ကျွန်တော် မလိမ်ပါဘူး
Vol. 45 Ch. 544
"အားလုံးပဲ..ဒီနေ့ အစည်းအဝေးမှာတော့ ကျွန်တော် တို့က အနောက်တောင်ပိုင်း လျှပ်စစ်ဓာတ်အားပေး လိုင်းစီမံကိန်း ရေးဆွဲတာနဲ့ တည်ဆောက်ရေးပိုင်းကို အဓိကထားပြီး ဆွေးနွေးသွားပါမယ်.လူတိုင်းက ပွင့် ပွင့်လင်းလင်းနဲ့ မိမိတို့ရဲ့ အမြင်တွေကို တင်ပြနိုင်ပါ တယ်.."
ဥက္ကဋ္ဌရှန်းဖင်း၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ငြိမ်သက်နေသော အစည်းအဝေးခန်းမအတွင်း၌ တီးတိုးပြောဆိုသံများဖြင့် ဆူညံလာပေသည်။
"သေချာပြီ... ဒီနေ့တော့ လျှပ်စစ်လိုင်းကိစ္စကိုပဲ အဓိ ကထားပြီး ဆွေးနွေးကြမယ်နဲ့ တူတယ်.."
"ဥက္ကဋ္ဌရှန်းကိုယ်တိုင် ဒီလောက်အကြီးအကျယ် အစ ည်းအဝေးခေါ်တယ်ဆိုကတည်းက ကိစ္စကို ဒီနေ့ပဲ အပြတ်ဖြတ်ချင်ပုံရတယ်ဗျ"
"ခေါင်းဆောင်ကြီးတွေကြားမှာတောင် အမြင်တွေ က ကွဲလွဲနေတာ..ကျွန်တော်တို့လိုလူတွေကတော့ နားစွင့်ပြီး ကြည့်နေရုံပဲ..စကားမှားသွားရင် မလွယ် ဘူးဗျ.."
အစည်းအဝေးတက်ရောက်လာသည့် အလယ်အလ တ်အဆင့် တာဝန်ခံများနှင့် နည်းပညာရှင်များက အ ချင်းချင်း ခေါင်းချင်းရိုက်ကာ တီးတိုးဝေဖန်နေကြ သော်လည်း အဆင့်မြင့်ခေါင်းဆောင်များကမူ မည် သည့်စကားမျှ မပြောဘဲ လေးနက်စွာ စဥ်းစားနေကြ ၏။ခန်းမအတွင်း၌မူ အရေးကြီးသည့် ဆုံးဖြတ်ချ က်တစ်ခုအား ချမှတ်တော့မည့် အငွေ့အသက်များ ဖုံးလွှမ်းနေပေသည်။
နှစ်မိနစ်၊ သုံးမိနစ်ခန့် ဆူညံနေပြီးနောက် ဥက္ကဋ္ဌရှန်း ဖင်းက အချိန်တန်ပြီဟု ယူဆကာ လက်ကို အသာ အယာ မြှောက်လိုက်၏။ခဏချင်းမှာပင် တစ်ခန်းလုံ းရှိ တီးတိုးသံများ ရုတ်ချည်းညိမ်သက်သွားကာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွ ားပေသည်။
ရှန်းဖင်းက ခပ်အေးအေးပင် မေးလိုက်၏။
"ဒုဥက္ကဋ္ဌ စွန်း... ခင်ဗျားပဲ အရင်စပြောလိုက်ပါဦး"
စွန်းကျင်းဆိုသူသည် ဒုဥက္ကဋ္ဌတစ်ဦး ဖြစ်သလို UH V လျှပ်စစ်လိုင်းများ တည်ဆောက်ရေးလုပ်ငန်းအား တစိုက်မတ်မတ် ထောက်ခံလာခဲ့သည့် ဝါရင့်ခေါင်း ဆောင်တစ်ဦးလည်း ဖြစ်ပေသည်။
"ကောင်းပါပြီ ဥက္ကဋ္ဌ..ကျွန်တော့်ကို အရင် ပြောခွင့် ပြုတဲ့အတွက် အားနာမနေတော့ဘဲ ပွင့်ပွင့်လင်းလင် းပဲ တင်ပြပါရစေ..ကျွန်တော့်ရဲ့ ရပ်တည်ချက်က တော့ အရင်အတိုင်းပါပဲ..ဒီစီမံကိန်းအတွက် အကေ ာင်းဆုံးနဲ့ အထိရောက်ဆုံး ဖြေရှင်းနည်းက UHV လျှပ်စစ်လိုင်းတွေကို အသုံးပြုဖို့ပဲ ဖြစ်ပါတယ်"
သူသည် ဆယ်မိနစ်နီးပါးခန့် ထိုနည်းပညာ၏ အကျို း ကျေးဇူးများကို အချက်အလက်စုံစုံလင်လင်ဖြင့် ရှင်းလင်းတင်ပြလိုက်၏။ထိုသို့ ရှင်းပြနေစဉ်အတွင် း အစည်းအဝေးတက်ရောက်လာသူအချို့၏ အ ကြည့်များကမူ ကျင်းဝမ်းရူ့ထံသို့သာ ခဏခဏ ကျ ရောက်လာကြသည်။
အမှန်တော့ UHV လျှပ်စစ်လိုင်းကို ဆန့်ကျင်သူမှာ ကျင်းဝမ်းရူ့ တစ်ယောက်တည်းတော့ မဟုတ်ပေ။ အခြားသူများလည်း ရှိနေသေး၏။ထိုအထဲတွင် ရာ ထူးအဆင့်အနည်းငယ်နိမ့်သည့် ဒုဥက္ကဋ္ဌတစ်ဦးက ရှေ့ထွက်၍ ကန့်ကွက်စကား ဆိုလာသည်။
"ကျွန်တော်ကတော့ ဒုဥက္ကဋ္ဌ စွန်းရဲ့ အမြင်ကို သ ဘော မတူနိုင်ပါဘူး..ကျွန်တော်တို့က အနောက်တေ ာင် ပိုင်းဒေသရဲ့ မြေမျက်နှာသွင်ပြင်နဲ့ အမှန်တက ယ် ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ထည့်သွင်းစ ဉ်းစားရပါမယ်..အဲဒီဒေသမှာ UHV လိုင်းတွေ သွယ် တန်းဖို့ဆိုတာ လက်တွေ့မှာ အလွန်ခက်ခဲလွန်းပါတ ယ်ဗျ..SHV လျှပ်စစ်လိုင်းတွေကို အသုံး ပြုတာက သာ ဒီဒေသအတွက် ပိုပြီး သင့်တော်မယ်လို့ ကျွန် တော် မြင်ပါတယ်.."
သူ့စကားများက ရှင်းလင်းပြတ်သားသလို ဒုဥက္ကဋ္ဌ စွန်းကိုလည်း တိုက်ရိုက် စိန်ခေါ်လိုက်သည့်သဘော ရှိနေ၏။သူသည်လည်း မိနစ်အတော်ကြာအောင်ပင် သူ၏ ဆန့်ကျင်ဘက် အမြင်များအား အားတက်သ ရော တင်ပြဆွေးနွေးတင်ပြလိုက်သည်။
အစည်းအဝေးခန်းထဲတွင်မူ အခြေအတင် ဆွေးနွေး မှုများမှာ ပိုမိုပြင်းထန်လာပြီး ယမ်းနံ့ တထောင်းထေ ာင်း ထနေသည့် စစ်တလင်းတစ်ခုကဲ့သို့ ဖြစ်လာ၏ ။UHV စနစ်ကို ထောက်ခံသည့်ဘက်မှ အလယ်အ လတ်အဆင့် ခေါင်းဆောင်တစ်ဦးက အားတက်သ ရော မတ်တတ်ရပ်ကာ အသံ ကျယ်ကျယ်ဖြင့် ဝင် ပြောလိုက်သည်။
“ဥက္ကဋ္ဌရှန်းက ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ ခွင့်ပြု ထားတာမို့ ကျွန်တော်လည်း အနည်းငယ် တင်ပြချင် ပါတယ်.. ကျွန်တော်ကတော့ ဒုဥက္ကဋ္ဌ စွန်းရဲ့ အစီအ စဉ်ကိုပဲ အပြည့်အဝ ထောက်ခံပါတယ် UHV လိုင်း တွေကို တည်ဆောက်ရ ခက်ခဲတာမှန်ပေမဲ့ ပေးရတဲ့ တန်ဖိုးက တန်ပါတယ်..လျှပ်စစ်ပို့လွှတ်တဲ့အခါမှာ ဖြစ်ပေါ်တတ်တဲ့ ဓာတ်အားလေလွင့်ဆုံးရှုံးမှုကို သူ က အများကြီး လျှော့ချပေးနိုင်ပါတယ် ရေရှည် အ တွက် ကြည့်မယ်ဆိုရင် စွမ်းအင်ချွေတာရေးနဲ့ ထိရေ ာက်မှုအပိုင်းမှာ ဒီစနစ်က အကောင်းဆုံးပဲ ဖြစ်လိမ့် မယ်ခဗျ..”
အခြားတစ်ဦးကလည်း ချက်ချင်း တုံ့ပြန်လိုက်၏။
“မဟုတ်သေးဘူးဗျ.. ကျွန်တော်ကတော့ ဒါကို လုံးဝ သဘောမတူဘူး..ဒီဒေသအတွက် UHV ဆိုတာ လုံး ဝကို မသင့်တော်တဲ့အရာပဲ”
အစည်းအဝေးခန်းအတွင်းရှိ လူများမှာ အခြေအနေ ကို စောင့်ကြည့်နေသူ အနည်းငယ်မှလွဲ၍ ကျန်သူမျ ားမှာ သိသိသာသာ နှစ်ဖွဲ့ကွဲလာခဲ့သည်။တစ်ဖက်နှ င့်တစ်ဖက် ထိပ်တိုက်ရင်ဆိုင်နေကြပြီး အငြင်းအခု န်များဖြင့် ဆူညံလျက်ရှိနေ၏။
သို့သော်လည်း ထူးဆန်းသည်မှာ အင်ဂျင်နီယာချုပ် ဖြစ်ကာ ဤကိစ္စတွင် အရှိန်အဝါအရှိဆုံးနှင့် စကား ပြောသင့်ဆုံးဖြစ်သည့် ကျင်းဝမ်းရူ့မှာမူ စကားတစ် ခွန်းမှမဆိုဘဲ တည်ငြိမ်နေခြင်းပင်။
ဥက္ကဋ္ရှန်းဖင်းက ထိုအခြေအနေကို သတိပြုမိကာ လှ မ်းမေးလိုက်၏။
“လူအိုကျင်း.ခင်ဗျားကော ဘယ်လိုလဲ တစ်ခုခု ပြော စရာရှိလား..”
လူတိုင်း၏ အကြည့်များမှာမူ ကျင်းဝမ်းရူ့ဆီသို့ စု ပြုံကာ ကျရောက်လာသည်။ကျင်းဝမ်းရူ့သည် ခုံမှ ဖြည်းညင်းစွာ ထရပ်လိုက်ပြီး တည်ကြည်သော မျ က်နှာထားဖြင့် ပြောလိုက်သည်။
“ဒါဆိုရင်လည်း ကျွန်တော့်အမြင်ကို ပြောရတာပေါ့ ...ကျွန်တော်ကတော့ UHV လျှပ်စစ်လိုင်းတွေကိုလ ည်း မထောက်ခံသလို SHV လျှပ်စစ်လိုင်းဆောက်ဖို့ ကိုလည်း မထောက်ခံပါဘူး..”
သူ့စကားကြောင့် တစ်ခန်းလုံး ဆွံ့အသွားကာ အံ့အာ း သင့်မှုများဖြင့် ပြည့်နှက်လာ၏။
"ဘာ.."
လူတိုင်း၏ ရင်ထဲတွင် မေးခွန်းပေါင်းစုံ ပွင့်ထွက် ကု န်ကြသည်။
'ဒါ ဘာကို ဆိုလိုတာလဲ...'
ကျင်းဝမ်းရူ့သည် SHV လျှပ်စစ်လိုင်း၏ ဘက်တေ ာ်သားဟု အားလုံးက ထင်မှတ်ထားခဲ့ကြသော် လ ည်း ယခုမူ သူ၏ စကားများက ဘာမျှ မသက်ဆိုင် နေပေ။
"ပိုကောင်းတဲ့ နည်းလမ်းတစ်ခုခုများ ရှိနေလို့လား.."
သို့သော်လည်း ဤနည်းပညာနှစ်ခုအပြင် အခြားရွေ းချယ်စရာ လမ်းစဟူသည် မရှိနိုင်တော့ဟု လူတိုင်း က ယူဆထားကြ၏။
ကျင်းဝမ်းရူ့မှာမူ သူ့ လေသံအား အနည်းငယ်မျှ မ လျှော့ဘဲ ဆက်ပြောလိုက်သည်။
“ကျွန်တော် အကြံပြုချင်တာက ‘စူပါစွမ်းဆောင်ရ ည် လျှပ်စစ်လိုင်းစနစ်’ကို အသုံးပြုဖို့ပါ..ဒါကမှ ကျွ န်တော်တို့အတွက် အသင့်တော်ဆုံး ဖြေရှင်းနည်းပဲ”
"ဘာ..မဖြစ်နိုင်တာ.."
"ဒါက သီအိုရီအဆင့်ပဲ ရှိသေးတယ်ဆို..."
အစည်းအဝေးခန်းမထဲတွင် ငြင်းခုံသံများဖြင့် ဆူ ညံလာခဲ့၏။ကျင်းဝမ်းရူ့တစ်ယောက် ကိန်းဂဏန်း များ မှားယွင်းတွက်ချက်မိသလား သို့မဟုတ် စိတ် ကူးယဉ်ဆန်လွန်းသည့် အစီအစဉ်တစ်ခုကို အတင်း အကျပ် တင်ပြနေသလားဟု လူတိုင်းက သံသယဝ င်ကုန်ကြသည်။
"ဝုန်း.."
ဥက္ကဋ္ဌရှန်းဖင်းပင် ဆက်၍ ထိုင်မနေနိုင်တော့ဘဲ ခုံမှ ဝုန်းခနဲ ထရပ်ကာ ဟန့်တားရန် ကြိုးစားလိုက်၏။
“လူအိုကျင်း... ခင်ဗျား ဘာတွေပြောနေတာလဲ”
သို့သော်လည်း ကျင်းဝမ်းရူ့ကမူ ဥက္ကဋ္ဌ၏ စကား ကို ဖြတ်၍ ပိုမို လေးနက်သော အသံဖြင့် ဆက်ပြော လိုက်သည်။
“ကျွန်တော် ဘာကြောင့် စူပါစွမ်းဆောင်ရည် လျှပ်စ စ်လိုင်းကို အဆိုပြုတာလဲဆိုတော့ အခုယူနီဗာဆဲလ် မှာ သာမန်အပူချိန်သုံး စူပါလျှပ်ကူးပစ္စည်းတွေကို အောင်မြင်စွာ ထုတ်လုပ်နိုင်လို့ပါပဲ..”
ထိုစကားအဆုံး၌ အစည်းအဝေးခန်းမတစ်ခုလုံး ပွ က်ပွက်ညံသွားပေသည်။အစောပိုင်းက တီးတိုးဆွေး နွေးနေသည့် အဆင့်ထက် ကျော်လွန်ကာ လူတိုင်းမှာ နေရာမှ ထရပ်ကုန်ကြပြီး အံ့အားသင့်မှု မယုံကြည်နို င်မှုတို့ဖြင့် ရုတ်ရုတ်သည်းသည်း ဖြစ်ကုန်၏။
“မဖြစ်နိုင်တာ... သာမန်အပူချိန်သုံး စူပါလျှပ်ကူးပ စ္စည်းတဲ့လား..”
“ဒါ တကယ်ပဲလားဗျာ..တခြားလူပြောရင် ကျွန်တေ ာ် ယုံမှာမဟုတ်ဘူး..အခုတော့ မစ္စတာကျင်းကိုယ် တိုင် ပြောနေတာဆိုတော့...”
“တကယ်လို့သာ ဒါက အမှန်ဆိုရင်တော့ ‘စူပါ စွမ်း ဆောင်ရည် လျှပ်စစ်ဓာတ်အားလိုင်း’ တည်ဆောက် ဖို့ဆိုတာ ကျွန်တော်တို့နဲ့ လက်တစ်ကမ်းအကွာကို ရောက်လာပြီပဲ..သူ့ရဲ့ လျှပ်စစ် ပို့လွှတ်နိုင်စွမ်းက ဘယ်လောက်တောင် ရှိမလဲ..10,000 MVA ထက် တောင် ကျော်သွားမလား...”
လူတိုင်းက တစ်ယောက်တစ်ပေါက် အငြင်းအခုန် ဖြ စ်နေကြစဉ် အဆင့်မြင့်အရာရှိကြီးများမှာမူ ကျင်းဝ မ်းရူ့ကိုသာ မယုံကြည်နိုင်သည့်အကြည့်များဖြင့် စူး စိုက်ကြည့်နေကြ၏။ဤသတင်းမှာ ကမ္ဘာကြီးကို တု န်လှုပ်စေနိုင်လောက်အောင် အလှည့်အပြောင်းက အလွန်ကြီးမားနေပေသည်။
ထိုစဉ် အဆင့်မြင့်အရာရှိတစ်ဦးက ဖုန်းကို ကြည့်ရင် း အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။
“လူအိုကျင်း..ယူနီဗာဆဲလ်ရဲ့ တရားဝင် ဝဘ်ဆိုဒ်ကို ကျွန်တော် အခုပဲ ဝင်ကြည့်လိုက်တယ်.. သာမာန် အ ပူချိန် စူပါလျှပ်ကူးပစ္စည်းနဲ့ ပတ်သက်ပြီး ဘာသတ င်းမှ မတွေ့ရဘူးဗျ..ခင်ဗျား ဘယ်က သတင်းရလာ တာလဲ”
ကျင်းဝမ်းရူ့၏ နှုတ်ခမ်းဖျားတွင်မူ အပြုံးတစ်ခု ပေါ်လာသည်။သူသည် ဤသို့သော မေးခွန်းများ ထွ က်လာမည်ကို ကြိုတင်တွက်ဆထားပြီးသား ဖြစ်ပုံရ ၏။ကျင်းဝမ်းရူ့သည် ဘေးတွင် ချထားသည့် စာရွ က်စာတမ်းအထပ်လိုက်ကို ထုတ်ယူလိုက်ပြီး တစ် ယောက်ချင်းစီ ဝေပေးလိုက်သည်။
“ဒါကြောင့်လည်း ကျွန်တော်က ဒါကို အဆင်သင့် ပြင်လာခဲ့တာပေါ့ဗျာ..”
အစည်းအဝေးခန်းအတွင်း တိတ်ဆိတ်မှုကြီးစိုးသွား ပြီး လူတိုင်းသည် ကျင်းဝမ်းရူ့ ဝေငှလိုက်သော စာရွ က်စာတမ်းများအား အလောတကြီး ဖတ်ရှုနေကြ၏ ။
ကျင်းဝမ်းရူ့က သတိပေးစကား ပြောလိုက်သည်။
“အားလုံးပဲ... ဒါက သာမန်အပူချိန်သုံး စူပါလျှပ်ကူး ပစ္စည်းနဲ့ ပတ်သက်တဲ့ အသေးစိတ် ရလဒ် အစီရင်ခံ စာပဲ..ခဗျားတို့ သေချာဖတ်ကြည့်ပေးကြပါ.ဒါပေမဲ့ တစ်ခုတော့ သတိပေးပါရစေ. . ဒီသတင်းအချက်အ လက်တွေက လောလောဆယ် လျှို့ဝှက်အဆင့်ဖြစ် လို့ ဘယ်သူဆီကမှ အပြင်ကို မပေါက်ကြားပါစေနဲ့”
အစီရင်ခံစာကို လှန်လှောကြည့်နေရင်း ခန်းမထဲ၌ အံ့သြတုန်လှုပ်သံများ တစ်သီတစ်တန်းကြီး ထွက် ပေါ်လာခဲ့သည်။
“ဟာ ကြည့်စမ်း..ဒါက တကယ့်ကို ငွေဖြူရောင် သ တ္တုပစ္စည်းပဲ..”
“ဒီမှာကြည့်... သိပ်သည်းဆကလည်း နိမ့်တယ်.. ပုံ သဏ္ဌာန် ပြောင်းလဲရတာလည်း အလွန်လွယ်ကူတဲ့ သတ္တုလို့ ဖော်ပြထားတယ်ဗျ..”
“အဲဒါတွေက အဓိကမဟုတ်သေးဘူးပဲ .အဓိက အ ချက်က 300°C အောက်မှာ လျှပ်စစ်စီးကူးမှု အခြေ အနေက အကောင်းဆုံးဖြစ်နေပြီး လျှပ်စီးခုခံမှုအား က လုံးဝသုည ဖြစ်နေတာပဲ...”
ဤသတ္တုသည် သာမန်အားဖြင့် လျှပ်စစ်စီးကူးနိုင် စွမ်း မရှိသင့်သော်လည်း လက်တွေ့တွင်မူ ကြီးမား သော စွမ်းဆောင်ရည် ရှိနေခြင်းက လူတိုင်း၏ အမြ င်များအား ပွင့်သွားစေခဲ့၏။ဥက္ကဋ္ဌရှန်းဖင်းနှင့် အဆ င့်မြင့် အရာရှိကြီးများသည်လည်း အစီရင်ခံစာရွက် အား တစ်လုံးချင်း ဂရုတစိုက် ဖတ်ရှုနေကြသည်။
သူတို့သည် စကားတစ်ခွန်းမှ မပြောကြသော်လည်း ကျင်းဝမ်းရူ့ကိုမူ ရံဖန်ရံခါ လှမ်းကြည့်နေကြ၏။ သူ တို့၏ မျက်ဝန်းများတွင်မူ မေးခွန်းပေါင်းများစွာ ရှိ နေသလိုပင်။
"လူအိုကျင်း..ဒါတွေက တကယ်ပဲလား..ခဗျားနော က်နေတာ မဟုတ်ဘူးမို့လား.." ဤကဲ့သို့ မေးလိုဟန် ရှိနေကြသည်။
ကျင်းဝမ်းရူ့က လူတိုင်း၏ သံသယကို ရိပ်မိပုံရကာ ယုံကြည်မှု အပြည့်ဖြင့်ပင် ပြောလိုက်၏။
“ဥက္ကဋ္ဌနဲ့ လူကြီးမင်းတို့အားလုံး စိတ်ချလိုရပါတယ် ဒီသာမန်အပူချိန်သုံး စူပါလျှပ်ကူးပစ္စည်းက အစစ် အမှန်ပါ..ဘာလိမ်လည်မှုမှ မရှိဘူးဆိုတာ ကျွန်တော် အာမခံပါတယ်..လိုအပ်ရင် အခုပဲ နမူနာပစ္စည်းကို ကျွန်တော် ပြသပေးနိုင်ပါတယ်..”
ပြောပြောဆိုဆိုပင် သူသည် ငွေဖြူရောင်တောက်နေ သည့် သတ္တုဝါယာကြိုးတစ်မျှင်ကို ထုတ်ယူကာ လူ တိုင်းမြင်အောင် မြှောက်ပြလိုက်၏။ထိုအခါတွင်မူ လူတိုင်းသည် သူတို့ လက်ထဲမှ အစီရင်ခံစာများကို ပစ်ချလိုက်သည်။သူတို့၏ အကြည့်အားလုံးက ကျ င်းဝမ်းရူ့၏ လက်ထဲမှ ငွေဖြူရောင်သတ္တုဝါယာအ မျှင်ပေါ်သို့သာ စုပြုံကာ ကြည့်နေကြ၏။
“ဒါက ကြည့်ရတာ ငွေနဲ့ တူတာပဲ..”
တစ်စုံတစ်ဦးက နောက်ပြောင်သလိုလိုဖြင့် သူ၏ သံ သယကို ဖွင့်ဟလိုက်သည်။
“လူအိုကျင်း..ငွေဝါယာကြိုးတစ်ချောင်းကို ခဗျား ယူလာတာတော့ မဟုတ်ပါဘူးနော်..”
“လုံးဝ မယုံနိုင်စရာပဲ... ဒါက တကယ်ပဲ သာမာန် အ ပူချိန်မှာ လျှပ်စစ်စီးကူးနိုင်စွမ်း အမြင့်ဆုံးရှိတဲ့ စူပါ လျှပ်ကူးပစ္စည်းတဲ့လားဗျာ..”
လူတိုင်း၏ ရင်ထဲတွင် မယုံကြည်နိုင်မှုနှင့် သိလိုစိတ် များ ဒွန်တွဲနေသည်ကို မြင်သောအခါ ကျင်းဝမ်းရူ့ က ပြတ်သားစွာ အကြံပေးလိုက်၏။
“ဥက္ကဋ္ဌရှန်း.. ကျွန်တော်တို့ အစည်းအဝေးကို ခဏ ဆိုင်းငံ့ထားပြီး ဓာတ်ခွဲခန်းကိုပဲ အရင်သွားကြရအေ ာင်.အဲဒီမှာဆို ဒီပစ္စည်းရဲ့ လျှပ်စီးခုခံမှုအားနဲ့ လျှပ် စီးကြောင်း တိုင်းတာမှု ရလဒ်တွေကို လက်တွေ့မြင် ရတာပေါ့...”
ဥက္ကဋ္ဌရှန်းဖင်းသည်လည်း ဤကိစ္စ၏ အရေးကြီးပုံ ကို သိသဖြင့် သူ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့စစ် ဆေးရန် စိတ်အားထက်သန်နေသည်။သူသည် ခုံမှ ထရပ်လိုက်ပြီ ဆုံးဖြတ်ချက် ချလိုက်၏။
“ကောင်းပြီ... အခုချက်ချင်း အားလုံးဓာတ်ခွဲခန်းကို သွားကြမယ်...”
“ဟုတ်တယ်..မျက်စိကိုယ်တိုင်နဲ့ မမြင်ရရင်တော့ တ ကယ် မယုံနိုင်ဘူးဗျ..”
“မစ္စတာကျင်းပြောသလိုသာ တကယ်ဖြစ်ရင်တော့ ဒါဟာ ကမ္ဘာ့သမိုင်းဝင်မဲ့ အလှည့်အပြောင်းပဲဗျာ..”
အစည်းအဝေး တက်ရောက်လာသူ ဒါဇင်နှင့်ချီသော လူအုပ်ကြီးသည် တစ်ဦးပြီးတစ်ဦး ထရပ်လိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် ဓာတ်ခွဲခန်းဆီသို့ ထွက်လာကြ ပေသည်။