← Chapters

ငါ့အတွက် ကိုယ်ပိုင်ကျွန်းတစ်ကျွန်း ရှိမှ ဖြစ်တော့မယ်

Vol. 45 Ch. 549

ငါ့အတွက် ကိုယ်ပိုင်ကျွန်းတစ်ကျွန်း ရှိမှ ဖြစ်တော့မယ်

Vol. 45 Ch. 549

"ဒါက ဘာလို့ ငွေဖြူရောင်သတ္တုချောင်း ဖြစ်နေရ တာလဲ.."

သူ့ စိတ်ထဲတွင် သံသယများ ဖြစ်လာခဲ့သည်။ဤ ကဲ့ သို့သော သတ္တုမျိုးကို တစ်ခါမျှ သူ မကြားဖူးခဲ့ပေ။ ယူနီဗာဆဲလ်၏ မှတ်တမ်းများအရ ၎င်းတို့တွင် မီးခို းနက်ရောင်သတ္တုများနှင့် အနက်ရောင်သတ္တုများ သာ ရှိပြီး ငွေဖြူရောင်သတ္တုဟူ၍ လုံးဝမရှိခဲ့ပေ။

ထိုအလယ်အလတ်အရွယ် အနောက်တိုင်းသားသည် မှန်ပြောင်းကို ကိုင်ကာ အချိန်အတော်ကြာအောင် စေ့စေ့စပ်စပ် အကဲခတ်နေမိသည်။ထို့နောက် သူသ ည် ဂြိုဟ်တုဖုန်းကို ယူကာ အခြေအနေအရပ်ရပ်ကို ၎င်း၏အထက်လူကြီးထံ အစီရင်ခံလိုက်၏။

သူတို့သည် တိကျသော ရည်ရွယ်ချက်တစ်ခုဖြင့် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ 'ဘလူးဝေ းလ်' အဖွဲ့က ငွေဖြူရောင်သတ္တုချောင်းများကို သ ယ်နေသည်ကို သတင်းကြားသော်လည်း သူတို့က ချ က်ခြင်း မလူပ်ရှားခဲ့ပေ။

ယခင်က 'ဘလူးဝေးလ်' သည် ဤရေတိမ်ပိုင်းနေရာ မှ မီးခိုးနက်ရောင်သတ္တုအပိုင်းအစများနှင့် အနက် ရောင်သတ္တုချောင်းများကိုသာ အကြိမ်ကြိမ် ဆယ် ယူခဲ့ဖူးသည်။ထိုထူးခြားသည့် ရှာဖွေတွေ့ရှိမှုများ ကြောင့်ပင် အချို့သော ပုဂ္ဂိုလ်များနှင့် အင်အားစု များ၏ အာရုံစိုက်မှုကို ခံခဲ့ရခြင်းဖြစ်ပြီး 'ဒဲရစ်ခ် ကု မ္ပဏီ' သည်လည်း ထိုအင်အားစုများထဲမှ တစ်ခုပင် ဖြစ်၏။

၎င်းတို့သည် အနောက်နိုင်ငံများ၏ အထူး သတ္တုထု တ်လုပ်ရေးလောကတွင် ထိပ်သီးကုမ္ပဏီကြီး တစ်ခု ဖြစ်ပြီး နိုင်ငံတကာ အရည်အသွေးမြင့် သံမဏိ ဈေး ကွက်ကို ကာလရှည်ကြာ စိုးမိုးထားနိုင်ခဲ့သူများလ ည်း ဖြစ်သည်။နိုင်ငံများစွာ၏ စစ်ဘက်ဆိုင်ရာနှင့် စ က်မှုလုပ်ငန်းသုံး အထူးသံမဏိလိုအပ်ချက်များအား ထိုကုမ္ပဏီကပင် အဓိကဖြည့် ဆည်းပေးခဲ့ရသည်။

သို့သော်လည်း ယခုအခါတွင်မူ အခြေအနေများက လုံးဝပြောင်းလဲသွားခဲ့ရ၏။

စစ်ဘက်ဆိုင်ရာလုပ်ငန်းများနှင့် နိုင်ငံတကာအဖွဲ့အ စည်းများသည် ယူနီဗာဆဲလ်မှ ထုတ်လုပ်သည့် မီးခိုး နက်ရောင်သတ္တု နှင့် အနက်ရောင်သတ္တုတို့အပေါ် ပို မိုစိတ်ဝင်စားလာကြသည်။ဤအချက်ကပင် ဒဲရစ် ကုမ္ပဏီ၏ ထိပ်တန်းအမှုဆောင်များအား စိုးရိမ်မက င်းဖြစ်စေကာ မနာလိုစိတ်များ ပေါ်ပေါက်လာခဲ့၏။

ထို့ကြောင့်ပင် သူတို့သည် ထိုထူးခြားသည့် သတ္တု နှ စ်မျိုး၏ အရင်းအမြစ်ကို ရှာဖွေရန် လျှို့ဝှက်စုံစမ်း မှုများအား စတင်ခဲ့ကြပေသည်။

အစပိုင်းတွင် ထိုသတ္တုနှစ်မျိုးသည် ဟူကျန်းကော် တို့အဖွဲ့၏ သုတေသနရလဒ်များဖြစ်ပြီး ယူနီဗာဆဲ လ်က ခွင့်ပြုချက်ဖြင့် ထုတ်လုပ်နေခြင်းဖြစ်သည်ဟု သူတို့ ယူဆခဲ့ကြ၏။

သို့သော်လည်း နောက်ပိုင်းတွင်မူ ယူနီဗာဆဲယူနီဗာ ဆဲလ်၏ သင်္ဘောများသည် ပင်လယ်ပြင်တစ်နေရာ သို့ အဆက်မပြတ် သွားလာနေပြီး ထိုသတ္တုများကို သယ်ဆောင်လာလေ့ရှိကြောင်း သူတို့ သတင်းရရှိခဲ့ သည်။

ဤအချက်ကြောင့်ပင် ထိုသတ္တုများသည် ပင်လယ် ရေအောက်တစ်နေရာမှ ဆယ်ယူရရှိနေခြင်း ဖြစ်နိုင် ကြောင်း သူတို့ ခန့်မှန်းမိလာကြ၏။'ဘလူးဝေးလ်' သင်္ဘောလည်း ထိုပင်လယ်ပြင်ဧရိယာသို့ အကြိမ် ကြိမ် လာရောက်ခဲ့ကြောင်း သိရှိရသဖြင့် ဒဲရစ်ကုမ္ပ ဏီမှာမူ နောက်ထပ် အချိန်မဆွဲတော့ဘဲ ဆယ်ယူရေ းသင်္ဘောတစ်စင်းနှင့် သယ်ယူပို့ဆောင်ရေးသ င်္ဘောတစ်စင်းအား ထိုပင်လယ်ဧရာယာသို့ အလျင် အမြန် စေလွှတ်လိုက်သည်။

ဘလူးဝေးလ်'က ထိုထူးခြားသည့် သတ္တုနှစ်မျိုးကို ပင်လယ်ရေအောက်မှ အလွယ်တကူ ဆယ် ယူနေခြ င်းအပေါ် သူတို့ မနာလို ဖြစ်ခဲ့ရ၏။ထို့ကြောင့်ပင် "သူတို့ ရနိုင်လျှင် ငါတို့လည်း ရနိုင်ရမည်" ဟူသော ရည်မှန်းချက်ဖြင့် ဤပင်လယ်ဧရိယာသို့ လာရောက် ကာ ကံစမ်းခဲ့ကြခြင်းဖြစ်သည်။

သူတို့၏ ကံကြမ္မာက တကယ်ပင် မျက်နှာသာ ပေး ခဲ့သည်ဟု ဆိုရပေမည်။

သူတို့ မျှော်လင့်ထားသည့်အတိုင်းပင် 'ဘလူးဝေးလ်' သင်္ဘောသည် ဤနေရာတွင် လုပ်ငန်းခွင်ဝင်နေသည် ကို အဝေးမှ လှမ်းမြင်လိုက်ရ၏။သို့သော်လည်း ပို၍ အံ့ဩဖို့ကောင်းသည်မှာ 'ဘလူးဝေးလ်' ဆယ်ယူနေ သည်မှာ ယခင်ကလိုမျိုး မီးခိုးနက်ရောင် သတ္တုများ မဟုတ်ဘဲ တောက်ပနေသည့် "ငွေဖြူရောင် သတ္တု ချောင်းများ" ဖြစ်နေခြင်းပင်။

ထိုငွေဖြူရောင် သတ္တုချောင်းမျိုးကို သူတို့တစ် သ က်နှင့်တစ်ကိုယ် တစ်ခါမျှ မြင်လည်းမမြင်ဘူး ကြား လည်း မကြားဘူးခဲ့ပေ။

အသက်အရွယ်အလယ်အလတ် ရှိသည့် ခေါင်းဆေ ာင်ဖြစ်သူ ရိုဂျာသည် မှန်ပြောင်းကိုကိုင်ကာ အသေ းစိတ် ကြည့်ရှုနေမိသည်။သူ၏ မျက်လုံးများထဲဲတွ င်မူ ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည့် နယ် မြေသစ်ရှာဖွေသူတစ်ဦးကဲ့သို့ စိတ်လှုပ်ရှားမှုများ ပြ ည့်လျှံနေ၏။သူသည် တုန်ရင်နေသော လက်များဖြ င့် ဂြိုဟ်တုဖုန်းကို ချက်ချင်းကောက်ကိုင်ကာ အထ က်သို့ အစီရင်ခံလိုက်သည်။

ဤသည်မှာ လောကကြီးကို ကိုင်လှုပ်နိုင်မည့် ရှာ ဖွေတွေ့ရှိမှုအသစ်ပင် ဖြစ်၏။အကယ်၍သာ ထိုငွေ ဖြူရောင်သတ္တုများကိုသာ သူတို့ ဆယ်ယူနိုင်ခဲ့မည် ဆိုလျှင် ရရှိလာမည့် အကျိုးအမြတ်ကို တွေးတောရ င်း ရိုဂျာတစ်ယောက် စိတ်ကူးယဉ်နေမိသည်။

ဖုန်း၏ တစ်ဖက်တွင်မူ ဒဲရစ်ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ လူးကပ်စ်ဘန်ဆင် ရှိနေသည်။အကြောင်းစုံကို ကြား သိရသောအခါ သူသည်လည်း ထိုင်ရာမှ ထရပ်မိသ ည်အထိ တအံ့တဩ ရေရွတ်မိလိုက်၏။

"ဘာလဲ ငွေဖြူရောင် သတ္တုချောင်းတွေတဲ့လား..."

လူးကပ်၏ အသံက ဖုန်းထဲတွင် တုန်ရင်နေပေသ ည်။

"ဒီလိုသတ္တုမျိုးအကြောင်း ငါ တစ်ခါမှ မကြားဘူးဖူ းလေ..”

"ရိုဂျာ..မင်း သူတို့ကို မျက်ခြေမပြတ် စောင့်ကြည့် ထားစမ်း.."

ရိုဂျာက အကြံပေးလိုက်၏။

"ဥက္ကဌ ..ကျွန်တော်တို့ သူတို့နားကို ပိုကပ်သွားရင် မ ကောင်းဘူးလား..ဒါမှမဟုတ် ရေငုပ်ယာဉ် တစ်စင်း လောက်လွှတ်ပြီး သူတို့ ဘယ်လိုဆယ်ယူနေလဲဆို တာကို အနီးကပ် သွားကြည့်ရမလား.."

"မလုပ်နဲ့ဦး ယူနီဗာဆဲလ်က တော်တော်ရှုပ်ထွေးတဲ့ အဖွဲ့ပဲ..လောလောဆယ် အဝေးကနေပဲ မင်း စောင့် ကြည့်နေပါ..သူတို့ ထွက်သွားတော့မှ ငါတို့ ရေငုပ် ယာဉ်လွှတ်ပြီး အခြေအနေကို စစ်ဆေးတာပေါ့.."

လူးကပ်၏ အမိန့်ကြောင့် ရိုဂျာ တစ်ယောက် စိတ်မ ပါတပါဖြင့် ငြိမ်နေလိုက်ရသည်။တောက်ပနေသော ငွေဖြူရောင်သတ္တုချောင်းများကို မြင်နေရသည့် ရို ဂျာ့အဖို့မှာမူ မနာလိုစိတ်များက ထိန်းမနိုင်သိမ်းမရ ဖြစ်နေ၏။

ဤသတ္တုများသည် ကမ္ဘာ့သမိုင်းကို ပြောင်းလဲပစ် နိုင်သည့် အံ့ဖွယ်ပစ္စည်းများ ဖြစ်လိမ့်မည်ဟု သူ၏ မသိစိတ်က သတိပေးနေသည်။'ဘလူးဝေးလ်' သ င်္ဘောက တစ်ချောင်းပြီးတစ်ချောင်း ဆယ်ယူနေသ ည်ကို ထိုင်ကြည့်နေရသည်မှာ သူ့အတွက်တော့ လ က်ယားစရာ ကောင်းလှ၏။

သို့ပေမဲ့ ဥက္ကဋ္ဌလူးကပ်၏ ညွှန်ကြားချက်ကို မလွန် ဆန်ရဲသဖြင့် သူ၏ ရင်ထဲတွင် ကြောင်တစ်ကောင် က လက်သည်းဖြင့် ကုတ်ခြစ်နေသကဲ့သို့ တစစ်စစ် ခံစားနေရသည်။သူသည် မကျေမနပ်ဖြစ်နေသော စိတ်ကို အတင်းဖိသိပ်ထားရင်း 'ဘလူးဝေးလ်'၏ ဆ ယ်ယူရေးလုပ်ငန်းစဉ်ကိုသာ မဲ့ပြုံးဖြင့်သာ စောင့်ကြ ည့်နေရ၏။

ကံကောင်းထောက်မစွာဖြင့် ထိုဆယ်ယူရေးလုပ်ငန်း စဉ်သည် အချိန် သိပ်မကြာခဲ့ပေ။

အကယ်၍သာ ထိုထက် ပိုကြာနေခဲ့မည်ဆိုပါက ရိုဂျ ာအတွက်မူစိတ်မရှည်မှုတို့ဖြင့် ပြည့်နှက်နေသည့် ညှဉ်းပန်းနှိပ်စက်မှုတစ်ခု ဖြစ်နေပေလိမ့်မည်။မိနစ် စ်လေးဆယ်၊ ငါးဆယ်ခန့် ကြာပြီးနောက်တွင် 'ဘလူ းဝေးလ်' သင်္ဘောသည် ဆယ်ယူရေးလုပ်ငန်းများ အား ရုတ်တရက် ရပ်တန့်လိုက်၏။

"ဘော်.."

ထို့နောက် ဥသြသံတိုတစ်ချက်ကို ဟိန်းခနဲ မြည်ဟ ည်းစေလျက် ထိုနေရာမှ စတင်ထွက်ခွာလာကြသည် ။ထိုဟွန်းသံသည် "ငါတို့ရဲ့ မစ်ရှင်ပြီးပြီ၊အခု ငါတို့ ပြန်တော့မယ်" ဟု ရိုဂျာ့အား လှောင်ပြောင်ပြောဆို နေသကဲ့သို့ပင်။

'ဘလူးဝေးလ်' နှင့် 'ကေလာဝေးလ်' နှစ်စင်းစလုံးအာ း တဖြည်းဖြည်းနှင့် ဝေးကွာသွားသည်အထိ စော င့်ကြည့်နေပြီးနောက်တွင်တော့ ရိုဂျာတစ်ယောက် မှ ာမူ စိတ်ကို ထိန်းမထားနိုင်တော့ဘဲ အဖွဲ့သားများ အားပေးလိုက်၏။

"အခုချက်ချင်း အဲဒီနေရာကို မောင်းစမ်း.. ရေငုပ်ယ ာဥ်ကို အမြန်ချပြီး ရေအောက်မှာ ဘာတွေကျန်ခဲ့ လဲဆိုတာ ငါတို့ ကြည့်ရမယ်.."

သူတို့၏ သင်္ဘောနှစ်စင်းသည် 'ဘလူးဝေးလ်' သ င်္ဘောရပ်ထားသည့် နေရာသို့ အလျင်အမြန် မောင်း လာကြသည်။မျှော်လင့်ချက်ကြီးစွာဖြင့် ရေငုပ်ယာဥ် ကို ပင်လယ်ကြမ်းပြင်သို့ စေလွှတ်လိုက်သော်လည်း သူတို့ မြင်လိုက်ရသည့် မြင်ကွင်းကတော့ အံ့ဩ မှင် သက်စရာပင်။

ရေအောက်တွင် ဘာဆို ဘာမျှ ရှိမနေချေ။သူတို့ လို ချင်တပ်မက်နေသည့် ငွေဖြူရောင်သတ္တုချောင်းမျာ းဆို ဝေးစွ ကျောက်တုံးကြီးတစ်တုံးပင် ရှာမတွေ့ ဘဲပင်လယ်ပြင်တစ်ခုလုံး ဗလာကျင်းနေနေပေသည် ။

"ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ပြောင်စင်သွားရ တာလဲ.."

ရိုဂျာတစ်ယောက် အသက်ရှူပင် ကျပ်သွားရ၏။ယူနီ ဗာဆဲလ်သည် အသားအကုန်စားသွားရုံတင်မကဘဲ နောက်က လိုက်လာမည့် သူတို့အတွက် ဟင်းချိုတစ် ငုံစာပင် ချန်မထားခဲ့သည်မှာ တကယ့်ကို ရက်စက် လွန်းလှ၏။

ပင်လယ်အောက်ခြေတွင်မူ ငွေဖြူရောင်သတ္တုချော င်းတစ်ချောင်းတောင်မှ ကျန်မနေခဲ့ဘဲ ပြောင်ရှင်းနေ ပေသည်။

'ဘလူးဝေးလ်'နှင့်'ကေလာဝေးလ်' သင်္ဘောတို့သည် လှိုင်းများကို ခွဲကာ အေးအေးဆေးဆေးပင် မောင်း လာခဲ့ကြသည်။ကပ္ပတိန်ရမ်ဇီကွမ်းကမှန် ပြောင်းကို ကိုင်ကာ သူတို့ စောနက အလုပ်လုပ်ခဲ့သည့် နေရာ အား အဝေးမှ လှမ်းကြည့်လိုက်၏။

ထိုနိုင်ငံခြားမှ သင်္ဘောနှစ်စင်းသည် သူတို့နောက်ကို လိုက်မလာဘဲ ဆယ်ယူရေးလုပ်ခဲ့သည့် နေရာသို့ ဦး တည်သွားနေသည်ကို မြင်လိုက်ရသောအခါ ကပ္ပတိ န်ရမ်ဇီကွမ်းက စိတ်သက်သာရာရသွားပြီး အားရပါး ရ ရယ်မောလိုက်၏။

"ဟားဟား ဒီလူတွေ ဘယ်လိုတွေးနေကြတာလဲ.."

"ငါတို့က သူတို့အတွက် တစ်ချောင်း.. နှစ်ချောင်း လောက် ချန်ထားခဲ့မယ်လို့ ထင်နေတာလားဟ.."

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..စုစုပေါင်း ငွေဖြူ ရောင်သတ္တုချောင်း ၅၀၀ စလုံးကို ငါတို့က အကုန် ဆယ်ယူခဲ့တာပဲ..တစ်ချောင်းတောင်မှ မကျန်ခဲ့ဘူး ကွ ဟားဟားဟား"

'ဘလူးဝေးလ်'သည် တဖြည်းဖြည်းနှင့် ဝေးကွာလာ ရာ မှန်ပြောင်းဖြင့် ကြည့်လိုက်လျှင်ပင် ထိုနိုင်ငံခြား သင်္ဘောများကို ကောင်းစွာ မမြင်ရတော့ချေ။ထိုအ ခါမှ ကပ္ပတိန်ရမ်ဇီကွမ်းသည် မှန်ပြောင်းကို ချလိုက် ပြီး ဂြိုဟ်တုဖုန်းကို ထုတ်ယူလိုက်သည်။

တစ်ဖက်တွင်မူ...

ရုံးခန်းအတွင်း၌ လျူယောင်တစ်ယောက်မှာမူ အွန် လိုင်းပေါ်မှ သတင်းများကို စေ့စေ့စပ်စပ် ဖတ်ရှုနေ စဉ် ဖုန်းမြည်သံ ထွက်ပေါ်လာ၏။သူ ချက်ခြင်းပင် ဖုန်းကို ကောက်ကိုင်လိုက်သည်။

ဖုန်းချိတ်ဆက်သွားသည်နှင့် တစ်ပြိုင်နက် ကပ္ပတိန် ရမ်ဇီကွမ်း၏ အသံ ထွက်ပေါ်လာ၏။

"ငွေဖြူရောင်သတ္တုချောင်းတွေအားလုံးကို ကျွန် တော်တို့ အောင်မြင်စွာ ဆယ်လာခဲ့ပါပြီ သူဋေး.."

"အခု ကျွန်တော်တို့က ဟွာဟိုင်းမြို့ကို ဦးတည်ပြီး ပြန်လာနေကြပါပြီ.. မကြာခင်မှာ ဆိပ်ကမ်းကို ဆို က်ကပ်နိုင်တော့မှာပါ"

ထိုသတင်းကို ကြားလိုက်ရသည့်အခါ လျူယောင် ၏ မျက်နှာတွင် ကျေနပ်သည့် အပြုံး ပေါ်လာကာ ချီးကျူးစကား ပြောလိုက်သည်။

"အင်း..မင်းတို့ တကယ်ကို တော်ကြပါတယ်.. ဒီလေ ာက် အဆင်ပြေပြေနဲ့ အောင်မြင်အောင် လုပ်နိုင်လိ မ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး.."

ကပ္ပတိန်ရမ်ဇီကွမ်းက နှိမ့်ချစွာ ပြန်ပြောလိုက်သည် ။

"ဒါကတော့ သူဋေးကိုယ်တိုင်က တိကျတဲ့ တည်နေ ရာနဲ့ ရေအောက်အခြေအနေကို အသေးစိတ် ညွှန် ကြားပေးခဲ့လို့ ကျွန်တော်တို့က အခုလို ချောချော မွေ့မွေ့ ဖြစ်သွားရတာပါဗျာ.."

ထို့နောက် ရမ်ဇီကွမ်းသည် သူတို့နောက်သို့ တိတ်တ ဆိတ် လိုက်ချောင်းနေခဲ့သည့် နိုင်ငံခြားသင်္ဘောကြီး နှစ်စင်းအကြောင်းအား အသေးစိတ်အစီရင်ခံလိုက် ၏။

ဖုန်းချလိုက်ပြီးနောက် လျူယောင်၏ မျက်ဝန်းများ က မှေးစင်းလာကာ အတွေးထဲ နစ်ဝင်သွားပေသည် ။

"တချို့လူတွေကတော့ ငါတို့နောက်ကို တကောက် ကောက် လိုက်ချောင်းပြီး ကြံစည်နေကြပြီပဲ .ငါတို့ သင်္ဘောတွေ အဲဒီပင်လယ်ပြင်ဆီ မကြာခဏ သွား နေတာကို ဒီလူတွေက တော်တော်လေး အားထုတ်ပြီ း စုံစမ်းထားပုံရတယ်"

ထိုအခြေအနေက လျူယောင်၏ ဆုံးဖြတ်ချက်တ စ်ခုကို ပိုမိုခိုင်မာစေခဲ့သည်။

"ငါ့အတွက် ကိုယ်ပိုင်ကျွန်းတစ်ကျွန်း ရှိမှဖြစ်တော့ မယ်..ဝယ်တာပဲဖြစ်ဖြစ်..ငှားတာပဲဖြစ်ဖြစ်ပေါ့"

အကယ်၍သာ သူ့ထံ၌ ကိုယ်ပိုင်ကျွန်းတစ်ကျွန်း ရှိ ခဲ့လျှင် လျှို့ဝှက်အခြေစိုက်စခန်းများကို တည်ဆော က်နိုင်ရုံသာမက လိပ်ကြီးကိုလည်း လိုအပ်သည့် ပစ္စ ည်းများကို ကျွန်းပေါ်သို့ ရွှေ့ပြောင်းခိုင်းနိုင်သည် လေ။

ကျွန်းပေါ်တွင် ဧရာမဂိုဒေါင်ကြီးတစ်ခု တည်ဆော က်ကာ ပင်လယ်နှင့် တိုက်ရိုက်ဆက်သွယ်ထားသည့် ကျယ်ပြန့်သော ရေအောက်လမ်းကြောင်းတစ်ခုဖော က်လုပ်ရန် လျူယောင် စိတ်ကူးနေမိသည်။

ထိုအခါ လိပ်ကြီးသည် ထိုရေလမ်းကြောင်းမှတစ်ဆ င့် ဂိုဒေါင်ထဲသို့ တိုက်ရိုက်ဝင်လာနိုင်ပြီး သယ်ဆော င်လာသမျှ ပစ္စည်းများအား ဘယ်သူမှ မသိအောင် သိမ်းဆည်းထားနိုင်မည် မဟုတ်ပေလော။

ကျိုးယန်တစ်ယောက်မှာမူ တစ်ဖက်အဖွဲ့အစည်းနှင့် မည်သို့မည်ပုံ ဆက်သွယ်နေသည်ကို လျူယောင် အ တိအကျမသိရသကဲ့သို့ ကျွန်းကိစ္စအတွက် ညှိနှိုင်း မူများမှာ မည်မျှအထိ ခရီးရောက်နေပြီလဲ ဆိုသည် ကိုလည်း သူ မခန့်မှန်းနိုင်သေးပေ။

လျူယောင်သည် ဖုန်းကိုကောက်ကိုင်ကာ မေးမြန်း ချင်စိတ် ဖြစ်ပေါ်လာသော်လည်း နောက်ဆုံးတွင်မူ မိမိကိုယ်ကို ပြန်လည်ထိန်းချုပ်လိုက်၏။သူသည် ကျိုးယန်၏ အလုပ်လုပ်ပုံကို ကောင်းစွာသိထားသူ ဖြစ်သည်။ကျိုးယန်ဘက်မှ သူ့ထံ လာရောက် သတ င်းခြင်း မရှိသေးသရွေ့ ထူးခြားသည့် သဘောတူ ညီချက်တစ်ခုမျှ မရရှိသေးသည်မှာ သေချာလှ၏။

"ကောင်းပြီလေ.. ငါ ခဏလောက် ထပ်စောင့်ကြည့် ရတာပေါ့.."

“တီ..တီ..တီ..”

လျူယောင်သည် ကျွန်းနှင့်ပတ်သက်သည့် စီမံကိန်း များကို အတွေးနယ်ချဲ့နေစဉ်မှာပင် ဖုန်းမြည်သံ တ စ်သံ ထပ်မံထွက်ပေါ်လာသည်။ ဖုန်းမျက်နှာပြင်ပေါ် တွင် ပေါ်နေသော နံပါတ်မှာမု သူတစ်ခါမျှ မမြင်ဖူး သည့် နံပါတ်စိမ်းတစ်ခု ဖြစ်နေ၏။

လျူယောင်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ဖုန်းကို လက်ခံဖြေကြားလိုက်သည်။ဖုန်းချိတ်ဆက်သွားသည်နှင့် တစ်ပြိုင်နက် တစ်ဖက်မှ ဝမ်းသာသည့် အသံ ထွက်ပေါ်လာခဲ့သည်။

All Chapters