← Chapters

ဆရာက ပြိုင်ဘက်ကင်းတယ်(၂)

Vol. 33 Ch. 493

ဆရာက ပြိုင်ဘက်ကင်းတယ်(၂)

Vol. 33 Ch. 493

ကျင့်ကြံခြင်းအတတ်ပဲဖြစ်ဖြစ်၊ ကြီးပြင်းသည့်ပတ်ဝန်းကျင်ပဲဖြစ်ဖြစ်၊ လက်ထဲရှိလက်နက်များပဲဖြစ်ဖြစ် သူတို့သည် လေလွင့်သိုင်းသမားများထက် များစွာ သာလွန်ကြသည်။

ဤသည်မှာ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ အရာအားလုံး၏ အထက်တွင် ရပ်တည်ကာ လင်းနယ်မြေကို အုပ်ချုပ်နိုင်ခြင်း၏ အခြေခံအချက် ဖြစ်သည်။

ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်း တစ်ခုပင်လျှင် ယခုမျှအစွမ်းထက်ရာ အဆင့်လွန်ဂိုဏ်းများ ဆိုပါက မည်ကဲ့သို့သော ပါရမီရှင်မျိုးများကို ပိုင်ဆိုင်ထားမည်နည်း။

"ကောင်းတယ်... ယွီကျိုးမှာ ဘာပါရမီရှင်မှ မရှိလို့ ငါကစိုးရိမ်နေတာ။ ငါ့အတွက် ထိုက်တန်တဲ့လူကို ရှာမတွေ့ခဲ့ဘူး။ သူသာစိန်ခေါ်မယ်ဆိုရင် ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ အမွေအနှစ်သိုင်းပညာက ဘယ်လိုဆိုတာကို မြည်းစမ်းကြည့်ဖို့ အခွင့်အရေးရနိုင်တယ်.."

ရွှီယန်က စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။

"ညီအစ်ကိုရွှီ... သတိထား... မင်းအနေနဲ့ သူ့ကိုမရှုံးနိုင်တာဖြစ်လိမ့်မယ်။ ဒါပေမယ့် ကိုယ်ထင်ပြဖို့က အရမ်းကိုအန္တရာယ်များလွန်းတယ်နော်.."

ရှန်ဟိုင်ကျိုးက သတိကြီးစွာဖြင့် အမြန်ပြော၏။

"ပါရမီရှင်တွေအကြား စိန်ခေါ်ပွဲဆိုတာ ပြောရမယ်ဆိုရင် အဲ့ဒီ့ပါရမီရှင်တွေရဲ့ အကြီးအကဲတွေပဲဖြစ်ဖြစ် စောင့်ရှောက်သူတွေပဲဖြစ်ဖြစ် နိုင်နိုင်ရှုံးရှုံး ဝင်မပါသင့်ဘူး.."

"ဒါပေမယ့် စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေရဲ့ အကျင့်စရိုက်အရ သူတို့ရဲ့ အရေးကြီးဆက်ခံသူတွေသာ အန္တရာယ်ကျရောက်လာရင် ဝင်မပါဘဲ ဘယ်လိုလုပ်နေမှာလဲ.."

"လေလွင့်သိုင်းသမားတစ်ယောက်ကို ဘာဂရုမှ စိုက်နေမှာမဟုတ်ဘူး.."

မိသားစုကြီးတစ်ခု၏ သခင်လေးဖြစ်သည့်အလျောက် ရှန်ဟိုင်ကျိုးသည် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ အပြုအမူတို့ကို နက်ရှိုင်းစွာနားလည်၏။

ရွှီယန်က နှာခေါင်းရှုံ့သည်။

"စည်းမျဉ်းလား... သူတို့သာ စည်းမျဉ်းကိုချိုးဖျက်ရဲရင် လာပလေ့စေ... မချိုးဖျက်ရဲရင်လည်း ငါ့ကိုနိုင်စရာမရှိဘူး။ ဒီစိန်ခေါ်ပွဲကို ငါသေချာပေါက်လက်ခံမယ်.."

ရှန်ဟိုင်ကျိုးက ဆက်လက်တိုက်တွန်းလို၏။ သို့ပေမယ့် စုလင်းရှုံက ဝင်ရောက်ပြောသည်။

"သူတို့မှာ သူတို့ရဲ့စောင့်ရှောက်သူတွေနဲ့ စွမ်းအားကြီးနောက်ခံတွေရှိတာ ဖြစ်လိမ့်မယ်။ ဒါပေမယ့် ကျွန်မတို့မှာလည်း ဆရာရှိတယ်။ ဆရာက ပြိုင်ဘက်ကင်းတယ်.."

သူမ၏စကားကို ကြားရပြီးနောက် လူတိုင်းက သဘောတူညီစွာ ခေါင်းငြိမ့်ကြ၏။ သူတို့၏ ဆရာသည် ပြိုင်ဘက်ကင်းပါသည်။

ရှန်ဟိုင်ကျိုးက ရပ်တန့်သွားသည်။ ခြံဝန်းအတွင်းတွင် သက်တောင့်သက်သာဖြင့် စာဖတ်နေသည့် လူငယ်ဆီသို့ လှည့်ကြည့်ကာ ရွှီယန်အား ဆက်လက်တိုက်တွန်းမှု မပြုရန် ဆုံးဖြတ်လိုက်သည်။

လီရွှမ်က ပြုံး၏။ စုလင်းရှုံပြောသည်မှာ မှန်ပါသည်။ ဆရာအဖြစ်သည့် သူရှိရာ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများက စည်းမျဉ်းချိုးဖျက်မည်ကို အဘယ်ကြောင့် ကြောက်ရွံ့စရာလိုမည်နည်း။ အနိုင်ကျင့်ခံရမည်ကို ကြောက်ရွံ့နေရမည်လား။

"ဒါဆိုရင်လည်း အခြေအနေကို ငါစုံစမ်းကြည့်လိုက်မယ်.."

ရှန်ဟိုင်ကျိုးက အသက်ကို နက်ရှိုင်းစွာရှူသည်။

"လုရှင်ထင်း... မင်းရဲ့ဒီဗိုင်းအလင်းဖြာခန္ဓာနဲ့ ငါ့ကို စိတ်မပျက်စေနဲ့.."

ရွှီယန်က နှာခေါင်းရှုံ့သည်။

ရှန်ဟိုင်ကျိုး ထွက်ခွာသွားပြီးနောက် ရွှီယန်က ဆရာဖြစ်သူဆီသို့ လာ၏။

"ဆရာ... ကျွန်တော် ချီမင်ဂိုဏ်းရဲ့ အစစ်အမှန်ဆက်ခံသူဆိုတဲ့လူနဲ့ တွေ့ချင်တယ်။ သူ့ရဲ့ဒီဗိုင်းအလင်းဖြာခန္ဓာက တကယ်ပဲ ကြောက်ဖို့ကောင်းလားဆိုတာကို ကြည့်ရအောင်.."

လီရွှမ်က ခေါင်းငြိမ့်သည်။

"မင်းသွားချင်ရင်သွားလေ... စည်းမျဉ်းတွေက အရေးမကြီးဘူး... ဒီလောကရဲ့ စည်းမျဉ်းတွေကို အားနည်းတဲ့လူတွေက လိုက်နာကြတယ်။ သန်မာတဲ့လူတွေကတော့ စည်းမျဉ်းတွေကို ရေးဆွဲတယ်.."

"ဝင်ပါမယ့် လူတွေအတွက်လည်း စိုးရိမ်စရာမလိုဘူး... စည်းမျဉ်းအဟောင်းတွေ ချိုးဖျက်ခံရရင် မင်းတို့ဆရာက သူတို့အတွက် စည်းမျဉ်းအသစ်တွေကို ပြန်ရေးဆွဲပေးလိုက်မယ်.."

သူ၏ ဂရုမစိုက်သည့်လေသံက စွမ်းအားကြီးသူတစ်ယောက်၏ အသွင်အပြင်ကို ပြသနေ၏။

"ဟုတ်ကဲ့ပါဆရာ.."

ရွှီယန်မှာ အလွန်စိတ်လှုပ်ရှားနေ၏။

လီရွှမ်က ခေါင်းငြိမ့်သည်။ ချီမင်ဂိုဏ်းမှ အစစ်အမှန်ဆက်ခံသူ၏ ရွှီယန်အား စိန်ခေါ်မှုမှာ မိမိ၏ သေကြောင်းလမ်းကို ရှာဖွေနေသည်ပင်။

ဒီဗိုင်းအလင်းဖြာ ခန္ဓာလေလား။ ကြီးမြတ်သည့် ခန္ဓာကိုယ်ဆယ်ခုထဲမှ တစ်ခုလေလား။ ရွှီယန်တွင် ဒီဗိုင်းအရိုး၊ စိတ်ဝိဉာဉ်ခန္ဓာအား ပိုင်ဆိုင်ထားပြီး တစ်ဖက်လူထက် များစွာသာလွန်ပါသည်။

ကျင့်ကြံသည့် သိုင်းပညာပဲဖြစ်ဖြစ်၊ ပါရမီပဲဖြစ်ဖြစ် သူသည် ချီမင်ဂိုဏ်းမှ အစစ်အမှန်ဆက်ခံသူထက် ကြီးစွာသာလွန်၏။

တစ်ဖက်လူမှာ ရွှီယန်ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားလျှင်တောင် ရွှီယန်ကဲ့သို့ လူတစ်ယောက်အတွက် အဆင့်ပိုမိုမြင့်မားသည့် ပါရမီရှင်တစ်ယောက်ကို သတ်ဖြတ်ရန်မှာ ပုံမှန်ကိစ္စတစ်ခုသာ ဖြစ်သည်။

ယခုပါရမီရှင်ကို မဆိုထားနှင့် တစ်ဖက်ရန်သူသည် စိတ်ဝိဉာဉ်ခန္ဓာအား ပိုင်ဆိုင်ထားသူ ဖြစ်လျှင်တောင် သံသယဝင်စရာ မကောင်းလောက်အောင် သေဆုံးရမှာဖြစ်၏။

ဖန်းဟောင်က ဆက်သွယ်ရေးအဆောင်ကို စစ်ဆေးကြည့်ပြီးနောက် အံ့သြသွားသည်။ ယွိကောင်းကလည်း သူ့ဆီသို့ ချီမင်ဂိုဏ်းမှ အစစ်အမှန်ဆက်ခံသူ၏ အကြောင်းကို စာပို့လာခဲ့၏။ ထို့အပြင် သူ၏ စီနီယာအစ်ကိုကြီးကို တစ်ယောက်ယောက်က တွေ့ဆုံလိုလေသည်။

"စီနီယာအစ်ကိုကြီး... မျိုးဆက်စုံမဟာမိတ်အဖွဲ့က ဝမ်းယုံလို့ခေါ်တဲ့သူက မင်းကိုတွေ့ချင်နေတယ်.."

ရွှီယန်က မှင်သက်သွားသည်။

"အကိုဝမ် ယွီကျိုးကို ပြန်လာတာလား။ ဒါဆိုလည်း တွေ့တာပေါ့.."

သူတို့၏ နောက်ဆုံးအကြိမ် တွေ့ဆုံမှုတွင် ဝမ်းယုံက သူ့ကို မြေစိတ်ဝိဉာဉ်အမြုတေခြင်ဆီအား ပေးခဲ့၏။ ထို့အပြင် ဝမ်းယုံသည် သူ့ကြောင့် သိုက်ယင်ယင်ကို သတ်ဖြတ်ခဲ့သူဟူ၍ မှားယွင်းစွာ စွပ်စွဲခံခဲ့ရသည်။

သဘောတူညီမှုကို ရရှိပြီးနောက် ယွိကောင်းက ဝမ်းယုံကို ခေါ်လာခဲ့၏။ စံအိမ်အတွင်းသို့ ဝင်ရောက်ပြီးနောက် ယွိကောင်းက မဟာမိတ်ခေါင်းဆောင်ဖန်းနှင့် ချက်ချင်းပင် မိတ်ဆက်ပေးသည်။

ဝမ်းယုံက ပဟေဠိဖြစ်သွား၏။

"မဟာမိတ်ခေါင်းဆောင်က ခင်ဗျားမဟုတ်ဘူးလား.."

"ငါကအနားယူလိုက်ပြီ... မဟာမိတ်ခေါင်းဆောင်ဖန်းက အားလုံးရဲ့ထောက်ခံမှုနဲ့အတူ ခေါင်းဆောင်နေရာကို ဆက်ခံခဲ့တယ်။ ဝမ်းယုံ... ယွီကျိုးရဲ့ မျိုးဆက်စုံမဟာမိတ်အဖွဲ့က ပါရမီရှင်တစ်ယောက်အနေနဲ့ မင်းလည်း ကြီးမားတဲ့တာဝန်တွေကို ဝိုင်းဝန်းသယ်ပိုးပေးဖို့လိုအပ်တယ်.."

ယွိကောင်းက လေးနက်စွာပြော၏။

"မဟာမိတ်ခေါင်းဆောင်ဖန်းကို တွေ့ဆုံပါတယ်.."

ဝမ်းယုံသည် ဖန်းဟောင်ကဲ့သို့ ငယ်ရွယ်သူတစ်ယောက် မည်ကဲ့သို့ မဟာမိတ်ခေါင်းဆောင် ဖြစ်လာသည်ကို သိရှိချင်နေပေမယ့် ယွိကောင်းက လိုလိုချင်ချင်နှင့် လက်လွှဲပေးခဲ့ခြင်းဖြစ်ကာ အားလုံး၏ ထောက်ခံမှုကိုလည်း ရရှိထားရာ တစ်ဖက်လူသည် ထူးကဲသည့်စွမ်းရည်တို့ကို ပိုင်ဆိုင်ထားမည်ဟု တွေးမိလိုက်သည်။

"အရမ်းကြီး ယဉ်ကျေးနေဖို့ မလိုပါဘူး.."

ဖန်းဟောင်က ဝမ်းယုံကိုကြည့်သည်။ ဤသည်မှာ စီနီယာအစ်ကိုကြီး၏ မိတ်ဆွေဖြစ်၏။ အသက်၃၀ပင် မပြည့်သေးဘဲ ကောင်းကင်လူသားကြီးအဆင့်သို့ ရောက်ရှိပြီး ဖြစ်လေသည်။

ဤသည်မှာ လေလွင့်သိုင်းသမားများအကြားတွင် အလွန်ရှားပါး၏။ အမှန်တကယ်ကို ပါရမီရှင်တစ်ယောက်ဟု ယူဆနိုင်သည်။

"အကိုဝမ်း... မတွေ့တာကြာပြီ.."

ရွှီယန်က ဝမ်းသာစွာပြောသည်။

"ညီလေးရွှီ.."

ရွှီယန်ကို တွေ့ရချိန်၌ ဝမ်းယုံမှာ ခံစားချက်တို့ မြင့်တက်လာခဲ့၏။

မိတ်ဆက်စကားများကို ပြောပြီးနောက် ဝမ်းယုံသည် နောက်ဆုံးတွင် မဟာမိတ်ခေါင်းဆောင်ဖန်းမှာ ရွှီယန်၏ ဂျူနီယာညီလေးဖြစ်ကြောင်းကို သိလိုက်ရသည်။ ထို့နောက် သူ၏ ရောက်ရှိလာမှုအတွက် အကြောင်းပြချက်ကို စတင်ပြောပြ၏။

"ညီလေးရွှီ... စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေက မယုံရဘူး။ အဲ့ဒီ့အပြင် လုရှင်ထင်းက ချီမင်ဂိုဏ်းရဲ့ အစစ်အမှန်ဆက်ခံသူဖြစ်ပြီး အရမ်းကိုစွမ်းအားကြီးတယ်။ သူနဲ့မတိုက်ခိုက်ဖို့ ငါမင်းကိုအကြံပေးတယ်.."

ရွှီယန်က တစ်ဖက်လူ၏ ပုခုံးကိုပုတ်ကာပြောသည်။

"မင်းရဲ့စိုးရိမ်မှုအတွက် ငါကျေးဇူးတင်တယ် အကိုဝမ်း။ ဒါပေမယ့် ဒီစိန်ခေါ်မှုကို ငါလက်ခံမှာ။ အဲ့ဒါက စိတ်ဝိဉာဉ်ဂိုဏ်းတွေက ပါရမီရှင်တွေနဲ့ တွေ့ဆုံဖို့ ငါ့အတွက် အခွင့်အရေးလည်း ဖြစ်တယ်.."

ရွှီယန်၏စကားကို ကြားရပြီးနောက် ဝမ်းယုံမှာ စိုးရိမ်သွား၏။

"ပါရမီရှင်တွေရဲ့ ယှဉ်ပြိုင်ပွဲမှာ အပြင်လူတွေနဲ့ စောင့်ရှောက်သူတွေ ဝင်မပါရဘူးလို့ စည်းမျဉ်းရှိပေမယ့် စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေက ကတိတည်မယ်ထင်လို့လား.."

"လုရှင်ထင်း ရှုံးနိမ့်တာနဲ့ သူ့ရဲ့စောင့်ရှောက်သူက သေချာပေါက်ဝင်ပါလာမှာ။ ပြီးတော့ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း ဝင်ရောက်လာမှာ.."

"ညီလေးရွှီ.. မင်းဘယ်လောက်ပဲ သန်မာသန်မာ စွမ်းအားကြီးပုဂ္ဂိုလ်တွေ အများကြီးကို တစ်ယောက်တည်းနဲ့ ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ.."

မုန့်ချုံက အသာပြုံးကာ ပြောသည်။

"သူတို့တွေ စည်းမျဉ်းတွေအတိုင်း လိုက်နာမယ်ဆိုရင်တော့ အဆင်ပြေတယ်။ တကယ်လို့ မလိုက်နာဘူးဆိုရင်တော့ စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေက လူစုပြီး လုပ်ချင်တာလုပ်လို့ရမယ် ထင်လို့လား.."

"စိတ်မပူပါနဲ့... သူတို့တွေ စည်းမျဉ်းတွေ ချိုးဖျက်တာက ကိုယ့်ကိုယ်ကိုယ် သေတွင်းတူးသလိုပဲ ဖြစ်နေမှာ.."

ဝမ်းယုံက သက်ပြင်းချသည်။

"ညီလေးရွှီ မင်းမှာလည်း စောင့်ရှောက်သူတစ်ယောက် ရှိနေမယ်လို့ ငါတွေးထားပြီးသားပါ။ ဒါပေမယ့် လက်သီးနှစ်လုံးထဲနဲ့ လက်တွေအများကြီးကို တိုက်ခိုက်ဖို့က ခက်ခဲလွန်းတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ပါရမီရှင်တွေရဲ့ တိုက်ပွဲကို မှတ်မိသေးတယ်။ အဲ့ဒီ့တုန်းက စွမ်းအားကြီးမားတဲ့ အဆုံးမဲ့ကြယ်တာရာအကယ်ဒမီတောင် အစိတ်စိတ်အမွှာမွှာ ဖြစ်ခဲ့ရတယ်.."

All Chapters