိဘူး... ကျွန်တော့တာဝန်ထားလိုက်.."

သူသည် ဓားမြသင်္ဘောပေါ်သို့ ရောက်ရှိနေပြီး ဖြစ်၏။ ထို့ကြောင့် ဒီအချိန်မှ နောက်ဆုတ်နေလျှင် သူ၏အသွင်မှာ အမှိုက်နှင့် တူသွားမည် မဟုတ်ပါလား။

ထို့အပြင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းကဲ့သို့ ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုကို လုပ်ကြံရခြင်းက စိတ်လှုပ်ရှားစရာကောင်းလှသည်။

ရွှီယန်နှင့် မုန့်ချုံတို့သည် ပြောစရာစကားတို့ ပြောပြီးနောက် မြေပုံနှင့်အတူ စံအိမ်ဆီသို့ ပြန်ခဲ့ကြ၏။

"ဒါဆို ဒါက ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရဲ့ အဓိကသတ္တုတွင်းပေါ့... မြေဝိဉာဉ်ပန်းက ဒီဗိုင်းအဆင့် စိတ်ဝိဉာဉ်ဆေးပင်ပဲ.."

ဖန်းဟောင်မှာ စိတ်လှုပ်ရှားနေ၏။ သူကဲ့သို့ သာမန်လူတစ်ဦးသည် နောက်ဆုံးတွင် စိတ်ဝိဉာဉ်ဂိုဏ်းကြီးတစ်ခု၏ အဓိကသတ္ထုတွင်းကို လုယက်နိုင်တော့ပေမည်။

"မြေဝိဉာဉ်ပန်းက တကယ်ပဲရှိတာလား... ညီမမှာ အဲ့ဒီ့ဆေးပင်ကို လိုအပ်တဲ့ ဆေးညွှန်းတစ်ခုရှိတယ်။ သန့်စင်ပြီးရင် ဒီဗိုင်းဆန္ဒကို သိသိသာသာမြှင့်တင်ပေးနိုင်ပြီး ဒီဗိုင်းဆန္ဒအဆင့်ရဲ့ ကျင့်ကြံမှုအမြန်နှုန်းကို အများကြီးမြင့်တက်လာစေမှာ.."

စုလင်းရှုံမှာလည်း အလွန်စိတ်လှုပ်ရှားနေ၏။

"ဖြစ်နိုင်ချေက အရမ်းမြင့်တယ်.."

သူတို့ကို လိုက်လံဖမ်းဆီးရန်အတွက် ဝရမ်းတွင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက မြေဝိဉာဉ်ပန်းကို ထည့်သွင်းထားခဲ့၏။ မြေဝိဉာဉ်ပန်းမှာ စိတ်ဝိဉာဉ်သတ္တုတွင်းကြီးများ အတွင်း၌ ပေါက်ရောက်လေသည်။

ညီအကိုသုံးယောက်တို့သည် ဆွေးနွေးမှုပြုကြပြီး ခဏတာ အစီအစဉ်ဆွဲပြီးနောက် ယွိကောင်းကို ခေါ်လိုက်၏။

ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်ပြီးနောက် ဖန်းဟောင်သည် ဆက်သွယ်ရေးအဆောင်ကို ပြန်လည်ဖန်တီးခဲ့သည်။

ယခုအချိန်၌ ဆက်သွယ်နိုင်သည့် အကွာအဝေးမှာ အနည်းဆုံး မိုင်တစ်သိန်းသို့ ရောက်ရှိနေပြီ ဖြစ်၏။ ထိုအကွာအဝေးအတွင်းတွင် ဆက်သွယ်ရန် မည်သည့်ပြဿနာမှ မရှိပေ။

ထို့အပြင် ဆက်သွယ်ရေးအဆောင်တွင် မှတ်တမ်းတင်သည့် လုပ်ဆောင်ချက်တစ်ခုကိုလည်း ထည့်ပေါင်းခဲ့၏။

လိုအပ်ပါက ကွန်းတက်အသစ်များကိုလည်း ထည့်ပေါင်းလာနိုင်မည် ဖြစ်သည်။ ဤသည်က မူလလူများသာ တရားသေ ဆက်သွယ်နိုင်သည့် ကန့်သတ်ချက်အား ပြောင်းလဲခဲ့၏။

သူသည် မြူအဆောင်ကဲ့သို့သော ကျောက်စိမ်းအဆောင်အချို့ကိုလည်း ဖန်တီးခဲ့သည်။ အရေးကြီးသည့် အချိန်အခါတွင် ရန်သူများကို ဝေဝါးအောင်ပြုလုပ်ပြီး ထွက်ပြေးရန် အချိန်ယူမည်ဖြစ်၏။

ရွှီယန်၏ အစီအစဉ်ကို ကြားရပြီးနောက် ယွိကောင်း၏ ဦးရေပြားများ ယားယံလာခဲ့သည်။ ဒီညီအစ်ကိုသုံးယောက်တို့သည် အမှန်တကယ်ကို ရဲတင်းကာ ရူးသွပ်ကြ၏။

သူတို့သည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ စိတ်ဝိဉာဉ်သတ္တုတွင်းကို လုယူရန် စီစဉ်ထားရုံမက အခွင့်အရေးရှာကာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းထဲသို့ ဝင်ရောက်ပြီး ရတနာတိုက်ကိုလည်း အပြောင်ရှင်းရန် စိတ်ကူးနေကြသည်။

နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်အနေနှင့်ပင် ထိုအရာများကို ကြားရပြီးနောက် သူသည် တုန်ခါနေတော့၏။

"ငါတို့တွေ တကယ်ပဲ အဲ့လိုလုပ်ကြမှာလား.."

ယွိကောင်းက စိုးရိမ်စွာမေးသည်။

ရွှီယန်က သူ့ကိုအထင်သေးစွာကြည့်၏။ ဤသည်မှာ မျိုးဆက်စုံမဟာမိတ်အဖွဲ့ခွဲ၏ မူလခေါင်းဆောင် ဖြစ်ပါသည်။ အဘယ်ကြောင့် အလွန် ကြောက်တတ်ရသနည်း။

"စောင့်ရှောက်သူယွိ... မျိုးဆက်စုံမဟာမိတ်အဖွဲ့က အမြဲတမ်းပဲ ပုန်းအောင်းနေလို့ ရည်ရွယ်ချက်တွေ၊ စိတ်အားထက်သန်မှုတွေ၊ သတ္တိတွေ ပျောက်ဆုံးသွားပြီထင်တယ်.."

"စိတ်အားထက်သန်မှု၊ ရည်ရွယ်ချက်နဲ့ သတ္တိတွေမရှိရင် မျိုးဆက်စုံမဟာမိတ်အဖွဲ့က လောကကြီးမှာ ပေါ်လာနိုင်ရင်တောင် တိုက်ခိုက်လိုတဲ့ စိတ်ဝိဉာဉ်တွေ ပျောက်ဆုံးနေလိမ့်မယ်။ ဒါက လက်ခံနိုင်စရာ မရှိဘူး။ အခုအချိန်မှာ ကျွန်တော်တို့က လျှို့လျှို့ဝှက်ဝှက်နဲ့ ဖွံ့ဖြိုးနေပေမယ့် တိုက်ပွဲတွေအတွက် နောက်မတွန့်သင့်ဘူး.."

ဖန်းဟောင်က နက်ရှိုင်းစွာ သက်ပြင်းချသည်။ ဒီမျိုးဆက်စုံမဟာမိတ်အဖွဲ့ကို ဖွံ့ဖြိုးနိုင်စေရန်အတွက် ခေါင်းဆောင်အသစ်ဖြစ်သည့် သူ့အပေါ် အမှန်တကယ်ကို မှီခိုရန်လို အပ်ပေလိမ့်မည်။

"ကောင်းပါပြီ... ကျွန်တော်ခေါင်းဆောင်ရဲ့အမိန့်ကို လိုက်နာပါ့မယ်.."

ယွိကောင်းက အံကိုကြိတ်ကာ ပြောသည်။ ခေါင်းဆောင်၏စကားက မှန်ကန်ပါသည်။ သူတို့သည် စိတ်အားထက်သန်မှုနှင့် သတ္တိတို့ကို ပျောက်ဆုံးသွားစေလို့ မဖြစ်ပေ။

"အဲ့လိုမှပေါ့.."

ဖန်းဟောင်က သူ့ကို ကျောက်စိမ်းအဆောင် ၁၀ခုကျော်တို့အား ပေးသည်။

"ဒါတွေက မြူအဆောင်တွေပဲ... အသက်သွင်းလိုက်ရင် အာရုံဝေဝါးစေတဲ့ မြူမှုန်တွေ အများအပြား ပေါ်လာလိမ့်မယ်။ အဲ့ဒါက ရန်သူရဲ့အာရုံခံမှုနဲ့ ဒီဗိုင်းဝိဉာဉ်စွမ်းအားကို ပိတ်ပင်နိုင်တယ်။ ထွက်ပြေးဖို့ အချိန်ရနိုင်စေတယ်.."

ယွိကောင်းက မြူအဆောင်ကိုကြည့်ကာ သူ၏မျက်နှာမှာ မယုံကြည်နိုင်စွာ ရှိနေ၏။ ဆက်သွယ်ရေးအဆောင်အပြင် အခြား မှော်ဆန်သည့်ပစ္စည်းများ ရှိနေသေးသည်လား။

"စမ်းကြည့်ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ရင်းနှီးအောင် လုပ်ကြည့်.."

ဖန်းဟောင်က သတိပေးသည်။

"ဟုတ်ကဲ့ပါခေါင်းဆောင်.."

ယွိကောင်းက ကျောက်စိမ်းအဆောင်ကို အသက်သွင်းကာ ပစ်လွှတ်လိုက်သည်။ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ဆယ်ပေကျော် အချင်းဝက်အတွင်းတွင် မြူများ ဖုံးလွှမ်းလာခဲ့၏။

ထို့နောက် သူသည် ဒီဗိုင်းဝိဉာဉ်ကို အသုံးပြုကာ စူးစမ်းကြည့်လိုက်သည်။ ထိုမြူများကို ထိုးဖောက်နိုင်ခြင်း မရှိကြောင်းအား တွေ့ရ၏။

All Chapters