← Chapters

ပါရမီရှင်များ၏ပြိုင်ပွဲ၊ ချင်ကျိုးယွီလင့်စံအိမ်

Vol. 33 Ch. 495

ပါရမီရှင်များ၏ပြိုင်ပွဲ၊ ချင်ကျိုးယွီလင့်စံအိမ်

Vol. 33 Ch. 495

ထိုစကားကိုကြားရပြီးနောက် ရွှီယန်တို့အုပ်စုမှာ မနေနိုင်ပဲ မိန်းမောသွားကြသည်။ ထိုသို့ဆိုပါက ဝမ်ရှင်းသိုင်းပညာအကယ်ဒမီသည် တစ်ချိန်က အလွန် ခမ်းနားထည်ဝါခဲ့၏။

သို့ပေမယ့် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများကို ရင်ဆိုင်နိုင်ခြင်း မရှိသေးဆဲ ရှိနေ၏။ ဘာပဲဖြစ်ဖြစ် လင်းနယ်မြေမှာ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ အပိုင်ဖြစ်၏။

သူတို့သည် သမိုင်းကြောင်း၏ ဝမ်ရှင်းသိုင်းပညာအကယ်ဒမီ အစိတ်အပိုင်းကို လေလွင့်သိုင်းသမားများထံမှ အတင်း ဖျောက်ဖျက်ပစ်ခဲ့ကြသည်။

ဝမ်းယုံက ဆက်လက်ပြော၏။

"အဲ့ဒီ့ကိစ္စကို မျိုးဆက်စုံမဟာမိတ်အဖွဲ့ထဲက စီနီယာကြီးတွေ ပြန်ပြောင်းပြောတုန်းက ကြားခဲ့ရတာ။ သူတို့ပြောတာတော့ သွေးနတ်ဆိုးရဲ့ ကပ်ဘေးအပြီးမှာ ဝမ်ရှင်းသိုင်းပညာအကယ်ဒမီရဲ့ ပါရမီရှင်တွေ ပစ်မှတ်ထားခံရပြီး အကယ်ဒမီ ပျက်စီးသွားပြီးနောက်မှာ နောက်ဆက်တွဲအနေနဲ့ လင်းနယ်မြေရဲ့လေလွင့်သိုင်းသမားတွေ ဆိုးရွားတဲ့ အချိန်အခါကို ကြုံတွေ့ခဲ့ရတယ်.."

"စိတ်ဝိဉာဉ်ဂိုဏ်းတွေက ဝမ်ရှင်းသိုင်းပညာအကယ်ဒမီနဲ့ပတ်သက်ပြီး ဘယ်သူမှ သတင်းမဖြန့်ရဘူး။ မပြောကြရဘူးလို့ အမိန့်ထုတ်ခဲ့တယ်။ အကယ်ဒမီနဲ့ပတ်သက်တဲ့ ဘယ်ပစ္စည်းကိုမှလဲ လက်ဝယ်မထားရဘူး။ ဥပမာအားဖြင့် သင်္ကေတတွေ ဘာတွေပေါ့။ ရှာဖွေတွေ့ရှိတာနဲ့ ညှာတာမှုလုံးဝ မထားဘူး.."

"အဲ့ဒီ့အတွက် သတင်းပို့ပေးတဲ့သူတွေကိုလည်း များများစားစား ဆုကြေးတွေပေးတယ်။ ပြီးတော့ စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ လင်းနယ်မြေမှာ အမိန့်သြဇာကို ပြန်လည်တည်ဆောက်ရာမှာ ကူညီပေးတဲ့လူတွေ၊ သူတို့ရဲ့ဆောင်ပုဒ်ကို ဖြန့်ကျက်ပေးတဲ့လူတွေအတွက် ဆုကြေးတွေပေးတယ်.."

"ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်တဲ့လူဆိုရင် စိတ်ဝိဉာဉ်ဂိုဏ်းတွေအတွင်းကို သွပ်သွင်းပြီး သူတို့ရဲ့ အဖွဲ့ဝင်သိုင်းသမားတွေ ဖြစ်လာစေတယ်.."

"အဲ့ဒီ့ကပ်ဆိုးအချိန်အခါမှာ မှန်ကန်ပြီးတော့ ရဲရင့်တဲ့ လေလွင့်သိုင်းသမားတွေ အများအပြား အသတ်ခံခဲ့ရတယ်.."

"ပိုပြီးတော့ဆိုးတာက မရေမတွက်နိုင်တဲ့ လေလွင့်သိုင်းသမားတွေက မိတ်ဆွေတွေအချင်းချင်း၊ မိသားစုတွေအချင်းချင်းကိုတောင်မှ သစ္စာဖေါက်ခဲ့ကြတယ်.."

ရွှီယန်တို့အုပ်စုမှာ တိတ်ဆိတ်သွားကြ၏။ လင်းနယ်မြေရှိ လေလွင့်သိုင်းသမားများ၏ အတွေ့အကြုံများသည် အတွင်းဘက်နယ်မြေမှ လေလွင့်သိုင်းသမားများထက် များစွာ ပိုမိုဆိုးရွား၏။

သူတို့သည် စိတ်ဝိဉာဉ်ဂိုဏ်းမှ သိုင်းသမားများအနေနှင့် အတွင်းဘက်နယ်မြေမှ လူများကို အဘယ်ကြောင့် အထင်သေးခြင်းအားလည်း နားလည်လာကြသည်။

အားလုံးမှာ သူတို့၏ မောက်မာမှုနှင့် မူမမှန်စွာ ပျိုးထောင်လာသည့် စိတ်ပိုင်းဆိုင်ရာတို့ကြောင့် ဖြစ်၏။

"ငါတို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့က အဲ့ဒီ့တည်ရှိနေဆဲစည်းမျဉ်းတွေကို ချိုးဖျက်ပြီး လောကကြီးက လေလွင့်သိုင်းသမားတွေအားလုံးအတွက် ခြေကုပ်တစ်ခုကို ရယူပေးလိုတယ်။ မဟာမိတ်အဖွဲ့ထဲက စီနီယာအချို့ဆိုရင် အဲ့ဒီ့ကပ်ဆိုးခေတ်တုန်းက အဖြစ်အပြတ်တွေကို ကိုယ်တိုင် ကြုံတွေ့ခဲ့ကြရတယ်.."

"အချို့ဆိုရင် သွေးနတ်ဆိုးရဲ့ ကပ်ဘေးကိုတောင် ကြုံခဲ့ဖူးတယ်.."

ဝမ်းယုံက နောင်တရစွာဖြင့် သက်ပြင်းချသည်။

လင်းနယ်မြေ၏ အနိမ့်ဆုံးအဆင့်ရှိ လေလွင့်သိုင်းသမားတစ်ယောက်အနေနှင့် ဖန်းဟောင်သည် အောက်ခြေသိုင်းသမားများ၏ ဘဝကို ပိုမိုကောင်းမွန်စွာ နားလည်ပြီး စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများက အထက်စီးမှနေ၍ မည်ကဲ့သို့နှိမ့်ချပုံကို သိမြင်လေသည်။

"ယွီကျိုး မဟာမိတ်အဖွဲ့ခွဲရဲ့ ခေါင်းဆောင်အနေနဲ့ ငါမဟာမိတ်အဖွဲ့ကို ဦးဆောင်ပြီး စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေနဲ့ ယှဉ်ပြိုင် ရပ်တည်နိုင်အောင် သေချာပေါက်ဦးဆောင်မယ်.."

ဖန်းဟောင်က လေးနက်စွာဖြင့် ကြေညာချက်ထုတ်သည်။

"ကျွန်တော်ဝမ်းယုံလည်း မဟာမိတ်ခေါင်းဆောင်ကို ကျွန်တော်ရဲ့ ခွန်အားရှိသမျှနဲ့ ကူညီပြီး ကောင်းမွန်တဲ့အနာဂတ်တစ်ခုကို အတူတူဖန်တီးလိုပါတယ်.."

ဝမ်းယုံက လေးနက်စွာ ပြော၏။ ထို့နောက် သူသည် ရွှီယန်ကို လေးနက်စွာကြည့်၏။

"ညီလေးရွှီ... ဒီပါရမီရှင်အကြား ယှဥ်ပြိုင်ပွဲရဲ့ အန္တရာယ်များပုံကို မင်းလည်း နားလည်လောက်ပြီထင်တယ်။ တစ်ချိန်က အရမ်းကိုစွမ်းအားကြီးမားခဲ့တဲ့ ဝမ်ရှင်းသိုင်းပညာအကယ်ဒမီတောင်မှ ပြိုလဲခဲ့ရတယ်.."

"အဲ့ဒီ့ကိစ္စက ပြန်ပေါ်လာတာက ကောင်းတဲ့အရာ မဟုတ်ဘူး။ လက်သီးနှစ်လုံးက ဘယ်လိုလုပ်ပြီး လေးလုံးကို ယှဉ်ပြိုင်နိုင်မှာလဲ.."

လီရွှမ်မှာ တစ်ချိန်လုံး တိတ်ဆိတ်စွာ နားထောင်နေ၏။ သူသည် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ခွန်အားနှင့်ပတ်သက်ပြီး မနေနိုင်ဘဲ အံ့သြသွားမိသည်။

စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေ၏။ စွမ်းအားကြီးမားသည့် ဝမ်ရှင်းသိုင်းပညာအကယ်ဒမီပင်လျှင် ပျက်စီးခဲ့ရသည်။

"အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေမှာ အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား ဆယ်ယောက်ကျော် သို့မဟုတ် ကောင်းကင်လူသားထက် ကျော်လွန်တဲ့ တည်ရှိမှုတွေတောင် မရှိဘူးလို့ မပြောနိုင်ဘူး... သူတို့တွေ ရွှီယန်ရဲ့ဆရာဖြစ်တဲ့ ငါနဲ့ တွေ့ကြမှာမလား.."

လီရွှမ်မှာ မနေနိုင်ဘဲ စဉ်းစားရင်းနှင့် အနည်းငယ် စိုးရိမ်သွား၏။ ဝမ်းယုံပြောသည့်စကားက ဟုတ်ပါသည်။ လက်သီးနှစ်လုံးက လက်သီးလေးလုံးကို ယှဉ်ပြိုင်တိုက်ခိုက်ရန် ခက်ခဲ၏။

သို့ပေမယ့် သူသည် တစ်ယောက်တည်းတိုက်ခိုက်ရလျှင်တောင် ဒီဗိုင်းသိုင်းပညာ အစစ်အမှန်ခန္ဓာနှင့် တစ်ယောက်တည်းဟု မဆိုနိုင်ပေ။ ထို့အပြင် သဟွသိုင်းပညာ သိုင်းသမားများ၏ စွမ်းအားမှာ ဆက်တိုက်ကြီးထွားနေ၏။ ဒုတိယမြောက် ဒီဗိုင်းသိုင်းပညာ အစစ်အမှန်ခန္ဓာမှာ ဝေးကွာခြင်းမရှိတော့ပေ။

လီရွှမ်သည် သူ၏ကိုယ်ပိုင်ခွန်အားကို ပြန်လည်သုံးသပ်ပြီးနောက် ချက်ချင်းပင် တည်ငြိမ်လာခဲ့၏။

'စိုးရိမ်စရာမလိုပါဘူး... ငါ့ရဲ့ သိုင်းပညာလေးခုပေါင်းစပ်ပြီး အခင်းအကျင်းတွေ၊ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ အံ့ဖွယ်တွေနဲ့ ဓားအခင်းအကျင်းတွေနဲ့ဆိုရင် အားလုံးကိုပေါင်းစပ်ပြီး သေစေလောက်တဲ့ အခင်းအကျင်းတစ်ခုကို ဖန်တီးလို့ရတယ်။ ငါ့ဆီကိုလာတဲ့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတွေကို စိတ်ကြိုက်သတ်လို့ရတယ်။ ငါက မူလသွေးနတ်ဆိုးထက် အများကြီးပိုပြီး စွမ်းအားကြီးတယ်..'

'တကယ်လို့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားထက် သန်မာတဲ့လူတွေ ရှိရင်တောင်မှ သူတို့ကို အနိုင်မယူနိုင်ဘူးလို့ မဆိုလိုဘူး။ ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ရင် အခင်းအကျင်းကြီးကို တည်ဆောက်ပြီး အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုလုံးကို သုတ်သင်ပစ်မယ်။ ငါက သွေးနတ်ဆိုးထက် ပိုပြီးတော့ ရက်စက်တယ်ဆိုတာကို လောကကြီးတစ်ခုလုံး သိသွားစေရမယ်..'

ထိုအတွေးများနှင့်အတူ လီရွှမ်သည် ချက်ချင်းပင် ပြန်လည် ပေါ့ပါးလာခဲ့၏။ သူသည် လင်းနယ်မြေတွင် ပြိုင်ဘက်ကင်းလေသည်။

'ငါသာ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ကို ရောက်နိုင်ရင် အမှန်တကယ် ဘာကိုမှ ကြောက်စရာမလိုတော့ဘူး..'

လီရွှမ်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။

ရွှီယန် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ရဲ့ ကျင့်စဉ်ကို ဘယ်တော့များမှ နားလည်သဘောပေါက်နိုင်မလဲ မသိဘူး... ငါသာ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ကို ဝင်ရောက်ပြီးရင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုတော့ဘူး။ ဒီဗိုင်းဆန်းကြယ်စွမ်းအားကို အသုံးပြုလိုက်တာနဲ့ စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်ထက် ပိုပြီးသန်မာတဲ့ ပုဂ္ဂိုလ်တွေတောင်မှ အလွယ်တကူ ချေမှုန်းခံရမှာ...

ရွှီယန်က ခဏတာစဉ်းစားပြီးနောက် လေးနက်စွာပြောသည်။

"အကိုဝမ်းရဲ့ စိုးရိမ်မှုအတွက် ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်ရွှီယန်က ပါရမီရှင်ဆိုတဲ့ကောင်တွေကို လုံးဝမကြောက်ဘူး။ အဲ့ဒီ့ပါရမီရှင်တွေအားလုံးကို အနိုင်ယူပြမယ်... ဒီပြိုင်ပွဲကို ရင်ဆိုင်ဖို့အတွက် ကျွန်တော်ဆုံးဖြတ်ပြီးပြီ။ လက်သီးနှစ်လုံးနဲ့ လေးလုံးကို အနိုင်မယူနိုင်ဘူးဆိုတာ လုံလုံလောက်လောက် မသန်မာသူတွေအတွက်ပဲ ဆိုလိုတာ.."

"စစ်မှန်တဲ့ သန်မာသူတစ်ယောက်က လောကကြီးတစ်ခုလုံးကိုတောင် တစ်ယောက်တည်းနဲ့ ရင်ဆိုင်နိုင်တယ်။ လက်သီး၄ခုလား၊ ၈ခုလား၊ ၁၆ခုလား အားလုံးက သေးငယ်လွန်းတယ်.."

သူ၏ ဆရာဖြစ်သူ ခွန်အားသည် လုံလုံလောက်လောက် သန်မာပြီး စိတ်ကူးရန်ပင် ခက်ခဲလှသည်။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားမဖားက ဘာလုပ်နိုင်မည်နည်း။ အရေအတွက်မည်မျှ ရောက်ရှိလာစေကာမူ လာရောက်အသေခံသည်နှင့်ပင် တူနေမှာပါ။

"သိုင်းလမ်းစဉ်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိနိုင်ဖို့အတွက် လူတစ်ယောက်က မရေမတွက်နိုင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို နင်းတတ်မှရမယ်။ အဲ့ဒါမှသာ ထိပ်ဆုံးကိုရောက်နိုင်လိမ့်မယ်.."

ရွှီယန်က ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ်စဉ်းစားသည်။ ချီမင်ဂိုဏ်း၏ အစစ်အမှန်ဆက်ခံသူသည် ဒီဗိုင်းအလင်းဖြာခန္ဓာနှင့် နာမည်ကျော်ကြား၏။ သူရွှီယန်၏ ဓားနတ်ဘုရားဟူသည့် အမည်မှာတော့ လင်းနယ်မြေတလျှောက် လုံလုံလောက်လောက် ကျော်ကြားခြင်းမရှိသေးပေ။

တစ်ဖက်လူက သူ၏ဂုဏ်သတင်းကို မြှင့်တင်ရန် ကိုယ်တိုင်ရောက်ရှိလာရာ အဘယ်ကြောင့် ငြင်းဆန်နေမည်နည်း။

ဝမ်းယုံက ရွှီယန်ကိုကြည့်ကာ ခဏတာ တိတ်ဆိတ်သွားသည်။ သူတွေးမိလိုက်၏။ မျိုးဆက်စုံမဟာမိတ်အဖွဲ့ရှိ ပါရမီရှင်များအကြားတွင် ရွှီယန်ဖော်ပြသည့် ယုံကြည်မှုနှင့် မာနမျိုး လစ်ဟင်းနေကြောင်းကို နားလည်လာခဲ့သည်။

"ညီလေးရွှီက ယုံကြည်ချက်ရှိတယ် ဆိုရင်လည်း တိုက်ခိုက်ကြတာပေါ့။ လင်းနယ်မြေမှာ ငါတို့ရဲ့လွှမ်းမိုးနိုင်စွမ်းကို ဖြန့်ကျက်ကြမယ်။ စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ အစစ်အမှန်ဆက်ခံသူကို အနိုင်ယူကြမယ်.."

ဝမ်းယုံက အသက်ကိုနက်ရှိုင်းစွာရှူပြီး ထောက်ခံစွာပြော၏။

"ဒါကမှ သိုင်းသမားတစ်ယောက်ရဲ့စိတ်ဓာတ်။ ကျွန်တော်ရွှီယန်က စိန်ခေါ်မှုကို လက်ခံရဲကတည်းက ယုံကြည်ချက်ရှိလို့ပဲ။ မသေချာတဲ့အရာကို ဘယ်တော့မှမလုပ်ဘူး.."

"အကိုဝမ်း ဒီကိုရောက်လာတာ အချိန်ကိုက်ပဲ။ ဒီဆေးလုံးကို ယူလိုက်။ ကျင့်ကြံမှုမှာ ကူညီပေးလိမ့်မယ်.."

ရွှီယန်၏ မျက်နှာပေါ်၌ အပြုံးတစ်ခုပေါ်လာ၏။ သူသည် ဝမ်းယုံအား ဆေးပုလင်းနှစ်ခုတို့ကို ပေးလိုက်သည်။

ဝမ်းယုံသည် သူ့ကို စိတ်ဝိဉာဉ်ကျောက်စိမ်းခြင်ဆီအား ပေးခဲ့၏။ ဤသည်က ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်ရာတွင် အကူအညီဖြစ်ခဲ့သည်။

ယခုအချိန်၌ ဝမ်းယုံအား ကျင့်ကြံရာတွင် ပိုမိုမြန်ဆန်ကာ စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်သို့ လျှင်မြန်စွာ ရောက်ရှိနိုင်မည့် ဆေးလုံးများကို ပြန်ပေး၏။

"ဒါက... ကျေးဇူးတင်ပါတယ် ညီလေးရွှီ.."

ဝမ်းယုံက ဆေးလုံးများကို လှိုက်လှိုက်လှဲလှဲဖြင့် လက်ခံသည်။

ပြီးနောက် ဝမ်းယုံနှင့် ယွိကောင်းတို့အသီးသီး နှုတ်ဆက်စကားပြောကာ ထွက်ခွာသွားကြသည်။ သူတို့၏ တာဝန်မှာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် လုရှင်ထင်း၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန်ဖြစ်၏။

All Chapters