← Chapters

မဟာမိတ်ခေါင်းဆောင်အား ထောက်ခံအားပေးကြခြင်း၊ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ သတ်ဖြတ်ခြင်းအစီအစဉ်(၂)

Vol. 33 Ch. 489

မဟာမိတ်ခေါင်းဆောင်အား ထောက်ခံအားပေးကြခြင်း၊ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ သတ်ဖြတ်ခြင်းအစီအစဉ်(၂)

Vol. 33 Ch. 489

"မဟာမိတ်ခေါင်းဆောင်ပြောတာ မှန်တယ်။ ဌာနချုပ်မှာက အဖွဲ့ဝင်တွေများလွန်းပြီး အချက်အလက်ပေါက်ကြားဖို့ လွယ်ကူတယ်။ ဒီကိစ္စက ကျွန်တော်တို့ ယွီကျိုးမဟာမိတ်အဖွဲ့ရဲ့ အမြင့်မားဆုံးလျှို့ဝှက်ချက်ပဲ။ ဒါကြောင့်မို့လို့ ဖွင့်ဟလို့မရဘူး။ မဟာမိတ်ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်လုံးဝထောက်ခံတယ်.."

ညာစောင့်ရှောက်သူက လေးနက်စွာပြောသည်။

"ဟုတ်ပါတယ်... ကျွန်တော်တို့ ယွီကျိုးမဟာမိတ်အဖွဲ့ရဲ့ မြင့်တက်ဖို့က လက်တစ်ကမ်းပဲလိုတော့တယ်။ ဌာနချုပ်ရဲ့ ဖွဲ့စည်းပုံကလည်း အရမ်းရှုပ်ထွေးတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဒန်ဆေးလုံးလိုမျိုး အရင်းအမြစ်တွေကလည်း အကန့်အသတ်ရှိတယ်။ လူတိုင်းကို ထောက်ပံ့ပေးဖို့အတွက် မလုံလောက်ဘူး။ အကြောင်းကြားပြီးတဲ့နောက် သူတို့လာတောင်းဆိုတဲ့အခါကျရင် ဘယ်လိုလုပ်ပြီး လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှာလဲ။ ဒါကြောင့်မို့လို့ မဟာမိတ်ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်အားလုံးကို ကျွန်တော်လုံးဝကိုထောက်ခံပါတယ်.."

ဘယ်စောင့်ရှောက်သူက သဘောတူစွာပြောသည်။

ဘယ်နှင့်ညာစောင့်ရှောက်သူတို့က ပြောလာရာ ကျန်ရှိနေသည့် လူများလည်း အားတက်သယောဖြင့်သာ ထောက်ခံမှုကို ဖော်ပြကြ၏။ ဒီအချိန်၌ သူတို့သည် ဖန်းဟောင်၏နောက်သို့ လိုက်မှသာလျှင် ကျင့်ကြံရာ၌ ဒန်ဆေးလုံးများ၏ အကူအညီကို ရရှိနိုင်မည်ဖြစ်ကြောင်းအား နားလည်လိုက်ကြသည်။

ထိုသတင်းသာ ဌာနချုပ်ဆီသို့ ပေါက်ကြားသွားပါက ခွဲတမ်းမည်မျှကိုသာ ရရှိနိုင်တော့မည်နည်း။

ထို့အပြင် ဒန်ဆေးလုံးများအပါအဝင် ထိုအရင်းအမြစ်များ၏ ထိန်းချုပ်ထားသူမှာ သူတို့၏ မဟာမိတ်ခေါင်းဆောင် ဖန်း‌ဟောင်သာ ဖြစ်သည်။ ယွီကျိုးမဟာမိတ်အဖွဲ့၏ ခွန်အားမြှင့်တင်ရေးနှင့် ကိုယ်ပိုင်ခွန်အားအား မြှင့်တင်ရေးအတွက် သူတို့သည် မဟာမိတ်ခေါင်းဆောင်အား အကြွင်းမဲ့ထောက်ခံရပေမည်။

"အရမ်းကောင်းတယ်.."

ဖန်းဟောင်က ကျေနပ်စွာ ခေါင်းငြိမ့်သည်။ သူသည် လူတိုင်း၏ မြင့်မားသည့်သိတတ်မှုအတွက် ဝမ်းသာသွား၏။ နောက်ထပ် ဒန်ဆေးလုံးတစ်ပုလင်းကို ထပ်ပေးလိုက်သည်။

"လူတိုင်းသာ အတူတူကြိုးစားလုပ်ဆောင်မယ်ဆိုရင် ယွီကျိုးရဲ့ မဟာမိတ်အဖွဲ့ ခွန်အားကို မြှင့်တင်နိုင်ပြီး စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေနဲ့ တစ်တန်းတည်း ရင်ဘောင်တန်းလာနိုင်မှာ။ ဒန်ဆေးလုံးတွေရဲ့အကူအညီလည်းရှိတော့ လူတိုင်းရဲ့ခွန်အားက သေချာပေါက် တိုးတက်လာမှာပဲ.."

ဖန်းဟောင်က လူတိုင်းကို အားပေးသည်။ ထို့နောက် စိတ်ဝိဉာဉ်သတ္တုတွင်းကိစ္စကို ဘယ်နှင့်ညာစောင့်ရှောက်သူတို့အား လက်လွှဲပြီး သတ္တုတွင်းအတွင်းရှိ အခင်းအကျင်းတို့ကို ထိန်းချုပ်ရန်အတွက် အခင်းအကျင်းပြားကို ပေးသည်။ အသုံးပြုပုံကိုလည်း သင်ကြားပေး၏။

"စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေရဲ့ လှုပ်ရှားမှုတွေကို အမြဲမပြတ် စောင့်ကြည့်ထား... အထူးသဖြင့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းပဲ.."

ဖန်းဟောင်က ထိုတာဝန်များကိုပေးပြီးနောက် သူသည် ရွှီယန်၊ မုန့်ချုံတို့နှင့်အတူ ထွက်ခွာသွား၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှ ရရှိခဲ့သည့် အကျိုးအမြတ်များအား စီစဉ်ရန်အတွက် လိုအပ်သေးသည်။

လီရွှမ်က အရာအားလုံးကို တိတ်ဆိတ်စွာဖြင့် စောင့်ကြည့်နေ၏။ နောက်ဆုံးတွင် တပည့်များ၏ အမှီအခိုကင်းမဲ့စွာ လှုပ်ရှားလာနိုင်မှုအတွက် ချီးကျူးမိသည်။

သူ့ကို အနည်းငယ်စိတ်ပျက်စေသည်မှာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများကို သတ်ဖြတ်ပြီးနောက် တာအိုရွှေစာအုပ်က တကယ့် ဒီဗိုင်းဖျက်ဆီးခြင်းအစား ဒီဗိုင်းဖျက်ဆီးခြင်း အတွေ့အကြုံကိုသာ တန်ပြန်အကျိုးပြုမှု ပေးခြင်းဖြစ်သည်။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှ လက်စားချေမှုသည် သေချာပေါက် ရောက်ရှိလာမှာဖြစ်၏။

လီရွှမ်သည် ဆက်လက်လိုက်ပါခြင်းမပြုတော့ဘဲ စံအိမ်ဆီသို့ ပြန်ခဲ့လိုက်သည်။

'ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက တော်တော်လေး ထူးချွန်တယ်။ သူတို့ရဲ့ အဓိကရတနာတိုက်ကို နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားပြီး ငါတောင်မှရှာမတွေ့လိုက်ဘူး..'

လီရွှမ်က ချီးကျူးစွာ စဉ်းစား၏။ ရွှီယန်နှင့်မုန့်ချုံတို့သည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ အဓိကရတနာတိုက်တစ်ခုကိုသာ လုယက်နိုင်ခဲ့ကြသည်။

သို့ပေမယ့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းတွင် တစ်ခုထက်ပိုသည့် အဓိကရတနာတိုက်များ ရှိနေမှာသေချာ၏။ ကျန်ရှိသည့် ရတနာတိုက်များကို သူပင်လျှင် ရှာတွေ့နိုင်ခြင်း မရှိခဲ့ပေ။

'တောင်အတွင်းထဲမှာများ ဝှက်ထားတာလား..'

လီရွှမ်က ကိုယ့်ကိုယ်ကိုစဉ်းစားသည်။ ထိုကဲ့သို့သာ ဆိုပါက ကျောက်စိမ်းနတ်ဘုရားဂိုဏ်းကို မဖျက်ဆီးလျှင် ထိုရတနာတိုက်အားလုံးတို့ကို လုယက်နိုင်မည် မဟုတ်ပေ။

ရွှီယန်နှင့်မုန့်ချုံတို့သည် သဘောတူထားသည့်နေရာ၌ ရှန်ဟိုင်ကျိုးနှင့် ထပ်မံတွေ့ချိန်၌ မှင်သက်သွားကြ၏။ ဒီအချိန်၌ ရှန်ဟိုင်ကျိုး၏မျက်နှာမှာ ညိုမဲကာ ယောင်ရမ်းနေပါသည်။

သူ၏ အနည်းငယ်ဝတုတ်သည့်ပါးများက ကြည့်ရသည်မှာ ပိုမိုကာပင် ဖောင်းကြွနေပြီး အလေးချိန်တက်လာသည့်နှယ် ရှိ၏။

"သခင်လေးရှန်... ဘာဖြစ်တာလဲ... မင်းကိုဘယ်သူရိုက်လိုက်တာလဲ.."

ဖန်းဟောင်က အံ့သြစွာဖြင့်မေး၏။

"ငါ့အဖေရိုက်လိုက်တာ.."

ရှန်ဟိုင်ကျိုးက ညို့မှိုင်းစွာဖြင့်ပြောသည်။

"ငါတို့ကြောင့်များလား.."

ရွှီယန်က မျက်ခုံးပင့်သွားပြီးမေး၏။

ရှန်ဟိုင်ကျိုးသည် သူတို့အား သတင်းအချက်အလက်ထောက်ပံ့ပေးမှုကြောင့် အရိုက်ခံခဲ့ရသည်လား။

ရှန်ဟိုင်ကျိုးက ခေါင်းကိုရမ်းသည်။

"ဒီကိစ္စက မင်းတို့နဲ့မဆိုင်ဘူး.."

ထို့နောက် ချက်ချင်းပင် စိတ်အားထက်သန်လာပြီး ယုတ်မာသည့် မျက်နှာပေးဖြင့် ပြောသည်။

"ဖန်းဟောင်... နွေဦးညမှန်တစ်ခုက မလုံလောက်ဘူး။ ငါသုံးခုကိုလိုအပ်တယ်။ ကုန်ကြမ်းတွေကို ထောက်ပံ့ပေးမယ်.."

"တစ်ခုက လုံလောက်ပါတယ်... အားလုံးကို တစ်ခုတည်းမှာ ထည့်လိုက်မယ်။ အဲ့ဒါဆိုရင် မင်းအတွက် ကောင်းကောင်းကြည့်လို့ရတယ် သခင်လေးရှန်.."

ဖန်းဟောင်က ခေါင်းကိုရမ်းသည်။ လက်ရှိ သူပြုလုပ်မည့်မှန်မှာ ပြီးခဲ့တုန်းက နွေဦးညမှန်နှင့် တူညီခြင်းမရှိတော့ပေ။ အတွင်းထဲတွင် ချိတ်တံဆိပ်နှင့် ပုံရိပ်ယောင်တို့ကို ထည့်သွင်းမှာဖြစ်ပြီး ရှန်ဟိုင်ကျိုးအနေနှင့် ပုံရိပ်ထဲတွင် နစ်မြုပ်ကာ ရုန်းထွက်မရနိုင်အောင် ဖြစ်နေမှာဖြစ်သည်။

"တစ်ခုတည်းက မျှသုံးဖို့ မလုံလောက်ဘူး.."

ရှန်ဟိုင်ကျိုးက သက်ပြင်းချသည်။ သိုလှောင်အိတ်တစ်ခုကိုထုတ်ကာ ဖန်းဟောင်ကိုပေးရင်းက ပြော၏။

"ဖန်းဟောင်... သုံးခုထက်နည်းလို့မရဘူး... ဒီထဲမှာ ငါတို့မိသားစုမျိုးဆက်သုံးခုလုံး စုစည်းထားတဲ့ ရတနာပုံတွေရှိတယ်.."

ဖန်းဟောင် "..."

ရွှီယန်နှင့်မုန့်ချုံ "..."

ရှန်ဟိုင်ကျိုး၏ ထူးဆန်းသည့်အသွင်ကို ကြည့်ကာ နောက်ဆုံးတွင် တစ်ဖက်လူ၏ ဝါသနာသည် မျိုးရိုးလိုက်ခြင်းဖြစ်ကြောင်းကို နားလည်လိုက်ကြသည်။

"ကောင်းပြီ.."

ဖန်းဟောင်က သဘောတူ၏။ ထိုကဲ့သို့သော ပစ္စည်းမျိုးကို ပြုလုပ်ရန်မှာ အရင်းအမြစ်ပဲဖြစ်ဖြစ် အချိန်ပဲဖြစ်ဖြစ် အများကြီးကုန်ဆုံးမှာမဟုတ်ဟု စဉ်းစားမိသည်။

"အကိုရှန်... ဒီတစ်ကြိမ်မှာ မင်းအများကြီး အကျိုးပြုခဲ့တယ်။ ဝေစုတစ်ပုံ ရလိမ့်မယ်။ မြေစိတ်ဝိဉာဉ်ပန်းကိုရပြီးရင် ဒန်ဆေးလုံးရမယ်လို့ မင်းကိုငါ ကတိပေးခဲ့တယ်။ ငါ့ကတိကို သေချာပေါက်မပျက်စေရဘူး.."

ရွှီယန်က အပြုံးတစ်ခုဖြင့် ပြော၏။ ဒီတစ်ကြိမ် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းအား မွှေနှောက်လုယက်ရာတွင် သူတို့သည် များပြားလှသည့် အရင်းအမြစ်များကို ရရှိခဲ့၏။ လေးယောက်သားသည် စံအိမ်ဆီသို့ပြန်ခဲ့သည်။

ရှန်ဟိုင်ကျိုးကပြော၏။

"ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက ယွီကျိုးမှာရှိတဲ့ စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေအားလုံးကို ဆက်သွယ်ခဲ့တယ်။ ယွီကျိုးမှာရှိတဲ့ လေလွင့်သိုင်းသမားတွေအကုန်လုံးကို စစ်ဆေးမှုပြုမှာ။ အဓိကအားဖြင့် ကောင်းကင်လူသားကြီးအဆင့်နဲ့ အထက်ကို ပစ်မှတ်ထားလိမ့်မယ်.."

"အဲ့ဒါကြောင့်မို့လို့ ပြီးရင် ရုတ်ရုတ်သဲသဲ ပိုဖြစ်လာမှာ.. မင်းတို့တွေ ကောင်းကောင်းပုန်းအောင်းနေဖို့ လိုတယ်.."

"ဒါက တွေးထားပြီးသားပါ.."

ဖန်းဟောင်က ပြုံးသည်။ မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ အဖွဲ့သားများသည် လူခွဲကာ ပုန်းအောင်းနေပြီးဖြစ်၏။

စံအိမ်ဆီသို့ပြန်ပြီးနောက် ရှန်ဟိုင်ကျိုးမှာ မှင်သက်နေ၏။ ရွှီယန်နှင့် မုန့်ချုံတို့သည် ဒီနေရာတွင် ပုန်းအောင်းနေသည်လား။ မည်သူမှ သတိမထားမိပေဘူးလား။ တကယ်ကို တွေးနိုင်ခြင်းမရှိပေ။

မကြာခင်တွင် သူသည် တစ်ခုခု မူမမှန်ကြောင်းကို သတိထားမိလိုက်၏။ ရွှီယန်နှင့် မိတ်ဆွေဖွဲ့နိုင်ခဲ့မှုအတွက် စိတ်လှုပ်ရှားနေမိသည်။ ဤသည်မှာ သူ၏ဘဝတွင် သေချာပေါက် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်၏။

စုလင်းရှုံက စိတ်လှုပ်ရှားစွာဖြင့် လာရောက်ကြိုဆိုသည်။

"စီနီယာအစ်ကိုတို့.. ဂျူနီယာမောင်လေး... နောက်ဆုံးတော့ ပြန်လာကြပြီပေါ့။ အခြေအနေ ဘယ်လိုရှိလဲ.."

ရှနိဟိုင်ကျိုးက စုလင်းရှုံကို ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်သည်။ သူ၏ ဝတုတ်သည့်မျက်နှာပေါ်၌ ရှက်ရွံ့သည့်အသွင် ပေါ်လာ၏။

"သူကဘယ်သူလဲ.."

စုလင်းရှုံက ရှန်ဟိုင်ကျိုးကို သိလိုစွာ ကြည့်သည်။ မျက်နှာတစ်ခုလုံးသည် ညိုမဲကာ ကြည့်ရသည်မှာ သနားစရာကောင်းလှ၏။

"ရှန်ဟိုင်ကျိုး.."

ရွှီယန်က မိတ်ဆက်ပေးသည်။

"တွေ့ရတာဝမ်းသာပါတယ် မိန်းကလေးစု.."

ရှန်ဟိုင်ကျိုးက အလျှင်အမြန် လေးနက်သည့်အသွင်ဆောင်ကာ ပြောသည်။

"အရမ်းကြီးယဉ်ကျေးနေဖို့ မလိုပါဘူး။ ဒီဆေးလုံးကိုယူလိုက်.."

စုလင်းရှုံက လက်ကိုဝှေ့ရမ်းကာ ရှန်ဟိုင်ကျိုးဆီသို့ ဆေးတစ်လုံးကို ပစ်ပေးလိုက်သည်။

"ဒါကိုစားပြီးရင် နင့်ရဲ့ဒဏ်ရာတွေ ကောင်းသွားလိမ့်မယ်.."

ရှန်ဟိုင်ကျိုးက သံသယဖြစ်သွား၏။ ဘာပဲဖြစ်ဖြစ် သူ၏မျက်နှာပေါ်ရှိ ဒဏ်ရာများသည် ဖခင်ဖြစ်သူ၏ ရိုက်နှက်မှုကြောင့်ဖြစ်၏။ သူ၏ဖခင်မှာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ဖြစ်ပြီး စွမ်းအားအကြွင်းအကျန်တို့ ရှိနေဆဲဖြစ်သည်။

သူ့ကို သင်ခန်းစာပေးရန် အချိန်တစ်ခုအထိ ယောင်ကိုင်းအောင် ပြုလုပ်ထားခြင်း ဖြစ်၏။ ဒီဆေးလုံးကိုသောက်လိုက်သည်နှင့် အမှန်တကယ် ပြန်ကောင်းနိုင်မည်လား။

သူသည် ဆေးလုံးကို သောက်လိုက်ပြီးနောက် လက်နှစ်ဖက်ကိုဆုပ်ကာ ပြောသည်။

"မိန်းကလေးရဲ့ စိတ်ကောင်းအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီဒဏ်ရာတွေက တမင်အလုပ်ခံထားရတာ။ ကျွန်တော်ရဲ့အဖေ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားရဲ့ စွမ်းအားအကြွင်းအကျန်တွေ ရှိနေတယ်.."

"ဘုရားရေ တကယ် အလုပ်ဖြစ်တာလား.."

သူ၏စကားမဆုံးခင်တွင် ရှန်ဟိုင်ကျိုးသည် မျက်နှာပေါ်ရှိ အေးစက်သည့်ခံစားချက်ကို ခံစားလိုက်ရ၏။ ဒဏ်ရာများ ပျောက်ကွယ်သွားမှုကို နားလည်လိုက်ပြီး အံ့ဩသွားသည်။

"အရမ်းကြီးအံ့ဩမနေနဲ့... သေခါနီးဖြစ်နေရင်တောင် ငါ့ရဲ့ဂျူနီယာညီမလေးက မင်းကိုကယ်တင်လို့ရတယ်.."

ရွှီယန်က ရယ်မောကာပြောသည်။

"လာကြ လာကြ... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက ရတနာတွေကို ရေကြည့်ရအောင်.."

ရွှီယန်သည် သိုလှောင်ဘူးကိုထုတ်ကာ ရရှိခဲ့သည့် ရတနာများအား စတင်ရေတွက်၏။ ထို့အပြင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ ခေါင်းဆောင်များနှင့် တပည့်များ၏ သိုလှောင်အိတ်များ အပုံလိုက်လည်း ရှိနေသည်။

ယွီကျိုး၏ နံပါတ်တစ်ဂိုဏ်းမှ အဖွဲ့သားများအနေနှင့် မည်သူမှ ဆင်းရဲမွဲတေမည် မဟုတ်ပေ။ ဒီတစ်ကြိမ်၏ ရရှိမှုများမှာ အလွန်များပြားလှ၏။

ရှီအာ၊ မုန့်ရှူရှူနှင့် ကျိုးယင်တို့လည်း စိတ်လှုပ်ရှားစွာဖြင့် ရေတွက်မှု၌ လာရောက်ပါဝင်ကြသည်။ ကြောင်နီမှာလည်း အလွန်စိတ်လှုပ်ရှားနေ၏။

များပြားလှသည့် စိတ်ဝိဉာဉ်ဆေးပင်များကို တွေ့ရပြီးနောက် သူသည် စုလင်းရှုံရှေ့၌ ချစ်ဖို့ကောင်းစွာ လုပ်ပြလေသည်။ ပြီးလျှင် ဒန်ဆေးလုံးများ မရမည်ကို စိုးရိမ်စရာမလိုတော့ပေ။

ရွှီယန်တို့အုပ်စုက ပစ္စည်းများကို ရေတွက်နေချိန်တွင် ယွီကျိုးတစ်ခုလုံးမှာ အုတ်‌အော့သောင်းနင်းဖြစ်နေ၏။

ယွီကျိုး၏ နံပါတ်တစ်ဂိုဏ်းသည် ဓားပြများ၏ ဝင်ရောက်လုယက်ခြင်းကို ခံထားရသည့်အလား လုံးဝစုတ်ပြတ်ကာ ကျန်ခဲ့၏။

အဓိကရတနာတိုက်တစ်ခု ပင်လျှင် အပြောင်ရှင်းခံခဲ့ရသည်။ ဆုံးရှုံးမှုများမှာ စိတ်ကူး၍ပင်မရနိုင်အောင် ရှိနေ၏။

"သူတို့က တကယ့်ကို ငါတို့ရဲ့စံပြပဲ.."

"ဘာလို့လဲမသိဘူး။ ငါဒီနေ့ နေရင်းထိုင်ရင်း စိတ်လှုပ်ရှားနေတယ်။ ကျင့်ကြံရတာတောင် ခွန်အားအပြည့်ပဲ.."

"ဒီကောင်တွေက ထိုက်တန်တယ်... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက နောက်ဆုံးတော့ ဝဋ်ပြန်လည်ခဲ့ပြီ.."

"ရှူး... အဲ့အကြောင်းကို မပြောနဲ့... အဖမ်းခံရမှာကို သတိထား.."

ယွီကျိုးရှိ သိုင်းသမားများသည် အသီးသီး ပြောဆိုနေကြ၏။ လေလွင့်သိုင်းသမားများနှင့် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများရှိ သိုင်းသမားများအားလုံးတို့ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ကံဆိုးမှုအတွက် ဝမ်းသာနေကြသည်။

တစ်ဖက်လူ၏ ဆုံးရှုံးမှုကို မြင်တွေ့ရသည်က ကိုယ်ပိုင်ခွန်အားမြင့်တက်ခြင်းထပ်ပင် ပိုမို ပျော်စရာကောင်းနေ၏။

ထိုအချိန်၌ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ အတွင်းတွင် ခေါင်းဆောင်များနှင့် တပည့်များအားလုံးတို့မှာ ညို့မှိုင်းစွာ ရှိနေကြ၏။ သူတို့၏ ရတနာအိတ်များအားလုံး လုယူခံခဲ့ရပြီး ကျင့်ကြံရန်အတွက် အပတ်တကုတ် စုစည်းထားသည့် အရင်းအမြစ်အားလုံး လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားခဲ့လေသည်။

ဂိုဏ်း၏ရတနာတိုက်များ လုယက်ခံခဲ့ရသည့် ကိစ္စမှာတော့ ဂိုဏ်းချုပ်နှင့် အကြီးအကဲများ စိုးရိမ်ရမည့်ကိစ္စဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ရတနာတိုက်အတွင်းမှ ပစ္စည်းများမှာ သူတို့၏အပိုင် မဟုတ်ပေ။

ကျူ့လျန်နှင့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ အခြားစွမ်းအားကြီးမားသည့် အကြီးအကဲများမှာ မျက်လုံးများ၌ သွေးရောင်လွှမ်းနေပြီး လူသတ်ငွေ့ဆန်စွာ ရှိနေ၏။ သူတို့သည် သူခိုးဓားပြများကို ရှာဖွေရန်အတွက် မြေပြင်ကိုပင် သုံးပေလောက် လှန်ပစ်ချင်ကြလေသည်။

သို့ရာတွင် တစ်ဖက်လူကို ရှာတွေ့ရန် မဖြစ်နိုင်ကြောင်းအား အားလုံးသိကြ၏။ အလွန် ဒေါသထွက်ဖို့ကောင်းလှသည်။ ယွီကျိုး၏ နံပါတ်တစ်ဂိုဏ်းဖြစ်သည့် သူတို့သည် ဘယ်တုန်းက ယခုကဲ့သို့ စော်ကားမှုမျိုးကို ခံခဲ့ရဖူးလို့နည်း။

"ရွှီယန်နဲ့မုန့်ချုံက သေကိုသေရမယ်... ဘာတန်ကြေးပဲပေးရပေးရ.."

ကျူ့လျန်က အံကိုကြိတ်ကာ ပြောသည်။

"ဟုတ်တယ်... ဘာတန်ကြေးပဲပေးရပေးရ။ ငါတို့တွေ သူ့ကိုသတ်ရမယ်.."

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က ဒေါသတကြီးဖြင့် ပြောသည်။

"ဂိုဏ်းချုပ်ရှင်းကို ငါချက်ချင်းပဲ ဆက်သွယ်လိုက်မယ်။ ချီမင်ဂိုဏ်းရဲ့ အစစ်အမှန်ဆက်ခံသူကို ယွီကျိုးကိုလာခိုင်းပြီး ရွှီယန်ကို မျှားထုတ်ရမယ်။ ပြိုင်ပွဲမှာ မသတ်နိုင်ရင်တောင်မှ ငါတို့တွေ ဒီကောင့်ကို အသက်ရှင်ရက်မထားဘူး.."

"အဓိကက သူပေါ်လာဖို့ပဲလိုတယ်... ပြီးတာနဲ့ ပြန်ဖို့မစဉ်းစားနဲ့.."

ကျူ့လျန်က သတ်ဖြတ်လိုစိတ် အပြည့်ဖြင့်ပြော၏။

All Chapters