ဓားပြများ ဝင်ရောက်သောင်းကျန်းသည့်နှယ်
Vol. 33 Ch. 486
ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်သည် ယခုကဲ့သို့ ထူးဆန်းသည့် အဖြစ်အပျက်မျိုးကို ဘယ်တုန်းကမှ ကြုံတွေ့ခဲ့ဖူးခြင်း မရှိပါ။ ထို့ကြောင့် ခဏတာအတွင်း အလောတလျင် ပြုမူရဲခြင်းမရှိ ဖြစ်နေ၏။ သူသည် အဖြူရောင်အလင်းတစ်ခုအား ဖြန့်ကျက်ထားပြီး သတိအပြည့်ဖြင့် ရှိနေ၏။
ဖီးနစ်မီးတောက်၊ မိုးကြိုးနှင့် ဓားအလင်းတို့က အရပ်မျက်နှာ အားလုံးတို့ဆီမှ ဝင်ရောက်တိုက်ခိုက်ကြသည်။
ထို့အပြင် ထူးဆန်းသည့် စွမ်းအားတစ်ခုက သူ့ကိုချည်နှောင်ချင်သည် ထင်၏။ သူရပ်တန့်နေသည့် နေရာကိုပင် ထိန်းချုပ်လိုလေသည်။
ထိုကဲ့သို့သော ထူးခြားကာ အမျိုးအမည်သိရှိခြင်း မရှိသည့် အန္တရာယ်သည် ဂိုဏ်းချုပ်၏နှလုံးသားကို လေးလံလာစေခဲ့သည်။ အဆိုးဆုံးမှာ သူသည် အပြင်ဘက်ရှိ အခြေအနေအား အာရုံခံနိုင်ခြင်းမရှိ ဖြစ်နေ၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းသည် မည်ကဲ့သို့ ဖြစ်ပျက်နေမည်အား သိရှိနိုင်ခြင်း မရှိပေ။
သို့ရာတွင် ရန်သူကတော့ သူ၏အခြေအနေကို ကောင်းကောင်းမြင်တွေ့နေမှာ ဖြစ်သည်။
ပြတ်သားစွာ ဆုံးဖြတ်ချက်ချပြီးနောက် သူသည် မိခင်နှင့်ကလေး ပုတီးလုံးကိုထုတ်ကာ ချေလိုက်သည်။ကျောက်စိမ်းနတ်ဘုရားဂိုဏ်းသည် အန္တရာယ်အတွင်းသို့ ကျရောက်နေပြီး အကူအညီခေါ်ရန် လိုအပ်၏။ မဟာအကြီးအကဲနှင့် အခြားလူများအားလုံး အမြန်ဆုံးပြန်လာရပေမည်။
ယခုအချိန်၌ ဂိုဏ်းတစ်ခုလုံးသည် ဖရိုဖရဲဖြစ်နေ၏။ ကြီးမားသည့် ရွှေရောင်နဂါးကြီးက မာန်ဖီကာ ထည်ဝါသည့် နဂါးကြီးမြတ်မှုက သက်ဆင်းလာခဲ့သည်။
ခေါင်းဆောင်နှင့် တပည့်အားလုံးတို့ ထိတ်လန့်သွားကြပြီး မျက်နှာများ ဖြူရော်လာကြ၏။ အချို့ဆိုလျှင် မြေပြင်ပေါ်၌ လေးဘက်ထောက်ကာ အထိန်းအချုပ်ကင်းမဲ့စွာ တုန်ခါနေပါသည်။
ယွိကောင်းနှင့် အခြားလူများက ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တိုက်ခိုက်နေစဉ် ရွှီယန်၊ မုန့်ချုံနှင့် ဖန်းဟောင်တို့က ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ခေါင်းဆောင်ငယ်များအဖြစ် အသွင်ပြောင်းကာ အခွင့်အရေးရှာပြီး ခိုးဝင်လာကြခြင်း ဖြစ်သည်။
ပြီးနောက် အဓိကခန်းမ၏ အပြင်ဘက်၌ အခင်းအကျင်းကို ဖန်တီး၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က ခန်းမအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် သူတို့သည် ချက်ချင်းပင် အခင်းအကျင်းကို အသက်သွင်းကာ တစ်ဖက်လူအား အတွင်းထဲတွင် ပိတ်မိစေလိုက်သည်။
"ဂျူနီယာညီလေး... ဒီနေရာကို မင်းနဲ့ထားခဲ့မယ်... ငါနဲ့ဒုတိယအကို ရတနာတိုက်ဆီကို သွားကြမယ်.."
ရွှီယန်က လက်ဝါးချက်တစ်ချက်ကို ရိုက်ထုတ်လိုက်ပြီးနောက် ရွှေရောင်နဂါးကြီးက ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ခေါင်းဆောင်များနှင့် တပည့်သားများဆီသို့ ပြေးဝင်သွားသည်။
နဂါးကြီးမြတ်မှု၏ ဖိအားအောက်တွင် ထိုလူများအားလုံးသည် ဝိဉာဉ်လွင့်မတတ် ကြောက်သွားကြ၏။ သူတို့တွင် ခုခံရန်အတွက် မည်သည့်နေရာ၌ စွမ်းအားတို့ ရှိနိုင်မည်နည်း။
ဒီဗိုင်းဝိဉာဉ်၏ ကြီးမြတ်မှုက နှလုံးသားကို ဖိနှိပ့်ထားသည့် ဟန်ရသည်။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို ခုခံရန် မည်ကဲ့သို့ တတ်စွမ်းနိုင်မည်နည်း။
သူတို့၏ခွန်အားလေးနှင့် စွမ်းအားကြီးမားသည့် တစ်ဖက်ရန်သူကို အရူးဆန်စွာ တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ဂိုဏ်းချုပ် သို့မဟုတ် အကြီးအကဲများသာ ရင်ဆိုင်နိုင်၏။
အချိန်မှာ ကျဥ်းကြပ်လှ၏။ ဖန်းဟောင်၏ အခင်းအကျင်းသည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်အား အချိန်ကြာရှည်စွာ တားဆီးထားနိုင်မည်မဟုတ်ပေ။
ရုတ်တရက် အခင်းအကျင်းအတွင်းသို့ ကျရောက်သွားမှုကြောင့် အစပိုင်းတွင် တစ်ဖက်လူသည် သတိကြီးနေမှာဖြစ်ပြီး အလောတလျှင် တိုက်ခိုက်သည်ထက် ခုခံခြင်းကိုသာ ပြုလုပ်နေမှာ ဖြစ်ပေမယ့် အချိန်ကြာလာသည်နှင့်အမျှ ပိတ်လှောင်ထားခြင်း ခံထားရသည်သာဖြစ်ကြောင်းကို နားလည်လာမှာပါ။ ထိုအခါ အတင်းတိုက်ခိုက်ပြီး အခင်းအကျင်းကို ချိုးဖျက်မှာဖြစ်၏။
ဘာပဲဖြစ်ဖြစ် ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်သည် အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်သည်။ နှောင်းပိုင်းသို့ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့၏။ ထို့အပြင် တစ်ဖက်လူသည် မိခင်နှင့်ကလေး ပုတီးလုံးကိုခွဲခြေကာ အကူအညီခေါ်ပြီး ဖြစ်ပေလိမ့်မည်။
သူတို့၏ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းသို့ ရောက်ရှိလာမှုသည် သတ်ဖြတ်ရန် မဟုတ်ပါ။ ရတနာတိုက်ကို လုယက်ရန်သာ ဖြစ်၏။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ရတနာတိုက်တွင် အစောင့်များ တင်းကြပ်စွာ စောင့်ကြပ်နေ၏။ ရွှီယန်နှင့်မုန့်ချုံတို့သည် ထိုနေရာအား လျှင်မြန်စွာ ရှာတွေ့သွားကြသည်။
"ဘုန်း.."
ယခုကဲ့သို့ စွမ်းအားကြီးရန်သူများနှင့် ကြုံတွေ့ရသည့်အချိန်တွင်ပင် ရတနာတိုက်၌ စောင့်ကြပ်နေသည့် အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ရှိနေ၏။
ယွီကျိုး၏ နံပါတ်တစ်ဂိုဏ်းဖြစ်သည့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းတွင် အံ့သြစရာကောင်းသည့် စိတ်ဝိဉာဉ်သန့်စေခြင်းအဆင့် ကောင်းကင်လူသား အရေအတွက်တစ်ခု ပိုင်ဆိုင်ထားသည်။
"သေစမ်း.."
မျက်စိတမှိတ်အတွင်းတွင် မုန့်ချုံက ၁၈ပေမြင့်မားသည့် လူ့ဘီလူးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ဆေဘာဖြင့် ခုတ်ပိုင်းလိုက်၏။
ရွှီယန်ကလည်း ဓားသိုင်းကိုဖော်ထုတ်ကာ လျှပ်တပြက်လေ သုတ်သင်ခြင်းဓားကွက်ကို ထုတ်လွှတ်လိုက်သည်။
စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်နှစ်ယောက်က ဒီဗိုင်းဝိဉာဉ်အား ချိန်ရွယ်တိုက်ခိုက်လာရာ အစောင့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားသည် စူးရဲစွာ အော်ဟစ်ပြီးနောက် ဝိဉာဉ်တစ်ခုလုံး ပြိုလဲပြီး နေရာမှာတင် သတ်ဖြတ်ခံခဲ့ရ၏။
"အုန်း.."
ရတနာတိုက်ကို ဖောက်ခွဲကာ ဖွင့်ပစ်လိုက်သည်။
"ဒါကတကယ့်ကို ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရဲ့ ရတနာတိုက်ပဲ.."
ရွှီယန်သည် နက်ရှိုင်းစွာ အံ့သြသွား၏။ အဓိကရတနာတိုက် မဟုတ်လျှင်တောင် အတွင်းထဲရှိ ရတနာများသည် သိုက်မိသားစုတုန်းကထက် များစွာ ပိုမိုကျော်လွန်၏။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်းသည် ယွီကျိုး၏ နံပါတ်တစ်ဂိုဏ်းတစ်ခု ပီသလှပါသည်။
ဗူးတစ်ခုထွက်ပေါ်လာ၏။ ရွှီယန်၏ ဒီဗိုင်းအသိလှုပ်ရှားမှုနှင့်အတူ လျှပ်တပြက်အတွင်း ရတနာတိုက်အတွင်းရှိ ရတနာများသည် ဗူးအတွင်းသို့ ဝင်ရောက်သွားကြ၏။
ထိုဗူးကို ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ရတနာတိုက်အား အပြောင်ရှင်းရန်အတွက် အထူးပြုလုပ်ထားခြင်းဖြစ်၏။ အတွင်းထဲတွင် ကြီးမားသည့် လေဟာနယ်ရှိကာ ပစ္စည်းများကို စုပ်ယူနိုင်သည်။ ဒီဗိုင်းအသိအား တစ်ချက် ဖြန့်ကျက်လိုက်သည်နှင့် အချိန်တိုအတွင်းတွင် ရတနာအားလုံးတို့ကို စုပ်ယူနိုင်၏။
"ဟန်... ဒီမှာနောက်ထပ် လျှို့ဝှက်ရတနာတိုက်တစ်ခု ရှိပုံပဲ.."
မုန့်ချုံသည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းတောင်၏ အနောက်ဘက် အဓိကနေရာတစ်ခုတွင် မူမမှန်မှုကို ရုတ်တရက် ရှာဖွေတွေ့ရှိလိုက်သည်။ လက်သီးချက်ဖြင့် ထိုးလိုက်၏။ ထိုလက်သီးချက်တွင် သူသည် ခွန်အားကို ထိန်းချုပ်ထားပြီး အင်အားအတော်အသင့်သာ ပါရှိသည်။
ချက်ချင်းပင် မြေပြင်က ပွင့်ထွက်သွားပြီး ရတနာတိုက်တံခါးတစ်ခု ပေါ်လာ၏။ ရွှီယန်က အလျှင်အမြန် ဝင်သွားပြီးဖြစ်ကာ ဓားချက်ဖြင့် တံခါးကိုဖျက်ဆီးလိုက်သည်။
"ဒါက အဓိကရတနာတိုက်တွေထဲက တစ်ခုလား.."
နှစ်ယောက်စလုံးသည် ကြီးစွာ စိတ်လှုပ်ရှားလာကြ၏။ ဒီလျှို့ဝှက်ရတနာတိုက်အတွင်းရှိ ရတနာများသည် အများအားဖြင့် အဖိုးထိုက်တန်သည့် စိတ်ဝိဉာဉ်ဆေးပင်များဖြစ်ကြ၏။
ဘာပဲဖြစ်ဖြစ် သိုလှောင်အိတ်များသည် သိုလှောင်လက်စွပ်လောက် ကောင်းမွန်ခြင်းမရှိပေ။ တောင်မြိုဖားကို အခြေခံကာ ပြုလုပ်ထားခြင်းသာ ဖြစ်၏။ အတွင်းထဲတွင် စိတ်ဝိဉာဉ်ဆေးပင်များကို ထည့်ထားပါက ဆေးစွမ်းအားတို့ ဆုံးရှုံးနိုင်သည့် အခွင့်အရေးရှိသည်။
ထို့ကြောင့် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများသည် စိတ်ဝိဉာဉ်ဆေးပင်များကို သိုလှောင်အိတ်အတွင်းတွင် အချိန်အတော်ကြာအောင် ထားမည့်အစား ရတနာတိုက်များကို ပြုလုပ်ကာ သိမ်းထားလေ့ရှိ၏။
သိုလှောင်ဗူးက လွင့်ပျံလာပြီး ဒီဗိုင်းအသိတစ်ခု ဖြတ်သန်းသွားသည်။ အရာအားလုံးသည် ဗူးအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရ၏။
ရွှီယန်နှင့်မုန့်ချုံတို့သည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းအတွင်းတွင် အသဲအသန် စတင် လုယက်ကြ၏။ မြင်မြင်သမျှ စိတ်ဝိဉာဉ်ဆေးပင် အားလုံးတို့ကို အကုန်အစင်ယူငင်သည်။
သူတို့သည် ရတနာတိုက်နေရာဟု ယူဆရသည့် နေရာတိုင်းအား လက်သီးချက်ဖြင့် ထိုးခွဲကြ၏။ အချိန်တိုအတွင်းတွင် ဂိုဏ်းတစ်ခုလုံး ဖရိုဖရဲဖြစ်ကုန်ပြီး ဓားပြများ ဝင်ရောက်သောင်းကျန်းသည့်နှယ် ရှိနေတော့သည်။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ ခေါင်းဆောင်နှင့် တပည့်များအားလုံးမှာ အကြောက်တရားဖြင့် တုန်ခါနေပြီး နှလုံးသားထဲတွင် ကျိန်ဆဲနေကြ၏။
ဂိုဏ်းချုပ်သည် မည်သည်တို့ လုပ်နေသနည်း။ အဘယ်ကြောင့် အသုံးမကျရသနည်း။ ယခုအချိန်အထိ မည်သည့်လှုပ်ရှားမှုမှ မပြုသေးပေ။
ထို့အပြင် အကြီးအကဲများ အားလုံးသည်လည်း အရူးတွေလေလား။ ရန်သူများ၏ မြားခေါ်ခြင်းကို ခံသွားရပြီး ဂိုဏ်းရှိအန္တရာယ်ကို မသိကြပေဘူးလား။
"မင်းတို့ရဲ့ သိုလှောင်အိတ်တွေအားလုံး အခုချက်ချင်းပေး။ မဟုတ်ရင် အသတ်ခံရမယ်.."
ရွှီယန်က လက်ကိုမြှောက်ကာ ရိုက်ထုတ်လိုက်သည်။ ရွှေရောင်နဂါးကြီး၁၈ကောင်တို့ ကောင်းကင်တွင် ရစ်ဝဲလာခဲ့၏။ ကြီးစိုးလှသည့် နဂါးကြီးမြတ်မှုဖြင့် အောက်ရှိလူများကို ခေါင်းငုံ့ကြည့်သည်။
"ဒါက ကျောက်စိမ်းနတ်ဘုရားဂိုဏ်းပဲ... မင်းလိုကောင်..."
ခေါင်းဆောင်တစ်ယောက်က သတ္တိခဲကာ အော်ဟစ်ခြိမ်းခြောက်ရန် ကြိုးစား၏။
"ဘုန်း.."
နဂါးအမြှီးက ရိုက်နှက်လာပြီး သူသည် ချက်ချင်းပင် သုတ်သင်ခံလိုက်ရသည်။
ဂိုဏ်းတစ်ခုလုံး မွှေနှောက်ခြင်း ခံခဲ့ရပြီးသည့်တိုင်အောင် ခြိမ်းခြောက်ချင်နေသေး၏။ ထိုကဲ့သို့သော အရူးမျိုးအား အသက်ရှင်ခွင့်ပေးထားရန် မလိုပေ။
"အိတ်တွေကို ပေးရင်ပေး.. မပေးရင်သေရမယ်.."
ရွှေရောင်နဂါးကြီးသည် လေထဲမှသက်ဆင်းလာပြီး ၎င်း၏မျက်လုံးများက တောက်ပစွာ လင်းလက်နေ၏။ ကမ္ဘာမြေပေါ်သို့ စစ်မှန်သည့် နဂါးတစ်ကောင် သက်ဆင်းလာသည့်ဟန် ရှိသည်။
"သိုလှောင်အိတ်တွေကို ပေးရင်ပေး.. မဟုတ်ရင် သေရမယ်.."