ဓားပြများဝင်ရောက်သောင်းကျန်းသည့်နှယ် (၂)
Vol. 33 Ch. 487
မုန့်ချုံ၏ ဒီဗိုင်းချပ်ဝတ်ကို ဝတ်ဆင်ထားသည့် ဧရာမအသွင်သည် ကောင်းကင်နတ်ဘုရားတစ်ပါးနှယ် ရှိ၏။
ဆေဘာဓားကြီးကို ဝှေ့ရမ်းလိုက်ချိန်၌ ဓားမော့အလင်းက ခေါင်းဆောင်နှင့် တပည့်များ၏ ဦးခေါင်းထက်တွင် ရစ်ဝဲနေပြီး အချိန်မရွေး သုတ်သင်သွားတော့မည့်နှယ် ရှိသည်။
"ပေးပါမယ်... ကျွန်တော်တို့ရဲ့ အသက်တွေကို ချမ်းသာပေးပါ.."
ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ခေါင်းဆောင်များနှင့် တပည့်များ၏ မျက်နှာများသည် တစ္ဆေမြင်သကဲ့သို့ ဖြူရော်သွားကြပြီး သိုလှောင်အိတ်များကိုထုတ်ကာ ရှေ့တွင် ဖြန့်ထားကြသည်။ ဘာပဲဖြစ်ဖြစ် အသက်မှာ အရေးကြီးဆုံးဖြစ်၏။
ရွှေရောင်နဂါးကြီးက ဖြတ်သန်းသွားပြီး သိုလှောင်အိတ်အားလုံးတို့ကို ယူငင်သွားသည်။
"ဘုန်း.."
ထိုအချိန်၌ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ အဓိကခန်းမနေရာရှိ အခင်းအကျင်းကြီးမှာ စတင်လှုပ်ခါလာပြီဖြစ်၏။ ဂိုဏ်းချုပ်သည် အခင်းအကျင်းကို အားကုန်တိုက်ခိုက်ကာ အမြန်ချိုးဖြတ်ရန် ရည်ရွယ်လေသည်။
ဆက်သွယ်ရေးအဆောင်မှ စာတစ်ခုလည်း ရောက်ရှိလာ၏။
ကျူ့လျန်နှင့် အကြီးအကဲအုပ်စုသည် ဂိုဏ်းဆီသို့ အမြန်ပြန်လာနေကြပြီ ဖြစ်သည်။
"ဂျူနီယာညီလေး... သွားကြစို့.."
ရွှီယန်နှင့်မုန့်ချုံတို့သည် ချက်ချင်းပင် ဖန်းဟောင်၏နံဘေး၌ ပေါ်လာကြ၏။
ဒီအချိန်၌ ဖန်းဟောင်သည် အခင်းအကျင်းကို အသဲအသန်ထိန်းချုပ်ကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ဆန်းကြယ်အခင်းအကျင်းကို အသုံးပြုပြီး ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ကို အတွင်းထဲတွင် အကောင်းဆုံး ပိတ်လှောင်ထား၏။
"လာခဲ့.."
ဖန်းဟောင်၏ ဒီဗိုင်းအသိ ဖြတ်သန်းမှုနှင့်အတူ အခင်းအကျင်းပစ္စည်းများသည် ပျံသန်းလာပြီး လက်နက်သေတ္တာအတွင်းသို့ တစ်ခုပြီးတစ်ခု ကျဆင်းသွား၏။
ထိုအချိန်၌ ရွှီယန်နှင့်မုန့်ချုံတို့က ပြည့်စုံစွာ ပေါ်လာသေးခြင်းမရှိသည့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ် ခန္ဓာကိုယ်ကို ပြိုင်တူ တိုက်ခိုက်လိုက်သည်။
တိုက်ခိုက်မှုအပြီးတွင် သုံးယောက်သား တစ်ခါတည်းထွက်ခွာခဲ့ကြ၏။ လျှပ်တပြက်အတွင်း ကောင်းကင်၌ ပျောက်ကွယ်သွားသည်။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က ဒေါသတကြီးဖြင့် အော်ဟစ်၏။ တိုက်ခိုက်မှုကို ခုခံပြီးနောက် မြူများလည်း ပြိုကွဲကုန်ကြသည်။
ဒီဗိုင်းဝိဉာဉ်၏ စွမ်းအားက မြင့်တက်လာကာ ပတ်ဝန်းကျင်ကို ဖြန့်ကျက်ကြည့်ရှု့ပြီးနောက် ချက်ချင်းပင် မှင်သက်သွား၏။
"ဂါး.."
ဂိုဏ်းတစ်ခုလုံး၌ ဒေါသတကြီး အော်သံတစ်ခု ပဲ့တင်ထပ်သွားသည်။
"ဘယ်ကောင်... ဘယ်ကောင်တွေလဲ.."
ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်သည် လေထဲတွင်ရပ်ကာ ဂိုဏ်းတစ်ခုလုံးကို ခေါင်းငုံ့ကြည့်၏။
နေရာတိုင်းတွင် အပျက်အစီးများဖြင့် ပြည့်နေပြီး ရတနာတိုက်များ လုယက်ခံရကာ အဓိကရတနာတိုက်တစ်ခုပင်လျှင် ပါသွားခဲ့သည်။
ရတနာတိုက်အား စောင့်ကြပ်သည့် အကြီးအကဲတို့မှာ သတ်ဖြတ်ခံခဲ့ရ၏။ စိတ်ဝိဉာဉ်ကွင်းပြင်ရှိ စိတ်ဝိဉာဉ်ဆေးပင်အားလုံးတို့လည်း လုယက်ခံခဲ့ရသည်။
ဒီအချိန်၌ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းသည် ဓားပြများ၏ ဝင်ရောက်လုယက်ခြင်းကို ခံထားရသည့်နှယ် ရှိပြီး ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့၏။
"ဂိုဏ်းချုပ်... အဲ့ဒါ ရွှီယန်နှင့်မုန့်ချုံရဲ့ လက်ချက်ပါ.."
ခေါင်းဆောင်တစ်ယောက်က ဝမ်းနည်းမှုကြီးစွာဖြင့် ပြော၏။ သူ၏ ဘဝတစ်သက်တာ စုဆောင်းထားသည့် ရတနာအားလုံးတို့နီးပါးကို သိုလှောင်အိတ်ထဲတွင် ထည့်ထားခဲ့၏။ အခုတော့ အားလုံး ပါသွားလေပြီ။ ဒီကောင်နှစ်ကောင်သည် ဓားပြများထပ်ပင် ပိုမိုဆိုးရွားလှ၏။
"ဟုတ်ပါတယ်...အဲ့ဒါက ရွှီယန်နဲ့မုန့်ချုံပါ... ကျွန်တော့်ရဲ့ သိုလှောင်အိတ်လည်း အလုခံလိုက်ရတယ်.."
"ဂိုဏ်းချုပ်... ဒီတစ်ကြိမ် ကျွန်တော်တို့ လုံးဝအရှုံးပေါ်တာပဲ.."
ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ခေါင်းဆောင်များနှင့် တပည့်များက ငိုကြွေးစွာပြောကြ၏။ ထည်ဝါလှသည့် ယွီကျိုး၏ နံပါတ်တစ်ဂိုဏ်းသည် ယခုအချိန်၌ စိတ်ပျက်ဖွယ် ငိုသံများဖြင့် ပြည့်နက်နေပါသည်။
"ရွှီယန်...မုန့်ချုံ... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက မင်းတို့ မသေမချင်း ရန်ကြွေးမကျေဘူး.."
ဂိုဏ်းချုပ်၏ မျက်လုံးများက သွေးနီရောင်လွှမ်းနေပြီး ဒေါသတကြီး အော်၏။
"ဂါး..."
ရုတ်တရက် ဒေါသတကြီးအော်ဟစ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ ဤသည်မှာ လေလွင့်သိုင်းသမားများအား လိုက်လံတိုက်ခိုက်နေသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား အကြီးအကဲများ ပြန်လာခြင်းကြောင့်ဖြစ်၏။ တစ်ယောက်ချင်းစီတိုင်းသည် အော်ဟစ်နေကြပါသည်။
"ငိုးမ.."
ကျူ့လျန်၏မျက်နှာက နီရဲနေပြီး မျက်လုံးများက သွေးဆာကာ လေးလံစွာ အသက်ရှူနေပါသည်။ သူသည် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နက်နေပြီး ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲလုနီးပါးရှိနေ၏။
"သတ်ရမယ်... အဲ့ဒီ့ လေလွင့်သိုင်းသမားတွေ အားလုံးကို သတ်ပစ်ရမယ်...ပြီးတော့ မုန့်ချုံနဲ့ရွှီယန်ကိုလည်း သတ်ပစ်ရမယ်။ တစ်မိုးအောက်မှာ ဘယ်တော့မှအတူရှိမခံဘူး.."
ကျူ့လျန်က အရူးအမူး အော်ဟစ်၏။
မကြာခင်တွင် နောက်ထပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။ ထိုသူများသည် ယွီကျိုးရှိ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများအသီးသီးမှ စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်ကြ၏။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဝင်ရောက်ဖျက်ဆီးခံရမှုကို သိရှိပြီးနောက် အားလုံးမှာ အံ့သြသွားကြသည်။
မိခင်နှင့်ကလေး ပုတီးလုံးမှ အကူအညီတောင်းခံမှုကို သိရှိပြီးနောက် မှင်သက်နေကြ၏။ ဤသည်မှာ ယွီကျိုး၏ နံပါတ်တစ်ဂိုဏ်း ဖြစ်သည်။
နံပါတ်တစ်ဖြစ်သည့် ကျူ့လျန်၏တည်ရှိမှုနှင့် မည်သူက ခြိမ်းခြောက်နိုင်မည်နည်း။ ဖြစ်နိုင်သည်မှာ ယွီကျိုး၏ အပြင်ဘက်မှ အင်အားစုတစ်ခု လာရောက်တိုက်ခိုက်သည်လား။
သို့ရာတွင် စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် မိသားစုကြီးများ၏ စည်းမျဉ်းစည်းကမ်းအရ ပုတီးလုံးကွဲသည်နှင့် အကူအညီ လိုလိုမလိုလို သွားရောက်ရန်လိုအပ်ပါသည်။
"ဒီမှာ ဘာတွေဖြစ်နေတာလဲ.."
ဆိုးရွားလှသည့်မြင်ကွင်းကို တွေ့ရပြီးနောက် အားလုံးတို့မှာ လုံးဝ ကြောင်အသွားကြသည်။
"အဲ့ဒါ ရွှီယန်နှင့်မုန့်ချုံရဲ့ လက်ချက်ပဲ... ပြီးတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ လေလွင့်သိုင်းသမား အဖွဲ့အစည်းတစ်ခုလည်းပါတယ်.."
ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က အံကိုကြိတ်ကာ ပြောသည်။ ယခုအချိန်၌ သူသည် ရွှီယန်နှင့်မုန့်ချုံတို့မှာ ထိုလျှို့ဝှက်ဆန်းကြယ်သည့် လေလွင့်သိုင်းသမားအဖွဲ့အစည်းမှ ဖြစ်ကြောင်းကို သေချာသွားပြီဖြစ်၏။
ရောက်လာကြသည့် ပုဂ္ဂိုလ်များအားလုံးသည် ချက်ချင်းပင် အံ့ဩသွားကြသည်။ ယခုမျှ စွမ်းအားကြီးမားသည့် လေလွင့်သိုင်းသမားအဖွဲ့အစည်းသည် မည်သည့်နေရာမှ ရောက်ရှိလာသနည်း။
ထိုအခိုက်အတန့်တွင် အားလုံးတို့သည် ကြီးမားသည့် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ အထူးသဖြင့် စုမိသားစု ဖြစ်၏။ အားလုံး၏ မျက်နှာများက အရောင်ပြောင်းလဲသွားကြသည်။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က အဖြစ်အပျက်ကို အကျဉ်းချုပ် ပြောပြ၏။ သူ၏ ဒီဗိုင်းဝိဉာဉ်အား ပိတ်လှောင်ထားနိုင်သည့် လျှို့ဝှက်ဆန်းကြယ်သည့် နည်းလမ်းနှင့် မြူများ၊ ထောင်ချောက်များ အကြောင်းတို့ပါ အပါအဝင်ဖြစ်သည်။
ထိုအချိန်၌ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများရှိ စွမ်းအားကြီးပုဂ္ဂိုလ် အားလုံးတို့သည် တည်ငြိမ်စွာ မနေနိုင်ကြတော့ပေ။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား ၁၀ယောက်ကျော်လေလား။
"ဒီလိုအချိန်မျိုးမှာ ငါတို့တွေအားလုံး တစ်စုတစ်စည်းထဲ ရပ်တည်ရမယ်... ယွီကျိုးတလျှောက် ချက်ချင်းပဲ ကြီးမားတဲ့ ရှာဖွေမှုတွေ ပြုလုပ်ရမယ်။ သံသယဖြစ်ဖွယ်ဘယ်သူ့ကိုမှ ညှာတာပေးလို့မရဘူး။ ရန်သူကိုအလွတ်ခံမယ့်အစား အကုန်လုံးကို သတ်ပစ်ရမယ်.."
ကျူ့လျန်က သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြော၏။
စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအားလုံးတို့သည် တုန်လှုပ်သွားကြ၏။ ထိုကဲ့သို့သာ ဖြစ်ပျက်ပါက စိတ်ဝိဉာဉ်ဂိုဏ်း၊ မိသားစုကြီးများနှင့် လေလွင့်သိုင်းသမားများအကြား ပဋိပက္ခဖြစ်ပွားမှုကို ပိုမိုကာ မြင့်တက်လာစေမှာပါ။ ယွီကျိုးသည် လုံးဝဖရိုဖရဲ ဖြစ်ကုန်မှာဖြစ်၏။
"ငါတို့တွေ တုံ့ဆိုင်းနေလို့မရဘူး...မပျက်မသားလုပ်လို့လည်း မရဘူး... အဲ့ဒီ့ လေလွင့်သိုင်းသမား အဖွဲ့အစည်းကိုသာ ပိုပြီးတော့ အင်အားကြီးထွားလာအောင် လွှတ်ထားရင် ငါတို့စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေ ဘယ်လိုလုပ်ပြီးတော့ ဆက်ရပ်တည်နိုင်မှာလဲ.."
ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ကလည်း လေးနက်စွာပြောသည်။
"ကောင်းကင်လူသားကြီးအဆင့်နဲ့ သူ့ရဲ့အထက်က လေလွင့်သိုင်းသမားတွေ အားလုံးကို တင်းတင်းကြပ်ကြပ် စုံစမ်းရမယ်။ ကောင်းကင်လူသားကြီး အဆင့်အောက်က လူတွေကိုတော့ ထားထားလို့ရသေးတယ်.."
စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်က ပြော၏။ ထိုလူမှာ ယွီကျိုးရှိ ထိပ်တန်းမိသားစုကြီးတစ်ခုမှ အကြီးအကဲ ဖြစ်သည်။
"အဲ့လိုလဲရတယ်.."
ကျူ့လျန်က ခေါင်းငြိမ့်သည်။
ကောင်းကင်လူသားကြီးအဆင့်နှင့်အထက်ရှိ လေလွင့်သိုင်းသမားအရေအတွက်မှာ များပြားခြင်းမရှိပေ။ထိုအခါ ရှာဖွေရသည်မှာ ပိုမိုလွယ်ကူမှာ ဖြစ်၏။ ထိုကဲ့သို့သော လေလွင့်သိုင်းသမားများသာ ထိုလျှို့ဝှက်ဆန်းကြယ်သည့် လေလွင့်သိုင်းသမားအဖွဲ့အစည်းမှ ဖြစ်ပါက သူတို့၏ရာထူးမှာ နိမ့်ပါးမည်မဟုတ်ပေ။
စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများရှိ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ဆွေးနွေးမှုအပြီးတွင် နှုတ်ဆက်စကားပြောကာ ထွက်ခွာကြ၏။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စအတွက် အားလုံးက ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။ စိတ်ရင်းနှင့်လား ဟူသည်မှာတော့ ကိုယ်ကိုယ်တိုင်သာ သိရှိမည်ဖြစ်၏။ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများတွင်လည်း ပြီးပြည့်စုံစွာ သင့်မြတ်နိုင်မည် မဟုတ်ပေ။
ရှန်မိသားစု၏ အဓိကခန်းမအတွင်းတွင် ရှန်ဝမ်သည် အပြင်ဘက်မှ စိတ်အခြေအနေကောင်းမွန်စွာဖြင့် ပြန်လာခဲ့၏။
တေးသီချင်းညည်းရင်းက စိတ်ဝိဉာဉ်လက်ဖက်ရည်ကိုသောက်ကာ အလွန် ကျေနပ်နေဟန်ရသည်။
"အဖေ... ဘာတွေပျော်စရာများ ရှိလို့လဲ.."
ရှန်ဟိုင်ကျိုးသည် လိုအပ်သည့်ရတနာများကို သွားရောက်စုစည်းပြီး အဆင့်မြင့်နွေဦးညမှန်ကို ပြုလုပ်ရန် ပြင်ဆင်နေ၏။ ဖခင်ဖြစ်သူ၏ ပျော်ရွှင်နေသည့်အသွင်ကို တွေ့လိုက်ရပြီးနောက် သိလိုစွာမေးသည်။
"ကျောက်စိမ်းနတ်ဘုရားဂိုဏ်းကို ဓားပြတွေ ဝင်ဆွဲသွားလို့... ရတနာတိုက်တွေမနည်းဘူး အပြောင်ရှင်းသွားတာ။ ငါကဘယ်လိုလုပ်ပြီး မပျော်မှာလဲ.."
ရှန်ဝမ်က အပြုံးတစ်ခုဖြင့် ပြောသည်။
ရှန်ဟိုင်ကျိုး "..."
"အဖေ... ဘာဖြစ်ခဲ့တာလဲ။ ကျွန်တော့်ကို မြန်မြန်လေးပြောပြဦး... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက ဘယ်လိုလုပ်ပြီးတော့ ဓားပြတိုက်ခံရတာလဲ.."
ရှန်ဟိုင်ကျိုး၏ ခေါင်းထဲတွင် ပထမဆုံးဝင်လာသည့်အတွေးမှာ ရွှီယန်နှင့်မုန့်ချုံတို့၏ လက်ချက်ဖြစ်မည်ဟုဖြစ်၏။
ထိုနှစ်ယောက်သည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ရတနာတိုက်များကို မျက်စိကျနေတာ ကြာပြီဖြစ်သည်။
မထင်မှတ်စွာပင် အမှန်တကယ်ကို အစီအစဉ်အား အကောင်အထည်ဖော်ကာ ဆောင်ရွက်ခဲ့ကြ၏။ သူ့အနေနှင့် အလွန်အံ့ဩမိသလို စိတ်လှုပ်ရှား၍လည်း လာခဲ့သည်။
"ငါကြားတာတော့ ရတနာတိုက်တွေမနည်းဘူး လုယက်ခံခဲ့ရတယ်တဲ့။ အဓိကရတနာတိုက် တစ်ခုတောင် ပါသွားသေးတယ်။ ပြီးတော့ တပည့်တွေနဲ့ ခေါင်းဆောင်တွေအားလုံးရဲ့ သိုလှောင်အိတ်တွေလည်း အလုခံခဲ့ရတယ်.."
ရှန်ဝမ်၏ မျက်နှာက ဝမ်းသာမှုဖြင့် ပြည့်နက်နေ၏။
"ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက သူတို့နဲ့ ထိုက်တန်တာကို ရလိုက်တာပဲ... အခုတော့ လုယက်ခံရပြီမလား... သူတို့ကိုယ်သူတို့ ယွီကျိုးရဲ့ နံပါတ်တစ်ဂိုဏ်းဆိုပြီးတော့ ဘယ်လိုနှိမ့်ချပြီးနေရမလဲဆိုတာကို နားမလည်ကြဘူး။ အခုတော့တွေ့ပြီလေ.."
ရှန်ဝမ်က နှာခေါင်းရှုံ့ကာပြောသည်။
ရှန်ဟိုင်ကျိုးလည်း အလွန်ဝမ်းသာနေ၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းကို လုယက်ပြီးနောက် ရရှိလာသည့်အကျိုးအမြတ်တို့သည် မည်မျှ များပြားလိုက်မည်နည်း။
ထိုအထဲတွင် သူ၏ဝေစုလည်း ပါဝင်လေသည်။ ဒီတစ်ကြိမ်တော့ သူသည် ပွပြီဖြစ်၏။
"အဖေ... ကျွန်တော်တို့မိသားစုရဲ့ ရတနာတိုက်တွေနဲ့ပတ်သက်ပြီးလည်း ပိုပြီးတော့ ဂရုစိုက်ရမယ်နော်။ အဲ့ဒါမှ သူခိုးတွေ ပစ်မှတ်ထားတာကို မခံရမှာ.."
ရှန်ဟိုင်ကျိုးက သတိပေးသည်။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ အဖြစ်အပျက်အပြီးတွင် အခြားလေလွင့်သိုင်းသမားများလည်း သွေးဆူကာ ရဲတင်းလာပြီး ထိုအတိုင်းလိုက်လံပြုလုပ်နိုင်၏။ စွန့်စားရန်စိတ်ကူးတို့ ပေါ်လာမှာဖြစ်သည်။ သူတို့သာအောင်မြင်ပါက တစ်သက်တာ အပူအပင်ကင်းမဲ့စွာ နေနိုင်မှာဖြစ်၏။
"အဲ့ဒါဟုတ်တယ်.."
ရှန်ဝမ်က ရပ်တန့်သွားသည်။ မိသားစု၏ ရတနာတိုက်များကို မည်ကဲ့သို့ စီမံရမည်အား ပြန်လည်စဉ်းစား၏။
"ဟိုင်ကျိုး... ဒီအတောအတွင်း နှိမ့်နှိမ့်ချချနေဖို့မှတ်ထား... သောက်တာစားတာ၊ လောင်းကစားလုပ်တာ အားလုံးအတွက် ပိုက်ဆံကို အကုန်အပြည့်ပေးချေရမယ်။ ငါတို့က မိသားစုကြီးတစ်ခုဖြစ်ပေမယ့် အရမ်းမောက်မာလို့ မရဘူး။ သွေးနတ်ဆိုးရဲ့ ကပ်ဘေးပြီးဆုံးခဲ့တာလည်း အရမ်းကြီး ကြာသေးတာမဟုတ်ဘူး။ အချို့လူတွေက မေ့ပျောက်သွားကြပေမယ့် အခုပြန်ပေါ်လာဖို့ အလားအလာတွေရှိနေပြီ.."
"သွေးနတ်ဆိုး တစ်ကြိမ်ပေါ်လာနိုင်ရင် ဒုတိယအကြိမ်လည်း ပေါ်လာဦးမှာပဲ... ငါတို့တွေ ကံဆိုးမူထဲကို ဝင်ပါလို့မဖြစ်ဘူး.."
ရှန်ဝမ်က သူ၏ သားဖြစ်သူကိုကြည့်ကာ လေးနက်စွာပြောသည်။
"အဖေ... ကျွန်တော်သိပါတယ်.."
ရှန်ဟိုင်ကျိုးက ခေါင်းငြိမ့်သည်။ ခဏတာ တုံ့ဆိုင်းနေပြီးနောက် သူ၏မျက်နှာပေါ်တွင် မျက်နှာချိုသွေးသည့် အပြုံးတစ်ခု ပေါ်လာပြီးပြော၏။
"အဖေ... ကျွန်တော်အဖေနဲ့ ဆွေးနွေးစရာရှိလို့.."
"ဘာများလဲ.."
ရှန်ဝမ်က သူ၏သားဖြစ်သူကို ကြည့်သည်။
"အဖေ... အဖေစုဆောင်းထားတဲ့ ဟိုအလှပုံတွေကို ကျွန်တော်ငှားလို့ရလား။ ကျွန်တော်မိတ်ဆွေတစ်ယောက်မှာ အဲ့ဒါတွေကို အထူးကိရိယာအဖြစ် ဖန်တီးနိုင်တဲ့ နည်းလမ်းရှိတယ်..."
"ငမိုက်ကောင်.. ငါစုဆောင်းထားတာတွေကို မင်းဘယ်တုန်းက ခိုးကြည့်တာလဲ။ ကြည့်ရတာ အသားယားနေတယ်ထင်တယ်.."
"အဖေ...ကျွန်တော့်ကိုမရိုက်နဲ့... အဖေကြည့်ချင်ရင် ကျွန်တော့်ပုံတွေလည်း ပြန်ပြမယ်..."
"ကျေးဇူးမသိတတ်တဲ့ကောင်။ သိုင်းပညာကျင့်ကြံရမယ့်အစား ဟိုကိစ္စတွေမှာ အာရုံစိုက်နေတယ်။ ငါမင်းကို သေအောင်ရိုက်မယ်.."
"အဲ့ဒါအဖေ့ဆီက သင်ထားတာလေ... အဘိုး ကျွန်တော်ကိုကယ်ပါဦး.."
ရှန်ဟိုင်ကျိုးက ထိတ်လန့်တကြားဖြင့် အော်ဟစ်အကူအညီတောင်း၏။
"ရပ်လိုက်စမ်း ငမိုက်ကောင်.."
ရှန်ထိုင်က ထည်ဝါသည့်အသွင်ဖြင့် ပေါ်လာ၏။
"ဟန်ကျိုး အဘိုးဆီလာခဲ့.. မျက်နှာတောင်ယောင်နေပြီ... ငမိုက်ကောင် ငါ့မြေးကို မင်းဘာလုပ်တာလဲ။ မင်းကိုငါ အလွတ်မပေးဘူး..."
"မဟုတ်ဘူးအဖေ... ဒီခွေးကောင်လေး ကျွန်တော့်ရဲ့ပုံတွေကို လာစိတ်ကူးနေလို့..."
"အဲ့ကိစ္စကို ပြောရဲသေးတယ်ပေါ့... ငါ့မြေးကို မင်းဖျက်ဆီးတာလေ.."
"အဖေ... ကျွန်တော်လည်း အဖေ့ဆီကပဲ သင်ထားတာလေ..."
"ရဲတင်းလိုက်တဲ့ကောင် ရှန်ဝမ်... ကျေးဇူးမသိတတ်တဲ့သား... မင်းအဖေရဲ့ ဂုဏ်သတင်းကို ချရဲတယ်ပေါ့..."
ချက်ချင်းပင် ရှန်မိသားစုသည် ဆူညံပွတ်လောရိုက်ကုန်၏။ မသိသည့်လူဆိုပါက ရန်သူများ ကျူးကျော်လာခြင်းဖြစ်မည်ဟု ထင်မိကြမှာ ဖြစ်သည်။
ယွိကောင်းသည် လမ်းလျှောက်ရင်းက သွေးတစ်လုတ်ကို အန်ထုတ်၏။ သူ၏မျက်နှာက ဖြူရော်ကာဒဏ်ရာများမှာ သေးငယ်ခြင်းမရှိပေမယ့် အလွန်စိတ်လှုပ်ရှားနေပါသည်။
ကျူ့လျန်သည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ အန္တရာယ်သတင်းကို ရရှိပြီးနောက် အမြန်ပြန်ကာ အကူအညီသွားရောက်ပေး၏။
ထိုအချိန်၌ ယွိကောင်းက ခဏတာ အသဲအသန် လိုက်လံတားဆီးခဲ့သေးသည်။ သူ၏ ဒီဒဏ်ရာလေးနှင့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ရတနာများနှင့် လဲလှယ်ရသည်မှာ အမှန်တကယ်ကို တန်၏။