← Chapters

ဆရာက ပြိုင်ဘက်ကင်းတယ်(၃)

Vol. 33 Ch. 494

ဆရာက ပြိုင်ဘက်ကင်းတယ်(၃)

Vol. 33 Ch. 494

"စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေရဲ့ ခွန်အားက အပြင်ပန်းမှာ မြင်ရသလို လုံးဝမရိုးရှင်းကြဘူး.."

ရွှီယန်က မှင်သက်သွား၏။ ဝမ်းယုံ၏စကားထဲမှ ရင်းနှီးသည့် နာမည်တစ်ခုကို သူကြားလိုက်ရသည်။ အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီလေလား။

ဤသည်မှာ အတွင်းဘက်နယ်မြေရှိ ခုနှစ်စင်ကြယ် အကယ်ဒမီ၏ အဆင့်မြင့်ကျောင်းတော် မဟုတ်ပေဘူးလား။

တစ်ချိန်က ခုနှစ်စင်ကြယ်အကယ်ဒမီရှိ ထူးချွန်သည့် တပည့်သားများသည် လင်းနယ်မြေသို့ ဝင်ရောက်ပြီးနောက် အဆုံးမဲ့ကြယ်တာရာအကယ်ဒမီတွင် သိုင်းပညာကို ဆက်လက်သင်ကြားနိုင်ကြသည်။

"အဆုံးမဲ့ ကြယ်တာရာအကယ်ဒမီလား... အကိုဝမ်... အဲ့ဒီ့အကြောင်း ငါ့ကိုပြောပြနိုင်မလား.."

ရွှီယန်က သိလိုစွာမေးသည်။

ဝမ်းယုံက ရွှီယန်ကို သံသယဖြင့်ကြည့်၏။ အပြင်ဘက်တွင်လည်း ရွှီယန်မှာ အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီ၏ အကြွင်းအကျန်ပုဂ္ဂိုလ်များက ပျိုးထောင်ထားသည့် ပါရမီရှင်တစ်ယောက်ဖြစ်သည်ဟု ပြောကြ၏။ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများရှိ ပါရမီရှင်များကို အနိုင်ယူရန် ရည်ရွယ်ထားသည်။

သို့ပေမယ့် လက်ရှိရွှီယန်၏ အသွင်ကိုကြည့်ရသည်မှာတော့ သိသာစွာပင် အဆုံးမဲ့ကြယ်တာရာအကယ်ဒမီနှင့် အရမ်းကြီး ရင်းနှီးခြင်းမရှိသည့်ပုံ ရသည်။

"အဆုံးမဲ့ကြယ်တာရာအကယ်ဒမီက တစ်ချိန်က ကြီးမားတဲ့ ဂုဏ်သတင်းကို ပိုင်ဆိုင်ခဲ့တယ်။ မရေမတွက်နိုင်တဲ့ စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေထက်တောင်မှ သာလွန်ခဲ့တယ်။ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေနဲ့ နှိုင်းယှဉ်နိုင်ခဲ့တာပေါ့။ သူ့ရဲ့ အတွေးအခေါ်တွေကလည်း သိုင်းလောကကို ပျံ့နှံ့လာခဲ့တယ်.."

"လောကတစ်ခုလုံးမှာရှိတဲ့ သိုင်းသမားတွေကို တပည့်သားအဖြစ်ခံယူပြီး ပါရမီရှင်အားလုံးကို လက်ခံခဲ့တယ်.."

"မရေမတွက်နိုင်တဲ့ လေလွင့်သိုင်းသမား ပါရမီရှင်တွေက အဆုံးမဲ့ကြယ်တာရာအကယ်ဒမီကို သွားရောက်ပြီး သိုင်းပညာသင်ကြားကြတယ်။ အနိမ့်ကျဆုံးနောက်ခံနဲ့ ပါရမီရှင်တွေ စုစည်းခဲ့တဲ့နေရာ ဖြစ်ခဲ့တယ်..."

"အထွတ်အထိပ်အခြေအနေမှာ ကျိုးနိုင်ငံရဲ့ မင်းသားတွေတောင်မှ အဆုံးမဲ့ကြယ်တာရာအကယ်ဒမီကို သွားပြီးတော့ သိုင်းပညာ သင်ကြားခဲ့ကြတယ်..."

ဝမ်းယုံက အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းနှင့် နှိုင်းယှဉ်လုနီးပါးဖြစ်နေကာ တစ်ချိန်က လင်းနယ်မြေ၏ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ တည်ရှိမှုကို အနှောင့်အယှက်ပေးခဲ့သည့် ကျောင်းတော်အကြောင်းကို မိတ်ဆက်ပေးသည်။

၎င်းသည် နောက်ခံနိမ့်ပါးသည့် ပါရမီရှင်များစွာတို့အတွက် မျှတသည့် ကျင့်ကြံမှုပတ်ဝန်းကျင်ကို ရှာဖွေပေးခဲ့သည်။ စွမ်းအားကြီးမားသည့် သိုင်းပညာများကို ကျင့်ကြံရန် အခွင့်အရေးတို့ ရလာစေ၏။

၎င်း၏ရည်ရွယ်ချက်မှာ သိုင်းပညာကို လောကကြီးတစ်ခုလုံးသို့ မျှဝေပြီး မည်သည့်နောက်ခံ ရှိစေကာမူ လူတိုင်းကို ကျောင်းတော်၌ သင်ကြားနိုင်စေရန် ဖြစ်သည်။

သို့ရာတွင် အဆုံးမဲ့ကြယ်တာရာအကယ်ဒမီသည် တပည့်များလက်ခံရန်အတွက် တင်းကြပ်သည့် စံနှုန်းများလည်း ရှိ၏။

လူတစ်ယောက်သည် သတ်မှတ်ထားသည့် အနိမ့်ဆုံးပါရမီအား ပိုင်ဆိုင်ထားရပေမည်။ ပါရမီပိုမိုမြင့်မားလေလေ စွမ်းအားကြီးမားသည့် သိုင်းပညာများကို ကျင့်ကြံရန် အခွင့်အရေး ပိုများလေဖြစ်ပြီး နိမ့်ကျစွာမွေးဖွားလာသည့် လူများပင်လျှင် လျစ်လျူရှု့ခံထားရခြင်း မရှိပေ။

လင်းနယ်မြေ၏ ဒေသ၁၈ခုတို့တွင် မြို့တိုင်း၌ အဆုံးမဲ့ကြယ်တာရာအကယ်ဒမီ၏ သိုင်းသမားများ ခေါ်ယူရန်အတွက် ဌာနများရှိနေ၏။ မိမိ၏ပါရမီကို မလစ်ဟင်းဟု ယုံကြည်မှုရှိပါက စမ်းသပ်မှုအတွင်းတွင် ဝင်ရောက် အစစ်ဆေးခံနိုင်သည်။

အထွတ်အထိပ်အခြေအနေတွင် အဆုံးမဲ့ကြယ်တာရာအကယ်ဒမီသည် လင်းနယ်မြေရှိ ပါရမီရှင်များ၏ အိမ်တစ်ခုဟု ယူဆနိုင်၏။

ယနေ့၏ စိတ်ဝိဉာဉ်နယ်မြေ သိုင်းလောကတွင် လေလွင့်သိုင်းသမားများ ကျင့်ကြံကြသည့် သိုင်းပညာအားလုံးမှာ အဆုံးမဲ့ကြယ်တာရာအကယ်ဒမီမှ ပျံ့နှံလာခဲ့ခြင်းဖြစ်၏။

လူတစ်ယောက်အနေနှင့် ကျောင်းတော်အတွင်းသို့ ဝင်ရောက်ရန် ပါရမီလစ်ဟင်းနေလျှင်တောင် သူတို့တွင် သိုင်းပညာကျင့်ကြံရန်အတွက် နည်းလမ်းတစ်ခု ရှိနေသေးသည်။

ဤသည်က စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ သိုင်းပညာအပေါ် ကြည့်မြင်ပုံနှင့် ခြားနားနေ၏။ ထိုအကြောင်းကြောင့် အဆုံးမဲ့ကြယ်တာရာအကယ်ဒမီသည် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများနှင့် ပြဿနာဖြစ်ပွားခဲ့၏။

အချိန်ကြာလာသည်နှင့်အမျှ ပိုမိုပြင်းထန်လာကာ မကြာခဏ ကျောင်းသားများနှင့် ပါရမီရှင်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

နောက်ဆုံးတွင် ပါရမီရှင်များ၏ တိုက်ပွဲအတွက် စည်းမျဉ်းစည်းကမ်းများကို တည်ဆောက်ခဲ့ကြ၏။ သွေးနတ်ဆိုးကပ်ဘေး ပေါ်လာသည့်အချိန်အထိ ဖြစ်သည်။

ထိုအချိန်၌ ကြယ်တာရာအကယ်ဒမီနှင့် စိတ်ဝိဉာဉ်ဂိုဏ်း မိသားစုကြီးများနှင့် ပြဿနာသည် လုံးဝ ပေါက်ကွဲထွက်လာခဲ့၏။

ပါရမီရှင်ပြိုင်ပွဲတစ်ခုက အဆုံးမဲ့ကြယ်တာရာအကယ်ဒမီကို ပျက်စီးရန် စတင်ခဲ့လေသည်။ ဤသည်က အကယ်ဒမီ၏ စိတ်ဝိဉာဉ်ကို ပြိုလဲသွားစေခဲ့၏။

ထိုအချိန်မှစတင်ပြီး အဆုံးပဲကြယ်တာရာအကယ်ဒမီသည် ပြိုလဲသွားကာ လင်းနယ်မြေ၏ ဒေသ၁၈ခုတို့မှ ပျောက်ကွယ်သွားခဲ့သည်။

"နတ်ဆိုးအရှင်သခင်က နိမ့်ကျတဲ့ နောက်ခံကနေလာခဲ့တယ်။ သူ့ရဲ့ပထမဆုံး မြင့်တက်မှုက အဆုံးမဲ့ကြယ်တာရာအကယ်ဒမီမှာ သိုင်းပညာသင်ယူခြင်းက စခဲ့တာပဲ။ အကယ်ဒမီရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဆီကနေ ညွှန်ကြားချက်တွေကို လက်ခံရရှိခဲ့တယ်။ နောက်ပိုင်းမှာ နတ်ဆိုးလမ်းစဉ်ကို ကျဆင်းသွားခဲ့ရင်တောင် အကယ်ဒမီအပေါ်ကို လေးစားမှုအချို့ ပြသနေတုန်းပဲ။ အဲ့ဒါကြောင့်လည်း စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေက အဆုံးမဲ့ကြယ်တာရာအကယ်ဒမီကို လုံးဝ ရန်လိုလာကြတာ.."

"အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီသာ မရှိဘူးဆိုရင် သွေးနတ်ဆိုးရဲ့ ကပ်ဘေးလည်း ရှိလာမှာမဟုတ်ဘူး။ စွမ်းအားကြီးမားတဲ့ လေလွင့်သိုင်းသမားတွေလည်း ပေါ်လာနိုင်မှာ မဟုတ်ဘူး.."

"မူလပါရမီရှင်တွေအကြား ပြိုင်ပွဲအကြောင်းနဲ့ ပတ်သက်ပြီး အစစ်အမှန် ကိစ္စတွေကို မျိုးဆက်ဟောင်းတွေပဲ သိကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ စိတ်ဝိဉာဉ်ဂိုဏ်းတွေနဲ့ မိသားစုကြီးတွေက အဆုံးမဲ့ကြယ်တာရာအကယ်ဒမီကို သမိုင်းကနေတောင် ဖျောက်ဖျက်ပစ်ခဲ့ကြလို့ပဲ.."

"အခု အဲ့ဒီ့အကယ်ဒမီအကြောင်းကို အရမ်းကို နည်းပါးတဲ့ လေလွင့်သိုင်းသမားတွေပဲ သိကြတော့တယ်။ သူတို့ကျင့်ကြံတဲ့ သိုင်းပညာတွေကိုတောင် စိတ်ဝိဉာဉ်ဂိုဏ်းတွေနဲ့ မိသားစုကြီးတွေက ပေးအပ်ထားတာဆိုပြီး ထင်ကုန်ကြတာ.."

"စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေက အကယ်ဒမီနဲ့ပတ်သက်ပြီး သဲလွန်စအားလုံးကို လုံးဝဖျောက်ဖျက်လိုခဲ့ကြတယ်.."

ဝမ်းယုံမှာ ပြန်ပြောင်းပြောပြရင်းက ဒေါသထွက်လာခဲ့၏။ မကျေနပ်မှု၊ နောင်တရမှုတို့နှင့်လည်း ပြည့်နက်နေပါသည်။

All Chapters