← Chapters

မစ္စတာလျူက ဒီလောက်အထိ ယုံကြ ည်မူရှိတာပဲ

Vol. 45 Ch. 542

မစ္စတာလျူက ဒီလောက်အထိ ယုံကြ ည်မူရှိတာပဲ

Vol. 45 Ch. 542

မိနစ်အနည်းငယ်ကြာ စကားစမြည်ပြောဆိုပြီးနော က် ကျင်းဝမ်းရူ့သည် ယန်နိုင်ငံ၏ အကြီးဆုံး လျှပ် စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းစုကြီးဖြစ်သော ရှန်းယန်လုပ်ငန်းစုနှင့် စတင်မိတ်ဆက်ပေးခဲ့သည်။

ထို့နောက် သူသည် အနောက်တောင်ပိုင်းဒေသတွင် တည်ရှိပြီး ကမ္ဘာ့အကြီးဆုံးစာရင်းဝင် ရေအားလျှပ် စစ်စက်ရုံကြီးအကြောင်းကိုလည်း လျူယောင်အား ဆက်လက်ပြောပြလိုက်၏။ထိုစက်ရုံကြီး၏ များပြာ းလှသော လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းနှင့် နှစ်စဉ်ဓာ တ်အားထုတ်လုပ်မှု ပမာဏတို့ကို ပြောပြနေချိန်တွင် မူ ကျင်းဝမ်းရူ့ မျက်နှာထက်၌ ဂုဏ်ယူဝင့်ကြွားမှုမျ ား အထိုင်းသား မြင်တွေ့နေရသည်။

သို့သော်လည်း ထိုမျှများပြားလှသော လျှပ်စစ်ဓာတ် အားများကိုမူ လိုအပ်ချက်မြင့်မားသည့် အလယ်ပိုင် းနှင့် အရှေ့ပိုင်း ဖွံ့ဖြိုးပြီးဒေသများသို့ ပို့ဆောင်ရန် မှာ သူ့အတွက်တော့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေ၏။

ကျင်းဝမ်းရူ့က သေချာ ရှင်းပြလိုက်သည်။

"ကျွန်တော်တို့က ကီလိုမီတာ ၁,၀၀၀ ကျော်ရှည်ပြီး ပြည်နယ်အတော်များများကို ဖြတ်သန်းသွားမယ့် 'စူ ပါစွမ်းဆောင်ရည် လျှပ်စစ်ဓာတ်အားလိုင်း' တစ်လို င်း တည်ဆောက်ဖို့ စီစဉ်နေပါတယ်..မစ္စတာလျူ..."

"ရိုးရိုးသားသားပြောရရင် ဒီစီမံကိန်းက အတော်လေ း အငြင်းပွားစရာ ဖြစ်နေတယ်ဗျာ ရှန်းယန်လျှပ်စ စ်လုပ်ငန်းစုရဲ့အင်ဂျင်နီယာချုပ် တစ်ယောက်အနေ နဲ့ ဖိအားတွေ အများကြီး ကျွန် တော် ခံစားခဲ့ရတယ် ဘယ်လိုနည်းပညာမျိုးက အသင့်တော်ဆုံးဖြစ်မလဲ ဆိုတာ ဝေခွဲမရဖြစ်ခဲ့ရပေမယ့် အခုတော့ အဖြေတ စ်ခု ရှာတွေ့ပါပြီဗျာ.. ဖြစ်နိုင်မယ်ဆိုရင်တော့ ဒီ 'စူပါ စွမ်းဆောင်ရည် လျှပ်စစ်လိုင်း' ကိုပဲ.. ကျွန်တော် အ ကောင်အထည်ဖော် တည်ဆောက်သွားမှာပါ.."

လျူယောင်လည်း ဂရုတစိုက်နားထောင်နေ၏။သူ သည် လျှပ်စစ်ကျွမ်းကျင်သူမဟုတ်သောကြောင့် စူ ပါစွမ်းဆောင်ရည် လျှပ်စစ်လိုင်းနှင့် ပတ်သက်ပြီး အတော်အတန် မရင်းနှီးပေ။ထိုကြောင့် သူက သေ ချာအောင် မေးမြန်းလိုက်၏။

“မစ္စတာကျင်း..စူပါစွမ်းဆောင်ရည် လျှပ်စစ်လိုင်း ဆိုတာ ဘာလဲ..ကျွန်တော်က UHV လျှပ်စစ်လိုင်း တွေအကြောင်းကြားဖူးပေမယ့် စူပါစွမ်းဆောင်ရည် လျှပ်စစ်လိုင်းတွေအကြောင်းတော့ တစ်ခါမှ မကြား ဖူးဘူးဗျ..”

ကျင်းဝမ်းရူ့က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သ ည်။

“စူပါစွမ်းဆောင်ရည် လျှပ်စစ်လိုင်းဆိုတာ အယူအ ဆတစ်မျိုးဖြစ်ပြီး ဘယ်နိုင်ငံကမှ မတည်ဆောက်နို င်သေးပါဘူး မစ္စတာလျူ.. ကျွန်တော်တို့က ကမ္ဘာ့ပ ထမဆုံး စူပါစွမ်းဆောင်ရည် လျှပ်စစ်လိုင်းကို တည် ဆောက်နိုင်မယ်ဆိုရင် အရေးပါမှုက သေချာပေါက် ကြီးမားပြီး နိုင်ငံတော်နည်းပညာအဖြစ်လည်း သမို င်းဝင်ဖြစ်လာမှာပါဗျာ.."

"UHV လျှပ်စစ်လိုင်းတွေနဲ့ နှိုင်းယှဉ်ရင် အဲ့တာက ပို ကောင်းတဲ့အားသာချက်တွေရှိတယ်..ပထမဆုံးအနေနဲ့ လျှပ်စစ်ပို့လွှတ်နိုင်စွမ်းက ပိုကောင်းတယ်.. စူ ပါစွမ်းဆောင်ရည် လျှပ်စစ်လိုင်းတွေအတွက် လျှပ် စစ်ပို့လွှတ်နိုင်စွမ်းက ၁၀,၀၀၀ MVA အထိ ရောက်ရှိ နိုင်ပြီး ဘယ် UHV လျှပ်စစ်လိုင်းထက်မဆို ပမာဏ ပိုကြီးမားပါတယ်..."

"ဒုတိယအချက်က စွမ်းအင်ချွေတာတာပဲ ကျွန်တော် တို့ နှစ်တိုင်း လျှပ်စစ်ပို့လွှတ်မှုလုပ်ငန်းစဥ်မှာ ဆုံးရှုံး ရတဲ့ လျှပ်စစ်စွမ်းအင်က နိုင်ငံရဲ့ အကြီးမားဆုံးရေ ကာတာထုတ်လုပ်မှုနဲ့ ညီမျှနေတယ်..ဒါပေမဲ့ စူပါစွမ် းဆောင်ရည် လျှပ်စစ်လိုင်းမှာတော့ ဓာတ်အားဆုံး ရှုံးမှု လုံးဝမရှိသလောက်ပဲ.."

ကျင်းဝမ်းရူ့သည် အချက်အလက်များနှင့်တကွ သေချာရှင်းပြလိုက်၏။လျူယောင်သည်လည်း ဂရု တစိုက်နားထောင်ပြီး ပြန်မေးလိုက်သည်။

“ဒီတော့ စူပါစွမ်းဆောင်ရည် လျှပ်စစ်လိုင်းရဲ့ အကြီ းမားဆုံးပြဿနာက သာမန်အပူချိန်သုံး စူပါလျှပ် ကူးပစ္စည်းပဲ..မဟုတ်လား..”

“ဟုတ်ပါတယ် မစ္စတာလျူ အဓိကအချက်က သာမ ာန်အပူချိန်သုံး စူပါလျှပ်ကူးပစ္စည်းပဲ.. ဒီပစ္စည်းသ ာရှိရင် စူပါစွမ်းဆောင်ရည် လျှပ်စစ်လိုင်းတွေ တ ည်ဆောက်ဖို့အတွက် ကျွန်တော်တို့မှာ နည်းပညာ အ ခက်အခဲ လုံးဝ မရှိတော့ပါဘူး..”

“မစ္စတာလျူ..ဒါက ကျွန်တော် ခင်ဗျားကို လာနှော က်ယှက်ရတဲ့ အဓိကအကြောင်းရင်းပါပဲ... ခင်ဗျား တို့ယူနီဗာဆဲလ်က သာမန်အပူချိန်သုံး စူပါလျှပ်ကူး ပစ္စည်းကို အောင်မြင်စွာတီထွင်ခဲ့ပြီလို့ ကျွန်တော် ကြားတယ်..”

လျူယောင် ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်တယ်..ကျွန်တော်တို့မှာ သာမန်အပူချိန်သုံး. စူပါလျှပ်ကူးပစ္စည်းရှိပါတယ်..”

ချက်ချင်းဆိုသလိုပင် ကျင်းဝမ်းရူ့ ဝမ်းသာသွားသ ည်။အနည်းဆုံးတော့ ၎င်းတို့ထံတွင် ထိုပစ္စည်းတက ယ်ရှိသည်ဆိုသည်အား သူ အတည်ပြုနိုင်ခဲ့ပြီလေ။

ကျင်းဝမ်းရူ့သည် ခဏတာမျှ ဝမ်းသာသွားသော် လ ည်း နောက်ဆက်တွဲ စိုးရိမ်ပူပန်မှုတို့က ချက်ချင်းဆို သလို သူ့စိတ်အား လွှမ်းမိုးလာကာ စိတ်ထဲမှ တိတ် တိတ်လေး ဆုတောင်းနေမိသည်။

"ဘုရားသခင် ကူညီပါ... သူတို့ဆီမှာ ကျွန်တော်တို့ လိုအပ်သလောက် ပမာဏအလုံအလောက် ရှိပါစေ "

ကျင်းဝမ်းရူ့ အမေးကြောင့် လျူယောင်၏ စိတ်အာ ရုံထဲတွင် အာကာသယာဉ်ပျက်ကြီးထဲမှ မြင်ကွင်းက ရုတ်တရက် ပေါ်လာ၏။ထိုကြီးမားလှသည့် အခန်း ကျယ်ကြီးထဲတွင် အဆိုပါသတ္တုများမှာ အနည်းဆုံး တန်ပေါင်းသန်းချီ၍ ရှိနေသည်မဟုတ်ပေလော။

လျူယောင် တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်၏။

"ဦးလေးကျင်း... ခင်ဗျားက ဘယ်လောက်ပမာဏ အထိ လိုချင်လို့လဲ.."

ထိုစကားကြောင့် ကျင်းဝမ်းရူ့ အနည်းငယ် စိတ်လှု ပ်ရှားသွားရသည်။လျူယောင်၏ လေသံကိုကြားရုံ ဖြင့် ယူနီဗာဆဲလ်တွင် ထိုငွေဖြူရောင်သတ္တုများစွာ ရှိနေကြောင်း သူရိပ်မိလိုက်၏။ဤသည်မှာ အလွန် ကောင်းသော အလားအလာပင်။

ကျင်းဝမ်းရူ့သည် စိတ်ကိုအတတ်နိုင်ဆုံး ထိန်းချုပ် ကာ လေပြင်းပြင်းတစ်ချက် ရူသွင်းလိုက်ပြီးမှ ပြန် ဖြေလိုက်သည်။

"ဖြစ်နိုင်မယ်ဆိုရင်... ကျွန်တော်တို့ရဲ့ လိုအပ်ချက် က တန်ပေါင်းသောင်းနဲ့ချီ ရှိနိုင်ပါတယ်ဗျာ.."

"ဘာ..တန်ပေါင်းသောင်းချီလား.."

ဘေးမှ နားထောင်နေသည့် ဟူကျန်းကော်ပင် ကျင်း ဝမ်းရူ့အတွက် စိုးရိမ်တကြီးဖြင့် ချွေးစေးများ ထွက် လာသည်။ဤပမာဏမှာ သာမာန်မဟုတ်ပေ။အက ယ်၍ တန် ၂၀ ဆံ့ ကုန်တင်ကားကြီးများဖြင့် သယ် ယူမည်ဆိုလျှင်ပင် ကားအစီးရေ ၅၀၀ တိတိ အသုံး ပြုရမည့် ပမာဏကြီး ဖြစ်၏။

မိမိ၏ လိုအပ်ချက်ကို ထုတ်ပြောပြီးနောက်တွင် ကျ င်းဝမ်းရူ့တစ်ယောက် တဖန် စိတ်ပူပန်လာရပြန်သ ည်။မစ္စတာလျူ၏ နှုတ်ဖျားမှ "ပမာဏ မလုံလော က်ဘူး" ဟူသော စကားမျိုး ထွက်လာမည်အား သူ အကြောက်ဆုံးပင်။

ဘယ်လို သိနိုင်မည်နည်း။အံ့သြစရာက ချက်ချင်း ရောက်လာခဲ့ပေသည်။

“ပြဿနာမရှိပါဘူး.. ကျွန်တော်တို့မှာ လုံလောက်တဲ့ ပမာဏရှိတာကြောင့် ဦးလေးကျင်းရဲ့ လိုအပ်ချက် တွေကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ပါတယ်..”

ထိုစကားကြောင့် ကျင်းဝမ်းရူ့မှာမူ အံ့အားသင့်သွား ပြီး သူ မှားကြားတယ်လို့ ထင်လိုက်ကာ သတိ ပေး လိုက်၏။

“မစ္စတာလျူ.. ကျွန်တော်တို့ရဲ့ လိုအပ်ချက်က တန် ပေါင်းသောင်းချီ..ဒါမှမဟုတ် တန်ပေါင်း ၂၀,၀၀၀ ကျော်အထိတောင် ဖြစ်နိုင်ပါတယ်.."

“ပြဿနာမရှိပါဘူး.. ဦးလေးကျင်း ဘယ်လောက်လို ချင်လဲဆိုတာ အရေးမကြီးပါဘူး.. ကျွန်တော်တို့မှာ အလုံအလောက်ရှိပါတယ်”

"ဘုရားရေ.."

"မစ္စတာလျူက ဒီလောက်အထိ ယုံကြည်မှုရှိတာပဲ"

နောက်ဆုံးမှာမူ ကျင်းဝမ်းရူ့သည် သူ့စိတ်ထဲက စိ တ်လှုပ်ရှားမှုအား မထိန်းချုပ်နိုင်တော့ဘဲ သူ့မျက်နှာ ပေါ်၌ ဝမ်းသာအားရ အမူအရာများ ပေါ်လာသည်။

“မစ္စတာလျူ..ခင်ဗျားပေးတဲ့ အံ့သြစရာက အရမ်း ကြီးမားလွန်းတယ်..ကျွန်တော် အိပ်မက်မက်နေသ လို ခံစားနေရတယ်ဗျာ..”

လျူယောင်က အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက် ၏။

“ဦးလေးကျင်း.. ဒါအိပ်မက်မဟုတ်ဘူး.. ကျွန်တော့် မှာ လုံလောက်တဲ့ ငွေဖြူရောင်သတ္တုတွေ ရှိပါတယ် .."

“ဟုတ်ပါတယ်.. ဒါက အိပ်မက်မဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်.. ဒါပေမဲ့ အံ့သြစရာက အရမ်း ကြီးမားလွန်းတယ်..သာမန်အပူချိန်သုံး စူပါလျှပ်ကူး ပစ္စည်းတွေ လုံလောက်စွာရှိရင် ကျွန်တော်တို့က က မ္ဘာ့ပထမဆုံး စူပါစွမ်းဆောင်ရည် လျှပ်စစ်ဓာတ်အာ းလိုင်း တည်ဆောက်နိုင်မယ်လို့ ကျွန်တော် ယုံကြ ည်တယ်ဗျာ..”

လျူယောင်လည်း ဝမ်းသာအားရ ပြန်ပြောလိုက်၏။

“အင်ဂျင်နီယာချုပ်ကျင်းက ကမ္ဘာ့ပထမဆုံး စူပါစွ မ်းဆောင်ရည် လျှပ်စစ်ဓာတ်အားလိုင်းကို တည် ဆောက်နိုင်တဲ့အတွက် ကျွန်တော် ကြိုတင်ဂုဏ်ယူပ ါတယ်ဗျာ..”

“ကျေးဇူးတင်ပါတယ် မစ္စတာလျူ. ဒါနဲ့.. ဒီပစ္စည်းရဲ့ ခန့်မှန်းဈေးက ဘယ်လောက်လဲ..”

အာကာသယာဉ်ပျက်ကြီးထဲတွင် ထိုသတ္တုများတော င်ပုံရာပုံ ရှိနေသည်ကို ပြန်တွေးတောရင်း လျူယော င် ခေတ္တမျှ စဉ်းစားလိုက်သည်။ထို "စူပါစွမ်းဆောင် ရည် လျှပ်စစ်ဓာတ်အားလိုင်း" စီမံကိန်းသည် နိုင်ငံနှ င့်ပြည်သူအတွက် အကျိုးရှိမည့် ပရောဂျက် ဖြစ်သ ည်ကို ထည့်သွင်းစဉ်းစားပြီးနောက် သူက ရဲရဲဝံ့ဝံ့ပင် ဈေးနှုန်းတစ်ခုအား ကမ်းလှမ်းလိုက်သည်။

"တစ်တန်ကို ယွမ် ၁ သန်းပဲပေးပါ..တစ်ကီလိုဂရမ် ကို ယွမ် ၁,၀၀၀ နှုန်းပေါ့.."

ဤဈေးနှုန်းသည် အပေါ်ယံကြည့်လျှင် ကြေးနီ သို့မ ဟုတ် အလူမီနီယမ်ကဲ့သို့ သတ္တုများနှင့်ယှဉ်ပါက အ ဆမတန် ဈေးကြီးနေပုံရသည်။သို့သော်လည်း ၎င်း သည် သာမန်အပူချိန်တွင် အလုပ်လုပ်နိုင်သည့် "စူ ပါလျှပ်ကူးပစ္စည်း"ဖြစ်နေသည်ကိုမူ မမေ့အပ်ပေ။

ကျင်းဝမ်းရူ့အတွက်မူ ထိုဈေးမှာ လုံးဝမများဟု ခံစ ားလိုက်ရ၏။မူလက သူသည် တစ်ကီလိုဂရမ်လျှင် ယွမ်သောင်းနှင့်ချီ ကုန်ကျနိုင်သည်ဟု ခန့်မှန်းထား သဖြင့် ယခုဈေးနှုန်းမှာ သူမျှော်လင့်ထားသည်ထ က်ပင် သက်သာနေသေးသည်။

"မစ္စတာလျူ... ဒါက တကယ်ကို မျှတတဲ့ဈေးနှုန်းပ ါပဲ..ကျွန်တော်တို့ ရှန်းယန်းလျှုပ်စစ်လုပ်ငန်းစု အ နေနဲ့ အနည်းဆုံး တန်ချိန် တစ်သောင်းအထိ ဝယ်ယူ ချင်ပါတယ်.."

လျူယောင်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။

"ပြဿနာမရှိပါဘူး တစ်လအတွင်း ကျွန်တော်တို့ ဘ က်က ကုန်ပစ္စည်းတွေကို အရောက်ပို့ပေးနိုင်သလို လာယူလို့လည်း ရပါတယ်.."

ဤမျှကြီးမားသော ပမာဏကို အချိန်တိုအတွင်း ရနို င်မည်ဟု မထင်ထားခဲ့သဖြင့် ကျင်းဝမ်းရူ့သည် နော က်ထပ်တစ်ကြိမ် အံ့သြဝမ်းသာသွားရပြန်သည်။တ စ်ဖက်မှာလည်း လျူယောင်သည် သူ့ စိတ်ထဲ၌ ကြ ည်နူးနေမိ၏။

ဤမျှမြန်ဆန်စွာဖြင့် ယွမ် ၁၀ ဘီလီယံတန်ဖိုးရှိသည့် အော်ဒါကြီးကို လက်ခံရရှိလိမ့်မည်ဟု သူကိုယ်တိုင် ပင် မတွေးထားခဲ့မိပေ။

နှစ်ဖက်စလုံး ကျေနပ်အားရမှုရှိခဲ့သည့် ဤ ဆွေးနွေ း ပွဲသည် နောက်ဆုံးမှာမူ အောင်မြင်စွာ ပြီးဆုံးသွ ားခဲ့၏။တရားဝင်စာချုပ်ချုပ်ဆိုရန်သာ ကျန်တော့ ပြီး အခြေခံသဘောတူညီမှုအားလုံးမှာ ခိုင်မာသွားခဲ့ သည်။

ကျင်းဝမ်းရူ့တို့အဖွဲ့သည် ပျော်ရွှင်တက်ကြွစွာဖြင့် ယူနီဗာဆဲလ်မှ ထွက်ခွာလာကြ၏။

မူလက အဖွဲ့ထံမှ ဖုန်းလက်ခံရရှိပြီး မနက်ဖြန်တွင် အမြန်ပြန်လာရန် အကြောင်းကြားစဉ်က ကျင်းဝမ်း ရူ့သည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရ သည်။

သို့သော်လည်း ယခုမူ သူက တက်ကြွသော လေသံ ဖြင့် အမိန့်ပေးလိုက်၏။

“လီရှောင်... မနက်ဖြန်မနက်အတွက် လက်မှတ်တွေ အခုပဲဝယ်လိုက်တော့.ငါတို့ အမြန်ဆုံး ပြန်ကြမယ်”

......

ယူနီဗာဆဲလ် ရုံးခန်းထဲတွင်...

လျှုပ်စစ်အင်ဂျင်နီယာချုပ်ကျင်းဝမ်းရူ့က မိမိထံသို့ ကိုယ်တိုင်လာရောက်ကာ ငွေဖြူရောင်သတ္တု တန်ချိ န်တစ်သောင်းတိတိ မှာယူသွားသည့်အဖြစ်အား ပြန် တွေးရင်း လျူယောင်တစ်ယောက် မပြုံးဘဲ မနေနိုင် အောင် ဖြစ်နေရသည်။

"ငါ့လက်ထဲမှာ အလွန်ခိုင်ခံ့တဲ့ မီးခိုးနက်ရောင် သ တ္တုတွေ..မာကျောတဲ့ အနက်ရောင်သတ္တုတွေ ရှိနေ ပြီ..အခုလည်း ဒီငွေဖြူရောင်သတ္တုပါ ထပ်တိုးလာ ပြီ..တကယ်ကို ကျေနပ်စရာပဲကွာ"

လျူယောင်အတွက်မူ ထိုအာကာသယာဉ်ပျက်ကြီး မှာ ကုန်ဆုံးနိုင်ခြင်းမရှိသည့် ရတနာသိုက်ကြီးသဖွ ယ် ဖြစ်နေ၏။အနာဂတ်တွင်လည်း ထိုနေရာမှ မည် သို့သော အံ့သြဖွယ်ရာများ ထပ်မံတွေ့ရှိဦးမည်ကို သူကိုယ်တိုင်ပင် ခန့်မှန်းရခက်နေ၏။

လျူယောင်သည် နံရံတွင်ကပ်ထားသော ကမ္ဘာ့ မြေ ပုံကြီးဆီသို့ လျှောက်လာကာ အာကာသယာဉ်ပျက် ကြီး တည်ရှိရာနေရာကို ရှာကြည့်မိလိုက်သည်။ထို နေရာတွင် ရှိနေမည့် မရေမတွက်နိုင်သော သတ္တုပမ ာဏကို တွေးရင်း သူ့စိတ်ထဲတွင် ရည်မှန်းချက် တ စ်ခု ပေါ်လာ၏။

"အင်း..ဒီ အာကာသယာဉ်ပျက်ကြီးနဲ့ နီးတဲ့နေရာမှာ ငါ့ရဲ့ကိုယ်ပိုင်ကျွန်းတစ်ကျွန်းသာ ရှိမယ်ဆိုရင် ဘ ယ်လောက်ကောင်းလိုက်မလဲ..”

All Chapters