← Chapters

သတ္တုပမာဏက လုံလောက်ပါ့မလား

Vol. 45 Ch. 541

သတ္တုပမာဏက လုံလောက်ပါ့မလား

Vol. 45 Ch. 541

နောက်တစ်နေ့ မနက်စောစော၌..

ကုမ္ပဏီသို့ လျူယောင်ရောက်လာပြီး မကြာမီမှာပင် ဟူကျန်းကော်ဆီမှ ဖုန်းဝင်လာသည်။ဖုန်းတစ်ဖက်မှ ဟူကျန်းကော်၏ လေသံမှာ အနည်းငယ် စိုးရိမ်ပူပန် နေပုံရ၏။

“မစ္စတာလျူ.. မင်္ဂလာပါ အားနာပေမဲ့ ကျွန်တော် လူ တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့ပါ.. သူက ခင်ဗျ ားနဲ့တွေ့ဖို့ အရမ်းဆန္ဒရှိနေလို့ပါ ..ဘယ်အချိန်လော က် အားနိုင်မလဲခင်ဗျာ..”

ဟူကျန်းကော်ကိုယ်တိုင် ဖုန်းဆက်ပြီး အပူတပြင်း တောင်းဆိုလာခြင်းဖြစ်၍ တွေ့ဆုံလိုသူမှာ သာမာန် လူတစ်ယောက် မဟုတ်နိုင်ကြောင်း လျူယောင် ချ က်ချင်းရိပ်မိလိုက်သည်။မနက်ပိုင်းတွင်လည်း အလု ပ်ကိစ္စများ ရှင်းနေသည်ဖြစ်ရာ သူ အေးအေးဆေး ဆေးပင် ပြန်ဖြေလိုက်၏။

“မနက် ဆယ်နာရီလောက် လာခဲ့ပါ..”

ထိုအခါမှ ဟူကျန်းကော်လည်း စိတ်သက်သာရာရ သွားကာ ကျေးဇူးတင်စကားများအား အလျင်အမြ န်ပင် ပြောလိုက်သည်။သူ့ဘေးတွင်ရှိနေသော ကျင်း ဝမ်းရူ့ပင် သက်ပြင်းအား ခပ်ဖွဖွချလိုက်မိ၏။

ဖုန်းချပြီးနောက် ဟူကျန်းကော်က ကျင်းဝမ်းရူ့ ဘ က်သို့ လှည့်ကာ ပြောလိုက်သည်။

“ကဲ..ဒါဆို ကျုပ်တို့. စောစောသွားကြတာပေါ့. .ယူနီ ဗာဆဲလ်တာဝါမှာ ရှိတဲ့ ရွှေနွားရုပ်ကြီးလေးကောင် ကိုလည်း တစ်ခါတည်း ဝင်ကြည့်ရအောင်"

ကျင်းဝမ်းရူ့လည်း ခေါင်းငြိမ့်သဘောတူလိုက်ရင်း စိတ်ထဲရှိနေသည့် သိလိုစိတ်အတိုင်း မေးမြန်းလိုက် သည်။

“လူအိုဟူ...ယူနီဗာဆဲလ်မှာ သာမန်အပူချိန်သုံး စူပါ လျှပ်ကူးပစ္စည်းက ဘယ်လောက်တောင် ရှိနေတာလဲ ကျွန်တော်တို့ရဲ့ စူပါစွမ်းဆောင်ရည် လျှပ်စစ်လိုင်း တွေဆွဲဖို့အတွက် လုံလောက်တဲ့ပမာဏရော ရှိပါ့မ လာဗျာ..”

အရှည် ၁,၀၀၀ ကီလိုမီတာကျော်ရှိသည့် ဓာတ်အား လိုင်းတစ်ခုအတွက်ဆို စူပါလျှပ်ကူးပစ္စည်း တန်သေ ာင်းနှင့်ချီလိုအပ်ပေသည်။

ဟူကျန်းကော်လည်း သေချာမသိပေ။

"အဲ့ရောက်မှ ခဗျား မေးကြည့်လိုက်ပါလား.."

ဟူကျန်းကော်၏နောက်မှ လိုက်ပါလာရင်း ကျင်းဝမ် းရူ့သည် စိတ်ထဲကနေသာ ထပ်ခါတလဲလဲ ဆုတေ ာင်းနေမိသည်။

"ဘုရားသခင် ကူညီတော်မူပါ. ယူနီဗာဆဲလ်မှာ.. သာ မာန်အပူချိန်သုံး စူပါလျှပ်ကူးပစ္စည်းတွေ အလုံံအ လောက်ရှိပါစေဗျာ.."

မနေ့ညက ညစာစားပြီးကတည်းက ကျင်းဝမ်းရူ့တ စ်ယောက်မှာမူ ဟိုတယ်သို့ မပြန်ဖြစ်တော့ပေ။သာမ ာန်အပူချိန်တွင် အလုပ်လုပ်နိုင်သည့် စူပါလျှပ်ကူး ပစ္စည်းများ ရှိနေပြီဟူသည့် သတင်းက သူ့ဦးနှောက် အား ပြင်းထန်စွာ ရိုက်ခတ်လာခဲ့သည်။

ထိုအခြေအနေမျိုးနှင့် ဟိုတယ်ပြန်အိပ်ရန် ဆိုသည် မှာ သူ့အတွက် လုံးဝမဖြစ်နိုင်သည့် ကိစ္စပင်။

ကျင်းဝမ်းရူ့ တောင်းဆိုမှုကြောင့် ဟူကျန်းကော် သ ည် သူ့အား ဓာတ်ခွဲခန်းထဲသို့ ခေါ်လာခဲ့သည်။ထိုနေ ရာတွင် တောက်ပသော ငွေဖြူရောင်အဆင်းရှိသည့် စူပါလျှပ်ကူးပစ္စည်းအား ကျင်းဝမ်းရူ့မျက်မြင်တွေ့ ခဲ့ရ၏။သူကိုယ်တိုင်ပင် လျှပ်စစ်ခံနိုင်ရည်အားကို တိုင်းကြည့်ခဲ့ရာ ရလဒ်က အံ့ဩစရာကောင်းလော က်အောင်ပင် ရလဒ်မှာ "သုည " ဖြစ်နေခဲ့သည်။

ထိုအခိုက်အတန့်မှစ၍ ကျင်းဝမ်းရူ့၏ သံသယများ အကုန်ပြောက်ကွယ်သွားသည်။တစ်ညလုံး သူသည် လုံးဝ အိပ်မပျော်တော့ဘဲ ထိုစူပါစွမ်းဆောင်ရည် လျှပ်စစ်ကွန်ရက်ကြီးအား မည်သို့ စီမံကိန်းချမည်၊ ဒီဇိုင်းဆွဲပြီး မည်သို့တည်ဆောက်မည်ဟူသည့် အ တွေးများဖြင့်သာ အချိန်ကုန်ဆုံးခဲ့ရသည်။

သို့သော်လည်း ယခုအချိန်တွင်မူ သူ၏စိတ်ကို နော က်ထပ်ပူပန်မှုတစ်ခုက ဝင်ရောက်နေရာယူ ထား၏။ ယူနီဗာဆဲလ်၌ ငွေဖြူရောင် သတ္တုဘယ်လောက် ရှိ နေမှာလဲ..”ဆိုသည်ပင်။

စွမ်းအင်လိုင်းတစ်ခုလုံးအတွက် လုံလောက်သော ပ မာဏ ရှိ၊မရှိ သူတွေးတောနေမိသည်။ဓာတ်ခွဲခန်းထဲ တွင် မြင်ခဲ့ရသည့် ပမာဏလေးမျှဖြင့်တော့ ဤလို ဧရာမစီမံကိန်းကြီးအား အကောင်အထည် ဖော်ရန် မှာမူ လုံးဝ မဖြစ်နိုင်လောက်ပေ။

ယူနီဗာဆဲလ်တာဝါသို့ ကားဖြင့်သွားနေစဥ်မှာလည်း ကျင်းဝမ်းရူ့သည် ထိုကိစ္စကိုသာ အမြဲ စဥ်းစားနေ ရင်း သူ့စိတ်ထဲမှလည်း ယူနီဗာဆဲလ်၌ ထိုသတ္တုတွေ များများ ရှိပါစေဟု အကြိမ်ကြိမ်ဆုတောင်းနေမိသ ည်။

ကားလေးသည် ယူနီဗာဆဲလ်တာဝါ၏ အရှေ့ဘက် ခန်းမဆောင် အဝင်ဝသို့ ချောမွေ့စွာ ဆိုက်ရောက်လ ာ၏။တချို့လူများ ကားပေါ်မှဆင်းရန် ပြင်ဆင်နေ စဉ် ဟူကျန်းကော်သည် ဘေးနားမှ ကျင်းဝမ်းရူ့အား ကြည့်ကာ နှစ်သိမ့်လိုက်သည်။

“လူအိုကျင်း.အဆိုးတွေ အရမ်းမတွေးပါနဲ့ဦးဗျာ အ ခုရောက်နေတဲ့ ယူနီဗာဆဲလ်တာဝါကြီးကိုပဲ အရင် ဆုံး လှည့်လည်ကြည့်ရှုကြရအောင်ပါဗျာ..”

ကျင်းဝိန်ရူသည်လည်း သူ၏ပူပန်မှုများကို ခေတ္တ ဘေးဖယ်ထားလိုက်ပြီး ကားပေါ်မှ ဆင်းလိုက်၏။ သူသည် အသက်ငါးဆယ်ကျော်အရွယ် ဝါရင့်ပညာ ရှင်တစ်ဦး ဖြစ်သော်လည်း သူ့ ရှေ့မှ မိုးမျှော်တာဝါ ကြီးကို မော့ကြည့်မိချိန်တွင်မူ လူငယ်တစ်ယောက် ကဲ့သို့ပင် စိတ်လှုပ်ရှားသွားရသည်။

ချက်ချင်းဆိုသလိုပင် ကျင်းဝမ်းရူ့သည် ဖုန်းကိုထု တ်၍ တာဝါကြီး၏ ခန့်ညားပုံအား ရှုထောင့်ပေါင်းစုံ မှနေ၍ဓာတ်ပုံရိုက်လိုက်၏။

တိုင်လုံးကြီးများဖြင့် ခိုင်ခံ့စွာ တည်ဆောက်ထားသ ည့် ထိုမိုးမျှော်တိုက်ကြီးကို နောက်ခံထားကာ အဖွဲ့လို က်အမှတ်တရ ဓာတ်ပုံများကိုလည်း တက်ကြွစွာ ရို က်ကူးလိုက်ကြသည်။သူ့အဖွဲ့ဝင်များမှာလည်း က လေးငယ်များကဲ့သို့ပင် ပျော်ရွှင်မြူးထူးနေကြ၏။

အဖွဲ့ဝင်တစ်ဦးက အံသြစွာ ရေရွတ်လိုက်သည်။

“ဝါး...ဒါယူနီဗာဆဲလ်တာဝါကြီးပေါ့..ဟွာဟိုင်းမြို့ရဲ့ အထင်ကရအဆောက်အအုံလို့ ပြောတာ တကယ်မှန် တာပဲဗျာ..”

နောက်တစ်ဦးကလည်း ထောက်ခံလိုက်၏။

“ကြည့်ပါဦး... ဒီဇိုင်းက တကယ်ကို လှပလွန်းတယ် ..နံနက်ခင်းနေရောင်အောက်က မှန်နံရံတွေကိုလည်း ကြည့်ပါဦး..အနုပညာလက်ရာတစ်ခုလိုပဲဗျာ”

“ဒီမှာ..ကျွန်တော့်ကိုလည်း အဖွဲ့လိုက်ဓာတ်ပုံထဲ ပါ အောင် ရိုက်ပေးကြပါဦးဗျ..”

အဖွဲ့ဝင်တစ်ဦးက လှမ်းအော်လိုက်ရာ လူတိုင်း၏ ရ ယ်သံများက ယူနီဗာဆဲလ်၏အဝင်ဝတွင် ပျံ့လွင့်သွ ားပေသည်။

ကျင်းဝမ်းရူ့တို့အားလုံးသည် တာဝါ၏ အပြင်ဘက် တွင် ၁၀မိနစ်ခန့်ကြာအောင် အချိန်ပေးကာ ခန့်ညား လှသည့် ဗိသုကာလက်ရာများကို အားရပါးရ ကြည့် ရှုခံစားရင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

ဟူကျန်းကော်က လက်ဝှေ့ယမ်းကာ ပြောလိုက် ၏။

“တော်ပြီ..ဝင်ကြရအောင်..ကျွန်တော်တို့ဝင်ဖို့ စောင့် နေတဲ့ ရွှေနွားရုပ်ကြီးတွေရှိသေးတယ်”

ယခုဆိုလျှင် ယူနီဗာဆဲလ်တာဝါသို့ လာရောက်သမျှ ဧည့်သည်တိုင်းသည် ဧည့်ခန်းမရှိ "ရွှေနွားရုပ်ကြီး" အား ကြည့်ရှုရန် မဖြစ်မနေ ဝင်ရောက်ကြရသည်။ ၎င်းမှာ ယူနီဗာဆဲလ်တာဝါ၏ ပြယုဂ်တစ်ခုကဲ့သို့ ဖြစ်နေရုံသာမက အင်တာနက်ဆယ်လီများအကြား ရေပန်းစားသည့် နေရာတစ်ခုလည်း ဖြစ်လာခဲ့၏။

“ဝါး..မိုက်လိုက်တာ...”

“ဟေး ဟေး ဟေး..”

ခန်းမထဲသို့ ခြေချလိုက်သည်နှင့် လူတိုင်းအံ့အား သ င့်သွားကြရသည်။ခန်းမ၏ အလယ်ဗဟိုတွင် လူနှစ် ရပ်စာမျှ မြင့်မား၍ အသက်ဝင်လှပလွန်းသည့် ရွှေ ရောင်ဝင်းနေသော နွားရုပ်ကြီးတစ်ရုပ် ရှိနေသော ကြောင့် ဖြစ်၏။

ထိုအံ့သြမှုများအပြီးတွင် ကျင်းဝမ်းရူ့တို့ လူအုပ်ကြီ းသည် ရွှေနွားရုပ်တုကြီးအနီးသို့ တိုးကပ်သွားကြ ကာ ဓာတ်ပုံရိုက်ခြင်း အနီးကပ်ကြည့်လိုက်ကြသည် ။

“ဝိုး..ရွှေနံ့ကို ဟိုးအဝေးကတည်းက ရနေသလိုပဲ..ဒီ လောက်ကြီးတဲ့ ရွှေနွားရုပ်ကြီးက ဘယ်လောက်တေ ာင် တန်ဖိုးရှိမလဲဗျာ..”

“ဒါက တကယ့်အနုပညာပဲဗျာ..အရမ်းလှတာပဲ..”

“တကယ့် ရွှေစစ်စစ်ကြီးပဲဟ..”

လူတိုင်း၏ မျက်နှာပေါ်တွင် အံ့သြချီးကျူးမှုနှင့် လေးစားမှုများ အထင်အရှား ပေါ်လွင်နေ၏။တည် ငြိမ်လှပါသည်ဆိုသော အရာရှိကြီးများပင် ထိုမြင် ကွင်းကိုကြည့်ကာ အံ့သြမူများ မထိန်းချုပ်နိုင်ခဲ့ကြ ပေ။

အခြားသူများထက်ပင် ကျင်းဝမ်းရူ့၏ မျက်နှာပေါ် တွင်လည်း အံ့အားသင့်မူများ ပိုမိုထင်ဟပ်နေကာ သူ့ရင်ထဲ၌လည်း ယူနီဗာဆဲလ်၏ ရက်ရောလွန်းသ ည့် ကြွယ်ဝမူအား အတိုင်းထက်အလွန် လေးစားမိခဲ့ ရ၏။

ဟူကျန်းကော်သည် လူတိုင်းကို ပထမထပ်ရှိ ပြခန်း မလေးခုလုံးသို့ စိတ်ရှည်လက်ရှည် လိုက်လံ ပြသခဲ့ သည်။ထိုသို့ လှည့်လည်ကြည့်ရှုပြီးနောက် ဓာတ် လှေကားစီးကာ ယူနီဗာဆဲလ်ရုံးခန်းသို့ သူတို့ တက် လာချိန်တွင်မူ အချိန် မိနစ် ၄၀ ခန့်ပင် ကုန်ဆုံးသွားခဲ့ ၏။

၎င်းတို့၏ ကိုယ်ရေးအချက်အလက်နှင့် လာရောက် ရသည့် ရည်ရွယ်ချက်ကို ပြောကြားပြီးနောက် တာ ဝန်ရှိသူတစ်ဦးက ဧည့်ခံခန်းသို့ ပျူငှာစွာ လမ်းပြ ခေါ်ဆောင်လာခဲ့သည်။လျူယောင်နှင့် ချိန်းဆို ထား သည့် နံနက် ၁၀ နာရီတိတိသို့ ရောက်ရန် ၁၀ မိနစ်ခ န့်ပင် လိုနေသေး၏။

ကျယ်ဝန်းပြီး ဇိမ်ခံပစ္စည်းများဖြင့် ပြည့်နှက်နေသ ည့် ဧည့်ခံခန်းထဲတွင် ထိုင်နေစဉ် ကျင်းဝမ်းရူ့သည် ယူနီဗာဆဲလ်၏ ကြွယ်ဝမူအား ထပ်မံခံစားလိုက်ရ သည်။

"ဒါက တကယ့်ကို ချမ်းသာကြွယ်ဝတာပဲ.. သာမန် ချမ်းသာကြွယ်ဝမှုမျိုးနဲ့ လုံးဝမတူဘူးပဲ.."

ဤကဲ့သို့ သူတွေးမိလိုက်၏။ဧည့်ခံခန်းမလေး တစ် ခန်းကိုပင် ထိုမျှအဆင့်အတန်းမြင့်မြင့် အလှဆင်ထ ားနိုင်ခြင်းက ယူနီဗာဆဲလ်၏ ဩဇာအာဏာအား ဖော်ပြနေသကဲ့သို့ပင်။

သူ ဧည့်ခံခန်းကို ကြည့်နေစဥ် အလှဆင်ပစ္စည်းအ ချို့သည် လက်မှုပညာ သို့မဟုတ် အတုများ မဟုတ် ဘဲ တကယ့်ရှေးဟောင်းပစ္စည်းများ သို့မဟုတ် နာမ ည်ကြီးအနုပညာရှင်များ၏ လက်ရာများ ဖြစ်နေသ ည်အား တွေ့လိုက်ရ၏။

ကျင်းဝမ်းရူ၏ လက်အောက်ငယ်သားတွေမှာလည်း ဧည့်ခံခန်း၏ ခန့်ညားမှုကို ငေးမောနေကြသလို တ ချို့ကသည်လည်း ပြတင်းပေါက်ကနေတစ်ဆင့် အ ပြင်ဘက်ကို ငေးကြည့်နေကြသည်။

အထပ်ပေါင်း ၉၈ ထပ်အမြင့်ကနေ ကြည့်နေရသည့် မြင်ကွင်းက တကယ်ပင် ကျယ်ပြန့်လှ၏။ဟွာဟိုင်း မြို့၏ မြင်ကွင်းအများစုကို ကောင်းကင်ယံကနေ စီးမိုးကြည့်ရှုနေရသလို ခံစားရကာ မူလက မြင့်လှ ပြီဟု ထင်မှတ်ရသည့် အဆောက် အအုံတွေတောင် ဒီအမြင့်ကနေကြည့်ရင် ပုကွကွလေးတွေ ဖြစ်နေခဲ့ရ သည်။

သဘောတူထားသည့် အချိန်နီးကပ်လာတာနဲ့အမျှ မ စ္စတာလျူ ရောက်လာတော့မည်ဆိုသည်အား ကျင်း ဝမ်းရူ့ သိလိုက်၏။ထိုကြောင့် သူ့လူတွေအား အသ ာအယာ ချောင်းဆိုးပြီး အချက်ပေးလိုက်သည်။

"အဟမ်း.."

ချက်ချင်းဆိုသလိုပင် ဟူကျန်းကော်က အရင်ဆုံး ထရပ်လိုက်ပြီး ကျန်လူတွေကလည်း တစ်ဦးပြီး တ စ်ဦး ထရပ်ကာ မစ္စတာလျူအား ကြိုဆိုဖို့ ပြင်ဆင် လိုက်၏။

ထိုစဉ်မှာပင် လျူယောင်သည် နောက်လိုက်အချို့နှ င့်အတူ အခန်းထဲသို့ ဝင်လာကာ တည်ကြည်သော လေသံဖြင့် နူတ်ဆက်လိုက်သည်။

"အားလုံးကို ယူနီဗာဆဲလ်ကနေ နွေးထွေးစွာ ကြိုဆို ပါတယ်ဗျာ.."

ကျင်းဝမ်းရူ့သည် တစ်ဖက်မှ မစ္စတာလျူကို မြင်လို က်ရသည့်အခါ အနည်းငယ် အံ့အားသင့်မိ၏။သို့ သော်လည်း သူသည် လောကအတွေ့အကြုံများစွာ ရှိဖူးသူပီပီ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ရှေ့သို့ တိုးလာ၍ လျူယောင်အား လက်ဆွဲနှုတ်ဆက်လိုက် သည်။

“မစ္စတာလျူက ဒီလောက်တောင် ငယ်ရွယ်နုပျိုလိ မ့်မယ်လို့ ကျွန်တော် လုံးဝကို မထင်ထားမိဘူးဗျာ..”

လျူယောင်ကလည်း ရင်းနှီးဖော်ရွေစွာ လက်ဆွဲ နှု တ်ဆက်ရင်း ပြန်ပြောလိုက်၏။

"မစ္စတာကျင်းကလည်းဗျာ... ခင်ဗျားလည်း မအို သေးပါဘူး..အသက်လေးဆယ်ကျော်ဝန်းကျင်ပဲ ရှိဦးမှာပါ..”

ကျင်းဝမ်းရူ့သည် ထိုစကားကြောင့် သဘောကျစွာ ရယ်မောလိုက်ပြီး နှိမ့်ချစွာ ပြန်ပြောလိုက်သည်။

“ဟားဟား..ဘယ်ကသာ... ကျွန်တော်က အသက်ကြီ းနေပါပြီဗျာ. .အခုတောင် ၅၁ နှစ်ထဲ ရောက်နေပြီ ..တကယ်ကို အသက်ကြီးနေပါပြီ မစ္စတာလျူရာ..”

လူတိုင်းသည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးစွာ နှုတ်ဆ က်ကြပြီးနောက် ကျင်းဝမ်းရူ့သည် သူ၏ လက်အေ ာက်ငယ်သားများအား လျူယောင်နှင့် တစ်ဦးချင်း စီ မိတ်ဆက်ပေးလိုက်၏။လက်အောက်ငယ်သားမျ ားကလည်း လျူယောင်အား ယဉ်ကျေးပျူငှာစွာ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။

ထို့နောက် လျူယောင်က ယဥ်ကျေးစွာ ပြောလိုက် ၏။

“ကဲ... အားလုံးပဲ မတ်တတ်ကြီး ရပ်မနေကြပါနဲ့ တော့..ထိုင်ပြီး အေးအေးဆေးဆေး စကားပြောကြ ရအောင်..”

သူကိုယ်တိုင် အရင်ထိုင်လိုက်ပြီးနောက် ဟူကျန်း ကော်၊ကျင်းဝမ်းရူ့နှင့် ကျန်လူများအားလုံးသည်လ ည်း ဆိုဖာပေါ်တွင် အစီအစဉ်တကျ ထိုင်လိုက်ကြသ ည်။

အစပိုင်းတွင် သူတို့သည် အလုပ်ကိစ္စများကို ချက် ချင်းမပြောကြသေးဘဲ အထွေထွေဗဟုသုတများသ ာ ပြောဖြစ်ကြ၏။ကျင်းဝမ်းရူ့တို့အဖွဲ့အား ဟွာဟို င်းမြို့အပေါ် သူတို့၏ အမြင်များကို စိတ်ဝင်တစား လျူယောင် မေးမြန်းသည့်အပြင် အားလပ်ချိန်ရပါ က သွားရောက်လည်ပတ်သင့်သည့် အထင်ကရ နေ ရာကောင်းများကိုလည်း အကြံပေးလိုက်သည်။

All Chapters