အခန်း (၁၅၈၆-၁၅၉၀)
Vol. 96 Ch. 1586-1590
အခန်း ၁၅၈၆ ချီဘုရင် ပေါ်လာခြင်း
“ရဲတင်းလွန်းတယ်...။ ဝမ်ချောင် မင်းက မဟာထန်မင်းဆက်နဲ့ ပတ်ဝန်းကျင်နိုင်ငံတွေအကြား ပဋိပက္ခဖြစ်ပေါ်အောင် လှုံ့ဆော်နေတာလား...”
လီကျွင်းရှန်းက ဝမ်ချောင်ကို စူးစိုက်ကြည့်ရင်း ပြင်းထန်စွာ ပြောလိုက်သည်။
“ဧကရာဇ်ကိုယ်တိုင် ပြစ်မှုကျူးလွန်ရင်လည်း သာမန်ပြည်သူလိုပဲ အပြစ်ပေးခံရမယ်... လီကျွင်းရှန်း မင်းက ဒီအခြေခံမူကိုတောင် နားမလည်ဘူးလား...”
ဝမ်ချောင်က ပြင်းထန်စွာ ပြန်လည် တုံ့ပြန်လိုက်သည်။
“ဟား... ဟား... ဟား... ၊ ကောင်းမွန်တဲ့စကားပဲ။ မျိုးနွယ်ခြားဘုရင်၊ မင်းရဲ့ဟန်က တော်တော်လေးကောင်းတယ်နော်”
ရုတ်တရက် ရယ်မောသံတစ်ခုက မြင်းဖြူများနှင့်အတူ ထွက်ပေါ်လာသည်။
လူအားလုံးက ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။ ဝမ်ချောင်လည်း ထိုနည်းအတူ လှည့်ကြည့်လိုက်သည်။ စုရွှတ်ရွှမ်းက နှလုံးသားထဲတွင် တုန်လှုပ်သွားပြီး ထိတ်လန့်စွာ အော်ပြောလိုက်သည်။
“အရှင်၊ ချီဘုရင်ပါလား...”
“အား...”
“ချီဘုရင်ပဲ”
ပရိသတ်ပြည်သူများက ဆူညံပွက်လောရိုက်သွားပြီး ကပ်ရောဂါသယ်ဆောင်သူကို ရှောင်ရှားသလို ကွဲကွာသွားကြသည်။ ချီဘုရင်က လူအင်အားကြီးမားသော တပ်ဖွဲ့တစ်ခုကို ဦးဆောင်ကာ လူအုပ်ကြီးကို ဖြတ်သန်းသွားပြီး နန်းတော်တံခါးဝသို့ တိုက်ရိုက် ဝင်ရောက်လာသည်။
အချို့သော ပြည်သူများက အချိန်မီ ရှောင်မထွက်နိုင်ဘဲ လေထဲသို့ လွင့်ထွက်သွားကြသည်။
ဧကရာဇ်၏ ခြေတော်အနီးတွင် အရာရှိများအားလုံးက အတိုင်းအတာတစ်ခုအထိ ထိန်းထိန်းသိမ်းသိမ်း ပြုမူပြီး အလွန်မာနကြီးစွာ မလုပ်ဆောင်ရဲကြပေ။ မဟာထန်မင်းဆက်၏ ဥပဒေများကို နားမလည်သော တိုင်းခြားသားများမှလွဲ၍ ချီဘုရင်တစ်ဦးတည်းကသာ ထိုမျှထင်ရှားစွာ လျစ်လျူရှုပြီး ပြုမူနိုင်သည်။
အတိုင်ပင်ခံပုံပေါက်သည့် မုတ်ဆိတ်ဖြူနှင့်လူတစ်ဦးက မြင်းဖြင့် ချီဘုရင်ထံသို့ စီးလာပြီး တိုးတိုးလေး ပြောလိုက်သည်။
“အရှင်၊ လီကျွင်းရှန်းလည်း ဒီမှာရှိပါတယ်...”
“ဟား... ဟား... ဟား... ၊ ဖြစ်ပျက်သမျှအရာအားလုံးကိုကြည့်ရင် သူဒီမှာမရှိရင် ပိုထူးဆန်းနေမှာပေါ့...”
ချီဘုရင်က ထူးဆန်းစွာ ရယ်မောလိုက်သည်။
လီကျွင်းရှန်းကို တစ်ချက်ကြည့်ပြီးနောက် သူက ဝမ်ချောင်နှင့် သူ၏ ဖြူဖွေးပြီး လှပသောမြင်းဆီသို့ လှည့်လိုက်သည်။
“ငါ အချိန်အကြာကြီး စောင့်ခဲ့ရတယ်...။ နောက်ဆုံးတော့ မင်းရဲ့သည်းခံမှုက ကုန်ဆုံးသွားပြီလား...”
ချီဘုရင်၏ မျက်လုံးများထဲတွင် မာနထောင်လွှားနေသော မကောင်းဆိုးဝါး၏ အလင်းတန်းတစ်ခုက ဖြတ်သန်းသွားသည်။ ပုစဉ်းက ပိုးကောင်ကို ဖမ်းဆည်းပြီး နောက်ကွယ်မှ ငှက်ငယ်ကို သတိမထားမိခဲ့ပေ။ သူက ယနေ့ နန်းတွင်းအစည်းအဝေးအကြောင်း သိရှိထားခဲ့ပြီးဖြစ်သော်လည်း စုန့်ဘုရင်ကဲ့သို့ပင် နန်းရင်းတွင် မပေါ်ထွက်ခဲ့ပေ။
သို့သော် စုန့်ဘုရင်နှင့်မတူဘဲ ချီဘုရင်က ဆင့်ခေါ်ခံခဲ့ရသည်။ သူက သွားလာရန်ပင် မလိုလားခဲ့ပေ။ စုဝေးနေသော အရာရှိများ၊ လီကျွင်းရှန်းနှင့် ပထမမင်းသားတို့က ကျန့်ချိုးကျုံးကို ဖြေရှင်းရန် လုံလောက်ပြီ ဖြစ်သည်။ သူ၏ရှိနေမှုက မလိုအပ်ခဲ့ပေ။ ချီဘုရင်က ဝမ်ချောင်ကိုသာ စိတ်ဝင်စားခဲ့သည်။ ကျန့်ချိုးကျုံးက ဝမ်ချောင်ရှေ့တွင် ရပ်တည်နေသော ဒိုင်းကာတစ်ခုသာ ဖြစ်သည်။ သူက ဒိုင်းကာကို မဟုတ်ဘဲ ဒိုင်းကာကိုင်ဆောင်သူကို ဖမ်းဆီးလိုခဲ့သည်။
ထို့ကြောင့် ဟူလူမျိုးများ စုဝေးလာသောအခါ ချီဘုရင်က စိတ်ဝင်တစား ဖြစ်လာခဲ့သည်။ သူက အပြစ်ပေးရေးဌာနမှ သူ၏လူများနှင့်အတူ စောင့်ဆိုင်းနေခဲ့ပြီး ဝမ်ချောင် ပေါ်ထွက်လာမည်ကို သိထားခဲ့သည်။ ထင်ထားသည့်အတိုင်းပင် ဝမ်ချောင်က အမှန်တကယ် ဝင်ရောက် စွက်ဖက်လာခဲ့သည်။
ချီဘုရင်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး လက်ကို ဝှေ့ရမ်းကာ ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
“လာခဲ့ကြ...၊ ဒီသစ္စာဖောက် လူယုတ်မာအားလုံးကို ဖမ်းဆီးလိုက်...”
“ဟုတ်ကဲ့ပါ အရှင်...”
အပြစ်ပေးရေးဌာန၏ အရာရှိများက အော်ဟစ်လိုက်ပြီး လူအုပ်စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့၏ အစွန်အဖျားရှိ အဖွဲ့ဝင်များဆီသို့ ကျားရိုင်းများသဖွယ် ခုန်ဝင်လာကြသည်။ ချီဘုရင်က သတင်းရရှိသည်နှင့် လူပေါင်း ငါးထောင်မှ ခြောက်ထောင်အထိ ပြင်ဆင်ထားခဲ့သည်။
သူက အပြစ်ပေးရေးဌာနကို လုံးဝအလွတ်ကျန်အောင် လုပ်ထားခဲ့ပြီး သူ၏ကိုယ်ပိုင်စစ်သားများကိုပါ ခေါ်ဆောင်လာခဲ့သည်။ ဧကရာဇ်မင်းသားတစ်ပါးအနေဖြင့် ချီဘုရင်က အထက်တန်းစစ်သား နှစ်ထောင်ကို ပိုင်ဆိုင်ခွင့်ရှိပြီး သူတို့အားလုံးက ထူးချွန်သူများ ဖြစ်ကြသည်။ ထိုအရာအားလုံးက ဧကရာဇ်နန်းတော်မှ ခွင့်ပြုထားသည့်အရာများဖြစ်သည်။
ချီဘုရင်နှင့် သူ၏လူပေါင်း ငါးထောင်မှ ခြောက်ထောင်က စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့၏ လူဦးရေ ကိုးထောင်ကျော်ထက် နည်းပါးသော်လည်း ချီဘုရင်၏ လူများက လက်နက်အပြည့်အစုံ ပြင်ဆင်ထားပြီး စစ်တပ်တစ်သောင်းကျော်နှင့် တန်းတူ တိုက်ခိုက်နိုင်သည်။ တစ်ဖက်တွင် စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့က စစ်မြေပြင်သို့ အလျင်စလို သွားခဲ့ရသောကြောင့် သူတို့က ကြိုးများနှင့် ချိန်းကြိုးများဖြင့်သာ လက်နက်တပ်ဆင်ထားသည်။ ထို့ကြောင့် သူတို့က ချီဘုရင်၏ ကိုယ်ပိုင်စစ်သားများထက် အားနည်းသည်။ အင်အားကွာခြားမှု သိသာထင်ရှားလှသည်။
အပြစ်ပေးရေးဌာန၏ လေ့ကျင့်ထားသော ရာနှင့်ချီသော တပ်ဖွဲ့နှင့် ချီဘုရင်၏ အားကောင်းသော ကိုယ်ပိုင်စစ်သားများက ရှေ့သို့ပြေးဝင်လာပြီး စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့၏ အရှေ့ဘက်ခြမ်းက ပထမဆုံး ရှုပ်ထွေးမှုထဲသို့ ကျရောက်သွားရသည်။
“မျိုးနွယ်ခြားဘုရင်က နန်းတော်တံခါးဝမှာ ဧကရာဇ်ရဲ့ ခြေတော်အောက်ကို ရောက်ရှိနေတယ်...။ လူအများကြီးကို ခေါ်ဆောင်လာပြီး သူကပုန်ကန်ဖို့ စဉ်းစားနေတာလား...။ လာခဲ့ကြ...၊ ဒီပုန်ကန်သူတွေကို ဖမ်းဆီးလိုက်ကြ...”
ချီဘုရင်နောက်ကွယ်မှ မုတ်ဆိတ်ဖြူအတိုင်ပင်ခံက လက်ကို မြှောက်လိုက်ရင်း အော်ဟစ်လိုက်သည်။
"ထင်ထားတဲ့အတိုင်းပါပဲလား..."
ချီဘုရင်၏နောက်ကွယ်မှ အပြစ်ပေးရေးဌာန၏ တပ်ဖွဲ့များကို မြင်လိုက်ရသည့်အခါ ဝမ်ချောင်က ချီဘုရင်၏ လုပ်ရပ်များကို သိပ်ဂရုမစိုက်ဟန်နှင့် ခေါင်းကိုယမ်းကာ ပြောလိုက်သည်။
စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့၏ လူဦးရေ ကိုးထောင်ကျော်က ချီဘုရင်၏ လူများကို မဖြေရှင်းနိုင်ပေ။ သို့သော် ဝမ်ချောင်က လုံးဝထိတ်လန့်ခြင်း မရှိခဲ့ပေ။
“ဒါဆိုရင် ရှီရွှမ် သူတို့ကို အသင့်ပြင်ခိုင်းလိုက်...”
"ခလွပ်... ခွပ်..."
ဝမ်ချောင်စကားပြောပြီးသည်နှင့် လက်နက်တပ်ဆင်သံများက လေထုထဲတွင် ပြည့်နှက်သွားသည်။
"ရွှတ်..."
စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့၏ အဖွဲ့ဝင် ရာပေါင်းများစွာက သူတို့၏အရှေ့ရှိ ‘သေတ္တာ’ များမှ အထည်များကို လျင်မြန်စွာ ဆုတ်ဖြဲလိုက်ပြီး အောက်တွင် ဖုံးကွယ်ထားသော အရာများကို ထုတ်ဖော်လိုက်သည်။
အေးစက်ပြီး ခံစားချက်မဲ့သော မြားထိပ်များက ချီဘုရင်၏နောက်ကွယ်မှ ပြေးဝင်လာသော စစ်သားများဆီသို့ ချိန်ရွယ်ထားသည်။
“အမြန်ဆုတ်ခွာကြတော့...”
ထိုအရာများက မည်သည့်အရာများဖြစ်သည်ကို သိရှိလိုက်ရသောအခါ အပြစ်ပေးရေးဌာန၏ ရက်စက်ကြမ်းတမ်းသော မျက်နှာပိုင်ရှင်များနှင့် ချီဘုရင်၏ ကိုယ်ပိုင်စစ်သားများက ချက်ချင်း မျက်နှာများ ဖြူဖျော့သွားပြီး ရှုပ်ထွေးစွာ ဆုတ်ခွာသွားကြသည်။
“အား...”
ပတ်ဝန်းကျင်ရှိ လူကြီးအုပ်က ထိတ်လန့်စွာ အော်ဟစ်လိုက်ကြသည်။
ချီဘုရင်၏ မျက်ဆံများက ကျုံ့ဝင်သွားပြီး မျက်နှာက မဲ့ရွဲ့သွားသည်။ လီကျွင်းရှန်းပင်လျှင် မျက်နှာက ဖြူဖျော့သွားခဲ့သည်။
ဝမ်ချောင်နောက်ကွယ်တွင် ဖုံးကွယ်ထားသော အရာများက မဟာထန်မင်းဆက်၏ သေစေနိုင်သော လက်နက်ကြီးများဖြစ်သည့် ဒိန်းမြားစက်များပင် ဖြစ်သည်။
“ဝမ်ချောင်၊ မင်း အတင့်ရဲလှချည်လား...”
ချီဘုရင်က ဒိန်းမြားစက်များကို မြင်လိုက်ရသောအခါ မထိန်းနိုင်ဘဲ အော်ဟစ်ပြောဆိုလိုက်သည်။
ဒိန်းမြားစက်များက စစ်တပ်ထိန်းချုပ်မှုအောက်ရှိ လက်နက်ကြီးများ ဖြစ်သည်။ ဧကရာဇ်၏ ခြေတော်အောက်တွင် ထိုမျှသေစေနိုင်သော လက်နက်များကို အသုံးပြုရဲသည်ဆိုလျှင် ထိုအရာက ပုန်ကန်မှုမှလွဲလျှင် မည်သည့်အရာ ဖြစ်နိုင်မည်နည်း။ ချီဘုရင်က ဒေါသကြောင့် ပေါက်ကွဲတော့မည်ဖြစ်သည်။ သူ၏ လူပေါင်း ငါးထောင်ကျော်က စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့၏ လူဦးရေ ကိုးထောင်ကျော်ကို ဖြေရှင်းနိုင်မည်ဟု အပြည့်အဝ ယုံကြည်ထားခဲ့သည်။ သို့သော် ဝမ်ချောင်က ထိုမျှ ‘အရှက်မဲ့’ ဖြစ်နေမည်ဟု မည်သည့်အခါမှ မမျှော်လင့်ခဲ့ပေ။ သူက သူ၏ပေါ်ထွက်လာမှုအတွက် နောက်တွင် ဒိန်းမြားစက်များကို အဆင်သင့် ပြင်ဆင်ထားခဲ့သည်။
ဝမ်ချောင်က ဒိန်းမြားစက် ဆယ်ခုခန့်သာ ယူဆောင်လာခဲ့သော်လည်း ချီဘုရင်က လျစ်လျူရှုရဲခြင်း မရှိခဲ့ပေ။ တာလတ်စစ်ပွဲတွင် ဝမ်ချောင်က ထိုဒိန်းမြားစက်များ၏ ထိတ်လန့်ဖွယ်စွမ်းအားကို ကုန်းမြေကြီးတစ်ခုလုံးရှေ့တွင် ပြသခဲ့သည်။ ဝမ်ချောင်က ဒိန်းမြားစက်တစ်ခုလျှင် လူငါးဦးထားရှိပြီး တစ်ကြိမ်လွှတ်တင်ရာ၌ မြားဆယ်ကျော် ပစ်လွှတ်နိုင်သည်။ ထိုဒိန်းမြားများက ထူးချွန်သိုင်းပညာရှင်များပင်လျှင် တားဆီးရန် မဖြစ်နိုင်သည့်အတွက် ထိုးဖောက်အားကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ တစ်ကြိမ်လွှတ်လိုက်ရုံဖြင့် လူပေါင်း ငါးရာမှ ခြောက်ရာအထိ သေဆုံးသွားနိုင်သည်။
ထို့ပြင် သူတို့၏ ပစ်လွှတ်နှုန်းကို ထည့်သွင်းစဉ်းစားလျှင် သူ၏လူများက ရှေ့သို့ ရောက်မည့်အချိန်တွင် လူပေါင်း တစ်ထောင်ကျော်ကို ဆုံးရှုံးသွားနိုင်သည်။ ချီဘုရင်ပင်လျှင် ထိုမျှသေစေနိုင်သော ပစ်ခတ်မှုအားကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
“ချီဘုရင်၊ မင်းလို အသိဉာဏ်မရှိသူတစ်ယောက်ကို ငါပြောပြမယ်...။ အနောက်ဘက်နယ်မြေမှာ အာရေဗီးယားမြင်းစစ်သည်တပ်သား သန်းပေါင်းများစွာကို ဒီဒိန်းမြားစက်တွေနဲ့ အနိုင်ယူပြီးတဲ့နောက် ငါ့ကို မျိုးနွယ်ခြားဘုရင်ဘွဲ့ပေးအပ်တယ်...။ အဲဒီနောက်မှာ နိမိတ်ဧကရာဇ်က ဒီဒိန်းမြားစက် ဆယ်ခုကျော်ကို အထူးဆုလာဘ်အဖြစ် ပေးအပ်ခဲ့တယ်...။ ပုန်ကန်မှုဆိုတဲ့စကားက ဘယ်ပါးစပ်က ပြောထွက်တာလဲ...”
ဝမ်ချောင်က ယုံကြည်မှုအပြည့်ဖြင့် ကြေညာလိုက်သည်။
ဝမ်ချောင်၏ လက်နက်သိုလှောင်ရုံဖွင့်လှစ်မှုက နောက်ဆုံးတွင် သူ့အား အခက်အခဲများစွာကို ဖြစ်ပေါ်စေခဲ့သော်လည်း တာလတ်စစ်ပွဲတွင် ဒိန်းမြားစက်များ၏ စွမ်းအားကို အပြည့်အဝ ပြသနိုင်ခဲ့သောကြောင့် နိမိတ်ဧကရာဇ်က ဒိန်းမြားစက် ဆယ်ခုကျော်ကို သူ့အား ချီးမြှောက်ပေးအပ်ခဲ့သည်။
လူအနည်းငယ်သာ ထိုလက်ဆောင်အကြောင်းကို သိရှိခဲ့ပြီး ဝမ်ချောင်က ထိုအရာများကို တစ်ခါမျှ အသုံးမပြုခဲ့သောကြောင့် ထိုဒိန်းမြားစက်များက မြို့တော်အတွင်း၌ လူသိမများခဲ့ပေ။ ဤသည်မှာ ချီဘုရင်လည်း ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ပြီး သူက မနာလိုမှုနှင့် မုန်းတီးမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူပင်လျှင် ထိုမျှဆက်ဆံခံရခြင်း မရှိခဲ့ဖူးပေ။ နိမိတ်ဧကရာဇ်က ဝမ်ချောင်အပေါ် အလွန်အမင်း မျက်နှာသာပေးလွန်းသည်။ သို့သော် ထိုမျှကြာအောင် ပြင်ဆင်ထားပြီးနောက် ချီဘုရင်က လက်လျှော့လိုက်ရန် မဖြစ်နိုင်ပေ။
ချီဘုရင်က ဝမ်ချောင်ကို စူးစိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။
“ဝမ်ချောင်၊ မင်းရဲတင်းလွန်းတယ်...။ ဒီကမြို့တော်ဖြစ်ပြီး ပတ်ဝန်းကျင်မှာ ပြည်သူတွေ အများကြီးရှိတယ်...။ မင်းက ဒါတွေကို တကယ်အသုံးပြုရဲမယ်လို့ ငါမထင်ထားခဲ့ဘူး...။ လာကြစမ်း...၊ စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့ရဲ့ အဖွဲ့ဝင်အားလုံးကို ဖမ်းဆီးလိုက်ကြစမ်း...”
"ဘုန်း... ဘုန်း... ဘုန်း...”
အပြစ်ပေးရေးဌာန၏ စစ်သားများနှင့် ချီဘုရင်၏ ကိုယ်ပိုင်စစ်သားများက စုဝေးပြီး ရေလွှမ်းမိုးမှုတစ်ခုသဖွယ် ရှေ့သို့ ပြေးဝင်လာကြသည်။
"ဒိန်း... ဒိန်း... ဒိန်း..."
ထိုအခါ ဒိန်းမြားတံများက ပျံထွက်လာသည်။ ထိုမြားများက လူအုပ်ထဲရှိ ကွာဟချက်များကို တိကျစွာ ဖြတ်သန်းသွားပြီး အပြစ်ပေးရေးဌာန၏ စစ်သားများရှေ့တွင် ကျရောက်သွားသည်။ အနည်းငယ်မျှ ချိန်ရွယ်မှုပြောင်းလဲလိုက်လျှင် ထိုမြားများက သူတို့၏ ခန္ဓာကိုယ်များကို ဖြတ်သန်းသွားနိုင်သည်။
“အစ်ဟီး...”
မြင်းများက ထိတ်လန့်စွာ အော်ဟစ်လိုက်ကြပြီး ချီဘုရင်၏ လူများအားလုံးကလာ်း မျက်နှာများ ဖြူဖျော့သွားကာ ကြောက်ရွံ့စွာ ဆုတ်ခွာသွားကြသည်။ တချို့က မြင်းပေါ်မှပင် လွင့်ထွက်သွားကြသည်။
“ဝမ်ချောင်...”
ချီဘုရင်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ရသည်။ သူက ထိုအခြေအနေတွင် ဝမ်ချောင်က ဒိန်းမြားစက်များကို အသုံးပြုရဲလိမ့်မည်ဟု အမှန်တကယ် မထင်မှတ်ခဲ့ပေ။
“ချီဘုရင်၊ မြို့တော်ထဲမှာ အလောတကြီး တိုက်ပွဲမဖြစ်ပွားစေနဲ့။ မြို့တွင်းထိန်းသိမ်းရေးတပ်က တရားဝင်လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်...။ မင်းက သူတို့ကို အနှောင့်အယှက်ပေးဖို့ ကြိုးစားမယ်ဆိုရင် ငါ့ကို အပြစ်မတင်နဲ့...”
ဝမ်ချောင်၏ လေသံက ဂရုမစိုက်သလို ဖြစ်နေသော်လည်း သူ၏စကားများက ချီဘုရင်ကို ဆုတ်ခွာသွားစေသည်။ အကြောင်းအရင်း တစ်ခုခုကြောင့် သူက ဝမ်ချောင်ထံမှ လုံးဝပြောင်းလဲသွားသော အငွေ့အသက်တစ်ခုကို ခံစားရသည်။ ယခင်က ဝမ်ချောင်သည် အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း ပြုမူခဲ့သော်လည်း ယခုအခါ သူက အကျိုးဆက်များကို လုံးဝ မကြောက်ရွံ့ဘဲ ပြုမူနေသည်။
“လူယုတ်မာ...”
ချီဘုရင်က ဒေါသတကြီး အံကြိတ်လိုက်သော်လည်း ထိုဒိန်းမြားစက် ဆယ်ခုကျော်ကို ကြည့်ရင်း သူ၏လူများကို ထပ်မံတိုက်ခိုက်ရန် အမိန့်ပေးရဲခြင်း မရှိခဲ့ပေ။ နောက်ဆုံးတွင် ချီဘုရင်က မဟာထန်မင်းဆက်၏ စစ်သူရဲသစ်ကို အလွန်ကြောက်ရွံ့သွားခဲ့ရသည်။ စစ်တပ်ကို ကွပ်ကဲရာတွင် လူဆယ်ယောက်ပင်လျှင် သူ့ကို အနိုင်ယူနိုင်ရန် မလုံလောက်ပေ။
“လီကျွင်းရှန်း ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းဘာပြောစရာရှိလဲ...။ မဟာထန်မင်းဆက်နဲ့ တိုင်းခြားနိုင်ငံများရဲ့ဆက်ဆံရေးက မင်းရဲ့တာဝန်တစ်ခုပဲ။ ဒီလူငယ်လေးက ပူဆန်ထွိုယဲနဲ့ တခြားသူတွေကို ခေါ်သွားခွင့်ပြုထားမှာလား...”
ချီဘုရင်က ဒေါသထွက်မှုကို မဖြေရှင်းနိုင်သဖြင့် အနီးရှိ လီကျွင်းရှန်းဆီသို့ လှည့်သွားခဲ့သည်။
******
အခန်း ၁၅၈၇ ပုန်းကွယ်တိုက်ခိုက်မှု
"မြောက်ပင်လယ် လူအိုကြီးသုံးဖာ်"
မျိုးနွယ်ခြားဘုရင်ဝမ်ချောင်သည် မဟာထန်၏ ဘုရင်တစ်ပါးဖြစ်သော်လည်း လက်ရှိတွင် သူသည် ရာထူးမရှိသော မင်းမျိုးဖြစ်ပြီး နန်းတော်မှ နှင်ထုတ်ခံရသူ ဖြစ်သည်။ နိုင်ငံတော်၏ အရေးကြီးကိစ္စများသည် သူနှင့် တရားဝင် မသက်ဆိုင်တော့ပေ။ သူက မည်သည့်ကိစ္စကို ပြောသည်ဖြစ်စေ ထိုလုပ်ရပ်က သတ်မှတ်ထားသော တရားဝင်မှုကို ကျော်လွန်သွားပြီ ဖြစ်သည်။
"ငါ မင်းကို နောက်ဆုံးအကြိမ် အခွင့်အရေးပေးမယ်... ပူဆန်ထွိုယေနဲ့ အခြားတိုင်းခြားမင်းမျိုးတွေကို လွှတ်ပေး၊ ဒီနေရာမှာစုဝေးနေတဲ့ ဟူလူမျိုးတွေကိုလည်း လွှတ်ပေးပြီး မင်းရဲ့ မြို့တွင်းထိန်းသိမ်းရေးတပ်ကို ဖျက်သိမ်းလိုက်ပါ... ဒီအရာ တွေကို လုပ်ဆောင်ပေးမယ်ဆိုရင် ငါ မင်းကို လွှတ်ပေးနိုင်လိမ့်မယ်..."
သို့သော် ပထမမင်းသားရောက်လာလျှင် ကိစ္စများက ထိုမျှလောက် လွယ်ကူစွာ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်တော့ပေ။ လီချွန်းရှန်က ရှေ့သို့ ခြေနှစ်လှမ်းတိုးလာပြီး ဝမ်ချောင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
လီချွန်းရှန်က ချီဘုရင်၏ သဘောထားကို မနှစ်သက်သော်လည်း၊ သူက အမှန်တကယ် ဂရုမစိုက်ပေ။ ချီဘုရင်က ဝင်ရောက်စွက်ဖက်သည်ဖြစ်စေ၊ မစွက်ဖက်သည်ဖြစ်စေ၊ သူနှင့် ဝမ်ချောင်အကြား ဖြေရှင်းရမည့် ကိစ္စတစ်ခု ရှိနေသည်။
“ဟမ်... တကယ်လို့ ငါက မလုပ်ဘူးလို့ပြောရင်ရော...”
ဝမ်ချောင်၏ မျက်နှာအမူအရာက တဖြည်းဖြည်း အေးစက်လာသည်။
“မင်း ဘာကိုရွေးချယ်မလဲဆိုတာ အရေးမကြီးဘူး... ရွေးချယ်မှုက မင်းလက်ထဲမှာမရှိဘူး...”
လီချွန်းရှန်ပြောရင်း၊ သူ၏ဘယ်ဘက်လက်ဖြင့် ခါးတွင်ရှိသော ငွေရောင်ဓားအိမ်ကို ပုတ်ပြလိုက်သည်။
"ချွမ်..."
ဓားသံတစ်ခုက လေထဲတွင် ပဲ့တင်ထပ်လာသည်။ တစ်ခဏအကြာတွင် လေထုက တုန်ခါလာပြီး ကြီးမားသော ဓားအလင်းက အပြင်သို့ ပြန့်ကျဲထွက်လာသည်။
ထိုအခိုက်အတန့်တွင် မြို့တွင်းထိန်းသိမ်းရေးတပ်၏ မြင်းတပ်သားများ၊ ချီဘုရင်၏ လူများ၊ နန်းမြို့ရိုးပေါ်ရှိ ဧကရာဇ်တပ်သားများနှင့် လူအုပ်ကြီးထဲရှိ ကိုယ်ခံပညာရှင်များ၏ ဓားများနှင့် ဓားရှည်များအားလုံးက တုန်ခါလာပြီး မြည်သံများထွက်လာပြီး ရုန်းထွက်လာကာ လေထဲသို့ ပျံတက်လိုသည့်အလား ဖြစ်လာခဲ့သည်။
ဝမ်ချောင်က မျက်လုံးများကို မမှိတ်ဘဲ မျက်နှာတွင် မကျေနပ်မှု အရိပ်အယောင်များ ပေါ်လွင်လာသည်။
သူက ဓားပညာ အသုံးပြုသူများစွာကို တွေ့ဖူးခဲ့ပြီး၊ သူကိုယ်တိုင်လည်း ဓားပညာတစ်ခုတွင် ကျွမ်းကျင်သူ ဖြစ်သည်။ သို့သော် တခြားသူများ၏ ဓားများကို ထိန်းချုပ်နိုင်သော ဓားစွမ်းရည်ပေါက်ကွဲမှုကို ထိုကဲ့သို့ မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ဤတစ်ကြိမ် လှုပ်ရှားမှုမှတစ်ဆင့် လီချွန်းရှန်၏ အင်အားက ကြောက်မက်ဖွယ်ရာအဆင့်သို့ ရောက်ရှိထားကြောင်း သူ သိရှိလိုက်ရသည်။
သို့သော် ဝမ်ချောင်က မကြာမီ တည်ငြိမ်မှုကို ပြန်လည်ရရှိလာသည်။
“အတွင်းရေးအကြံပေးအမတ် မင်းက ငါ့ကိုခြိမ်းခြောက်နေတာလား...”
ဝမ်ချောင်က အေးစက်စွာ ရယ်လိုက်သည်။ အခြေအနေက သူမျှော်မှန်းထားသည်ထက် ကျော်လွန်သွားပြီဖြစ်ကြောင်း သူက ဝန်ခံရမည် ဖြစ်သည်။ ဤသို့သော ခြိမ်းခြောက်မှုကို သူ့အား ပြုလုပ်ရဲသူနှင့် ကြုံတွေ့ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ဝမ်ချောင်က လီချွန်းရှန်ကို ရင်ဆိုင်ရန် မြင်းကို ရှေ့သို့ မောင်းနှင်လိုက်သည်။ သူတို့နှစ်ဦးက ကျဉ်းမြောင်းသော လမ်းပေါ်တွင် ကျားနှင့်ခြင်္သေ့ တွေ့ဆုံသကဲ့သို့ဖြစ်နေပြီး မည်သူမျှ နောက်ဆုတ်မသွားကြပေ။
"ရှူး..."
သူတို့နှစ်ဦးမှ ထုတ်လွှတ်လိုက်သည့် အန္တရာယ်ရှိသော အငွေ့အသက်ကို အာရုံခံစားမိသဖြင့် ဧကရာဇ်နန်းမြို့ရှေ့တွင် စုဝေးနေသော လူအုပ်ကြီးက တိတ်ဆိတ်သွားခဲ့သည်။
မြို့တွင်းထိန်းသိမ်းရေးတပ်၏ မြင်းတပ်သားများ၊ ပြစ်ဒဏ်စီရင်ရေးတပ်သားများ၊ မြို့ရိုးပေါ်ရှိ ဧကရာဇ်တပ်သားများနှင့် တခြားလူများအားလုံးက အသက်ရှူရန် မေ့နေကြပြီး မျက်လုံးထဲတွင် ထိတ်လန့်မှုများဖြင့် စောင့်မျှော်နေကြသည်။
ဝမ်ချောင်နှင့် လီချွန်းရှန်က မဟာထန်၏ ဂုဏ်ယူစရာ လူသားများ ဖြစ်ကြသည်။ သူတို့တွင် သဘောထားကွဲလွဲမှုများ ရှိခဲ့သော်လည်း သူတို့၏ အငြင်းပွားမှုများက စကားလုံးဖြင့်သာ ဖြစ်ခဲ့ကြသည်။ သို့သော် ယခုအခါ ကိစ္စများက ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုသို့ ဦးတည်သွားပုံရသည်။
ထိုအခိုက်အတန့်တွင် ချီဘုရင်၏ နောက်ကွယ်မှ လူအိုကြီးတစ်ဦး၏ အသံတစ်ခု ထွက်ပေါ်လာသည်။
“မင်းကြီး ဘာကြောင့် ကျွန်ုပ်တို့…”
“ဟာ အလျင်မလိုနဲ့... ဒီကိစ္စက ဘယ်လိုဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့...”
ချီဘုရင်က မကောင်းဆိုးဝါးကဲ့သို့ မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ ထိုသို့သော ရှားပါးအခွင့်အရေးကို ရရှိပြီးနောက် သူက လက်ဗလာဖြင့် ထွက်ခွာသွားရန် စိတ်ကူးမရှိပေ။
“စုရွှတ်ရွှမ်း ဒီလူတွေကို ခေါ်သွားလိုက်...” ဝမ်ချောင်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
"ငါဘုရင်ရှိနေသရွေ့ ဘယ်သူမဆို သူတို့ကြိုက်တာတစ်ခုခုကို လုပ်ရဲမလားဆိုတာ ကြည့်ရအောင်...”
ထိုစစ်သွေးကြွ ကိုယ်ကျင့်တရားပဋိပက္ခတွင် သူက လုံလောက်စွာ အလျှော့ပေးခဲ့ပြီး ဖြစ်သည်။ သူ၏ စစ်မြေပြင် အရှိန်အဝါကို စစ်မြေပြင်ဖြစ်စေ၊ နန်းရင်ပြင်ဖြစ်စေ၊ မည်သူမဆို ထိပါးနိုင်သည့်အရာမဟုတ်ကြောင်း လူတိုင်းကို သိစေလိုသည်။
“ဟုတ်ကဲ့... အရှင်...”
စုရွှတ်ရွှမ်းသည် ပူဆန်ထွိုယေကို ချက်ချင်း ခေါ်ဆောင်သွားပြီး ထွက်ခွာလိုက်သည်။
“အတွင်းရေးအကြံပေးအမတ်...”
ပူဆန်ထွိုယေနှင့် တခြားမင်းမျိုးများက မျက်နှာများက ဖြူဖပ်ဖြူရော် ဖြစ်သွားကြပြီး လီချွန်းရှန်ကို ချက်ချင်း အော်ခေါ်လိုက်ကြသည်။
“ပူဆန်ထွိုယေကို လွှတ်ပေးစမ်း...” လီချွန်းရှန်က အေးစက်စွာ အော်ဟစ်လိုက်သည်။
"ရွှပ်..."
သူ၏ဓားက ဓားအိမ်ထဲမှထွက်လာပြီး ရောင်စဉ်တန်းနေသော ဓားရည်တစ်ခုက လေထဲသို့ ထိုးတက်သွားသည်။ တစ်ခဏအကြာတွင် လီချွန်းရှန်က သူ၏မူလနေရာမှ ပျောက်ကွယ်သွားပြီး ဝမ်ချောင်ဆီသို့ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်လာသည်။
“ဒီလိုဖြစ်နေပြီဆိုတော့ ငါ့ကို လက်နက်ထုတ်သုံးတယ်ဆိုပြီး အပြစ်မတင်ကြနဲ့...”
လီချွန်းရှန်၏ အေးစက်ပြီး စိတ်ခံစားမှုကင်းမဲ့နေသော အသံက ဧကရာဇ်နန်းတော်အထက်တွင် ပဲ့တင်ထပ်လာသည်။ ထိုအခိုက်အတန့်တွင် လူတိုင်းက လေထဲတွင် ရပ်တန့်နေသော လေးပေခန့် အရွယ်အစားရှိသော ငွေရောင်ဓားတစ်လက်ကို မြင်တွေ့လိုက်ရပြီး သုက ကန့်သတ်မထားသော ဖြောင့်မတ်မှုကို ထုတ်လွှတ်နေသည်။
"ဖြောင့်မတ်တယ်..."
ထိုစကားလုံးနှစ်ခုက လေထဲတွင် လင်းလက်ပြီး ပျောက်ကွယ်သွားသည်။ ထို့နောက် အရာအားလုံးက ရပ်တန့်သွားသည့်အလား ဖြစ်သွားခဲ့သည်။
ထိုနေရာတွင်ရှိသော စစ်သားများ၊ ဟူလူမျိုးများနှင့် သာမန်ပြည်သူများက ရုတ်တရက် သူတို့၏စိတ်များက ဗလာကျင်းသွားသလို ခံစားလိုက်ရပြီး အချိန်က ရပ်တန့်သွားသည့်အလား ဖြစ်သွားသည်။ တစ်ခဏအကြာတွင် မဆုံးမရှိ မြစ်တစ်စင်းကဲ့သို့ဖြစ်နေသော ကြီးမားသည့် ဓားအလင်းတစ်ခုက ဝမ်ချောင်ဆီသို့ ဆင်းသက်လာသည်။
ထိုတိုက်ခိုက်မှုက နေရာနှင့်အချိန်ကို ကျော်လွန်သွားပုံရပြီး ကမ္ဘာကြီးကို သူ၏အရောင်အသွေးများဖြင့် ဖုံးလွှမ်းသွားစေခဲ့သည်။ ဧကရာဇ်နန်းတော်ရှေ့ရှိ မြေပြင်များက ကွဲအက်လုမတတ် ဖြစ်သွားခဲ့သည်။
လီချွန်းရှန်က တိုက်ခိုက်လိုက်သည်နှင့် ဝမ်ချောင်က အဖြူရောင် မြင်းပေါ်မှ အလင်းတစ်ခုထဲတွင် ရုတ်တရက် ပျောက်ကွယ်သွားသည်။
“လီချွန်းရှန် မင်းကိုယ်မင်း ဒီလိုဖြစ်အောင်လုပ်ခဲ့တာနော်...”
ဝမ်ချောင်၏အသံက မိုးကြိုးပစ်သံတစ်ခုကဲ့သို့ ဖြစ်နေသည်။
“မဟာယင်ယန်ကောင်းကင်ဖန်ဆင်းမှုစွမ်းရည်...”
တစ်ခဏအကြာတွင် နေနှင့်လ၏ ပုံရိပ်များက လေထဲတွင် ပေါ်ထွက်လာပြီး ဝမ်ချောင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အဆင့်မြင့်ဗိုလ်ချုပ်အဆင့်ကို ကျော်လွန်သော ကြယ်တာရာစွမ်းအင်သည် လီချွန်းရှန်၏ ဓားအလင်းနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“မဟာယင်ယန်ကောင်းကင်ဖန်ဆင်းမှုစွမ်းရည်..."
ဝမ်ချောင်က မဟာယင်ယန်ကောင်းကင်ဖန်ဆင်းမှုပညာ၏ သုံးမျိုးသော နည်းပညာမှ တစ်ခုကို ချက်ချင်း အသုံးပြုလိုက်သည်။ သူက ယခင်နည်းပညာအတိုင်းပင် ဖြစ်သော်လည်း သူ၏ကြီးကျယ်မှုနှင့် တန်ခိုးက ပိုမိုခိုင်မာပြီး တည်ငြိမ်လာပုံရသည်။ ထို့ပြင် ယင်နှင့်ယန်သည် ယခင်ကဲ့သို့ ထင်ရှားစွာ ခွဲခြားမထားတော့ဘဲ သူတို့က ပေါင်းစည်းလာသည့် လက္ခဏာများကို ပြသနေသည်။ ဤသည်မှာ ဝမ်ချောင်က မူလအင်မော်တယ်ပညာ၏ အနှစ်သာရကို နားလည်သဘောပေါက်ပြီး သူ့ကို မဟာယင်ယန်ကောင်းကင်ဖန်ဆင်းမှုပညာနှင့် ပေါင်းစပ်လိုက်ခြင်း၏ ရလဒ်လည်း ဖြစ်သည်။
"ဘုန်း..."
ကြီးမားသော ကြယ်တာရာစွမ်းအင်က လီချွန်းရှန်၏ ကြီးမားသော ဓားအလင်းနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်ရာ နားထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ပြင်းထန်သော လေပြင်းတစ်ခုက နန်းရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
"အား..."
လူအုပ်ကြီးက ကြယ်တာရာစွမ်းအင်၏ ရိုက်ခတ်မှုလှိုင်းကြောင့် ဆူညံပွက်လောရိုက်သွားပြီး မြို့တွင်းထိန်းသိမ်းရေးတပ်နှင့် ပြစ်ဒဏ်စီရင်ရေးတပ်ဖွဲ့မှ စစ်သားများကပင် နောက်သို့ တွန်းထုတ်ခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ဖုန်မှုန့်များနှင့် ကျောက်စရစ်များက လေထဲသို့ လွင့်မျောသွားသည်။ မိုးကောင်းကင်တွင် နေနှင့်လ၏ ပုံရိပ်များက ပျောက်ကွယ်သွားပြီး လီချွန်းရှန်၏ ကြီးမားသော ဓားအလင်းကလည်း ပြိုကွဲသွားခဲ့သည်။ ထိုတိုက်ခိုက်မှုက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
“အခုက အခွင့်အရေးပဲ...”
အနီးအနားတွင် ရှိနေသော ချီဘုရင်၏ မျက်လုံးများက အေးစက်စွာ လင်းလက်လာပြီး သူက ချက်ချင်း အမိန့်ပေးလိုက်သည်။ သူ၏နောက်ကွယ်တွင်၊ ဆံပင်ဖြူရှည်ရှည်နှင့် မီးခိုးရောင်နှင့် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူအိုကြီးသုံးဖော်က လှုပ်ရှားလိုက်ကြသည်။
“အတွင်းရေးအကြံပေးအမတ် ကျွန်ုပ်တို့ မင်းကိုကူညီဖို့ လာခဲ့မယ်...”
ဝမ်ချောင်က လီချွန်းရှန်ကြောင့် အာရုံပျံ့လွင့်နေသည့်ချိန် ထိုသုံးဦးက လင်းယုန်ငှက်များကဲ့သို့ လေထဲသို့ ထိုးတက်သွားပြီး ဝမ်ချောင်ကို နောက်ကွယ်မှ တိုက်ခိုက်လာကြသည်။ သူတို့ထဲမှ တစ်ဦးက ရုတ်တရက် လမ်းကြောင်းပြောင်းလိုက်ပြီး စုရွှတ်ရွှမ်းနှင့် တိုင်းခြားမင်းမျိုးများဆီသို့ ဦးတည်သွားခဲ့သည်။
ထိုသုံးဦးက ချီဘုရင်၏ နောက်ကွယ်တွင် အချိန်အကြာကြီး ရပ်နေခဲ့ပြီး သူတို့၏ ကြယ်တာရာစွမ်းအင်ကို ထိန်းချုပ်ထားသောကြောင့် သာမန်လူများနှင့် မခြားနားကြပေ။ ယခုမှသာ သူတို့၏ စစ်မှန်သော အင်အားကို ထုတ်ဖော်ပြသခဲ့ပြီး သူတို့၏ ကြယ်တာရာစွမ်းအင်က အလွန်သိပ်သည်းပြီး သန့်စင်ထားသဖြင့် သူတို့က ထိပ်တန်းကျွမ်းကျင်သူများဖြစ်ကြောင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် သိရှိနိုင်သည်။
သူတို့၏ ကြီးမားသော အင်အားကို အသုံးပြုပြီး ထိုသုံးဦးက လီချွန်းရှန်နှင့် ပူးပေါင်း၍ ဝမ်ချောင်ကို အားလုံးဘက်မှ တိုက်ခိုက်ရန် စီစဉ်ထားကြသည်။ ထိုသုံးဦးနှင့် လီချွန်းရှန်က ဝမ်ချောင်ကို အာရုံပျံ့လွင့်စေသည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ပြီး နောက်ကွယ်မှ တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြသည်။
“ဟမ်... နောက်ဆုံးတော့ ဟန်မဆောင်နိုင်တော့ဘူးပေါ့...”
ဝမ်ချောင်က မျက်လုံးများကို မျက်ခြည်ပြတ်လိုက်ပြီး စူးရှသော အလင်းရောင်ဖြင့် လင်းလက်လာခဲ့သည်။
ချီဘုရင်၏ ဘေးတွင်ရှိသော ကျွမ်းကျင်သူသုံးဦးက သူတို့၏ ကြယ်တာရာစွမ်းအင်ကို သာမန်လူတစ်ဦးနှင့်တူအောင် ထိန်းချုပ်နိုင်သော အထူးပညာတစ်ခုကို ကျင့်ကြံထားကြောင်း ထင်ရှားနေသည်။ အဆင့်မြင့်ဗိုလ်ချုပ်တစ်ဦးပင်လျှင် သူတို့၏ ကွဲပြားမှုကို မခွဲခြားနိုင်ပေ။
သို့သော် ဝမ်ချောင်၏ စိတ်စွမ်းအင်က သူတို့၏အဆင့်တူ ကျွမ်းကျင်သူများထက် ငါးဆပိုမိုအားကောင်းသဖြင့် ထိုသုံးဦးက သူ့ရှေ့တွင် လျှို့ဝှက်ချက်မချန်ပဲ အစွမ်းကုန် တိုက်ခိုက်နေကြရသည်။ ဝမ်ချောင်က သူတို့ ပေါ်ထွက်လာသည့်အချိန်မှစ၍ သူတို့ကို ဂရုတစိုက် သတိထားနေခဲ့သည်။
“ဘဝအဆုံးသတ်မှု...”
မူလအင်မော်တယ်ဓားက သူ၏ဓားအိမ်မှ ထွက်လာပြီး ဝမ်ချောင်၏ လက်ထဲသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် နေထက်ပင် သိပ်သည်းစွာ တောက်ပသော ဓားအလင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုဓားအလင်းတစ်ခုက သုံးပိုင်းခွဲထွက်သွားပြီး ထိုသုံးဦးဆီသို့ တစ်ခုချင်းစီ ဦးတည်သွားကြသည်။
ဝမ်ချောင်၏ တိုက်ခိုက်မှုကို မြင်တွေ့လိုက်ရသည်နှင့် မြောက်ပင်လယ်၏ လူအိုကြီးသုံးဖော်က ဝမ်ချောင်ဆီသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ကြသည်။
“မြောက်ပင်လယ်အမှောင်ထု...”
“မြောက်ပင်လယ်ရဲ့ အမှောင်ထုအဖြစ် ပြောင်းလဲသွားစမ်း... မြောက်ပင်လယ်မှ ထွန်းတောက်လာကြစမ်း...”
ထိုသုံးဦးက သူတို့၏ကြီးမားသော ကြယ်တာရာစွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး သူက တဟုန်ထိုးတက်လာကာ အဆင့်မြင့်ဗိုလ်ချုပ်အဆင့်ကို ကျော်လွန်ပြီး သိမ်မွေ့သောနယ်ပယ်သို့ ဝင်ရောက်သွားသည်။
******
အခန်း ၁၅၈၈ ကွန်ဖြူးရှပ်ဂိုဏ်း၏ဆက်ခံခြင်း
မြောက်ပင်လယ်အကြီးအကဲသုံးယောက်တို့၏ သိုင်းပညာများက တူညီသော အရင်းအမြစ်မှ ဆင်းသက်လာသည့်အတွက် သီးခြားဖြစ်နေသော်လည်း တစ်ဦးတည်းကဲ့သို့ ထင်မှတ်ရပြီး မြောက်ပင်လယ်ကဲ့သို့ ကြီးမားကျယ်ပြန့်သည်။
မြောက်ပင်လယ်၏ လှိုင်းလုံးများ ရိုက်ခတ်သံကိုပင် ကြားနိုင်ပြီး ဟင်းလင်းပြင်က ဤစွမ်းအားကို မခံနိုင်သဖြင့် ညည်းညူသံထွက်ပေါ်နေသည်။
ထိုမြင်ကွင်းကို တွေ့မြင်ရသည့်အခါ ချီဘုရင်က မထိန်းနိုင်ဘဲ ကျေနပ်စွာ ပြုံးလိုက်မိသည်။ ရာဇဝတ်ခုံရုံးဖြစ်ရပ်တွင် ဝမ်ချောင်က လူတစ်ဦးကို ခေါ်ဆောင်သွားရန် ရာဇဝတ်ခုံရုံးထဲသိုင်းအင်အားဖြင့် ဝင်ရောက်ရဲခဲ့ပြီး ချီဘုရင်နှင့် သူ၏လူများက တားဆီးနိုင်ခြင်း မရှိခဲ့သလို ချီဘုရင်ကိုယ်တိုင်ပင် ဒဏ်ရာရခဲ့သည်။ သိုင်းပညာကို အမြဲဂုဏ်ယူခဲ့သူတစ်ဦးအနေဖြင့် ကြီးမားသော အရှက်တရားကို ခံစားခဲ့ရသည်။
ထို့ကြောင့် သူသည် ဆုလာဘ်များစွာဖြင့် အင်အားကြီးမားသော သိုင်းသမားများကို စုဆောင်းရန် လူများစွာကို စေလွှတ်လိုက်သည်။ ဝမ်ချောင်ကဲ့သို့ မကြာသေးမီကမှ သိုင်းသမားများကို စတင်စုဆောင်းသူမဟုတ်ဘဲ၊ ချီဘုရင်သည် အစပိုင်းမှပင် ထိုသို့ပြုလုပ်ခဲ့ပြီး ဖြောင့်မတ်သူဖြစ်စေ၊ မကောင်းဆိုးဝါးဖြစ်စေ ဂရုမစိုက်ခဲ့ပေ။ သို့သော် ချီဘုရင်က မကောင်းဆိုးဝါးလမ်းစဉ်မှ သိုင်းသမားများကို ပိုမိုနှစ်သက်သည်။ အကြောင်းမှာ သူတို့၏ သိုင်းပညာများက ပို၍ ရက်စက်ကြမ်းကြုတ်ပြီး သေစေနိုင်သောကြောင့် ဖြစ်သည်။
မြောက်ပင်လယ်လူအိုကြီးသုံးဖော်က ထိုအုပ်စုထဲတွင် ထင်ရှားသူများဖြစ်ကြပြီး သူတို့က စုန့်ယွမ်ယွီ သို့မဟုတ် ယင်နက်ဘိုးဘေးကဲ့သို့ ထင်ရှားသော သိုင်းပညာရှင်များထက်ပင် အသက်ကြီးရင့်သူများ ဖြစ်သည်။ သူတို့က မြောက်ပင်လယ်တွင် အမြဲတမ်း ကျင့်စဉ်ပြုလုပ်ခဲ့ပြီး ထိုနေရာမှ သူတို့၏အမည်ကို ရရှိခဲ့သည်။ ချီဘုရင်က သူတို့ကို ရှာဖွေပြီး စုဆောင်းရန် များစွာ ကြိုးစားခဲ့ရသည်။
ရုတ်တရက် အံ့အားသင့်၍ ထွက်ပေါ်လာသော အသံသုံးမျိုးက ချီဘုရင်၏ ခဏတာ စိတ်ကူးယဉ်မှုကို ဖြတ်တောက်လိုက်သည်။ ခဏအကြာ ဓါးချီသုံးချက်က မြောက်ပင်လယ်သုံးအကြီးအကဲတို့၏ ကြယ်တာရာစွမ်းအင်ကို စက္ကူတစ်ရွက်ကဲ့သို့ ဖောက်ထွင်းလိုက်သည်။ မြောက်ပင်လယ်လူအိုကြီးသုံးဖော်က ထိတ်လန့်သွားကြပြီး သူတို့ ရောက်လာသည်ထက် ပိုမိုမြန်ဆန်စွာ ဆုတ်ခွာသွားခဲ့သည်။
“မဖြစ်နိုင်ဘူး... ဘယ်သူက ငါတို့ရဲ့ မြောက်ပင်လယ်ကြယ်တာရာစွမ်းအင်ကို ဖောက်ထွင်းနိုင်မှာလဲ...”
မြောက်ပင်လယ်လူအိုကြီးသုံးဖော်က ဘယ်ဘက်လက်ကို တင်းတင်းဆုပ်လိုက်ပြီး ဆုတ်ခွာလာကာ ဝမ်ချောင်ကို ထိတ်လန့်စွာနှင့် ဒေါသတကြီး စိုက်ကြည့်နေသည်။ သူတို့၏ ဘယ်ဘက်လက်မှ သွေးများ စီးကျနေပြီး ဝမ်ချောင်၏ ဓါးချီက သူတို့၏ ကြယ်တာရာစွမ်းအင်ကို ဖောက်ထွင်းရုံသာမက သူတို့၏ လက်များကိုပါ ထိခိုက်စေခဲ့သည်။
သုံးဦးစလုံး တူညီသောနေရာတွင် ဒဏ်ရာရခဲ့ကြသည်။ ဝမ်ချောင်က သူတို့ထက် အဆမတန် သာလွန်ကြောင်း သိသာထင်ရှားနေသည်။ ထိုသို့မဟုတ်လျှင် သူတို့ သုံးဦးလုံးကို တစ်ပြိုင်နက်တည်း တူညီသောနေရာတွင် ဒဏ်ရာရစေရန် မဖြစ်နိုင်ပေ။ သို့သော် အံ့အားသင့်စရာအကောင်းဆုံးမှာ ဝမ်ချောင်၏ တိကျပြတ်သားသော ဓါးချီပင် ဖြစ်သည်။ ထိုသုံးဦးက ဘဝတစ်လျှောက် များစွာသော အရာများကို တွေ့မြင်ခဲ့သော်လည်း ထိုဓါးချီကဲ့သို့ ထက်မြက်ပြီး ရက်စက်ကြမ်းတမ်းသည့် အရာကို မမြင်ဖူးခဲ့ပေ။
“နတ်ဘုရားနှင့်နတ်ဆိုးသုတ်သင်ခြင်းသိုင်း...”
မြောက်ပင်လယ်လူအိုကြီးသုံးဖော်က အဖြစ်အပျက်ကို နားလည်ရန် ကြိုးစားနေစဉ် ချီဘုရင်၏ မျက်လုံးများ ပြူးကျယ်လာပြီး ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
“မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး... ဒီဓါးသိုင်းကို မင်း ဘယ်လိုသိမြင်နိုင်မှာလဲ...”
ချီဘုရင်က မြောက်ပင်လယ်လူအိုကြီးသုံးဖော် ရှုံးနိမ့်သည်ထက် ပို၍ ထိတ်လန့်မှုကို ခံစားနေရသည်။
မုတ်ဆိတ်ဖြူအတိုင်ပင်ခံက ထိန်းမနိုင်ဘဲ ရှေ့သို့ တစ်လှမ်းတိုးလာကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“အရှင်၊ နတ်ဘုရားနှင့်နတ်ဆိုးသုတ်သင်ခြင်းသိုင်းဆိုတာ ဘာလဲခင်ဗျာ... အရှင်ဘယ်လိုသိထားတာလဲ...”
“မင်းမသိဘူး... ဒီဓါးသိုင်းက ဒီနေရာမှာ ဘယ်တော့မှ ပေါ်လာမနေသင့်တဲ့ အရာတစ်ခုပဲ...”
ချီဘုရင်က သူ့ကို လှည့်မကြည့်ဘဲ ပြောလိုက်သည်။
သူ၏ရင်ဘတ်က ထိတ်လန့်မှုကြောင့် တလှုပ်လှုပ် ဖြစ်နေသည်။ တော်ဝင်မင်းသားတစ်ပါးအနေဖြင့် ချီဘုရင်က နတ်ဘုရားနှင့်နတ်ဆိုးသုတ်သင်ခြင်းသိုင်းကို သိရှိထားသည်မှာ သဘာဝကျသည်။ ဤသည်မှာ မဟာထန်စစ်နတ်ဘုရား စူးကျန်းချန်၏ အပြင်းထန်ဆုံးသော သိုင်းပညာဖြစ်ပြီး မဟာထန်ဧကရာဇ်၏ ထိပ်တန်းသိုင်းပညာတစ်ခုလည်း ဖြစ်သည်။ ငယ်ရွယ်စဉ်က သူသည် စူးကျန်းချန်က သူ့ကို တပည့်အဖြစ်လက်ခံပြီး ထိုဓါးသိုင်းကို သင်ကြားပေးမည်ဟု ပြောခဲ့သောကြောင့် မျှော်လင့်ချက်ကြီးစွာဖြင့် အိပ်မက်များစွာ မက်ခဲ့ဖူးသည်။ ထို့နောက် သူသည် စစ်နတ်ဘုရားအသစ် ဖြစ်လာနိုင်မည်ဟု အိပ်မက်မက်ခဲ့သည်။
သို့သော် စူးကျန်းချန်က သူ၏သိုင်းပညာကို အပြင်လူများအား သင်ကြားမပေးခဲ့ချေ။ ယခင်ဧကရာဇ်ကိုယ်တိုင်လည်း ငြင်းပယ်ခံခဲ့ရသလို ထိုစဉ်က ‘အိမ်ရှေ့မင်းသား’ လည်း ငြင်းပယ်ခံခဲ့ရသည်။ ထို့ကြောင့် ချီဘုရင်သည် ထိုသို့သော အိပ်မက်များကို မက်ရန် မရဲတင်းခဲ့ပေ။ ထို့ပြင် မြို့တော်တွင် ဆရာကြီးစူးက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကွယ်လွန်သွားပြီဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ တစ်ခါတစ်ရံ စစ်နတ်ဘုရားသည် အသက်ရှင်နေသေးသည်ဟူသော ကောလာဟလများ ပေါ်ပေါက်ခဲ့သော်လည်း သူတို့က ယုံကြည်ရန် မထိုက်တန်ခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ ချီဘုရင်က သူတို့ကို စဉ်းစားရန် ရပ်တန့်ခဲ့သည်။ သို့သော် ယခင်ဧကရာဇ်နှင့် အိမ်ရှေ့မင်းသားတို့ပင် မရရှိနိုင်ခဲ့သော နတ်ဘုရားနှင့်နတ်ဆိုးသုတ်သင်ခြင်းသိုင်းက ဝမ်ချောင်ထံတွင် ပေါ်ပေါက်လာမည်ဟု သူလည်း မယုံကြည်နိုင်ခဲ့ပေ။
မြင်ကွင်းက တည်ငြိမ်သွားခဲ့သည်။ ဝမ်ချောင်က အဖြူရောင် အရိပ်မြင်းပေါ်မှ ပြန်လည်ဆင်းသက်လာပြီး သူ၏ ကြီးမားသော မျက်လုံးများက တောက်ပစွာ ထွန်းလင်းနေသည်။ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် တိတ်ဆိတ်နေပြီး ဝမ်ချောင်၏ အံ့ဖွယ်ကျင့်စဉ်အင်အားကြောင့် အားလုံး ထိတ်လန့်နေကြသည်။ မြို့တော်ရှိ မျိုးနွယ်ကြီးများကလည်း ဝမ်ချောင်၏ စစ်ရေးပညာကို မည်သည့်အခါမှ မေးခွန်းမထုတ်ခဲ့သော်လည်း သူ၏ ကျင့်စဉ်အင်အားသည် ထိုမျှ နက်ရှိုင်းလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့ပေ။
“ဟမ်...”
လီကျွင်းရှန်း၏ မျက်လုံးများက အေးစက်လာပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကာ ရှေ့သို့ တစ်လှမ်းတိုးလာခဲ့သည်။ သို့သော် ထိုအချိန်တွင် အနောက်မှ လက်တစ်ဖက်က သူ့ကို ဆွဲထားလိုက်သည်။
“သခင်လေး မဖြစ်ပါဘူး...”
အကြီးအကဲစုန့်က လီကျွင်းရှန်းကိုကြည့်ပြီး ခေါင်းခါလိုက်သည်။ သူ၏ မျက်လုံးများတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။ နန်းတံခါးဝတွင် လူများစွာရှိနေသဖြင့် လီကျွင်းရှန်းသည် အပြည့်အဝ အင်အားမသုံးခဲ့သည်မှာ သိသာထင်ရှားသည်။ အကြောင်းမှာ အပြစ်မဲ့သူများကို ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ထို့ပြင် ဤသည်မှာ တိုက်ပွဲအတွက် သင့်လျော်သောအချိန် မဟုတ်ပေ။
“သခင်လေးက မကြာသေးခင်ကမှ ဆက်ခံခြင်းကို ရရှိခဲ့တာပါ... ဒီအင်အားကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးတာကြောင့် တိုက်ခိုက်တာက မသင့်လျော်ပါဘူး...”
အကြီးအကဲစုန့်ကပြောရင်း လီကျွင်းရှန်း၏ ငွေရောင်ဓါးကို တစ်ချက်ကြည့်လိုက်သည်။ အနီးကပ်ကြည့်လျှင် ထိုဓါးပေါ်တွင် ရှေးဟောင်းစာလုံးများဖြင့် ‘မြင့်မြတ်သောစိတ်ထာဝရ’ ဟူသော စာလုံးများကို တွေ့ရမည်။ ထိုမြင့်မြတ်သောဓါးသည် ကွန်ဖြူးရှပ်ဂိုဏ်း၏ အကောင်းဆုံးသော ဓါးဖြစ်ပြီး ဂိုဏ်း၏တည်ထောင်သူများအသုံးပြုခဲ့သော မြင့်မြတ်သော ရတနာဓါးပင် ဖြစ်သည်။
ကွန်ဖြူးရှပ်ဂိုဏ်းက နှစ်ပေါင်းတစ်ထောင်ကျော် တည်ရှိခဲ့ပြီး ဧကရာဇ်အာဏာကို ကျော်လွန်ခဲ့သည်။ တချို့က မြင့်မြတ်ပြီး အရေးကြီးသော အခါသမယများတွင် ‘သရဖူဆောင်းခြင်းအခမ်းအနား’ ကို ကျင်းပလေ့ရှိသည်။ ဤသည်မှာ ရှေးကျသော ဓလေ့တစ်ခုဖြစ်ပြီး ကွန်ဖြူးရှပ်ဂိုဏ်း၏ လျှို့ဝှက်သိုင်းပညာများကို အသုံးပြု၍ ခန့်အပ်ထားသော ဆက်ခံသူ သို့မဟုတ် ဂိုဏ်းခေါင်းဆောင်သစ်၏ ကျင့်စဉ်အဆင့်ကို မြှင့်တင်ပေးပြီး မြင့်မြတ်သောဓါးကို လွှဲပြောင်းပေးအပ်သည်။ ထိုသို့ဖြင့် ဂိုဏ်းခေါင်းဆောင်သစ်သည် အတားအဆီးများကို ဖြတ်ကျော်နိုင်ပြီး အခက်အခဲများကို ရင်ဆိုင်နိုင်စွမ်းရှိလာသည်။
ပြုပြင်ပြောင်းလဲမှုက မည်သည့်အခါမှ လွယ်ကူမည် မဟုတ်ပေ။ နေရာအနှံ့မှ ဆန့်ကျင်မှုများ ရှိလာမည်မှာ သေချာသည်။ ကွန်ဖြူးရှပ်ဂိုဏ်းက ပြုပြင်ပြောင်းလဲမှုတစ်ခုကို လိုလားခဲ့ပြီး သူတို့က အကြီးမားဆုံးသော ပြုပြင်ပြောင်းလဲမှု ဖြစ်သည်။ သူတို့က ထိုကမ္ဘာပေါ်ရှိ စစ်ပွဲများနှင့် ဘေးအန္တရာယ်များကို အဆုံးသတ်လိုကြပြီး စစ်ရေးဝါဒီများ၏ ကြီးမားသောအင်အားကို ဆန့်ကျင်လိုကြသည်။ ပတ်ဝန်းကျင်နိုင်ငံများတွင် ကြုံတွေ့ရမည့် အခက်အခဲမျိုးစုံကို ရင်ဆိုင်ရန် ကြီးမားသော သိုင်းအင်အားကို လိုအပ်သည်။ ထိုအင်အားကို ‘သရဖူဆောင်းခြင်းအခမ်းအနား’ မှ ရရှိသည်။
ထိုအခမ်းအနားတွင် ကွန်ဖြူးရှပ်ဂိုဏ်း၏ မြင့်မြတ်ပြီး ဖြောင့်မတ်သော ဓါးက အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ မြင့်မြတ်သောဓါးမှတစ်ဆင့် ဂိုဏ်းခေါင်းဆောင်သစ်၏ ကျင့်စဉ်အဆင့်ကို မြှင့်တင်ပေးခြင်းကို ပြီးမြောက်စေသည်။
မျိုးဆက်တစ်ခုစီ၏ အကြီးအကဲများနှင့် ဂိုဏ်းခေါင်းဆောင်များက သူတို့၏ တစ်သက်တာ ကျင့်စဉ်ပြုထားသော မြင့်မြတ်သော စွမ်းအင်ကို သန့်စင်ပြီး မြင့်မြတ်သောရတနာဓားထဲသို့ လောင်းထည့်ကြသည်။ ထို့ကြောင့် သူတို့က နောက်ဂိုဏ်းခေါင်းဆောင်အတွက် စွမ်းအင်အရင်းအမြစ်အဖြစ် ဆောင်ရွက်ပေးနိုင်သည်။
လီကျွင်းရှန်းသည် မကြာသေးမီကမှ မြင့်မြတ်သောရတနာဓားထဲမှ စွမ်းအင်ကို စုပ်ယူခဲ့ပြီး သူ၏အင်အားကို အပြည့်အဝ စုပ်ယူပြီးစီးမှု မဖြစ်သေးပေ။ ဤသည်မှာ သူတိုက်ခိုက်ရန် သင့်လျော်သောအချိန် မဟုတ်ပေ။
“အိမ်ရှေ့မင်းသား ရောက်လာပြီ...”
နန်းတော်အတွင်းမှ အော်သံတစ်သံ ထွက်ပေါ်လာပြီး လူတိုင်း၏အာရုံကို ဆွဲဆောင်လိုက်သည်။
လူအားလုံးက နန်းတော်ဆီသို့ ကြည့်လိုက်ကြသည်။ နန်းတံတိုင်းပေါ်တွင် တော်ဝင်ထီးကြီးနှစ်ခုပေါ်လာပြီး ထို့နောက် အိမ်ရှေ့မင်းသား လီရင်သည် အရာရှိများစွာနှင့်အတူ ပေါ်ထွက်လာသည်။
“အိမ်ရှေ့မင်းသားကို ဂါရဝပြုပါတယ်...”
နန်းတော်အပြင်ရှိ သာမန်လူများအားလုံး ဒူးထောက်ကာ ခေါင်းငုံ့လိုက်ကြပြီး ဟူလူမျိုးများပင် တုန်လှုပ်နေကြသည်။ ဟူလူမျိုးများတွင် ဒူးထောက်ဂါရဝပြုသည့် ဓလေ့မရှိသော်လည်း သူတို့သည် ခါးကိုငုံ့ကာ အလျင်အမြန် ဂါရဝပြုကြသည်။
မဟာထန်ဧကရာဇ်၏ ဥပဒေအရ မင်းသားများသည် သာမန်လူများ၏ ဒူးထောက်ဂါရဝပြုမှုကို လက်ခံရန် လုံလောက်သော အဆင့်အတန်း မရှိပေ။ သို့သော် အိမ်ရှေ့မင်းသားကတော့ ကွဲပြားသည်။ သူသည် လက်ရှိ ဧကရာဇ်အလောင်းလျာဖြစ်ပြီး ပညာရှိဧကရာဇ်ကိုယ်စား နန်းရင်း၌ ကိစ္စများကို ကိုင်တွယ်နေသူ ဖြစ်သည်။ သူက ပညာရှိဧကရာဇ်၏ကိုယ်စား ပုံရိပ်ဖြစ်သည့်အတွက် သဘာဝအားဖြင့် ထူးခြားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ လီကျွင်းရှန်းနှင့် ချီဘုရင်တို့က အိမ်ရှေ့မင်းသားဆီသို့ မျက်နှာမူကာ ဦးညွှတ်လိုက်ကြသည်။
“ဟာ... အိမ်ရှေ့မင်းသားရောက်လာပြီ... ဝမ်ချောင် မင်းအခုဘာလုပ်မလဲဆိုတာ ကြည့်ရအောင်...”
ချီဘုရင်က အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏နှုတ်ခမ်းထောင့်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
သူက ဝမ်ချောင်၏လက်ထဲတွင် တစ်ကြိမ်ပြီးတစ်ကြိမ် နစ်နာခဲ့ရသည်။ ကြီးမားသော ငှက်ရုံဆောင်ဖြစ်ရပ်မှ ထိုင်းကြီးမိဖုရားဖြစ်ရပ်အထိဖြစ်ခဲ့ပြီး ထို့နောက် မကြာသေးမီက ရာဇဝတ်ခုံရုံးဖြစ်ရပ်အထိ သူသည် လိုချင်သော ရလဒ်ကို မရရှိခဲ့ပေ။
ယခုပင် ထိုမျှလောက် ပြင်ဆင်မှုများပြုလုပ်ပြီး ဝမ်ချောင်၏ လှုပ်ရှားမှုများကို ခန့်မှန်းခဲ့ပြီးနောက် မဟာဗိုလ်ချုပ်များထက်ပင် သာလွန်သော မြောက်ပင်လယ်လူအိုကြီးသုံးဖော်ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း သူက ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ရန်ငြိုးကို ထားရှိခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင် ဝမ်ချောင်ကို ကိုင်တွယ်မည့်သူမှာ အိမ်ရှေ့မင်းသားပင် ဖြစ်သည်။ ဝမ်ချောင်က နန်းတံခါးဝတွင် လူများစွာကို ခေါ်ဆောင်လာပြီး ပြဿနာဖန်တီးခဲ့သည်ဆိုသည့် အချက်ကြောင့်ပင် အိမ်ရှေ့မင်းသားက ဝမ်ချောင်ကို ပြစ်မှုတစ်ခုဖြင့် စွဲချက်တင်နိုင်သည်။
“အိမ်ရှေ့မင်းသားကို ဂါရဝပြုပါတယ်...”
ဝမ်ချောင်က အသက်ရှူသွင်းလိုက်ပြီး လေးနက်စွာ ဦးညွှတ်လိုက်သည်။
ထိုအရာအားလုံးကို ဝမ်ချောင်က မမျှော်လင့်ထားခဲ့သည်မှာ ဝန်ခံရမည် ဖြစ်သည်။ နန်းရင်းအစည်းအဝေးတစ်ခု ပြုလုပ်နေစဉ်တွင် အိမ်ရှေ့မင်းသားက ထိုင်ဟယ်နန်းဆောင်မှ ထွက်ခွာလာပြီး နန်းတံတိုင်းပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ ဤအချက်မှ သူက ဝမ်ချောင်ကို မည်မျှ ကိုင်တွယ်လိုသည်ကို သိသာထင်ရှားသည်။
“ဝမ်ချောင် မင်းက ရဲတင်းလွန်းတယ်...”
အိမ်ရှေ့မင်းသား၏ အေးစက်သော အကြည့်က ဝမ်ချောင်ထံသို့ ချက်ချင်း ပြင်းထန်စွာ ရောက်ရှိလာသည်။
“နန်းရင်းအစည်းအဝေး ကျင်းပနေစဉ်မှာတောင် မင်းက စစ်သည်တွေအများကြီးကို ခေါ်ဆောင်လာပြီး နန်းတံခါးဝမှာ ဆူပူအုံကြွမှုဖြစ်အောင် လုပ်ရဲတယ်... မင်းမျက်လုံးထဲမှာ ဥပဒေတွေက ရှိသေးရဲ့လား... နန်းရင်းကော...”
အိမ်ရှေ့မင်းသား၏ မျက်နှာက ပြာဖြူလျက်ရှိပြီး သူ၏မျက်လုံးများက မှောင်မိုက်နေပြီး ရန်လိုနေသည်။ အကယ်၍ အကြည့်များဖြင့် သတ်နိုင်ခဲ့ပါက ဝမ်ချောင်သည် ယခုဆိုလျှင် အကြိမ်ပေါင်းများစွာ သေဆုံးနေလေပြီ ဖြစ်သည်။
ဤနန်းတံခါးဝရှိ ဆူပူအုံကြွမှုတွင် ဝမ်ချောင်တစ်ဦးတည်း ပါဝင်ခဲ့သူ မဟုတ်ပေ။ လီကျွင်းရှန်းနှင့် ချီဘုရင်တို့လည်း ပါဝင်ခဲ့သည်။ သို့သော် အိမ်ရှေ့မင်းသားက သူတို့ကို တစ်ခွန်းမှ မဖော်ပြခဲ့ပေ။ ဝမ်ချောင်ကိုသာ ထူးခြားစွာ ဖော်ပြခြင်းဖြင့် သူ၏ရည်ရွယ်ချက်ကို ထင်ရှားစွာ ပြသလိုက်သည်။
“အရှင်မင်းသား၊ ဒါတင်မဟုတ်သေးပါဘူး... ပညာရှိဧကရာဇ်က သူ့ရဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ပြုပြီး ဒိန်းမြားတွေကို ဆုချခဲ့ပေမဲ့ သူက ဒီစစ်လက်နက်တွေကို နန်းတံခါးဝထိ ယူလာခဲ့တယ်... ဒီဘုရင်ကတော့ သူ့မှာ နာမည်ဂုဏ်သတင်းတွေ များလွန်းလို့ သစ္စာဖောက်တဲ့ စိတ်ကူးတွေ ပေါက်လာပြီလို့ ထင်ပါတယ်... အရှင်မင်းသား ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို အလွယ်တကူ ခွင့်လွှတ်လို့မရပါဘူး... တခြားသူတွေအတွက် သတိပေးချက်ဖြစ်အောင် ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးဖို့ပဲ လိုပါတယ်...”
ချီဘုရင်က ပြဿနာကို ပို၍ကြီးမားအောင် ချဲ့ကား ပြောဆိုလိုက်သည်။ ယခုအခါ အိမ်ရှေ့မင်းသားက သူ့ကို ထောက်ခံပေးနေသဖြင့် သူသည် မည်သည့်အရာကိုမျှ မကြောက်ရွံ့တော့ပေ။
******
အခန်း ၁၅၈၉ ဒုတိယတိုင်ကြားစာ (၁)
“မျိုးနွယ်ခြားဘုရင်၊ ပထမမင်းသားနဲ့ မှူးမတ်များအားလုံးက ဒီနေရာမှာရှိနေကြတယ်... ဒါကြောင့် သင့်လျော်တဲ့ ရှင်းပြချက်တစ်ခု ပေးရမည့်အချိန်ပဲ...” အရှင်ကျန့်ချိုးက တောင်းဆိုလိုက်သည်။ “ဧကရာဇ်နန်းတော်ရဲ့ အမိန့်မရှိဘဲ သင်က မြို့တွင်းထိန်းသိမ်းရေးတပ်ဝင် ကိုးထောင်ကျော်ကို သီးသန့်ခေါ်ဆောင်လာပြီး ဧကရာဇ်နန်းတော်တံခါးဝတွင် ပေါ်ထွက်လာခဲ့တယ်... ဟူလူမျိုးတွေက စုဝေးပိတ်ဆို့ထားသည်ဆိုစေဦးတော့ ဒီကိစ္စက တိုင်းခြားရေးရာဌာနနဲ့ ထုံးတမ်းစဉ်လာဌာနရဲ့တာဝန်ဖြစ်တယ်။ ဆိုလိုတာက ဒီကိစ္စက ချီဘုရင်ရဲတာဝန်ပဲ... သင့်တာဝန် မဟုတ်ဘူး...”
ဝမ်ချောင်ကို စွပ်စွဲပြီးနောက် သူက ပထမမင်းသားအနီးတွင် ရပ်နေသော ချန်းစန်းယွမ်ဆီသို့ အာရုံပြောင်းလိုက်သည်။
“အဲဒါအပြင် ကျွန်တော်မှတ်မိသလောက်ဆိုရင် အရှင်ချန်းစန်းက မြို့တွင်းထိန်းသိမ်းရေးတပ်တွေကို စစ်လက်နက်ရေးရာဌာနမှာ ဖွဲ့စည်းခဲ့တယ်လို့ ပြောခဲ့တယ်... ဒါပေမဲ့ အရှင်ချန်းစန်းက ဖွဲ့စည်းခဲ့ပေမဲ့ မြို့တွင်းထိန်းသိမ်းရေးတပ်ရဲ့ မြင်းတပ်ကို ဦးဆောင်နေသူက အရှင်ချန်းစန်းမဟုတ်ဘဲ အိမ်မှာအနားယူနေသင့်တဲ့ မျိုးနွယ်ခြားဘုရင်ဖြစ်နေတယ်... မျိုးနွယ်ခြားဘုရင်နဲ့ အရှင်ချန်းစန်း ဒီကိစ္စအတွက် ရှင်းပြချက်ရှိပါသလား...”
ချန်းစန်းယွမ်သည် မိဖုရားထိုင်းကျင့်၏ ဂိုဏ်းမှဖြစ်သည့်အတွက် မှူးမတ်များအားလုံးနှင့် ပထမမင်းသားပင်လျှင် သူ့ကို အနည်းငယ် ထိတ်လန့်ပြီး အလွန်ဖိအားမပေးရန် ကြိုးစားကြသည်။ သို့သော် အရှင်ကျန့်ချိုးတွင် ထိုကဲ့သို့ ထိတ်လန့်မှု မရှိခဲ့ပေ။ ဝမ်ချောင်နှင့် ပူးပေါင်းကာ ကွန်ဖြူးရှပ်ဂိုဏ်း၏ သဟဇာတကမ္ဘာကို ဖျက်ဆီးသူ မည်သူမဆို ကွန်ဖြူးရှပ်ဂိုဏ်း၏ မဟာရန်သူ ဖြစ်သည်။
အရှင်ကျန့်ချိုး၏ မေးခွန်းများကို မမျှော်လင့်ပဲ ကြားလိုက်ရသည့်အခါ ချန်းစန်းယွမ်၏ နှလုံးသားသည် တဒိန်းဒိန်းခုန်ကာ မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။
ထိုကိစ္စသည် ဤမျှလောက် လွယ်ကူစွာ ပြီးဆုံးမည်မဟုတ်ကြောင်း သူသိထားပြီး ဖြစ်သည်။ ပထမမင်းသား၊ အရှင်ကျန့်ချိုး၊ သို့မဟုတ် ချီဘုရင်ဖြစ်စေ၊ သူတို့အားလုံးက ထိုကိစ္စကို ပြဿနာဖြစ်စေမည် ဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်က မြို့တွင်းထိန်းသိမ်းရေးတပ်များကို ပထမဆုံး အကြံပြုခဲ့စဉ်က ချန်းစန်းယွမ်က ကန့်ကွက်ခဲ့သည်။ ပို၍ဆိုးသည်မှာ ထိုသုံးဦးက တစ်ပြိုင်နက်တည်း ပြဿနာဖြစ်စေနေခြင်းပင် ဖြစ်သည်။ သို့သော် သူကိုယ်တိုင်အတွက် စိုးရိမ်နေမည့်အစား သူက ဝမ်ချောင်အတွက် ပို၍စိုးရိမ်နေသည်။
တံခါးဝ၌ ပုန်ကန်မှုဖြစ်ပွားနေသည်ဟူသော အကြောင်းပြချက်ဖြင့် ပထမမင်းသားက ထုံးတမ်းဓလေ့ကို ချိုးဖောက်ကာ ညီလာခံအလယ်တွင် ထွက်ခွာလာခဲ့ပြီး မှူးမတ်များအားလုံးကို နန်းတံတိုင်းသို့ ဦးဆောင်လာခဲ့သည်။ သူက ဝမ်ချောင်ကို ဖမ်းဆီးပြီး ပြင်းထန်သော ထိုးနှက်မှုတစ်ခုပြုလုပ်ပြီး ထိုအခွင့်အရေးကို အသုံးပြုရန် သေချာပေါက် ဆုံးဖြတ်ထားပုံ ရသည်။ ဤသည်မှာ မြို့တွင်းထိန်းသိမ်းရေးတပ်များနှင့် ပတ်သက်ပုံရသော်လည်း အမှန်တကယ်မှာ ပို၍ရှုပ်ထွေးသည်။
“အရှင်ကျန့်ချိုး သင်က ယဉ်ကျေးမှုဆိုင်ရာ မှူးမတ်တစ်ဦးဖြစ်တဲ့အတွက် စစ်လက်နက်ရေးရာဌာနရဲ့ စည်းမျဉ်းတွေကို မသိခြင်းအတွက် ကျွန်တော် သင့်ကို အပြစ်မတင်ပါဘူး... စစ်လက်နက်ရေးရာဌာနက မဟာထန်အင်ပါယာရဲ့ စစ်တပ်တွေအားလုံး လှည့်ပတ်နေတဲ့ ဗဟိုအချက်အချာဖြစ်တယ်... ဗိုလ်ချုပ်ဖြစ်စေ၊ မှူးမတ်ဖြစ်စေ၊ စစ်တပ်နှင့် သက်ဆိုင်သူမည်သူမဆို စစ်လက်နက်ရေးရာဌာနရဲ့ ထိန်းချုပ်မှုအောက်မှာရှိတယ်... ဒီဘုရင်က ဒီနေရာမှာ ပေါ်ထွက်လာခြင်းက ဘယ်အတွက်ကြောင့် မတော်မတရားမှုရှိနေတာလဲ..."
“ပြီးတော့ မှူးမတ်တစ်ဦးနဲ့ ယခင်ကျီရှီးကာကွယ်ရေးဗိုလ်ချုပ်အနေနဲ့ ဒီဘုရင်ကို မြို့တွင်းထိန်းသိမ်းရေးတပ်ရဲ့ မြင်းတပ်အနည်းအကျဉ်းကို ဦးဆောင်ပိုင်ခွင့် မရှိဘူးလား... ဒါ့အပြင် စစ်သည်ဘယ်လောက်ပင်ရှိစေကာမူ သူတို့နဲ့ အဲဒီဘုရင်ရဲ့ စစ်သည်တွေမဟုတ်ဘဲ စစ်လက်နက်ရေးရာဌာနရဲ့ စစ်သည်တွေပဲဖြစ်တယ်... သူက ချီဘုရင်လိုမဟုတ်ဘူး... သူရဲ့ သီးသန့်စစ်သည်နှစ်ထောင်ကို ဗိုလ်ချုပ်ကြီးကျရှူးက နှစ်ပေါင်းများစွာ လေ့ကျင့်ပေးထားတဲ့ နတ်ဘုရားတိုက်ခိုက်ရေးတပ်ဖွဲ့ထက် ပိုပြီးကောင်းမွန်တဲ့ လက်နက်တပ်ဆင်ထားတယ်... ဒါ့အပြင် ရာဇဝတ်မှုတရားရုံးက ဧကရာဇ်တရားရုံးရဲ့ အာဏာအောက်မှာ ရှိနေပေမဲ့ သူတို့က သူရဲ့ သီးသန့်စစ်တပ်တစ်ခုဖြစ်လာပြီး သူစိတ်ကြိုက်လှုပ်ရှားနိုင်တယ်။ သူက ရာဇဝတ်မှုတရားရုံးမှာ စစ်သည်တွေအားလုံးကို သူ သီးသန့်အသုံးပြုဖို့ စုစည်းခဲ့တယ်...”
ဝမ်ချောင်က ချီဘုရင်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။
ချီဘုရင်က ထိုစကားများကြောင့် ချက်ချင်း မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ဝမ်ချောင်က သူ့ကို ထိုကိစ္စတွင် ထည့်သွင်းစွပ်စွဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ဝမ်ချောင် တခြားသူတွေကို မကောင်းမပြောနဲ့... ဧကရာဇ်နန်းတော်တံခါးဝမှာ ဖြစ်ရပ်တစ်ခုရှိတယ်လို့ ကြားတယ်... ကျွန်ုပ်က ကျွန်ုပ်ရဲ့လူများနဲ့ အကူအညီပေးဖို့ အလျင်အမြန်ရောက်လာခဲ့တာ... အလျင်စလိုဖြစ်နေလို့ ရာဇဝတ်မှုတရားရုံးကိုသာ စဉ်းစားနိုင်ခဲ့တာ... ဒီလုပ်ရပ်က သင်လုပ်ခဲ့တာနဲ့ ဘာများတူညီနေလို့လဲ...”
ချီဘုရင်က နောက်ဆုံးတွင် ဒေါသထွက်လာခဲ့သည်။ ဝမ်ချောင်က သူ့ကို ထိုမျှလောက် ဒေါသထွက်စေနိုင်သည့် တစ်ဦးတည်းသော လူဖြစ်ပေလိမ့်မည်။
“ဝမ်ချောင် ဒီမင်းသားက သင်ရဲ့ရှင်းပြချက်ကို စောင့်နေတယ်...”
ပထမမင်းသားက မြင့်မားသော တံတိုင်းပေါ်တွင်ထိုင်နေပြီး ချီဘုရင်ကို လျစ်လျူရှုကာ သူ၏မျက်လုံးများကို ဝမ်ချောင်ထံသို့ စူးစိုက်ထားသည်။
“အရှင်မင်းသား ဝမ်ချောင်က သစ္စာဖောက်ဖို့ အကြံအစည်မရှိပါဘူး... ဒီစစ်သည်တွေကို ဦးဆောင်လာရတဲ့အကြောင်း အမှန်တကယ်ရှိပါတယ်... မြို့စောင့်တပ်ဖွဲ့ရဲ့ မစွမ်းဆောင်နိုင်မှုကြောင့် ဟူလူမျိုးတွေက မြို့တွင်းထဲမှာ စည်းမဲ့ကမ်းမဲ့ လှုပ်ရှားနေပြီး ညီလာခံမှာ မှူးမတ်တွေက ဟူလူမျိုးတွေကို အသစ်ရောက်ရှိလာသူတွေဖြစ်တာကြောင့် သူတို့ကို သည်းခံရမယ်လို့ ပြောခဲ့တဲ့အတွက် သောင်းချီတဲ့ ဟူလူမျိုးတွေက ဧကရာဇ်နန်းတော်တံခါးဝမှာ စုဝေးခဲ့ကြတာပါ... ဒါကြောင့် အဲဒီလောက်စစ်သည်တွေကို ဦးဆောင်လာခဲ့ရခြင်း ဖြစ်ပါတယ်... တကယ်တော့ မြို့တွင်းထိန်းသိမ်းရေးတပ်ကို ဖွဲ့စည်းဖို့အတွက် မလိုအပ်ပါဘူး... တချို့သူများရဲ့မစွမ်းဆောင်နိုင်မှုကြောင့်သာ ဒီဖြစ်ရပ်က ဖြစ်ပေါ်ခဲ့တာပါ။ အဲဒီသူတွေက အဲဒီကိစ္စကို မဖြေရှင်းနိုင်ခဲ့ဘဲ ဧကရာဇ်ခြေတော်အောက်မှာ ဒီဖြစ်ရပ် ဖြစ်ပေါ်ခဲ့တဲ့အတွက် ဒီအနှိမ့်အမှုထမ်းက မဟာထန်အင်ပါယာရဲ့ မှူးမတ်တစ်ဦးအနေနဲ့ တာဝန်ကို ကိုယ်တိုင်ဝင်ရောက်ဖြေရှင်းဖို့ တာဝန်ရှိပါတယ်...”
ဝမ်ချောင်က ဖြောင့်မတ်စွာ ကြွေးကြော်လိုက်သည်။
အရှင်ကျန့်ချိုး၏ မျက်နှာက မည်းမှောင်သွားသည်။ ဝမ်ချောင်က သူ၏မူဝါဒများကို ဝေဖန်ပြီး သူ့ကို ထိုပြဿနာထဲသို့ ဆွဲထည့်ရန် ကြိုးစားနေသည်မှာ ထင်ရှားသည်။
“ဒီကိစ္စကို ဧကရာဇ်တရားရုံးမှာ ဆုံးဖြတ်ချက်ချမယ်... ကြီးမားတဲ့ အစီအစဉ်တွေက အနည်းငယ် စိတ်မရှည်တာနဲ့ ပျက်စီးနိုင်တယ်။ မျိုးနွယ်ခြားဘုရင် ပထမမင်းသားရှိနေတဲ့အခါ မင်းက မဆင်မခြင် လုပ်ဆောင်ဖို့ နေရာမရှိဘူး...”
အရှင်ကျန့်ချိုးက အေးစက်စွာ ပြန်ပြောလိုက်သည်။
“ရာထူးတစ်ခုစီတိုင်းမှာ သူတို့ရဲ့တာဝန်ရှိတယ်... ဒီရာထူးမရှိတဲ့သူတွေက ဒီတာဝန်တွေကို မယူသင့်ပါဘူး။ ဒီလိုရိုးရှင်းတဲ့ သဘောတရားကို မင်းနားမလည်ဘူးလား။ ဒါမှမဟုတ် မှူးမတ်တွေအားလုံးက မျိုးနွယ်ခြားဘုရင်တစ်ဦးတည်းနဲ့ မယှဉ်နိုင်ဘူးလို့ ပြောနေတာလား...”
ပတ်ဝန်းကျင်က အပ်တစ်ချောင်းကျသံပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေသည်။
ဝမ်ချောင်၊ အရှင်ကျန့်ချိုး၊ ချီဘုရင်၊ ပထမမင်းသားနှင့် စစ်ရေးဝန်ကြီး ချန်းစန်းယွမ်တို့က ဤနေရာ၌ ရှိနေကြသည်။ သူတို့က မဟာထန်အင်ပါယာ၏ အာဏာအရှိဆုံး နိုင်ငံရေးပုဂ္ဂိုလ်များဖြစ်ပြီး မည်သူမျှ ဝင်ရောက်ဖြတ်ပိုင်းရန် မဝံ့မရဲ ဖြစ်နေကြသည်။
သို့သော် တစ်ချိန်တည်းမှာပင် ဧကရာဇ်စစ်တပ်၊ မြို့တွင်းထိန်းသိမ်းရေးတပ်၏ မြင်းတပ်၊ ရာဇဝတ်မှုတရားရုံးစစ်သည်များ၊ သို့မဟုတ် ဒူးထောက်နေသော သာမန်လူထုအုပ်စုပင်ဖြစ်စေ၊ သူတို့အားလုံးက စကားတစ်လုံးချင်းကို ဂရုတစိုက် နားထောင်နေကြသည်။
ထိုအငြင်းပွားမှုသည် မဟာထန်အင်ပါယာ၏ နိုင်ငံရေးဖွဲ့စည်းပုံကို ပြောင်းလဲနိုင်သည်ဟု သူတို့အားလုံးက ဝိုးတဝါး ခံစားရပြီး သူတို့က ထင်ရှားသော မျိုးနွယ်ခြားဘုရင်၏ ကံကြမ္မာကိုလည်း ဆုံးဖြတ်ပေးမည် ဖြစ်သည်။
ဆရာကြီးကျူး ပေါ်ထွက်လာပြီးကတည်းက လူတိုင်းသည် စစ်ဝါဒီ-ကွန်ဖြူးရှပ်အငြင်းပွားမှုကို သိရှိလာခဲ့သည်။ အရှင်ကျန့်ချိုးနှင့် ဝမ်ချောင်အကြား အငြင်းပွားမှုသည် နောက်ဆုံးတွင် စစ်ဝါဒီများနှင့် ကွန်ဖြူးရှပ်များအကြား အငြင်းပွားမှုဖြစ်လာပြီး ထိုကိစ္စက ပြီးဆုံးရန် ဝေးကွာနေသေးသည်။
“ဟမ်... အရှင်ကျန့်ချိုး၊ ရာထူးတစ်ခုရဲ့ ဂုဏ်ပုဒ်ကို ခံစားပြီး အလုပ်မလုပ်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာကို သိပါသလား။ ခင်ဗျားနဲ့ ခင်ဗျားကွန်ဖြူးရှပ်ဂိုဏ်းက ဒီဟူလူမျိုးတွေကို ဝင်ရောက်ခွင့်ပေးခဲ့သူတွေ ဖြစ်ပေမဲ့လည်း သူတို့ကို သင့်လျော်စွာ ကိုင်တွယ်နိုင်ခြင်းမရှိဘူး။ ဒီဟူလူမျိုးတွေက မြို့တော်တွင်းမှာ အားလုံးကို သူတို့ပိုင်ဆိုင်တဲ့ပုံစံနဲ့ လှည့်လည်သွားလာနေကြပြီး ရန်ဖြစ်ကြတယ်၊ ငြင်းခုံကြတယ်၊ ခြိမ်းခြောက်ကြတယ်၊ ပစ္စည်းတွေကို ပိုက်ဆံမပေးဘဲ ယူကြတယ်၊ နေ့ဘက်မှာတောင် မြို့တော်မှာရှိတဲ့ အမျိုးသမီးတွေကို နှောင့်ယှက်ကြတယ်... သူတို့က ဧကရာဇ်တရားရုံးရဲ့ ဥပဒေတွေနဲ့ ဧကရာဇ်ရဲ့ အာဏာကိုတောင် လျစ်လျူရှုပြီး နန်းတော်တံခါးဝမှာ ဆူညံပွက်လောရိုက်နေကြတယ်"
“ဒီရက်ပိုင်းအတွင်းမှာ ဒီဘုရင်က လူစည်ကားတဲ့ လမ်းမတစ်ခုမှာ ခရီးသွားနေတုန်း ဟူလူမျိုးတစ်စုက လူတစ်ဦးနဲ့ စေ့စပ်ထားသူကိုတောင် နှောင့်ယှက်နေတာကို ကိုယ်တိုင် တွေ့မြင်ခဲ့ရတယ်... သတို့သားက ရှင်းပြချက်တောင်းတာကို သူတို့က ရိုက်နှက်ခံရမတတ် ဖြစ်နေကြတယ်။ သူတို့က နေ့အခါမှာတောင် ဒီလောက်ရဲရဲတင်းတင်း ပြုမူရဲတယ်ဆိုတော့ အခြားနေရာတွေမှာဆိုရင် ဟူလူမျိုးတွေက ဘယ်လိုပြုမူနေကြမယ်ဆိုတာကို စိတ်ကူးနဲ့တောင် မတွေးကြည့်ရဲဘူး..."
ဟူလူမျိုးများသည် လူထု၏ဒေါသကို ဖြစ်ပေါ်စေခဲ့သည်။ ထိုဘုရင်က မြို့စောင့်တပ်ဖွဲ့ထံ မေးမြန်းရန်သွားသောအခါ သူတို့၏ အတွင်းရေးအကြံပေးအမတ်က မြို့တော်ရှိ ဟူလူမျိုးများကို သူတို့၏ စီရင်ပိုင်ခွင့်အောက်တွင် မရှိဟု ကြေညာခဲ့ပြီး သူတို့အား ဝင်ရောက်မစွက်ဖက်ရန် အမိန့်ပေးခဲ့သည်ဟု ပြောခဲ့သည်။
“အရှင်ကျန့်ချိုး ခင်ဗျားက မဟာထန်အင်ပါယာနဲ့ တခြားနိုင်ငံများအကြား ငြိမ်းချမ်းရေးရှိပြီး ခင်ဗျားသဟဇာတကမ္ဘာကို ရရှိလိုခဲ့သလား။ ဒီလိုဆိုရင် ခင်ဗျားက သဟဇာတကမ္ဘာကို မဟာထန်အင်ပါယာရဲ့ သာမန်လူထုတွေက နှိပ်စက်ခံရပြီး ဟူလူမျိုးတွေက စိတ်ကြိုက် စားသောက်နေကြတယ်... ရန်ဖြစ်ကြတယ်... လွတ်လပ်စွာ ပြုမူကြတယ်ဆိုတဲ့ ကမ္ဘာတစ်ခု ဖြစ်သွားနိုင်တယ်..."
“အရှင်ကျန့်ချိုး ခင်ဗျားက စာအုပ်တွေ ဖတ်သူတစ်ဦးဖြစ်တယ် မဟုတ်ပါလား။ သန့်ရှင်းတဲ့ ကျမ်းစာတွေအတိုင်း ကျင့်ကြံသူတစ်ဦးဖြစ်တယ် မဟုတ်ပါလား... အရှင်မင်းသား ဒီမေးခွန်းကို မေးမြန်းခြင်းက အလွန်သင့်လျော်ပါတယ် ဒီအနှိမ့်အမှုထမ်းက အတွင်းရေးအကြံပေးအမတ်ကို တာဝန်ပေါ့လျော့မှုနဲ့ တရားစွဲဆိုလိုပါတယ်...”
ဝမ်ချောင်၏ အေးစက်သော အသံက နားထဲတွင် ထွက်ကျလာသည့်နှယ် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး သူက ဘယ်ဘက်လက်ထဲမှ တိုင်ကြားစာတစ်စောင်ကို ထုတ်ယူကာ မြင့်မြင့်မားမား မြှောက်ပြလိုက်သည်။
"ဟူး..."
စုန့်ယွမ်ကျန်း၊ ဝါးမှန်ကြည့်၊ ဖြူဖြူဖွေးဖွေး မိန်းမလှလေးနှင့် တခြားကွန်ဖြူးရှပ်ဂိုဏ်း၏ ကျွမ်းကျင်သူများအားလုံးက မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။ အရှင်ကျန့်ချိုး၊ ချီဘုရင်၊ နှင့် ပထမမင်းသားတို့ပင်လျှင် မျက်နှာမဲ့သွားကြသည်။
ဝမ်ချောင်က ဧကရာဇ်အမိန့်မရှိဘဲ မြို့တွင်းထိန်းသိမ်းရေးတပ်မှ လူကိုးထောင်ကျော်ကို သီးသန့်စုစည်းကာ၊ နန်းတော်တံခါးဝကဲ့သို့ ထိရှလွယ်သော နေရာ၌ ပေါ်ထွက်လာခြင်းက ပြင်းထန်သော ရာဇဝတ်မှုတစ်ခု ဖြစ်သင့်သည်။ ထိုကိစ္စက သူ့ကို ဖမ်းဆီးရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သင့်သည်။ သို့သော် သူက အတွင်းရေးအကြံပေးအမတ် အရှင်ကျန့်ချိုးကို တရားစွဲဆိုသည့် တိုင်ကြားစာတစ်စောင် တင်သွင်းလိုက်သည်။
ဤသည်မှာ မည်သူမျှ မမျှော်လင့်ထားသည့် လှုပ်ရှားမှုတစ်ခု ဖြစ်သည်။
“ဒီမင်းသားက ဒီကိစ္စကို နောက်ဆုံးဆုံးဖြတ်ပေးမယ်... တိုင်ကြားစာကို ယူလာခဲ့...”
ပထမမင်းသားက အံ့အားသင့်သွားသော်လည်း သူက ချက်ချင်း စိတ်တည်ငြိမ်မှု ပြန်လည်ရရှိပြီး အစောင့်တစ်ဦးထံသို့ အမူအရာဖြင့် ညွှန်ပြလိုက်သည်။ ထိုအစောင့်သည် နန်းတံတိုင်းမှ အလျင်အမြန် ဆင်းလာခဲ့သည်။
ဝမ်ချောင်က အရှင်ကျန့်ချိုးကို မည်သည့်ကိစ္စဖြင့် တရားစွဲဆိုသည်ဖြစ်စေ ပထမမင်းသားက သူ့ကို အောင်မြင်ခွင့် မပြုနိုင်ပေ။ အစောင့်တစ်ဦးကို စေလွှတ်ခြင်းဖြင့် ဝမ်ချောင်၏ တရားစွဲဆိုမှုကို ဖယ်ရှားမည်ဖြစ်ကြောင်း ထင်ရှားစွာ ဖော်ပြလိုက်သည်။
ပထမမင်းသားသည် သူ့ထံမှ တောင်းဆိုလိုသည်မှာ မြို့တွင်းထိန်းသိမ်းရေးတပ်အတွက် ရှင်းပြချက်တစ်ခုသာ ဖြစ်သည်။ ပထမမင်းသားက မြို့တွင်းထိန်းသိမ်းရေးတပ်၏ မြင်းတပ်သားကိုးထောင်ကျော်ကို လှမ်းကြည့်လိုက်သည်။ ဝမ်ချောင်တွင် မည်သည့်အကြောင်းပြချက်ရှိသည်ဖြစ်စေ သူတို့ထဲတွင် မည်သည့်အရာမှ သူ့ကို ထိုမျှစစ်သည်များဖြင့် ထိုမျှထိရှလွယ်သော နေရာသို့ ဦးဆောင်လာခဲ့သည်ကို ရှင်းပြရန် မလုံလောက်ပေ။ လူတစ်ဦးက လမ်းပေါ်တွင် လူသတ်မှုကျူးလွန်နေသည်ဆိုခြင်းဖြင့် လူတစ်ဦးက မီးရှို့မှုကျူးလွန်နိုင်သည်ဟု မဆိုလိုပေ။ ပထမမင်းသားက ထိုအချက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
ဝမ်ချောင်က တိုးညင်းစွာ ရယ်မောလိုက်ပြီး ပထမမင်းသား၏ ရပ်တည်မှုအပေါ် လုံးဝ အံ့အားမသင့်ခဲ့ပေ။ ပထမမင်းသားနှင့် အရှင်ကျန့်ချိုးက ပူးပေါင်းလုပ်ဆောင်နေခဲ့ကြသည်။ ထို့ကြောင့် တိုင်ကြားစာတစ်စောင်တည်းဖြင့် အရှင်ကျန့်ချိုးကို တရားစွဲဆိုနိုင်မည်ဟု သူ တစ်ခါမျှ မယုံကြည်ခဲ့ပေ။ သို့သော် မြို့တွင်းထိန်းသိမ်းရေးတပ်၏ ဖွဲ့စည်းမှုသည် မလွှဲမရှောင်သာဖြစ်ပြီး သူ့ကို မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။
“အရှင်မင်းသား မြို့တွင်းထိန်းသိမ်းရေးတပ်ကို ဟူလူမျိုးတွေကြောင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်... အရှင်မင်းသားက မမေးမြန်းခဲ့သည်ပင်ဖြစ်စေ ဝမ်ချောင်က ဒီကိစ္စနဲ့ပတ်သက်ပြီး တရားရုံးကို ကိုယ်တိုင်သွားပြီး တိုင်ကြားစာတင်သွင်းမှာပါ... အဲဒါအပြင် ဒီကိစ္စကြောင့် ဒီအနှိမ့်အမှုထမ်းက တိုင်ကြားစာတစ်စောင်ကို ရေးသားပြီးပါပြီ... အရှင်မင်းသား ကျေးဇူးပြုပြီး ဖတ်ရှုပေးပါ...”
ဝမ်ချောင်က သူ၏လက်ထဲမှ ဒုတိယတိုင်ကြားစာတစ်စောင်ကို ထုတ်ယူလိုက်သည်။ ထို့နောက် လူအားလုံး၏ မျက်နှာများက ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။ ပထမတိုင်ကြားစာက အရှင်ကျန့်ချိုးကို တရားစွဲဆိုခြင်း ဖြစ်သည့်အတွက် သူတို့နှစ်ဦးသည် ရင်းနှီးမှုမရှိသလို စစ်ဝါဒီ-ကွန်ဖြူးရှပ်အငြင်းပွားမှုလည်း ရှိနေသည့်အတွက် လူထုက အံ့အားသင့်ခြင်း မရှိခဲ့ပေ။ သို့သော် ထိုဒုတိယတိုင်ကြားစာသည် လုံးဝ ထူးခြားနေသည်။
ဝမ်ချောင်က ပြင်ဆင်ပြီးသားဖြစ်ကြောင်း ထင်ရှားနေသည်။ မြို့တွင်းထိန်းသိမ်းရေးတပ်ကို ဖွဲ့စည်းရုံသာမက သူ၏လူများကို စုစည်းကာ နန်းတော်တံခါးဝရှိ ဟူလူမျိုးများအားလုံးကို ဖမ်းဆီးရန်ပင် ပြင်ဆင်ထားခဲ့သည်။
******
အခန်း ၁၅၉၀ ဒုတိယတိုင်ကြားစာ (၂)
လူအားလုံးက တစ်ခဏအတွင်း ဝမ်ချောင်ကို ထိတ်လန့်မှုဖြင့် လေးနက်စွာ ကြည့်လိုက်ကြသည်။
ပထမမင်းသား လီရင်က လေးနက်စွာ အသက်ရှူသွင်းလိုက်ပြီး အေးစက်စွာ အမိန့်ပေးလိုက်သည်။
“ယူလာပါ...”
လီရင်သည် ဝမ်ချောင်က ပဉ္စမမင်းသား လီဟန်ကို ထောက်ခံပြီး သူ့ကို ဆန့်ကျင်သည့်အတွက် အရိုးထိအောင် မုန်းတီးခဲ့သည်။ သို့သော် ယခု ဝမ်ချောင်က ထိုမျှ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်သဖြင့် လီရင်က ထိုတိုင်ကြားစာကို ဖတ်ရှုရန် မလွှဲမရှောင်သာ ဖြစ်လာသည်။
ပတ်ဝန်းကျင်က သေမင်းတမန်လို တိတ်ဆိတ်နေပြီး လူအားလုံး၏ အကြည့်များက ဝမ်ချောင်၏ ညာလက်ထဲရှိ ဒုတိယတိုင်ကြားစာပေါ်တွင် စုစည်းနေသည်။
မင်းလူ့လင်သည် မြင့်မားသော တံတိုင်းဆီမှ ဆင်းလာပြီး ဝမ်ချောင်ထံမှ တိုင်ကြားစာနှစ်စောင်ကိုယူပြီး ပြန်လည်တက်လာကာ ပထမမင်းသား လီရင်ထံ ပေးအပ်လိုက်သည်။
လူအားလုံးက ပထမမင်းသားနှင့် ဝမ်ချောင်၏ တိုင်ကြားစာပေါ်သို့ အာရုံစူးစိုက်လိုက်သည့်အခါ ရင်ခုန်တုန်လှုပ်စရာ အငွေ့အသက်တစ်ခု ဖြစ်ပေါ်လာသည်။
ဝမ်ချောင်က မည်သည့်အဓိပ္ပါယ်ကိုဆောင်မည်ဖြစ်ကြောင်း မည်သူမျှ မသိကြချေ။ သို့သော် ဝမ်ချောင်က ပြင်ဆင်ထားပြီးဖြစ်ကြောင်း မလွှဲမရှောင်သာဖြစ်ပြီး သူတို့ ထင်ထားသည့်အတိုင်း လုံးဝအဆင်သင့် မဖြစ်ခဲ့ပေ။ ပထမမင်းသားနှင့် အရှင်ကျန့်ချိုးတို့က ဧကရာဇ်တရားရုံးကို ခိုင်မာစွာ ထိန်းချုပ်ထားသည့်အချိန်တွင် ဝမ်ချောင်က အေးစက်ပြီး ထက်မြက်သော ဓါးတစ်လက်ကဲ့သို့ ထွက်ပေါ်လာပြီး နေရာတွင်ရှိသူအားလုံးကို ဖိအားပေးလိုက်သည်။
“မျှော်လင့်မထားတဲ့အတိုင်းပဲ မျိုးနွယ်ခြားဘုရင်ကို မထီမဲ့မြင်လုပ်လို့မရပါဘူး...”
တံခါးတိုင်ပေါ်ရှိ မှူးမတ်ဟောင်းအချို့က သက်ပြင်းချလိုက်ကြသည်။ ဤသူများသည် အရှင်ကျန့်ချိုး မပေါ်ထွက်မီတွင် အရေးပါသော မှူးမတ်များဖြစ်ခဲ့ကြပြီး သူတို့၏ အတွေ့အကြုံအားလုံးက ဝမ်ချောင်သည် မည်မျှ ထူးခြားကြောက်ရွံ့ဖွယ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ဝမ်ချောင်နှင့် ဝမ်မျိုးရိုးကို ပစ်မှတ်ထားသည့် လှုပ်ရှားမှုများအားလုံး မအောင်မြင်ခဲ့ပေ။
သို့သော် ဝမ်ချောင်သည် ထိုမျှထင်ရှားစွာ မတော်မတရားဖြစ်နေသည့် အခြေအနေမှ မည်သို့ပြန်လည်ထူထောင်မည်ကို သူတို့အားလုံးက အလွန်စိတ်ဝင်စားကြသည်။ ထိုတိုင်ကြားစာတွင် မည်သည့် အကြောင်းအရာများ ရေးထားသနည်းဟု သိချင်နေခဲ့ကြ၏။
ချီဘုရင်၏ မုတ်ဆိတ်ဖြူနှင့်အကြံပေးက ရှေ့သို့လှမ်းလာပြီး သူ၏နားထဲသို့ တိုးတိုးပြောလိုက်သည်။
“အရှင် အခြေအနေက မကောင်းပါဘူး... အဲဒီကောင်လေးက သေချာပြင်ဆင်ထားပုံရပါတယ်... ပထမမင်းသားက ဒီတိုင်ကြားစာတစ်စောင်တည်းနဲ့ သူ့ကို လွှတ်ပေးမှာမဟုတ်ဘူး မဟုတ်လား...”
“မဖြစ်နိုင်ပါဘူး... ဝမ်ချောင်က သူ့တိုင်ကြားစာမှာ ဘာပဲရေးထားပါစေ ပထမမင်းသားက သူ့ကို ဘယ်တော့မှ အလွတ်မပေးပါဘူး... ဒီဘေးဒုက္ခထဲက လွတ်မြောက်ဖို့ သူ့မှာ မျှော်လင့်ချက်မရှိပါဘူး...”
‘ကောင်စုတ်လေး မင်းရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်နေတဲ့ အမူအရာကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲ ငါကြည့်ချင်တယ်...’
ချီဘုရင်က စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။
လီရင်နှင့်ပတ်သက်သော သူ၏နားလည်မှုအရ ဝမ်ချောင်က မဖြစ်မနေ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ဝမ်ချောင်သည် လီဟန်ကို အရိပ်ထဲမှ ထောက်ခံနေသည်ဆိုသည့် အချက်တစ်ခုတည်းကပင် ပထမမင်းသားက သူ့ကို ခွင့်လွှတ်မပေးရန် လုံလောက်သည်။
လီရင်သည် အရှင်ကျန့်ချိုးကို တရားစွဲဆိုသည့် တိုင်ကြားစာကို တစ်ချက်မျှမကြည့်ဘဲ အစောင့်တစ်ဦးထံ လွှဲပေးလိုက်သည်။ ဝမ်ချောင်ကို လေးနက်စွာ တစ်ချက်ကြည့်ပြီးနောက် ပထမမင်းသားသည် ဝမ်ချောင်၏ ဒုတိယတိုင်ကြားစာကို ဖွင့်လိုက်သည်။
ထိုမျှ ရာဇဝတ်မှုများကျူးလွန်ထားပြီး သက်သေများစွာနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် ဝမ်ချောင်က မည်သည့်လှည့်ကွက်ကို ကစားမည်ကို သူ သိချင်ခဲ့သည်။
"ရွှတ်..."
ပထမမင်းသားက တိုင်ကြားစာကို ဖွင့်လိုက်သည့်အခါ အနီးဝန်းကျင်ရှိ လူပေါင်းများစွာက အသက်ရှူသံများကို ထိန်းထားပြီး စောင့်ကြည့်နေကြသည်။
"အရှင်မင်းမြတ် အနိမ့်အမှုထမ်းဝမ်ချောင်မှာ တိုင်ကြားစာတစ်စောင်ရှိပါတယ်..."
ဤသည်မှာ တိုင်ကြားစာ၏ ပထမဆုံးစာကြောင်းဖြစ်ပြီး စကားလုံးများက စတုရန်းပုံစံ တောင့်တင်းနေသည်။ ဝမ်ချောင်၏ မူလ ကျည်ဆံရေးဟန်မှ တိုးတက်မှုရှိခဲ့သည်မှာ ထင်ရှားသော်လည်း ထိုစကားလုံးများက ပထမမင်းသား၏ ချီးကျူးမှုနှင့် မထိုက်တန်သေးပေ။
"ဟမ်... ကောလဟလတွေ ပြောနေကြသလိုပါပဲလား..."
ပထမမင်းသားသည် စိတ်ထဲတွင် မထီမဲ့မြင်ပြုကာ ရယ်မောလိုက်သည်။ မျိုးနွယ်ခြားဘုရင်၏ စာရေးဟန်က မည်မျှဆိုးရွားသည်ကို သူကြားဖူးပြီ ဖြစ်သည်။ ယနေ့တွင် သူကိုယ်တိုင် ထိုကောလဟလများကို အတည်ပြု မြင်တွေ့ခဲ့ရသည်။ ထို့ပြင် အဖွင့်စာကြောင်းများကို သူက ထောင်ချီမြင်ဖူးခဲ့သည်။ ထို့ကြောင့် ပထမအကြည့်တွင် ပထမမင်းသားက ဤတိုင်ကြားစာကို လျစ်လျူရှုခဲ့သည်။
ဝမ်ချောင်က မည်သို့ ပြောစေကာမူ အမှန်တကယ် ထိုတိုင်ကြားစာကို လျစ်လျူရှုရန် သူ သေချာပေါက် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
သို့သော် နှစ်စက္ကန့်အကြာတွင် ပထမမင်းသား၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။
အနှိမ့်အမှုထမ်းသည် နေ၊ လမင်းအောက်ရှိ အရာအားလုံးတွင် သစ္စာနှင့် ဖြောင့်မတ်မှုကို အခြေတည်သည်ဟု မကြာခဏ ကြားဖူးပါသည်။ ယခုအခါ မဟာထန်အင်ပါယာ၏ ကမ္ဘာ့တန်ခိုးသည် ငြင်းမရနိုင်ဖြစ်ပြီး သူ၏ ဥပဒေများ၊ သစ္စာနှင့် ဖြောင့်မတ်မှုကို အလေးထားခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ဧကရာဇ်သည် ရာဇဝတ်မှုကျူးလွန်ပါက သာမန်လူထုကဲ့သို့ အပြစ်ပေးခံရမည် ဖြစ်သည်။ ဧကရာဇ်ပင်လျှင် ဤသို့ ဆက်ဆံခံရသည်ဆိုလျှင် ဟူလူမျိုးများက အဘယ်ကြောင့် ထူးခြား၍ အပြစ်ပေးခံရမှုမှ လွတ်မြောက်နိုင်မည်နည်း။
‘အရှေ့၊ အနောက်၊ မြောက်၊ သို့မဟုတ် တောင်မှ လာသည်ဖြစ်စေ အာရေးဗီးယား၊ ချာရာစီနီယံ၊ တာ့ခ်၊ မန့်ရွှေကျောင်းနယ်မြေ၊ သို့မဟုတ် ဂိုဂူလျောဖြစ်စေ ဟန်လူမျိုး၏နယ်မြေသို့ ဝင်ရောက်လာသူ မည်သူမဆို ဟန်လူမျိုး၏ ဥပဒေများကို လိုက်နာရမည် ဖြစ်သည်။ ထိုဥပဒေကို ဖီဆန်သူမည်သူမဆို ဟူလူမျိုးနှင့် ဟန်လူမျိုးသည် တန်းတူဖြစ်ကြောင်း အတည်ပြု၍ ပြင်းထန်စွာ အပြစ်ပေးရမည်။ ထိုအရာက သစ္စာနှင့် ဖြောင့်မတ်မှုဟူသည့် အဓိပ္ပါယ်ကို ဆိုလိုနေခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ထိုအနှိမ့်အမှုထမ်းသည် လူထုစည်းကမ်းထိန်းသိမ်းရေးရုံးကို ဖွဲ့စည်းခဲ့သည်မှာ နယ်ပယ်တစ်ခုလုံးသည် မည်သည်က မှန်ကန်သည် သင့်လျော်သည်ကို မိမိတို့မျက်စိဖြင့် မြင်တွေ့ကြပြီး၊ နားဖြင့် ကြားသိကြရန် ဖြစ်သည်။ အရပ်လေးမျက်နှာရှိ ဟူလူမျိုးများအားလုံးက ဤသဘောတရားကို နားလည်ကြမည် ဖြစ်သည်။
စည်းမျဉ်းစံနှုန်းများ မရှိလျှင် မည်သည့်အရာမျှ မပြီးမြောက်နိုင်ပေ။ ဟူလူမျိုးများကို ရာဇဝတ်မှုကျူးလွန်ခွင့်ပြုပြီး အပြစ်မပေးပါက ဥပဒေစနစ်သည် ပြိုကျသွားမည်ဖြစ်ပြီး ဟူလူမျိုးများက ဟန်လူမျိုးထက် သာလွန်သည်ဟု ကမ္ဘာသို့ သိရှိစေမည် ဖြစ်သည်။ ပထမဦးစွာ ဟူလူမျိုးများသည် မာနထောင်လွှားသော စရိုက်များရှိပြီး တန်ခိုးကို ကြောက်ရွံ့ကြပြီး ကရုဏာကို မထီမဲ့မြင်ပြုကြသည်။ ထို့ကြောင့် ယခင်မင်းဆက်များသည် ဟူလူမျိုးများကို ကရုဏာဖြင့်မဟုတ်ဘဲ အင်အားဖြင့် နှိမ်နှင်းရန် အမြဲရွေးချယ်ခဲ့ကြသည်။ ဒုတိယအချက်မှာ ထန်လူမျိုးများ၏ လူထုကြီးက သူတို့၏ မထီမဲ့မြင်ပြုမှုကို စတင်ဖော်ပြလာကြပြီး ပတ်ဝန်းကျင်မှ ညည်းညူသံများ ထွက်ပေါ်လာသည်။ အချိန်ကြာလာသည်နှင့်အမျှ လူထုကြီးက မကျေနပ်မှုများ တိုးပွားလာမည်ဖြစ်ပြီး သူတို့က ဧကရာဇ်မင်းဆက်၊ ဧကရာဇ်တရားရုံးကို စွပ်စွဲလာကြမည် ဖြစ်သည်။
ထိုင်းကျုံးက ရေသည် လှေကို မျှောပါစေနိုင်သည်။ သို့သော် လှေကို နစ်မြှုပ်စေနိုင်သည်ဟု ပြောခဲ့ဖူးသည်။ ရေသည် အစပိုင်းတွင် လှေကို မျှောပါစေပြီး နောက်ပိုင်းတွင် နစ်မြှုပ်စေနိုင်သည့်အတိုင်း လူထု၏ ဆန္ဒသည်လည်း ပြောင်းလဲသွားနိုင်သည်။ ဟူလူမျိုးများကို မျက်နှာသာပေးမည်ဆိုလျှင် လူထု၏ ဆန္ဒပြိုကွဲသွားပါက ရရှိသည်ထက် ဆုံးရှုံးမှုပိုများလာမည်ဖြစ်ပြီး၊ ၎င်းသည် အရှင်မင်းမြတ်၏ ဆန္ဒအမှန်ဖြစ်ပါသလား။ ထိုမူဝါဒကို မပြောင်းလဲပါက နယ်စပ်တွင် ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာသည့်အခါ မဟာထန်အင်ပါယာတွင် မည်သူမျှ တုံ့ပြန်မည်မဟုတ်ကြောင်း ထိုအနှိမ့်အမှုထမ်း က စိုးရိမ်နေ၏။ အရှင်မင်းမြတ်နှင့် တရားရုံးမှ မှူးမတ်များအား ပြန်လည်စဉ်းစားရန် ထိုအနှိမ့်အမှုထမ်းက မျှော်လင့်နေခဲ့သည်။
တိုင်ကြားစာသည် ထက်မြက်သော ထိုးထွင်းသိမြင်မှုများဖြင့် ပြည့်နှက်နေပြီး ပထမမင်းသားသည် ဖတ်လေလေ၊ သူ၏မျက်နှာက စိမ်းလဲ့လာလေလေ ဖြစ်နေ၏။
စာကြောင်းတစ်ကြောင်းချင်းစီက ကျိုးကြောင်းဆီလျှော်သော်လည်း သို့သော် စာကြောင်းတစ်ကြောင်းချင်းစီက သူ့ကို ပစ်မှတ်ထားနေသည်။
ပထမမင်းသားက ဒေါသဖြင့် လက်သီးများကို ဆုပ်ထားလိုက်သည်။ ထိုတိုင်ကြားစာ၏ ထက်မြက်သော စကားလုံးများကို ဖတ်နေစဉ် ဝမ်ချောင်သည် သူ့ရှေ့တွင်ရပ်နေပြီး တာဝန်ပေါ့လျော့မှုအတွက် ဝေဖန်နေသလို ခံစားရသည်။
ဟူလူမျိုးများအပေါ် မူဝါဒသည် တတ်နိုင်သမျှ သည်းခံမှုနှင့် စိတ်ဖွင့်ထားရန်ဖြစ်ပြီး မြို့စောင့်တပ်ဖွဲ့အား ဟူလူမျိုးများပါဝင်သည့် အငြင်းပွားမှုများတွင် ဝင်ရောက်မစွက်ဖက်ရန်ပင် အမိန့်ပေးခဲ့သည်။ ထိုအရာက အရှင်ကျန့်ချိုးနှင့် ကွန်ဖြူးရှပ်ဂိုဏ်း၏ အကြံဖြစ်သော်လည်း မဟာထန်အင်ပါယာ၏ အိမ်ရှေ့မင်းသားထံမှ ခွင့်ပြုချက်မရှိဘဲ ထိုအရာကို အကောင်အထည်ဖော်နိုင်မည် မဟုတ်ချ။
ဝမ်ချောင်၏ တိုင်ကြားစာသည် မူဝါဒ၏ အားသာချက်များနှင့် အားနည်းချက်များကို ငြင်းခုံနေပုံရသော်လည်း ပထမမင်းသားက ဝမ်ချောင်သည် ဟူလူမျိုးများ၏ကိစ္စကို အသုံးပြုပြီး ပဉ္စမမင်းသားကို ကူညီရန် ကြိုးစားနေသည်ဟု ခံစားနေရသည်။
သူ၏အမှားများကို ဝန်ခံပါက သူသည် အိမ်ရှေ့မင်းသားရာထူးအတွက် မသင့်လျော်ကြောင်း ကမ္ဘာ့လူထုအား ပြောနေသလို ဖြစ်သွားပါလိမ့်မည်။
"တကယ်ကို ရယ်စရာပဲ..." ပထမမင်းသားက စိတ်ထဲတွင် ဒေါသထွက်လျက် ရှိသည်။
"ဟူး..."
ပထမမင်းသားက စိတ်ထဲတွင် ဒေါသထွက်နေစဉ် လူအုပ်ကြီးထဲတွင် ဆူညံပွက်လောရိုက်မှုတစ်ခု ဖြစ်ပေါ်လာသည်။ အော်ဟစ်သံ အနည်းငယ်က မကြာမီတွင် ဆွေးနွေးမှုဆူညံသံအဖြစ်သို့ ပြောင်းလဲသွားသည်။
“ဟုတ်တယ်... မျိုးနွယ်ခြားဘုရင်က အတိအကျ မှန်ကန်တယ်...”
“ဧကရာဇ်တရားရုံးက ဒါကို လွန်ခဲ့တဲ့ကာလကတည်းက လုပ်ဆောင်သင့်တယ်...”
“သဟဇာတကမ္ဘာဖြစ်ရမယ် မဟုတ်လား... ဒါကို လွန်ခဲ့တဲ့ကာလကတည်းက လုပ်ဆောင်သင့်တယ်...”
အော်ဟစ်သံများနှင့်အတူ ဝေးကွာသောနေရာမှ အားပေးသံများ ထွက်ပေါ်လာသည်။
ပထမမင်းသားက ထိတ်လန့်စွာ ခေါင်းမော့လိုက်သည်။
“ဘာဖြစ်နေတာလဲ... အဲဒီက ဘာဖြစ်သွားတာလဲ...”
သာမန်ဆူညံသံများက တစ်မျိုးဖြစ်သော်လည်း အသံအကျယ်ကြီးမှုကို အကဲဖြတ်ကြည့်လျှင် ထူးဆန်းသည့်အရာတစ်ခု ဖြစ်ပေါ်နေကြောင်း ထင်ရှားနေသည်။
လူတစ်ဦးက အလျင်အမြန် ပြေးထွက်သွားပြီး ခဏအကြာတွင် ပြန်လည် ရောက်ရှိလာသည်။
“အရှင်မင်းမြတ် မြို့တဝိုက်မှာ လူတစ်ဦးက စာရွက်စာတမ်းတွေ တင်ထားပြီး အကြောင်းအရာတွေက သူတို့ရဲ့ တိုင်ကြားစာတစ်ခုကနေ ဖြစ်ပုံရပါတယ်... အဲဒါအပြင်...”
တံခါးစောင့်က ပထမမင်းသား၏လက်ထဲရှိ တိုင်ကြားစာကို တစ်ချက်ကြည့်လိုက်ပြီး တံတွေးမျိုချကာ သတ္တိများ စုဆောင်းလိုက်သည်။
“အဲဒီအရာ အရှင်မင်းသားလက်ထဲရှိတဲ့ တိုင်ကြားစာနဲ့ အတူတူပါပဲ...”
နံရံဘေးရှိ မှူးမတ်များအားလုံး၏ မျက်နှာများက ဖြူဖပ်ဖြူရော် ဖြစ်သွားကြပြီး ပထမမင်းသားကလည်း နားလည်သဘောပေါက်သွားကာ သူ၏မျက်နှာက ချက်ချင်း မဲ့ရွံ့သွားသည်။
ဝမ်ချောင်က သူထင်ထားသည်ထက်ပင် အဆပေါင်းများစွာ ပြင်ဆင်ထားခဲ့သည်။
ထိုသတင်းများ မြို့တဝိုက်သို့ ပျံ့နှံ့သွားသည်နှင့်အမျှ တံခါးဝရှေ့တွင် ဒူးထောက်နေသော သာမန်လူထုများက ခေါင်းများကို မော့လိုက်ကြကာ အော်ဟစ်လာကြသည်။
“အံ့ဩစရာပဲ... မျိုးနွယ်ခြားဘုရင်က မှန်ကန်တယ်...”
ဧကရာဇ်တရားရုံးက နောက်ဆုံးတွင် သတိပြုမိလာသည်။
လူအုပ်ကြီးက အားပေးသံများ ထွက်ပေါ်လာသည်။
လူအုပ်ကြီးအလယ်တွင် အရှင်ကျန့်ချိုးနှင့် ချီဘုရင်တို့က ထိတ်လန့်နေကြပြီး ရာဇဝတ်မှုတရားရုံးမှ စစ်သည်များလည်း ထိတ်လန့်လာကြသည်။
“သေစမ်း... ဒီသာမန်လူထုတွေ အော်ဟစ်နေတာ ဘာဖြစ်ရပ်က တကယ်ဖြစ်သွားတာလဲ...” ချီဘုရင်က ဒေါသတကြီး ပြောဆိုလိုက်သည်။
ထိုစဉ် အရှင်ကျန့်ချိုး၏ မျက်ခုံးများ တွန့်ကွေးသွားသည်။ မည်သည့်အရာ ဖြစ်နေသည်ကို သူမသိသော်လည်း သူက ထိုဖြစ်ရပ်နှင့် ဆက်စပ်နေပြီး သူ့အတွက် မကောင်းသော နိမိတ်ဖြစ်ကြောင်း ထင်ရှားနေသည်။
နံရံဘေးရှိ ချန်းစန်းယွမ်က ခပ်ဖွဖွ ပြုံးလိုက်သည်။ ဝမ်ချောင်၏ အစီအစဉ်ကို သူက ရုတ်တရက် နားလည်လိုက်ပြီး ဝမ်ချောင်က အဘယ်ကြောင့် စိတ်မပူခဲ့သည်ကို နောက်ဆုံးတွင် သဘောပေါက်လိုက်သည်။
"ကောင်လေး မင်း ကောင်းကောင်းလုပ်ထားတယ်..."
ချန်းစန်းယွမ်က စိတ်ထဲတွင် ရယ်မောလိုက်သည်။ ဝမ်ချောင်က တိုင်ကြားစာကို ပြင်ဆင်ရုံသာမက သူ၏ အကြောင်းအရင်းများကို မြို့တဝိုက်တွင် ဖြန့်ထားခဲ့သည်မှာ ယခု ထင်ရှားလာသည်။
ဟူလူမျိုးများ၏ ကိစ္စအပေါ် အကြီးမားဆုံး မကျေနပ်မှုသည် လူထုထံမှ လာသည်ဖြစ်ရာ ဝမ်ချောင်၏ တိုင်ကြားစာသည် သူတို့အပေါ် မည်သည့် အကျိုးသက်ရောက်မှုရှိမည်ကို အလွယ်တကူ စိတ်ကူးပုံဖော်နိုင်သည်။
ဤသည်မှာ အဆိုးကို အကောင်းသို့ ပြောင်းလဲခြင်းဟု ခေါ်သည်။ ယခုဆိုလျှင် ပထမမင်းသားက နှစ်ကြိမ် စဉ်းစားရပါလိမ့်မည်။
“လူယုတ်မာ မင်းက ငါ့ကို ဖိအားပေးနေတာလား...”
ပထမမင်းသား၏ မျက်နှာက မှောင်မိုက်သွားသည်။ တိုင်ကြားစာ၏ အကြောင်းအရင်းများကို မည်သို့ပင်ဖြစ်စေ ဝမ်ချောင်နှင့် ပတ်သက်ပြီး တစ်ခုခုလုပ်ဆောင်ရန် သူ သေချာပေါက် ဆုံးဖြတ်ထားခဲ့သော်လည်း ယခု ဝမ်ချောင်က တိုင်ကြားစာကို ဖြန့်ဝေလိုက်သဖြင့် ပထမမင်းသား၏ ဆန့်ကျင်မှုသည် လူထုနှင့် ဆန့်ကျင်ဘက်သို့ ရောက်သွားမည် ဖြစ်၏။ သူက သဘောမတူချင်သည်ပင်ဖြစ်စေ သဘောတူရတော့မည် ဖြစ်သည်။
သို့သော် ဝမ်ချောင်ကို ကိုင်တွယ်ရန် ဤမျှအကောင်းဆုံး အခွင့်အရေးကို လွှတ်ပေးလိုက်ရန်က ပြောရတာလွယ်သည်ထက် လုပ်ရခက်ပေသည်။
“ဝမ်ချောင် မင်းရဲ့စကားတွေက ကျိုးကြောင်းဆီလျှော်တယ်ပဲ ထားပါဦး။ မြို့တွင်းထိန်းသိမ်းရေးတပ်တွေကို ဖွဲ့စည်းပိုင်ခွင့်က ဧကရာဇ်တရားရုံးမှာသာ ရှိတယ်။ မဟာထန်အင်ပါယာအတွက်ဖြစ်တယ်ဆိုတာ ဟုတ်စေဦးတော့ မင်းက မင်းရဲ့အာဏာကို ကျော်လွန်လုပ်ဆောင်ခွင့်မရှိဘူး။ ဒီကိစ္စအတွက် မင်းက မှူးမတ်တွေနဲ့ ပြည်သူလူထုကို ရှင်းပြရမယ်...”
ပထမမင်းသားက တင်းတင်းကြပ်ကြပ် ပြောလိုက်သည်။
“ဟုတ်တယ်... အဲဒါအပြင် ပုဆန်ထွိုင်ရဲလည်း ရှိသေးတယ်... ဝမ်ချောင် သူတို့ကို မြန်မြန်လွှတ်ပေးလိုက်...”
ချီဘုရင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။