← Chapters

ဆရာက ပြိုင်ဘက်ကင်းတယ်။

Vol. 33 Ch. 492

ဆရာက ပြိုင်ဘက်ကင်းတယ်။

Vol. 33 Ch. 492

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ အဓိကခန်းမ အတွင်းတွင် ကျူ့လျန်နှင့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ အကြီးအကဲများမှာ လေးနက်စွာ စောင့်စားနေကြ၏။

ခေါင်းဆောင်နှင့် တပည့်များမှာ ကြိုဆိုမှုပြုရန်အတွက် တန်းစီကာ ရပ်နေကြသည်။ လူတိုင်း၏ မျက်နှာများပေါ်တွင် သိလိုစိတ်နှင့် စိတ်လှုပ်ရှားမှုတို့ ထင်ဟပ်နေကာ လူပေါင်းများစွာတို့သည် ရွှီယန်ကို ခေါင်းဖြတ်သတ်ဖြတ်ပြီး သူတို့၏ဒေါသကို ဖြေဖျောက်နိုင်ရန် မျှော်လင့်ကြ၏။

လေထဲတွင် ပုံရိပ်နှစ်ခုတို့ တည်ငြိမ်စွာ လျှောက်လှမ်းလာကြသည်။ ထိုပုံရိပ်တို့ကို တွေ့ရပြီးနောက် ကျူ့လျန်တို့၏ မျက်နှာများက ချက်ချင်းပင် လေးနက်သွား၏။

ဦးဆောင်လာသည့်လူမှာ တင်းမာသည့် မျက်နှာပေးရှိသည့် လူငယ်တစ်ယောက် ဖြစ်သည်။ သူ၏ မျက်ခုံးများက ရွှေရောင်ကဲ့သို့ရှိပြီး သူ၏နောက်တွင် ချီမင်ဂိုဏ်း၏ ဒုတိယအကြီးအကဲက နီးကပ်စွာ လိုက်ပါလာသည်။

အဆင့်အတန်း တင်းကြပ်စွာခွဲခြားထားသည့် လင်းနယ်မြေတွင် ဒုတိယအကြီးအကဲက လုရှင်ထင်း၏ ခြေလှမ်းတစ်ဝက် နောက်ကျကာ နောက်မှလိုက်နေသည်မှာ တစ်ဖက်လူ၏ အဆင့်အတန်းမြင့်မားပုံကို တွေ့မြင်နိုင်၏။

လုရှင်ထင်းသည် ချီမင်ဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးအား ဆက်ခံမည့်လူဟု ဆိုလိုသည်ပင်။ သူ၏ပါရမီနှင့် ချီမင်ဂိုဏ်း၏ ခွန်အားမှာ နောက်ထပ်အဆင့်တစ်ခု မြင့်တက်သွားမှာ ဖြစ်သည်။

"အစစ်အမှန်ဆက်ခံသူလုကို နှုတ်ဆက်ပါတယ်.."

ကျူ့လျန်နှင့် အခြားအကြီးအကဲများက ဦးညွှတ်ကြသည်။

"အင်း.."

လုရှင်ထင်းက ထူးမခြားနားစွာဖြင့် ခေါင်းငြိမ့်၏။ ထို့နောက် စောင့်ရှောက်သူနှင့်အတူ ခန်းမအတွင်းသို့ ဝင်ရောက်လာပြီး ထိုင်၏။

"အဓိကအကြောင်းအရာကို တစ်ခါတည်းပြောရအောင်။ အဲ့ဒီ့ရွှီယန်လို့ခေါ်တဲ့ကောင်ကို သေဖို့ပြင်ဆင်ထားလို့ပြောလိုက်။ သူ့ကိုသတ်ပြီးရင် ငါအဆင့်ချိုးဖျက်ဖို့အတွက် ပြန်ပြီးပြင်ဆင်ရမယ်.."

လုရှင်ထင်းက မောက်မာစွာပြောသည်။

"အစစ်အမှန်ဆက်ခံသူလု ခဏစောင့်ပါ။ ကျွန်တော်တို့တွေ ချက်ချင်းပဲ ယွီကျိုးသိုင်းလောကကို သတင်းလွင့်လိုက်ပါမယ်။ သိုင်းသမားတွေအားလုံး ဆက်ခံသူလုရဲ့ ကြီးမြတ်ပုံကို သိသွားစေရမယ်.."

"အဲ့ဒီ့လေးလွင့်သိုင်းသမားတွေ သူတို့ရဲ့ ပါရမီရှင်ဆိုတာ ဘာမှမဟုတ်ဘူးဆိုတာကို နားလည်သွားစေရမယ်.."

ကျူ့လျန်က လေးစားစွာဖြင့် ဖြေကြားသည်။

"အမ်း.. မြန်မြန်လေးလုပ်.."

လုရှင်ထင်းက အသာခေါင်းငြိမ့်သည်။

ထိုနေ့တွင် လင်းနယ်မြေရှိ အဓိကစိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများအားလုံး သတင်းတစ်ခုကို လက်ခံရရှိခဲ့၏။

ဤသည်မှာ ချီမင်ဂိုဏ်း၏ အစစ်အမှန်ဆက်ခံသူသည် ယွီကျိုးသို့ သွားရောက်ပြီး ရွှီယန်ကို စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ချက်ချင်းပင် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများအားလုံးတို့သည် အံ့ဩသွားကြ၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းသည် ချီမင်ဂိုဏ်း၏ အစစ်အမှန်ဆက်ခံသူကို အမှန်တကယ် ဖိတ်ခေါ်ခဲ့လေပြီ။

လုရှင်ထင်းမှာ ဒီဗိုင်းအလင်းဖြာခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး နာမည်ကျော်ကြားသည့် ပါရမီရှင်တစ်ယောက်ဖြစ်၏။ ကောင်းကင်လူသားကြီး ခွန်အားအဆင့်နှင့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကို သတ်ဖြတ်ခဲ့ပြီး လော့ဒေသ၏ နံပါတ်တစ် အနာဂတ်ပုဂ္ဂိုလ်တစ်ဦးဖြစ်မည်ဟု ယူဆထားကြသည်။

ယခုအချိန်၌ သူသည် ယွီကျိုးသို့ သွားရောက်ပြီး ရွှီယန်ကို စိန်ခေါ်ခဲ့၏။ ရွှီယန်မှာလည်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကို သတ်ဖြတ်ခဲ့ပေမယ့် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများရှိ စွမ်းအားကြီးပုဂ္ဂိုလ်အများစုအနေနှင့် တစ်ဖက်လူသည် အထူးနည်းလမ်းအချို့ကို အသုံးပြုခဲ့၍ ထိုကဲ့သို့ စွမ်းဆောင်နိုင်ခြင်းဖြစ်မည်ဟု သုံးသပ်ကြသည်။

သူတို့၏ ရှိရင်းဆွဲအမြင်နှင့် ကြည့်ကာ လေလွင့်သိုင်းသမားပါရမီရှင်တစ်ယောက်က စိတ်ဝိဉာဉ်ဂိုဏ်း၏ ပါရမီရှင်နှင့် မည်ကဲ့သို့ နှိုင်းယှဉ်နိုင်မည်နည်းဟု ထင်မိကြ၏။

ထို့ကြောင့် အားလုံးတို့သည် ရွှီယန်နှင့် လုရှင်ထင်းတို့၏ တိုက်ပွဲရလဒ်ကို ကြိုတင်ဆုံးဖြတ်ပြီး ဖြစ်သည်။ ရွှီယန်မှာ သံသယဝင်စရာမကောင်းလောက်အောင် သေဆုံးရမှာ ဖြစ်၏။ သူတို့အနေနှင့် ရွှီယန်တစ်ယောက် စိန်ခေါ်မှုကို လက်ခံရဲလားဟုပင် သံသယဝင်မိသည်။

ဝမ်းယုံမှာ ရှည်လျားသည့် ခရီးဆက်မှုအပြီးတွင် နောက်ဆုံးတွင် ယွီကျိုးသို့ ရောက်ရှိလာခဲ့၏။ မျိုးဆက်စုံမဟာမိတ်အဖွဲ့ခွဲ၏ ဌာနသို့ ရောက်ရှိလာပြီးနောက် စခန်းမှာ ပျက်စီးသွားပြီ ဖြစ်ကြောင်းကို အံ့သြစရာကောင်းစွာ တွေ့လိုက်ရသည်။

လျှို့ဝှက်နေရာများစွာတို့ကို လိုက်လံရှာဖွေပြီးနောက် နောက်ဆုံးတွင် ယွိကောင်းနှင့် အဆက်အသွယ်ရခဲ့၏။

စံအိမ်မှာ ပုံမှန်အတိုင်းသာ ရှိနေပါသည်။ သို့ရာတွင် ရှန်ဟိုင်ကျိုးက အပြေးအလွှာရောက်လာပြီး အနည်းငယ်အံ့သြနေပုံ ပေါ်၏။

"ညီလေးရွှီ... ကိစ္စကြီးတစ်ခု ဖြစ်သွားတယ်.."

ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားပြီး မေးသည်။

"ကိစ္စကြီးလား... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက သတင်းအချက်အလက် ထောက်ပံ့ပေးခဲ့တာ မင်းဆိုတာကို သိသွားတာလား.."

"မဟုတ်ဘူး.."

ရှန်ဟိုင်ကျိုးက ခေါင်းကိုရမ်းသည်။ လေးနက်စွာပြော၏။

"ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက လော့ဒေသရဲ့ ချီမင်ဂိုဏ်းက အစစ်အမှန်ဆက်ခံသူကို ဖိတ်ခေါ်ခဲ့တယ်။ မင်းနဲ့ သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲတစ်ခုကို ကျင်းပမလို့.."

"ချီမင်ဂိုဏ်းက အစစ်အမှန်ဆက်ခံသူလား.."

ရွှီယန်က စဉ်းစားသည်။ မုန့်ချုံနှင့် အခြားလူတို့လည်း သိလိုစွာဖြင့် အနားသို့ရောက်လာကြ၏။

ရှန်ဟိုင်ကျိုးက လေပူများကိုမှုတ်ထုတ်ပြီး ညှို့မှိုင်းစွာ ပြောသည်။

"ချီမင်ဂိုဏ်းက လော့ဒေသရဲ့ ထိပ်တန်းအဆင့် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုပဲ။ သူတို့ရဲ့ အစစ်အမှန်ဆက်ခံသူက လုရှင်ထင်းလို့ခေါ်တယ်။ ထိပ်တန်းရတနာခန္ဓာ ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ ဒီဗိုင်းအလင်းဖြာခန္ဓာကို ပိုင်ဆိုင်ထားပြီး အရမ်းကို ပါရမီမြင့်မားတဲ့ လူတစ်ယောက်ပဲ.."

"ကောင်းကင်လူသားကြီးအဆင့်နဲ့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့တယ်။ သူ့ရဲ့ခွန်အားက သံသယဝင်စရာ လုံးဝမရှိဘူး။ ခန့်မှန်းကြည့်ဖို့ ခက်ခဲလှတယ်.."

"ပြီးခဲ့တဲ့ မကြာသေးခင်ကပဲ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် လေလွင့်သိုင်းသမား၃ယောက်ကို သတ်ဖြတ်ခဲ့တယ်။ အဲ့ဒါက သူ့ရဲ့ ဒီဗိုင်းအလင်းဖြာခန္ဓာရဲ့ အလားအလာကို အဆုံးစွန်အထိ မြှင့်တင်နိုင်ခဲ့တယ်။ စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်ကိုတောင် ချိုးဖျက်တော့မယ်လို့ ကြားတယ်.."

"ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက သူ့ကို ယွီကျိုးကိုဖိတ်ခေါ်ခဲ့တာ မင်းကို စိန်ခေါ်ခိုင်းဖို့ပဲ။ ပါရမီရှင်အချင်းချင်း ရင်ဆိုင်ခိုင်းတာပေါ့.."

ရှန်ဟိုင်ကျိုးက လုရှင်ထင်း၏ အကြောင်းများကို အသေးစိတ်ကျစွာ ပြောပြသည်။ အထူးသဖြင့် ကောင်းကင်လူသားကြီးအဆင့်နှင့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကို သတ်ဖြတ်နိုင်သည့်အချက်ဖြစ်၏။ ထိုကဲ့သို့သော စွမ်းအားမှာ ကြောက်စရာကောင်းလှသည်။

ရွှီယန်က စိတ်ဝင်စားသွားပြီးမေး၏။

"ချီမင်ဂိုဏ်းရဲ့ အစစ်အမှန်ဆက်ခံသူ... ဒီဗိုင်းအလင်းဖြာခန္ဓာ... စိတ်ဝင်စားစရာပဲ... သူက ဘယ်နေရာမှာ ငါ့ကိုစိန်ခေါ်ဖို့ စီစဉ်ထားတာလဲ.."

လင်းနယ်မြေသို့ အချိန်အတော်ကြာအောင် ရောက်ရှိပြီးနောက် သူသည် လင်းနယ်မြေ၏ စစ်မှန်သည့်ပါရမီရှင်တစ်ယောက်နှင့် နောက်ဆုံးတွင် ကြုံတွေ့ရပေတော့မည်။ ဒီဗိုင်းအလင်းပြာခန္ဓာမှာ ထိပ်တန်းဒီဗိုင်းခန္ဓာ ဆယ်ခုထဲမှ တစ်ခုဖြစ်၏။

"ကောင်းကင်လူသားကြီးအဆင့်က ဘယ်လိုလုပ်ပြီး စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား တစ်ယောက်ကို သတ်ဖြတ်နိုင်တာလဲ။ ဒီဗိုင်းဝိဉာဉ်ရဲ့ ခွန်အားက စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့်အောက်က သိုင်းသမားတွေ ခံနိုင်တဲ့အရာ မဟုတ်ဘူး.."

ဖန်းဟောင်က သိလိုစွာမေးသည်။

လူတိုင်းသိကြပါသည်။ ကောင်းကင်လူသားကြီးအဆင့်သည် မည်မျှပင်သန်မာစေကာမူ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်၏ပြိုင်ဘက် သေချာပေါက် မဖြစ်နိုင်ပေ။

ကောင်းကင်လူသားကြီး အယောက်၁၀၀ ပူးပေါင်းလျှင်တောင် စိတ်ဝိဉာဉ်သန့်စေခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို ခြိမ်းခြောက်နိုင်ရန် ခက်ခဲလှ၏။

အဓိကအကြောင်းအရင်းမှာ ဒီဗိုင်းဝိဉာဉ်၏ ဖိနှိပ့်မှုဖြစ်သည်။ ဒီဗိုင်းကြီးမြတ်ခြင်း၏ ဖိနှိပ့်မှုအောက်တွင် မည်သည့် ကောင်းကင်လူသားကြီးအဆင့်မှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သူတို့၏အသိစိတ်မှာ ဖိနှိပ့်ခြင်းခံထားရပြီး ခွန်အားမှာ သံသယဝင်စရာ မကောင်းလောက်အောင် ရုတ်လျော့သွားမှာ ဖြစ်၏။

အမြန်နှုန်းပဲဖြစ်ဖြစ်၊ သွက်လက်မှုပဲဖြစ်ဖြစ် အရာအားလုံးတို့ ဖိနှိပ့်ခြင်းခံရကာ ထိုကဲ့သို့သော အခြေအနေမျိုးတွင် မည်ကဲ့သို့ တိုက်ခိုက်နိုင်မည်နည်း။

"လုရှင်ထင်းရဲ့ ဒီဗိုင်းအလင်းဖြာခန္ဓာကိုယ်က ရတနာခန္ဓာဆယ်ခုထဲက တစ်ခုအပါအဝင်ပဲ။ သူ့ရဲ့စွမ်းအားက ဒီဗိုင်းဝိဉာဉ်ရဲ့ဖိအားကို ပျောက်ကွယ်သွားစေနိုင်တယ်။ အဲ့ဒီ့အပြင် ချီမင်ဂိုဏ်းရဲ့ အစစ်အမှန်ဆက်ခံသူတစ်ယောက်အနေနဲ့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတွေနဲ့ အမြဲတမ်း ကျင့်ကြံနေမှာပဲ.."

"အဲ့ဒါက သူ့ရဲ့ ဒီဗိုင်းဝိဉာဉ်ဖိအားအပေါ် ခုခံမှုကို ပိုပြီးတော့ မြင့်မားလာစေတယ်။ အဲ့ဒီ့အပြင် ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းတွေမှာ ဒီဗိုင်းဝိဉာဉ်ရဲ့ ဖိအားကို လျှော့ချပေးနိုင်တဲ့ လျှို့ဝှက်အတတ်တွေ ပိုင်ဆိုင်ထားလေ့ရှိတယ်.."

"ငယ်စဉ်ကတည်းက စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနဲ့အတူ လေ့ကျင့်ခဲ့ပြီး ဒီဗိုင်းဝိဉာဉ်ရဲ့ဖိအားကို သက်ဆိုင်ရာ အတိုင်းအတာတစ်ခုအထိ ခံနိုင်တဲ့လူက သူ့ရဲ့ ဒီဗိုင်းအလင်းဖြာခန္ဓာကိုယ်နဲ့ ပေါင်းလိုက်တဲ့အခါ သက်ရောက်မှုကို လုံးဝဖယ်ရှားနိုင်သွားတယ်.."

"ထိပ်တန်း စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ ခွန်အားက သူတို့ရဲ့အမွေအနှစ်နဲ့ အခြေခံအပေါ်မှာ လုံးဝမှီခိုနေတယ်.."

ရှန်ဟိုင်ကျိုးက လေးနက်စွာပြောသည်။

ရွှီယန်နှင့် အခြားလူများက မနေနိုင်ဘဲ သက်ပြင်းချကြ၏။ ထိုထိပ်တန်း စိတ်ဝိဉာဉ်ဂိုဏ်းများသည် အမှန်တကယ်ကို အထင်သေးလို့မရပေ။

ကောင်းကင်လူသားကြီးအဆင့်နှင့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ရန် မဖြစ်နိုင်ဟူသည့် ယုံကြည်မှုသည် သာမန်စိတ်ဝိဉာဉ်ဂိုဏ်းများ၊ မိသားစုကြီးများနှင့် လေလွင့်သိုင်းသမားများ အပေါ်တွင်သာ မှန်ကန်၏။

စနစ်ကျသည့် ကျင့်ကြံမှုအောက်တွင် ကြီးထွားကြသည့် ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းမှ ပါရမီရှင်များသည် စွမ်းအားကြီးကျင့်စဉ်များကို ကျင့်ကြံကာ ဒီဗိုင်းခန္ဓာများကို ပိုင်ဆိုင်ပြီး ဒီဗိုင်းဝိဉာဉ်၏ဖိအားက သူတို့အပေါ် သိသာသည့်သက်ရောက်မှု မရှိတော့ပေ။

All Chapters