← Chapters

ငါ ကျွန်းတစ်ကျွန်း ဝယ်ချင်တယ်

Vol. 45 Ch. 543

ငါ ကျွန်းတစ်ကျွန်း ဝယ်ချင်တယ်

Vol. 45 Ch. 543

ကမ္ဘာ့မြေပုံကို စိုက်ကြည့်နေရင်း လျူယောင်၏ စိ တ်ထဲ၌ ကိုယ်ပိုင်ကျွန်းတစ်ကျွန်း ပိုင်ဆိုင်လိုစိတ်တို့ က တားမရဆီးမရ ဖြစ်လာ၏။

"အင်း ဒီကျွန်းက အာကာသယာဉ်ပျက်ကြီးနဲ့ မနီး မ ဝေးမှာ ရှိနေရမယ်..ဧရိယာအကျယ်အဝန်းက အရမ် း ကြီးစရာမလိုလည်း ဘလူးဝေးလ်နဲ့ ကေလာဝေး လ်သင်္ဘောတွေ ဆိုက်ကပ်နိုင်မယ့် ဆိပ်ခံတံတား ကောင်းကောင်းတစ်ခုတော့ ရှိမှရမယ်.."

အကယ်၍ ထိုကျွန်းပေါ်တွင် ကိုယ်ပိုင်ဂျက် လေယာ ဉ် ဆင်းသက်နိုင်မည့် လေယာဉ်ကွင်းတစ်ခုသာ ရှိနေ ပါက ပို၍ပင် ပြည့်စုံသွားပေလိမ့်မည်။ထိုသို့ဆိုလျှင် သူသည် ဟွာဟိုင်းမြို့ကနေ နာရီပိုင်းအတွင်း ထိုကျွန်းဆီသို့ ရောက်လာနိုင်မည် မဟုတ်ပေလော။

"ဒီလိုသာဆိုရင်..."

လျူယောင် သေချာ တွေးလိုက်မိသည်။

"အာကာ သယာဉ်ပျက်ထဲမှ အဖိုးတန်ပစ္စည်းများကို ကျွန်းပေါ်ကို အလွယ်တကူ သယ်လို့ရမယ်..ပြီးရင် ဘလူးဝေးလ်ကိုစီးပြီး ဟွာဟိုင်းမြို့ကို ခန့်ညားစွာ ငါ ပြန်လာနိုင်မယ်လေ..ဘယ်လောက်တောင် မိုက် လိုက်သလဲ.."

ဤရိုင်းစိုင်းလှပသော စိတ်ကူးစိတ်သန်းတို့က လျူ ယောင်၏ စိတ်ထဲတွင် တောမီးကဲ့သို့ ကူးစက်ပြန့်ပွာ းလာပေသည်။

သူသည် ဖုန်းကို ကောက်ကိုင်ကာ ကျိုးယန်ကို ချက် ချင်းခေါ်လိုက်၏။

"သူဋေး... ကျွန်တော့်ကို ရှာနေတာလားခဗျ.."

လျူယောင်သည် ကမ္ဘာ့မြေပုံကြီး၏ ဘေးတွင် ရပ် နေရင်း ကျိုးယန်အား လက်ဝှေ့ယမ်းကာ ပြောလိုက် သည်။

"ဒီကို လာကြည့်စမ်း.."

မြေပုံရှေ့သို့ ကျိုးယန် တိုးကပ်လာစဉ် လျူယောင် က အာကာသယာဉ်ပျက် တည်ရှိသည့် နေရာကို ဗ ဟိုပြု၍ ရေမိုင်ရာချီ ကျယ်ဝန်းသော စက်ဝိုင်းကြီး တစ်ဝိုင်းအား မြေပုံပေါ်တွင် အားပါးတရ ဝိုင်းပြလို က်၏။

“ဒီဧရိယာအတွင်းမှာ ကိုယ်ပိုင်ကျွန်းတစ်ကျွန်း ငါ ဝ ယ်ချင်တယ်..ကျွန်းရဲ့ဧရိယာက သိပ်အရေးမကြီးဘူ း..တည်နေရာက ငါ ပြထားတဲ့စက်ဝိုင်းထဲမှာ ရှိနေ သရွေ့ပဲ...”

လျူယောင့်၏ ကိုယ်ပိုင်ကျွန်းဝယ်ယူမည့် အစီအစ ဉ်ကို ကြားလိုက်ရသောအခါ ကျိုးယန် အနည်းငယ် အံ့အားသင့်သွားသည်။သို့သော်လည်း သူသည် လုပ် ငန်းကျွမ်းကျင်သူပီပီ လျင်မြန်စွာ လေသံကို ထိန်း လိုက်ကာ ပြန်မေးလိုက်၏။

“သူဋေးက ဒီကျွန်းကို အပိုင်ဝယ်ယူချင်တာလား.. ဒါ မှမဟုတ် ရေရှည်အသုံးပြုခွင့် လိုချင်တာလားခင်ဗျ ”

မြေပုံပေါ်မှ အာကာသယာဉ်ပျက် တည်ရှိသည့် နေရ ာကို စိုက်ကြည့်ရင်း လျူယောင် ပြတ်သားစွာ ဖြေ လိုက်၏။

“ဖြစ်နိုင်ရင်တော့ အပိုင်ရရင် အကောင်းဆုံးပဲ.. အ ခြေအနေအရ အပိုင်မရနိုင်ရင်တောင် အနည်း ဆုံး အနှစ် ၂၀ စာချုပ်နဲ့ ငှားရမ်းခွင့် ရရမယ်.. ဒါပေမဲ့ အရေးကြီးဆုံးက တစ်ခုပဲ.ရှိတယ်.. အဲဒီကျွန်းပေါ် မှာ ငါ့စိတ်ကြိုက် လုပ်ပိုင်ခွင့် အပြည့်အဝ ရှိရမယ် ..”

ကျိုးယန် ခေါင်းညိတ်ပြလိုက်၏။သူဋေး၏ စိတ်ကူး သည် သာမန်အပန်းဖြေစခန်းတစ်ခုထက်ပိုနေသည် အား သူရိပ်မိလိုက်သည်။

“နားလည်ပါပြီ သူဋေး.. ဒီကိစ္စကို ကျွန်တော် အလေ းထားပြီး ချက်ချင်း ဆောင်ရွက်လိုက်ပါ့မယ်ခဗျ..”

ကျိုးယန်အတွက်မူ သူဋေး၏ အမိန့်သည် အရေးကြီ းဆုံးဖြစ်သဖြင့် ထိုကျွန်းပိုင်ဆိုင်ရေးကို ပထမဦးစ ားပေးအဖြစ် သူ သတ်မှတ်လိုက်ပေသည်။

“ကောင်းပြီ... သွားတော့..မင်းဆီက သတင်းကောင်း ကို ငါစောင့်နေမယ်...”

ကျိုးယန် ထွက်သွားသည်ကို ကြည့်ရင်း လျူယောင် တစ်ယောက်တည်း ကျန်ရစ်ခဲ့၏။သူ၏ စိတ်ကူးယ ဥ် အိမ်မက်ထဲတွင်မူ ထိုကျွန်းလေးသည် အဆင့်မြင့် နည်းပညာများနှင့် ပြည့်နှက်နေခဲ့သည်။လျူယောင် တိုးတိုးလေး ရေရွတ်လိုက်၏။

"ဒီကျွန်းသာ တကယ်ရလာရင် အရာအားလုံးက ငါ့ လက်ခုပ်ထဲကရေပဲကွာ.."

ကျွန်းကို ရရှိပြီးသည်နှင့် လုပ်ဆောင်ရမည့် ဆောက် လုပ်ရေး လုပ်ငန်းစဉ်များက လျူယောင်၏ ခေါင်း ထဲတွင် စီတန်းနေပေသည်။ဆိပ်ခံတံတားများ၊လေ ယာဉ်ပြေးလမ်းများ၊ ခန့်ညားထည်ဝါသည့် အိမ်ရာ များနှင့်အပန်းဖြေစခန်းများ စသည်တို့မှာ အစပျိုးရုံ သာ ရှိသေး၏။

သို့သော်လည်း ထိုအရာများထက် ပို၍ အရေးကြီး သည့် အလုပ်တစ်ခု လျူယောင်တွင် ရှိနေသေးသ ည်။၎င်းမှာ အာကာသယာဉ်ပျက်ကြီးထဲမှ ငွေဖြူ ရောင်သတ္တုတန်ချိန် ၂၀,၀၀၀ ကျော်အား သယ်ယူရ မည့် ကိစ္စပင် ဖြစ်၏။

လျူယောင်သည် သူ့အိမ်မွေးတိရစ္ဆာန်ဖြစ်သည့် လိ ပ်ကြီးအား ချက်ခြင်းပင် ဆက်သွယ်ကာ အမိန့်ပေး လိုက်သည်။

“ငါ့ကောင်ကြီး.. မင်းအတွက် အရေးကြီးတဲ့ မစ်ရှင် တစ်ခုရှိတယ်. အာကာသယာဉ်ထဲမှာ ငါတို့ တွေ့ခဲ့တဲ့ ငွေဖြူရောင်သတ္တုတချို့ကို ဟွာဟိုင်းမြို့မှာရှိတဲ့ ပ င်လယ်ကမ်းစပ်နားက ဂိုဒေါင်ထဲကို အမြန်ဆုံး ရွှေ့ ပြောင်းပေးပါဦး..”

ထိုရေတိမ်ပိုင်းနေရာသည် ဟွာဟိုင်းမြို့မှ ရေမိုင် ၁, ၀၀၀ အတွင်းသာ ဝေးကွာသောကြောင့် ဘလူးဝေး လ်နှင့် ကေလာဝေးလ်တို့ဖြင့် သယ်မည်ဆိုပါက သုံ းရက်အတွင်း ရောက်နိုင်၏။သို့သော်လည်း အာ ကာသယာဉ်ပျက်ကြီး တည်ရှိရာနေရာနှင့်မူ ရေမိုင် ၂,၀၀၀ ခန့် ဝေးနေသေးသည်။

လိပ်ကြီးက ပြန်မေးလိုက်၏။

“အိုခေဘာသခင်.. အရေအတွက် ဘယ်လောက် ကျ နော် သယ်ပေးရမှာလဲ.."

“လောလောဆယ် သတ္တုချောင်း ၅၀၀ အရင်ပို့ထား ပေး.. ကျန်တာကိုတော့ ငါ နောက်မှ ထပ်သယ်ခိုင်း လိုက်မယ်..”

ထိုငွေဖြူရောင်သတ္တုချောင်းများသည် အချင်း ၁ မီ တာနှင့် အလျား ၂၀ မီတာရှိသော ဆလင်ဒါပုံစံ ဖြေ ာင့်စင်းသည့် သတ္တုချောင်းကြီးများ ဖြစ်သည်။တ စ်ချောင်းလျှင် အလေးချိန် ၃၀ တန် ခန့် ရှိသဖြင့် သ တ္တုချောင်း ၅၀၀ ၏ စုစုပေါင်းအလေးချိန်မှာ တန်ချိ န် ၁၅,၀၀၀ ကျော်အထိ ရှိပေသည်။

ဤမျှ များပြားသော အလေးချိန်အား ရေအောက် သတ္တဝါကြီးများ အကူအညီဖြင့် သယ်ယူမည့် မြင် ကွင်းမှာ တကယ်ပင် အံ့သြစရာကောင်းလှ၏။

“ငါ့ကောင်ကြီး..မင်း ဒီကိစ္စကို အရမ်းအလောတကြီး လုပ်စရာမလိုဘူး..မင်းအေးအေးဆေးဆေး လုပ်လို့ ရပါတယ်ကွာ..”

“အိုခေဘာသခင်ရ.. သယ်ပြီးတာနဲ့ ကျွန်တော် ချက် ချင်း အကြောင်းကြားလိုက်ပါ့မယ်..”

ထို့နောက် သူ အမျှော်လင့်ဆုံး မေးခွန်းအား မေးလို က်၏။

“ဒါနဲ့ ကျွန်တော့်ရဲ့ လက်နက်အသစ်ကရော ဘယ်လို အခြေအနေ ရှိပြီလဲ သခင်ရ.."

လျူယောင်က ပြုံးရင်း ပြန်ဖြေလိုက်သည်။

“ထုတ်လုပ်မူက စနေပြီ..မင်း ဒီသတ္တုချောင်း ၅၀၀ သယ်လို့ပြီးရင် မင်းရဲ့လက်နက်အသစ်ကလည်း အ ဆင်သင့် ဖြစ်နေလောက်ပါပြီ..”

အမှန်တကယ်တွင်မူ ထိုလက်နက်ကို ထုတ်လုပ်ရန်မှ ာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။နည်းပညာပိုင်းဆို င်ရာ အခက်အခဲများစွာကို လျူယောင် ဖြေရှင်းခဲ့ရ ပြီး နောက်ဆုံးတွင်မှ ယန်နိုင်ငံမှာရှိသည့် ထိပ်တန်း သင်္ဘောကျင်းကြီးတစ်ခု၌ ထုတ်လုပ်ရန် စီစဉ်နိုင်ခဲ့ ခြင်းဖြစ်၏။

ထိုသင်္ဘောကျင်းတွင် နိုင်ငံ၌ အကြီးဆုံးဖြစ်ကာ တ န်ချိန် ၁၀,၀၀၀ အားရှိသည့် ဟိုက်ဒရောလစ်စက်ကြီ းများရှိသောကြောင့် တန်ရာချီလေးသည့်ပစ္စည်းမျ ားအား စိတ်ကြိုက်ပုံဖော်နိုင်စွမ်း ရှိပေသည်။

လိပ်ကြီးအတွက် လျူယောင် ပြုလုပ်ပေးမည့် ထိုလ က်နက်သစ်သည် သာမန်မဟုတ်သည့် ဧရာမလှံကြီး တစ်စင်းပင်။

၎င်းသည် အလျား မီတာ ၁၀၀ ခန့် ရှည်လျားပြီး အ ချင်း ၁ မီတာ ရှိသည်။ လှံ၏လက်ကိုင်ကိုမူ မီးခိုးန က်ရောင် သတ္တုဖြင့် ပြုလုပ်ထား၍ ၎င်းသည် ကမ္ဘာ ပေါ်ရှိ မည်သည့်သံမဏိထက်မဆို အဆပေါင်းများ စွာ ပိုမိုခိုင်ခံ့ကာ ဖျက်ဆီးရန်လည်း ခက်လှ၏။

ထိုဧရာမလှံကြီးကို ကိုင်ဆောင်မည့် လိပ်ကြီး၏ ပုံရိ ပ်မှာ စိတ်ကူးကြည့်ရုံနှင့်ပင် ထိတ်လန့်စရာကောင်း လှ၏။

အံ့ဩစရာကောင်းသည်မှာ ဤလှံကြီးသည် အရင် လှံဟောင်းထက် အရွယ်အစား သိသိသာသာ ပိုကြီး မားလာသော်လည်း အလေးချိန်မှာမူ ပို၍ပင် ပေါ့ပါး သွားသည်။

လှံအသစ်ကြီး၏ စုစုပေါင်းအလေးချိန်မှာ တန်ချိန် ၂၀၀ ခန့်သာ ရှိ၏။ အရင်လှံဟောင်းမှာ အရွယ်အ စားသေးသော်လည်း တန် ၂၈၀ ကျော်အထိ လေးလံ ခဲ့သည်။ဤသို့ အလေးချိန်လျော့ကျသွားခြင်းမှာ သိ ပ်သည်းဆနည်းပြီး မာကြောမှုမြင့်မားသည့် မီခိုးန က်ရောင် သတ္တုအား လျူယောင် အသုံးပြုထားခြင်း ကြောင့် ဖြစ်၏။

..........

ကျင်းဝမ်းရူ့မှာမူ ရှန်းယန်လျှပ်စစ်လုပ်ငန်းစုသို့ ပြန် ရောက်လာသည်နှင့် သူ၏ စိတ်လှုပ်ရှားမှုကို ထိန်း ချုပ်ကာ လုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့သည်။

သူတွေ့ရှိခဲ့သည့် သာမန်အပူချိန်သုံး စူပါလျှပ်ကူး ပ စ္စည်းအကြောင်းအား ကုမ္ပဏီမှ အဆင့်မြင့်အရာရှိ ကြီးများထံသို့ သူ ချက်ချင်းအစီရင်ခံခြင်း မပြုသေ းဘဲ ဓာတ်ခွဲခန်းထဲသာ တန်းဝင်လာခဲ့၏။

ထိုဓာတ်ခွဲခန်းမှာ နိုင်ငံတော်အဆင့် ဓာတ်ခွဲခန်းဖြစ် သည်မို့ လျှပ်စစ်ဓာတ်အားဆိုင်ရာ သုတေသနများ နှင့် ကေဘယ်ကြိုးအမျိုးမျိုးအား စမ်းသပ်နိုင်သည့် အဆင့်မြင့် စမ်းသပ်ကိရိယာများ အပြည့်အစုံရှိနေ သည်။

ကျင်းဝမ်းရူ့သည် သူယူလာခဲ့သည့် ငွေဖြူရောင် သ တ္တုဝါယာ၏ လျှပ်စစ်စီးကူးနိုင်စွမ်းကို ကိုယ်တိုင်ကို ယ်ကျ စတင်တိုင်းတာလိုက်၏။အပူချိန် အဆင့်ဆင့် တွင် လျှပ်စစ်ခုခံမှုကို စေ့စေ့စပ်စပ် တိုင်းတာစစ် ဆေးနေစဉ် ထွက်ပေါ်လာသည့် ရလဒ်များက သူ့ကို အံ့အားသင့်စေခဲ့သည်။

စမ်းသပ်မှုရလဒ်တိုင်းက မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်နေပြီး ဤသတ္တုဝါယာ၏ လျှပ်စစ်စီး ကူးနိုင်စွမ်းမှာ အဆုံးမရှိအောင်ပင် ဖြစ်နေ၏။

စမ်းသပ်မှုရလဒ်များက ကျင်းဝမ်းရူ့အား ဆွံ့အ လာ စေခဲ့သည်။အပူချိန်အမျိုးမျိုးတွင် သူ တိုင်းတာကြ ည့်သော်လည်း ထိုငွေဖြူရောင်သတ္တုဝါယာ၏ လျှ ပ်စစ်ခုခံမှုမှာ "သုည" ပြနေဆဲပင်။အပူချိန်ကို 300 ဒီ ဂရီစင်တီဂရိတ်အထိ မြှင့်တင်လိုက်သည့်တိုင်အော င် သိသာရုံမျှသာရှိသော မီလီအုန်း (mΩ) ပမာဏ လေးသာ တိုးလာခဲ့သည်။

ကျင်းဝမ်းရူ့တစ်ယောက် စိတ်လှုပ်ရှားမူများစွာဖြင့် တိုးတိုးလေး ရေရွတ်မိလိုက်၏။

“ဒါ... ဒါဟာ အစစ်အမှန် စူပါလျှပ်ကူးပစ္စည်းပဲဟ .. လူအိုဟူနဲ့ တခြားလူတွေ ငါ့ကို လိမ်မပြောခဲ့ဘူး.. တ ကယ့်ကို အံ့ဩစရာပဲကွာ..”

သို့သော်လည်း ပို၍ပင် မယုံနိုင်စရာကောင်းသည် မှာ ဤသတ္တု၏ လျှပ်စစ်စီးကူးနိုင်စွမ်းပင် ဖြစ်၏။ တိုင်းတာမှု ရလဒ်များကို ကြည့်ရင်း သူ့မျက်လုံးမျာ း ပြူးကျယ်ခဲ့ရသည်။အပ်ချည်မျှင်ကဲ့သို့ သေးင ယ်လှသည့် ထိုသတ္တုဝါယာလေးသည် လူတစ်ယော က်၏ လက်မောင်းခန့်ရှိသော ကြေးနီဝါယာကြီးထ က်ပင် လျှပ်စစ်ဓာတ်အားကို ပိုမိုသယ်ဆောင် ပေးနို င်စွမ်း ရှိနေသည်လေ။

ဤသည်မှာ ငွေဖြူရောင်သတ္တုဝါယာလေးတစ်ခုရှိ ရုံဖြင့်ပင် မယုံနိုင်လောက်အောင် ကြီးမားသည့် ဓာ တ်အားပို့လွှတ်မှုစနစ်ကြီးတစ်ခုလုံးအား လည်ပတ် ပေးနိုင်သည်ဟု ဆိုလိုခြင်းဖြစ်၏။10,000 MVA ကဲ့ သို့သော ဧရာမဓာတ်အားပမာဏသည်ပင် ထိုသတ္တု ဝါယာအတွက်မူ ကလေးကစားစရာမျှသာ ဖြစ်နေ သည်။

........

ရှန်းယန်လျှုပ်စစ်လုပ်ငန်းစု၏ ရုံးချုပ်တွင်မူ လျှပ်စ စ်ဓာတ်အားကွန်ရက် ပုံစံသစ်များ ချမှတ်နိုင်ရန် အ တွက် အဆင့်မြင့်အစည်းအဝေးတစ်ခုအား ခေါ်ယူ ကျင်းပနေ၏။

ထိုအစည်းအဝေးခန်းထဲ၌ ကုမ္ပဏီ၏ အဆင့်မြင့်အ မှုဆောင်အရာရှိကြီးများအားလုံး တက်ရောက်ကြ သည့်အပြင် အလတ်အဆင့် ခေါင်းဆောင်များနှင့် ထိပ်တန်းနည်းပညာရှင်များပါ စုံစုံလင်လင် ရှိနေကြ သည်။အားလုံး၏ မျက်နှာပေါ်တွင်မူ လေးနက်သော အမူအရာများဖြင့် ပြည့်နှက်နေကာ ခန်းမထဲ၌ အရေ းကြီးသော အပြောင်း အလဲတစ်ခု ဖြစ်လာတော့မ ည်ဟူသည့် လေထုက ဖုံးလွှမ်းနေ၏။

အစည်းအဝေး စတင်သည်နှင့် ရှန်းယန်လျှပ်စစ် လု ပ်ငန်းစု၏ ဥက္ကဋ္ဌရှန်းပင်းသည် အချိန်ဆွဲခြင်းမရှိဘဲ လိုရင်းအား စတင်ပြောကြားလိုက်သည်။သူသည် အစည်းအဝေး ကျင်းပရသည့် အဓိကရည်ရွယ်ချက် နှင့် ဆွေးနွေးမည့် အကြောင်းအရာအား တည်ကြည် ပြတ်သားသည့်လေသံဖြင့် ကြေညာလိုက်၏။

All Chapters