← Chapters

မဟာမိတ်ခေါင်းဆောင်အား ထောက်ခံအားပေးကြခြင်း၊ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ သတ်ဖြတ်ခြင်းအစီအစဉ်

Vol. 33 Ch. 488

မဟာမိတ်ခေါင်းဆောင်အား ထောက်ခံအားပေးကြခြင်း၊ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ သတ်ဖြတ်ခြင်းအစီအစဉ်

Vol. 33 Ch. 488

မျိုးဆက်စုံမဟာမိတ်အဖွဲ့ရှိ စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့် သိုင်းသမားတိုင်းသည် အတိုင်းအတာတစ်ခုအထိ ဒဏ်ရာရရှိခဲ့ကြ၏။

သို့ပေမယ့် သူတို့၏စိတ်အခြေအနေများမှာတော့ တက်ကြွလှုပ်ရှားနေပါသည်။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းသည် ကြီးမားသည့် ဆုံးရှုံးမှုကို ကြုံခဲ့ရလေသည်။ ဒီဒဏ်ရာများက တန်၏။

စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ တန်ပြန်ချေမှုန်းတိုက်ခိုက်မှု အရေးကိုတော့ မျှော်လင့်ထားပြီးဖြစ်သည်။

သူတို့အနေနှင့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ရတနာတိုက်ကို လုယက်ခြင်း မပြုလျှင်တောင် ဝိုင်းဝန်းသတ်ဖြတ်ခြင်းကို ခံရမည်ဖြစ်သည်။ ခြားနားမှုမရှိပေ။

ရွှီယန်၊ မုန့်ချုံနှင့် ဖန်းဟောင်တို့ ရောက်ရှိလာကြ၏။

"မဟာမိတ်ခေါင်းဆောင်ကို တွေ့ဆုံပါတယ်.."

ယွိကောင်းက သွေးစတို့နှင့် ချောင်းဆိုးရင်းက လေးစားစွာ ဦးညွှတ်သည်။

"မဟာမိတ်ခေါင်းဆောင်ကို တွေ့ဆုံပါတယ်.."

ကျန်ရှိသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများလည်း တူညီစွာ ဦးညွှတ်ကြ၏။

အားလုံးတို့သည် ပထမတွင် ရွှီယန်၏ဘက်သို့ အလေးပေးကာ ဦးညွှတ်ထားကြ၏။ ရွှီယန်၏ဂုဏ်သတင်းမှာ အကြီးမားဆုံးဖြစ်ရာ မဟာမိတ်ခေါင်းဆောင်အသစ်မှာ သူဖြစ်မည်ဟု တွေးထားခဲ့ကြသည်။

"ဒါက ယွီကျိုး မျိုးဆက်စုံမဟာမိတ်အဖွဲ့ခွဲရဲ့ မဟာမိတ်ခေါင်းဆောင်အသစ်ပဲ။ ဖန်းဟောင်လို့ခေါ်တယ်.."

ယွိကောင်းက ချောင်းဆိုးရင်းက မိတ်ဆက်ပေးသည်။

ဘယ်နှင့်ညာ စောင့်ရှောက်သူနှစ်ဦးတို့မှာ အံ့သြသွားကြ၏။ ခေါင်းဆောင်အသစ်မှာ ရွှီယန်မဟုတ်ဘဲ ဖန်းဟောင်လေလား။

"မဟာမိတ်ခေါင်းဆောင်ဖန်းကို တွေ့ဆုံပါတယ်.."

ဖန်းဟောင်က ထိုင်ပြီးနောက် ပြောသည်။

"အားလုံးပဲ ကိုယ့်နေရာကို ပြန်ထိုင်ကြပါ။ ဒီတစ်ကြိမ်မှာ မင်းတို့အားလုံး ကြီးမားတဲ့ အကျိုးပြုမှုကို ပြုခဲ့ကြတယ်။ ဒါ့ကြောင့်မို့လို့ ဆုကြေးအသီးသီးကိုလည်း ရရှိလိမ့်မယ်။ ဒီမှာရှိတဲ့ လူတစ်ယောက်ချင်းစီတိုင်း ဒဏ်ရာကုသဖို့အတွက် သစ်လွင်ခြင်း ဆေးလုံးတစ်လုံးနဲ့ ဒီဗိုင်းဝိဉာဉ်ကို အားဖြည့်ပေးတဲ့ စိတ်ဝိဉာဉ်အားဖြည့်ဆေးလုံးတစ်လုံးစီကို ရကြလိမ့်မယ်.."

"မဟာမိတ်ခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်.."

ယွိကောင်းတို့အားလုံးမှာ စိတ်လှုပ်ရှားလာကြ၏။ သူတို့အားလုံးသည် ဒန်ဆေးလုံးများ၏ အံ့ဩဖွယ်ကောင်းသည့် အာနိသင်နှင့် ရင်းနှီးကြပြီးဖြစ်သည်။

"ဒီတစ်ခေါက်ခရီးစဉ်မှာ ရရှိခဲ့တဲ့ အကျိုးအမြတ်တွေက အရမ်းကို များပြားတယ်။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရဲ့ အဓိက စိတ်ဝိဉာဉ်သတ္တုတွင်းကြီးနှစ်ခုကို ရယူနိုင်ခဲ့တယ်။ မကြာခင်မှာ လူလွှတ်ပြီး စီမံမှုတွေ စတင်မယ်။ ဒါပေမယ့် အဲ့ဒီ့မတိုင်ခင် မဟာမိတ်အဖွဲ့ထဲမှာ စီစဉ်စရာရှိတာတွေကို စီစဉ်ရမယ်..."

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ရတနာတိုက်များကို လုယူခဲ့သည့် ဂုဏ်သတင်းနှင့်အတူ ဖန်းဟောင်သည် မျိုးဆက်စုံမဟာမိတ်အဖွဲ့ ယွီကျိုးအဖွဲ့ခွဲ၏ ခေါင်းဆောင်နေရာကို တရားဝင် လွှဲပြောင်းယူခဲ့သည်။

ဤသည်မှာ စိတ်ဝိဉာဉ်ဂိုဏ်း၊ မိသားစုကြီးများနှင့် တူညီစွာ ရပ်တည်နိုင်ရန်အတွက် သူ၏ စတင်မှုလည်း ဖြစ်၏။

"ထိန်းချုပ်မှုအောက်မှာရှိတဲ့ စိတ်ဝိဉာဉ်သတ္တုတွင်းတွေထဲက ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရဲ့ ခေါင်းဆောင်တွေနဲ့ တပည့်တွေကို ဆက်ပြီးတော့ ထားထားမယ်။ သူတို့တွေ ငါတို့ မဟာမိတ်အဖွဲ့အတွက် စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေကို တူးပေးကြလိမ့်မယ်။ ဒါပေမယ့် ကြီးကြပ်ဖို့အတွက် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကိုတော့ စေလွှတ်ရမယ်.."

"အချိန်တိုအတွင်းမှာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက မူမမှန်မှုကို သတိထားမိဦးမှာ မဟုတ်ဘူး။ ဒါပေမယ့် ငါတို့ဘက်က ပေါ့ဆလို့တော့မဖြစ်ဘူး.."

"သတ္တုတွင်းတွေထဲမှာ ငါ အခင်းအကျင်းတည်ဆောက်ထားပြီးပြီ။ အဲ့ဒါက စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကို အချိန်ခဏတော့ တားထားနိုင်တယ်။ အဲ့ဒီ့အချိန်အတွင်းမှာ အစောင့်တွေ ထွက်ပြေးဖို့ အချိန်ရလိမ့်မယ်.."

"ဒီတာဝန်က အရေးကြီးတယ်... ဘယ်နဲ့ညာစောင့်ရှောက်သူ.. မင်းတို့တွေတစ်ယောက်ကို သတ္တုတွင်းတစ်ခုမှာ သွားစောင့်ကြ.."

ဖန်းဟောင်က ဘယ်နှင့်ညာ စောင့်ရှောက်သူတို့ကို ကြည့်ကာ လေးနက်စွာပြောသည်။

"ဟုတ်ကဲ့ပါ မဟာမိတ်ခေါင်းဆောင်.."

ဘယ်နှင့်ညာစောင့်ရှောက်သူတို့က လေးစားစွာဖြင့် ဖြေကြား၏။ ထို့နောက် ဖန်းဟောင်က တာဝန်အချို့ကို ဆက်လက်စီစဉ်သည်။

မဟာမိတ်အဖွဲ့သားများ၏ တာဝန်အသီးသီးကို ခွဲဝေကာ ကိုယ့်ကိုယ်ကို မည်ကဲ့သို့ ပုန်းအောင်းရန်၊ ဆက်သွယ်ရေးကို မည်ကဲ့သို့ ထိန်းသိမ်းရန်နှင့် သစ္စာဖောက်များ ပေါ်မလာစေရန် မည်ကဲ့သို့ ကာကွယ်ရန်အား ညွှန်ကြားသည်။

"ကျွန်တော်ဖန်းဟောင်က မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်သစ်ဖြစ်ပြီး ဒီကရှိတဲ့လူတွေနဲ့ နှိုင်းယှဉ်ရင် ငယ်ရွယ်ပြီး အတွေ့အကြုံ နည်းပါးတယ်။ ဒါ့ကြောင့်မလို့ အားလုံးကို ဒီနေ့မှာ တောင်းဆိုစရာတစ်ခုရှိတယ်.."

"ကျွန်တော်နဲ့ပတ်သက်ပြီး ကိစ္စတွေကို မဟာမိတ်အဖွဲ့ချုပ်ဆီကို ဘယ်သူမှ သတင်းမပို့ရဘူး။ ဒန်ဆေးလုံးတွေ၊ အခင်းအကျင်းတွေအကြောင်း အပါအဝင်ပဲ.."

"ငြင်းပယ်ချင်တဲ့လူရှိလား မသိဘူး... ကျွန်တော်က အာဏာရှင်ဆန်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ဒါ့ကြောင့်မို့လို့ ဒီကိစ္စအတွက် အားလုံးရဲ့အမြင်ကို သိချင်တယ်။ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံမှာလား။ ငြင်းပယ်မှာလား.."

"ကျွန်တော်က မဟာမိတ်ခေါင်းဆောင်ဖြစ်ပေမယ့် အများစုရဲ့ဆုံးဖြတ်ချက်ကို သေချာပေါက်လိုက်မှာပါ.."

ဖန်းဟောင်က ပြောရင်းနှင့် လက်ကိုဝှေ့ရမ်းလိုက်သည်။ လူတိုင်း၏ရှေ့သို့ ကျောက်စိမ်းပြားဆယ်ခုကျော်တို့ ပျံသန်းသွား၏။

"ကျွန်တော့်ရဲ့ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော့်ရဲ့ မဟာမိတ်ခေါင်းဆောင်အသစ် ဖြစ်လာမှုကို မဟာမိတ်အဖွဲ့ချုပ်ကို အကြောင်းမကြားချင်သေးဘူး။ အဖွဲ့ချုပ်ရဲ့ မျက်လုံးထဲမှာ ယွိကောင်းက တရားဝင် မဟာမိတ်ခေါင်းဆောင်ပဲ ဖြစ်နေဦးမယ်.."

"ဒုတိယအနေနဲ့ ဒန်ဆေးလုံးတွေ၊ ဆက်သွယ်ရေးအဆောင်တွေ သို့မဟုတ် အခြားပစ္စည်းတွေရဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်ကို သို့မဟုတ် အရေးမကြီးတဲ့ အဖွဲ့သားတွေကို အသိမပေးလိုဘူး။ ဒါက ယွီကျိုးမဟာမိတ်အဖွဲ့ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ပဲ။ အဲ့ဒီ့ သတင်းအချက်အလက်တွေကို ပေါက်ကြားအောင်လုပ်တဲ့ ဘယ်သူမဆိုကို ပြင်းပြင်းထန်ထန် အရေးယူရမယ်.."

"ဒီကိစ္စကို အားလုံးက စဉ်းစားပေးကြပါ။ ထောက်ခံမှာလား။ ငြင်းဆန်မှာလား.."

"ထောက်ခံတဲ့လူက အများစုဆိုရင် ဒီဆုံးဖြတ်ချက်အတိုင်း လူတိုင်းက လိုက်နာရမယ်။ ငြင်းဆန်တဲ့လူများတယ်ဆိုရင် ဒီဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းလိုက်မယ်.."

ဖန်းဟောင်က စကားဆုံးပြီးနောက် လူတိုင်းကို လေးနက်စွာကြည့်သည်။

"အခြားလူတွေရဲ့ လွှမ်းမိုးမှုမပါဘဲ ကိုယ့်ဘာသာ စိတ်ရင်းကို ဖော်ပြနိုင်ဖို့အတွက် ကျောက်စိမ်းပြားပေါ်မှာ ရွေးချယ်မှုကို ရေးကြပါ.."

"ဟုတ်ကဲ့ပါ မဟာမိတ်ခေါင်းဆောင်.."

ရှိနေကြသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား အားလုံးတို့၏ ပုံစံများက လေးနက်သွားကြသည်။

အသီးသီး စိတ်သက်သာရာရစွာ သက်ပြင်းချကြသည်။ မဟာမိတ်ခေါင်းဆောင် အသစ်သည် အကြံပေးချက်များကို နားထောင်သူဖြစ်ပြီး အခြားလူများ၏အမြင်ကို လျစ်လျူရှု့ခြင်း မရှိပေ။ ဤသည်မှာ ကိစ္စကောင်းဖြစ်၏။

ခေါင်းဆောင်သစ်နှင့် ဒန်ဆေးလုံး၊ ဆက်သွယ်ရေးအဆောင် အစရှိသည်တို့နှင့် ပတ်သက်ပြီး သတင်းအချက်အလက်များကို ဖုံးကွယ်ရန်ကိစ္စတွင် အချို့လူများအနေနှင့် ဌာနချုပ်သို့ သတင်းပို့သင့်သည်ဟု ခံစားရ၏။ ထိုအခါမှသာ ဌာနချုပ်၏အာရုံကို ဆွဲဆောင်နိုင်ပြီး စွမ်းအားကြီးမားသည့် စစ်ကူများကို တောင်းခံနိုင်မည် ဖြစ်သည်။

ယွိကောင်းက ကျောက်စိမ်းပြားကိုယူကာ ကြည့်လိုက်၏။ ရွေးချယ်စရာ သုံးခုရှိသည်။

"ထောက်ခံသည်...၊ ကြီးစွာထောက်ခံသည်...၊ အရူးအမူးထောက်ခံသည်.."

သူသည် မှင်သက်သွား၏။ ငြင်းဆန်သည့်အချက်က မည်သည့်နေရာသို့ ရောက်သွားသနည်း။

ဖန်းဟောင်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ယွိကောင်းသည် ထောက်ခံပေမယ့် ကျောက်စိမ်းပြားပေါ်တွင် ငြင်းဆန်သည့် အချက်မပါမှုအတွက် အနည်းငယ် ကြောင်တောင်နေ၏။

ဘယ်နှင့်ညာ စောင့်ရှောက်သူတို့လည်း တူညီစွာပင်ဖြစ်သည်။ သူတို့သည် ဘယ်နှင့်ညာကို ကြည့်လိုက်ပြီးနောက် ရှင်းလင်းစွာပင် ငြင်းဆန်သည်ဟူသည့် အချက် ပျောက်ဆုံးနေကြောင်းအား တွေ့လိုက်ရ၏။

မဟာမိတ်ခေါင်းဆောင်သည် ထည့်သွင်းရန် မေ့သွားသည်လားဟု ပဟေဠိ ဖြစ်နေကြသည်။ ခဏတာ တုံ့ဆိုင်းနေပြီးနောက် ယွိကောင်းက အရူးအမူးထောက်ခံသည့်အချက်ကို ရွေးချယ်လိုက်၏။

"လူတိုင်း ရွေးချယ်လို့ ပြီးကြပြီလား.."

ဖန်းဟောင်က လေးနက်တည်ငြိမ်သည့် အသွင်ဖြင့်သာ ရှိနေပြီး ကျောက်စိမ်းပြားများကို ယူလိုက်သည်။

တိတ်ဆိတ်စွာဖြင့် ကြည့်ရှု့ပြီးနောက် ကျေနပ်စွာ ခေါင်းငြိမ့်၏။ ဆရာဖြစ်သူ၏ သင်ကြားမှုနှင့် နည်းလမ်းများသည် အမှန်တကယ်ကို ထူးကဲလှပါသည်။

"လူတိုင်းက ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံတာကို တွေ့ရတော့ အရမ်းကို ကျေနပ်မိတယ်။ ဒီဟာကို ကြည့်တာနဲ့ လူတိုင်းမှာ အားကောင်းတဲ့ သိုသိပ်မှုအကျင့်ရှိတာကို တွေ့လိုက်ရတယ်။ ဒါက သတင်းအချက်အလက်တွေ ပေါက်ကြားနိုင်တဲ့ အန္တရာယ်ကို နိမ့်ပါးစေတယ်။ လူတိုင်းပဲ.. ဒီဆေးလုံးတွေကို ခွဲဝေယူကြ... မင်းတို့ရဲ့စွမ်းရည်တွေကို အမြန်ဆုံး မြှင့်တင်နိုင်ဖို့ ငါမျှော်လင့်တယ်.."

ဖန်းဟောင်က ကျေနပ်သည့်အပြုံးဖြင့် ပြော၏။ သူသည် ‌ဒန်ဆေးလုံး တစ်ပုလင်းကိုထုတ်ကာ စားပွဲပေါ်တွင် တင်လိုက်သည်။

ဘယ်ညာစောင့်ရှောက်သူနှင့် အားလုံးတို့မှာ အနည်းငယ် ငိုင်တိုင်နေကြဆဲ ဖြစ်သည်။ တစ်ဖက်တွင် သူတို့သည် မဟာမိတ်ခေါင်းဆောင်အား ငြင်းဆန်သည့်အချက်ကို ထည့်သွင်းရန် မေ့သွားသည်လားဟု တွေးမိကြ၏။

တစ်ဖက်တွင်လည်း မဟာမိတ်ခေါင်းဆောင်မှာ ဆုံးဖြတ်ချက်ချပြီးဖြစ်ကာ ငြင်းဆန်ရန် ခွင့်ပြုခြင်းမရှိဟု သံသယဝင်မိသည်။

လူတိုင်းက မည်သည့်ဖြစ်နိုင်ခြေကို အမှန်ဖြစ်မည်ဟု စဉ်းစားနေစဉ် ဒန်ဆေးလုံးများကို တွေ့ရပြီးနောက် ချက်ချင်းပင် အပြုံးများ ပွင့်လန်းလာကြ၏။

သူတို့အားလုံးသည် ထိုဒန်ဆေးလုံးများ၏ ထူးခြားဆန်းကြယ်မှုကို သိရှိပြီးဖြစ်သည်။ ထိုဆေးလုံးများ၏ အကူအညီနှင့် ကျင့်ကြံပါက စွမ်းရည်တို့ သေချာပေါက် မြှင့်တင်နိုင်မှာ ဖြစ်၏။

မဟာမိတ်ခေါင်းဆောင်က ပြောခဲ့လေသည်။ သိုသိပ့်သည့် စိတ်အခြေအနေရှိခြင်းက သတင်းအချက်အလက် ပေါက်ကြားမည့်အန္တရာယ်ကို စိုးရိမ်စရာ မလိုခြင်းကြောင့် ဒီဆေးလုံးများကို ခွဲဝေပေးခြင်း ဖြစ်၏။

All Chapters