← Chapters

စိတ်ဝိဉာဉ်သတ္တုတွင်းအား ခိုးယူခြင်း

Vol. 33 Ch. 484

စိတ်ဝိဉာဉ်သတ္တုတွင်းအား ခိုးယူခြင်း

Vol. 33 Ch. 484

အတွင်းပိုင်းသို့ ပိုမိုဝင်ရောက်လေလေ စိတ်ဝိဉာဉ်စွမ်းအင်မှာ ပိုမိုထူထဲလာလေဖြစ်၏။ မကြာခင်တွင် သူတို့သည် ဂူနံရံအားလုံးတို့၌ စိတ်ဝိဉာဉ်ပုံဆောင်ခဲများ နစ်ဝင်နေပြီး လင်းလက်နေပုံကို တွေ့လိုက်ရသည်။

ဤသည်မှာ စိတ်ဝိဉာဉ်သတ္တုတွင်းအတွင်းသို့ ဝင်ရောက်ခဲ့ပြီဟူသည့် လက္ခဏာရပ်ဖြစ်၏။ လက်ရှိ လမ်းကြောင်းရှိ စိတ်ဝိဉာဉ်သတ္တုတွင်းနေရာသည် အရမ်းကြီး မတူးဖော်ရသေးပုံ ရှိသည်။ စိတ်ဝိဉာဉ်ပုံဆောင်ခဲအရေအတွက်မှာ အကန့်အသတ်ရှိ၏။

အကွာအဝေးတစ်ခုခြားတိုင်းတွင် နံရံပေါ်၌ လကျောက်တုံးတစ်ခုတို့ကို နေရာချထားပြီး ၎င်းတို့၏ ငွေရောင်အလင်းက အလင်းရောင်အား ပေးစွမ်းနေသည်။

သူတို့သည် ထိုလမ်းကြောင်းကို ဖြတ်ကျော်ပြီးနောက် ကြီးမားသည့် မြေအောက်သတ္တုတွင်း တစ်ခုအတွင်းသို့ ရောက်ရှိသွား၏။ ကြီးမားသည့် သတ္တုတွင်းကြီးအတွင်းတွင် ဝင်ပေါက်၏ဘယ်ဘက်၌ ကနားတစ်ခု ရှိနေ၏။ ကနားထဲတွင်ရပ်နေပါက သတ္တုတွင်းတစ်ခုလုံးကို ကြည့်မြင်နိုင်လေသည်။

ထိုကနားတစ်ခုလုံးကို စိတ်ဝိဉာဉ်ပုံဆောင်ခဲများဖြင့် ထွင်းထားခြင်း ဖြစ်၏။ သတ္တုတွင်းအတွင်းရှိ စိတ်ဝိဉာဉ်ပုံဆောင်ခဲ အားလုံးတို့ကိုတူးယူပြီး ဒီကနားတစ်ခုသာ ချန်ထားခြင်း ဖြစ်သည်။

ကနားအတွင်းတွင် လူလတ်ပိုင်းလူကြီးတစ်ယောက်သည် မျက်လုံးများကို ညင်သာစွာမှိတ်ပြီး ကျင့်ကြံနေ၏။

ထူထဲသည့် စိတ်ဝိဉာဉ်စွမ်းအင်များက သူ့ဆီသို့ ဝင်ရောက်လာနေသည်။

သတ္တုတွင်း၏ရှေ့တွင် တူးဖော်ခြင်းလမ်းကြောင်း၂ဝကျော်တို့ ရှိနေ၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ တပည့်အချို့တို့ စိတ်ဝိဉာဉ်ပုံဆောင်ခဲ တူးယူခြင်းကိရိယာများကို တစ်ယောက်ချင်းစီ ကိုင်ဆောင်ကာ ဝင်ပေါက်တစ်ခုသို့ အတူတူ ဝင်ရောက်သွားပုံကို တွေ့မြင်နိုင်သည်။

ဒီနေရာသည် ကြီးမားလှသည့် သတ္တုတွင်းကြီး၏ တစ်တောင့်တစ်နေရာသာ ဖြစ်၏။ ပြီးနောက် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ကနားအတွင်းရှိ လူမှာ ဒီနေရာကိုစောင့်ကြပ်ရန် တာဝန်ကျသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့် အကြီးအကဲဖြစ်သည်။

ထို့အပြင် ကနား၏အောက်ခြေ၌ စိတ်ဝိဉာဉ်ပုံဆောင်ခဲဖြင့် ပြုလုပ်ထားသည့် အိမ်ငယ်များစွာရှိ၏။ ထိုနေရာများတွင် တာဝန်ကျသည့် ခေါင်းဆောင်များ နေထိုင်ကြသည်။ ထိုခေါင်းဆောင်များသည် ကောင်းကင်လူသားကြီးအဆင့်တွင် ရှိကြ၏။

ရွှီယန်သည် ချက်ချင်းပင် မြင့်တက်သွားပြီး ကနားဆီသို့ ဦးတည်လိုက်၏။ တစ်ဖက်လူ၏ခွန်အားမှာ အစောပိုင်းစိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားဖြစ်ရာ သူ့အနေနှင့် ချောင်းမြောင်းတိုက်ခိုက်စရာမလိုဘဲ သတ်ဖြတ်နိုင်စွမ်း ရှိပါသည်။

သို့ပေမယ့် ဒီနေရာသည် သတ္တုတွင်းအတွင်း၌ ဖြစ်၏။ ရန်သူသာ ရှုံးနိမ့်တော့မည်ကို သိရှိပြီး စိတ်ဝိဉာဉ်သတ္တုတွင်းကို ဖျက်ဆီးရန်ရွေးချယ်လိုက်ပါက အတွင်းထဲရှိ မြေဝိဉာဉ်ပန်းတို့ကို ထိခိုက်နိုင်ခြေရှိသည်။

သူ့အနေနှင့် ထိုအဖြစ်အပျက်အား တားဆီးနိုင်မည်မဟုတ်ပေ။ ထို့အပြင် သတ္တုတွင်းအတွင်း၌ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှ အခြား တပည့်သားများလည်း ရှိနေ၏။ အခြေအနေကိုသိရှိပြီး မြေဝိဉာဉ်ပန်းကို ဖျက်ဆီးကြပါက အရှုံးပေါ်ပေလိမ့်မည်။

ယခုမျှကြီးမားသည့် စိတ်ဝိဉာဉ်သတ္တုတွင်း အတွင်းတွင်ပင် အဖိုးတန်ဆုံးပစ္စည်းမှာ သံသယဝင်စရာမကောင်းလောက်အောင် မြေစိတ်ဝိဉာဉ်ပန်း ဖြစ်သည်။

"ဘာကိစ္စရှိလို့လဲ.."

ကနားအတွင်းရှိ အကြီးအကဲက မျက်လုံးများဖွင့်ပြီး နက်ရှိုင်းသည့်အသံဖြင့် မေးသည်။

ရောက်ရှိလာသူမှာ အပြင်ဘက်တွင် စောင့်ကြပ်ရန် တာဝန်ကျနေသည့် ခေါင်းဆောင်ဖြစ်ပြီး အရေးကြီးသည့် ကိစ္စမရှိပါက သူ့ကို လာရှာမည်မဟုတ်ပေ။

"အကြီးအကဲ..."

ရွှီယန်က ကနားအတွင်းသို့ ဝင်ရောက်ပြီးနောက် အသာပြောသည်။ သူ၏ပါးစပ်ကို ဖွင့်လိုက်သည်နှင့် ဓားအလင်းတစ်ခု ထွက်ပေါ်လာကာ တောင်နှင့်မြစ်ဓားအခင်းအကျင်းက တစ်ဖက်လူအား လျှပ်တပြက်အတွင်း လွှမ်းခြုံသွားသည်။ လျှပ်တပြက်လေ သုတ်သင်ခြင်းဓားက သက်ဆင်းလာခဲ့၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ အကြီးအကဲမှာ အံ့ဩမှင်သက်သွားသည်။

ဘာပဲဖြစ်ဖြစ် အစောင့်ခေါင်းဆောင်နှင့် ရုပ်ရည်အသွင်အပြင်ကော အငွေ့အသက်ပါ တူညီသည့်ရန်သူတစ်ယောက် ရောက်ရှိလာမည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။

ထို့အပြင် ယွီကျိုးရှိ နံပါတ်တစ်ဂိုဏ်းတစ်ခု အနေနှင့် မည်သူကသူ့ကို လာရောက်လုပ်ကြံ သတ်ဖြတ်ရဲမည်နည်း။

"မင်း..."

အကြီးအကဲ၏မျက်နှာက ကြီးစွာပြောင်းလဲသွားသည်။ သူ၏ဒီဗိုင်းဝိဉာဉ်က မြင့်တက်လာပြီး ခန္ဓာကိုယ်မှ အဖြူရောင်အလင်းတစ်ခု ထွက်ပေါ်ကာ ခုခံရန်ပြင်၏။ သို့ရာတွင် တောင်နှင့်မြစ်ဓားအခင်းအကျင်းမှာ ကျဆင်းလာပြီး ဖြစ်သည်။

"မင်းဘယ်သူလဲ.."

အကြီးအကဲက ထိတ်လန့်နေစဉ်အတွင်းမှာပင် သူ၏ခန္ဓာကိုယ်သည် ဓားအခင်းအကျင်းကြောင့် ပျက်စီးသွားခဲ့၏။ ဒီဗိုင်းဝိဉာဉ်မှာ ပြိုလဲလာခဲ့သည်။ နောက်ဆုံးတွင် သူ့ဘဝ၏ နောက်ဆုံးမေးခွန်းတစ်ခုသာ ကျန်ရစ်ခဲ့၏။

"ဓားနတ်ဘုရားရွှီယန်.."

ရွှီယန်က အေးစက်စွာပြောသည်။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ အကြီးအကဲမှာ သေဆုံးသွားခဲ့၏။

သူသည် လက်ကိုဆန့်ကာ ထိုအကြီးအကဲ၏ သိုလှောင်အိတ်ကို ယူလိုက်သည်။ တစ်ချိန်တည်းတွင် ကနား၏အောက်ခြေ၌ ဖန်းဟောင်နှင့်မုန့်ချုံတို့သည် အခြားခေါင်းဆောင်နှင့် အကြီးအကဲငယ်များကို လျှင်မြန်စွာ ရှင်းလင်းပစ်၏။

သူတို့၏ခွန်အားနှင့် ကောင်းကင်လူသားကြီးအဆင့်၌သာရှိသည့် ထိုခေါင်းဆောင်နှင့် အကြီးအကဲငယ်များသည် ခုခံရန် မည်သည့်အခွင့်အရေးမှ မရှိကြပေ။ အချက်ပေးမှု မပြုနိုင်ခင်တွင်ပင် သုတ်သင်ခံခဲ့ရ၏။

ဖန်းဟောင်က လက်ကို ဝှေ့ရမ်းလိုက်ပြီးနောက် အခင်းအကျင်းပစ္စည်းတစ်ခု လွင့်ပျံလာခဲ့သည်။

ချက်ချင်းပင် ကျယ်ပြောသည့် သတ္တုတွင်းအတွင်း၌ ကြီးမားသည့် အခင်းအကျင်းကြီးအား ခင်းကျင်းလိုက်၏။

သတ္တုတွင်းအတွင်းသို့ ဝင်ရောက်သည့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှ မည်သည့် တပည့်သားမဆို အခင်းအကျင်းတွင် လမ်းပျောက်ပြီး မည်သည့် မူမမှန်မှုကိုမှလည်း သတိထားမိမည်မဟုတ်ပေ။

"သွားရအောင်... မြေစိတ်ဝိဉာဉ်ပန်းကို ရှာကြမယ်.."

ရွှီယန်က ပြောသည်။ မြေစိတ်ဝိဉာဉ်ပန်းမှာ အရေးအကြီးဆုံးရတနာ ဖြစ်၏။

သုံးယောက်သားသည် သတ္တုတူးယူခြင်း လမ်းကြောင်းများဆီသို့ ရွေ့လျားသွားကြသည်။ လမ်းကြောင်းများအတွင်းတွင် ခေါင်းဆောင်နှင့် တပည့်သားများအား ဝင်ရောက်ရန် တားမြစ်ထားသည့် အပေါက်နှစ်ခုရှိ၏။

"မြေစိတ်ဝိဉာဉ်ပန်းက ဒီလမ်းကြောင်းနှစ်ခုထဲမှာ ရှိမယ်ထင်တယ်... ငါဒီလမ်းကြောင်းကို သွားကြည့်လိုက်မယ်။ မင်းတို့နှစ်ယောက် ကျန်တဲ့တစ်ခုကိုဝင်ကြ.."

ရွှီယန်က လမ်းကြောင်းတစ်ခုအတွင်းသို့ ဝင်ရောက်သွား၏။ ဖန်းဟောင်နှင့်မုန့်ချုံတို့က အခြားလမ်းကြောင်းအတွင်းသို့ ဝင်ရောက်သည်။

ထင်ထားသည့် အတိုင်းပင်။ စိတ်ဝိဉာဉ်သတ္တုတွင်းဆီသို့ လမ်းကြောင်း၏ နက်ရှိုင်းသည့် နေရာတစ်ခုတွင် တောက်ပသည့် စိတ်ဝိဉာဉ်ပုံဆောင်ခဲတစ်ခု အပေါ်၌ အဖြူရောင်ပန်းတစ်ပွင့် ပွင့်လန်းနေ၏။

'မြေစိတ်ဝိဉာဉ်ပန်း...'

ဤသည်မှာ ‌ဒီဗိုင်းအဆင့် စိတ်ဝိဉာဉ်ဆေးပင်ဖြစ်ပြီး လင်းနယ်မြေတွင် အလွန်ရှားပါးလှသည်။

ရွှီယန်မှာ စိတ်လှုပ်ရှားလာခဲ့၏။ သူသည် မြေစိတ်ဝိဉာဉ်ပန်းကို ဂရုတစိုက်ဖြင့် တူးယူကာ စုလင်းရှုံက စိတ်ဝိဉာဉ်ဆေးပင်များအား ချိတ်ပိတ်ရန် သင်ကြားပေးထားသည့် ချိတ်တံဆိပ်ဖြင့် သိမ်းယူလိုက်သည်။ ပြီးနောက် သိုလှောင်လက်စွပ်အတွင်းသို့ ထည့်လိုက်၏။

သူသည် စိတ်ဝိဉာဉ်သတ္တုတွင်းတလျှောက်အား ကြည့်ရှု့သည်။ ဒီနေရာတွင်ရှိသည့် ပုံဆောင်ခဲများမှာ တွက်ချက်လို့မရနိုင်အောင် ရှိနေ၏။

ဒီစိတ်ဝိဉာဉ်ပုံဆောင်ခဲ သတ္တုတွင်း တစ်ခုတည်းနှင့်ပင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းသည် တပည့်များကို ပျိုးထောင်ရန်အတွက် စိတ်ဝိဉာဉ်ပုံဆောင်ခဲများအား ဘယ်တော့မှ လစ်ဟင်းမည် မဟုတ်ပေ။

အဖိုးအတန်ဆုံးမှာတော့ သံသယဝင်စရာမကောင်းလောက်အောင် မြေစိတ်ဝိဉာဉ်ပန်း ဖြစ်၏။ ရွှီယန်သည် စိတ်ဝိဉာဉ်ပုံဆောင်ခဲများအား တူးယူခြင်းမပြုပါ။

သူတို့အနေနှင့် ဒီသတ္တုတွင်းအတွင်းရှိ ပုံဆောင်ခဲအားလုံးတို့ကို တူးယူလိုပါက အချိန်မည်မျှကြာမည်လဲ မသိပေ။ ထို့ကြောင့် ဒီအတိုင်းထားထားတာ ကောင်း၏။

သူသည် လမ်းကြောင်းမှ ပြန်ထွက်လာပြီး အဝတွင် စောင့်နေလိုက်၏။ မကြာခင်တွင် မုန့်ချုံနှင့်ဖန်းဟောင်တို့လည်း စိတ်လှုပ်ရှားစွာဖြင့် ပြန်လာကြသည်။

"ဒီဘက်မှာ မြေစိတ်ဝိဉာဉ်ပန်းနှစ်ခု ရှိတယ်.."

ဖန်းဟောင်က စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။

"ငါလည်း ဟိုဘက်မှာ တစ်ခုရလာတယ်.."

ရွှီယန်က ရယ်သည်။

ဒီစိတ်ဝိဉာဉ်သတ္တုတွင်း အတွင်းတွင် မြေစိတ်ဝိဉာဉ်ပန်းသုံးခုတို့ ကြီးထွားနေ၏။ ထို့ကြောင့် အခြားသတ္တုတွင်း အတွင်းတွင်လည်း မြေစိတ်ဝိဉာဉ်ပန်းများ ပေါက်ရောက်မှာပါ။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ရတနာတိုက်အတွင်းတွင် သက်ဆိုင်ရာ ပမာဏတစ်ခု သိမ်းဆည်းထားလောက်၏။ ဆုကြေးအဖြစ်ပေးနိုင်တာ အံ့သြစရာမရှိပေ။

သူသည် အခြားလမ်းကြောင်းများအား ကြည့်လိုက်သည်။ ဂူပေါက်တစ်ခုအတွင်းမှ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ တပည့်တစ်စု ထွက်လာကြ၏။ တူးဖော်ရရှိသည့် စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို ခေါင်းဆောင်အားပေးပြီးနောက် စိတ်အားထက်သန်စွာဖြင့် ပြန်လည်ဝင်ရောက်သွားကာ ဆက်လက်သတ္တုတူးကြသည်။

သို့ပေမယ့် ထိုတပည့်များမသိသည်မှာ ပြင်ပသို့ထွက်လာပြီးသည်နှင့် သူတို့သည် အခင်းအကျင်းကြီးအတွင်းသို့ ကျရောက်ကာ ပုံရိပ်ယောင်အတွင်း နစ်မြုပ်သွားကြခြင်း ဖြစ်သည်။

သူတို့ကိုယ်သူတို့ ပြန်လည်ဝင်ရောက်ကာ သတ္တုတူးနေကြပြီဟု ထင်နေပေမယ့် တကယ့်တကယ်တွင် အပြင်ဘက်၌သာ ရှိနေဆဲဖြစ်သည်။

"သွားရအောင်... နောက်ထပ် သတ္တုတွင်းကြီးဆီကို သွားမယ်.."

ရွှီယန်က နောက်သို့လှည့်ကာ ထွက်ခွာသွားသည်။

ယခုအချိန်၌ ဒီသတ္တုတွင်းကြီးကို အခင်းအကျင်းဖြင့် လွှမ်းခြုံထားပြီး ဖြစ်၏။ အတွင်းထဲရှိ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှ တပည့်များသည် အခင်းအကျင်းအား ချိုးဖျက်နိုင်မည်မဟုတ်ဘဲ ဂိုဏ်းသို့ သတင်းပေးနိုင်မည်မဟုတ်ပါ။

All Chapters