← Chapters

အခန်း (၁၅၉၆-၁၆၀၀)

Vol. 96 Ch. 1596-1600

အခန်း (၁၅၉၆-၁၆၀၀)

Vol. 96 Ch. 1596-1600

အခန်း ၁၅၉၆ - နယ်စပ်မှ သတ်ဖြတ်မှုနှင့် ဒေါသထွက်ခြင်း

“မာကျူးသခင် အခြားနိုင်ငံတွေရဲ့ လှုပ်ရှားမှုတွေ အထူးသဖြင့် ဆုတ်ခွာသွားတဲ့ စစ်သားတွေကို စောင့်ကြည့်ဖို့ လူတွေစေလွှတ်ဖို့ အမိန့်ပေးခဲ့တာ မှတ်မိသေးတယ်မဟုတ်လား…” ကျန်းချယ်က တုံ့ဆိုင်းမနေဘဲ မေးလိုက်သည်။

(မာကျူးသခင် = ဝမ်ချောင်ရဲ့ဂုဏ်ပုဒ်တစ်ခု)

“ဟုတ်တယ်လေ…”

ဝမ်ချောင်၏ မျက်ခုံးများက တွန့်တက်သွားပြီး မျက်လုံးထဲတွင် မကျေနပ်မှုတစ်ခု ပေါ်လွင်လာသည်။

ယခင် စစ်သူရဲ-ကွန်ဖြူးရှပ်ပဋိပက္ခတွင် ကွန်ဖြူးရှပ်ဂိုဏ်းက တခြားနိုင်ငံများနှင့် ညှိနှိုင်းပြီး မဟာထန်နှင့် တခြားနိုင်ငံများကို သူတို့၏ စစ်တပ်များ အတူတကွ ဆုတ်ခွာစေခဲ့သည်။ သို့သော်လည်း ဝမ်ချောင်က ထိုငြိမ်းချမ်းရေးသဘောတူညီချက်ကို ယုံကြည်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူတို့ သဘောတူညီချက်ကို အမှန်တကယ် လိုက်နာသည်လားဆိုသည်ကို စောင့်ကြည့်ရန် လေ့ကျင့်ထားသော စစ်သားတစ်ဖွဲ့ကို စီစဉ်ပေးခဲ့သည်။

သို့ရာတွင် ဝမ်ချောင်စိုးရိမ်နေသည်မှာ ထိုအချက် မဟုတ်ပေ။ သူက အမြဲတမ်း စည်းကမ်းတင်းကြပ်သူဖြစ်ပြီး ကျန်းချယ်နှင့် တခြားသူများကို ရာထူးဆိုင်ရာ ကိစ္စများတွင် ပြတ်သားမှု ရှိရမည်ဟု မကြာခဏ မှာကြားထားသည်။ တုံ့ဆိုင်းတွန့်ဆုတ်ပြီး တွေဝေနေခြင်းကို လုံးဝ သည်းမခံပေ။

“ဘာဖြစ်သွားတာလဲ… ပြောစမ်း…”

“ဟုတ်ကဲ့… အရှင်…”

ကျန်းချယ်၏ နှလုံးသားထဲတွင် တုန်လှုပ်သွားပြီး အလျင်အမြန်ပင် သတင်းပို့လိုက်သည်။

“ကျွန်တော်တို့ ကင်းထောက်တွေဆီက သတင်းရရှိခဲ့တာက ရက်အနည်းငယ်ခန့်က အရှေ့တာ့ခ်နဲ့ အနောက်တာ့ခ်တွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေရင်း ပေထင်ကာကွယ်ရေးနယ်မြေက စောင့်ကြပ်ထားတဲ့ နယ်စပ်တစ်နေရာကနေ ဖြတ်သန်းရင်း ရွာတစ်ရွာကို တွေ့ရှိခဲ့တယ်… ဒါပေမဲ့ သူတို့ရောက်သွားတဲ့အခါမှာ အဲဒီရွာက လူဦးရေ လေးရာလောက်က အကုန်လုံး သတ်ဖြတ်ခံထားရပြီး အဆောက်အအုံတွေအားလုံး မီးလောင်ပျက်စီးနေတာကို တွေ့ရှိခဲ့တယ်… အဲဒီနေရာမှာ တာ့ခ်မြင်းတွေရဲ့ ခြေရာတွေကိုလည်း တွေ့ရှိခဲ့တယ်…”

ကျန်းချယ်က ဝမ်ချောင်ကို ခိုးကြည့်လိုက်ပြီး တုံ့ဆိုင်းမနေဘဲ ဆက်ပြောလိုက်သည်။

“အဲဒါအပြင်… ကျွန်တော်တို့လူတွေက အဲဒီနေရာကို စစ်ဆေးကြည့်တဲ့အခါ သတ်ဖြတ်မှုဟာ မခံမရပ်နိုင်စရာပဲ… မိန်းမတွေနဲ့ ကလေးတွေရဲ့ အလောင်းတွေတောင် မီးလောင်ပြီး မီးသွေးတုံးလို ဖြစ်နေတယ်…”

“ဘာ…”

ဝမ်ချောင်၏ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး ခေါင်းကို မော့လိုက်ရာ မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ရာ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

“ဘာပြောလိုက်တယ်…”

“အရှင်… ကျွန်တော်ခန့်မှန်းတာမှန်ရင် တာ့ခ်တွေက ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဖျက်ပြီး နယ်စပ်ကိုကျော်လွန်ကာ ဆောင်းဦးလေနဲ့အတူ တိုက်ခိုက်လာတာဖြစ်နိုင်တယ်…”

ကျန်းချယ်က ခေါင်းကို ပိုမိုငုံ့လိုက်သည်။

အခန်းထဲတွင် တိတ်ဆိတ် ငြိမ်သက်သွားသော်လည်း ကျန်းချယ်ပင်လျှင် ဝမ်ချောင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုကို ခံစားမိခဲ့သည်။ ထိုလက္ခဏာက ဝမ်ချောင်၏ ဒေါသမီးတောက်မှုမတိုင်မီ ပေါ်ပေါက်လေ့ရှိသော နိမိတ်တစ်ခုဖြစ်သည်ကို ကျန်းချယ်က အလွန်ရင်းနှီးနေပြီ ဖြစ်သည်။

‘ဆောင်းဦးလေနှင့်တိုက်ခိုက်ခြင်း…’

ဝမ်ချောင်က ထိုစကားစုကို ရင်းနှီးနေသည်။ တာ့ခ်လူမျိုးများက ၎င်းတို့၏ သိုးအုပ်များမှလွဲ၍ ဘာကိုမှ မွေးမြူထားခြင်း မရှိချေ။ ကြွယ်ဝသော အချိန်များတွင် သူတို့အတွက် ထိုသိုးအုပ်များက လုံလောက်သည်။ သို့သော် အစားအစာ ပြတ်လပ်လာသည့်အခါ သူတို့က တောင်ဘက်သို့ စီးနင်းကာ သတ်ဖြတ်ပြီး အစားအစာများကို လုယူတတ်သည်။

ဤသည်ကို ‘ဆောင်းဦးလေနှင့်တိုက်ခိုက်ခြင်း’ ဟု ခေါ်သည်။

တာ့ခ်လူမျိုးများ၏ မျက်လုံးထဲတွင် သူတို့၏ တောင်ဘက်ရှိ အလယ်ပြည်မှ လူများသည် ကြီးမားပြီး ဝဖိုးသော သိုးတစ်ကောင်နှင့် တူ‌နေသည်။ သူတို့က ဆာလောင်လာသည်နှင့်တပြိုင်နက်တည်း စတင်စဉ်းစားကြသည်။ နောက်ပိုင်းတွင်မူ သူတို့က ဆာလောင်မှု ရှိမရှိနှင့် မသက်ဆိုင်ဘဲ လုယူခြင်းနှင့် ဓားပြတိုက်ခြင်းများကိုပြုလုပ်လာသည်။

ဤသည်မှာ အလယ်ပြည်၏ မင်းဆက်များက အင်အားတောင့်တင်းလာသည့်အခါ တာ့ခ်လူမျိုးများကို နှိမ်နင်းရန် မြောက်ဘက်သို့ ကျူးကျော်တိုက်ခိုက်ရသည့် အကြောင်းအရင်းလည်း ဖြစ်သည်။

ကွန်ဖြူးရှပ်ဂိုဏ်းက ငြိမ်းချမ်းရေးသဘောတူညီချက်များစွာ လက်မှတ်ရေးထိုးထားသောကြောင့် ဝမ်ချောင်သည် အားလုံးက မျက်နှာပြင်အောက်တွင် အကြံအစည်များရှိသည်ပင်ဖြစ်စေ အလွန်အကျွံ လုပ်ဆောင်မည်မဟုတ်ဟု ယုံကြည်ထားခဲ့သည်။

သို့သော်လည်း ဝမ်ချောင်၏ မျှော်လင့်မထားသည့်အရာမှာ တာ့ခ်လူမျိုးများက မဟာထန်နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရှိထားသော်လည်း ထိုသို့သော လုပ်ရပ်ကို ရွေးချယ်လုပ်ဆောင်ခဲ့ခြင်းပင် ဖြစ်သည်။

မဟာထန်နှင့် အခြားအဖွဲ့များက သူတို့၏ စစ်သားရာပေါင်းများစွာကို ဆုတ်ခွာစေပြီး သူတို့၏ စစ်တပ်များကို လျှော့ချခဲ့သည်မှာ သူတို့၏ ရိုးသားမှုကို ပြသရန် ဖြစ်သည်။ တကယ်တမ်းတွင် လျှို့ဝှက်စွာ သေးငယ်သော တိုက်ခိုက်မှုများနှင့် ဓားပြတိုက်မှုများ ဖြစ်ပွားခဲ့သော်လည်း သူတို့က မည်သည့်အခါမျှ လူအသက်ဆုံးရှုံးမှု များပြားစေခဲ့ခြင်း မရှိပေ။

“ကျွန်တော်တို့လူတွေလည်း အဲဒါကို တွေ့တုန်းက အံ့အားသင့်သွားကြတယ်…”

ကျန်းချယ်၏အသံက တိုးညှင်းစွာ ထွက်ပေါ်လာသည်။

လေ့ကျင့်ခန်း အခန်းထဲတွင် ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်နေပြီး မသက်မသာ ခံစားမှုတစ်ခု လွှမ်းမိုးနေသည်။

ဝမ်ချောင်ထံတွင် အချိန်ကြာရှည် အမှုထမ်းလာခဲ့သူ ကျန်းချယ်သည် ဝမ်ချောင်က နယ်စပ်ကို ကျူးကျော်ဓားပြတိုက်သည့် ဟူလူမျိုးများကို မုန်းတီးကြောင်း သိရှိထားသည်။ အထူးသဖြင့် ဓားပြတိုက်ပြီးနောက် နယ်စပ်တွင်နေထိုင်သည့် လူများကို သတ်ဖြတ်သည့် ဟူလူမျိုးများကို ပို၍ပင် မုန်းတီးသည်။

မဟာထန်၏ဗိုလ်ချုပ် မည်သူမဆို ထိုသို့သော လုပ်ရပ်ကို သည်းမခံနိုင်ပေ။

“ခလွပ်…”

အက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး ကျန်းချယ်က အံ့အားသင့်စွာ မော့ကြည့်လိုက်သည့်အခါ ဝမ်ချောင်က လက်သီးများကို အလွန်တင်းကျပ်စွာ ဆုပ်ထားရာ အဆစ်များ ဖြူလျှော်နေသည်ကို တွေ့လိုက်ရသည်။

ဝမ်ချောင်၏ခေါင်းက အနည်းငယ်မော့ထားပြီး မျက်လုံးများ မှိတ်ထားသော်လည်း သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဖိနှိပ်ထားသည့် ကြောက်မက်ဖွယ် စွမ်းအင်ကို ကျန်းချယ်က ခံစားနိုင်နေသည်။

“စုံစမ်းစစ်ဆေးပါ… သုံးရက်အတွင်း… ဒီဖြစ်ရပ်ရဲ့ အသေးစိတ်အချက်အလက် အားလုံးကို ငါသိချင်တယ်…”

ဝမ်ချောင်က တင်းမာစွာ ပြောလိုက်သည်။ သူ၏ စကားတစ်လုံးချင်းစီက ကြမ်းပြင်ပေါ်သို့ တင်းတင်းကျပ်ကျပ် ထိမှန်နေသည့်နှယ် ဖြစ်နေသည်။

ဝမ်ချောင်၏ အမိန့်အတိုင်း စာပို့ငှက်များ အမြောက်အမြား ပျံသန်းထွက်ခွာသွားသည်။ မဟာထန်၏ အငယ်ဆုံးနှင့် အပြင်းထန်ဆုံး စစ်နတ်ဘုရားဖြစ်သူ ဝမ်ချောင် ဒေါသထွက်လာသည့်အခါ တိုက်ကြီးတစ်ခုလုံး တုန်လှုပ်သွားလိမ့်မည်။

မြင်းသည်တော်စစ်သားများ အမြောက်အမြား မြောက်ဘက်နယ်စပ်သို့ စီးနင်းထွက်ခွာသွားကြသည်။ သူတို့သည် လီခုနစ်ရာခန့်အကွာတွင် ရှိသော်လည်း မြောက်ဘက်ပိုင်းတွင်ပင် ဝမ်ချောင်၏ဒေါသမှ အေးစိမ့်မှုကို ခံစားနိုင်သည်။

မကြာမီမှာပင် သတင်းအချက်အလက်များက ဝမ်ချောင်၏အိမ်တော်သို့ စီးဆင်းရောက်ရှိလာသည်။

မဟာထန်၏ အငယ်ဆုံး စစ်နတ်ဘုရားနှင့် မျိုးနွယ်ခြားဘုရင်အဖြစ် ဝမ်ချောင်ထံတွင် သိသာထင်ရှားသော အင်အားတစ်ခု ရှိထားပြီး ၎င်းသည် စစ်ရေးနှင့် သတင်းစုဆောင်းရေးတွင် ထူးကဲသော စွမ်းရည်များ ရှိသည်။

ခိုရာစန်းတိုက်ပွဲအပြီး ရရှိခဲ့သော ကြီးမားသည့် လျော်ကြေးငွေဖြင့် ဝမ်ချောင်က တာ့ခ်လူမျိုးအချို့ကိုပင် သူ၏ကင်းထောက်အဖွဲ့ထဲသို့ ဆွဲသွင်းနိုင်ခဲ့သည်။

ခွဲခြမ်းစိတ်ဖြာမှုနှင့် သတင်းအချက်အလက်များအရ ရွာကို ဓားပြတိုက်ပြီး မီးရှို့သတ်ဖြတ်ခဲ့သည့်အဖွဲ့တွင် လူသုံးဆယ့်ရှစ်ဦးသာ ပါဝင်ကြောင်း လျင်မြန်စွာ ဆုံးဖြတ်နိုင်ခဲ့သည်။

ထိုသတ်ဖြတ်မှုကို လုပ်ဆောင်ပြီးနောက် ထိုမြင်းသည်အဖွဲ့က ရွာမှ တစ်နှစ်စာအစားအစာနှင့် ရွှေငွေအားလုံးကို ယူဆောင်ကာ ထွက်ပြေးသွားသည်။

သတင်းအချက်အလက်များအရ သူတို့က ယခု ပေထင်ကာကွယ်ရေးနယ်မြေမှ လီခြောက်ရာခန့်အကွာတွင်ရှိသော တာ့ခ်နယ်စပ်တပ်စခန်းတစ်ခုအတွင်း ရှိနေကြသည်။ ထိုတပ်စခန်းတွင် စစ်သားရှစ်ထောင် ရှိနေသည်။

ထိုလူများက အကာအကွယ်အနေဖြင့် ကင်းစောင့်နေကြပြီး သူတို့က သိရှိထားပုံရသည်။ ထို့ပြင် သူတို့၏ အထက်အရာရှိများက သူတို့၏ လုပ်ရပ်အတွက် အပြစ်တင်မည် မဟုတ်ပေ။

သို့သော်လည်း တာ့ခ်လူမျိုးများက ၎င်းတို့၏ ကင်းလှည့်မှုများကို တိုးမြှင့်လိုက်ပြီး ထန်လူမျိုးများ၏ တုံ့ပြန်မှုကို စိုးရိမ်နေပုံရသည်။

တာ့ခ်သိုးထိန်းများသည် လီနှစ်ဆယ်အတွင်းသို့ ရောက်ရှိလာပါက မြင်းသည်တပ်များက ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းကြသည်။ သူတို့ကိုယ်တိုင်လူများကို ဤမျှသံသယဖြင့် ဆက်ဆံပါက ဟန်လူမျိုးများကို မည်သို့ ဆက်ဆံမည်ကို စိတ်ကူးယဉ်ကြည့်နိုင်သည်။

ဝမ်ချောင်၏ ကင်းထောက်များက စောင့်ကြည့်မှုပြုလုပ်ရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသော်လည်း သူတို့၏ တာဝန်ကို ပြီးမြောက်အောင်မြင်ခဲ့သည်။

အသေးစိတ်အချက်အလက်များ ပိုမိုထွက်ပေါ်လာပြီး ဝမ်ချောင်က တစ်ရက်လျှင် စာပို့ခို ခြောက်ဆယ်မှ ခုနစ်ဆယ်ခန့် လက်ခံရရှိခဲ့သည်။

ထိုပြန့်ကျဲနေသော သတင်းအချက်အလက်များ စုစည်းလာသည်နှင့်အမျှ ရှစ်ထောင်ခန့်ရှိသော တာ့ခ်စစ်သားများအကြောင်း အစီရင်ခံစာက ပိုမိုပြည့်စုံလာသည်။

ထိုမျှရှိသော စစ်သားများက မူလနယ်စပ်တွင် တပ်စွဲထားသော ရှေ့တန်းတပ် ဖြစ်သည်။ မဟာထန်နှင့် အနောက်တာ့ခ်ခါကန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဝင်ရောက်ခဲ့သည့်အခါ နှစ်ဖက်စလုံးက သူတို့၏ စစ်တပ်များကို လျှော့ချခဲ့သည်။ ထို့ကြောင့် တာ့ခ်စစ်သားများအနက် အိုမင်းသူများနှင့် မသန်စွမ်းသူများအားလုံးကို ဖျက်သိမ်းခဲ့သည်။

သို့သော် ကျန်ရှိနေသော စစ်သားရှစ်ထောင်က ယခင် တာ့ခ်မြင်းသည်တပ်များထက် ပိုမိုအင်အားကောင်းသည်။

ထို့ပြင် တာ့ခ်နယ်မြေအတွင်းမှ ကင်းထောက်များသည် ဟူလူမျိုးကုန်သည်တစ်ဦးထံမှ ထိုစစ်တပ်ရှစ်ထောင်အတွင်း အထူးစစ်သား သုံးထောင်ခန့်ပါဝင်ကြောင်း သိရှိခဲ့သည်။ ရရှိထားသော သတင်းအချက်အလက်များအရ ထိုတပ်ဖွဲ့သုံးထောင်က အစ်ရှီနီရှီတုခါကန်မှ နယ်စပ်သို့ အတွေ့အကြုံရယူရန် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် လူသုံးဆယ့်ရှစ်ဦးပါအဖွဲ့၏ နယ်စပ်ကျော်လွန်ကာ ဤသို့သော သတ်ဖြတ်မှုကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရဲသည့်အကြောင်း အဓိကဖြစ်သည်။

လုယူခဲ့သော အစားအစာနှင့် စည်းစိမ်ဥစ္စာများ၏ သိသာထင်ရှားသည့် အစိတ်အပိုင်းကို ထိုအထူးတပ်ဖွဲ့ထံ လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

ဝမ်ချောင်က ရရှိထားသောသတင်းစကားများကို ဖတ်ရှုလေလေ ၎င်း၏ မျက်နှာထားက ပို၍မှုန်မှိုင်းလာပြီး ပိုမိုတည်ကြည်လာသည်။

ဝမ်ချောင်၏ လက်အောက်ငယ်သားများက မြို့တော်မှ ချီရှီအထိ ထိုစိတ်ခံစားမှု ပြောင်းလဲမှုကို ခံစားမိကြသည်။ ထို့ပြင် မကြာခဏ ဖြစ်ပေါ်နေသော လှုပ်ရှားမှုများက ဝမ်ချောင်ကို စောင့်ကြည့်နေသော နိုင်ငံများကို အလွန်စိတ်မသက်မသာ ဖြစ်စေသည်။

သို့သော်လည်း ဝမ်ချောင်က အမြဲတမ်း လျှို့ဝှက်စွာ လှုပ်ရှားလေ့ရှိပြီး အများပြည်သူအစည်းအရုံးနှင့်ပတ်သက်၍ ကျန်းရှိကွေ့ကိုပင် အမှောင်ထဲတွင် ထားခဲ့သည်။ သူ၏ အနီးကပ်လူများပင် ထိုသို့ဖြစ်နေပါက တိုင်းတပါးသားများက ပို၍ဆိုးရွားသည့် အနေအထားတွင် ရှိနေသည်။

ဝမ်ချောင်၏ လှုပ်ရှားမှုစတင်ပြီး ဆယ်ရက်မြောက်နေ့တွင် မြောက်ဘက်နယ်စပ်မှ ထိတ်လန့်ဖွယ်သတင်းတစ်ခု ထွက်ပေါ်လာပြီး ကြီးမားသော လှိုင်းလုံးများကို ဖြစ်ပေါ်စေသည်။

နိုင်ငံအသီးသီးအကြား ကုန်သွယ်ရေးအထူးပြုသော ကုန်သည်တစ်ဖွဲ့သည် ထိုရွာကို ဖြတ်သန်းစဉ် ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုကို တွေ့ရှိခဲ့သည်။ ထိုသတင်းက တခြားကုန်သည်တစ်ဖွဲ့များအကြား ပျံ့နှံ့သွားသည့်အခါ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများကို ဖြစ်ပေါ်စေသည်။ ထို့နောက် မြောက်ဘက်တစ်ခုလုံး တုန်လှုပ်သွားသည်။

အစပိုင်းတွင် လူများစွာက ၎င်းသည် အထောက်အထားမရှိသော ကောလာဟလတစ်ခုသာဖြစ်သည်ဟု ထင်မှတ်ခဲ့ကြသည်။

အကြောင်းမှာ မြက်ခင်းလွင်ပြင်က အလွန်ကျယ်ပြန့်လွန်းပြီး ဆက်သွယ်ရေးတွင် ချောမွေ့မှု မရှိပေ။ သို့သော်လည်း ရက်ပိုင်းအကြာတွင် မိန်းမတစ်ဦးက မြောက်ဘက်ရှိ အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိလာပြီး ငိုကြွေးလျက် တရားမျှတမှုကို တောင်းဆိုခဲ့သည်။ ထိုအခါမှသာ မြောက်ဘက်‌ဒေသတစ်ခုလုံးက ထိုဝမ်းနည်းဖွယ် အဖြစ်အပျက်ကို သတိပြုမိခဲ့သည်။

ထိုမိန်းမက ထိုရွာတွင် နေထိုင်ခဲ့သူဖြစ်သော်လည်း နှစ်သစ်ကူးပွဲတော်ကို ကျင်းပရန် သူ၏ မိဘအိမ်သို့ ပြန်သွားခဲ့သောကြောင့် ထိုဘေးဒုက္ခမှ လွတ်မြောက်ခဲ့ရခြင်းဖြစ်သည်။ အခြောက်လှန်းထားသော အသားများနှင့် အိမ်သို့ပြန်လာသည့်အခါ သူ၏ ရွာတွင် ဖြစ်ပွားခဲ့သည့်အရာကို တွေ့ရှိခဲ့သည်။

ထိုမိန်းမက ပြင်းထန်သော စိတ်နေစိတ်ထားရှိသူဖြစ်ပြီး လူလေးရာကျော်အားလုံး သတ်ဖြတ်ခံရခြင်းသည် သူ့အား ကြီးမားသော ထိတ်လန့်မှုကို ပေးခဲ့သည်။ သူသည် ဆံပင်ကို ဖြည်လိုက်ပြီး အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ကာ ရွာမှ အုပ်ချုပ်ရေးမှူးအိမ်တော်သို့ ခြေဗလာဖြင့် သွားရောက်ခဲ့ပြီး သုံးလှမ်းလျှင် တစ်ကြိမ် ဦးတိုက်ခဲ့သည်။

တခြားသူများက သူမကို မြင်တွေ့သည့်အခါ သူမ၏ ခန္ဓာကိုယ်တွင် ဆူးများနှင့် သွေးများ ပေကျံနေသည်။ သူမသည် ရွာသားများ၏ အရိုးပြာများကို ထည့်ထားသော သေတ္တာတစ်လုံးကိုလည်း ယူဆောင်လာခဲ့သည်။

သူမသည် အုပ်ချုပ်ရေးမှူးအိမ်တော်သို့ ဦးတိုက်လျက် သွားရောက်ပြီး တရားမျှတမှုကို အုပ်ချုပ်ရေးမှူးထံ တောင်းဆိုခဲ့သည်။

ထိုဖြစ်ရပ်က မြောက်ဘက်ဒေသတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ ထိုမိန်းမကို မြင်သူတိုင်း မျက်ရည်မကျဘဲ မနေနိုင်ကြပေ။

ကျန်းချယ်က ၎င်း၏ အစီရင်ခံစာ ပြီးဆုံးသွားသည့်အခါ လေ့ကျင့်ခန်းအခန်းထဲတွင် ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူတိုင်းက ဝမ်ချောင်ကို ကြည့်နေကြပြီး အသက်ရှူသံပင် ကျယ်လောင်စွာ မထွက်ရဲကြပေ။

ဝမ်ချောင်က ခေါင်းကိုမော့လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။

“ပေထင်ကာကွယ်ရေးက ဒီဖြစ်ရပ်ကို သိရှိထားသလား…”

“သိထားပါတယ်…”

ကျန်းချယ်က သတိထားစွာ ပြန်ဖြေသည်။

“သူတို့ ဘာပြောကြလဲ…”

ဝမ်ချောင်က ဆက်လက်မေးမြန်းသည်။

“ပေထင်ကာကွယ်ရေးဘက်က ဘာမှလှုပ်ရှားမှုမရှိဘူး… ကာကွယ်ရေးဗိုလ်ချုပ်ကြီး အန်းရှီကလည်း ထွက်လာမဲ့ လက္ခဏာမပြဘူး…” ရွှယ်ချန်ကျွင်းက ပြန်ဖြေသည်။

ဝမ်ချောင်၏ နှလုံးသားထဲတွင် ဒေါသထွက်နေသည်ကို သူတို့အားလုံး ခံစားမိကြပြီး သူက နောက်ထပ် ဘာလုပ်လိမ့်မည်ကို မည်သူမျှ မသိကြပေ။

“ကျန်းချယ်… အန်းရှီကို ငါ့အတွက် မေးလိုက်စမ်း… ကာကွယ်ရေးဗိုလ်ချုပ်ဆိုတာ ဘာကိုဆိုလိုတာလဲ… ဗိုလ်ချုပ်တွေရဲ့ တာဝန်က ဘာလဲ… ရွာငယ်လေးတစ်ရွာကိုတောင် ကာကွယ်နိုင်စွမ်းမရှိရင် ပေထင်ကာကွယ်ရေးမှာ စစ်သားတစ်သိန်းရှိတာ ဘာအတွက်လဲ…”

******

အခန်း ၁၅၉၇ - သတင်းပျံ့နှံ့သွားပြီး မြို့တော်ထဲ ဆူပူမှုဖြစ်ပေါ်လာ၏

“ဘုန်း...”

ဝမ်ချောင်၏စကားသံက စာကြည့်ခန်းထဲရှိ လူအားလုံးကို တုန်လှုပ်သွားစေသည်။ မည်သူမှ စကားတစ်ခွန်းမျှ မပြောရဲကြပေ။

ဝမ်ချောင်နှင့် အန်းရှီကာကွယ်ရေးဗိုလ်ချုပ် အန်ရှီကျစ်တို့အကြား အထက်အောက်ဆက်ဆံရေး မရှိပေ။ ထိုသို့သော ဆက်ဆံရေးမရှိသော်လည်း ဝမ်ချောင်က ဤသို့သော စကားများကို ပြောဆိုလိုက်ခြင်းသည် သူ၏ဒေါသမီးတောက်မှုက အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ကြောင်း ဖော်ပြလျက် ရှိသည်။ ပေထင်ကာကွယ်ရေးစစ်တပ်က နယ်စပ်ကို တာဝန်ယူထားသော်လည်း ထိုဖြစ်ရပ်က အန်ရှီကျစ်၏ မျက်စိအောက်တွင် ဖြစ်ပွားခဲ့ပြီး ပေထင်ကာကွယ်ရေးစစ်တပ်မှ လှုပ်ရှားမှုအရိပ်အယောင်ပင် မပြခဲ့ပေ။ ထိုအချက်ကပင် ဝမ်ချောင်ကို အင်မတန်ဒေါသထွက်စေသည့် အကြောင်းအရင်း ဖြစ်သည်။

“နန်းတွင်းကရော ဘာပြောသေးလဲ... ဒီလို ဖြစ်ရပ်မျိုးဖြစ်ပြီးနောက်မှာတောင် နန်းတွင်းက ဘာမှမဖြစ်သလို နေနိုင်သေးတယ်လား...” ဝမ်ချောင်က အေးစက်စွာ မေးလိုက်သည်။

စုရွှတ်ရွှမ်းက ခေါင်းငိုက်စိုက်ချလျက် ရိုကျိုးစွာ ပြန်လည်တင်ပြသည်။

“ဧကရာဇ်နန်းတွင်းမှာ ကွန်ဖြူးရှပ်ဂိုဏ်းက ဒေါသထွက်နေတယ်ဆိုတာ မှန်ပါတယ်... လီစီယီက နန်းတွင်းကိုယ်စား အိရှီဘာရခါကန်းဆီကို ဒီလုပ်ရပ်က ပြင်းထန်စွာ ရှုတ်ချတဲ့ စာတစ်စောင် ပေးပို့ထားပါတယ်... ဒါပေမဲ့ မဟာထန်နဲ့ အနောက်တာ့ခ်တို့ရဲ့ ဆက်ဆံရေးကို ထိခိုက်မှာကိုစိုးရိမ်တဲ့အတွက် ဒီသတင်းကို မြို့တော်တွင်း ပျံ့နှံ့မသွားအောင် ဧကရာဇ်နန်းတွင်းက အတတ်နိုင်ဆုံး ဖိနှိပ်ထားပါတယ်...”

“ဟမ့်... သူဖိနှိပ်လို့ ဖြစ်မှာတဲ့လား...”

ဝမ်ချောင်၏ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ထင်ဟပ်လာပြီး သူ့တစ်ကိုယ်လုံးမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်လာသည်။

မဟာထန်နှင့် အနောက်တာ့ခ်တို့သည် နာမည်ခံအားဖြင့် ငြိမ်းချမ်းရေးရှိနေသည်မှာ မှန်သော်လည်း ထန်လူမျိုး လူလေးရာကျော်ကို သတ်ဖြတ်ခံခဲ့ရပြီးနောက် လီစီယီ၏ တုံ့ပြန်မှုက ‘ပြင်းထန်စွာ ရှုတ်ချသည့်စာ’ တစ်စောင်သာ ပေးပို့ပြီး အလုံးစုံအကျိုးအတွက် သတင်းကို ဖိနှိပ်ရန် အသည်းအသန် ကြိုးစားနေခြင်း ဖြစ်သည်။ ဤအချက်ကပင် ဝမ်ချောင်က လီစီယီ၏ အမြင်များကို မည်သည့်အခါမှ လက်ခံနိုင်ခြင်းမရှိသည့် အကြောင်းအရင်းဖြစ်ပြီး သူကဲ့သို့ အလျှော့ပေးနိုင်ခြင်းလည်း မရှိပေ။

သွေးကြွေးက သွေးဖြင့်သာ ဆပ်နိုင်သည်။

ရင်ထဲထိ စူးနင့်သော နာကျင်မှုတစ်ခုသာလျှင် အနောက်တာ့ခ်များကို ရက်စက်ပြီး အနိုင်ကျင့်သော သင်ခန်းစာပေးနိုင်မည်ဖြစ်ပြီး တခြားသော ကျူးကျော်လိုသူများကိုလည်း ထိုသို့သော လုပ်ရပ်၏ အကျိုးဆက်များကို သိစေနိုင်မည် ဖြစ်သည်။

“ငါ့အမိန့်ကို ကူးပေးလိုက်... ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အားလုံးကို မြို့တော်တစ်ခုလုံးမှာ ဖြန့်လိုက်စမ်း... ပြီးတော့ အသက်ရှင်ကျန်ရစ်တဲ့ အဖြူရောင်ဝတ် မုဆိုးမကိုလည်း မြို့တော်ကိုခေါ်လာခဲ့... သူမကို ဒီဖြစ်ရပ်ကို ငါသိပြီးပြီလို့ ပြောပြလိုက်... သူမ မြို့တော်ကို မရောက်ခင်မှာ သူမနဲ့ သတ်ဖြတ်ခံရတဲ့ ရွာသားတွေအတွက် သင့်လျော်တဲ့ တုံ့ပြန်မှုတစ်ခုကို ငါပေးမယ်လို့ ပြောပြလိုက်... ကွန်ဖြူးရှပ်ဂိုဏ်းက မဟာထန်ကို လွှမ်းမိုးထားနိုင်သေးတာ မဟုတ်ဘူး... ဒီအကြောင်းမှာ ငါ့ကို ဘယ်သူက ဆန့်ကျင်ရဲမလဲ ကြည့်ချင်သေးတယ်...”

ဤစကားများနှင့်အတူ ဝမ်ချောင်၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာသည်။

“အမိန့်အတိုင်းပါ...”

စာကြည့်ခန်းထဲရှိ လူအားလုံးက အသက်ဝင်လာသလို တစ်ညီတစ်ညွတ်တည်း ဖြေကြားလိုက်ကြသည်။

“ဘုန်း...”

ဝမ်ချောင်၏ ကင်းထောက်များက သတင်းများကို ဖြန့်ကျက်လိုက်ပြီး မြို့တော်သူ မြို့တော်သားများက မြောက်ဘက်တွင် ဖြစ်ပွားခဲ့သော ကံဆိုးမိုးမှောင်ကျမှုကို သိရှိသွားသောအခါ မြို့တော်တစ်ခုလုံး ပေါက်ကွဲထွက်သွားသည်။ ဤဖြစ်ရပ်၏ သက်ရောက်မှုများက ဝမ်ချောင်နှင့် လီစီယီ၏ မျှော်လင့်ချက်များကိုပင် ကျော်လွန်သွားခဲ့သည်။

“ရွှတ်...”

စာရင်းစစ်အမတ်အိမ်တော်ထဲသို့ စာပို့ခိုတစ်ကောင် ပျံဝင်လာသည်။ ခန်းမဆောင်ထဲတွင် လီစီယီက ကျောက်စိမ်းစုတ်တံကို ကိုင်ထားရင်း စာရွက်တစ်ရွက်ကို စစ်ဆေးနေသည်။ စာကိုဖွင့်ကြည့်လိုက်သည်နှင့် သူ၏မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။

မြို့တော်အတွင်း၌ ထိုဖြစ်ရပ်ကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းသည် အင်အားစုဆောင်းနေဆဲဖြစ်သည်။

“ဒီတိရစ္ဆာန်တွေ... ဒီလိုလုပ်ရပ်မျိုးကို ရဲရဲဝံ့ဝံ့လုပ်ရဲတယ်လား...”

“ဧကရာဇ်နန်းတွင်းကရော ဘာလုပ်နေသေးလဲ... ဘာ့ကြောင့် အခုထိ ဘာမှမလုပ်သေးတာလဲ...”

“အေးအေးဆေးဆေးပဲလား... ဧကရာဇ်နန်းတွင်းက တစ်ခုခုလုပ်မယ်လို့ ငါယုံကြည်တယ်...”

“ဟား... ဒီလိုအချိန်မျိုးမှာ မဟာထန်နဲ့ အနောက်တာ့ခ်တွေကြား နောက်ထပ်စစ်ပွဲဖြစ်လာမဲ့ လက္ခဏာလို့ မင်းပြောနေသေးတယ်ပေါ့...”

“အတော်တုံးအတဲ့ကောင်ပဲ... ဒီလိုအချိန်မျိုးမှာ အဲ့လိုစကားတွေ ဘာလို့ပြောနေရသေးတာလဲ...”

လမ်းဘေးနေရာများ၊ လက်ဖက်ရည်ဆိုင်များနှင့် အရက်ဆိုင်များတွင် စကားဝိုင်းများနှင့် ရန်ဖြစ်မှုများက မရပ်မနား ဖြစ်ပေါ်နေသည်။ မဟာထန်လူမျိုးများက စိတ်ပိုင်းဆိုင်ရာ ကြီးမားသော ထိုးနှက်ခံရမှုကို ခံစားလိုက်ရသည်။

မြို့တော်ရှိ လူထုအားလုံးက လီစီယီနှင့် ကွန်ဖြူးရှပ်ဂိုဏ်းက တွန်းအားပေးခဲ့သော ‘သဟဇာတကမ္ဘာ’ အပေါ် သံသယဝင်လာကြသည်။

ယခင်က မဟာထန်လူထုအများစုက လီစီယီကို ထောက်ခံခဲ့ကြသည်။ ထိုအကြောင်းကြောင့်ပင် စစ်သူရဲ-ကွန်ဖြူးရှပ်ပဋိပက္ခအတွင်း ဝမ်ချောင်၏ ‘အင်အားက မှန်ကန်သည်’ စာအုပ်က ပိတ်ပင်ခံရသော စာရင်းထဲသို့ ရောက်ရှိသွားခဲ့ရသည်။

လူထုအားလုံးက မဟာထန်သည် တိုင်းခြားမျိုးနွယ်အားလုံးနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်များ လက်မှတ်ရေးထိုးပြီးသောကြောင့် နောက်ထပ်စစ်ပွဲများ ဖြစ်ပေါ်လာတော့မည်မဟုတ်ဟု ယုံကြည်ခဲ့ကြသည်။

မဟာထန်၏ နယ်စပ်များတွင် ခြိမ်းခြောက်မှုများ ဖယ်ရှားပြီးသွားသောအခါ မဟာထန်က စစ်ပွဲများအတွက် ဘဏ္ဍာငွေ၊ စားနပ်ရိက္ခာနှင့် စစ်သားများကို သုံးစွဲရန် မလိုအပ်တော့ပေ။

မဟာထန်သည် နှစ်ပေါင်းများစွာ တည်ရှိခဲ့ပြီး စစ်သားများစွာကို ဆုံးရှုံးခဲ့ရသည်။ ဤသည်ကပင် လူထုက ငြိမ်းချမ်းရေးကို တောင့်တပြီး စစ်ပွဲကို ဆန့်ကျင်ခဲ့သည့် အကြောင်းအရင်း ဖြစ်သည်။

သို့သော် နယ်စပ်တွင်ဖြစ်ပွားခဲ့သော ထိုဖြစ်ရပ်က သူတို့၏ အိမ်မက်များထဲတွင် သွေးများဖြင့် ဒဏ်ရာတစ်ခုကို ဖြတ်ထိုးဖောက်လိုက်ပြီး လူထုအားလုံးကို အမှန်တရား မြင်တွေ့စေခဲ့သည်။

ထိုငြိမ်းချမ်းရေးသဘောတူညီချက်သည် မဟာထန်လူမျိုးများကို ကာကွယ်ပေးနိုင်ခြင်း မရှိပေ။ ဤသည်မှာ လူလေးရာကျော်၏ အသက်များဖြင့် ပေးဆပ်ခဲ့ရသော သွေးစွန်းနစ်နေသည့် သင်ခန်းစာတစ်ခု ဖြစ်သည်။

“သွားစမ်း... စာရင်းစစ်အမတ်အိမ်တော်ကို သွားကြစို့... သူက သဟဇာတကမ္ဘာအကြောင်း အမြဲတမ်း ပြောနေတာမဟုတ်လား... လူအားလုံး ငါနဲ့လိုက်ခဲ့... ဘယ်လိုပဲဖြစ်ဖြစ် နယ်စပ်မှာ သတ်ဖြတ်ခံရတဲ့သူတွေအတွက် အဖြေတစ်ခု ရအောင်တောင်းရမယ်...”

မြို့တော်၏ အနောက်ဘက်ရှိ အရက်ဆိုင်တစ်ခုအတွင်း၌ မြို့တော်သားတစ်ဦးက ဒေါသထွက်လာသည်နှင့်အမျှ လက်တစ်ချက် ဝှေ့ရမ်းလိုက်ရင်း ကွန်ဖြူးရှပ်ဂိုဏ်းအပေါ် အလွန်အမင်း စိတ်ပျက်နေသူများစွာကို စာရင်းစစ်အမတ်အိမ်တော်သို့ ဦးဆောင်သွားသည်။

မြို့တော်အတွင်း၌ စိတ်ထဲတွင် အခက်အခဲဖြစ်နေသူများမှာ ဟူလူမျိုးများပင် ဖြစ်သည်။ ယခင်က ဟူလူမျိုးများသည် မဟာထန်၏ သည်းခံမှုမူဝါဒများကို အခွင့်ကောင်းယူပြီး မြို့တော်အတွင်း၌ သဘောကျသလို ပြုမူခဲ့ကြသော်လည်း ထိုဖြစ်ရပ်ပြီးနောက် အခြေအနေက ထူးဆန်းလာပြီး ဟူလူမျိုးများစွာသည် ပိုမိုသတိထားလာကြသည်။

“ဝမ်ချောင်...”

စာရင်းစစ်အမတ်အိမ်တော်အတွင်း၌ လီစီယီက တိုင်ကြားစာတစ်စောင်ကို ဘေးသို့ ပစ်ချလိုက်သည်။ အပြင်ဘက်မှ ဆူညံသံများကို နားထောင်ရင်း သူ၏မျက်ဝန်းများကို မှိတ်ထားလိုက်သည်။

ဤစာတမ်းသည် နန်းတွင်းတွင် သူမြင်ခဲ့သည့်အရာထက် ပိုမိုအသေးစိတ် ဖြစ်သည်။ ထိုသို့သော လုပ်ရပ်ကို ဝမ်ချောင်တစ်ယောက်သာ လုပ်နိုင်သည်။ သူက ဝန်ခံရမည်ဆိုလျှင် ဝမ်ချောင်၏ ထိုလှုပ်ရှားမှုသည် သူ၏စည်းချက်ကို လုံးဝ ဖရိုဖရဲဖြစ်စေခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် သူက စိတ်အနှောင့်အယှက်ဖြစ်မှုကို ခံစားလိုက်ရသည်။

နယ်စပ်ဖြစ်ရပ်အပေါ် သူ ဒေါသမထွက်ဘဲ နေနိုင်မည်လော။ မဟာထန်လူမျိုးများအပေါ် စာနာမှု မရှိဘဲ နေနိုင်မည်လော။

သို့သော် မဟာထန်တွင် ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး သက်သေမရှိပေ။ ဧကရာဇ်နန်းတွင်းက ရွာထဲတွင်ကျန်ရစ်ခဲ့သော မြင်းခွာရာများကိုသာ အခြေခံ၍ အနောက်တာ့ခ်များကို စစ်ကြေညာ၍ မရနိုင်ပေ။ အကယ်၍ တစ်စုံတစ်ယောက်က သူတို့ကို ထောင်ချောက်ဆင်ရန် ကြံစည်နေနိုင်သည်။

နိုင်ငံများအကြား ဆက်ဆံရေးက ပုဂ္ဂလိကလူတစ်ဦးချင်းစီ၏ ဆက်ဆံရေးနှင့် မတူပေ။ သက်သေသည် မဖြစ်မနေ လိုအပ်၏။ ထို့ပြင် ဤသတ်ဖြတ်မှုနောက်ကွယ်တွင် အနောက်တာ့ခ်တပ်ဖွဲ့များက အမိန့်ဖီဆန်ပြီး နယ်စပ်ကို ကျူးကျော်တိုက်ခိုက်ခဲ့သော တာ့ခ်မြင်းသည်တပ်သား လေးဆယ်ကျော်သာ ရှိသည်။ သို့သော် ထိုတပ်ဖွဲ့ငယ်၏ လုပ်ရပ်ကို အနောက်တာ့ခ်တစ်ခုလုံးကို ကိုယ်စားပြုသည်ဟု မယူဆနိုင်ပေ။

လူလေးရာကျော်အတွက်၊ လူလေးထောင်၊ လေးသောင်း၊ သို့မဟုတ် လေးသိန်းသေဆုံးမည့် စစ်ပွဲကို စတင်ရမည်လော။

နှစ်နိုင်ငံအကြား ဆက်ဆံရေးယိုယွင်းသွားပြီး နှစ်ဖက်စလုံးက နယ်စပ်တွင် တပ်များပြန်လည်ချထားပါက နောက်ထပ် ကျူးကျော်တိုက်ခိုက်မှုများ ပိုမိုဖြစ်ပေါ်လာမည်ဖြစ်ပြီး ထိုတိုက်ခိုက်မှုများက နိုင်ငံ၏ အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်လာမည် ဖြစ်သည်။ ဆယ်ကြိမ်၊ ရာကြိမ်၊ သို့မဟုတ် ထိုထက်ပိုသော သတ်ဖြတ်မှုများ ဖြစ်ပေါ်လာပါလိမ့်မည်။

သူက ထိုသို့သော ဘေးအန္တရာယ်ဆိုးကြီးများကို ရှောင်ရှားရန်အတွက် သဟဇာတကမ္ဘာကို မြှင့်တင်နေခြင်း ဖြစ်နေသည်။

တခြားသူများက နားမလည်လျှင်လည်း အနှေးနှင့်အမြန် နားလည်လာပါလိမ့်မည်။ သို့သော် မျိုးနွယ်ခြားဘုရင်ဖြစ်သူ ဝမ်ချောင်က ထိုအချက်ကို နားမလည်ဘဲ နေနိုင်မည်လော။

လီစီယီ၏ နှလုံးသားထဲတွင် ဒေါသမီးတောက်များ တောက်လောင်နေသည်။

လီစီယီ၏ တုံ့ပြန်မှုကို ဘေးဖယ်ထားလိုက်ပါက ဝမ်ချောင်သည် ဤသတင်းကို ထုတ်ဖော်ရန် ဆုံးဖြတ်ချက်ချခဲ့သည့်အချိန်မှစ၍ သူ၏စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုရှိပြီး ဖြစ်သည်။ အနောက်တာ့ခ်များကို ပြင်းထန်သော သင်ခန်းစာတစ်ခုပေးမည်ဖြစ်ပြီး ထိုသို့သော လုပ်ရပ်၏ အကျိုးဆက်များကို ၎င်းတို့၏ နှလုံးသားထဲတွင် စွဲထင်သွားစေမည် ဖြစ်သည်။

ထိုအချိန်တွင် ဝမ်ချောင်က သူ၏လက်အောက်ငယ်သားများအားလုံးကို စာကြည့်ခန်းထဲတွင် စုရုံးထားသည်။

“အရှင်... အဲဒီမြင်းသည်တပ်ဖွဲ့ရဲ့ တည်နေရာကို ရှာတွေ့ပြီးပါပြီ...”

စစ်ဟန်က မြောက်ပိုင်းဒေသမြေပုံတစ်ခုကို စားပွဲပေါ်တွင် ဖြန့်လိုက်ပြီး ထိုနေရာတွင် အလံငယ်တစ်ခုကို စိုက်ထူလိုက်သည်။

ဝမ်ချောင်၏ လွှမ်းမိုးမှုကြောင့် သူ၏လက်အောက်ငယ်သားများအားလုံးက ထိုသို့သော မြေပုံများကို သယ်ဆောင်လာတတ်ကြပြီး ရိုးရာပုံစံမြေပုံများကို မသုံးကြပေ။ ဝမ်ချောင်၏ လက်အောက်တွင် နိုင်ငံအသီးသီး၏ မြေပုံများကို ဖန်တီးရန် အထူးတာဝန်ယူထားသည့် ဌာနတစ်ခုပင် ရှိသည်။

“အနည်းငယ် တိုးတက်မှုတစ်ခုရှိပါတယ်... အနောက်တာ့ခ်တွေက ဒီသတင်းကို သိရှိသွားပြီး ဒီဖြစ်ရပ်က မြို့တော်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို သိထားကြပါတယ်... ဒါကြောင့် မူလက ရှစ်ထောင်ရှိတဲ့တပ်ဖွဲ့ကို တစ်သောင်းနှစ်ထောင်အထိ တိုးမြှင့်ထားပါတယ်...”

“အဲဒါအပြင် တာ့ခ်နယ်စပ်တပ်ဖွဲ့တွေက လှုပ်ရှားမှုတွေ ပြင်းထန်လာပြီး ပေထင်ကာကွယ်ရေးစစ်တပ်ပတ်ဝန်းကျင်မှာ ဟူမြင်းသည်တွေကို နေ့ညမရွေး တွေ့မြင်နေရပါတယ်... သူတို့က ပေထင်ကာကွယ်ရေးစစ်တပ်က တိုက်ခိုက်လာမှာကို စိုးရိမ်နေကြတာဖြစ်မယ်... ဒါတင်မကဘဲ... ချီရှီကာကွယ်ရေးစစ်တပ်ပတ်ဝန်းကျင်မှာ ဟူလူမျိုးကုန်သည်အသွင် ဆောင်ထားတဲ့ သူလျှိုတွေကိုလည်း တွေ့ရှိထားပါတယ်... သူတို့က အနောက်တာ့ခ်ဘက်ကို စာပို့ခိုတွေနဲ့ အဆက်မပြတ် သတင်းပို့နေကြပါတယ်... ဒီအချိန်မှာ နှစ်ဖက်စလုံးက တစ်ဖက်ကို အနီးကပ်စောင့်ကြည့်နေကြပါတယ်... ကျွန်တော်တို့ရဲ့တပ်ဖွဲ့ကို လှုပ်ရှားလိုက်ရင် ချက်ချင်းသတိထားမိသွားမှာပါ...”

“ဒီတပ်ဖွဲ့ကလည်း အန္တရာယ်ကို သတိထားမိပြီး ကင်းလှည့်တပ်ဖွဲ့တွေကို အဆမတန် တိုးမြှင့်ထားပါတယ်... ကျွန်တော်တို့က ကင်းစောင့်တွေကို ကျော်ဖြတ်နိုင်ခဲ့ရင်တောင် သူတို့ဆီ အနီးကပ်ရောက်ဖို့ ကြိုးစားရင် ချက်ချင်းဆုတ်ခွာသွားနိုင်ပါတယ်...”

“အခုလက်ရှိအနေအထားက အတော်လေးကို ရှုပ်ထွေးနေပါတယ်...” စုရွှတ်ရွှမ်းက ရုတ်တရက် ထပ်ပြောလိုက်ပြီး သူ၏မျက်ဝန်းများထဲတွင် စိုးရိမ်မှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။ “မြင်းသည်တပ်ဖွဲ့ လေးဆယ်ကျော်က ဘယ်တော့မှ အပြင်ထွက်မလာဘဲ တစ်သောင်းနှစ်ထောင်ရှိတဲ့ တပ်စခန်းထဲမှာ လိပ်လိုပဲ ပုန်းအောင်းနေပါတယ်။ တာ့ခ်မြင်းသည် တစ်သောင်းနှစ်ထောင်ကို ဖြေရှင်းဖို့ဆိုရင် အနည်းဆုံး စစ်သားခုနှစ်ထောင်လောက်တော့ လိုအပ်မှာပါ။ ဒါပေမဲ့ ဒီလောက်အင်အားကြီးတဲ့ တပ်ဖွဲ့ဆိုရင် ရာပေါင်းများစွာသော လီအကွာအဝေးကတည်းက သတိထားမိသွားမှာပါ...”

အခန်းထဲတွင် ချက်ချင်း တိတ်ဆိတ်သွားသည်။

နိုင်ငံအားလုံးက စောင့်ကြည့်နေပြီး အနောက်တာ့ခ်များက သတိထားမှုကို တိုးမြှင့်ထားသဖြင့် အနောက်တာ့ခ်များကို ဖြေရှင်းရန်မှာ သူတို့ ထင်ထားသည်ထက် များစွာပို၍ ခက်ခဲနေသည်။

“ဒါပေမဲ့... အခုကျွန်တော်တို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးကတော့ အနောက်တာ့ခ်တွေက ဘာကိုမှ ဝန်မခံဘဲ ငြင်းဆိုနေတာပါ... ဒါကြောင့် သူတို့ရဲ့ တပ်ဖွဲ့ကို ချက်ချင်းဆုတ်ခွာလို့မရပါဘူး။ ဘာလို့ဆို ဒီလိုလုပ်လိုက်ရင် သူတို့ရဲ့အမှားကို တကယ်ဝန်ခံလိုက်တာနဲ့ အတူတူပဲဖြစ်သွားမှာမို့လို့ပါ... ဒါကြောင့် အခုချိန်မှာ ကျွန်တော်တို့မှာ အခွင့်အရေးတစ်ခုရှိနေသေးတယ်... ဒါပေမဲ့ ဒီအခွင့်အရေးက ထာဝရရှိနေမှာ မဟုတ်ပါဘူး... အနောက်တာ့ခ်တွေက ပုံမှန်တပ်ဖွဲ့ပြောင်းလဲမှုဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီတပ်ဖွဲ့ကို ရွှေ့ပြောင်းသွားဖို့ များပါတယ်...”

စစ်ဟန်က ပြောလိုက်သည်။ အခွင့်အရေးက ၎င်းတို့၏ လက်ထဲတွင် ရှိနေသေးသည်မှာ တစ်ခုတည်းသော သတင်းကောင်း ဖြစ်သည်။

သို့သော် ပုံမှန်စစ်သား တစ်သောင်းနှစ်ထောင်နှင့် ၎င်းတို့နောက်ကွယ်ရှိ ပိုမိုကြီးမားသော အနောက်တာ့ခ်တပ်စခန်းက ဖြေရှင်းရန်လိုအပ်သည့် ပြဿနာများ ဖြစ်သည်။ ထိုပြဿနာများကို မဖြေရှင်းနိုင်ပါက ၎င်းတို့သည် အနောက်တာ့ခ်များကို မည်သည့်အခါမှ အပြစ်ပေးနိုင်မည် မဟုတ်တော့ပေ။

ဝမ်ချောင်ဘက်သို့ လူအားလုံးက လှည့်ကြည့်လိုက်ပြီး သူ၏အမိန့်ကို စောင့်မျှော်နေကြသည်။

ဝမ်ချောင်က နောက်ဆုံးတွင် မျက်ဝန်းများကို ဖွင့်လိုက်ပြီး စကားပြောလိုက်ကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“ငါ့အမိန့်ကို ကူးပေးလိုက်...”

******

အခန်း ၁၅၉၈ - မည်မျှဝေးကွာသည်ဖြစ်စေ အပြစ်ပေးမည် (၁)

“တြိဂံဒေသက ဆန္ဒအလျှောက် ပါဝင်လိုသူ လူလေးရာကို ရှာဖွေလိုက်... သူတို့ကို အန္တရာယ်အားလုံးကို ရှင်းပြပြီး သူတို့ကိုယ်တိုင် ဆုံးဖြတ်ခွင့်ပေးလိုက်... အကောင်းဆုံးလက်နက်တွေနဲ့ တပ်ဆင်ပေး။ အဲဒါအပြင် ငါတို့ရဲ့ အင်အားအားလုံးကို စုစည်းလိုက်... ဘယ်လိုအခက်အခဲတွေနဲ့ပဲ ရင်ဆိုင်ရရင်တောင် ကောင်းကင်ထဲက စောင့်ကြည့်မှုတွေ၊ နိုင်ငံအသီးသီးက ကင်းထောက်တွေ၊ ဒါမှမဟုတ် တာ့ခ်မြက်ခင်းလွင်ပြင်က ကင်းစောင့်တွေပဲဖြစ်ဖြစ်၊ ငါ ဂရုမစိုက်ဘူး... ဆယ်ရက်အတွင်း ရလဒ်တစ်ခုကို ငါမြင်ချင်တယ်။ မဟာထန်လူမျိုးတွေကို မဆင်မခြင်သတ်ဖြတ်ပြီး ဘာပြစ်ဒဏ်မှမခံရဘဲ လွတ်မြောက်သွားမဲ့သူ တစ်ယောက်မှ မရှိစေရဘူး။ မဟာထန်ကို ရာဇဝတ်မှုကျူးလွန်သူတွေဟာ ဘယ်လောက်ဝေးကွာနေပါစေ အပြစ်ပေးခံရမှာပဲ...”

ဝမ်ချောင်၏အသံက အေးစက်လျက် အခန်းတစ်ခုလုံးထဲတွင် ပဲ့တင်ထပ်သွားသည်။

“အမိန့်အတိုင်းပါ...”

အခန်းထဲရှိ လက်အောက်ငယ်သားများက တစ်ညီတစ်ညွတ်တည်း ဖြေကြားပြီးနောက် ထွက်ခွာသွားကြသည်။

ဝမ်ချောင်၏ အမိန့်အတိုင်း အနောက်မြောက်ဒေသတစ်ခုလုံး တုန်လှုပ်လာပြီး နယ်စပ်တွင် မုန်တိုင်းများ စုစည်းလာသည်။

မြောက်ဘက်တွင် ပေထင်ကာကွယ်ရေးစစ်တပ်ကို ကျော်လွန်ပြီး တာ့ခ်မြက်ခင်းလွင်ပြင်ထဲသို့ လီခုနှစ်ရာအကွာသို့ ရောက်ရှိသွားသည့်နေရာ၌ လူအများအပြား စုရုံးနေကြပြီး သူတို့၏ တဲများက မြေပြင်ပေါ်တွင် ထီးထီးကြီးရှိကြနေသည်။ အနောက်တာ့ခ်များကို ကိုယ်စားပြုသည့် အနက်ရောင်ဝံပုလွေအလံများကို ၎င်းတို့အကြားတွင် ထူထောင်ထားသည်။

တာ့ခ်စစ်အလံများက မိုးသက်လေပြင်းထဲတွင် လွင့်ယမ်းနေသည်။

မဟာထန်၏မြို့တော်နှင့် မြောက်ပိုင်းဒေသရှိ လူများက ဝမ်းနည်းပြီး ဒေါသထွက်နေကြစဉ် ထိုအနောက်တာ့ခ်တပ်စခန်းထဲတွင်မူ ရယ်မောသံများနှင့် ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး မီးပုံများက တောက်လောင်နေကာ စပျစ်ဝိုင်ခွက်များ ဆွဲယမ်းလျက် သောက်စားပျော်ပါးနေကြသည်။

“ဟား... ဟား... ဟား... လာ စပျစ်ဝိုင်ကို အကုန်သောက်စမ်း... စားချင်တာလည်း အကုန်စားလိုက်...”

“ဒါက တောင်ပိုင်းသားတွေ အများကြီးကြိုးစားပြီး ချက်ထားတဲ့ အသားခြောက်တွေပဲ... အရည်အသွေးက အတော်လေးကို မြင့်မားတယ်။ ဒီအသားခြောက်တွေကို လုပ်ဖို့ဆိုရင် ခုနှစ်ရက်ခုနှစ်ည မီးနဲ့ကင်ရတယ်လို့ ငါကြားဖူးတယ်...”

“ဘယ်လိုလဲ... မဆိုးဘူးမဟုတ်လား...”

ထိုအချိန်တွင် တပ်စခန်း၏ မြောက်ဘက်အစွန်ဆုံးနေရာ၌ ဆံပင်ရှည်ရှုပ်ပွပြီး မျက်နှာတွင် အမာရွတ်တစ်ခုရှိသည့် ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အင်္ကျီဝတ်မထားသော(ရင်ဘတ်ဗလာဖြစ်နေသော) တာ့ခ်လူမျိုးတစ်ဦးက စပျစ်ဝိုင်ခွက်ကြီးတစ်ခုကို မြှောက်ထားသည်။ သူက မီးပုံတစ်ခုပတ်လည်တွင် တခြားတာ့ခ်စစ်သားများနှင့်အတူ ထိုင်နေပြီး သူတို့အားလုံးက ကျယ်လောင်စွာ အော်ဟစ်ရင်း သောက်စားနေကြသည်။

သူတို့က စပျစ်ဝိုင်သောက်ရန်အတွက် အသုံးပြုနေသည့် ခွက်ကြီးများက တာ့ခ်လူမျိုးများ သာမန်အသုံးပြုသည့်အရာများ မဟုတ်ပေ။ ၎င်းတို့က အဖြူရောင်ကြွေထည်ဖြင့် ပြုလုပ်ထားပြီး အစိမ်းရောင်ပန်းဒီဇိုင်းများဖြင့် အနားတစ်ဝိုက်တွင် အလှဆင်ထားသည်။ အနီးကပ်ကြည့်မည်ဆိုလျှင် ထိုခွက်များပေါ်တွင် သွေးခြောက်များ ကပ်နေသည်ကိုလည်း တွေ့မြင်နိုင်သည်။

သို့သော် ထိုတာ့ခ်စစ်သားများက ဤအရာကို ဂရုမစိုက်ကြပေ။

“အင်း... နှမြောစရာပဲ... သဲလွန်စတွေ မကျန်ရစ်အောင်လို့ တောင်ပိုင်းမိန်းကလေးတွေကို အကုန်သတ်ခဲ့ရတယ်... မဟုတ်ရင် သူတို့ကို တပ်စခန်းကို ပြန်ခေါ်လာပြီး ပျော်ပျော်ပါးပါး ဆော့ကစားလို့ရတာပေါ့...”

တာ့ခ်စစ်သားတစ်ဦးက ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။ ဓားတစ်ချောင်းကို ယူလိုက်ပြီး မီးပေါ်တွင် ကင်နေသော အသားတစ်ဖတ်ကို ဖြတ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီး တဖြည်းဖြည်း ဝါးစားနေသည်။

သူ၏စကားကြောင့် တခြားစစ်သားများက တိတ်ဆိတ်သွားပြီး ၎င်းတို့အားလုံး၏ မျက်နှာထဲတွင် တောင့်တမှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။ တောင်ပိုင်းမိန်းကလေးများ၏ နူးညံ့ပြီး ချောမွေ့သော အသားအရေနှင့် ၎င်းတို့၏ နူးညံ့ပျော့ပျောင်းသော ခန္ဓာကိုယ်များက တာ့ခ်မိန်းကလေးများတွင် မရှိသည့် အရည်အသွေးတစ်ခုရှိကြောင်း သူတို့အားလုံးက သိကြသည်။

သို့သော် မဟာထန်၏ လွှမ်းမိုးမှုကြောင့် တောင်ပိုင်းမိန်းကလေးများက အလွန်အမင်း ပြင်းထန်ကြသည်။ ထိုရွာမှ မိန်းကလေးများက ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့ကြပြီး စစ်သားများသည်လည်း သူတို့၏ လုပ်ရပ်များ၏ အကျိုးဆက်ကို အနည်းငယ် ကြောက်ရွံ့ထိတ်လန့်ခဲ့ကြသဖြင့် သူတို့အားလုံးကို သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ရသည်။

“ဒါပေမဲ့ သခင်... တစ်ရက်နှစ်ရက်အတွင်း တကယ်ပဲ ကျွန်တော်တို့က ရွှေ့ပြောင်းမှာလား...” တာ့ခ်စစ်သားတစ်ဦးက ရုတ်တရက် ပြောလိုက်ပြီး သူ၏မျက်နှာထဲတွင် စိတ်ပါဝင်စားမှုများ ပြည့်နှက်နေသည်။ “ကျွန်တော်တို့က အခုမှ အရသာခံစားလို့ ကောင်းတုန်းရှိသေးတယ်... အခုကျ ဆုတ်ခွာဖို့ အမိန့်ပေးနေပြီ... ဒါကို လက်ခံဖို့ တကယ်ခက်ခဲတယ်...”

“ဒါကို ဘာမှလုပ်လို့မရဘူး... ငါကြားတာကတော့ ငါတို့က ရွာတစ်ရွာကို သတ်ဖြတ်ခဲ့တာကို သိသွားပြီတဲ့... ငါတို့ အလျင်စလိုဖြစ်နေခဲ့လို့ မြင်းခွာရာတွေ ကျန်ရစ်ခဲ့တယ်... အဲ့ဒါကြောင့် သူတို့က ဒါကို ငါတို့လုပ်ခဲ့တယ်လို့ ခန့်မှန်းမိသွားကြတယ်... ဒီဖြစ်ရပ်က မဟာထန်ရဲ့ မြို့တော်ထဲမှာ ကြီးမားတဲ့ဆူပူမှုဖြစ်လာတယ်လို့ ကြားတယ်... ပြီးတော့ မျိုးနွယ်ခြားဘုရင်ကတောင် ငါတို့ကို သတိထားမိသွားပြီတဲ့... အထက်လူကြီးတွေက ဒီမုန်တိုင်းတွေ ငြိမ်းသွားတဲ့အထိ ငါတို့ကို မြောက်ဘက်ပိုဝေးတဲ့နေရာကို ပို့ဖို့ ပြင်ဆင်နေကြတယ်...” ရင်ဘတ်ဗလာနှင့်တာ့ခ်တပ်မှူးက ပြောလိုက်သည်။

တခြားစစ်သားများက တိတ်ဆိတ်သွားသည်။ သူတို့က ထန်လူမျိုး လူလေးရာကျော်ကို သတ်ဖြတ်ပြီး ရွာတစ်ရွာလုံးကို မီးရှို့ဖျက်ဆီးခဲ့သည့် တပ်ဖွဲ့ငယ်မှ စစ်သားများပင် ဖြစ်သည်။ ထိုဖြစ်ရပ်က မဟာထန်နှင့် သူ၏ပတ်ဝန်းကျင်နိုင်ငံများတွင် ကြီးမားသော တုန်လှုပ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

ထိုဖြစ်ရပ်က မဟာထန်၏ မြို့တော်နှင့် မြောက်ပိုင်းဒေသတွင် ဖြစ်ပေါ်ခဲ့သော သက်ရောက်မှုများကို သူတို့လည်း ကြားသိခဲ့ရသည်။ ပေထင်ကာကွယ်ရေးစစ်တပ်နှင့် မြို့တော်ထဲမှ ဒေါသထွက်မှုများကို သူတို့က သိပ်ဂရုမစိုက်ကြပေ။ သူတို့ အမှန်တကယ် ကြောက်ရွံ့ထိတ်လန့်နေသူမှာ မျိုးနွယ်ခြားဘုရင်ပင် ဖြစ်သည်။

ထိုသူက အာရေးဗီးယားအင်ပါယာ၏ စစ်သားတစ်သန်းကို သတ်ဖြတ်ခဲ့သူဖြစ်ပြီး အနက်ရောင်ဝံပုလွေယပ်ဘူ၊ အာဂူဒူလန်၊ နှင့် ကောင်းကင်ဝံပုလွေမဟာဗိုလ်ချုပ် ဒူဝူစီလီတို့ကိုပင် အနိုင်ယူခဲ့သူ ဖြစ်သည်။ အနောက်တာ့ခ်များ၏ သုံးမျိုးရှိသော မြင်းသည်တပ်ဖွဲ့ကြီးများထဲမှ တစ်ခုဖြစ်သည့် ကောင်းကင်ဝံပုလွေမြင်းသည်တပ်ဖွဲ့သည်ပင် တာလာ့တိုက်ပွဲတွင် လုံးဝ ပျက်စီးသွားခဲ့ရသည်။ ထိုလူက အလွန်ဝေးကွာနေသည်ဖြစ်စေ ၎င်းတို့သည် ကြီးမားသော ဖိအားတစ်ခုကို ခံစားနေရဆဲ ဖြစ်သည်။

“သခင်... မဟာထန်က ကျွန်တော်တို့ကို ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ ကြားတယ်... မျိုးနွယ်ခြားဘုရင်က ကျွန်တော်တို့ကို စုံစမ်းနေတယ်တဲ့... ဒီနေရာကို လူတွေရောက်လာပြီး ကင်းလှည့်တဲ့ ကင်းထောက်တွေက သတိထားမိသွားတယ်လို့လည်း ကြားတယ်... ဒါတွေ အားလုံးက တကယ်ပဲလား...”

တာ့ခ်စစ်သားတစ်ဦးက စိုးရိမ်တကြီးမေးလိုက်ပြီး လူတိုင်း၏စိတ်ထဲရှိ မေးခွန်းကို ထုတ်ဖော်ပြောဆိုလိုက်သည်။ လူအားလုံးက သူတို့၏ တပ်မှူးဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

သူတို့ကို ရွာထဲသို့ ဦးဆောင်ခဲ့သူမှာ သူတို့၏ တပ်မှူးဖြစ်ပြီး ထိတ်လန့်နေသည့် ထိုအခိုက်အတန့်တွင် သူတို့က သူ့ထံမှ လမ်းညွှန်မှုကို ရှာဖွေနေကြသည်။

“ဟား... ဟား... ဟား... မင်းတို့ရဲ့ ကြောက်လန့်နေတဲ့ပုံတွေကို ကြည့်စမ်း... မဟာထန်အင်ပါယာက အတော်လေးဝေးတယ်... မျိုးနွယ်ခြားဘုရင်ကလည်း မဟာထန်ရဲ့ မြို့တော်မှာ ရှိနေတာ... သူကိုယ်တိုင်လာပြီး ငါတို့ကို ဖြေရှင်းမယ်လို့ ထင်နေတာလား... ပြီးတော့ သူ ဖြေရှင်းချင်ရင်တောင် ငါတို့က ဘယ်သူတွေလဲဆိုတာ သူသိရဲ့လား... သူတို့မှာ သက်သေရှိလား... သူတို့ကို သတ်ခဲ့တာ ငါတို့ပဲလို့ ဘယ်သူကပြောလဲ...”

“ဟုတ်ပါတယ်... ကျွန်တော်တို့က တောင်ပိုင်းသားတွေရဲ့ စပျစ်ဝိုင်နဲ့ အသားတွေကို သောက်စားနေတာပေါ့... ဒါပေမဲ့ ဒါတွေကို ကျွန်တော်တို့ ဝယ်ယူထားတာ မဟုတ်ဘူးလား... မဟာထန်က အမြဲတမ်း ကုန်သွယ်မှုကို နှစ်သက်တယ် မဟုတ်လား... သူတို့က ရောင်းနိုင်ရင် ကျွန်တော်တို့ကလည်း ဝယ်နိုင်တာပေါ့...”

တပ်မှူးက သူ၏ဝမ်းဗိုက်ကို ပုတ်လိုက်ပြီး ရယ်မောလိုက်သည်။ သူ၏လက်အောက်ငယ်သားများကို ကြည့်ရင်း သူ၏မျက်ဝန်းများထဲတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။

“အေးအေးဆေးဆေးပဲ... တာ့ခ်ရွှေလင်းယုန်တွေက ကောင်းကင်ကို စောင့်ကြည့်နေတာမို့ ပေထင်ကာကွယ်ရေးစစ်တပ်က ဘာမှလှုပ်ရှားလို့မရဘူး... တစ်ချက်လှုပ်လိုက်ရင်တောင် ကြီးမားတဲ့စစ်ပွဲတစ်ခု ဖြစ်ပေါ်လာမှာပဲ... တောင်ပိုင်းသားတွေက အခုလောလောဆယ်မှာ စစ်ပွဲကို အလွန်အမင်း မုန်းတီးနေကြတယ်... ချီရှီကာကွယ်ရေးစစ်တပ်ကိုတော့ ပြောမနေနဲ့တော့... အဲဒီကနေ ယင်ကောင်တစ်ကောင်တောင် ပျံထွက်လာရင် ငါတို့ သတိထားမိမှာပဲ...”

“ဒါပေမဲ့ ချီရှီကာကွယ်ရေးစစ်တပ်နဲ့ တြိဂံတပ်မှာ စစ်သားတွေ စုရုံးနေတယ်လို့ ကြားတယ်။ သူတို့က ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာလား...” တစ်စုံတစ်ယောက်က တိုးညင်းစွာ ရေရွတ်လိုက်သည်။

ထိုကောလာဟလက တပ်စခန်းထဲတွင် ခဏကြာကတည်းက ပျံ့နှံ့နေခဲ့ပြီး အနောက်နယ်မြေမှ ဟူကုန်သည်တစ်ဦးက မတော်တဆ ဖွင့်ဟခဲ့ခြင်း ဖြစ်ပုံရသည်။ မျိုးနွယ်ခြားဘုရင်က သူတို့ကို ဖမ်းဆီးရန် အထူးစစ်သားတစ်ဖွဲ့ကို စုစည်းနေသည်ဟု ဆိုသည်။ ထိုကောလာဟလ၏ မမှန်ကန်မှုကို သက်သေပြရန် အထောက်အထား မရှိသော်လည်း ထိုသတင်းက အနောက်တာ့ခ်များထဲတွင် ပျံ့နှံ့သွားပြီး စစ်သားအားလုံးကို စိတ်လှုပ်ရှားစေခဲ့သည်။

“ဂျင့်ချာအာ... မင်းကိုမင်းကြည့်စမ်း... အဲဒီလိုကောလာဟလမျိုးကို ယုံတယ်လား... စဉ်းစားကြည့်လိုက်စမ်း... ငါတို့ရဲ့ အထက်လူကြီးတွေက ဒီဖြစ်ရပ်ကို ငါတို့ထက်တောင် ပိုပြီး စိုးရိမ်နေကြတယ်... ဒီကနေ ချီရှီအထိ စစ်ဆေးရေးဂိတ်တွေ ထားထားတယ်... ကင်းလှည့်စစ်သားလေးရာကနေ ငါးရာလောက်ကို ထားထားတယ်... ကောင်းကင်မှာလည်း ရွှေလင်းယုန်တွေရှိတယ်။ သူတို့က တကယ်လူပို့လာရင် ငါတို့ ဘယ်လိုလုပ် မသိမိမှာလဲ။ ပြီးတော့ ဒီတပ်စခန်းထဲမှာ ငါတို့ရဲ့ လူတစ်သောင်းကျော်ရှိတာကိုလည်း မမေ့နဲ့... သူတို့က လူနည်းနည်းနဲ့လာရင် ဘာမှလုပ်လို့မရဘူး။ လူအများကြီးနဲ့လာရင်လည်း ငါတို့ သတိမထားမိဘဲ နေမှာလား။ အဲဒါကြောင့် အေးအေးဆေးဆေးပဲ။ ဘာမှဖြစ်လာမှာ မဟုတ်ဘူး...”

တာ့ခ်တပ်မှူးက ဆီရွှဲနေသော သိုးခြေထောက်တစ်ချောင်းကို မြှောက်လိုက်ပြီး ကိုက်စားလိုက်သည်။

“တောင်ပိုင်းသားတွေက ဝက်နဲ့ နွားတွေလည်း မွေးကြတယ်ဆိုပေမဲ့ သူတို့ရဲ့ သိုးသားကပဲ အကောင်းဆုံးအရသာရှိတယ်။ တောင်ပိုင်းသိုးသားက နူးညံ့ပြီးအိစက်တယ်... ငါတို့ တာ့ခ်တွေ မွေးတဲ့ သိုးတွေနဲ့ လုံးဝမတူဘူး။ ဇီရာနဲ့ တခြားဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ပေါင်းစပ်လိုက်ရင် တကယ်ကို ထူးခြားတဲ့ အရသာရှိတယ်...”

တပ်မှူး၏ စကားများကို ကြားရပြီး သူ၏ ပျော်ရွှင်စွာ ဝါးစားနေပုံနှင့် ဝမ်းဗိုက်ကို ပုတ်နေပုံကို မြင်လိုက်ရသည့်အခါ လူအားလုံးက စိတ်အေးလက်အေး ဖြစ်သွားကြသည်။

တာ့ခ်စစ်သားတစ်ဦးက တစ်ခုခုကို စဉ်းစားမိသွားပုံရပြီး ပတ်ဝန်းကျင်ကိုကြည့်ရင်း ရယ်မောလိုက်သည်။

“ဟား... ဟား... ဟား... ဟုတ်တယ်... ဘာကို ကြောက်နေစရာလိုလဲ... ပြဿနာတိုင်းမှာ အဖြေရှိတယ်။ ဘယ်သူပဲလာလာ ပထမဆုံး တစ်သောင်းကျော်ရှိတဲ့ စစ်သားတွေနဲ့ ဗိုလ်ချုပ်ကို မေးရမှာပေါ့... သူတို့က သဘောတူမလားလို့...”

သူ့ပတ်ဝန်းကျင်တွင် စားသောက်ပွဲသံများနှင့် အော်ဟစ်သံများက မရပ်မနား ထွက်ပေါ်နေသည်။ တပ်စခန်းတစ်ခုလုံးသည် ပွဲတော်တစ်ခုကျင်းပနေသလို ဖြစ်နေပြီး သူတို့အားလုံးက တောင်ပိုင်းသားများ၏ ခွက်ကြီးများကို အသုံးပြုကာ တောင်ပိုင်းသားများ၏ အသားခြောက်၊ အသီးခြောက်၊ ပေါင်မုန့်ဖုတ်နှင့် ငါးကင်များကို စားသောက်နေကြသည်။

ရင်ဘတ်ဗလာနှင့်တပ်မှူးကို ထပ်မံကြည့်လိုက်သည့်အခါ စစ်သားလေးဆယ်ကျော်၏ စိတ်ရင်းထဲမှ လေးစားမှုကို ခံစားလိုက်ရသည်။

ထိုရွာတွင် လူလေးရာကျော်က တစ်နှစ်စာအတွက် ရိက္ခာများကို သိုလှောင်ထားပြီး အလွန်အမင်း သာယာဝပြောနေခဲ့သည်။ သူတို့က ထိုပစ္စည်းများကို ယူဆောင်လာစဉ်တွင် စစ်မြင်းတစ်ထောင်ကျော်ပါသော မြင်းအုပ်တစ်အုပ်ကို စုစည်းခဲ့ရပြီး မြင်းတစ်ကောင်ချင်းစီပေါ်တွင် စားနပ်ရိက္ခာများကို တင်ဆောင်ခဲ့ရသည်။ ထိုသို့ပင်ဖြစ်နေသော်လည်း သူတို့၏ လူလေးဆယ်ကျော်ပါသော တပ်ဖွဲ့က နှစ်ကြိမ်တိတိ ခရီးပြန်သွားရသည်။

စခန်းသို့ ပြန်ရောက်လာသောအခါ တပ်မှူးက တပ်စခန်းထဲသို့ တိုက်ယူရရှိသည့် ပစ္စည်းများ၏ ငါးဆယ်ရာခိုင်နှုန်းကို ပေးခဲ့ပြီး နှစ်ဆယ်ရာခိုင်နှုန်းကို တပ်မှူးချုပ်ထံ ပေးအပ်ခဲ့ကာ သူတို့၏တပ်ဖွဲ့အတွက် သုံးဆယ်ရာခိုင်နှုန်းသာ ကျန်ရစ်ခဲ့သည်။ ထိုအချိန်က သူတို့အားလုံးက ထိုအရာကို နားမလည်ခဲ့ကြသော်လည်း ယခုအခါ သူတို့က လေးစားမှုကိုသာ ခံစားနေရသည်။

တပ်စခန်းထဲရှိ သူတို့၏ တပ်ဖော်များက ၎င်းတို့၏ ကျူးကျော်တိုက်ခိုက်မှုအတွက် ဝေဖန်မှုတစ်စုံတစ်ရာမျှ မပြုကြပေ။ သူတို့က စစ်သားအလွှာပေါင်းများစွာဖြင့် ကာကွယ်ခံထားရသည်။ တောင်ပိုင်းသားများက ၎င်းတို့ကို ဖြေရှင်းလိုသည်ဆိုလျှင်တောင် ထိုသို့သော အတွေးများက အိမ်မက်တစ်ခုမျှသာ ဖြစ်သည်။

“ဂရီး...”

စစ်သားများက စပျစ်ဝိုင်ခွက်များကို မြှောက်ကာ တစ်ဦးနှင့်တစ်ဦး အော်ဟစ်နေစဉ် အထက်မှ ပြတ်သားသော အော်သံတစ်ခု ထွက်ပေါ်လာပြီး တပ်စခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ တာ့ခ်တပ်မှူးက စပျစ်ဝိုင်ခွက်ကို နှုတ်ခမ်းနားသို့ ယူလာရန် ပြင်ဆင်နေစဉ် ခဏရပ်လိုက်ပြီး ခေါင်းကို မော့ကြည့်လိုက်သည်။ အနောက်တောင်ဘက်မှ ရွှေလင်းယုန်ကြီးတစ်ကောင်က တပ်စခန်းဆီသို့ ပျံသန်းလာနေသည်။

ထိုရွှေလင်းယုန်များသည် အနောက်တာ့ခ်များက မြောက်ဘက်ဝေးလံသောနေရာမှ ဖမ်းယူပြီး လေ့ကျင့်ထားသည့် လင်းယုန်များ ဖြစ်သည်။ သူတို့က ရက်စက်ကြမ်းတမ်းသော စရိုက်နှင့် ခိုင်ခံ့သော အတောင်ပံများ ရှိသည်။ ပိုမိုသန်မာသော လင်းယုန်များက ၎င်းတို့၏ တောင်ပံတစ်ချက်ဖွင့်လိုက်ရုံဖြင့် သစ်ပင်ငယ်များကို ပြတ်တောက်သွားစေနိုင်သည်။ တာ့ခ်များက ထိုရွှေလင်းယုန်များကို ၎င်းတို့၏ ကောင်းကင်ထဲရှိ မျက်စိနှင့်နားများအဖြစ် လေ့ကျင့်ထားသည်။

ထိုရွှေလင်းယုန်များက ဝေဟင်၏ ဘုရင်များဖြစ်ပြီး အရှေ့တာ့ခ်များနှင့် ဂိုဂူလျောများ အသုံးပြုသည့် ဖယ်ကွန်သိန်းငှက်များသာ ၎င်းတို့နှင့် ယှဉ်ပြိုင်နိုင်သည်။ သို့သော် ဤအချိန်တွင် လူတိုင်းက ထိုရွှေလင်းယုန်က ထိတ်လန့်နေပြီး ၎င်း၏တောင်ပံများက မတည်မငြိမ် ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။

******

အခန်း ၁၅၉၉ - မည်မျှဝေးကွာသည်ဖြစ်စေ အပြစ်ပေးမည် (၂)

တာ့ခ်ရွှေလင်းယုန်များတွင်လည်း ‘စောင့်ကြည့်ရေးဘာသာစကား’ တစ်ခုရှိပြီး မတူညီသော အော်သံများက မတူညီသော အဓိပ္ပါယ်များကို သယ်ဆောင်ထားသည်။ ထိုရွှေလင်းယုန်၏ အော်သံများသည် တိုတိုနှင့် လျင်မြန်စွာဖြစ်ပြီး ထိတ်လန့်မှု အနည်းငယ် ပါဝင်နေသည်။ တစ်ခုခုဖြစ်ပွားခဲ့ပြီဆိုသည်မှာ ထင်ရှားသည်။

“ဘာဖြစ်နေတာလဲ... ဘာလို့ ရွှေလင်းယုန်က ဒီလောက်ဆိုးရွားနေရတာလဲ...”

“လင်းယုန်ထိန်းသူတွေနဲ့ မြေပြင်က ကင်းထောက်တွေကရော ဘယ်မှာလဲ... လင်းယုန် ပြန်လာပြီးတာတောင် သူတို့ရဲ့အရိပ်အယောင်တောင် မရှိဘူးလား...”

ပျော်ရွှင်စွာ ကျင်းပနေသော တာ့ခ်တပ်စခန်းက ရုတ်တရက် မငြိမ်မသက်ဖြစ်လာပြီး မီးပုံများ၏ တဖျပ်ဖျပ်သံများက ယခုအခါ အထူးကျယ်လောင်စွာ ထွက်ပေါ်နေသည်။

လူတိုင်းက တစ်ခုခုမှားယွင်းနေကြောင်း ဗီဇအရ ခံစားမိသော်လည်း သူတို့၏ စိတ်ထဲတွင် ထိုအတွေးကို ငြင်းပယ်နေဆဲ ဖြစ်သည်။

သူတို့၏ တပ်စခန်းတဝိုက်တွင် နေ့ညမရွေး ကင်းလှည့်နေသည့် ကင်းထောက်များရှိပြီး လီရှစ်ဆယ်အထိ တိုးချဲ့ထားသည်။ အမှန်တကယ် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့မည်ဆိုလျှင် ဖြစ်နိုင်ချေ မရှိပေ။

“ဂရီး...”

လူတိုင်းက အနည်းငယ်သော မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည့်အချိန်တွင် ဒုတိယအကြိမ် အော်သံတစ်ခုက အေးစက်နေသော လေထုကို ဖြတ်ကျော်လာသည်။ သူက ဖယ်ကွန်သိန်းငှက်၏ အော်သံထက်ပင် ပိုမိုပြတ်သားပြီး ပဲ့တင်ထပ်နေသည်။

“ရွှတ်...”

ရွှေလင်းယုန်ထက် များစွာသေးငယ်သော ငှက်တစ်ကောင်က တိမ်ထဲမှ ပျံထွက်လာပြီး ထို့နောက် ဥက္ကာပျံတစ်ခုကဲ့သို့ ရွှေလင်းယုန်ထံသို့ ဝင်တိုက်လိုက်သည်။

ရွှေလင်းယုန်က ဝမ်းနည်းဖွယ် အော်သံတစ်ခုနှင့်အတူ ကျောက်တုံးတစ်တုံးကဲ့သို့သော ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ထိမှန်သွားသည်။ လေထဲတွင် အမွှေးများက ပေါက်ကွဲထွက်လာပြီး တဖြည်းဖြည်း မြေပြင်သို့ လွင့်မျောကျလာသည်။

“ဗျည်း...”

တပ်စခန်းက တခဏမျှ အချိန်ရပ်တန့်သွားသကဲ့သို့လုံးဝ တိတ်ဆိတ်သွားသော်လည်း ထို့နောက်...

“ဘုန်း...”

တပ်စခန်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားခဲ့သည်။ တာ့ခ်တပ်မှူးဆိုလျှင် မျက်လုံးများ ပြူးကျယ်သွားပြီး လျှပ်စီးထိမှန်သလို တစ်ကိုယ်လုံး တုန်ယင်လျက် ထရပ်လိုက်သည်။

“ရန်သူတွေ...”

လူတိုင်း၏နားထဲတွင် ကျယ်လောင်သော အော်သံတစ်ခုက ပဲ့တင်ထပ်သွားသော်လည်း ထိုအသံက တပ်စခန်းထဲမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ မီတာ ခုနှစ်ရာမှ ရှစ်ရာအကွာတွင် သွေးများစွန်းထင်းနေသော တာ့ခ်မြင်းသည်တစ်ဦးက တပ်စခန်းဆီသို့ အလျင်အမြန် စီးနင်းလာနေသည်။

“ရွှီး...”

သူက အလျင်စလို အော်ဟစ်နေသော်လည်း ခဏအကြာတွင် ပြတ်သားသော လေခွင်းသံတစ်ခု ထွက်ပေါ်လာပြီး နောက်ကွယ်မှ မြားတစ်စင်းသည် ထိုတာ့ခ်စစ်သား၏ ခန္ဓာကိုယ်ကို ငှက်ပျောတုံးပမာ ဖောက်ထွင်းသွားသည်။ မြားရှိန်က မသေသေးဘဲ တပ်စခန်းအတွင်းရှိ အလံတစ်ခုထဲသို့ ဆက်လက် ဝင်ရောက်သွားသည်။

“ဘုန်း...”

ထိုတာ့ခ်မြင်းသည်က မြင်းပေါ်မှ လျှောကျလာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထို့နောက် တပ်စခန်းအတွင်းရှိ အလံကလည်း ပြတ်တောက်သွားသည်။

“အသင့်ပြင်ကြစမ်း... စစ်သားအားလုံး အသင့်ပြင်ကြ...”

တပ်စခန်းတစ်ခုလုံးသို့ အော်သံတစ်ခုက မြားတစ်စင်းကဲ့သို့ ဖြတ်ကျော်သွားသည်။

စပျစ်ဝိုင်သောက်စားပြီး ပျော်ရွှင်နေခဲ့သော တာ့ခ်များက ချက်ချင်း ထိတ်လန့်သွားကြပြီး မီးပုံများကိုပင် အလျင်စလို တိုက်မိ၍ လဲကျသွားကြသည်။ ထိုအချိန်တွင် သူတို့ အသုံးပြုနေသော စပျစ်ဝိုင်ခွက်ကြီးများက မြေပြင်ပေါ်သို့ ပြုတ်ကျကာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။

တာ့ခ်စစ်သား တစ်သောင်းနှစ်ထောင်က ချက်ချင်း သတိထားလာကြပြီး သံချပ်ကာအပြည့်ဖြင့် သူတို့၏ အကာအကွယ်များဆီသို့ အပြေးအလွှား တက်လာကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် မငြိမ်မသက်ဖြစ်မှုများ ပြည့်နှက်နေသည်။

တပ်စခန်းက တခဏအတွင်း ခံတပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ တာ့ခ်မြားပစ်သမားများက ကင်းစင်္ကြံများပေါ်တွင် ရပ်နေကြပြီး သူတို့၏ လေးကြိုးများကို ဆွဲထားကာ မြားများကို တင်ထားလျက် ပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားစွာ စူးစမ်းကြည့်ရှုနေကြသည်။

မြေပြင်က စက္ကန့်အနည်းငယ်အကြာတွင် တုန်ခါလာသည်။

“ဟိုမှာ ကြည့်စမ်း...” ကင်းစင်္ကြံပေါ်ရှိ တာ့ခ်ကင်းစောင့်တစ်ဦးက လက်ညှိုးထိုးပြပြီး သူ၏အသံက ထိတ်လန့်နေသည်။

လူတိုင်းက အံ့အားသင့်စွာ စိုက်ကြည့်နေစဉ် အနက်ရောင် ရေလှိုင်းတစ်ခုက မိုးကုပ်စက်ဝိုင်းတွင် ပေါ်ထွက်လာပြီး တပ်စခန်းဆီသို့ ထိတ်လန့်ဖွယ် အမြန်နှုန်းဖြင့် ချဉ်းကပ်လာနေသည်။ ထိုအနက်ရောင်ရေလှိုင်း၏ အလယ်တွင် ‘ထန်’ ဟူသော စာလုံးပါရှိသည့် အဝါရောင် စစ်အလံတစ်ခုက ညလေထဲတွင် လွင့်ယမ်းနေသည်ကို တွေ့မြင်နိုင်သည်။

“ဒါ မဖြစ်နိုင်ဘူး...”

တာ့ခ်တပ်မှူးနှင့် သူ၏စစ်သားများက ဘယ်ကမှန်းမသိ ပေါ်ထွက်လာသော ထန်တပ်ဖွဲ့ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ ချီရှီကာကွယ်ရေးစစ်တပ်ဖြစ်စေ၊ ပေထင်ကာကွယ်ရေးစစ်တပ်ဖြစ်စေ၊ သူတို့က သူလျှိုများနှင့် ကင်းထောက်များဖြင့် ဝိုင်းရံထားသည်။

သို့သော် ဤမျှလောက်သော သူလျှိုများနှင့် ငှက်များက ထန်တပ်ဖွဲ့ကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။

ထိုထန်တပ်ဖွဲ့က သရဲတစ္ဆေအုပ်စုတစ်ခုလို ဖြစ်နေပြီး သတင်းအစအနပင်မရဘဲ ရုတ်တရက် ပေါ်ထွက်လာသည်။

တာ့ခ်တပ်စခန်းထဲတွင် အခြေအနေက တင်းမာနေပြီး ထန်တပ်ဖွဲ့ဆီသို့ ဓားသွားများစွာကို ညွှန်ပြထားသော်လည်း ထိုအရာများက အနက်ရောင်သံချပ်ကာဖြင့် မြင်းသည်တပ်ဖွဲ့ကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။

မိုးကြိုးသံကဲ့သို့ အော်သံတစ်ခုက တပ်စခန်းတစ်ခုလုံးပေါ်တွင် ပဲ့တင်ထပ်သွားသည်။

တာ့ခ်တပ်စခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ခဏအကြာတွင် ထိုအသံက ထပ်မံပြောဆိုလာပြီး တာ့ခ်ဘာသာစကားဖြင့် တူညီသော စကားလုံးများကို ထပ်လောင်းပြောဆိုလိုက်သည်။

ဟူလူဂန်က စကားမပြောရသေးမီတွင် တပ်စခန်း၏ တောင်ဘက်မှ အသံတစ်ခုထွက်ပေါ်လာသည်။

“ဘယ်သူလဲ... ငါ့တာ့ခ်တပ်ဖွဲ့ရှေ့မှာ ဒီလောက်ရဲရဲတင်းတင်း ပြုမူရဲတဲ့သူက ဘယ်သူလဲ...”

စစ်သားများက လမ်းဖွင့်ပေးလိုက်ပြီး ရက်စက်ကြမ်းတမ်းသော စရိုက်ရှိပြီး ခါးတွင် ဓားကြီးတစ်လက်ကို တွဲထားသည့် သန်မာသော တာ့ခ်ဗိုလ်ချုပ်တစ်ဦးကို ထွက်ပေါ်လာစေသည်။

“ဟူလူဂန်က ဘယ်သူလဲ...”

ထန်တပ်ဖွဲ့၏ ခေါင်းဆောင်က မကြားသလို ပြုမူပြီး ထပ်မံ ပြတ်သားစွာ တောင်းဆိုလိုက်သည်။

“ရဲတင်းလွန်းတယ်...”

အာရှီသဲ့က ဒေါသထွက်သွားခဲ့သည်။ တာ့ခ်အနက်ရောင်ဝံပုလွေတပ်ဖွဲ့၏ ရှေ့တန်းခေါင်းဆောင်အနေဖြင့် အာရှီသဲ့က အန်ရှီကျစ်၏ ပေထင်ကာကွယ်ရေးစစ်တပ်နှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးပြီး မည်သည့်တပ်ဖွဲ့မှ သူ့ရှေ့တွင် ထိုမျှရဲတင်းစွာ ပြုမူရဲခြင်း မရှိခဲ့ပေ။ ထို့ပြင် အာရှီသဲ့က ထန်တပ်ဖွဲ့သည် အထင်ကြီးစရာ ဖြစ်နေသော်လည်း ၎င်းတွင် လူလေးရာထက် မပိုနိုင်ကြောင်း တွေ့မြင်နိုင်သည်။

သူ၏လက်အောက်တွင် စစ်သား တစ်သောင်းနှစ်ထောင်ရှိပြီး ၎င်းတို့၏ အင်အားက ထန်တပ်ဖွဲ့၏ အဆသုံးဆယ် ဖြစ်သည်။ သို့သော် ထိုသေးငယ်သော တပ်ဖွဲ့က ထိုမျှ မောက်မာစွာ ပြုမူနေသည်။

အာရှီသဲ့က အချက်ပြလိုက်ပြီး ခဏအကြာတွင် သူနှင့်နီးကပ်နေသော ကင်းစင်္ကြံနှစ်ခုမှ ဝံပုလွေသွားမြားနှစ်စင်းသည် ပျံထွက်လာသည်။

ဤသည်မှာ အနက်ရောင်ဝံပုလွေတပ်ဖွဲ့၏ အထူးတပ်ဖွဲ့ဖြစ်ပြီး အာရှီသဲ့လက်အောက်တွင် တာ့ခ်မြားပစ်သမားများစွာ ရှိသည်။ ထိုဝံပုလွေသွားမြားများက ကြီးမားသော အင်အားနှင့် အမြန်နှုန်းရှိပြီး ပစ်လွှတ်သည့်အခါ အသံထွက်ပေါက်ကွဲသံများဖြစ်ပေါ်ကာ လေထဲတွင် ရှည်လျားသော အဖြူရောင်လမ်းကြောင်းများကို ဖြစ်ပေါ်စေသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့သည် ထန်တပ်ဖွဲ့ခေါင်းဆောင်ထံသို့ ရောက်ရှိသွားသည်။

“ဘုန်း... ဘုန်း...”

သို့သော် ထိုမြားနှစ်စင်းက ထိမှန်မည့်အချိန်မတိုင်မီတွင် မြားနှစ်စင်းသည် တုံ့ပြန်ပစ်လွှတ်လိုက်ပြီး မြားလေးစင်းက လေထဲတွင် ထိမှန်ကာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားသည်။

“အား...”

တာ့ခ်တပ်စခန်းထဲတွင် ထိတ်လန့်အော်သံများ ပေါက်ကွဲထွက်လာပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသူအားလုံး အံ့အားသင့်သွားကြသည်။ အာရှီသဲ့ပင်လျှင် မျက်လုံးများပြူးကျယ်ကာ အံ့အားသင့်သွားသည်။

တာ့ခ်မြားပစ်သမားတစ်ဦးချင်းစီက အထူးလေ့ကျင့်မှုများကို ခံယူထားရပြီး ၎င်းတို့သည် ထူးခြားသော အမြင်အာရုံနှင့် အင်အားရှိသည်။ သို့သော် ညအချိန်တွင် မြားနှစ်စင်း၏ ထိပ်ဖျားကို ပစ်မှတ်ထားနိုင်သည့် စွမ်းရည်က မြားပစ်သမားများပင် မလုပ်နိုင်သည့် စွမ်းဆောင်မှုတစ်ခုဖြစ်သည်။

ဆန့်ကျင်ဘက် မြားပစ်သမားက မြားပစ်နည်းတွင် အံ့အားသင့်ဖွယ် ကျွမ်းကျင်မှုရှိသည်။

“ဘုန်း... ဘုန်း...”

အာရှီသဲ့က တုံ့ပြန်ရန် အချိန်မရသေးမီတွင် ဝံပုလွေသွားမြားများကို ပစ်လွှတ်ခဲ့သော တာ့ခ်မြားပစ်သမားနှစ်ဦးက မြားတစ်စင်းစီ ထိမှန်ခံရပြီး မြားများ၏ ကြီးမားသော အင်အားသည် ၎င်းတို့ကို ကင်းစင်္ကြံများပေါ်မှ ဆွဲယူသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထိုအချိန်တွင် သူတို့က အသက်မဲ့အလောင်းများသာ ဖြစ်နေပြီဖြစ်သည်။

ဝေးကွာသော ထန်တပ်ဖွဲ့ထဲတွင် ထန်မြင်းစစ်သည်နှစ်ဦးသည် သူတို့၏ လေးများကို ပြန်သိမ်းလိုက်ကြသည်။

အာရှီသဲ့သည် မျက်နှာထားဆိုးရွားစွာ မဲ့ရွဲ့လိုက်သည်။

“တုံးအတဲ့ကောင်တွေ...”

သူ၏လက်သီးများက ဆုပ်ကိုင်ထားရင်း ဒေါသထွက်လာသည်။ မည်သူမှ သူ့ရှေ့တွင် ထိုမျှရဲတင်းစွာ ပြုမူရဲခြင်း မရှိခဲ့ပေ။ ထိုထန်လူမျိုးများက တကယ်ပင် အလွန်အမင်း ရဲတင်းလွန်းနေသည်။

“ဟိုဘက်က တာ့ခ်တွေ နားထောင်ကြစမ်း... ငါတို့က မဟာထန်ရဲ့ မျိုးနွယ်ခြားဘုရင်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေပဲ... မင်းတို့တပ်ဖွဲ့ထဲက စစ်သားတွေဟာ မဟာထန်ရဲ့ နယ်စပ်မှာ ရွာတစ်ရွာက လူလေးရာကို သတ်ဖြတ်ခဲ့တယ်... အရှင်မင်းမြတ်က ဒီအကြောင်းကို သိထားပြီး သူတို့ကို အပြစ်ပေးဖို့ ငါတို့ကို စေလွှတ်ခဲ့တယ်... အခုချိန်မှာ ငါတို့က မင်းတို့ကို နှစ်နာရီအချိန်ပေးမယ်... ဟူလူဂန်နဲ့ ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ တာ့ခ်တွေအားလုံးကို လွှဲပေးလိုက်စမ်း...”

“အကယ်လို့ နှစ်နာရီအတွင်း သူတို့ကို မတွေ့ရရင် မင်းတို့အားလုံး ထန်အင်ပါယာရဲ့ ဒေါသတွေကို ခံစားရလိမ့်မယ်...”

ထိုစကားများကို ပြောပြီးနောက် ထန်တပ်ဖွဲ့ခေါင်းဆောင်က လှည့်ပြန်လိုက်ပြီး သူ၏ အနက်ရောင်သံချပ်ကာဖြင့် မြင်းသည်တပ်ဖွဲ့က စည်းကမ်းတကျ ဖွဲ့စည်းထားသော အဆင်သင့်အနေအထားကို ထိန်းသိမ်းရင်း ညအမှောင်ထဲသို့ ပျောက်ကွယ်သွားသည်။

“ရွှတ်...”

လေပြင်းများက 'တဟူးဟူး' မြည်လျက် အနက်ရောင်ဝံပုလွေစစ်အလံများကို လွင့်ယမ်းစေသော်လည်း ဤအချိန်တွင် တပ်စခန်းထဲရှိ လေထုက တိတ်ဆိတ်ပြီး ဖိစီးမှုအပြည့် ဖြစ်နေသည်။

ကောလာဟလက အမှန်တရားအဖြစ် ပြောင်းလဲသွားသည်။ မဟာထန်၏ စစ်နတ်ဘုရားအသစ်က သတ်ဖြတ်ခံရသော ရွာသားများအတွက် တရားမျှတမှုကို ရယူရန် စစ်သားများကို တကယ်ပင် စေလွှတ်ခဲ့သည်။ သူတို့သည် ထိုမျှလောက်သော ကြိုတင်ကာကွယ်မှုများကို ပြုလုပ်ထားခဲ့သော်လည်း ထိုအရာများအားလုံးက အသုံးမဝင်ခဲ့ပေ။

ထိုလူလေးရာပါသော တပ်ဖွဲ့က သူတို့၏ တပ်စခန်းသို့ အမှတ်မထင် ရောက်ရှိလာပြီး သူတို့သခင်၏ သတင်းစကားကို ပေးပို့ခဲ့သည်။

ထိုအခိုက်အတန့်တွင် သူတို့အားလုံးက လေးနက်သော ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

“သခင်...”

တပ်စခန်း၏ မြောက်ဘက်ပိုင်းတွင် ရွာသားများကို သတ်ဖြတ်ခဲ့သော တာ့ခ်မြင်းသည်များက မျက်နှာများ ဖြူဖျော့သွားပြီး ဟူလူဂန်ဘက်သို့ ကြည့်လိုက်ကြသည်။

သူတို့သည် သဲလွန်စတစ်စုံတစ်ရာမျှ မကျန်ရစ်ခဲ့ဘဲ လုပ်ဆောင်ခဲ့သည်ဟု ယုံကြည်ခဲ့ကြပြီး နှစ်နိုင်ငံအကြား ‘ဖော်ရွေသော ဆက်ဆံရေး’ သည် မဟာထန်အား သူတို့ကို ဘာမှမလုပ်နိုင်အောင် ထိန်းသိမ်းထားမည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် ဤမျှတိုတောင်းသော အချိန်အတွင်းမှာပင် မဟာထန်က ထိုအထူးစစ်သားတပ်ဖွဲ့ကို စေလွှတ်နိုင်ခဲ့သည်။

ထို့ပြင် သူတို့ကို ပိုမိုထိတ်လန့်စေသည်မှာ မဟာထန်၏ မြို့တော်တွင် ဝေးကွာနေသော ထိုဘုရင်ဖြစ်သည်။ သဲလွန်စများကို လိုက်လံရှာဖွေပြီး သူတို့၏ တပ်စခန်းသို့ ရောက်ရှိလာနိုင်ခြင်းသည်ပင် အထင်ကြီးစရာဖြစ်ပြီး သူသည် ဟူလူဂန်၏ နာမည်ကိုပင် သိရှိထားသည်။

မေးခွန်းအနည်းငယ် မေးမြန်းပြီးနောက် တပ်စခန်းတစ်ခုလုံးက ထိုကျူးကျော်တပ်ဖွဲ့ငယ်၏ စစ်သားများ၏ နာမည်များကို သိရှိလာသည်။

******

အခန်း ၁၆၀၀: ဘယ်လောက်ဝေးနေပါစေ အပြစ်ပေးမယ် (၃)

“စိတ်အေးအေးထားပါ... ဘာမှမဖြစ်ပါဘူး…”

ဟူလူဂန်က သူ၏စိတ်ကို ထိန်းချုပ်လိုက်သည်။ သူ့စိတ်ထဲတွင် နောင်တတရားများ ဖြစ်ပေါ်နေပြီဖြစ်သည်။ ရိုးရှင်းသော စီးနင်းတိုက်ခိုက်မှုတစ်ခုသာ ဖြစ်သည်ဟု ထင်ထားခဲ့ရာ နှစ်နိုင်ငံအကြား ယခင်စစ်ပွဲများတွင် လူအများအပြား သေဆုံးခဲ့ဖူးသည့်အတွက် ဤသည်ကို သိပ်မထူးခြားဟု ထင်ခဲ့သည်။ သို့သော် ယခုတွင် ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။

ဗိုက်ပြည့်အောင်စားရုံမျှကြောင့် ထိုမျှ ဒုက္ခများဖြစ်ပေါ်လိမ့်မည်ဟုသိခဲ့လျှင် သူက မည်သည့်အခါမှ ထိုသို့လုပ်မိမည် မဟုတ်သော်လည်း ယခုမှ နောင်တရရန် နောက်ကျလွန်းနေပြီ ဖြစ်သည်။

သို့ရာတွင် ဤအခြေအနေတွင်ပင် ဟူလူဂန်က ထိတ်လန့်မနေခဲ့ပေ။

“အားလုံး မထိတ်လန့်ကြနဲ့။ ငါတို့က စခန်းထဲမှာရှိတယ်။ စစ်သား တစ်သောင်းနှစ်ထောင်က ကာကွယ်ပေးထားတယ်။ အဲဒီ ထန်တွေမှာ နတ်ဘုရားတွေရဲ့ ကာကွယ်မှုရှိပြီး လူတစ်ယောက်က လူဆယ်ယောက်ကို ရင်ဆိုင်နိုင်ရင်တောင် ငါတို့ရဲ့ စစ်အင်အားကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ဒီညလွန်ဖို့ပဲ လိုတယ်။ မနက်ဖြန်ရောက်ရင် နောက်တန်းက စစ်တပ်ကိုလွှဲပေးပြီး ချက်ချင်း ထွက်သွားမယ်။ ဒီညအတွက်တော့ ငါ အရှင်အားရှီသယ်ကိုသွားပြီး ကင်းစောင့်တွေကို တိုးမြှင့်ခိုင်းမယ်။ ဘယ်လိုနည်းနဲ့မှ အဲဒီ ထန်တွေ အနားကပ်ခွင့်မပေးနိုင်ဘူး…”

ထိုသို့ပြောပြီးနောက် ဟူလူဂန်က စစ်ဦးစီးအရာရှိ၏ တဲဆီသို့ ခြေလှမ်းကျယ်ကျယ်ဖြင့် ဦးတည်လျှောက်သွားသည်။ သူ၏ မတ်မတ်ရပ်နေသော ကိုယ်ဟန်နှင့် ခိုင်မာသော ခြေလှမ်းများက သူ့လက်အောက်ငယ်သားများကို စိတ်တည်ငြိမ်စေရန် ထိရောက်ခဲ့သည်။

သူ၏အဝတ်အစားများက ချွေးများဖြင့် စိုရွှဲနေသည်ကို မည်သူမျှ သတိမထားမိကြပေ။

အချိန်က တဖြည်းဖြည်း ကုန်လွန်သွားသည်။ တာ့ခ်စစ်စခန်းတစ်ခုလုံးက သတိထားစောင့်ကြည့်နေရင်း တပ်စခန်းတစ်ခုလုံး ခံတပ်တစ်ခုအလား ပြောင်းလဲသွားသည်။ ထန်စစ်တပ်ငယ်လေး ပေါ်ထွက်လာကတည်းက တာ့ခ်များက တစ္ဆေလက်ဖြတ်ခံရသလို တစ်စက္ကန့်မျှပင် အနားမယူခဲ့ကြပေ။ ရန်သူစစ်တပ်က လူပေါင်း ရာဂဏန်းသာ ရှိသည်။

ထိုအချိန်သည် ညမိုးချုပ်ချိန်မှ ညဉ့်နက်အချိန်၊ ဒုတိယစောင့်ကင်းအချိန်၊ တတိယစောင့်ကင်းအချိန်၊ စတုတ္ထစောင့်ကင်းအချိန်သို့ ကုန်လွန်သွားသည်။ သတ်မှတ်ထားသော နာရီက ကြာမြင့်စွာ ကုန်လွန်သွားခဲ့ပြီဖြစ်သော်လည်း မြက်ခင်းလွင်ပြင်သည် တိတ်ဆိတ်နေဆဲဖြစ်ပြီး မြက်ပင်များကို ဖြတ်သန်းလာသော လေတိုက်သံများသာ ကြားနေရသည်။

တာ့ခ်များက မသိလိုက်ခင်မှာပင် မနက်မိုးလင်းခါနီးအချိန်သို့ ရောက်ရှိလာခဲ့ပြီး အရှေ့ဘက်ကောင်းကင်တွင် မိုးသားကလေးများ စတင်လင်းလာရန် မိနစ်သုံးဆယ်သာ လိုတော့သည်။ တစ်ညလုံး စိတ်ဖိစီးမှုနှင့် ဖြတ်သန်းခဲ့ပြီးနောက် ကင်းစောင့်မျှော်စင်ပေါ်ရှိ တာ့ခ်စစ်သားများပင် မျက်ခွံများ လေးလံလာပြီး ပြင်းထန်သော အိပ်ငိုက်မှုကို ခံစားလာရသည်။

သူတို့က စိတ်လှုပ်ရှားနေစဉ်အတွင်း ထိုသို့ မခံစားရခဲ့သော်လည်း ယခု စိတ်ဖိစီးမှုများ လျော့ပါးသွားပြီး ထန်များက ခြိမ်းခြောက်သာဖြစ်ပြီး လက်တွေ့မလုပ်ရဲကြောင်း သိရှိလိုက်ရသည့်အခါ အိပ်ငိုက်မှုက မထိန်းနိုင်သည့်အဆင့်သို့ ရောက်ရှိလာသည်။

သူတို့၏ ယခင်သတိထားမှုများက ယခု ပြင်းထန်သော ပင်ပန်းနွမ်းနယ်မှုဖြင့် အစားထိုးခံလိုက်ရသည်။ ထို့နောက် ရုတ်တရက်...

“ရွှစ်…”

လေထဲတွင် ပြတ်သားသော မြည်သံတစ်ခု ထွက်ပေါ်လာပြီး မြားတစ်စင်းက ကင်းမျှော်စင်ပေါ်ရှိ လေးသမားတစ်ဦးကို ထိုးဖောက်ဝင်ရောက်ကာ သူ့ကို မျှော်စင်ပေါ်မှ လွင့်ထွက်သွားစေသည်။

“ဒိန်း…”

မြေကြီးတစ်ခုလုံး တုန်ခါလာပြီး အမှောင်ထဲမှ အနက်ရောင် ရေလှိုင်းကြီးတစ်ခု ထွက်ပေါ်လာကာ တာ့ခ်စစ်စခန်းဆီသို့ အရှိန်နှင့် ပြေးဝင်လာသည်။

“ရွှတ်... ရွှတ်... ရွှတ်…”

စစ်မြင်းများ အနားသို့ မရောက်ခင်မှာပင် မြားထောင်ပေါင်းများစွာက လေထဲတွင် ဟူးဟူးမြည်ကာ စခန်း၏ မြောက်ဘက်စွန်းသို့ ဦးတည်ပျံသန်းလာသည်။

မြားများက အသားကို ထိုးဖောက်ဝင်ရောက်လာသည်နှင့်အမျှ စခန်း၏ မြောက်ဘက်ပိုင်းမှ အော်ဟစ်သံများနှင့် ဆူညံပွက်လောရိုက်မှုများ ထွက်ပေါ်လာသည်။

“ရန်သူတိုက်ခိုက်လ....…”

တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သော်လည်း စကားတစ်ဝက်မျှသာ ပြောနိုင်လိုက်ပြီး ရုတ်တရက် ရပ်တန့်သွားသည်။

လေးပေခန့်ရှည်သော မြားတစ်စင်းသည် ညအမှောင်ကိုဖြတ်ကာ အော်ဟစ်နေသော တာ့ခ်အရာရှိကို တိကျစွာ ထိုးဖောက်ဝင်ရောက်လိုက်ပြီး သူ၏ သံချပ်ကာကို စက္ကူတစ်ရွက်သဖွယ် ဖောက်ထွင်းသွားသည်။

ထိုမြားများအားလုံးက အလွန်အားကောင်းသော သံချပ်ကာကို ဖောက်နိုင်စွမ်းရှိကြသည်။

“ဘုန်း…”

စခန်းတစ်ခုလုံးက ဆူညံပွက်လောရိုက်နေသည်။ ထန်များက ရုတ်တရက် ညအမှောင်ထဲမှ တိုက်ခိုက်လာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။ ထိုမြားမိုးသည်းထန်စွာ ရွာသွန်းမှုက လူသုံးရာလေးရာခန့်မျှသာ ရှိသော စစ်တပ်တစ်ခုမှ လာသည်မဟုတ်ဘဲ ထောင်ပေါင်းများစွာသော စစ်တပ်ကြီးတစ်ခုမှ ရောက်လာသည်မှာ ထင်ရှားသည်။

“တိုက်ပွဲအတွက် ပြင်ဆင်ကြ…”

မီးပုံများ တောက်လောင်နေသည်ကြားတွင် သံချပ်ကာအပြည့် ဝတ်ဆင်ထားသော လူများစွာက တဲများထဲမှ အလျင်အမြန် ထွက်ပေါ်လာကြသည်။

“ဒိန်း…”

သို့သော် သူတို့ ပြေးထွက်လာစဉ်မှာပင် ထန်လူလေးရာက ၎င်းတို့၏ စစ်မြင်းများဖြင့် သံချပ်ကာများ တဂျွမ်းဂျွမ်းမြည်ကာ အမှောင်ထဲမှ သတ္တဝါဆိုးကြီးများသဖွယ် ထွက်ပေါ်လာပြီး စခန်းထဲသို့ တိုးဝင်လာသည်။

တစ်ညလုံး ကင်းစောင့်နေရသဖြင့် အိပ်ငိုက်နေသော စစ်သားတစ်သောင်းနှစ်ထောင်ရှိသည့် စခန်းက လုံးဝ ပြင်ဆင်မထားခဲ့ပေ။

အလင်းတန်းတစ်ခု ဖြတ်သွားပြီးနောက် တဲထဲမှ အလျင်အမြန် ထွက်လာသော တာ့ခ်စစ်သားတစ်ဦးက နှစ်ပိုင်းကွဲသွားသည်။

မီးတောက်များကြားတွင် ထန်မြင်းသည်လူများက ပြင်းထန်သော မြားပုံစံဖွဲ့စည်းမှုကို ဖွဲ့စည်းပြီး စခန်း၏ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ၎င်းတို့လမ်းတွင် ရှိသော စစ်သားများကို ခုတ်ထစ်ဖြတ်တောက်လိုက်သည်။

“ခွပ်...ခွပ်...ခွပ်…”

မြင်းများ၏ ခြေဖဝါးအောက်ရှိ သံခွာများက တချင်းချင်းမြည်ကာ အားလုံးက ထပ်တူကျပြီး ကြီးမားသော ဖွဲ့စည်းမှုတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။

သူတို့သွားရာနေရာတိုင်းတွင် တာ့ခ်မြင်းသည်လူများက မြက်ပင်များသဖွယ် ခုတ်ထစ်ခံရပြီး အတောင့်လိုက် မြေပေါ်တွင် ပြန့်ကျဲကြသည်။

“ခွပ်…”

စစ်မြင်းတစ်ကောင်က မီးပုံကြီးတစ်ခုကို ရုတ်တရက် ကန်ထုတ်လိုက်ရာ မီးပွားများ လွင့်ထွက်သွားပြီး တဲအများအပြားကို ချက်ချင်း မီးလောင်စေသည်။

မီးတောက်များက တိမ်ထိပ်သို့ တဟုန်ထိုး တက်သွားသည်။

“ဒီလိုဖြစ်နိုင်မှာလား… ငါတို့မှာ စစ်သားတစ်သောင်းနှစ်ထောင်ရှိတယ်… အဲဒီ ထန်တွေက ဘယ်လိုလုပ်ပြီး ငါတို့စခန်းကို စီးနင်းရဲတာလဲ…”

“သူတို့က တကယ်တိုက်ခိုက်လာတယ်။ ဒီကောင်တွေ တကယ်ပဲ သူတို့ပြောတဲ့အတိုင်း လုပ်လိုက်ကြတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ပြီး သူတို့ရဲရဲဝံ့ဝံ့ လုပ်ရဲတာလဲ…”

“အရူးတွေ… သူတို့အားလုံး အရူးတွေပဲ…”

စခန်းတစ်ခုလုံးမှ အော်ဟစ်သံများနှင့် ဆူညံသံများက တာ့ခ်စစ်သားတိုင်းကို ကြီးမားသော ထိတ်လန့်မှုကို ခံစားရစေသည်။

သူတို့၏ အထက်အရာရှိများက ထန်တိုက်ခိုက်မှုကို သတိထားရန် အမိန့်ပေးခဲ့သော်လည်း မည်သူမျှ ထိုသို့ ဖြစ်လာလိမ့်မည်ဟု အမှန်တကယ် ယုံကြည်မထားခဲ့ကြပေ။ လူလေးရာသာ ရှိသော စစ်တပ်တစ်ခုက တစ်သောင်းနှစ်ထောင်ကို တိုက်ခိုက်ခြင်းသည် အမှန်တော့ သေကြောင်းကြံစည်မှုပင်ဖြစ်သည်။

သို့သော် သူတို့က မည်သည့်အခါမှ မဖြစ်နိုင်ဟု ထင်ခဲ့သောအရာသည် ယခု တကယ်ဖြစ်ပေါ်နေသည်။

“မကြောက်ကြနဲ့… ထန်က လူလေးရာပဲရှိတယ်… အားလုံး ငါ့နောက်မှာ စုစည်းပြီး သူတို့ကို အတူတူ သတ်ပစ်ကြမယ်…”

ကြမ်းတမ်းပြီး ရိုင်းစိုင်းသော အသံတစ်ခုက မြည်ဟည်း ထွက်ပေါ်လာသည်။ ဤသည်မှာ အနက်ရောင်ဝံပုလွေစစ်တပ်၏ ရှေ့တန်းဖြစ်ပြီး ၎င်းတွင် ရဲရင့်ပြီး သတ္တိရှိသူများ ပြတ်လပ်မှု မရှိပေ။

မျက်စိတမှိတ်အတွင်းမှာပင် ကိုယ်လုံးကိုယ်ထည်ကြီးမားပြီး တင့်တယ်သော အမျိုးသားတစ်ဦးက သူ၏ တဲထဲမှ ထွက်ပေါ်လာသည်။

သူ၏ ပြင်းထန်သော အသံသည် ဆူညံပွက်လောရိုက်နေသော အခြေအနေကို အနည်းငယ်မျှ တည်ငြိမ်စေနိုင်ခဲ့သည်။

“ဖောက်... ဘမ်း...”

သို့သော် ခဏအကြာတွင် လက်မအရွယ်ရှိသော ပြတ်သားသည့် မြားတစ်စင်းက သူ၏နဖူးအလယ်ဗဟိုကို ဖောက်ထွင်းဝင်ရောက်လိုက်သည်။ မြားသည် သူ၏ ခန္ဓာကိုယ်ကို ဆယ်မီတာခန့် ဆွဲယူသွားပြီး သူ၏ဦးနှောက်များက ပေါက်ထွက်သွားပြီး မြေပေါ်တွင် ဖျန်းထွက်သွားစေသည်။

တာ့ခ်အရာရှိက မျက်လုံးများ ပြူးကျယ်လျက် ပြိုလဲသွားသည်နှင့်အမျှ ကျန်ရစ်သူအားလုံး ထိတ်လန့်တကြား ဖြူဖျော့သွားကြသည်။

အမှောင်ထဲမှ မြင်းဟီသံများ ထွက်ပေါ်လာသည်။

မည်သူမျှ မတုံ့ပြန်နိုင်ခင်မှာပင် ကြွက်သားများ ထူထပ်ပြီး အနက်ရောင်သံချပ်ကာဖြင့် ဖုံးလွှမ်းထားသော အနက်ရောင်စစ်မြင်းတစ်ကောင်က ရှေးခေတ်မှ သတ္တဝါဆိုးကြီးတစ်ကောင်သဖွယ် အရှိန်နှင့် ပြေးထွက်လာသည်။

၎င်းပေါ်တွင် စီးနင်းနေသော ထန်မြင်းစစ်သည်လူက အေးစက်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

“ပြေးကြ…”

တာ့ခ်စစ်သားများ၏သတ္တိက နောက်ဆုံးတွင် ပြိုကွဲသွားပြီး ထိတ်လန့်ကာ ပြန့်ကျဲထွက်ပြေးသွားကြသည်။ မကြာမီမှာပင် မီးတောက်များနှင့် သေဆုံးသူများ၏ အော်ဟစ်သံများက စခန်းတစ်ခုလုံးကို ထပ်မံဖြည့်စွမ်းလိုက်သည်။

“ဒီကောင်တွေ… အဲဒီထန်စစ်သားတွေ ဘယ်မှာလဲ…”

ထိုအချိန်တွင် အလင်းတန်းတစ်ခုဖြတ်ပြီးနောက် မျက်နှာဖြူဖျော့နေသော အားရှီသယ်သည် စစ်ဦးစီးအရာရှိ၏ တဲထဲမှ ထွက်ပေါ်လာသည်။

သူ၏လက်သီးများကို ဒေါသတကြီး ဆုပ်ထားသည်။

လူလေးရာသာရှိသော စစ်တပ်ငယ်လေးတစ်ခုက တစ်သောင်းကျော်သော သူ၏ စစ်တပ်ကို ထိုမျှ ရဲရဲဝံ့ဝံ့ တိုက်ခိုက်လာခြင်းက ရိုးရိုးသားသား မဖြစ်နိုင်သည့်ကိစ္စဖြစ်သော်လည်း ထိုမဖြစ်နိုင်သည့်အရာက သူ၏ မျက်စိရှေ့တွင် ဖြစ်ပေါ်နေသည်။

“အရှင်… သူတို့က ရုတ်တရက် ညအမှောင်ထဲမှာ တိုက်ခိုက်လာတာမို့ အခုချိန်မှာ သူတို့ ဘယ်မှာရှိလဲဆိုတာ မသိရသေးပါဘူး…”

“မဖြစ်နိုင်ဘူး… မြင်းသံတွေ ကြားတဲ့နေရာကို သွားကြစမ်း…”

အားရှီသယ်သည် အစီရင်ခံလာသော ကင်းစောင့်ကို ကန်ထုတ်လိုက်ပြီး မြောက်ဘက်တွင် တောက်လောင်နေသော မီးတောက်များဆီသို့ လှည့်ကြည့်လိုက်သည်။

“အထူးစစ်သား သုံးထောင်ကို ချက်ချင်း မီးလောင်နေတဲ့ နေရာဆီ ပို့လိုက်… အဲဒီ ထန်တွေကို တစ်ယောက်မှ အသက်ရှင်ကျန်ရစ်ခွင့် မပြုနဲ့…”

အားရှီသယ်က အရှေ့မြောက်ဘက်ထောင့်ကို ညွှန်ပြလိုက်ပြီး သူ၏အမိန့်ဖြင့် စစ်သားသုံးထောင်က မြင်းများဖြင့် အရှိန်နှင့် ထွက်သွားသည်။

စစ်တပ်၏ စုစုပေါင်းဦးစီးအရာရှိအနေဖြင့် အားရှီသယ်တွင် သူ့ကို အချိန်မရွေး ကာကွယ်ပေးသော အထူးစစ်သားရာပေါင်းများစွာ ရှိသည်။ ဤသည်မှာ စည်းကမ်းပြည့်ဝပြီး အားကောင်းသော စစ်တပ်တစ်ခုဖြစ်ပြီး စစ်သားတစ်ဦးစီသည် သံမဏိစိတ်ဓာတ်ဖြင့် ပြည့်စုံသည်။

ဤရုတ်တရက် အမှောင်ထဲမှ တိုက်ခိုက်မှုသည် ၎င်းတို့၏ စိတ်ဓာတ်အပေါ် မည်သည့်သက်ရောက်မှုမျှ မရှိခဲ့ပေ။

မြင်းများက အော်ဟစ်စွာ ထွက်သွားသော်လည်း မကြာမီမှာပင် ၎င်းတို့က ပြန်လည်ပြေးဝင်လာပြီး အားရှီသယ်၏ ယရှေ့တွင် ပြန်လည်ပေါ်ထွက်လာသည်။

“အရှင်… အရှေ့မြောက်ဘက်ထောင့်မှာ ထန်တွေ မရှိပါဘူး…”

အားရှီသယ်က အံ့အားသင့်သွားသည်။

“ဒီလိုဖြစ်နိုင်မှာလား…”

ဤသည်မှာ အားရှီသယ်၏ ပထမဆုံး တုံ့ပြန်မှုဖြစ်သော်လည်း မကြာမီမှာပင် နောက်ထပ် မီးတစ်ခုသည် အနောက်မြောက်ဘက်တွင် စတင်လောင်ကျွမ်းလာသည်ကို သတိပြုမိသည်။

အားရှီသယ်သည် တွန့်ဆုတ်မနေဘဲ သူ၏လူများကို အနောက်မြောက်ဘက်သို့ ပို့လွှတ်လိုက်သည်။

“အရှင်… အနောက်မြောက်ဘက်မှာလည်း ထန်စစ်တပ်ရဲ့ အရိပ်အယောင်မရှိပါဘူး…”

အားရှီသယ်၏ မျှော်လင့်ချက်များက ထပ်မံပြိုလဲသွားသည်။ သူသည် ဖြစ်နိုင်ခြေရှိသော ပြဿနာနေရာများသို့ သူ၏စစ်တပ်များကို ဆက်လက်ပို့လွှတ်ခဲ့သော်လည်း၊ သူ၏ လူများက ထန်များ၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့ခဲ့ကြပေ။

အားရှီသယ်သည် လျင်မြန်စွာ စိတ်တည်ငြိမ်မှုကို ဆုံးရှုံးလာသည်။

“ဒီလိုဖြစ်နိုင်မှာလား…”

အားရှီသယ်သည် ယခင်က မကြုံဖူးသည့်အတိုင်း အံ့အားသင့်သွားသည်။ စခန်းတစ်ခုလုံးက တိုက်ခိုက်မှုသံများနှင့် မီးတောက်များဖြင့် မြည်ဟည်းနေသော်လည်း သူပို့လွှတ်ခဲ့သော စစ်သားများက ရန်သူ၏အရိပ်အယောင်ကို လုံးဝရှာမတွေ့ခဲ့ကြပေ။

ဤသည်မှာ မိုးသားကလေးများ မလင်းမီတွင် တစ်နေ့တာ၏ အနက်ရှိုင်းဆုံးအချိန် ဖြစ်သည်။ ထန်များသည် တာ့ခ်များနှင့် ရောယှက်နေပြီး သူတို့၏ မြင်းသံများသည် တူညီစွာ မြည်ဟည်းနေသည်။

အားရှီသယ်၏ စွမ်းအင်ကျင့်စဉ်အဆင့်ရှိသူတစ်ဦးပင်လျှင် ထိုအသံများကို ခွဲခြားရန် ခက်ခဲလှသည်။

အမှောင်ထဲသို့ စူးစိုက်ကြည့်လိုက်ရင်း သူက အနည်းငယ်မျှ စိတ်ရှုပ်ထွေးမှုကို မခံစားဘဲ မနေနိုင်ခဲ့ပေ။

All Chapters